𝗔𝗚𝗥𝗶-𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

  • Home
  • 𝗔𝗚𝗥𝗶-𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

𝗔𝗚𝗥𝗶-𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗔𝗚𝗥𝗶-𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿, ศูนย์วิจัยด้านการศึกษา, 1 ถนน นิมมานเหมินทร์, .

A social enterprise, provides unique sustainable agriculture education, blending practical training with agritourism, fosters community development and environmental stewardship in the ASEAN region.

01/05/2025

𝙒𝙚 𝘾𝙖𝙣'𝙩 𝘿𝙤 ‘𝘼 𝙇𝙞𝙩𝙩𝙡𝙚’ 𝙎𝙚𝙞𝙨𝙢𝙞𝙘 𝙍𝙚𝙩𝙧𝙤𝙛𝙞𝙩𝙩𝙞𝙣𝙜—𝙅𝙪𝙨𝙩 𝙇𝙞𝙠𝙚 𝙔𝙤𝙪 𝘾𝙖𝙣'𝙩 𝘽𝙚 ‘𝘼 𝙇𝙞𝙩𝙩𝙡𝙚’ 𝙋𝙧𝙚𝙜𝙣𝙖𝙣𝙩.

26th April 2025 တွင် Insight Research Corner မှ ပြုလုပ်သော Post-disaster Need Assessment Training တွင်မျှဝေဆွေးနွေးခဲ့သော အကြောင်းအရာများဖြစ်ပါသည်။ ဆွေးနွေးခဲ့သည်အကြောင်းအရာများသည့် ဆွေးနွေးသူ အာဘော်သာဖြစ်၍ အကောင်အထည်ဖော်ကြသည့် မိတ်ဖတ်အဖွဲ့အစည်းများ၏ အာဘော်မဟုတ်ကြောင်း ဖော်ပြအပ်ပါသည်။ နမူနာပြဆွေးနွေးခဲ့သော ဓါတ်ပုံများသည် online မှ ရရှိသော ဓါတ်ပုံများသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်း အလျင်းမရှိကြောင်း သိစေအပ်ပါသည်။ Video လင့်ကို ကွန်းမန့်မှာ ပေးထားပါတယ်။


17/04/2025

“အခုအချိန်မှာ အလိုအပ်ဆုံးက အမြန်ဆုံးပြန်လည်ပြုပြင်မွန်းမံပြီး နေထိုင်နိုင်ဖို့ဆိုတာ သိပါတယ်။ ဒါပေမယ့်ဗျာ စျေးမပေါတဲ့ အသက်တွေအတွက် အမှားတွေထပ်မလုပ်မိသေးခင် အချိန်မှီလေး ဒီအစီအစဉ်ကို လာခဲ့ပေးပါဗျာ”

ငလျင်ကြောင့်ထိခိုက်ခဲ့ရသော အိမ်ရှင်များအတွက် ပြုပြင်မွန်းမံခြင်းဆိုင်ရာ အကောင်းအဆိုး အကြောင်းအကျိုးများ အွန်လိုင်းဆွေးနွေးပွဲ (Retrofitting for Homeowners)

ကုန်ကျစရိတ်သက်သာပြီး ထိရောက်တဲ့ ပြုပြင်မွန်းမံခြင်းဖြစ်ဖို့ ဘာတွေပြင်ဆင်ဆောင်ရွက်ရမလဲ ❓

မြေပြင်မှာ အခမဲ့လာစစ်ပေးနေတဲ့ အဖွဲ့တွေနဲ့ ရလာတဲ့ စစ်ဆေးချက်တွေက ဘာအတွက်လဲ ❓

စစ်ဆေးချက်တွေ ရလာပြီးရင် ဘာတွေဆက်လုပ်လို့ ရမလဲ။ ဘာတွေအထောက်အပံ့ရနိုင်မလဲ ❓

စစ်ဆေးပေးတဲ့အဖွဲ့တွေ မလာနိုင်တဲ့ နေရာတွေက (အခုထိမလာသေးတဲ့) အိမ်ရှင်တွေအနေနဲ့ ဘာတွေ ဆောင်ရွက်သင့်သလဲ ❓

ပြုပြင်မွန်းမံပြီးတဲ့အခါ ကြုံတွေ့နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။ ဘယ်လိုကြိုတင်ကာကွယ်နိုင်မလဲ ❓

ပြုပြင်မွန်းမံရန်လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများမှ ရရှိနိုင်ရန် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ကြရမလဲ ❓

ပြုပြင်မွန်းမံထားတဲ့ အိမ်တွေကို ပြန်လည်ရောင်းချတဲ့ အခါမှာ ဘယ်လိုအာမခံချက်တွေပေးပြီး စျေးကောင်းရအောင် ဘယ်လိုတွေ ပြင်ဆင်ဆောင်ရွက်ကြသလဲ ❓

အစရှိတဲ့ အချက်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးမည့်သူ၏ ကိုယ်ရေးအကျဉ်း (𝐒𝐩𝐞𝐚𝐤𝐞𝐫 𝐏𝐫𝐨f𝐢𝐥𝐞)

ဆွေးနွေးမည့်ဆရာကတော့ ယူကေနိုင်ငံတွင် Retrofit Assessor အဖြစ် ဆောင်ရွက်လျက်ရှိသော ဆရာဦးကျော်မြတ်ဟိန်း ဖြစ်ပါတယ်။ ဆရာသည် မြို့ပြအင်ဂျင်နီယာတစ်ဦးအဖြစ် အဆောက်အဦများဆောက်လုပ်ခြင်းနှင့် ပြုပြင်မွန်းမံခြင်းအတွေ့အကြုံ ဆယ့်လေးနှစ်ခန့်ရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် Retrofit Assessor ၊ Domestic Energy Assessor အဖြစ်သာမက Algebra International Group ၏ Principle Consultant အဖြစ်ပါ ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါသည်။

တက်ရောက်သင့်သူများ

ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရပြီး ပြင်ဆင်မွမ်းမံရန် လိုအပ်နေသော အာစီအိမ် (RC)၊ အုတ်ညှပ်အိမ်၊ အုတ်အိမ် အမျိုးအစား အိမ်ရှင်များအတွက်သင့်တော်ပါသည်။ (မြန်မာဘာသာဖြင့် ရိုးရှင်းလွယ်ကူစွာနားလည်စေရန် ဆွေးနွေးပေးမှာဖြစ်ပါတယ်။)

လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

အခမဲ့အစီအစဉ်
ယခုဆွေးနွေးပွဲ အစီအစဉ်သည် မြေပြင်ကွင်းဆင်း အင်ဂျင်နီယာများသွားရောက်ရန်ခက်ခဲ့သော ဒေသများရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ငွေကြေး အခက်အခဲရှိသော အိမ်ရှင်များအတွက် အခမဲ့ ဖြစ်ပါသည်။ အောက်ဖော်ပြပါလင့်မှ အခမဲ့ စာရင်းပေးသွင်းပါ။ https://forms.gle/yYSZsySkpQKbCzKx9

အလှူငွေဖြင့်တက်ရောက်ရန် (Donation Pathway)
Real Youth Initiate သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်ပြီး အခုကဲ့သို့သော အစီစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် မိဘပြည်သူများ၏ ပံ့ပိုးကူညီမှုလိုအပ်ပါသည်။ ပံ့ပိုးကူညီမှုအတွက် အနည်းဆုံးပမာဏ သတ်မှတ်ထားခြင်းမရှိပါ။ Donation Pathway ဖြင့်ပါဝင်လိုပါက အောက်ဖော်ပြပါ လင့်မှ စာရင်းပေးသွင်းပါ။
https://forms.gle/fHbgK3sKdnfzyt6C9

အင်ဂျင်နီယာများ၊ ကျွမ်းကျင်နည်းပညာရှင်များနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာများ ကြိုတင်စာရင်းပေးသွင်းလိုပါက အောက်ဖော်ပြပါ လင့်မှ စာရင်းပေးသွင်းပါ။
https://forms.gle/C34TNgm6WhRBfpbK6

လိုအပ်နေသူများထံ သတင်းစကားရောက်ရှိနိုင်ဖို့ ပြန်လည်မျှဝေပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
နှစ်သစ်မှာ ဆွေတော်မျိုးတော်များအားလုံး ကျန်းမာ ဘေးကင်းလုံခြုံစွာ ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။


The first 8 traveler’s Gala Dinner. FINAL Day of   Program.Supported by:Young Southeast Asian Leaders InitiativeU.S. Emb...
13/07/2024

The first 8 traveler’s Gala Dinner.
FINAL Day of Program.

Supported by:
Young Southeast Asian Leaders Initiative
U.S. Embassy - Jakarta, Indonesia
Biji-biji Initiative
Real Youth Initiate
𝗔𝗚𝗥𝗶-𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿




11/07/2024
🌟 Participant Announcement for AGRi-Adventure (Myanmar to Thailand) 🌟We are thrilled to announce the team members, chose...
07/07/2024

🌟 Participant Announcement for AGRi-Adventure (Myanmar to Thailand) 🌟

We are thrilled to announce the team members, chosen trainers and participants for the AGRi-Adventure (Myanmar to Thailand): Chiang Mai, Chiang Rai and Mae Sai Agritourism Excursion Program! 🌱✨✨

🌱As this is a preliminary study trip, the program is limited to 8 people, and further future plans will be carried out depending on the availability of funds and the excursion’s anticipated societal benefits.

🌱Participant selection for the excursion is not based on individual merit. Instead, it focuses on alignment with the program's studies, attendance and active engagement in Online and In-person sessions, willingness and ability to share industry and agricultural knowledge, and the potential contribution, scaling-up and economic empowerment impacts towards the communities

🌱During the AGRi-Adventure Myanmar to Thailand study trip, we will be visiting and exploring Organic farms Botanical gardens, Universities, Research Centers and New Technologies, Socially beneficial Agri-businesses, in Chiang Mai, Chin Rai and Mae Sai for gaining more insights into sustainable practices, access to network and regional market opportunities.

✨ Let's congratulate those who have the opportunity to participate in the program. 👏👏👏 😊 Thank you for joining us on this journey so far! 💚

Stay tuned and join us for more amazing updates for upcoming events and programs 🤝🌟🌟

Supported by:
Young Southeast Asian Leaders Initiative
U.S. Embassy - Jakarta, Indonesia
Biji-biji Initiative
Real Youth Initiate







ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဆိုင်မြို့များရှိ အော်ဂဲနစ်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်စေသော စိုက်ပျိုးနည်းစနစ်များကို လက်တွေ့လေ့လာရင်း သဘာဝတောတောင်ရှုခင်းများနှင့် ရိုးရာယဉ်ကျေးမှုများကို သွားရော‌က်‌လေ့လာကြမည့်
AGRi-Adventure (Myanmar to Thailand) Program တွင်ပါဝင်ကြရမည့် Team members များ၊ ဆရာ၊ဆရာမများ နှင့် သင်တန်းသူ/သားများစာရင်းကိုကြေညာလိုက်ပါတယ်။ 🌱✨✨

🌱ဤခရီးစဉ်သည် ပဏာမလေ့လာရေးခရီးစဉ်ဖြစ်သောကြောင့် လူ 8 ဦးသာ ကန့်သတ်ထားပြီး ရန်ပုံငွေရရှိနိုင်မှုနှင့် လေ့လာရေးခရီး၏မျှော်မှန်းထားသော လူမှုအကျိုးပြုမှုအပေါ်မူတည်၍ နောက်ထပ်အနာဂတ်အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

🌱 ပါဝင်ခွင့်ရသူများကိုရွေးချယ်ရာတွင် တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ အရည်အသွေးဖြင့် သတ်မှတ်ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ AGRi-Adventure Myanmar to Thailand Program ၏ သတ်မှတ်စံတန်ဖိုးများဖြစ်သော
ပါဝင်သူများ၏နေ့စဉ်ဘဝအပေါ် အကျိုးသက်ရောက်နိုင်မှု၊ Online နှင့် In-person training များတွင် Attendance မှန်ကန်မှု၊ စိတ်အားထက်သန်စွာလေ့လာသင်ယူမှုများ နှင့် တက်ကြွစွာပါဝင်မှုဆွေးနွေးနိုင်မှု၊ သင်ယူလေ့လာခဲ့သော အကြောင်းအရာများကို မိမိပတ်ဝန်းကျင်အား ပြန်လည်မျှဝေနိုင်စွမ်းရှိမှုများ အပေါ် အခြေခံကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

🌱လေ့လာရေးခရီးစဉ်တွင် အော်ဂဲလ်နစ်စိုက်ခင်းများ၊ တက္ကသ်ိုလ်များ၊ သုတေသနစင်တာများနှင့် နည်းပညာသစ်များ၊ ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဆိုင်တို့၏ ရိုးရာဓလေ့များ၊ ကွန်ရက်နှင့် ဒေသဆိုင်ရာ စျေးကွက်အခွင့်အလမ်းများလေ့လာရေး နှင့် လူမှုအကျိုးပြုစီပွားရေးလုပ်ငန်းများ သို့သွားရောက်ကာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ အတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည်များကို ရင်ခုန်စိတ်လှုပ်ရှားစွာ လေ့လာသင်ယူသွားရမှာပဲဖြစ်ပါတယ်။

✨ ဒါကြောင့် ဤ အစီအစဉ်မှာ ပါဝင်ခွင့်ရသူများကို ဂုဏ်ပြုရင်း 👏👏👏 😊 လျှောက်ထားသူ တစ်ဦးတစ်ယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ကြောင်းပြောပါရစေ။ ✨

AGRi-Adventure Myanmar မှ ထပ်မံယူဆောင်လာမည့် ပတ်ဝန်းကျင်နှင့် လူထုအကျိုးပြု စိတ်ဝင်စားဖွယ် အစီအစဉ်များကို စောင့်မျှော်ရင်း ပါဝင်လက်တွဲ ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် … 🤝🌟🌟

02/07/2024

Address

1 ถนน นิมมานเหมินทร์

50200

Opening Hours

Monday 09:45 - 16:45
Tuesday 09:45 - 16:45
Wednesday 09:45 - 04:45
Thursday 09:45 - 16:45
Friday 09:45 - 16:45
Saturday 10:00 - 12:00
Sunday 10:00 - 12:00

Website

Alerts

Be the first to know and let us send you an email when 𝗔𝗚𝗥𝗶-𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share