22/02/2026
ဟိဂ်ျရီ(၁၄၄၇) ခရစ်သက္ကရာဇ်၂၀၂၆ ခုနှစ် ထိုင်းနိုင်ငံဇကားသ်နိဆားဗ်နှင့်စပ်လျဉ်း၍အသိပေးကြေညာချက်
၁။ အစ္စလာ့မ်ရှရီအသ်တရားတော်တွင် ရွှေထည်၏ ဇကားသ်နိဆားဗ်မှာ -၈ရ.၄၈ ဂရမ် (နိုင်ငံတကာ) ဖြစ်ပြီး မြန်မာအလေးချိန်အရ ၅ကျပ် ၄ပဲ ၁ . ၅ရွေး ဖြစ်ပါသည်။ ငွေထည်၏နိဆားဗ်မှာ ၆၁၂ - ၃၆ ဂရပ် (နိုင်ငံတကာ) ဖြစ်ပြီး မြန်မာ အလေးချိန်အရ ၃၆ကျပ် ၁၃ပဲ ၃ - ၅ ရွေး ဖြစ်ပါသည်။
၂။ ဟစ်ဂျ်ရီ ၁၄၄၇-ခုနှစ်၊ရှအ်ဘာန်လ(၂၈)ရက်၊ အင်္ဂါနေ့၊ (၁၇-၂-၂၀၂၆)ရက်နေ့၏ ထိုင်းနိုင်ငံငွေ(ဘော်)ပေါက်ဈေးအရ ဇကားသ်နိဆားဗ်မှာ (၄၇၁၅၁) (လေးသောင်းခုနှစ်ထောင် တစ်ရာငါးဆယ်တစ် )ဘတ် တိတိ ဖြစ်ပါသည်။
၃။ အရွယ်ရောက်ပြီးရူးသွပ်ခြင်းမရှိသော အစ္စလာမ်ဘာသာဝင် အမျိုးသား/သမီးအားလုံးတို့သည် အောက်ဖော်ပြပါ ပစ္စည်း(၄)မျိုး
(၁) ရွှေထည်ပမာဏ ၈ရ.၄၈ ဂရမ် (နိုင်ငံတကာ) ဖြစ်ပြီး မြန်မာအလေးချိန်အရ ၅ကျပ် ၄ပဲ ၁ . ရွေးနှင့်
(၂) ငွေထည်ပမာဏ ၆၁၂ - ၃၆ ဂရပ် (နိုင်ငံတကာ) ဖြစ်ပြီး မြန်မာ အလေးချိန်အရ ၃၆ကျပ် ၁၃ပဲ ၃ - ၅ ရွေး နှင့်
(၃) ဘတ်ငွေ ပမာဏ(၄၇၁၅၁) (လေးသောင်းခုနှစ်ထောင် တစ်ရာငါးဆယ်တစ် )ဘတ်
(၄) ဘတ်ငွေ( ၄၇၁၅၁) (လေးသောင်းခုနှစ်ထောင် တစ်ရာငါးဆယ်တစ် )
တန်ဖိုးရှိသည့် အရောင်းအဝယ်ပစ္စည်းတို့၏
ဇကားသ် နိဆားဗ်ကို ကြွေးမြီကင်းပြီး ပိုင်ဆိုင်ခဲ့သည်ရှိသော် ထိုသူ့အပေါ်၌ ပိုင်ဆိုင်မှု တစ်နှစ်ပြည့်သည့်နေ့ရက်တွင် ဇကားသ်ပေးဆောင်ရန် ဖရ်ဇ်တာဝန် ထိုက်ပေသည်။
မှတ်ချက်။(၄၇၁၅၁)ဘတ်ကို ပိုင်ဆိုင်ထားသူသည် ဇကားသ်ငွေလက်ခံယူခြင်း/စားသုံးခြင်း မပြုပိုင်ပေ။
၄။ ပိုင်ဆိုင်မှု တစ်နှစ်ပြည့်ခြင်းဆိုသည်မှာ နိဆားဖ်ကို စတင်ပိုင်ဆိုင်သည့်နေ့ရက်မှစ၍ တစ်နှစ်ပြည့်သည့်နေ့ရက်ကို ဆိုလိုသည်။ ဥပမာ-လူတစ်ဦးသည် ဟစ်ဂျ်ရီ ၁၄၄၅-ခုနှစ်၊ ရမ်ဇာန်လမြတ် (၁)ရက်နေ့တွင် စကားသ်နိဆားဗ်မျှ ပိုင်ဆိုင်ခဲ့ပြီး ဟစ်ဂျ်းရီ ၁၄၄၆-ခုနှစ်၊ ရမ်ဇာန်လမြတ် (၁)ရက်နေ့တွင်လည်း ဇကားသ်နိဆားဗ်မျှ ပိုင်ဆိုင်ထားပါက ၎င်းအပေါ် ဇကားသ်ပေးရန် တာဝန်ရှိသည်။ ကြားကာလ၌ နိဆားပ်ထက် လျော့နည်းသွားလင့်ကစား ဇကားသ် ပေးဆောင်ရမည်။
၅။ လူတစ်ဦးသည် နှစ်ပတ်လည် နိဆားပ်မျှပိုင်ဆိုင်သော်လည်း အကြွေးတင်နေသဖြင့် တင်ရှိနေသည့် အကြွေးများကို နုတ်ပယ်လိုက်ပါက နိဆားဗ်မျှ မကျန်တော့လျှင် ၎င်းအပေါ် ဇကားသ်ပေးရန် တာဝန်ရှိမည် မဟုတ်ပေ။
၆။ ဇကားသ်ပေးဆောင်ရာ၌ထည့်သွင်းတွက်ချက်ရမည့်ပစ္စည်းများမှာ ရွှေငွေ၊ငွေစက္ကူနှင့်အရောင်းအဝယ်ပစ္စည်းများ ဖြစ် ပါသည်။ အရောင်းအဝယ်ပစ္စည်းဟူသည် ပြန်လည်ရောင်းချရန်ရည်ရွယ်၍ဝယ်ယူထားသောပစ္စည်းများကို ဆိုလိုပေသည်။
ရ။ လူတစ်ဦးသည် အရောင်းအဝယ်ပစ္စည်းနှင့် ငွေစက္ကူတစ်ပြားတစ်ကျပ်မျှ ပိုင်ဆိုင်ထားခြင်းမရှိဘဲ ရွှေကိုသာ ပိုင်ဆိုင်ထား ပါက ၎င်းပိုင်ဆိုင်သောရွှေသည် အထက်ဖော်ပြပါ ရွှေ၏နိဆားဗ်ကို ပြည့်မှီမှသာလျှင် ၎င်းအပေါ် ဇကားသ်ပေးဆောင်ရန် တာဝန် ရှိပေမည်။
၈။ အဆိုပါပစ္စည်းများကို ကာလတန်ဖိုးဖြင့်တွက်ချက်၍ (၄၀)ပုံ (၁)ပုံ (၁၀ဝိ/-ကျပ်လျှင် ၂ - ၅၀ကျပ်)နှုန်းဖြင့် ဇကားသ် ပေးဆောင်ရမည်။
အောက်ပါပုဂ္ဂိုလ်များအား ဇကားသ်ပေးခွင့်ရှိသည်။
(၁) ဇကားသ်နီဆားပ်မျှ မပိုင်ဆိုင်သော မွတ်စ်လင်မ်သူဆင်းရဲများ။
(၂) မိမိအပေါ်တင်ရှိနေသော အကြွေးကို နုတ်ပယ်လိုက်ပါက နိဆားဗ်မျှ မပိုင်ဆိုင်သူများ။ (၃) လမ်းခရီးတွင် ငွေကြေးပြတ်နေသော ခရီးသည်များ။ (၄)ဆင်းရဲနွမ်းပါးသော ညီအစ်ကို မောင်နှမများ၊ တူ၊ တူမများ၊ ဦးလေး၊ အဒေါ်များ။ ပထွေးနှင့် မိထွေးများ၊ ဇနီး/ခင်ပွန်း၏ဆွေမျိုးများ သားမက်နှင့်ချွေးမများ၊ (၅)ဘာသာရေးအကျိုးများစွာ ဖြစ်ထွန်းစေပြီး ဇကားသ်ငွေများကို ရှရီအသ်တရားတော်နှင့်အညီ သုံးစွဲသော ဟာဖိဇ်၊ မော်လဝီသင်တန်းကျောင်းများ စသည်တို့ ဖြစ်သည်။