Steganography ကို ဖော်ထုတ်ရာမှာ အရေးပါတဲ့ Metadata 🕵️♂️
Metadata ဆိုတာ Data အကြောင်း ပြောပြပေးတဲ့ Data ဖြစ်ပါတယ်။ ဥပမာ - ဓာတ်ပုံတစ်ပုံရဲ့ Metadata မှာ ဓာတ်ပုံရိုက်ခဲ့တဲ့ နေ့ရက်၊ အချိန်၊ ကင်မရာ အမျိုးအစား၊ GPS တည်နေရာ စတာတွေ ပါဝင်ပါတယ်။ Steganography မှာ ဒီ Metadata တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
Steganalysis နဲ့ Metadata:
File Size Comparison: Steganography ကို အသုံးပြုပြီး ဒေတာထည့်သွင်းထားတဲ့ ဖိုင်တွေဟာ မူရင်းဖိုင်နဲ့ File Size ကွာခြားသွားတတ်ပါတယ်။ ဒီကွာခြားမှုကို ဖော်ထုတ်နိုင်ရင် Steganography ကို သံသယဝင်လာနိုင်ပါတယ်။
EXIF Metadata Analysis: ဓာတ်ပုံဖိုင်တွေမှာ EXIF လို့ခေါ်တဲ့ Metadata အမျိုးအစား ရှိပါတယ်။ Steganography tool အချို့ဟာ ဖွက်ထားတဲ့ ဒေတာကြောင့် EXIF ထဲက အချက်အလက်တွေကို ပျက်စီးစေတာမျိုး၊ ဒါမှမဟုတ် အချက်အလက်အသစ်တွေ ထည့်ပေးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်နေတာကို စစ်ဆေးပြီး Steganography ကို ရှာဖွေနိုင်ပါတယ်။
Timestamp Analysis: ဖိုင်တစ်ခုကို ပြောင်းလဲလိုက်တဲ့အခါ သူ့ရဲ့ timestamp (ဖန်တီးချိန်၊ ပြောင်းလဲချိန်) ကလည်း ပြောင်းသွားပါတယ်။ ဒီအချက်ကို အသုံးပြုပြီး ဖိုင်ထဲမှာ Steganography ပြုလုပ်ထားလားဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
Steganography ကို ကျွမ်းကျင်စွာ အသုံးပြုချင်တယ်ဆိုရင် Metadata ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ Steganalysis ကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
Stgeganography: The Art of Data Hiding
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Stgeganography: The Art of Data Hiding, เว็บไซต์เพื่อการศึกษา, Bangkok.
ဒီနေ့လိုခေတ်ကြီးမှာ ကျွန်တော်တို့ရဲ့ ဒေတာတွေကို ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးရှိနေတာ အဆန်းတော့ မဟုတ်ပါဘူး၊ အဲဒါတွေအထဲကမှ ဘယ် technology security ပညာရှင်ကိုမှ ငှားစရာမလိုဘဲ ကိုယ်တိုင်လေ့လာလုပ်ဆောင်ပြီး မိမိ ကိုယ်ရေးကိုယ်တာ အချက်အလက် တွေကို ပေးပို့ဆက်သွယ်ရာမှာ လုံခြုံစိတ်ချကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကို ပြောပါဆိုရင် ကျွန်တော်ကတော့ “Steganography” ကိုပဲ ညွှန်းမိမှာပါ။ နည်းပညာကိုလေ့လာတဲ့သူတွေမှ မဟုတ်ပါဘူး၊ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အရေးကြီး အချက်အလက်တွေ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်ဖို့ အထောက်အကူပြု နည်းပညာတွေကို ထည့်သွင်းရေးသားထားတာ ဖြစ်လို့ ကွန်ပျူတာနဲ့ အင်တာနက်ကို သုံးတဲ့သူတိုင်း လေ့လာသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ တစ်ကယ်လို့ သင်က နည်းပညာမှာ တစ်ကယ် ထိုးထွင်းသိမြင်အောင်တော်တဲ့ ဟက်ကာလိုပုဂ္ဂိုလ်မျိုး ဖြစ်ချင်ရင်လည်း ဟောဒီပညာက လေ့လာရမှာ မလွဲပြန်ပါဘူး။ ယခု မိတ်ဆွေအနေနဲ့ ကျွန်တော်နဲ့အတူ အိမ်မက်ထဲမှာတောင် မိတ်ဆွေ ထည့်မမက်ဖူးသေးတဲ့ လောကတစ်ခု အကြောင်းနှင့် နိင်ငံတော်အဆင့် အစိုးရပိုင်းဆိုင်ရာ လျှို့ဝှက်နည်းပညာ တွေလည်း လေ့လာ သိရှိခွင့်ရမှာ ဖြစ်ပါတယ်။
Steganography နဲ့ File Compression တို့ရဲ့ ဆက်နွယ်မှု 🗜️
ဒီပိုစ့်ကတော့ File Compression ဟာ Steganography ကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ရှင်းပြပေးပါမယ်။
Steganography နဲ့ ဒေတာတွေ ဖွက်ထားတဲ့အခါမှာ File Compression (ဖိုင်ချုံ့ခြင်း) ကို သတိထားဖို့ လိုအပ်ပါတယ်။ File Compression ဟာ ဖိုင်ရဲ့ အရွယ်အစားကို လျှော့ချပေမယ့်၊ ဖွက်ထားတဲ့ လျှို့ဝှက်ဒေတာတွေကို ပျက်စီးစေနိုင်ပါတယ်။
Compression အမျိုးအစား နှစ်မျိုး:
Lossless Compression (ဆုံးရှုံးမှုမရှိသော ချုံ့ခြင်း):
ZIP၊ RAR လို ဖိုင်ချုံ့နည်းတွေဟာ Lossless Compression အမျိုးအစားဖြစ်ပါတယ်။ ဒီနည်းလမ်းက ဒေတာတွေ မပျက်စီးအောင် ချုံ့ပေးတာကြောင့် Steganography နဲ့ ဒေတာဖွက်ထားရင်တောင် အန္တရာယ်မရှိပါဘူး။
Lossy Compression (ဆုံးရှုံးမှုရှိသော ချုံ့ခြင်း):
JPEG ပုံတွေနဲ့ MP3 အသံဖိုင်တွေဟာ Lossy Compression ကို အသုံးပြုပါတယ်။ ဒီနည်းလမ်းက ဖိုင်အရွယ်အစားကို အကြီးအကျယ် လျှော့ချဖို့အတွက် အရေးမပါတဲ့ ဒေတာတွေကို ဖျက်ပစ်ပါတယ်။ ဒီလို ဖျက်ပစ်တဲ့အခါမှာ Steganography နဲ့ ဖွက်ထားတဲ့ လျှို့ဝှက်ဒေတာတွေလည်း ပါသွားနိုင်ပါတယ်။
ဘာကြောင့် သတိထားရမှာလဲ?
LSB (Least Significant Bit) နည်းပညာကို အသုံးပြုပြီး JPEG ပုံတစ်ပုံထဲမှာ ဒေတာဖွက်ထားမယ်ဆိုရင်၊ အဲ့ဒီ JPEG ပုံကို Resize လုပ်လိုက်တာ၊ ဒါမှမဟုတ် Compression ထပ်လုပ်လိုက်တာမျိုးတွေ လုပ်လိုက်ရင် ဖွက်ထားတဲ့ ဒေတာတွေ ပျက်စီးပြီး ပြန်ဖော်ထုတ်လို့ မရတော့တာမျိုး ဖြစ်နိုင်ပါတယ်။
ဒါကြောင့် Steganography နည်းပညာကို အသုံးပြုပြီး လျှို့ဝှက်ဆက်သွယ်တဲ့အခါမှာ Lossy Compression ဖြစ်တဲ့ ဖိုင်တွေကို အသုံးပြုမယ်ဆိုရင် လုံခြုံမှုမရှိနိုင်ပါဘူး။ 👇
Steganography ရဲ့ အားနည်းချက်တစ်ခု - File Size အပြောင်းအလဲ
ဒီပိုစ့်ကတော့ Steganography ရဲ့ အားနည်းချက်တစ်ခုဖြစ်တဲ့ File Size အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဗဟုသုတပေးပါမယ်။
Steganography နဲ့ ဒေတာတွေကို ဖိုင်တစ်ခုထဲမှာ ထည့်သွင်းလိုက်တဲ့အခါမှာ မူရင်းဖိုင်ရဲ့ အရွယ်အစား (File Size) နဲ့ ဖွက်ထားတဲ့ ဖိုင်ရဲ့ အရွယ်အစား က အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒီအပြောင်းအလဲဟာ Steganalysis မှာ ဖော်ထုတ်နိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။
ဘယ်လိုဖြစ်တာလဲ?
Compression မလုပ်တဲ့ ဖိုင်များ (Uncompressed Files):
BMP ပုံတွေ ဒါမှမဟုတ် WAV အသံဖိုင်တွေလို uncompressed ဖိုင်တွေထဲမှာ ဒေတာတွေ ထည့်လိုက်တဲ့အခါ ဖိုင်ရဲ့ အရွယ်အစားက သိသိသာသာ တိုးလာလေ့ရှိပါတယ်။ ဒီလို တိုးလာတဲ့ အရွယ်အစားဟာ မူရင်းဖိုင်နဲ့ ကွာခြားတာကြောင့် သံသယဖြစ်ဖွယ် အချက်တစ်ခု ဖြစ်လာပါတယ်။
Compression လုပ်တဲ့ ဖိုင်များ (Compressed Files):
JPEG ပုံတွေ ဒါမှမဟုတ် MP3 အသံဖိုင်တွေလို compressed ဖိုင်တွေထဲမှာ ဒေတာထည့်လိုက်တဲ့အခါ ဖိုင်ရဲ့ အရွယ်အစားဟာ မူရင်းထက် ပိုကြီးလာတာမျိုး ရှိနိုင်ပါတယ်။ compression algorithm တွေကြောင့် ဖွက်ထားတဲ့ ဒေတာတွေ ပျက်စီးသွားနိုင်သလို၊ Steganalysis ကိုလည်း ပိုမိုရှုပ်ထွေးစေပါတယ်။
ဒါကြောင့် Steganography နည်းပညာကို အသုံးပြုတဲ့အခါမှာ ဖွက်ထားတဲ့ ဖိုင်ရဲ့ အရွယ်အစားကို မူရင်းဖိုင်နဲ့ နီးစပ်အောင် ထိန်းသိမ်းဖို့၊ ဒါမှမဟုတ် uncompressed ဖိုင်တွေနဲ့ လုပ်ဆောင်ဖို့ က အရေးကြီးပါတယ်။
Steganography: Cybersecurity နဲ့ Digital Forensics ရဲ့ လျှို့ဝှက်လက်နက် 🛡️🔍
Steganography နည်းပညာဟာ သတင်းအချက်အလက် လုံခြုံရေး (Information Security) နဲ့ ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေး (Digital Forensics) နယ်ပယ်တွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
🔐 Cybersecurity (ဆိုက်ဘာလုံခြုံရေး) မှာ:
Malware/C2 Channel: တရားမဝင် Hacker တွေနဲ့ Cybercrime အဖွဲ့အစည်းတွေဟာ Malware တွေ၊ Command and Control (C2) ဆက်သွယ်မှုတွေကို ပုံမှန်လိုလိုရှိနေတဲ့ Image/Audio/Video ဖိုင်တွေထဲမှာ ဖွက်ပြီး Firewall နဲ့ Intrusion Detection System တွေကို ရှောင်ရှားဖို့ ကြိုးစားကြပါတယ်။ ဒါကို သတိထားကာကွယ်ဖို့ လိုအပ်ပါတယ်။
Exfiltration of Sensitive Data: ကော်ပိုရေးရှင်းတွေကနေ အရေးကြီးတဲ့ ဒေတာတွေကို ခိုးယူတဲ့အခါမှာလည်း Steganography ကို အသုံးပြုပြီး Network Traffic တွေထဲမှာ ဝှက်ပြီး ခိုးထုတ်တတ်ပါတယ်။
Digital Watermarking: မူပိုင်ခွင့် ကာကွယ်ခြင်း၊ Content Integrity ကို ထိန်းသိမ်းခြင်းအတွက် အသုံးပြုပါတယ်။
🔎 Digital Forensics (ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေး) မှာ:
Hidden Evidence Discovery: ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးမှာ Digital Evidence တွေကို ရှာဖွေတဲ့အခါ Steganography နဲ့ ဝှက်ထားတဲ့ အချက်အလက်တွေကို Steganalysis Tool တွေနဲ့ ဖော်ထုတ်ဖို့ ကြိုးစားရပါတယ်။
Counter-Steganalysis: မှုခင်းကျူးလွန်သူတွေ အသုံးပြုခဲ့တဲ့ Steganography နည်းလမ်းတွေကို လေ့လာပြီး ဘယ်လို ဖော်ထုတ်မလဲဆိုတဲ့ နည်းလမ်းတွေ ထပ်မံတီထွင်ဖို့ ကြိုးစားရပါတယ်။
Steganography ကို နားလည်ထားခြင်းဟာ ဒီနယ်ပယ်နှစ်ခုစလုံးမှာ ကာကွယ်ခြင်း (Defense) နဲ့ ရှာဖွေဖော်ထုတ်ခြင်း (Offense/Detection) နှစ်ခုစလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာတစ်ခု ဖြစ်ပါတယ်။
Steganography ရဲ့ ကန့်သတ်ချက်များနဲ့ သိထားသင့်တဲ့ အန္တရာယ်များ ⚠️
Steganography ဟာ စိတ်ဝင်စားစရာကောင်းပြီး အစွမ်းထက်တဲ့ နည်းပညာတစ်ခုဖြစ်ပေမယ့် သူ့မှာ ကန့်သတ်ချက်တွေနဲ့ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါတွေကို သိထားဖို့က အရေးကြီးပါတယ်။
🚫 အဓိက ကန့်သတ်ချက်များ:
ဖွက်နိုင်တဲ့ ဒေတာ ပမာဏ ကန့်သတ်ချက်:
ဖိုင်ထဲမှာ ဖွက်နိုင်တဲ့ ဒေတာပမာဏက Cover File (ဖုံးအုပ်ထားတဲ့ ဖိုင်) ရဲ့ အရွယ်အစားနဲ့ အမျိုးအစားပေါ် မူတည်ပါတယ်။ ပုံဖိုင်သေးသေးလေးထဲမှာ ကြီးမားတဲ့ ဗီဒီယိုဖိုင်ကြီးကို ဖွက်လို့မရပါဘူး။
ဖော်ထုတ်ခံရနိုင်ခြေ (Detectability):
ဘယ်လောက်ပဲ ကောင်းအောင် ဖွက်ထားတယ်ဆိုဦးတော့ Steganalysis နည်းပညာတွေနဲ့ ဖော်ထုတ်ခံရနိုင်ခြေ အမြဲရှိပါတယ်။ အထူးသဖြင့် ကျွမ်းကျင်တဲ့သူတွေက စနစ်တကျ ရှာဖွေရင် တွေ့နိုင်ပါတယ်။
ဖိုင်ပျက်စီးနိုင်ခြေ (Data Loss):
ဖွက်ထားတဲ့ ဖိုင်ကို Compression လုပ်တာ၊ Resize လုပ်တာ၊ File Format ပြောင်းတာ စတဲ့ လုပ်ဆောင်မှုတွေ လုပ်လိုက်ရင် ဖွက်ထားတဲ့ ဒေတာတွေ ပျက်စီးသွားနိုင်ပါတယ်။
🚨 ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်များ:
ရာဇဝတ်မှုများအတွက် အသုံးပြုခြင်း:
တရားမဝင် လှုပ်ရှားမှုတွေ (ဥပမာ - မူးယစ်ဆေးဝါး ကုန်ကူးမှု၊ ငွေကြေးခဝါချမှု) မှာ လျှို့ဝှက်ဆက်သွယ်ရေးအတွက် အသုံးပြုခြင်း။
Malware ပြန့်ပွားခြင်း:
Malware တွေကို ပုံမှန်ဖိုင်တွေထဲမှာ ဖွက်ပြီး Antivirus စနစ်တွေကို ရှောင်ရှားကာ ပြန့်ပွားအောင် လုပ်ဆောင်ခြင်း။
Intellectual Property ခိုးယူခြင်း:
ကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်တွေကို ပုံမှန်ဖိုင်တွေထဲမှာ ဝှက်ပြီး အပြင်ကို ခိုးထုတ်ခြင်း။
Steganography ဟာ အသုံးဝင်သလို၊ မှန်ကန်စွာ အသုံးပြုဖို့နဲ့ သူ့ရဲ့ ကန့်သတ်ချက်တွေ၊ အန္တရာယ်တွေကို သတိထားဖို့လည်း လိုအပ်ပါတယ်။ နည်းပညာရဲ့ နှစ်ဖက်အမြင်ကို သိထားတာက ပိုပြီး လုံခြုံတဲ့ Digital World ကို ဖန်တီးရာမှာ အထောက်အကူပြုပါတယ်။
06/12/2025
LSB (Least Significant Bit) Steganography ဆိုတာဘာလဲ?
ဒီပိုစ့်ကတော့ နည်းပညာပိုင်းကို စတင်မိတ်ဆက်ပြီး Applied Technology (အသုံးချနည်းပညာ) ဘက်ကို ဦးတည်သွားဖို့အတွက် အခြေခံအကျဆုံးနဲ့ အသုံးအများဆုံး နည်းပညာတစ်ခုဖြစ်တဲ့ LSB (Least Significant Bit) Steganography ကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။
🎨 ဘယ်လိုအလုပ်လုပ်လဲ?
Digital image တွေဆိုတာ pixels လို့ခေါ်တဲ့ အစက်လေးတွေ အများကြီးနဲ့ ဖွဲ့စည်းထားတာပါ။ pixel တစ်ခုစီမှာ Red (R), Green (G), Blue (B) ဆိုတဲ့ အရောင်တန်ဖိုးတွေ (Bit တွေ) ပါဝင်ပါတယ်။
LSB Steganography မှာတော့ ကျွန်တော်တို့ ဝှက်ချင်တဲ့ ဒေတာကို pixel တစ်ခုချင်းစီရဲ့ အရောင်တန်ဖိုးတွေရဲ့ နောက်ဆုံး bit (Least Significant Bit) တွေမှာ အစားထိုး ထည့်သွင်းလိုက်တာပါပဲ။
👁️ ဘာလို့ LSB မှာ ထည့်တာလဲ?
ဒါကို ဖြေရရင်တော့
Least Significant Bit တွေက pixel ရဲ့ အရောင်တန်ဖိုးကို အနည်းဆုံးသာ ပြောင်းလဲတာကြောင့် လူ့မျက်စိနဲ့ ဘယ်လိုမှ ခွဲခြားမရနိုင်ပါဘူး။ ပုံက မူရင်းပုံအတိုင်းပဲ မြင်နေရမှာပါ။
ဥပမာ - 01010101 ဆိုတဲ့ Bit တန်ဖိုးကို 01010100 လို့ပြောင်းလဲလိုက်ရင် အရောင်ပြောင်းလဲမှုက လုံးဝသိသာမှာ မဟုတ်ပါဘူး။
ဒါဟာ ပုံထဲမှာ ဒေတာတွေကို မမြင်သာအောင် ဖွက်ထားတဲ့ အခြေခံအကျဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီ LSB နည်းလမ်းကို အသုံးပြုပြီး လက်တွေ့ ဘယ်လိုဖွက်မလဲဆိုတာ Tutorial တွေနဲ့ ပြသပေးသွားပါမယ်။
ဒါလေးကိုလည်း ကြုံရင် ဝင်ဖတ်သွားကြည့်ပါ။
https://ctf101.org/forensics/what-is-stegonagraphy/
Malware တွေကို C,C++, Java and Go တွေနဲ့ ပြထားတဲ့ အစဥ်အတိုင်း အများဆုံး ရေးသားကြတာ ဖြစ်ပါတယ်။ Modern Malware Trends အရတော့ Python လည်း သုံးလာတယ် (rapid development အတွက်)၊ Web Application Attacks အတွက်ဆို· JavaScript (browser-based attacks)· PHP (server-side vulnerabilities) တွေ သုံးလာကြတယ်။ ပြောချင်တာက ဆရာ့ဆရာကြီးတွေ အစဥ်ဆက် programming ကို လေ့လာကြရင် ဘာ့ကြောင့် C ကနေ စပြီး သင်လဲ ဆိုတာပါပဲ။
Low-level memory access အထိ တိုက်ရိုက် management (low level control) ကောင်း၊ Operating System APIs တိုက်ရိုက် ခေါ်လို့ရ၊ Performance အရမ်းကောင်းတဲ့ programming ဘိုးအေကြီး C ကို လေ့လာရမှာက အမှန်ကန်ဆုံး နည်းလမ်းဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ မသုံးလို့ C ကို လေ့လာရမှာ စိတ်မလျော့ပါနဲ့။ C ကို နားလည်ရင် ကြိုက်တဲ့ programming language ကို ပြောင်းလေ့လာရတာ မခက်ခဲတော့ပါဘူး။ C သိရင် Computer Architecture ကို ကောင်းကောင်းသိထားလို့ အခြား Languages တွေ သင်ယူရလွယ်တယ်ဆိုတာက (Solid foundation) Fundamentals တွေ ကောင်းကောင်းနားလည်လို့ Syntax ပြောင်းရုံပဲ၊ Concepts အများစုကတူလို့ ဖြစ်ပါတယ်။
Career Perspective အနေနဲ့ C သိထားရင် အသုံးဝင်တဲ့ Fields တွေက -
· Operating Systems - Kernel development
· Game Development - Game engines
· Cybersecurity - Reverse engineering, cracking, exploit development
· High-Performance Computing - Scientific computing
· Embedded Systems - IoT, microcontrollers
Hardware level direct အတွက်တော့ assembly language ပြီးရင် powerful အဖြစ်ဆုံးပါပဲ။
လုပ်ငန်းခွင်မှာ C သုံးတဲ့ Companies တွေဆိုရင်
· Microsoft (Windows kernel) - (Linux kernel)
· Apple (macOS/iOS core)
· Automotive Industry (car systems)
· Aerospace (flight systems)
"Steganography: The Art of Data Hiding" ရဲ့ Community ကို စတင်တည်ဆောက်ကြရအောင်လားဗျာ။
မိတ်ဆွှေအနေနဲ့ Steganography ကို ဘာကြောင့် စိတ်ဝင်စားတာလဲ?
Hacker တွေရဲ့ လျှို့ဝှက်နည်းလမ်းတွေကို လေ့လာချင်လို့။
Cybersecurity နယ်ပယ်မှာ အလုပ်လုပ်ချင်လို့။
ကိုယ်ပိုင်ဒေတာ လုံခြုံရေးအတွက်။
နည်းပညာဗဟုသုတကို ရယူချင်ရုံသက်သက်။
Comment မှာ နံပါတ်တစ်ခုခု ရွေးပြီး ဖြေခဲ့ပါဦး! နောက်တင်မယ့် post တွေအတွက် သင့်ရဲ့ စိတ်ဝင်စားမှုကို ကျွန်တော်တို့သိချင်ပါတယ်။
Steganography ကို ဘယ်နေရာတွေမှာ သုံးလဲ? (အသုံးချမှုနယ်ပယ်များ)
Steganography ဆိုတာ လျှို့ဝှက်သတင်းအချက်အလက်တွေ ဖွက်ဖို့အတွက်ပဲ မဟုတ်ပါဘူး။ သူ့ကို လက်တွေ့ဘဝမှာ နည်းပညာနယ်ပယ်အသီးသီးမှာ အသုံးချနေကြတာပါ။🏢
Digital Watermarking:
ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်းတွေလို Digital Media တွေရဲ့ မူပိုင်ခွင့်ကို ကာကွယ်ဖို့၊ ဒါမှမဟုတ် ဘယ်သူက ဖန်တီးခဲ့တယ် ဆိုတာကို မှတ်သားဖို့အတွက် မမြင်နိုင်တဲ့ Watermark တွေ ဖွက်ထားလေ့ရှိပါတယ်။
လျှို့ဝှက်ဆက်သွယ်ရေး:
တရားမဝင် လုပ်ဆောင်မှုတွေ (ဥပမာ - ထိတ်လန့်တိုက်ခိုက်မှု အဖွဲ့အစည်းတွေ) မှာ လျှို့ဝှက်သတင်းအချက်အလက် ဖလှယ်ဖို့အတွက် အသုံးပြုတတ်သလို၊ တစ်ခါတစ်ရံမှာ သတင်းထောက်တွေနဲ့ Activist တွေ လုံခြုံစွာ ဆက်သွယ်ဖို့ အတွက်လည်း သုံးကြပါတယ်။
Digital Forensics:
ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးမှာ ဝှက်ထားတဲ့ အထောက်အထား (Hidden Evidence) တွေကို ရှာဖွေဖော်ထုတ်ဖို့ Steganalysis နည်းပညာကို အသုံးပြုပါတယ်။
Data Exfiltration (ဒေတာ ခိုးထုတ်ခြင်း):
Hacker တွေနဲ့ Malicious User တွေဟာ ခိုးယူထားတဲ့ အချက်အလက်တွေကို ကွန်ရက်လုံခြုံရေး စနစ်တွေကနေ မမိအောင် ပုံတွေ၊ ဗီဒီယိုတွေထဲမှာ ဖွက်ပြီး ခိုးထုတ်ဖို့ ကြိုးစားတတ်ကြပါတယ်။
မြင်တဲ့အတိုင်းပဲ Steganography ဟာ ကောင်းတဲ့ဘက်မှာလည်း အသုံးဝင်သလို၊ မကောင်းတဲ့ဘက်မှာလည်း အသုံးပြုနိုင်တဲ့ နည်းပညာတစ်ခုပါ။ နောက်ပိုစ့်တွေမှာတော့ ဒီအသုံးချမှုနယ်ပယ်တွေကို ပိုပြီး အသေးစိတ် ဆက်ရှင်းပြပေးသွားပါမယ်။
👇
Steganography နဲ့ Crypto- Steganography ဘယ်လိုကွာလဲ?
မနေ့က Steganography အကြောင်း ပြောတုန်းက Cryptography နဲ့ ဘယ်လိုကွာလဲဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီနှစ်ခုက လျှို့ဝှက်ခြင်းနဲ့ ဆက်စပ်နေပေမယ့် ကွဲပြားတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။
🔑 Cryptography (စာဝှက်ခြင်း):
ရည်ရွယ်ချက်: သတင်းအချက်အလက်ကို မဖတ်နိုင်အောင် (unreadable) ပြောင်းလဲပစ်ခြင်း။ (ဥပမာ - "Hello" ကို "Xyz123" လို့ ပြောင်းပစ်တာ)
မြင်နိုင်စွမ်း: စာဝှက်ထားတဲ့ ဒေတာဖိုင်တစ်ခုရှိနေတာကို လူတိုင်း မြင်နိုင် ပါတယ်။ ဘယ်သူမဆို စာဝှက်ထားမှန်း သိပါတယ်။
အဓိက: Confidentiality (လျှို့ဝှက် ထိန်းသိမ်းခြင်း)
👻 Steganography (ဒေတာဖွက်ခြင်း):
ရည်ရွယ်ချက်: သတင်းအချက်အလက်တစ်ခုရှိနေမှန်းကို မသိအောင် (hidden) ဖွက်ထားခြင်း။ (ဥပမာ - ပုံတစ်ပုံထဲမှာ စာသားဖိုင်ကို ထည့်ဖွက်ထားတာ၊ ပုံကိုကြည့်လိုက်ရင် ပုံမှန်ပဲ မြင်ရတယ်)
မြင်နိုင်စွမ်း: ဖွက်ထားတဲ့ ဒေတာဖိုင်တစ်ခုရှိနေမှန်းကို လူတွေ မသိနိုင် အောင် ဖုံးကွယ်ထားပါတယ်။
အဓိက: Obscurity (ကွယ်ဝှက်ခြင်း)
တိုတိုပြောရရင် Cryptography က စာကို ဖတ်မရအောင် လုပ်ပြီး၊ Steganography က စာရှိမှန်းကို မသိအောင် ဖွက်တာ လို့ မှတ်ထားလို့ရပါတယ်။ နှစ်ခုစလုံးက အချက်အလက်လုံခြုံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
24/10/2025
Steganography ဆိုတဲ့ စကားလုံး ဆင်းသက်လာတာကတေ့ ဂရိစကားလုံး STEGANOS နှင့် GRAPHEN ကပဲ ဖြစ်ပါတယ်။ STEGANOS ဆိုတာက ဝှက်ခြင်း, ကွယ်ခြင်း လို့ အဓိပ္ပာယ် ရပြီးတော့ GRAPHEN ကတော့ ရေးဆွဲခြင်း, ရေးသားခြင်း အဓိပ္ပာယ်ရပါတယ်။
"ဤ ဝေါဟာရ (Steganography) ကို စတင် အသုံးပြုခဲ့သည်မှာ 1499 ခုနှစ်၌ ပေါ်ထွက်ခဲ့သော steganographia ဆိုသည့် စာအုပ်တွင် ဖြစ်ပါသည်။ အမှန်မှာ ထိုစာအုပ်သည် သုံးကြိမ်မြောက်ထုတ်ဝေ တည်းဖြတ်ခြင်း ဖြစ်ပေသည်။ ထိုထို အရှေ့က ခုနှစ်များကို တပ်အပ် မပြောနိုင်ပါသဖြင့် 1499 ကိုသာ အတည်ပြု ယူဆလိုက်ခြင်း ဖြစ်ပါသည်။"
အဆိုပါပညာရပ်ကို ရှေးပဝေသဏီ ဂရိ၊ ရောမ၊ ပါရှား၊ တရုတ် စတဲ့ခေတ်တွေကနေ ယနေ့အချိန်ခါ အမေရိကန်ရဲ့ CIA၊ British MI6 , Russian SVR, Mossad - Israel တို့လို intelligence gathering တွေ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေမှာ အသုံးပြုနေကြပါတယ်။ Spy agencies တွေလည်း သုံးကြသလို ဟက်ကာတွေသည်လည်း ရည်ရွယ်ချက်အလျောက် အသုံးပြုကြပါတယ်။ Steganography ကို စစ်ဘက်ဆက်သွယ်ရေး၊ သူလျှိုလုပ်ခြင်းနှင့် ဒစ်ဂျစ်တယ်ရေစာ ဖော်ပြခြင်းအပါအဝင် ရည်ရွယ်ချက် အမျိုးမျိုးအတွက် သမိုင်းတစ်လျှောက်တွင် အသုံးပြုခဲ့ကြပါတယ်။ နည်းပညာတိုးတက်လာခြင်းနှင့် ဒစ်ဂျစ်တယ်မီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့် ယနေ့ခေတ်တွင် steganography သည် သတင်းအချက်အလက် လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာနယ်ပယ်တွင် သိသာထင်ရှားသော အာရုံစိုက်မှု ရရှိခဲ့ပါတယ်။ သမိုင်းဆိုသည်မှာ “မအအောင်” သင်ရသည့် ပညာ ဖြစ်သည့်အလျောက် နည်းပညာ ရေစီးကြောင်းကို အချိန်ခရီးတစ်ခုမှ စတင်ကာ လေ့လာကြည့်ကြပါစို့
BC 499 တုန်းက ပါရှား ဘုရင်တစ်ပါးဟာ သူ့ရဲ့ လျှို့ဝှက်သတင်းစကားကို ငယ်ကျွန်ရဲ့ ခေါင်းရှေ့ဖျားပိုင်းဆံပင်တွေကို ရိတ်ပြီး တတ်တူးထိုးကာ ဆံပင်ပြန်ပေါက်တဲ့ထိ စောင့်ပြီးတော့မှ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနည်းနဲ့ လိုရာခရီးကို ရောက်ခါမှ ခေါင်းကို ရိတ်ပြီး သတင်းကိုမြင်နိုင်စေခြင်း နည်းစနစ်တစ်ခု အသုံးပြုခဲ့ဖူးပါတယ်။ နောက်ပြီး ရှေးဂရိလူမျိုးတွေဟာဆိုရင် သစ်သားပေါ်မှာ စာတွေ ထွင်း ရေးကြပြီး အဲဒီပေါ်ကို ပျားဖယောင်းနဲ့ ပြန်ဖုံးပြီးတော့ wax tablet လို့ ခေါ်တွင်သုံးခဲ့ကြပါတယ်။ Wax tablet ကို တွင်တွင်ကြီး သုံးခဲ့တာကတော့ “The King Of Sparta”ပဲ ဖြစ်ပါတယ်။
Wax Tablet
တစ်ကယ်တော့ ဒီလိုမျိုး စာရေးသား ရာမှာ သုံးတဲ့ ဖယောင်းသင်ပုံးရဲ့ အောက်က သစ်သားပြင်ပေါ်မှာ လျှို့ဝှက်သတင်းစကားတွေ ထွင်းထု ဝှက်ကွယ် အသုံးပြုခဲ့ကြပါတယ်။
ရောမခေတ်ကို ရောက်လာတော့လည်း တစ်စုံ တစ်ဦးကို လုပ်ကြံဖို့ လျှို့ဝှက်စွာ သတင်းပေးကြတဲ့အခါ cryptography (ဝှက်စာရေးသားခြင်း) နည်းတွေအပြင် တစ်ဖက်ရန်သူ ကို အာရုံစိုက်မှု မဖြစ်အောင် ပုံမှန်ပေးပို့ ရေးသားနေကြဖြစ်တဲ့ သဝဏ်လွှာမှာပဲ တစ်ကယ့် သတင်းစကားကို ပါးလိုက်တာမျိုး လုပ်ဆောင်တာ တွေလည်း ရှိပါတယ်။ ဘယ်လိုမျိုးလည်းဆိုတော့ စာလုံး အကြီးကြီး တွေထဲမှာ လိုရင်းစာသား သေးသေးလေးတွေကို ထည့်ရေးလိုက်တာမျိုး၊ သျှာလကာရည်နဲ့ ကြက်သွန်ရည်ကို သုံးပြီး ကိုယ်ပျောက်မှင်အနေနဲ့ ရေးသား ထားကြတာကို ဖယောင်းတိုင် မီးစာလေးနဲ့ ကင်လိုက်မှ စာသားတွေထွက်ပေါ်လာတာမျိုး၊ နောက်ပြီး ရေစာ၊ သဲစာလို့ ခေါ်တဲ့နည်း၊ ဒီလိုပါ စာရွက်ကို ရေစိမ်, ပြန့်နေအောင် ဖြန့်ထားပြီးတော့ မှန်လိုမျိုး ပြင်ညီကျောက်ပြား တစ်ခုပေါ်မှာ သေချာလေးခေါက်ကပ်, အဲဒီအပေါ်မှာ မှင်လေးနဲ့ စာရွက်မပြဲအောင် သေချာလေး ထိန်းပြီးတော့ရေး, အခြောက်လှန်းလို့ စာရွက်ခြောက် သွားတဲ့အခါ ရေးထားတာတွေကို မြင်ရမှာ မဟုတ်တော့ပါဘူး, ပြန်ဖတ်ချင်တဲ့သူက စာရွက်ကို ရေစိမ်လိုက်မှ ဖွက်ရေးထားတာတွေ ပေါ်လာမှာ ဖြစ်ပါတယ်။ သဲစာဆိုတာကတော့ ဖယောင်းတိုင်ကို ခဲတံလိုမျိုး ထိပ်ပိုင်းအနည်းငယ်ချွန်လိုက်ပြီးတော့ စာရွက်အလွတ်ပေါ်မှာ စာတွေရေး၊ ဖတ်မယ့်သူက သဲနဲ့ပွတ်လိုက်မှ သဲတွေက ဖယောင်းမှာ ကပ်ပြီး ရေးထားတဲ့စာတွေ ပေါ်လာတာမျိုး၊ ဒီလိုမျိုး စာကိုဖွက်ပြီးရေးသားတဲ့ နည်းတွေကိုတော့ steganography နည်းလမ်းတွေလို့ ပြောရမှာ ဖြစ်ပါတယ်။ Cryptography အကြောင်း သက်ဆိုင်ရာ အခန်းမှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ที่ตั้ง
ประเภท
ทีมทำอาหาร
เสื้อผ้า
เว็บไซต์
ที่อยู่
10240