TVET WORLD

TVET WORLD

แชร์

To share everything we have/know about TVET with everyone striving towards better TVET in Myanmar.

Photos from Aung Paige's post 01/01/2025
20/11/2024

အသိအမှတ်ပြု လက်မှတ်ငယ်များ Micro credentials (MC)

လက်မှတ်ငယ်တွေအကြောင်းကို Recognition of Prior Learning (RPL) တစ်ခုအနေနဲ့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာနေကြပါတယ်။ Micro credentials ကို သက်မွေးပညာရေးနယ်ပါယ် တစ်ခုတည်းမှာ မဟုတ်ဘဲ အဆင့်မြင့်ပညာရေးမှာလည်း သုံးကြပါတယ်။ သူ့ရဲ့ ရည်ရွယ်ရင်း ကတော့ ပညာရေးနယ်ပါယ်ကြီးတစ်ခုလုံး ကို ခေတ်စနစ်လိုအပ်ချက်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်တာပဲဖြစ်ပါတယ်။ လူတွေ့သင်တာ၊ အွန်လိုင်းကနေသင်တာ၊ လူတွေ့ရော အွန်လိုင်းရော နှစ်မျိုးလုံးပါနိုင်တဲ့ ဖက်စပ် Hybrid သင်တာ စသဖြင့် ပုံစံမျိုးစုံနဲ့ ပို့ချကြ သင်ယူကြပါတယ်။ သင်တန်းတွေအကြောင်း ပြောပေမယ့် RPL တစ်ခုဖြစ်တာကြောင့် ဘယ်ကနေပဲ တတ်မြောက်လာခဲ့သည် ဖြစ်စေ အကျုံးဝင်ပါတယ်။ ရေပန်းအစားဆုံးကတော့ အွန်လိုင်းသင်တန်းတွေပါပဲ။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ထုတ်တဲ့ ClassCentral ရဲ့ လေ့လာချက်အရ လူအမြောက်အများတတ်ရောက်နိုင်တဲ့ အွန်လိုင်းသင်တန်း (MOOCs) တွေမှာ Micro credentials သင်တန်းပေါင်း ၁၂၀၀ ကျော်ကိုပို့ချပေးနေတယ်လို့ဆိုပါတယ်။

Micro credentials ရဲ့ အဓိက ဝိသေသလက္ခဏာရပ်ကတော့ အွန်လိုင်းသင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲ တွေနဲ့ တခြားလေ့လာသင်ယူမှု အတွေ့အကြုံကနေရရှိလာတဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာ၊ အတတ်ပညာ တိတိပပ တစ်ခုခု ကို အသိအမှတ်ပြုပေးတဲ့ လက်မှတ်ငယ်ပဲ ဖြစ်ပါတယ်။ သူ့ကိုစစ်ဆေးတဲ့ အခါမှာတော့ ကျွမ်းကျင်မှုစံနှုန်းတွေနဲ့ တိုက်ဆိုင်ပြီး လေ့လာသင်ယူမှုရလဒ်တွေ ပြည့်မပြည့် စစ်ဆေးရပါတယ်။

နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေ နဲ့ ပုဂ္ဂလိက ကဏ္ဍတွေ ကပါ Micro credentials ရဲ့ တန်ဖိုးကို ပိုပြီး အသိအမှတ်ပြုလာကြပါပြီ။ လုပ်ငန်းရှင်တွေ၊ စက်မှုလက်မှု အသင်းအဖွဲ့တွေ ဟာ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အွန်လိုင်းကနေပို့ချတဲ့ ပလက်ဖောင်းတွေ နဲ့ ပူးပေါင်းပြီးတော့ စက်မှုလုပ်ငန်းတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Micro credentials တွေကိုရေးဆွဲလာကြပါတယ်။ အဓိကပူးပေါင်းတဲ့ ကဏ္ဍတွေကတော့ နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးနဲ့ စျေးကွက်ချဲ့ထွင်ရေး ကဏ္ဍတွေပဲဖြစ်ပါတယ်။

အကျိုးကျေးဇူးများ

လျင်လျင်မြန်မြန်ပြောင်းလဲနေတဲ့ လုပ်ငန်းတွေမှာ အောင်အောင်မြင်မြင် အလုပ်လုပ်နိုင်ဖို့ဆိုရင် လက်ရှိအလုပ်ထဲမှာ လိုအပ်နေတဲ့ ကျွမ်းကျင်မှုတွေရှိဖို့၊ မိမိကျွမ်းကျင်မှုကို မြှင့်တင်ဖို့ လိုကိုလိုအပ်ပါတယ်။ Micro credentials က အဆင်ပြေတဲ့ အချိန်မှာ မြန်မြန်ဆန်ဆန်လေ့လာသင်ယူနိုင်ပြီးတော့ မိမိရဲ့ ကျွမ်းကျင်မှုကို စဥ်ဆက်မပြတ် မြှင့်တင်နိုင်အောင် အခွင့်အလမ်းဖန်တီးပေးထားပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ကိုယ့်နှုန်းနဲ့ကိုယ်

Micro credentials ကိုမိမိအဆင်ပြေသလို လေ့လာနိုင်တဲ့နှုန်းတဲ့သွားလို့ ရပါတယ်။ ဒီနေ့ သင်ခန်းစာ တစ်ခုပဲ ပြီးနိုင်သည်ဖြစ်စေ နှစ်ခုပြီးနိုင်သည်ဖြစ်စေ လေ့လာနိုင်သ‌လောက် လေ့လာနိုင်ပါတယ်။ မိမိဘာသာမိမိ သွားနိုင်တဲ့နှုန်းနဲ့ သင်ယူနိုင်တဲ့ (Self-paced) အွန်လိုင်းသင်တန်းတွေအများကြီးရှိပါတယ်။
၂။ လိုချင်တဲ့ ကျွမ်းကျင်မှုကိုသာ အာရုံစိုက်နိုင်
Micro credentials မှာ မိမိဝါသနာပါရာ စိတ်ဝင်စားရာ၊ မိမိအလုပ်နဲ့ ကိုက်ညီရာ ကျွမ်းကျင်မှု တိတိပပ တစ်ခုခု အပေါ် အာရုံစိုက်လေ့လာနိုင်ပါတယ်။ မိမိ အချိန်ကို မိမိ အကျိုးရှိရှိ သုံးနိုင်တယ်။

၃။ အချိန်နဲ့ စားရိတ်သက်သာ

Micro credentials တွေဟာများသောအားဖြင့် ဈေးမကြီးကြပါဘူး။ အချို့အွန်လိုင်းသင်တန်းများဆိုရင် သင်တန်းကြေးတောင် အခမဲ့ပါ။ နောက်ပြီး သမားရိုးကျပညာရေးလမ်းကြောင်းလောက်လည်း အချိန်မပေး ရကြပါဘူး။

၄။ ထပ်ဆင့်တိုးပွား

Micro credentials လေးတွေအားလုံးစုပေါင်းပြီး အသိအမှတ်ပြုလက်မှတ်ကြီးတစ်ခု ရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် မူကြိုဆရာ၊ဆရာမတစ်ယောက်ဖြစ်ချင်သူဟာ လက်မှတ်ငယ်လေးတွေဖြစ်တဲ့ ECCD သင်တန်းဆင်းလက်မှတ်၊ ကလေးစိတ်ပညာ သင်တန်းလက်မှတ်၊ သင်ကြားသင်ယူမှုနည်းလမ်း လက်မှတ်၊ စသည်ဖြင့် လက်မှတ်ငယ်တွေရပြီးရင် မူကြိုဆရာဖြစ် အသိအမှတ်ပြုလက်မှတ်ကြီးတစ်ခု ရနိုင်ပါတယ်။

သင်ယူတတ်မြောက်ပြီးသူတွေအတွက် လက်မှတ်ငယ်လေးတွေကို ပုံစံမျိုးစုံနဲ့ ထုတ်ပေးနေကြပါတယ်။ Badge လို့ခေါ်တဲ့ တံဆိပ်ကလေးတွေ၊ ထောက်ခံချက် (Endorsement) တွေ၊ လိုင်စင်လေးတွေ၊ အသိအမှတ်ပြုလက်မှတ်အငယ်စားတွေ (micro certificate) အပြင် Nanodegree နဲ့ Micro-masters လို့ခေါ်တဲ့ ဘွဲ့အသေးစားတွေပါပေးကြပါတယ်။ ဥပမာ Google နဲ့ Coursea တို့ပေါင်းပြီး ပေးတဲ့ Google IT Support Professional သင်တန်းပြီးရင် Badge တံဆိပ်တစ်ခုရပါတယ်။ Linkedin မှာဆိုရင်လည်း digital marketing, project management, data analysis စသည်ဖြင့် Micro credentials များစွာပေးလျက်ရှိပါတယ်။ Udemy နဲ့ Edx တို့မှာလည်း Nanodegree နဲ့ Micro masters တွေကို နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ပေါင်းပြီးပေးနေတာတွေရှိပါတယ်။

Micro credentials မှာ ကောင်းတာတွေများသလို စိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ ပထမဆုံးကတော့ သူ့ရဲ့ လေ့လာသင်ယူချိန် ဘယ်လောက်ထိရှိရမယ်ဆို တာ ကိုတိတိကျကျ ဘုံသဘောတူသတ်မှတ်ထားတာ မရှိပါဘူး။ ကာလတိုလေလေ သူ့ရဲ့ လေ့လာသင်ယူခဲ့မှု အရည်အသွေးနဲ့ စစ်ဆေးမှုအရည်အသွေး အာမခံချက်မှာ ပိုပြီး မေးခွန်းထုတ်စရာ ပိုဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကာလတိုလေလေ သူ့ကို ကျွမ်းကျင်မှုအရည်အသွေးစနစ်ကြီးနဲ့ ဘယ်လိုသွားချိတ်ရမလဲဆိုတာ ပိုပြီးခေါင်းခဲရလေလေပါပဲ။

အဲတော့ အချိန်ကုန် ငွေကုန်သက်သာပေမယ့် အရည်အသွေးအာမခံနိုင်မှုစနစ် ခိုင်ခိုင်မာမာရှိဖို့လိုသလို ကျွမ်းကျင်မှုစံနှုန်းတွေနဲ့ စစ်ဆေးပြီးမှသာ Micro Credentials တွေကိုထုတ်ပေးသင့်ပါကြောင်း။

ကိုးကား။ ITC ILO ၏ Skills Development Academy သင်ခန်းစာမှ

05/11/2024
05/11/2024

🎖🏆🎖 TVET Award 2024 🎖🏆🎖

မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (Myanmar Private TVET Association - MPTA) သည် ၂၀၁၄ ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခု ၂၀၂၄ ခုနှစ်တွင် (၁၀)နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ဒီဇင်ဘာလ ၂၀၂၄ တွင်ကျင်းပမည့် အသင်းကြီး၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားမှ စတင်၍ မြန်မာနိုင်ငံ သက်မွေးပညာရှင်များအတွက် သက်မွေးပညာဖွံ့ဖြိုးရေး ထူးချွန်ဆုများကို နှစ်စဉ် ချီးမြှင့်ရန် ရည်ရွယ်ထားပါသည်။ ယခု ၂၀၂၄ ခုနှစ်တွင်

🎖 သက်​မွေးပညာဖွံ့ဖြိုး​ရေး ​ရှေ့​​​ဆောင်ဆု
(TVET Visionary Award) နှင့်
🏅 သက်မွေးပညာဖွံ့ဖြိုးရေး တစ်နှစ်တာ ထူးချွန်ဆု (၂၀၂၄)
(TVET Excellence Award 2024)

များကို အခမ်းအနားဖြငိ့ ချီးမြှင့်​ပေးအပ်သွားမည်ဖြစ်ပါသည်။

🏆🏆🏆 TVET Excellence Award 2024
အတွက် ဖိတ်ခေါ်ခြင်း

သက်​မွေးပညာ သင်ကြား​ရေး ဖွံ့ဖြိုး​ရေး စသည်များ လုပ်ကိုင်​ဆောင်ရွက်​နေ​သော မြန်မာနိုင်ငံသား မည်သူမဆို ပါဝင် ယှဥ်ပြိုင် အ​ရွေးချယ်ခံနိုင်ပါသည်။ TVET Excellence Award 2024 အတွက် ဝင်ရောက် ယှဥ်ပြုင်အရွေးချယ်ခံလိုသူများသည် ​သက်​မွေးပညာ ပြန့်ပွား ဖွံ့ဖြိုး တိုးတက်မှု အတွက် မိမိတို့ ​​​ဆောင်ရွက်ချက်များကို ပြည့်စုံ​ပေါ်လွင်စွာ ဖော်ပြ ​ပေးပို့ရပါမည်။ သို့ဖြစ်ပါ၍ Google Form တွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ပြီး
📍📍📍၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နောက်ဆုံးထား ပေးပို့ပါရန် တိုက်တွန်း နှိုး​ဆော်အပ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLScIsE17eskWtAFOwfklI38Yxy-RcAb8liaxQhnr41X_uXSDbg/viewform?usp=sf_link

လုပ်ငန်း​ဆောင်ရွက်မှု အ​ထောက်အထား photo, video များကို 📧 [email protected] ​သို့ ပေးပို့နိုင်ပါသည်။
Hard copy ​ပေးပို့လိုပါက MPTA အသင်းရုံးလိပ်စာ
🏛🏛🏛 No. 7-C, Mya Yeik Condo, Zayar Thiri Street, 3 Quarter, Kamaryut, Yangon
သို့​ပေးပို့နိုင်ပါသည်။
အ​သေးစိတ်စုံစမ်း​မေးမြန်းလိုပါက
📞09 797304635
📞09 258529950 သို့ ဆက်သွယ်​မေးမြန်းနိုင်ပါသည်။

02/11/2024

PTTEP International Limited (ဇောတိက နှင့် ရတနာ စီမံကိန်း) မှ ပညာသင်ထောက်ပံ့ပေးခြင်းအစီအစဉ် (Scholarship Program)
နှင့်
MMC Automotive Mechanic Training School မော်တော်ယာဉ်စက်ပြင်သင်တန်း အပတ်စဉ် (၃) အတွက် လျှောက်လွှာများစတင်ခေါ်ယူခြင်း

Myanmar Motor Corporation မှ ဖွင့်လှစ်သော MMC Automotive Mechanic Training သင်တန်းအား (၁) နှစ်တွင် အပတ်စဉ် (၂) ကြိမ်သာ ခေါ်ယူ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။ သင်တန်းကာလမှာ (၆)လ ဖြစ်ပါတယ်။

အပတ်စဥ် (၃) သင်တန်းကို 9th January 2025 တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

❗️သင်တန်းကြေး (၂၁) သိန်း မှ ပညာသင်ထောက်ပံ့ပေးခြင်းအစီအစဉ် (Scholarship Program) ဖြင့်တက်ရောက်သင်ကြားလိုသူများလည်း လျှောက်ထားနိုင်ပြီးလျှောက်လွှာတင်ထားသော သင်တန်းသားများအား လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ပြီး
သင်တန်းသား ( ၄၅ ) ဦးအား (Scholarship Program) အစီအစဉ် ဖြင့် ခေါ်ယူသွားမည် ဖြစ်ပါသည်။
သင်တန်းသား (၄၅) ဦး မှ (၂၀) ဦးအား သင်တန်းကြေး အခမဲ့ 100% Scholarship ဖြင့်ခေါ်ယူသွားမည်ဖြစ်ပြီး
သင်တန်းသား (၄၅) ဦး မှ (၂၅) ဦးအား သင်တန်းကြေး တစ်ဝက်၊ 50% scholarship ဖြင့်ခေါ်ယူသွားမည်ဖြစ်ပါတယ်။

Scholarship program ဖြင့် တက်ရောက်လိုသူများ ဇန်နဝါရီလ (၂) ရက်နေ့နောက်ဆုံးထား၍လျှောက်လွှာများ အောက်ပါလိပ်စာသို့ လျှောက်ထားနိုင် ပါသည်။

***ပညာသင်ဆုလျှောက်ထားလိုသူများသည် သင်တန်းအား အမှန်တကယ် တက်ရောက်လိုစိတ် ရှိပြီး သင်တန်းပြီးဆုံးသည့်တိုင်အောင် တက်ရောက်နိုင်သူများ ဖြစ်ရမည်။
ကျောင်းသင်တန်းတက်ရောက်ချိန် 75% မပြည့်မှီသူများအား သင်တန်းဆင်း အောင်လက်မှတ် ထုပ်ပေးသွားမည်မဟုတ်ပါ။
သင်တန်းတက်ရောက် ရန်အမှန်တကယ် ငွေကြေးအခက်အခဲရှိသောသူများအား ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါ သည်။

ငွေကြေး မတတ်နိုင်သူ ကျောင်းသားများနှင့်
ဂျပန် နိုင်ငံ သို့ သွာရောက် အလုပ် လုပ်ကိုင်လိုသူများ အား ဦးစားပေး‌ရွေးချယ်မည်ဖြစ်ပါသည်။
သင်တန်းကာလအတွင်း ဂျပန်စာ N4 အဆင့်ထိပါပူးတွဲ သင်ကြားပေးမည်ဖြစ်ပြီး

ပညာအရည်အချင်း - အလယ်တန်းပညာအရည်အချင်း (၈) တန်း ပြီးမြောက်သူဖြစ်ရမည်။

Myanmar Motor Corporation
09 255 583 223
09 889575 962, 09 889575 963
[email protected]

မြန်မာမော်တော်ကော်ပိုရေးရှင်း (MMC)၊ ချယ်ရီဥယျာဥ်အိမ်ရာ၊ သံသုမာလမ်း၊ (၁၄/၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

MyanEdu - Leading Online Education Platform for GED, Business, and Technology in Myanmar 27/10/2024

"အခမဲ့ပညာဒါန"

မြန်မာဘာသာနဲ့လုံး၀အခြေခံကနေသင်ယူနိုင်မဲ့၀က်ဆိုဒ်လေးကိုဝေမျှပေးပါရစေ။

website - https://www.myanedu.com

သင်ယူနိုင်မဲ့ဘာသာရပ်များကတော့ 101 Course အတိုလေးတွေဖြစ်ပြီး ၂၀၂၄ ဒီဇင်ဘာလကုန်ထိ အခမဲ့သင်ယူနိုင်မှာဖြစ်ပါတယ်။

- Sales Management 101
- Product Management 101
- Marketing Strategy 101
- Marketing Management 101
- Operation Management 101

တို့ဖြစ်ပါတယ်။ နောက်ထပ်လည်း Upcoming Courses တွေကအမြဲ Update ဖြစ်နေတာမို့ အခုပဲ Register လုပ်ထားနိုင်စေဖို့ ဝေမျှပေးလိုက်ပါတယ်။

Crd: Nang Htike Aung

MyanEdu - Leading Online Education Platform for GED, Business, and Technology in Myanmar MyanEdu offers top-quality online education in Myanmar, specializing in GED, business, and technology courses, learn with online class.

26/10/2024

ဆရာ၊ ဆရာမများအားလုံး မင်္ဂလာပါ။

လူတိုင်းအကျုံးဝင်သော သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒဆိုင်ရာ အွန်လိုင်သင်တန်းများကို Myanmar Teacher Platform မှာ တစ်စုတစ်စည်းတည်း လေ့လာနိုင်ပါပြီ။

ဤသင်တန်းများက သင်ယူသူများအား လူတိုင်းအကျုံးဝင်သော သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ၏ အခြေခံမူများ၊ ချဉ်းကပ်နည်းများနှင့် နည်းဗျူဟာများကို လက်တွေ့ကျင့်သုံးတတ်စေရန်နှင့် နားလည်သဘောပေါက်လာစေရန် ရည်ရွယ်ပါတယ်။ သင်တန်းတစ်ခုကို နာရီ (၃၀) ကြာမြင့်တာကြောင့် တစ်ခုလုံးကို တစ်ကြိမ်တည်းဖြင့် အပြီးထိ မတက်ရောက်နိုင်လျှင်လည်း မိမိတို့ သင်ယူပြီးသလောက်ကို အကောင့်ထဲမှာ မှတ်သားထားပေးထားတာ ဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတို့ အားလပ်တဲ့အချိန်လေးမှာ မိမိတို့ ရောက်ရှိသင်ယူနေသော နေရာမှ ပြန်လည်လေ့လာနိုင်ပါတယ်။

ဆရာ၊ဆရာမများအနေဖြင့် မိမိတို့ရဲ့ သင်ကြားရေးစွမ်းရည်မြှင့်တင်ရန်အတွက် လူတိုင်းအကျုံးဝင်သော သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒဆိုင်ရာ အွန်လိုင်းသင်တန်းများကို Myanmar Teacher Platform တွင် အခုပဲ စတက်လိုက်ကြရအောင်။

အထူးကြေညာချက် - သင်တန်းများအားလုံး တက်ရောက်ပြီးသူများကို လက်ဆောင်ဆုကြေးငွေလည်းပေးအပ်သွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို [email protected] သို့ ပေးပို့ပြီး ပါဝင်နိုင်ပါတယ်။

သင်တန်းတက်ရောက်ရန် -

မြန်မာဘာသာ
လူတိုင်းအကျုံးဝင်သော စစ်ဆေးအကဲဖြတ်ခြင်း
https://shorturl.at/TvlCL
လူတိုင်းအကျုံးဝင် သင်နည်းဗေဒ
https://shorturl.at/gJ3oO

အင်္ဂလိပ်ဘာသာ
Inclusive Assessment
https://shorturl.at/JvUsq
Inclusive Pedagogy
https://shorturl.at/tAzpO

Photos from MYEO's post 24/10/2024
Blogs - Myanmar Teacher Platform 24/10/2024

Blogs - Myanmar Teacher Platform ဘလော့ဂ်ပို့စ် ၂၉ - ပညာရေးဆိုတာ လူတိုင်းအားလုံးအတွက် ဖြစ်ပါတယ်။ (လူတိုင်းအကျုံးဝင် ပညာရေး) UNESCO Myanmar 15 minute(s) 22 Oct,2024 26 0 "က......

24/10/2024

အလုပ်အကိုင်ရွေးချယ်မှုလမ်းညွှန် Career Guidance

“အလုပ်အကိုင်ရွေးချယ်မှုလမ်းညွှန် Career Guidance ဆိုသည်မှာ လူတစ်ဦးတစ်ယောက် အား ထိုသူ၏ ဘဝတစ်လျှောက် မည်သည့်အသက်အရွယ် အပိုင်းအခြားတွင်ဖြစ်စေ ပညာရေး၊ သင်တန်းနှင့်၊ အလုပ်အကိုင်များအား စီမံရွေးချယ်ရာ၌ ကူညီပေးရန်ရည်ရွယ်သော ဝန်ဆောင်မှုများနှင့် ဆောင်ရွက်ချက် များကို ရည်ညွှန်းသည်။ “လို့ (OECD, 2004) ကဖွင့်ဆိုထားပါတယ်။

ဒီဖွင့်ဆိုချက်အရ Career guidance လို့ အမည်မှည့်ခေါ်ထားပေမယ့်လည်း အလုပ်အကိုင် ရွေးချယ်မှုတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အလုပ်အကိုင်ရွေးချယ်မှု မတိုင်ခင် ဖြည့်ဆည်းဖို့ လိုအပ်တဲ့ ပညာရေးလမ်းကြောင်း ၊ ကျွမ်းကျင်မှုရှိအောင်တတ်မြောက်ထားရမယ့် သင်တန်းတွေကို လမ်းညွှန်ပြသ ပေးခြင်း၊ ဆွေးနွေးပေးခြင်းများလည်း ပါဝင်ပါတယ်။

Career Guidance ဟာလူတစ်ဦးရဲ့ ဘဝ အချိုးအကွေ့အကူးအပြောင်းတွေကို အဆင်ပြေချောမွေ့အောင် ကူညီပေးဖို့ ရည်ရွယ်ပါတယ်။ အဲဒီ အကူးအပြောင်းတွေကတော့ -

၁) ကျောင်းပညာရေးမှ လုပ်ငန်းခွင်သို့ အကူးအပြောင်း
၂) အလုပ်တစ်ခုမှ အခြားအလုပ်တစ်ခုသို့ အကူးအပြောင်း
၃) အလုပ်ခန့်ထားခံရသူ အဖြစ်မှ ကိုယ်ပိုင်လုပ်ငန်းထူထောင်သူ အဖြစ်သို့ အကူးအပြောင်း
၄) ကိုယ်ပိုင်လုပ်ငန်းထူထောင်သူ အဖြစ်မှ အလုပ်ခန့်ထားခံရသူ အဖြစ်သို့ အကူးအပြောင်း
၅) အလုပ်အကိုင်မရရှိသေးသူ အဖြစ်မှ သင်တန်းကျောင်း (သို့) လုပ်ငန်းခွင်သို့ အကူးအပြောင်း

တို့ဖြစ်ကြပါတယ်။

ဒါဆိုရင် တစ်စုံတစ်ယောက်က အပေါ်မှာဖော်ပြထားတဲ့ အကူးအပြောင်းတစ်ခုခု အတွက် အကူအညီလိုလာပြီ ဆိုပါစို့။ ဘယ်လိုနေရာတွေမှာ ဝန်ဆောင်မှုတွေရရှိနိုင်မလဲ။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ကောလိပ်တွေ နဲ့ သင်တန်းကျောင်းတွေမှာ ပေးပါတယ်။ ဂျာမနီလိုနိုင်ငံမှာတော့ Career Guidance ကို ငယ်စဥ်ကတည်းကနေ ပေးနေပါပြီ။ မူလတန်းအရွယ် ကလေးတွေက အစ သက်မွေးသင်တန်းကျောင်းတွေ ကိုလာရောက်လည်ပတ်ကြရပြီး အလုပ်အကိုင်အမျိုးမျိုးကို မြည်းစမ်းထိတွေ့ခွင့်ရကြပါတယ်။ သူတို့ ဝါသနာပါရာ စိတ်ဝင်စားရာကို ငယ်စဥ်ကတည်းက ရှာဖွေနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးထားတာပါ။ ထိုနည်းတူ သင်တန်းကျောင်းတွေ တက္ကသိုလ်တွေ ရောက်ရင်လည်း စက်ရုံ အလုပ်ရုံ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးကြပါတယ်။ Apprenticeship, Internship စတဲ့ အလုပ်အကိုင် အတွေ့အကြုံလည်းရစေမယ်၊ ကျောင်းတက်ရင်း ဝင်ငွေလည်းရမယ်၊ ကျောင်းပြီးရင်လည်း အလုပ်အကိုင်ရဖို့ သေချာတဲ့ အစီအမံတွေနဲ့ ဆောင်ရွက်ကြပါတယ်။ အဲဒါမှ အဆင်အပြေဘူး ကျောင်းတဝက်တပျက်နဲ့ ထွက်ထားတဲ့သူတွေ အတွက်လည်း Public Employment Services, Job Centers တွေ Youth Center တွေကနေတဆင့် မိမိတက်ချင်တဲ့သင်တန်း နဲ့ ကျောင်းရှာပေးတာ၊ အလုပ်အကိုင်ရှာပေးတာ စတဲ့ ဝန်ဆောင်မှုတွေ ပေးပါသေးတယ်။ နောက်ထပ် Career Guidance ဝန်ဆောင်မှု ပေးလေ့ရှိ တဲ့နေရာကတော့ လုပ်ငန်းခွင်ထဲ မှာပါ။ အချို့သောဝန်ထမ်းတွေက မိမိရဲ့ကုမ္ပဏီ အဖွဲ့အစည်းအတွင်းမှာ ပဲ ဌာနပြောင်းချင်တာ၊ ရာထူးအသစ်တစ်ခုကို ပြောင်းကြတဲ့အခါ Career counsellors တွေကအဲဒီလူတွေရဲ့ အကူးအပြောင်းမှာ ချောမွေ့စေဖို့ အဆင်သင့်ဖြစ်စေဖို့ ကူညီပေးရပါတယ်။ ရာထူးဌာန အသစ်မှာ အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ လိုအပ်တဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ အသိပညာဗဟုသုတတွေ ဖြည့်ဆည်းထားဖို့ လမ်းညွှန်ပြသ ပေးကြပါတယ်။ နောက်ဆုံးနေရာကတော့ Community ဆိုတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာတော့ Community centers တွေမှာပေးကြသလို ဆွေမျိုးသားချင်း အသိမိတ်ဆွေတွေ နဲ့တိုင်ပင်ဆွေးနွေးပြီး အလုပ်ရှာတာကနေ ညွှန်းပေးလို့ အလုပ်အကိုင်ရရှိသွားကြတာတွေ အများကြီးတွေ့ကြုံကြဖူးမှာပါ။ နောက် NGO လိုအဖွဲ့တွေကနေ ရပ်ရွာထဲမှာ သင်တန်းတွေပေး၊ အလုပ်အကိုင်တွေ ချိတ်ဆက်ပေးကြတာ မျိုးလည်းရှိပါတယ်။ သီရိလင်္ကာနိုင်ငံမှာလည်း အလုပ်အကိုင် လမ်းညွှန်ဆွေးနွေးပေးသူတွေက Career Counseling Bus နဲ့ ကျေးရွာတွေအထိသွားပြီး သင်တန်းတွေ အကြောင်း အလုပ်အကိုင်တွေအကြောင်းကို လက်ကမ်းစာစောင်တွေနဲ့ ရှင်းပြရုံသာမက ဗီဒီယိုတွေ၊ မြေဝိုင်းပြဇာတ်လေးတွေနဲ့ပါ အသိပညာ ပေးကြတယ်လို့ သိရပါတယ်။

Career Guidance နဲ့ Career Counseling ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လိုအပ်ချက်အပေါ် အခြေအနေအပေါ် မူတည်ပြီး ပေးကြပါတယ်။ အဲဒီအပြင် လူတွေ့မဟုတ်ပေမယ့် တယ်လီဖုန်း နဲ့ပေးတာတွေ၊ အင်တာနက် စာမျက်နှာ မှ တဆင့် ဝန်ဆောင်မှုတွေလည်း‌ပေးကြပါတယ်။ ဝန်ဆောင်မှုတွေက ဘာတွေလဲ ဆိုရင်တော့ ပုံနှိပ်စာစောင်တွေ ဒါမှမဟုတ် ဖုန်း၊ ကွန်ပျူတာနဲ့ ကြည့်နိုင်တဲ့ အလုပ်အကိုင်သတင်းအချက်အလက်တွေ ပေးမယ်၊ ကျွမ်းကျင်သူက မိမိနဲ့သင့်တော်တဲ့ အလုပ်ကဘာဖြစ်မလဲလို့ စစ်ဆေးပေးမယ်၊ ကိုယ်တိုင်စစ်ဆေး ကြည့်နိုင်တဲ့ အင်တာနက်စာမျက်နှာတွေညွှန်ပေးမယ်၊ ဆွေးနွေးပေးမယ်၊ အလုပ်အကိုင်ဆိုင်ရာ ပညာပေး အစီအစဥ်တွေ၊ မြည်းစမ်းပြီးအလုပ်လုပ်ကြည့်နိုင်တဲ့ အစီအစဥ်တွေ၊ အလုပ်အကိုင်ရှာဖွေရေး အစီအစဥ်တွေ နဲ့ အကူးအပြောင်းဝန်ဆောင်မှုတွေ‌ပေးမယ်၊ စတာတွေပဲဖြစ်ပါတယ်။

ဒီလို ဝန်ဆောင်မှုတွေကို ဒီလိုနေရာ အစုံမှာ ဒီလိုအစီအစဥ်တွေနဲ့ ပေးနိုင်ရင်တော့ လူငယ်လူရွယ်တွေက အစ အသက်အရွယ်အပိုင်းအခြားအစုံ လုပ်ချင်တဲ့အလုပ်ကို လုပ်ချင်တဲ့နေရာမှာ (အလုပ်တွေရှိရင်) လုပ်လို့ရပီပေါ့ဗျာ။

25/02/2022

Microsoft AI သင်တန်းကို TVET ဆရာ ဆရာမ ​တွေအတွက် UNEVOC နဲ့ Microsoft တို့ပူ​ပေါင်းပြီး အခမဲ့ သင်တန်း​ပေးမှာပါ။

📢Calling all vocational educators! Don't miss your chance to get in Microsoft Fundamentals and Security, Compliance & Identity.

Join UNESCO and Microsoft Vocational Training Days starting on Monday!

Find out how you can register:
EN: https://unevoc.unesco.org/i/798
FR: https://unevoc.unesco.org/i/797

04/02/2022

Inviting all vocational educators to get upskilled in Microsoft Fundamentals in AI and Security, Compliance and Identity!

UNESCO and Microsoft are pleased to announce Vocational Training Days on 28 February & 1 March 2022. If you are a vocational educator and part of UNESCO-UNEVOC's online community, you will get free access to Microsoft training modules and certification. Vouchers will also be provided at the time of registering for free access to the FUND exam.

The following courses will be available in English and French:

Microsoft Azure AI Fundamentals (AI-900) – 28 February
Microsoft Security, Compliance and Identity Fundamentals (SC-900) – 1 March

Agendas and registration links here:

English AI: https://bit.ly/3GoXpI0
French AI: https://bit.ly/3szf6jx

English SCI: https://bit.ly/34xXhZs
French SCI: https://bit.ly/3sesHMM

These trainings are being offered within the framework of UNESCO’s Global Skills Academy. Find out more: https://lnkd.in/ei2xEhd





ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

No. 30, Loft Residence, Hussadhisawee 4
Chiang Mai
50200