InnoEd က ဦးစီးပြီးလုပ်ထားတဲ့ Kuthobank project နဲ့ Secondary Education အတွက် Education System Leadership Award ဆုရခဲ့တဲ့အကြောင်းကို ဒီဗီဒီယိုမှာနားဆင်ကြည့်ပါ။ 💙
Kuthobank ဆိုတာ GED, SAT, IELTS ကျောင်းသူ/သားများအတွက် လုပ်ထားတဲ့ website ပါ။ အသေးစိတ်ကို www.kuthobank.org မှာ သွားရောက်လေ့လာလို့ရပါတယ်။ ✨
Kutho Bank - Interactive Learning Tools
Interactive and engaging learning Tools for students
Time Management ကောင်းအောင် Kuthobank နဲ့ လေ့ကျင့်ပါ။
KuthoBank ဆိုတာဘာလဲ? ဘာတွေဆက်လုပ်ဖို့ရည်ရွယ်ထားလဲ?
စာပိုရဖို့ ကုသိုလ်လုပ်ကြပါ 😇😇
www.kuthobank.org မှာ GED, SAT, IELTS တို့ကို Free practice questions များစွာကို လေ့ကျင့်လို့ရနေပါပြီ
Digital literacy ကလေ အရမ်းလိုအပ်တာ - ဒီနေ့ kuthobank.org စပြီး launch လုပ်တဲ့အနေနဲ့ GED Foundation Batch 14 က ကလေးတွေကိုစသုံးခိုင်းတာ submit answers ထိမရောက်ဘဲ review page မှာတင် screenshots တွေလာပြီးပို့နေကြလို့
'တကယ့်စာမေးပွဲမှာလည်း submit မလုပ်ဘဲ review page နဲ့တင် ထားခဲ့လို့ အကုန်ကျနေမယ်' လို့ သတိပေးခဲ့ရသေးတယ် 🫡
InnoEd ကို စတည်ထောင်တဲ့အချိန်တုန်းက social enterprise တစ်ခုအနေနဲ့ လူ့အသိုင်းအဝိုင်းကိုအကျိုးပြုဖို့အဓိကရည်ရွယ်ချက်နဲ့တည်ထောင်ခဲ့တာပါ။
နိုင်ငံတကာအဆင့်မှီတဲ့ပညာရေးစနစ်တစ်ခုကို အဖိုးအခသင့်တင့်စွာနဲ့ရစေမယ်၊ နိုင်ငံခြားမှာ တက္ကသိုလ်ဆက်မတက်ခင် လိုအပ်တဲ့အတွေ့အကြုံတွေရဖို့ ပြင်ဆင်ပေးနိုင်မယ်၊ သင်တန်းကျောင်းကရတဲ့ အမြတ်အစွန်းတွေထဲက အချိုးအစား ပမာဏတစ်ခုကို အများအကျိုးရှိမယ့် ကိစ္စရပ်တွေနဲ့ ပညာရေးတိုးတက်ဖို့အတွက်ပြန်လည်အသုံးချမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေအဓိကပါဝင်ခဲ့တယ်။
ဥပမာဆိုရရင် KudosBank - Interactive Learning Tools လိုမျိုး tools တွေကို အများအကျိုးအတွက် ဖန်တီးရင်း မြန်မာပြည်ကကျောင်းသူကျောင်းသားတွေကို နည်းပညာခေတ် ပညာရေးမှာ နောက်ကျ မကျန်ခဲ့စေဖို့ ကျနော် ကြိုးစားပေးခဲ့တယ်။
RLA ER project လိုမျိုး public lecture series တွေလည်းလုပ်ပေးဖြစ်ခဲ့တယ်။ ကိုယ့်ကျောင်းကမဟုတ်ပေမယ့် တခြားကျောင်းတွေမှာတက်ပြီး ER မသင်တတ်လို့ ဒုက္ခရောက်ကျတဲ့ကလေးတွေများလာတာကြောင့် တတ်နိုင်တဲ့နေရာကနေ ကူညီပေးနိုင်ခဲ့တယ်။ အများဆုံး ၆ မှတ်မှာ ၅ မှတ်ထိရကြတာတွေ ပြန်ကြားရတော့လည်း ပီတိဖြစ်မိတယ်။
နောက်ပြီး ၃ လ ပိုင်းမှာဖြစ်ခဲ့တဲ့ ငလျှင်ဒဏ်ရဲ့နောက်ဆက်တွဲကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေအတွက် လစဉ်အချိုးကျ ကူညီတာတွေလည်း လုပ်နေပါတယ်။
ဒီလိုမျိုးတွေလုပ်နိုင်တာကလည်း ဆရာနဲ့ InnoEd ကိုယုံကြည်ပြီး လက်တွဲအလုပ်လုပ်ကြတဲ့ ဆရာ၊ ဆရာမတွေ၊ InnoEd က ကျောင်းသူကျောင်းသားခေါင်းဆောင်တွေ၊ ပညာရေးနဲ့ပက်သက်ပြီး ယုံကြည်အားပေးကြတဲ့ မိဘတွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ငွေအား၊ လူအား အများကြီးပါပါတယ်။
ဒီလိုကျေးဇူးတရားတွေကိုလည်း နေ့စဉ်အောက်မေ့ရင်း ပိုကောင်းတဲ့ ပညာရေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ အမြဲတမ်းကြိုးစားနေပါတယ်။
KudosBank ရပ်လိုက်ရတာကလည်း ဝန်နဲ့လူ အားမမျှတော့တာကြောင့်ပါ။ ဒါပေမယ့် မြန်မာပြည်က ကျောင်းသူကျောင်းသားတွေကို အကျိုးရှိစေမယ့် နောက်ထပ် social enterprise projects တွေ ကို ဆက်ပြီးပြင်ဆင်နေပါတယ်။
From my heart to yours, 💝
Winston
“If not you, who?
If not now, when?”
Messenger မှာ မေးကြတဲ့သူတွေကို အားနာနာနဲ့ပဲဖြေပါရစေ။ KudosBank application ကို ဒီမှာပဲ ဆရာတို့ ရပ်နားလိုက်ပါပြီ။ ပိုကောင်းတဲ့ application တွေနဲ့ InnoEd အဖြစ် သိပ်မကြာခင် ပြန်လာခဲ့ပါမယ်။ အပြည့်အစုံကိုတော့ အောက်မှာ InnoEd နဲ့ တွဲထားတဲ့ post မှာဖတ်ပေးပါ။ 🥹
29/06/2025
လူတွေသိပ်မသိကြတဲ့ အချက်တစ်ခုက KudosBank - Interactive Learning Tools နဲ့ Innovative Education - InnoEd က ဆရာ Winston Phyo ရဲ့ baby လေး ၂ ယောက်ပါပဲ။
ကမောက်ကမဖြစ်နေတဲ့ပညာရေးစနစ်မှာ နိုင်ငံတကာပညာရေးစနစ်တစ်ခုဖြစ်တဲ့ GED နဲ့ နိုင်ငံတကာ တက္ကသိုလ် ပညာရေးစနစ်ကို တက်လှမ်းနိုင်ကြဖို့အတွက် KudosBank ကို ၂၀၂၄ ခုနှစ်မှာ ဆရာတည်ဆောက်ခဲ့တယ်။ အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။
၂၀၂၄ နိုဝင်ဘာလကတည်းကစပြီးတော့ ဆိုးရွားလာခဲ့တဲ့ ဆရာ့ရဲ့ ကျန်းမာရေးအခြေအနေ နဲ့ နောက်ကွယ်က အခက်အခဲအမျိုးမျိုးကြောင့် KudosBank project ကို GED ကျောင်းသူကျောင်းသားတွေ အသုံးတည့်ရုံမျှ (Minimal Viable Product - MVP) တစ်ခုအဖြစ် နဲ့ပဲ ရပ်တန့်ထားလိုက်ရတယ်။
ဒီလိုမျိုး နိုင်ငံတကာအဆင့်မှီ သင်ကြားရေးအတွေ့အကြုံရရှိအောင် KudosBank ကို နောက်ထပ် ဆက်လုပ်ချင်တဲ့ project တွေ၊ လုပ်စရာတွေအတွက် စိတ်ကူးတွေ၊ idea တွေ အများကြီးရှိပေမယ့် ခေတ်ကာလအခက်အခဲတွေကလည်း အကျဘက်ကို ဆွဲချနေကြတာကြောင့် ဒီ project ကို ဆက်ပြီး မလုပ်နိုင်ခဲ့ပါဘူး။
အခု KudosBank - Interactive Learning Tools page မှာလည်း လာမေးကြတယ်။ သုံးမရတော့လို့လာမေးကြတယ်။ ဆရာ့အနေနဲ့ ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။ ကိုယ့်ကျောင်းက ကလေးတွေအတွက် အဓိက အသုံးပြုပြီး သင်ကြားခဲ့ပေမယ့် public အနေနဲ့ ဖွင့်ထားပြီး လိုတဲ့သူတွေသုံးကြပါစေဆိုတဲ့ စေတနာ စိတ်နဲ့ ဒီတိုင်း ထားပေးခဲ့တယ်။
ရှေ့မှာ ပြောခဲ့တဲ့ အခက်အခဲတွေကြောင့် အထူးတလည် လည်းမကြေငြာဖြစ်သလို ထပ်ပြီးလည်း develop မလုပ်ဖြစ်ခဲ့ဘူး။ ဒီနေ့ google analytics ကနေ ၂၀၂၄ ကနေ ၂၀၂၅ - တစ်နှစ်အတွင်းမှာ ဘယ်နှစ်ယောက်များ သုံးခဲ့လဲဆိုတာကို ဝင်ကြည့်တဲ့အခါ အယောက် ၁ သောင်းကျော် သုံးခဲ့ပြီးတော့ အယောက် ၄ ထောင်ကျော်က ထပ်ခါ ထပ်ခါ ပြန်လာပြီး သုံးခဲ့ကြတာကိုသိရတယ်။ စုစုပေါင်း website ကို ကြည့်ကြတဲ့ view ပေါင်း ၂ သိန်း ခွဲကျော် ဆိုတာ နည်းတဲ့ view မှမဟုတ်ခဲ့ဘဲ။
ဒီ project ရယ် view ၄ သောင်းကျော်နဲ့ ER project (link in comment) ရယ်က အများအကျိုးရှိဖို့အတွက် မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေ အထောက်အကူရဖို့အတွက် စေတနာနဲ့ သိန်း ၂၀ ကျော် အိတ်စိုက်ပြီး အပင်ပန်းခံလုပ်ခဲ့တဲ့အမှတ်တရတွေပါ။
ဒီနှစ် ၂၀၂၅ ကနေစပြီးတော့ ကျောင်းသူ ကျောင်းသားတွေအတွက် နိုင်ငံခြားမှာ ပညာသင်ရသလိုခံစားရအောင် interactive learning tools တွေ ဆရာ ပြန်ပြီးရေးဖြစ်ပါမယ်။ အဲဒီ learning tools တွေကိုတော့ InnoEd က ကျောင်းသူကျောင်းသားတွေ အတွက် သီးသန့်ပဲသုံးပါတောမယ်။
KudosBank project ကနေ ကိုယ်တတ်နိုင်သလောက် အများအကျိုးအတွက် တတ်နိုင်တဲ့နေရာကနေ တတ်နိုင်သလောက်လုပ်ခဲ့ပေးနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်ပါတယ်။
Yes, no more kudosbank; and, yes, I am very much saddened. But...
ဒီ post ကို ဖတ်မိတဲ့သူတွေထဲမှာ kudosbank နဲ့ပက်သက်ပြီးတော့ အတွေ့အကြုံကောင်းတွေရခဲ့တဲ့သူတွေ၊ kudosbank ကြောင့် အကျိုးရှိခဲ့တဲ့သူတွေ အမှတ်တရလေးတွေ comment မှာရေးပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ comment တွေဖတ်ပြီး ဆရာအနေနဲ့ ပီတိဖြစ်ပါရစေ။
From my hear to yours 💝
Winston Phyo - Chief of InnoEd & Ex-Chief of KudosBank
"If not you, who?
If not now, when?"
11/10/2024
Hello Hello! 👋👋
KudosBank Web App ကို သုံးပြီး GED စာမေးပွဲမှာ အမှတ်ကောင်းတွေယူနေတဲ့သူတွေအတွက် သတင်းကောင်းလေးပါးချင်လို့ပါ။ 🫶🫶
KudosBank version 3.0 ကို နိုဝင်ဘာလဆန်း ၁ ရက်နေ့မှာ Launch လုပ်ပါမယ်! Yayyyy!! 😉
အသစ်ပါလာမယ့် Features တွေကတော့ InnoEddie လေးတွေအတွက်ရှယ်ပါပဲ။ Mock-test တို့ Exam preparation resources တို့ကို စျေးကြီးပေးဝယ်စရာမလိုတော့ဘဲနဲ့ Exam mode နဲ့ထပ်တူနီးပါးလေ့ကျင့်နိုင်ပါတော့မယ်။ 😎😎
ဒါပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ Interactive Online Learning Tool ဆိုတဲ့အတိုင်း စာတွေမှတ်တဲ့နေရာမှာ၊ reading skills တိုးတက်အောင်လေ့ကျင့်တဲ့နေရာမှာ လိုအပ်တဲ့ Flash cards တွေ၊ ဆရာ Winston ကိုယ်တိုင်ရွေးပေးထားတဲ့ Reading Material Collection တွေလည်းပါအုံးမှာပါ။ Social အတွက်ရော၊ RLA အတွက်ရောနော် 😉😉
Innovative Education - InnoEd က ကျောင်းသူကျောင်းသားမဟုတ်တဲ့သူတွေအတွက်ရော ဆို အခု version 2.1 မှာတင်ထားတဲ့ resource တွေကို မေတ္တာ စေတနာ ပရပွနဲ့ အားလုံးအတွက် Free of charge ဆက်ထားပေးအုံးမှာပါ။ နောက်ပြီးတော့ ပိုကောင်းတဲ့ Learning Experience တွေလည်းရလာအုံးမယ်တဲ့။ 🥰🥰
အခု version 2.1 နဲ့ လေ့ကျင့်တာကိုမှ InnoEd က ကျောင်းသူကျောင်းသားတွေ အမှတ်ကောင်းတွေရနေတာဆိုတော့ version 3.0 အတွက် ဒိုးကတော့ ကြိုတင်ရင်ခုန်နေပါပြီ။ 🤩🤩
အားလုံးကိုချစ်တဲ့ ❤️🔥❤️🔥
KudosBank Team
10/10/2024
Congratulations ပါ။
KudosBank က resources တွေနဲ့ လေ့ကျင့်တာ အထောက်အကူဖြစ်တယ်လို့ ပြန်ကြားရတော့ အရမ်းဝမ်းသာပါတယ်။
ရှေ့ဆက်ပြီး ပိုကောင်းတဲ့ Resource တွေ၊ ပိုကောင်းတဲ့ Interactive Learning Experience တွေ နဲ့ Version 3.0 ကို ပြင်ဆင်နေပါတယ်။
Hint: Version 3.0 မှာ InnoEddie လေးတွေအတွက် သီးသန့် mock-test လိုမျိုး timer နဲ့ မေးခွန်း အပုဒ်ရေ ခပ်များများ ပါပါမယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ติดต่อ โรงเรียนนี้
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
50210