ATT Aung Ti Tant - Education

ATT Aung Ti Tant - Education

แชร์

✅ထိုင်းနိုင်ငံ ပညာရေး ဝန်​ဆောင်မှု
International Education အတွက် အကောင်းဆုံးတိုင်ပင်ဆွေးနွေးနိုင်ပါသည်။

24/08/2026

🎓 Siam University မှာ ကျောင်းတက်ဖို့ စဉ်းစားနေပြီလား?

ဒါဆို January Intake ကို အခုပဲ စတင်ပြင်ဆင်ဖို့ အချိန်ရောက်ပါပြီ! ⏳

University တက်ဖို့ဆိုတာ Application တင်ရုံတင်မဟုတ်ပါဘူး—

📄 Admission & Application Process
🗣️ English Requirement / Test
🛂 Visa Preparation
🏠 Accommodation အကြံပေးမှု

စတဲ့အဆင့်တွေကို ကြိုတင်စီစဉ်ဖို့လိုပါတယ်။

January Intake အတွက် အချိန်ရှိနေသေးပေမယ့် စောစောပြင်ဆင်ထားရင် ပိုအဆင်ပြေပါတယ်။

Siam University မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားနေတယ်ဆိုရင် ATT Aung Ti Tant ကို ဆက်သွယ်ပြီး ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို မေးမြန်းနိုင်ပါတယ်။ 🎓🇹🇭

📩 Interested? Send us a message!

20/08/2026

🎓 **ဘန်ကောက်မှာ University ဆက်တက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီ University ကိုလည်း ထည့်စဉ်းစားကြည့်ပါ! 👀**

📍 MRT နဲ့ သွားလာရလွယ်ကူတဲ့ Location
🎓 Bachelor Program မျိုးစုံ ရွေးချယ်နိုင်ပြီး
📚 GED ပြီးထားသူတွေအတွက်လည်း လျှောက်ထားနိုင်တဲ့ Option လဲရှိတဲ့အပြင်
🌏 International Learning Environment လဲရှိတာမို့
🤝 Myanmar Students တွေအတွက် ATT မှ လမ်းညွှန်ပေးနိုင်ပါတယ်

**Siam University** 🇹🇭🎓

Thailand မှာ University ဆက်တက်ဖို့ စဉ်းစားနေပြီး ကိုယ့်အတွက် ဘယ် Program က သင့်တော်လဲ၊ Admission အတွက် ဘာတွေလိုအပ်လဲ သိချင်ရင် **ATT Aung Ti Tant** ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

17/08/2026

IB ကို ရွေးခဲ့တာ မှန်ရဲ့လား? 🎓

IB ကို တက်နေတဲ့အချိန်မှာ ဘာတွေကြုံခဲ့ရလဲ?
IB ပြီးသွားတဲ့အခါ ကိုယ့်ရဲ့အမြင်တွေ ဘာတွေပြောင်းလဲသွားလဲ?
ပြီးတော့ IB က University နဲ့ အနာဂတ်အတွက် ဘယ်လိုအထောက်အကူဖြစ်စေခဲ့လဲ?

ဒီတစ်ခေါက်မှာတော့ IB Programme ကို ပြီးမြောက်ထားတဲ့ ကျောင်းသူတစ်ယောက်ရဲ့ တကယ့်အတွေ့အကြုံ ကို နားထောင်ကြည့်ရအောင်။ 🇲🇲🎓

IB ကို စိတ်ဝင်စားနေတဲ့ မြန်မာကျောင်းသား/ကျောင်းသူများအတွက် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကနေ လေ့လာနိုင်မယ့်အချက်တွေကို မျှဝေပေးထားပါတယ်။

📩 IB နဲ့ပတ်သက်ပြီး သိချင်တာရှိရင် ATT ကို Message ပို့ပြီး မေးမြန်းနိုင်ပါတယ်

04/08/2026

GED? A-Level? IB? OSSD? 🤔 အကောင်းဆုံးကို မရွေးပါနဲ့။ ကိုယ့် Future Goal နဲ့ အကိုက်ညီဆုံးကို ရွေးပါ။ 🎓

02/08/2026

🌍 ကမ္ဘာ့အခက်ဆုံးသင်ရိုးလို့ပြောတဲ့ IB (International Baccalaureate) အကြောင်း သိချင်ပါသလား?

နိုင်ငံတကာကျောင်းတွေအကြောင်း ပြောကြတဲ့အခါ 'IB' ဆိုတဲ့စကားလုံးကို အမြဲလိုလို ကြားဖူးကြမှာပါ။ ဒါပေမဲ့...
❓ IB ဆိုတာ တကယ်ရော ကျောင်းတစ်ကျောင်းလား?
❓ ဘာကြောင့် ဒီ Curriculum ကို ဖန်တီးခဲ့ကြတာလဲ?
❓ ပုံမှန်ကျောင်းတွေနဲ့ ဘာတွေကွာခြားချက် ရှိလဲ?
❓ ကိုယ့်သားသမီး (သို့မဟုတ်) ကိုယ်နဲ့ရော တကယ်ပဲ ကိုက်ရဲ့လား?

ဒီဗီဒီယိုလေးထဲမှာ IB ရဲ့ အစအဆုံးနဲ့ ဘယ်လိုလူတွေ တက်သင့်လဲဆိုတာကို အသေးစိတ် ရှင်းပြပေးထားပါတယ် ဗျ။ 👇

✨ ဗီဒီယိုကို အဆုံးထိ ကြည့်ပြီး ကိုယ်နဲ့ကိုက်မယ့် လမ်းကြောင်းကို ဆုံးဖြတ်လိုက်ကြရအောင်!

🎥 နောက်ထပ် GED၊ A-Level နဲ့ IB ဘယ်ဟာရွေးသင့်လဲဆိုတဲ့ Part 2 ကို ဆက်လက်စောင့်မျှော်ဖို့ Page လေးကို Follow လုပ်ထားပေးကြပါဦးနော်။ 🥰

Photos from ATT Aung Ti Tant - Education's post 27/07/2026

🏫 School Visit: ASCOT International School 🇹🇭

ဒီကနေ့မှာတော့ ATT Teamကနေ ကျောင်းသားမိဘတွေနဲ့အတူ IB (International Baccalaureate) Curriculum ကို
အဓိကထား သင်ကြားပေးနေတဲ့ ASCOT International School ဆီကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ် ရှင့်✨

ကျောင်းရဲ့ သင်ကြားရေးအပိုင်း (Academic Programme)၊
ကျောင်းဝန်းအခြေအနေ (Learning Environment) နဲ့
ကျောင်းသားကျောင်းသူများသုံးခွင့်ရှိမဲ့ ခေတ်မီ Facilities toolတွေကို အသေးစိတ် လေ့လာဆွေးနွေးခွင့်ရခဲ့လို့ ကျောင်းသားမိဘတွေအတွက် အလွန်တရာ အကျိုးရှိတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်ရှင့်

💡 International School တစ်ကျောင်းကို ရွေးချယ်တဲ့အခါ...
ကျောင်းတစ်ကျောင်းကို ဆုံးဖြတ်တော့မယ်ဆိုရင် အောက်ပါအချက်တွေကို အဓိကထား စဉ်းစားသင့်ပါတယ်—
* ✅ ကျောင်းရဲ့ သင်ရိုးညွှန်းတမ်း (Curriculum)
* ✅ သင်ကြားရေးပုံစံနဲ့ Student Support
* ✅ အနာဂတ်အတွက် University Pathway လမ်းကြောင်း
* ✅ ကလေးရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ
ဒီအချက်တွေကို စနစ်တကျ ချိန်ဆပြီးမှ ရွေးချယ်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။

🎯 မိသားစုတိုင်းအတွက် အသင့်တော်ဆုံး ပညာရေးလမ်းကြောင်းကို ရှာဖွေနိုင်ဖို့အတွက်ခက်ခဲနေတယ်ဆို

ညီမတို့ATTအနေနဲ့ တက်ရောက်မည့်ကျောင်းသားကျောင်းသူများအတွက် သင့်လျော်ဆုံးဖြစ်စေမဲ့
ကျောင်းကောင်းလေးတွေ ရွေးချယ်နိုင်ဖို့ ကျောင်းလေ့လာရေးနဲ့ ပညာရေးအကြံပေးဝန်ဆောင်မှုတွေကို
တစ်ဆင့်ချင်းစီ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

📩 International School တွေနဲ့
ပတ်သက်ပြီး အသေးစိတ်သိရှိလိုတာတွေ၊
အကြံဉာဏ်ရယူလိုတာတွေ ရှိတယ်ဆိုရင် ညီမတို့ရဲ့ ATT- Aung Ti Tant
Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်








-AungEducationForMyanmar

Photos from ATT Aung Ti Tant - Education's post 25/07/2026

🏫 School Visit: Ramkhamhaeng Advent International School (RAIS) 🇹🇭

ကျောင်းသား၊ မိဘများနဲ့အတူ American Curriculum ကို အကောင်းဆုံးသင်ကြားပေးနေတဲ့ Ramkhamhaeng Advent International School (RAIS) ကျောင်းကြီးဆီကို ကျောင်းသားမိဘတွေနဲ့အတူ သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်ရှင့် ✨

ကျောင်းဝန်း အခြေအနေ၊ ကျောင်းသားကျောင်းသူများသုံးခွင့်ရှိမဲ့ခေတ်မီဆန်းသစ်တဲ့ Facilities တွေ၊ သင်ကြားရေးစနစ်နဲ့ ကျောင်းသားတစ်ဦးချင်းစီအပေါ် ပေးအပ်တဲ့ Student Support ပိုင်းတွေကို အသေးစိတ် လေ့လာခွင့်ရခဲ့ပြီး မိဘကျောင်းသားတွေအတွက် အလွန်အကျိုးရှိတဲ့ school visit တစ်ခု ဖြစ်ခဲ့ပါတယ်

💡 ကျောင်းရွေးချယ်တဲ့အခါ သိထားသင့်တဲ့ အဓိကအချက်တွေကတော့
ကျောင်းတစ်ကျောင်းကို ရွေးချယ်တော့မယ်ဆိုရင် ကျောင်းနာမည်ကြီးတာတစ်ခုတည်းကိုပဲ ကြည့်ရမှာမဟုတ်ပဲ

✅ ကလေးရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီရဲ့လား?
✅ ကလေးရဲ့ သင်ယူမှုပုံစံ (Learning Style) နဲ့ အံဝင်ခွင်ကျဖြစ်ရဲ့လား?
✅ အနာဂတ်ပညာရေး ရည်မှန်းချက်တွေနဲ့ ကျောင်းပညာရေးလမ်းကြောင်းချင်း ထပ်တူကျရဲ့လား?
ဒါတွေကို သေချာဆန်းစစ်ပြီးမှ ဆုံးဖြတ်ဖို့ အလွန်အရေးကြီးပါတယ်

🎯 ကျောင်းသားမိဘတိုင်းအတွက် အသင့်တော်ဆုံးကျောင်းကို ရွေးချယ်နိုင်ဖို့
ညီမတို့ATTအနေနဲ့ အကောင်းဆုံးရွေးချယ်မှု၊အသင့်တော်ဆုံးအကြံဉာဏ်တွေကိုအခမဲ့ ဆွေးနွေးပေးနေပါတယ်။

📩 International School တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုတာတွေ၊ အကြံဉာဏ်ရယူလိုတာတွေ ရှိတယ်ဆိုရင် ATT - Aung Ti Tant Page Messenger မှတစ်ဆင့်
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်







-AungTiTantEducationforMyanmar

21/07/2026

"နိုင်ငံတကာသင်ရိုးတွေထဲမှာ ဘယ်သင်ရိုး(Curriculum)က ကိုယ့်ကလေး ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ?"

International School တွေ မကြာခင် ပြန်လည်ဖွင့်လှစ်တော့မယ့်
August Intake မတိုင်ခင် အုပ်ထိန်းသူမိဘ တွေ ဖြစ်ဖြစ် ကျောင်းသူ ကျောင်းသား တွေအနေနဲ့ရော

— ဒီမေးခွန်းကတော့ ဇဝေါဇဝါ ဖြစ်နေတဲ့ မိဘတွေဆီကနေ ရော ကျောင်းတက်နေတဲ့ ကလေးတွေဆီကရော ကျွန်တော်တို့ကို မကြာခဏကြားရတဲ့ မေးခွန်းတစ်ခုပါပဲ!

အမှန်တော့ "အကောင်းဆုံး သင်ရိုး(Curriculum)" ရယ်လို့ သီးသန့် မရှိပါဘူး။ ကိုယ့် ကလေးနဲ့ "အသင့်တော်ဆုံး သင်ရိုး"ဆိုတာ ပဲ ရှိတာပါ။

ဥပမာ - လက်တွေ့လုပ်ဆောင်ရတာ ကြိုက်တဲ့ ကလေးတစ်ယောက်ကို စာမေးပွဲစစ်ဆေးမှု 100% စနစ်တစ်ခုထဲ ထည့်လိုက်ရင် စာတော်တဲ့ကလေးဖြစ်ရင်တောင် ကျောင်းပြင်ပ လက်တွေ့လောက မှာ အခက်အခဲတွေ့နိုင်ပါတယ်။

Curriculum အများအပြားထဲမှာမှ Globally အသိမှတ်ပြုတဲ့ သင်ရိုးတွေဖြစ်တဲ့

(UK)British သင်ရိုး:
စာမေးပွဲဖြေဆိုရန် အားသန်တဲ့ ကျောင်းသူ ကျောင်းသားများအတွက်

(US)American သို့မဟုတ် Australian သင်ရိုး:
ဘာသာရပ်စုံ လေ့လာပြီး ပေါ့ပါးတဲ့ စာသင်မှုရှိချင်တဲ့ ကျောင်းသူ ကျောင်း သား များ အတွက်

IB Diploma:
Project အခြေပြု အဖွဲ့လိုက်လုပ်ဆောင်တဲ့ နေရာ မှာ အားသန်တဲ့ ကလေးတွေ အတွက်
ဆို ပြီ အတိုချုပ်မှတ်ထားနိုင်ပါတယ်။

ကိုယ့်ကလေးအတွက် အသင့်တော်ဆုံး သင်ရိုးလမ်းကြောင်းကို အတူတကွ ရှာဖွေချင်ပါသလား?
ဒီ Post လေးကို Save ထားပြီး ကျွန်တော်တို့ ATT Education မှာ မက်ဆေ့ချ်ပို့ ပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်!

✨😊ATT Education

───_
📍 ဆက်သွယ်ရန်:
Viber/Line/ WhatsApp: +66 834202733
Line/WhatsApp: +66 0858416869
#ထိုင်းမှာကျောင်းတက်မယ် #ထိုင်းမှာကျောင်းထားမယ် #ထိုင်းပညာရေး

20/07/2026

ပြီးခဲ့တဲ့ စနေနေ့ (ဇူလိုင်လ ၁၈ ရက်) က ကျင်းပခဲ့တဲ့
"THE RAIS IMPACT - POTENTIAL BEYOND THE CLASSROOMS"
(RAIS ၏ ပျိုးထောင်မှုနဲ့ စာသင်ခန်းပြင်ပအနာဂတ်လမ်းများဆီသို့ လမ်းပြပေးမယ့်WEBINAR) ကို စိတ်အားထက်သန်စွာနဲ့ တက်ရောက်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို
"ATT Aung Ti Tant (Thailand) Co., Ltd." အနေနဲ့ အထူးပင် ကျေးဇူးတင်ရှိပါတယ်။🙏💙

ပညာရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြပြီး
သိလိုသည်များကို မေးမြန်းလေ့လာခဲ့ကြတဲ့ မိဘများနှင့် ကျောင်းသား/သူများအားလုံးကြောင့် တကယ်ကို အဓိပ္ပာယ်ရှိပြီး အကျိုးရှိစေမယ့် ပတ်ဝန်းကျင်တစ်ခုကို အတူတူ ဖန်တီးနိုင်ခဲ့ကြပါတယ်။ 🎓✨

Webinar အချိန်မမီလိုက်လို့ မတက်ရောက်လိုက်ရသူများအတွက် စိတ်မပူပါနဲ့။😉
Page ပေါ်မှာ Live ဗီဒီယိုကို ပြန်လည်တင်ပေးထားတာမို့ လင့်ခ်ကနေတစ်ဆင့် အချိန်မရွေး ပြန်လည်ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါပြီ။

https://www.facebook.com/share/v/1EQKnpJw1x/

နောင်လာမည့် ATTရဲ့ ပညာရေးဆိုင်ရာ အထူး Webinar များနှင့် စိတ်ဝင်စားဖွယ်
ဆွေးနွေးပွဲများကိုလည်း လက်မလွတ်တမ်း တက်ရောက်နိုင်ဖို့အတွက်
ကျွန်တော်တို့ Page ကို Like & Follow လုပ်ထားပြီး စောင့်မျှော်ပေးကြပါဦးနော်။ ဆက်လက်ပြီးတော့လည်း ဖိတ်ခေါ်အပ်ပါတ​ယ်။ 🔔✨

ATT Aung Ti Tant (Thailand) Co., Ltd. မှ အမြဲတမ်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။

18/07/2026

Webinar

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ที่อยู่

99/1 Ramkhamhaeng Road, Suan Luang
Bangkok
10250