Chiang Mai Connection - Education Services

Chiang Mai Connection - Education Services ချင်းမိုင် ပညာရေး ဝန်ဆောင်မှု

ကျောင်းသားများရဲ့ လုံခြုံရေးက ပထမဦးစားပေးပါ 🤗✅ချင်းမိုင်က ကျောင်းတွေမှာ ကျောင်းသားကလေးတွေ စိတ်ချလက်ချ ပညာသင်ယူနိုင်စေဖို...
25/08/2026

ကျောင်းသားများရဲ့ လုံခြုံရေးက ပထမဦးစားပေးပါ 🤗✅

ချင်းမိုင်က ကျောင်းတွေမှာ ကျောင်းသားကလေးတွေ စိတ်ချလက်ချ ပညာသင်ယူနိုင်စေဖို့၊ ကျောင်းဝင်းအတွင်း လုံခြုံစိတ်ချရတဲ့ သင်ယူမှုပတ်ဝန်းကျင်ဖြစ်စေဖို့အတွက် လုံခြုံရေးစနစ်များကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်ပေးနေတဲ့အကြောင်း ကျောင်းတွေဘက်က Sharing လုပ်လာပါတယ် 💭

ကျောင်းအဆောက်အအုံအတွင်း ဝင်ရောက်မည့် ကျောင်းသားတိုင်းကို Portable Metal Detector ဖြင့် စစ်ဆေးပေးနေတဲ့ ABA ကျောင်းရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်ရှင် ✨

𝗕𝗶𝗴 𝗕𝗮𝗱 𝗪𝗼𝗹𝗳 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗕𝗼𝗼𝗸 𝗦𝗮𝗹𝗲 📖🛍️စာအုပ်အမျိုးအစားပေါင်းများစွာကို 90% အထိ Discount နဲ့ ဝယ်ယူရရှိနိုင်မယ့် နိုင်ငံ...
24/08/2026

𝗕𝗶𝗴 𝗕𝗮𝗱 𝗪𝗼𝗹𝗳 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗕𝗼𝗼𝗸 𝗦𝗮𝗹𝗲 📖🛍️

စာအုပ်အမျိုးအစားပေါင်းများစွာကို 90% အထိ Discount နဲ့ ဝယ်ယူရရှိနိုင်မယ့် နိုင်ငံတကာစာအုပ်ပွဲတော်ကြီး ချင်းမိုင်ကိုရောက်လာပါတော့မယ် 🤗

ကလေးတွေအတွက် ဗဟုသုတစာအုပ်တွေ၊ ကျောင်းသုံးစာအုပ်တွေ၊ ဖေဖေ မေမေတွေ ကိုယ်တိုင်ဖတ်ရှုဖို့ စာအုပ်တွေ စျေးတန်တန်နဲ့ ရှာဖွေရရှိနိုင်မယ့် အရမ်းကောင်းတဲ့အခွင့်အရေးပါ 💙

📅 Aug 28 – Sep 6, 2026
⏰ 10:00 AM – 9:00 PM
📍 Chiangmai Hall, Central Chiangmai Airport

📚 စာအုပ်ချစ်သူတွေအတွက် ဒီပွဲကို မဖြစ်မနေ သွားကြည့်ရအောင် ညွှန်းပေးလိုက်ပါတယ်ရှင့် ✨

🏡 ကျောင်းနဲ့ နီးတဲ့နေရာက ခြံကျယ်ကျယ်ပါတဲ့ အိမ်လှလှလေး CMC ရဲ့ မိသားစုတွေအတွက် လိုချင်တဲ့အိမ်လေးရအောင် ..သဘောကောင်းတဲ့ အိ...
23/08/2026

🏡 ကျောင်းနဲ့ နီးတဲ့နေရာက ခြံကျယ်ကျယ်ပါတဲ့ အိမ်လှလှလေး

CMC ရဲ့ မိသားစုတွေအတွက် လိုချင်တဲ့အိမ်လေးရအောင် ..
သဘောကောင်းတဲ့ အိမ်ရှင်
စိတ်ရှည်ကူညီပေးတဲ့ Agent တွေနဲ့ ချိတ်ဆက်ကူညီပေးနိုင်ခဲ့လို့ ဝမ်းသာရပါတယ် 🥰

🔬✨ ABS SCIENCE WEEK 2026 🧪🌎သိပ္ပံပညာကို ပျော်ပျော်ရွှင်ရွှင် လက်တွေ့စမ်းသပ်လေ့လာရင်း တီထွင်ဖန်တီးမှုနဲ့ အတွေ့အကြုံကောင်း...
22/08/2026

🔬✨ ABS SCIENCE WEEK 2026 🧪🌎

သိပ္ပံပညာကို ပျော်ပျော်ရွှင်ရွှင် လက်တွေ့စမ်းသပ်လေ့လာရင်း တီထွင်ဖန်တီးမှုနဲ့ အတွေ့အကြုံကောင်းများ ရရှိခဲ့တဲ့ ABS ကျောင်းသားကလေးလေးတွေ ဖြစ်ပါတယ် 🎉

CMC ရဲ့ ဖေဖေမေမေတွေမှာရော Science ကို စိတ်ဝင်စားတဲ့ သားသားမီးမီးတွေ ရှိလားရှင့် 👀

✨ Nakornpayap International School (NIS) ✨ချင်းမိုင်ရဲ့ နာမည်ကြီး US curriculum International School တစ်ခုမိဘများကြားမှာ...
21/08/2026

✨ Nakornpayap International School (NIS) ✨

ချင်းမိုင်ရဲ့ နာမည်ကြီး US curriculum International School တစ်ခု
မိဘများကြားမှာ နှစ် ၃၀ ကျော် ယုံကြည်မှု ရရှိထားပြီးရပ်တည်လာတဲ့ NIS ကျောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်

✅ WASC Accredited ရရှိထားတဲ့ US curriculum သင်ကြားပေးတဲ့ကျောင်းဖြစ်ပါတယ်
✅ Advanced Placement (AP) Courses တွေ ရှိလို့ Grade 11–12 မှာ University-level subjects တွေ သင်ယူနိုင်ပါတယ်
✅ STEM, Arts, Sports, Clubs စတဲ့ extracurricular activities များစွာ ရှိပါတယ်
✅ ကျောင်းလခအနေနဲ့ တစ်နှစ်စာ ဘတ် ၃ သိန်း ဝန်းကျင်ကနေ ဘတ် ၅ သိန်း ဝန်းကျင်ထိရှိပါတယ်
✅ သင်ကြားရေးကောင်းမွန်မှုနဲ့ ပတ်သတ်ပြီး လက်ရှိ ကျောင်းသားမိဘတွေကြားမှာ နာမည်ကောင်းရထားတဲ့ကျောင်းတစ်ကျောင်းလဲ ဖြစ်ပါတယ်
✅ ကျောင်း Facility လဲကောင်းပြီး Campus နဲ့ ယှဉ်ရင် ကျောင်းသားဦးရေလဲ အရမ်းမများဘဲ တော်တော်လေး သန့်ရှင်းသပ်ရပ်တဲ့ကျောင်းလို့ ပြောလို့ရပါတယ်

အသေးစိတ်နဲ့ NIS ကျောင်းမှာ ကလေးကျောင်းထားဖို့ ကျွန်မတို့ CMC Team နဲ့ ဆက်သွယ်နိုင်ပါပြီရှင်

Chiang Mai Connection
+66 83 616 8894

Big Congratulations Mike & William 🎉မြန်မာနိုင်ငံကနေ ချင်းမိုင်ကို ပြောင်းလာကြတဲ့ ညီအကို ၂ ယောက် 👬💭 CMC Team နဲ့ အတူတူ က...
20/08/2026

Big Congratulations Mike & William 🎉

မြန်မာနိုင်ငံကနေ ချင်းမိုင်ကို ပြောင်းလာကြတဲ့ ညီအကို ၂ ယောက် 👬

💭 CMC Team နဲ့ အတူတူ ကျောင်းလေ့လာ ကျောင်းအပ်ဖို့ စီစဉ်ပြီး SBS International School ကို ရွေးခဲ့ပါတယ်

💌 ကျောင်းစတက်ထဲက Scholarship Discount တွေနဲ့ ဝင်ခွင့်ရခဲ့တာ
တစ်နှစ်အတွင်းမှာလဲ စာမေးပွဲတွေ အမှတ်အများကြီးကောင်းခဲ့တဲ့အပြင်
အခု ပထမစာသင်နှစ်အတွက် ၂ ယောက်လုံး First Place Gold Medal 🥇တွေနဲ့ အောင်မြင်ခဲ့ပါတယ် 🥳

အောင်မြင်မှုတွေအတွက် အရမ်းပဲ ဝမ်းသာဂုဏ်ယူပါတယ်🌟
ရှေ့ဆက်ပြီးလဲ အများကြီး အောင်မြင်ပျော်ရွှင်ပါစေရှင်

PREM International School ကျောင်းသူ ညီအစ်မလေး  ၃ ယောက် ရဲ့ အမှတ်တရ 🥰❣️ဒီနေ့ PREM ကျောင်းစဖွင့်တဲ့ ရက်မှာ ကျောင်းတက်ရပါပြ...
18/08/2026

PREM International School ကျောင်းသူ ညီအစ်မလေး ၃ ယောက် ရဲ့ အမှတ်တရ 🥰❣️

ဒီနေ့ PREM ကျောင်းစဖွင့်တဲ့ ရက်မှာ ကျောင်းတက်ရပါပြီ 🎒

အမှတ်တရကောင်းတွေ ဖန်တီးနိုင်တဲ့ စာသင်နှစ်ဖြစ်ပါစေရှင် 🩷🎉

✨Prem Tinsulanonda International School✨✅ South East Asia မှာ ပထမဆုံး Full IB programmes များအားလုံး သင်ကြားတဲ့ Authoriz...
16/08/2026

✨Prem Tinsulanonda International School✨

✅ South East Asia မှာ ပထမဆုံး Full IB programmes များအားလုံး သင်ကြားတဲ့ Authorized International Baccalaureate (IB) World School ဖြစ်တဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်

💭 ဧက ၁၀၀ ကျော်ကျယ်တဲ့ ကျောင်းဝန်းထဲမှာ Sports Activity များစွာ Project ပေါင်းများစွာ၊ Nature Learning ပေါင်းများစွာနဲ့ ပညာသင်ယူနိုင်အောင် ဖန်တီးပေးထားပါတယ်

🌟 ကျောင်း Facility နဲ့ သန့်ရှင်းသပ်ရပ်မှုလဲ အရမ်းကိုကောင်းပြီးတော့ ချင်းမိုင်က အကောင်းဆုံး၊ စျေးအကြီးဆုံး ကျောင်းတွေထဲက တစ်ကျောင်းလို့ ပြောရမှာပါ

💵 အခြား International School တွေထက်စာရင် ကျောင်းဝင်ခွင့်အတွက် လိုအပ်တဲ့ Requirement တွေလဲ ပိုများပါတယ် .. ကျောင်းလခလဲ ၂ ဆ လောက်ပိုများတတ်ပါတယ်

🏡 မိသားစုလိုက်ပြောင်းရွေ့ချင်သူတွေအတွက် ကျောင်းနားဝန်းကျင်မှာပဲ အိမ်ငှါးလို့ရတဲ့ နေရာတွေရှိပြီး ၊ ကျောင်းဝန်းထဲမှာလဲ ကျောင်းအဆောင် ရှိတာမို့ အဆောင်နေချင်သူ ကျောင်းသား၊ကျောင်းသူများအတွက်လဲ အဆင်ပြေပါတယ်

✅ ပညာထူးချွန်ပြီး နိုင်ငံတကာ တက္ကသိုလ်ကြီးတွေမှာ ဝင်ခွင့်ရတဲ့ ကျောင်းသားတွေလဲ များတာမို့ မိသားစုတွေ အရမ်း စိတ်ဝင်စားကြတဲ့ ကျောင်းတစ်ကျောင်းလဲဖြစ်ပါတယ်ရှင်

💌 မြန်မာကျောင်းသားတွေအတွက် Discount တွေရဖို့ CMC Team နဲ့ ဆွေးနွေးတိုင်ပင်ထားကြတာမို့ PREM ရဲ့အကြောင်းကို အသေးစိတ် သိချင်ရင်တော့ messenger မှာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်

Chiang Mai Connection
+66 83-616-8894

ဒီနေ့ Chiang Mai Connection မိသားစုကလေးလေးတွေရဲ့ Playdate 😍🎉ဖေဖေ မေမေတွေက တွေ့ဆုံမိတ်ဖွဲ့ကြ 💭သားသားမီးမီး တွေက ကစားကြ 💃
15/08/2026

ဒီနေ့ Chiang Mai Connection မိသားစုကလေးလေးတွေရဲ့ Playdate 😍🎉

ဖေဖေ မေမေတွေက တွေ့ဆုံမိတ်ဖွဲ့ကြ 💭
သားသားမီးမီး တွေက ကစားကြ 💃

Malaysia ကနေ ချင်းမိုင်ကို ပြောင်းလာကြတဲ့ မိသားစုလေး 🥰Tonkla School မှာ assessment ဖြေဖို့၊ ကျောင်းအပ်ဖို့ ကူညီပေးခဲ့ပါတ...
14/08/2026

Malaysia ကနေ ချင်းမိုင်ကို ပြောင်းလာကြတဲ့ မိသားစုလေး 🥰

Tonkla School မှာ assessment ဖြေဖို့၊ ကျောင်းအပ်ဖို့ ကူညီပေးခဲ့ပါတယ်ရှင် 🎒

ที่อยู่

79 ถนน Wiang Ping Road, Tambon Hai Ya, Mueang Chiang Mai District
Chiang Mai
50100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chiang Mai Connection - Education Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์