27/07/2026
ဟိုင်း မတွေ့တာကြာပါပြီ ကလေးတို့ရေ
တီချယ့်ရဲ့ Social Studies Ready Test ကို ပြန်ရှင်းပြထားတဲ့ recording video တွေပျက်သွားလို့ အသစ်ပြန်သွင်းမလို့ပါ။ အဲ့တော့ တယောက်တည်းစကားပြော အကျင့်မရှိတော့ လုပ်မယ့်တူတူ ကျောင်းသားတွေနဲ့ တူတူရှင်းလို့ရအောင် Free Class လေးလုပ်လိုက်ပါတယ်ရှင်။
တက်မယ့်ကလေးတွေအနေနဲ့ကတော့ Social Studies ကို Ready Test ဖြေပြီးသားဖြစ်ရပါမယ်။ အောင်ထားရင်ပိုကောင်းပါတယ်။ တကယ်တော့ GED Ready ကို ပြန်ရှင်းပြတာက GED ဖက်က official statement အရဆို တရားမဝင်ဘူးပေါ့နော် သူက Non Disclosure Agreement တောင်းထားပါတယ်။ ဒါပေမယ့် ကျောင်းသားတွေအတွက်က မေးခွန်းကိုသိမ်းထားပြီး ပြန်မှမရှင်းရင် ဘာမှားလို့မှားမှန်းမသိ အမှန်ကဘာမှန်းမသိဖြစ်တဲ့အပြင် ခဏခဏလည်းဝယ်ဖြေဖို့ကအဆင်မပြေဘူးလေနော်။ အဲ့ဒါကြောင့် တီချယ်တို့ အတန်းထဲမှာပြန်ရှင်းပြဖြစ်ပါတယ်။ ဒါပေမယ့် Public မှာတင်တာ ရောင်းတာတော့မလုပ်ဘူးပေါ့နော်။ တက်ဖြစ်တဲ့ကလေးတွေကိုလည်း public မှာပြန်မတင်ဖို့ ကြိုပြီးတောင်းဆိုပါတယ်။
ဖြေပြီးသားကလေးကိုပဲပေးတက်ရတဲ့အကြောင်းအရင်းကတော့ ready test က အရည်အချင်းစစ်ကြည့်တာဖြစ်တာမလို့ ကြိုသိထားပြီးမှဖြေရင် ကိုယ့်အခြေအနေအစစ်ကိုမသိနိုင်တာမလို့ပါ။ ဖြေပြီးတဲ့အချိန်မှ အချိန်မရွေး score လာပြပြီး recording တောင်းလို့ရပါတယ်။
အခုလည်း တက်မယ်ဆိုရင် Chat Box မှာ score screenshot လေးပြီး လာ join ပါနော်။ telegram group ထဲထည့်ပေးပါမယ်။
See you all!