26/03/2026
🚨 Is the New TOEFL-ibt easier or harder? 🚨
👉ဒါကတော့ ရှေ့ရက်ကရေးဖြစ်တဲ့ 2026 မှာပြောင်းလဲလိုက်တဲ့ TOEFL iBT Test အသစ်ကလွယ်လား ပိုခက်သွားလားဆိုတာရဲ့ အဆက်ပါ Part 1 မှာကတော့ပိုလွယ်သွားတဲ့ အချက်လေးတွေပြောခဲ့ပြီးပြီးဆိုတော့ ဒီနေ့တော့ ဘာလေးတွေကပိုခက်သွားလဲဆိုတာ ကြည့်ကြရအောင်ပါ
👉Part 1 ကိုတော့ဒီမှာဖတ်နိုင်ပါတယ်
https://www.facebook.com/share/p/1N2DB33H39/?mibextid=wwXIfr
🍀ခက်တယ်ဆိုတဲ့အရာတွေပြောမှာဖြစ်လို့ အဲဒီ့ခက်တာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာလေးတွေပါထည့်ပေးထားပါတယ် ပုံလေးတွေမှာဖတ်ပေးကြပါနော်
🌟TOEFL နဲ့ပတ်သတ်တဲ့ Updates တွေ Tips တွေအတွက် My TOEFL Journey Page လေးကို Like & Follow လုပ်ထားနိုင်ပါတယ်နော် 🫶🏻
🌟Free TOEFL-iBT steategies and resources တွေအတွက်လဲ Telegram group ကို join ထားနိုင်ပါတယ်🫶🏻
Telegram Link: https://t.me/
24/03/2026
🚨Reading ဖတ်တဲ့အခါမှာ focus ကောင်းကောင်းမလုပ်နိုင်ဘူးလာ:??
👉ဒါကတော့ exam wise approach အစစ်လို့မဆိုနိုင်ပေမယ့် English လိုရေးထားတဲ့ Passage အရှည်ကြီးတွေဖတ်ရတဲ့အချိန်မှာ အီလာပြီး အာရုံရဖို့ကြိုးစားရတာ ဖတ်နေရင်ဘာမှန်းမသိတော့တာ ဒါမျိုး အခက်အခဲလေးတွေကို အဆင်ပြေစေအောင်ရည်ရွယ်ပါတယ် TOEFL specific approach မဟုတ်တဲ့ အတွက် English စာလေ့လာနေတဲ့သူတိုင်း ဒီ နည်းလမ်းလေးကို အသုံးပြုလို့ရမှာပါ
👉“KWL” method ဆိုတာကတော့ စကားလုံးအတိုကောက်လေးတွေပေါင်းရေးထားတာပါပဲ ရှင်းပြရရင်တော့:
K= What you already Know (သိပြီးသား)
W=What you Want to know (သိချင်တာ)
L= What you have Learned (ဘာသိသွားလဲ)
အဲဒီ့ ၃ ပိုင်းကိုပေါင်းထားတာပါပဲ ကဲ တစ်ပိုင်းစီကြည့်ကြည့်လိုက်ကြရအောင်
👉K= စာတစ်ပုဒ်ကို မဖတ်ခင်မှာ ဒါနဲ့ပတ်သတ်ပြီး ကိုယ်ဘာကိုသိပြီးသားလဲဆိုတာကို Recall လေးအရင်လုပ်တယ်ပေါ့
👉W = ဒါကတော့ ကိုယ်ဖတ်မယ့်စာမှာကိုယ်ဘာကိုသိချင်တာလဲပေါ့ အဲဒါလေးတွေကိုချရေးမယ်ဒါလဲ စာမဖတ်ခင်မှာလုပ်တဲ့အဆင့်ပေါ့
👉L = သူကတော့ ကိုယ်အဲဒီ့စာကိုဖတ်ပြီး ဘာသိသွားလဲပေါ့နော် ကိုယ်သိချင်တဲ့ အချက်တွေလဲပါမယ် မသိသေးတဲ့ အချက် အသစ်တွေလဲပါမယ်ပေါ့ ဒါတွေကိုချရေးမယ် ဒီသဘောပါ
👉ရှူပ်သွားမှာစိုးလို့ ကိုယ်တွေမသိလိုက်ဘဲ အမြဲလုပ်ဖြစ်နေတဲ့ ဥပမာလေးနဲ့ရှင်းပြပါမယ် ကိုယ်က ရုပ်ရှင်ကြည့်နေတုန်း မင်းသားတစ်ယောက်အကြောင်းသိချင်တယ်ပေါ့ ဒါဆို Kမှာ ကိုယ်သိပြီးသားဟာဆို ကိုယ်အခုကြည့်နေတဲ့ ဇာတ်ကားပေါ့ ကဲ အဲဒါနဲ့ W မှာဆိုရင် သူ့အသက်ကဘယ်လောက်လဲ ဘယ်ကားတွေမှာပါသေးလဲ သူ့မှာရည်းစားရှိလား ဘာညာပေ့ါ ခေါင်းထဲမှာသိချင်တာတွေပေါ်လာရော ဒါကို သူ့အကြောင်း internet မှာရှာဖတ်မယ်ဆို သိပြီးသားတွေရော မသိသေးတဲ့ သူ့အကြောင်းအသစ်တွေရော နောက်နှစ်ထွက်မယ့်သူ့ဇာတ်ကားတွေ အကြောင်းပေါ့ သိမယ် Basically ဒါ KWL ပါပဲ
👉ကဲ Academic ဆန်ဆန်လေးပြောကြည့်ကြရအောင်
K: ကိုယ်ဖတ်မယ့်အကြောင်းအရာက American History: Colossal Statues တွေ အကြောင်းဆို ခေါင်းစဉ်ကိုဖတ်လိုက်ပြီး ကိုယ်ဘာသိလဲပေါ့ America ကရုပ်တုကြီးတွေဆို Statue of Liberty ကြီးသိတယ် အစသဖြင့်ပေါ့လေ
W: ကိုယ်သိတာ Statue of Liberty ပေါ့ သူ့ history ကိုသိချင်တယ် ဘယ်ကနေဘယ်လိုရောက်လာတာလဲ? ဒါကြီးရှိနေတာဘာ အတွက်လဲ စသဖြင့်ပေါ့လေ ဒါတွေကို List လုပ်မယ် ခေါင်းစဉ်ကိုက History အကြောင်းပြောမှာကိုး
L : ဖတ်ပြီးတဲ့အချိန်ကိုယ်ဘာတွေသိသွားလဲ ဘာအသစ်တွေသိလိုက်ရလဲ ဥပမာ Passage ထဲမှာ Mount Rushmore အကြောင်းပြောတာတွေလဲပါမယ် ကိုယ်မသိသေးတာတွေပေါ့ ဒါလေးတွေချရေးမယ်
👉အဓိကကတော့ KWL method က ကိုယ့်ရဲ့ curiosity ကို stimulate လုပ်လိုက်တဲ့သဘောပါပဲ ကိုယ်သိချင်တဲ့အကြောင်းပါတဲ့စာကိုဖတ်ရတာနဲ့ ကိုယ်သိချင်တာမပါ ဖတ်ခိုင်းလို့သာဖတ်ရတာဆိုတာနဲ့ ကွာတယ်မလား ဒီသဘောကိုအခြေခံပြီးတော့ ကိုယ်ဖတ်ရမယ်စာကို သိချင်စိတ်လေးဖြစ်လာအောင် လုပ်လိုက်တဲ့သဘောမျိုးပါပဲ
👉 ဒီ method လေးဟာ စစချင်းမှာတော့ စာတစ်တန်ပေတစ်တန် list တွေလုပ် ချရေးဒါတွေလုပ်ရပေမယ့် ဖတ်ပါများလာတဲ့အခါ အကျင့်ရပြီး ချရေးစရာမလိုပဲ ခေါင်းထဲမှာ auto list လုပ်ပြီးသားဖြစ်လာရင်လွယ်ကူလာပါလိမ့်မယ် လေ့ကျင့်ရလံယ်အောင် အောက်မှာ chart လေးလဲရယ် လေ့ကျင့်စရာ Passage ရယ်ပေးထားပါတယ်
👉 အခု KWL Methodလေး ကို သိရှိပြီး အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ် TOEFL နဲ့ပတ်သတ်တဲ့ Updates တွေ Tips တွေအတွက် My TOEFL Journey Page လေးကို Like & Follow လုပ်ထားနိုင်ပါတယ်နော် 🫶🏻
🌟Free TOEFL-iBT steategies and resources တွေအတွက်လဲ Telegram group ကို join ထားနိုင်ပါတယ်🫶🏻
Telegram Link: https://t.me/+S7bMRYnMmfFmNjA1👉👉
22/03/2026
👉 TOEFL-iBT updated Test ရဲ့ Reading နဲ့ Listening Section မှာ multistage adaptive system ဆိုတဲ့ အမှတ်ပေးစနစ်ပါလာတယ်ပေါ့နော် ဒါက တချို့ english proficiency test တွေမှာလဲသုံးကြပေမယ့် Toefl ကတော့ အခုနှစ်မှာမှ အသစ်ထည့်ထားတာကိုတွေ့ရပါတယ် TOEFL ဖြေဖို့ စဉ်းစားနေသူတွေအတွက်လည်း သိထားသင့်တဲ့ အချက်လို့ပြောရမှာပါပဲ အပြင်အတန်းတွေတက်တဲ့သူတွေအနေနဲ့ ဒါဟာ သိပြီးသားအချက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တချို့ self-study သမားတွေ သထိထားမိအောင် ဒီအချက်လေးလေ့လာကြည့်ကြရအောင်ပါ
👉 ဒီ system အကြောင်းရှင်းမပြခင်မှာ Reading နဲ့ Listening Section သွားတဲ့ rotation လေးအကြောင်းအရင်ပြောပြပါမယ် Reading ရော Listening ရောမှာ Module 1 Module 2 ဆိုပြီး ၂ ပိုင်းစီပါပါတယ် Module တစ်ပိုင်းစီမှာ Reading ဆိုရင် Task 3 ခုစီ Listening ဆို Task 4 ခုစီ ဖြေရပါတယ်
အဲ ခုနကပြောတဲ့ multistage adaptive system ဆိုတာကတော့ Module 1 မှာကိုယ်ဖြေခဲ့တဲ့ performance အပေါ်မူတည်ပြီး Module 2 ရဲ့ difficulty ကပြောင်းသွားမှာပါ ဥပမာ ကိုယ်က Module 1 မှာ Advanced/ Proficient အမှတ်ပြည့်နီးပါးရတယ်ပဲဆိုပါစို့ ဒါဆို Module 2 မှာ ကိုယ်နဲ့ကိုက်ညီတဲ့ မေးခွန်း difficulty (ခက်တယ်ပဲဆိုကြပါစို့) မျိုးမေးမှာဖြစ်ပါတယ် အဲလိုပဲ ကိုယ့်အမှတ်က Module 1 မှာမကောင်းခဲဲ့ဘူးဆို Module 2 မှာ 1 ထက် နည်းနည်းပိုလွယ်တဲ့ မေးခွန်းတွေလာမှာပါ အဲဒီတော့ ကိုယ်ဖြေတဲ့အခါမှာ Module 2 ကရှေ့ကထက်ပိုလွယ်နေတယ်ခံစားရတယ်ဆို Module 1 မှာ အမှားများခဲ့တယ်လိုသတ်မှတ်လို့ရပြီး Module 2 ကပိုခက်သွားတယ်ဆိုရင်တော့ Module 1 မှာ အမှတ်ကောင်းခဲ့တယ်လို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်
👉ဒီဟာအရဆိုရင်တော့ ကိုယ်နဲ့ တစ်ခန်းတည်း တစ်ချိန်တည်းဖြေတဲ့ task takers တွေနဲ့တောင် ကိုယ်နဲ့မေးခွန်းခြင်း တူချင်မှတူပါလိမ့်မယ် Multistage Adaptive System ရဲ့ကောင်းတဲ့ တစ်ချက်ကတော့ကိုယ့်ရဲ့ တကယ့် reading/listening skill တွေကို ကောင်းကောင်း reflect လုပ်နိုင်တယ် Personalized ပိိုဖြစ်သွားတယ် အရည်အချင်း အစစ်အမှန်မြင်ရတယ်ပေါ့လေ
👉ပြောစရာရှိတာက ဒါဆိုရင် Module 1 ကို တမင်အမှားတွေဖြေ ဒါဆို Module 2 မှာလွယ်သွားပြီ ပြီးရင် Module 1 ကအမှားဖြေထားတာတွေကိုပြန်ပြင်ဆိုပြီး တွက်ရေးစက်သူဌေးတွေးကောင်းတွေးနေကြပါလိမ့်မယ် အဲလိုအကွက်တွေမြင်တဲ့အတွက်လဲ Module 1 ဖြေပြီး Module 2 ကိုရောက်ပြီဆို Module 1 ကိုပြန်သွားဖြေလို့မရအောင်လုပ်ထားပါတယ်နော်
👉 အခု Multistage Adaptive System ကို သိရှိပြီး အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ် TOEFL နဲ့ပတ်သတ်တဲ့ Updates တွေ Tips တွေအတွက် My TOEFL Journey Page လေးကို Like & Follow လုပ်ထားနိုင်ပါတယ်နော် 🫶🏻
🌟Free TOEFL-iBT steategies and resources တွေအတွက်လဲ Telegram group ကို join ထားနိုင်ပါတယ်🫶🏻
Telegram Link: https://t.me/+S7bMRYnMmfFmNjA1
Ref:https://www.ets.org/pdfs/toefl/toefl-ibt-test-overview.pdf
21/03/2026
🚨 Is the New TOEFL-ibt easier or harder? 🚨
👉Jan 21st 2026 ကနေစပြီးတော့ TOEFL-iBT Exam ဟာ Format တစ်ခုလုံးပြောင်းချလိုက်တာဖြစ်တဲ့အတွက် ကျောင်းသားအများစုက ပိုခက်သွားလားဆိုပြီးစိုးရိမ်ပြီးမေးကြတာတွေ ဖြေဖို့စဉ်းစားရကြပ်နေတာတွေရှိကြပါလိမ့်မယ်။
👉အဲဒီတော့ ပိုလွယ်မလား ပိုခက်သွားလား ဘာတွေပြောင်းလဲသွားလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်ပါ
ပုံလေးတွေမှာကြည့်ပေးပါနော် 🍀
🌟TOEFL နဲ့ပတ်သတ်တဲ့ Updates တွေ Tips တွေအတွက် My TOEFL Journey Page လေးကို Like & Follow လုပ်ထားနိုင်ပါတယ်နော် 🫶🏻
🌟Free TOEFL-iBT steategies and resources တွေအတွက်လဲ My TOEFL Journey ရဲ့Telegram group ကို join ထားနိုင်ပါတယ်🫶🏻
Telegram Link: https://t.me/+S7bMRYnMmfFmNjA1
Ref:
1. https://www.ets.org/toefl/test-takers/ibt/scores/
understand-scores.html
2.https://www.ets.org/pdfs/toefl/toefl-ibt-test-overview.pdf
2.
20/03/2026
Hello all! Welcome to My TOEFL Journey! 🎓 I am so excited to launch this page! 🤩
👉Having navigated the demands of English proficiency tests, I know how challenging mastering academic English can be—even for top students and professionals.
👉That’s exactly why I created this space. Here, we will break down the TOEFL iBT step-by-step, focusing mainly on practical, bite-sized daily habits and study strategies that lead to score improvements. You don't need to study 10 hours a day; you just need to study smart.😉
👉Please Like and Share this page to keep updated! 🍀Thank you for your support