Pronunciation Errors - Part2
အင်္ဂလိပ်စကားလုံးတွေ အသံထွက်တဲ့အခါ
အမြဲတစေမှားလေ့ရှိတဲ့ စာလုံးလေးတွေ🌸
For Part 1 -
https://www.facebook.com/share/v/1YYe3X1BKw/?
Tiktok - https://www.tiktok.com/.may.lingua?_r=1&_t=ZS-977QHcDBfUr
အတန်းတွေအတွက် - https://www.facebook.com/share/p/18Tn5S5diA/?
Teacher May Lingua
Make English Easy Here.
10/06/2026
Hello Guys, this is May🌸
June လရဲ့ schedule လေး ကြေညာမလို့ပါ။
အရင်ဆုံး ကျမအနေနဲ့ Knowledge Sharing အပြင်
ဘာလုပ်သေးလဲဆိုရင် အတန်းတွေဖွင့်ပါတယ်လို့ ဖြေရပါမယ်။
အတန်းတွေဆိုတာမှာ One-on-one အတန်းတွေကို
အသားပေးဖွင့်ပေးလာတာ ခုဆို သုံးနှစ်နီးပါးရှိပါပြီ🌞
ရည်ရွယ်ချက်ကတော့ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ တက်ချင်တဲ့အတန်းက အချိန်မကိုက်လို့
မတက်လိုက်ရတဲ့ Learners တွေ၊ Level က ဟိုမရောက်ဒီိမရောက်ဖြစ်နေလို့ ဘယ်အတန်း Join ရမလဲ ဝေခွဲရခက်နေတဲ့ Learners တွေအတွက် အဓိကရည်ရွယ်ထားတာပါ✨
ဆိုတော့ One-on-one Class အတွက် စိတ်ဝင်စားတယ်ဆို Page Chatbox မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ပုံတွေမှာလည်း အသေးစိတ်လေ့လာလို့ရပါတယ်နော်။
ကျောင်းသားဟောင်းတွေကတော့ တက်မယ်ဆို ကျောင်းသားဟောင်း Discount ရှိနေဆဲပါ🌸
ဒါကတော့ ကျောင်းဘက်က တင်ထားတဲ့ ပို့စ်ပါ။
ဘယ်က အပ်သည်ဖြစ်စေ၊ တူတူပါပဲလို့✨
https://www.facebook.com/share/p/1DDNSRk6Uy/?
အင်္ဂလိပ်စာကို ခုမှ စလေ့လာနေတာ
ဒါမှမဟုတ် ခုမှ ပြန်လေ့လာမဲ့သူတွေ
အဓိက သတိထားရမဲ့ အချက်တစ်ချက်🌸
About me - https://www.facebook.com/61583016309329/posts/122099382897100543/
TikTok - https://www.tiktok.com/.may.lingua?_r=1&_t=ZS-96tqxCpfZkz
Our school - https://www.facebook.com/share/1RxD8hCc2x/?mibextid=wwXIfr
One-on-one class တွေက
အခုထိ ရှိနေတုန်းပါပဲ ❤️
အတန်းတွေအကြောင်း လာမေးကြလို့။
အသေးစိင်္တကို နောက်ရက်ကျ
သေချာလေးတင်ပေးပါ့မယ်နော်။
ဒါကတော့ memory လေး။
June 1 က share မလုပ်လိုက်ရလို့🫶🏻
Day One for Speaking Tips✨
Three don'ts for better speaking⭐️
One of the most struggling parts
for English Learners🌸
Speaking ပြောတဲ့အခါ Vocab မရတာ၊
Sentence မစီတတ်တာတွေထက် အရင်ဆုံး
ပြင်ဆင်ရမဲ့ Tips တွေ ပြောပြပေးထားပါတယ်🌞
About me - https://www.facebook.com/61583016309329/posts/122099382897100543/
TikTok - https://www.tiktok.com/.may.lingua?_r=1&_t=ZS-96tqxCpfZkz
Our school - https://www.facebook.com/share/1RxD8hCc2x/?mibextid=wwXIfr
Pronunciation Errors - Part1
very first content video 🤍
Let's learn some words with me!
အသံထွက်တဲ့အခါ မှားလေ့ရှိပြီး
အသုံးများတဲ့ စကားလုံးငါးလုံး🌞
Let me know if there is
something you know🫶🏻
About me - https://www.facebook.com/61583016309329/posts/122099382897100543/
TikTok - https://www.tiktok.com/.may.lingua?_r=1&_t=ZS-96tqxCpfZkz
our school - https://www.facebook.com/share/1RxD8hCc2x/?mibextid=wwXIfr
07/11/2025
မနေ့က ကျောင်းသူတစ်ယောက်
မေးလာတဲ့မေးခွန်းလေး။
အနည်းဆုံး အင်္ဂလိပ်လို သိချင်တာပဲ
ကျေးဇူးတင်ရပါတယ်နော် 😂
ဘန်းစကားပေါ့။
အဆင်လေး၊ အချောလေး၊ အမိုက်စားလေးကို
အင်္ဂလိပ်လို "eye-candy" လို့ခေါ်လို့ရပါတယ်။
eg-
The reason I love watching TikTok is that
I can scope-out eye-candy all day long.
TikTok ကြည့်ရတာကြိုက်တာက
တစ်နေကုန် အဆင်ငမ်းလို့ ရလို့လေ။
"Scope-out eye-candy" ကိုသုံးပြီး
sentence လေးတွေ ရေးသွားပေးပါဦး🌝
(အရင် Page မှာလည်း တင်ပေးခဲ့ဖူးပါတယ်)
Speaking တိုးတက်ဖို့ဘာတွေလုပ်ရမလဲ။
(Level အားလုံးအတွက်ရည်ညွှန်းပါတယ်)
အတန်းထဲမှာ ကျောင်းသားတွေအများဆုံးမေးလေ့ရှိတဲ့မေးခွန်းပေါ့။ ဘယ်လို လေ့ကျင့်ကျင့် တိုးတက်မလာဘူးဆိုတဲ့ကျောင်းသားတွေအတွက် စာကိုဆုံးအောင် ဖတ်ပေးစေချင်ပါတယ်🍂
ပထမတစ်ချက် -
Speaking က ဘာအတွက် တိုးတက်ချင်တာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပါ။
Speaking ပါဆို စကားပြောပေါ့လို့ ဖြေစရာရှိပေမဲ့ "စကားပြော" လို့ခြုံကြည့်ရင် တော်တော်လေးကျယ်ပြန့်ပါတယ်။ Academic ပိုင်းက Speaking ကို တိုးတက်ချင်တာလား၊ နေ့စဉ်သုံးဖို့ Speaking ကို တိုးတက်ချင်တာလား၊ ဒါမှမဟုတ် လုပ်ငန်းခွင်သုံးတဲ့ Speaking ကိုတိုးတက်ချင်တာလား စသဖြင့်ပေါ့။
ဒုတိယတစ်ချက် -
ဘာသာစကားတစ်ခုရဲ့ အချုပ်က Grammar ဖြစ်တာကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ Speaking သီးသန့်ပဲ တိုးတက်ချင်တာ တီချယ်၊ Grammar က မသုံးဘူးဆိုရင်တော့ စကားပြောဟာ စကားပြောနဲ့မတူပဲ ငယ်ငယ်က ကျက်ဖြေခဲ့ရတဲ့ "How are you? I'm fine, thank you. And you?" ဆိုတဲ့ လေသံနဲ့ပဲ တောက်လျှောက်ဖြစ်သွားပါလိမ့်မယ်။
တတိယအချက် -
Placement Test ကို 3လ (သို့မဟုတ်) 6လ တစ်ကြိမ်စစ်ကြည့်ပါ။ ရလာတဲ့ Level အလိုက် လေ့ကျင့်ရမဲ့ Topic တွေမတူတဲ့အတွက် ပထမတစ်ချက်မှာပြောထားတဲ့အတိုင်း ကိုယ့်ရည်ရွယ်ချက်ကိုသိပြီး Level သိပြီဆိုရင် Speaking တိုးတက်အောင်စလေ့လာလို့ရပါပြီ။
ပထမဆုံး ဒီနည်းလမ်းလေးတွေသုံးကြည့်ပါ။
No.1 🍂
ကိုယ်အားသန်ရာ၊ ဝါသနာပါရာနဲ့လေ့လာပါ။
Podcast နားထောင်တာ သဘောကျတဲ့လူရှိသလို အိပ်ငိုက်တဲ့ကျောင်းသားလည်းရှိမှာပါပဲ။ အဲ့ဒါကြောင့် ကိုယ်ဘာဝါသနာပါသလဲအပေါ်မူတည်ပြီးလေ့လာပါ။ (ကိုရီးယားကားကြည့်တာ ဝါသနာပါရင် English Sub လေးနဲ့ကြည့်။ ဒီသဘောပါ)
ဒီအချက်ကတော့ Communicative Speaking လေ့လာနေသူတွေအတွက် ပိုသင့်တော်ပါတယ်။
No.2 🍂
စကားပြောနိုင်ဖို့ဆို စကားလုံးတွေလိုပါတယ်။
အဲ့ဒါကြောင့် Vocab တွေကျက်တဲ့အခါ အဓိပ္ပါယ်သီိးသန့်မကျက်ဘဲ Own Sentence လေးလုပ်ကြည့်ပါ။ အရင်ကလည်းပြောခဲ့ဖူးပါတယ်။
ဥပမာ - insightful ဆိုတဲ့စာလုံးကို "ထိုးထွင်းအမြင်ရှိသော" ဆိုပြီးပဲ မမှတ်ဘဲ 'She's kinda person who is insightful as her essays are not joke.' ဒါမျိုးလေးကိုယ်တိုင်ပြောကြည့်ပါ။
No.3 🍂
Confidence ရှိဖို့မရှက်ပါနဲ့။
ပြောကိုပြောနိုင်ရမယ်ဆိုတဲ့စိတ်ကိုထည့်ထားပါ။ ဘာသာစကားဟာရှက်စရာမဟုတ်ပါဘူး။ လျှောက်ပြောလေ ပိုရလေပါ။
No.4 🍂
အင်္ဂလိပ်လိုရေးထားတဲ့စာတွေကိုတစ်နေ့ငါးမိနစ်လောက်ပုံမှန်ဖတ်ကြည့်ပါ။ အဓိပ္ပါယ်သိဖို့ဖတ်ထားမဟုတ်ဘဲ နှုတ်သွက်အောင်ဖတ်တာဖြစ်တဲ့အတွက် Vocab မသိရင် မရှာပါနဲ့။ အဓိကက အသံထွက်ပြီးဖတ်လိုက်ရင်ရပါပြီ။
No.5 ကတော့ အကုန်လုံးရဲ့ အချုပ်ပါပဲ။
No.5 🍂
ပုံမှန်လေ့လာပါ။
စကားပြောတိုးတက်ချင်ရင် အမြဲတမ်းပြောနေဖို့က အရေးကြီိးဆုံးပါ။ မြန်မာစကားမှာတောင် မသုံးတာကြာတဲ့စာလုံးတွေမေ့တတ်ကြတာမလို့ သူများစကားကိုလေ့လာတဲ့အခါ မေ့တတ်တာလည်း ထုံးစံပါပဲ။
"Consistency is key and Practice makes everything" ဆိုတဲ့စကားက essay ထဲ ထည့်ရေးရုံတော့ မဟုတ်ဘူးပေါ့လေ🤎
အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်🤎
အတန်းတွေအတွက် အသေးစိတ်ကိုတော့ Page ChatBox မှာ လာရောက်စုံစမ်းနိုင်ပါတယ်🍀
02/11/2025
I’ve officially received my CELTA certificate🤎
CELTA — Certificate in Teaching English to Speakers of Other Languages, awarded by Cambridge English 🍂
It’s one of the first steps for English teachers, but for me, it means so much more 🫰🏻
This journey wasn’t easy at all.
As someone who mostly taught online, stepping into a real classroom felt like a brand new world. And since my degree is in Chinese, I had so many doubts when I started.
I was scared and lacked confidence.
Through earthquakes, and personal challenges, I pushed myself hard.
(The third assignment took place during the week of the earthquake.)
And with passion, love, and support from my family, friends, and amazing students…
I made it.♒️
Now, I can proudly say,
I’m a Cambridge Certified Teacher✨
02/11/2025
Let's save the memory🍂
Feeling grateful to share these heartfelt reviews from my lovely students 🤎
These are their genuine reflections
on my teaching ♒️
It’s such a pleasure to grow and celebrate your progress together, everyone🤎
General English နဲ့ Single Skill အတန်းက ကျောင်းသားတွေရဲ့ Progress လေးတွေ♒️
One-on-one ရော Group Session ရောက
ကျောင်းသားတွေရဲ့ review တွေပါပဲ🤎