Spring Light

Spring Light

แชร์

We are dedicated to nurturing future leaders through education in business, accounting and language.

Photos from Spring Light 's post 20/05/2026

𝐖𝐡𝐚𝐭 𝐚𝐫𝐞 𝐰𝐞 𝐨𝐟𝐟𝐞𝐫𝐢𝐧𝐠?
(𝐓𝐡𝐚𝐢 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐚𝐧𝐝 𝐓𝐚𝐱𝐚𝐭𝐢𝐨𝐧 + 𝐈𝐧𝐭𝐞𝐫𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦)

“ထိုင်းမှာ 𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐜𝐚𝐫𝐞𝐞𝐫 ကို တကယ်လျှောက်လှမ်းမယ်ဆိုရင် ဒီသင်တန်းက မဖြစ်မနေ တက်ထားသင့်တဲ့ 𝐜𝐨𝐮𝐫𝐬𝐞 တစ်ခုပါ”

တကယ်တော့ ထိုင်းနိုင်ငံရဲ့ 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 နဲ့ 𝐓𝐚𝐱𝐚𝐭𝐢𝐨𝐧 စနစ်တွေက မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ပုံစံတွေနဲ့ အခြေခံသဘောတရားချင်းက တူတယ်ဆိုပေမယ့် လက် တွေ့လုပ်တဲ့ပုံစံ၊ ဥပဒေစနစ်နဲ့ အသုံးအနှုန်းတွေမှာ တော်တော်လေး ကွာပါတယ်။ အဲဒီကွာခြားချက်တွေကြောင့် အသစ်ဝင်ရောက်လုပ်ကိုင်တဲ့အချိန်မှာ အနည်းငယ် ရှုပ်ထွေးနိုင်ပါတယ်။

ဥပမာပြောရရင် မြန်မာမှာ 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐁𝐨𝐚𝐫𝐝 (𝐒𝐒𝐁) လို့ခေါ်တာကို ထိုင်းမှာ 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐎𝐟𝐟𝐢𝐜𝐞 (𝐒𝐒𝐎) လို့ ခေါ်ပြီး၊ 𝐂𝐓 (𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐓𝐚𝐱) အစား 𝐕𝐀𝐓 (𝐕𝐚𝐥𝐮𝐞 𝐀𝐝𝐝𝐞𝐝 𝐓𝐚𝐱)ကို သုံးကြတာမျိုးပါ။ အဲဒီလို အသုံးအနှုန်းကအစ ကွာနေတဲ့ အတွက် အလုပ်ခွင်ထဲဝင်လိုက်တာနဲ့ အဆင်ပြေဖို့ဆိုရင် အခြေခံကနေ စနစ်တကျ နားလည်ထားဖို့ လိုပါတယ်။

ဒါကြောင့်ပဲ ထိုင်းမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐞, 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠, 𝐓𝐚𝐱𝐚𝐭𝐢𝐨𝐧 𝐛𝐚𝐜𝐤𝐠𝐫𝐨𝐮𝐧𝐝 ရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက် 𝐒𝐩𝐫𝐢𝐧𝐠 𝐋𝐢𝐠𝐡𝐭 ရဲ့ 𝐓𝐡𝐚𝐢 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐚𝐧𝐝 𝐓𝐚𝐱𝐚𝐭𝐢𝐨𝐧 + 𝐈𝐧𝐭𝐞𝐫𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦 က တကယ်ကို အထောက် အကူဖြစ်မယ့် 𝐩𝐫𝐨𝐠𝐫𝐚𝐦 တစ်ခုဖြစ်ပါတယ်။

ဒီသင်တန်းက စာတွေ့နဲ့ လက်တွေ့ကို တစ်ပြိုင်နက်တည်း သင်ပေးတဲ့ 𝐩𝐫𝐨𝐠𝐫𝐚𝐦 ဖြစ်ပြီး 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 အခြေခံကနေ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐯𝐞𝐥 အထိ တစ်ဆင့်ချင်း နား လည်အောင် သင်ပေးသွားမှာပါ။ 𝐓𝐚𝐱𝐚𝐭𝐢𝐨𝐧, 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐑𝐞𝐜𝐨𝐫𝐝𝐬, 𝐑𝐞𝐩𝐨𝐫𝐭𝐢𝐧𝐠 စတာတွေကို အလုပ်မှာ တကယ်သုံးရတဲ့ 𝐭𝐞𝐫𝐦𝐢𝐧𝐨𝐥𝐨𝐠𝐲 တွေနဲ့တကွ လက်တွေ့အသုံး ချနိုင်အောင် သင်ပေးမှာပါ။

သင်တန်းပြီးသွားတဲ့အခါမှာလည်း ထိုင်းမှာ အလုပ်လုပ်တဲ့အချိန် စာရင်းတွေကို ဘယ်လိုကိုင်မလဲ၊ 𝐑𝐞𝐩𝐨𝐫𝐭 တွေကို ဘယ်လိုပြင်ဆင်မလဲ၊ အခွန်ရုံးတွေကို ဘယ်လို သွားဆက်သွယ်မလဲ၊ 𝐓𝐚𝐱 𝐫𝐚𝐭𝐞 တွေကို ဘယ်လိုတွက်မလဲဆိုတာတွေကို ကိုယ်တိုင် လုပ်နိုင်တဲ့အထိ နားလည်လာမှာပါ။ အားလုံးကို 𝐁𝐚𝐬𝐢𝐜 ကနေစပြီး ရှင်းပြသင်ပေးမှာ ဖြစ်ပါတယ်။

𝐏𝐫𝐨𝐠𝐫𝐚𝐦 က 𝐎𝐧𝐞 𝐘𝐞𝐚𝐫 𝐝𝐮𝐫𝐚𝐭𝐢𝐨𝐧 ဖြစ်ပြီး 𝟔 𝐦𝐨𝐧𝐭𝐡𝐬 𝐜𝐥𝐚𝐬𝐬 + 𝟔 𝐦𝐨𝐧𝐭𝐡𝐬 𝐢𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 ပုံစံနဲ့ သင်ယူရမှာပါ။ သင်ကြားမယ့် 𝐭𝐨𝐩𝐢𝐜𝐬 တွေကလည်း 𝐓𝐡𝐚𝐢 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠, 𝐕𝐀𝐓, 𝐖𝐢𝐭𝐡𝐡𝐨𝐥𝐝𝐢𝐧𝐠 𝐓𝐚𝐱, 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐑𝐞𝐩𝐨𝐫𝐭𝐬 စတာတွေကို လက်တွေ့ အသုံးချနိုင်အောင် သေချာထည့်သွင်းထားပါတယ်။

ဒီသင်တန်းကို အသက် ၁၈နှစ်ပြည့်ပြီးသူတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊ လက်ရှိ အလုပ်လုပ်နေသူတွေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေ—ဘယ်သူမဆို စိတ်ဝင် စားရင် တက်လို့ရပါတယ်။

တစ်ပတ်ကို ၄ ရက် တက်ရပြီး မနက်ပိုင်းမှာ 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠, 𝐅𝐢𝐧𝐚𝐧𝐜𝐞, 𝐓𝐚𝐱𝐚𝐭𝐢𝐨𝐧 𝐬𝐮𝐛𝐣𝐞𝐜𝐭𝐬 တွေ သင်ပေးမယ်၊ နေ့လည်ပိုင်းမှာတော့ ထိုင်းဘာသာစကားကို သင်ပေး မှာပါ။ ဒါက 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 သွားတဲ့အချိန် လက်တွေ့အလုပ်လုပ်ရတာ ပိုလွယ်ကူစေ ဖို့ပါ။ သင်ကြားပေးမယ့် ဆရာတွေကလည်း အတွေ့အကြုံရှိပြီး နိုင်ငံတကာအသိ အမှတ် ပြုထားတဲ့ 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐬 တွေပါ။

သင်တန်း ၆ လပြီးသွားရင် 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 ကို ဝင်ရောက်နိုင်ပြီး 𝐒𝐩𝐫𝐢𝐧𝐠 𝐋𝐢𝐠𝐡𝐭 ချိတ်ဆက် ထားတဲ့ ထိုင်းနိုင်ငံအစိုးရမှ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေမှာ တစ်ပတ်ကို ၂ ရက် လက်တွေ့အလုပ်သင်ဆင်းနိုင်ပါတယ်။ ဒီအတွေ့အကြုံက အလုပ်ရဖို့ အခွင့်အလမ်း ကို တကယ်ပဲ မြှင့်တင်ပေးနိုင်ပါတယ်။

𝐒𝐩𝐫𝐢𝐧𝐠 𝐋𝐢𝐠𝐡𝐭 ရဲ့ ပထမ 𝐛𝐚𝐭𝐜𝐡 ကို ၂၀၂၅ နိုဝင်ဘာမှာ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ သင်တန်းသားတွေက 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 အဖြစ် ထိုင်းကုမ္ပဏီတွေမှာ လက်တွေ့သင်ယူနေပြီ ဖြစ်ပါတယ်။
အခု ဒုတိယ 𝐛𝐚𝐭𝐜𝐡 ဖွင့်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့အတွက် ထိုင်းမှာ 𝐜𝐚𝐫𝐞𝐞𝐫 တစ်ခုတည် ဆောက်ချင်သူတွေ အနေနဲ့ ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ အချိန်မီ လာရောက် တက်ရောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

"Booking & Inquiry"
📞 0930152194
📩 [email protected]
📍လိပ်စာ
Room 0905, 9th Floor, Wannasorn Tower, Thanon Phaya Thai, Ratchathewi, Bangkok 10400
(Phaya Thai BTS ဘူတာကနေဆို (၃)မိနစ် လမ်းလျှောက်ရုံ🚆)"
https://maps.app.goo.gl/1oYkCNxK3qXjhne2A?g_st=ic

19/05/2026

နိုင်ငံရပ်ခြားပညာရေးရဲ့ ခါးသီးတဲ့ အမှန်တရားများ 𝐓𝐡𝐞 𝐡𝐚𝐫𝐬𝐡 𝐭𝐫𝐮𝐭𝐡 𝐨𝐟 𝐬𝐭𝐮𝐝𝐲𝐢𝐧𝐠 𝐚𝐛𝐫𝐨𝐚𝐝

နိုင်ငံရပ်ခြားမှာ ကျောင်းတက်တာ၊ နေထိုင်ရတာနဲ့ ပတ်သက်လာရင် ကောင်းတဲ့အကြောင်းတွေပဲ ကြားနေရလား။ ဒါပေမယ့် လူတိုင်းပြောလေ့မရှိတဲ့ ခါးသီးတဲ့ အမှန်တရားတွေလည်း ရှိပါတယ်။ အပြင်ပန်းကကြည့်ရင် 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 ပေါ်က ပုံရိပ်တွေလို လှပနေနိုင်ပေမယ့် တကယ့်လက်တွေ့ဘဝကတော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာမျိုးပေါ့။ နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရတာဟာ အောင်မြင်မှုရဲ့ လှေကားထစ်တစ်ခုလို့ ဆိုရင် အဲဒီ့လှေကားရဲ့ အောက်ခြေမှာတော့ လူမမြင်ရတဲ့ ပေးဆပ်မှုတွေ အများကြီးရှိပါတယ်။

(၁) အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားမယ့် 𝐂𝐨𝐦𝐟𝐨𝐫𝐭 𝐙𝐨𝐧𝐞

ကိုယ့်နိုင်ငံမှာတုန်းက ကိုယ်ဟာ ဘယ်သူပဲဖြစ်ခဲ့ဖြစ်ခဲ့ နိုင်ငံရပ်ခြားကို ရောက်ရင်တော့ ကိုယ့်ရဲ့ ဂုဏ်ပုဒ်တွေ၊ နောက်ခံတွေကို ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ အခြေခံအကျဆုံး အမှိုက်ပစ်တာကအစ၊ ဘတ်စ်ကားစီးတာအထိ အသစ်ပြန်လည်သင်ယူရပါတယ်။ အိမ်မှာတုန်းကလို "မေမေ ထမင်းစားမယ်" လို့ အော်ရုံနဲ့ အဆင်သင့်မဖြစ်တော့ဘဲ နေမကောင်းဖြစ်တဲ့အခါ ကိုယ့်ဘာသာ ဆေးသောက်၊ ကိုယ့်ဘာသာ ရေနွေးတည်ပြီး ကြိတ်မှိတ်ခံစားရတဲ့ ညတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ လိုအပ်ပါတယ်။

(၂) လှည့်စားမှုများနဲ့ အပေါ် ယံ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚

𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ပေါ်မှာ လှပတဲ့ ကော်ဖီဆိုင်လေးတွေ၊ နှင်းတွေနဲ့ ပုံတင်နေပေမယ့် တကယ်တမ်း ဖုန်းမျက်နှာပြင်ရဲ့ နောက်ကွယ်မှာတော့ မျက်ရည်တွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ မိသားစုကို စိတ်မပူစေချင်လို့ "ငါအဆင်ပြေတယ်" လို့ လိမ်ပြောတာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။ မိသားစုနဲ့ ဝေးရတဲ့ ဒဏ်၊ ရိုးရာပွဲလမ်းသဘင်တွေ၊ အလှူအတန်းရက်တွေမှာ ခံစားရတဲ့ အထီးကျန်မှုကိုလည်း ဖြေဖျောက်နိုင်ဖို့ လိုအပ်ပါတယ်။

(၃) ငွေကြေးနဲ့ အချိန်ကြားက ရုန်းကန်မှု

𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 မပါဘဲ ကိုယ်ပိုင်စရိတ်နဲ့ သွားတဲ့သူတွေအတွက် အလုပ်နဲ့ ကျောင်း ဘက်မျှအောင် လုပ်ရတာက စွန့်စားမှုတစ်ခုလိုပါပဲ။ တစ်ဖက်မှာ 𝐀𝐬𝐬𝐢𝐠𝐧𝐦𝐞𝐧𝐭 တွေ တောင်ပုံရာပုံနဲ့ နောက်တစ်ဖက်မှာကလည်း အခန်းခနဲ့ စားစရိတ်အတွက် အချိန်ပိုင်းအလုပ်ကို ပင်ပင်ပန်းပန်း လုပ်ရပါတယ်။ အိပ်ချိန်မရှိတဲ့ ညတွေလည်း ကြုံတွေ့လာရတတ်ပါတယ်။

(၄) မှန်းဆမရတဲ့ 𝐂𝐮𝐥𝐭𝐮𝐫𝐞 𝐒𝐡𝐨𝐜𝐤

ဘယ်လောက်ပဲ တိုးတက်တဲ့ နိုင်ငံဖြစ်ပါစေ မသိမသာလူမျိုးရေးခွဲခြားမှုတွေ ရှိနေတတ်ပါတယ်။ ကိုယ့်ဘာသာစကား မဟုတ်တဲ့အတွက် ဆက်သွယ်ပြောဆိုရာမှာ နားလည်မှု လွဲတာတွေ၊ လူစိမ်းတစ်ယောက်လို ခံစားနေရတာတွေ နောက်ပြီး မတူညီတဲ့ ယဥ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကြားမှာ လိုက်လျောညီထွေဖြစ်ဖို့လည်း အချိန်ယူရတာမျိုး ရှိပါတယ်။

အခုပြောပြသွားတဲ့အရာတွေက နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ကို ကြောက်ရွံ့ပြီး တွေ‌ဝေသွားဖို့ မဟုတ်ပါဘူးနော်။ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 မှာ တွေ့နေရတဲ့ ပျော်ရွှင်စိတ်လှုပ်ရှားစရာပုံရိပ်တွေချည်းပဲ မဟုတ်ဘဲ အောင်မြင်မှုရဲ့ အသီးအပွင့်ကို ခံစားရဖို့ တစ်ဖက်ကနေ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုပါ ကြိုတင်ပြင်ဆင်စေချင်လို့ပါ။ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ လိုအပ်တဲ့ သင်တန်းတွေ၊ စာရွက်စာတမ်းတွေအပြင် နိုင်ငံခြားမှာ အလုပ်လုပ်ချင်သူတွေအတွက် အလုပ်အကိုင်တွေ လိုအပ်လာပြီဆိုရင် 𝐒𝐩𝐫𝐢𝐧𝐠 𝐋𝐢𝐠𝐡𝐭 ကို ဆက်သွယ်ပြီး ဆွေးနွေးတိုင်ပင်အဖြေရှာနိုင်ပါတယ်နော်။

"Booking & Inquiry"
📞 0930152194
📩 [email protected]
📍လိပ်စာ
Room 0905, 9th Floor, Wannasorn Tower, Thanon Phaya Thai, Ratchathewi, Bangkok 10400
(Phaya Thai BTS ဘူတာကနေဆို (၃)မိနစ် လမ်းလျှောက်ရုံ🚆)"
https://maps.app.goo.gl/1oYkCNxK3qXjhne2A?g_st=ic

16/05/2026

စင်ကာပူနိုင်ငံရှိ တစ်ဦးချင်းဝင်ငွေခွန် strategy များ

စင်ကာပူနိုင်ငံသည် ကမ္ဘာ့အကောင်းဆုံး tax-efficient jurisdiction တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်မှာ အကြောင်းမဲ့မဟုတ်ပါ။ Resident individual တစ်ဦးအတွက် ဝင်ငွေခွန်နှုန်းသည် ၀% မှ ၂၄% အထိ progressive ဖြစ်ပြီး၊ capital gains tax မရှိ၊ dividend tax မရှိ၊ inheritance tax လည်း မရှိပါ။ သို့သော် ဥပဒေက ပေးထားသော အခွန်သက်သာခွင့်များကို စနစ်တကျ အသုံးချနိုင်လျှင် တရားဝင်နည်းလမ်းဖြင့် အခွန်ပိုလျှော့နိုင်သေးပါသည်။

ဒီနေ့မှာတော့ investor တိုင်း သတိပြုသင့်သော အဓိက လေးချက်ကို တစ်ဆင့်ချင်း ပြောပြသွားပါမည်။

၁။ Dividend ဝင်ငွေ
One-Tier System ၏ မဟာဗျူဟာမြောက် အကျိုးကျေးဇူး
စင်ကာပူသည် ၂၀၀၈ ခုနှစ်မှစ၍ one-tier corporate tax system ကို လုံးဝ ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ ဆိုလိုသည်မှာ စင်ကာပူ-resident company သည် မိမိ၏ profit အပေါ်တွင် corporate income tax (လက်ရှိ headline rate ၁၇%) ကို တစ်ကြိမ်တည်း ပေးဆောင်ပြီးပါက၊ ထို taxed profits မှ ဝေပေးသော dividend များသည် shareholder ၏ လက်ထဲ ရောက်လာသည့်အခါ ထပ်မံ အခွန်ပေးရန် မလိုတော့ပါ။
အဓိကအချက်များ
💡Singapore-resident company မှ dividend ကို individual shareholder အတွက် ဝင်ငွေခွန် လုံးဝမရှိပါ။ Tax return တွင်လည်း ထည့်သွင်း ကြေညာရန် မလိုပါ။
💡 စင်ကာပူသည် dividend အပေါ်တွင် withholding tax မကောက်ပါ။ ထို့ကြောင့် ပြည်တွင်း ပြည်ပ shareholder များ အညီအမျှ ကောင်းကျိုးခံစားရပါသည်။
💡 Resident individual တစ်ဦးက ပြည်ပမှ dividend ကို စင်ကာပူသို့ ပြန်ပို့ရရှိလျှင် partnership ကတဆင့် ရရှိခြင်း မဟုတ်ပါက ယေဘုယျအားဖြင့် အခွန်မရှိပါ။
💡 REIT distribution က individual investor အတွက် REIT trade/business အဖြစ် မလုပ်ကိုင်လျှင်ယေဘုယျအားဖြင့် အခွန်ကင်းပါသည်။
💡 ခြွင်းချက်အနေနဲ့ Co-operative များ ဥပမာ — NTUC FairPrice Co-operative၊ NTUC Healthcare Co-operative၊ Singapore Police Co-operative Society မှ ရရှိသော dividend များမှာမူ taxable ဖြစ်နေသေးပါသည်။ 
အကြံပြုချက်အနေနဲ့ high income earner အတွက် salary ပိုစုခြင်းထက် investment holding ဖွဲ့စည်းပုံကို သင့်တော်အောင် တည်ဆောက်ပြီး dividend ဝင်ငွေဖြင့် passive income တည်ဆောက်ခြင်းက tax-efficient ဖြစ်ပါသည်။

၂။ Capital Gains
Investor အဖြစ်နေပါ။ Trader မဖြစ်ပါစေနဲ့။ စင်ကာပူတွင် formal capital gains tax regime မရှိပါ။ သို့သော် ဒီ exemption သည် အလိုအလျောက် ရရှိသည် မဟုတ်ပါ။ Properties, shares နှင့် financial instruments များကို ရောင်းချရာမှ ရရှိသော gain များဟာ ယေဘုယျအားဖြင့် taxable မဟုတ်ပါ။ သို့သော် trading in properties မှ ရရှိသော gain များမှာမူ taxable ဖြစ်နိုင်ပါသည် ဟု IRAS က ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။
💡 Badges of Trade (IRAS ၏ စစ်ဆေးပုံ)
ဝင်ငွေသည် capital gain အဖြစ် အခွန်လွတ်ကင်းလား၊ trading income အဖြစ် အခွန်ဆောင်ရမည်လား ဆုံးဖြတ်ရန် IRAS က အောက်ပါ badges of trade အချက်များကို သုံးသပ်ပါသည်။
၁။ ပစ္စည်း၏ သဘောသဘာဝအဖြစ် speculative asset (ဥပမာ — derivatives, options) ဆိုပါက trading ဖြစ်နိုင်ခြေ ပိုများသည်။
၂။ ပိုင်ဆိုင်သည့် ကာလတိုသည်ဆို trading ဖြစ်နိုင်ခြေ ပိုများသည်။
၃။ ရောင်းဝယ်မှု ကြိမ်ရေ တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ဝယ်/ရောင်း လုပ်နေပါက trading ဆန်လာသည်။
၄။ ဝယ်ယူရန် ငွေထောက်ပံ့ပုံမှာ short-term borrowing ဖြင့် ဝယ်ပါက speculative ဆန်သည်။
၅။ ဝယ်ယူရသည့် ရည်ရွယ်ချက်က အရင်းအနှီး ပိုက်ဆံစုရန်လား၊ မြန်မြန် အမြတ်ပြန်ရရန်လား။
၆။ Asset ကို မရောင်းမီ ပြုပြင်ပြီး မြန်မြန် ပြန်ရောင်းပါက trading လက္ခဏာ ဖြစ်သည်။
Practical implication အနေနဲ့ပြောရရင် ရှယ်ယာတစ်ခုကို နှစ်အကြာ strategic investment အဖြစ် ထားရှိပြီးမှ ရောင်းခြင်းသည် ပုံမှန်အားဖြင့် capital gain ဖြစ်သည်။ သို့သော် short-term financing သုံး၍ အပတ်စဉ် ဝယ်/ရောင်း လုပ်ခြင်းသည် trading ဖြစ်နိုင်ပြီး taxable ဖြစ်နိုင်သည်။
အကြံပေးရရင် day-trading style သို့မဟုတ် frequent flipping ကို ရှောင်ပါ။ Buy-and-hold investment philosophy က tax efficiency ရှေ့ဆုံးတွင်လည်း သင့်ကို အကာအကွယ်ပေးပါသည်။ intention, holding rationale, financing structure ကို မှတ်တမ်းသေသပ်စွာ ထိန်းသိမ်းပါ။

၃။ Charitable Donations
ဤနေရာတွင် tax efficiency နှင့် philanthropy က ထပ်တူကျပါသည်။ Community Chest, approved IPC နှင့် အခြား approved local cause များသို့ ပေးလှူသော qualifying donation များအတွက် donation amount ၏ ၂၅၀% ကို tax deduction အဖြစ် ခံစားနိုင်ပါသည်။ 
ဥပမာ အလှူငွေ S$10,000 ပေးလှူပါက တွက်ချက်နိုင်သော deduction သည် S$25,000 ဖြစ်ပါသည်။ Marginal tax rate ၂၂% ရှိသူအတွက် ထို deduction သည် တကယ့် အခွန်ချွေတာငွေ S$5,500 ခန့်ဖြစ်လာပါသည်။ ဆိုလိုတာက အလှူ S$10,000 ရဲ့ effective net cost သည် S$4,500 သာ ဖြစ်လာပါသည်။
လိုက်နာရမည့်အချက်များကတော့
💡 Approved IPC ဖြစ်ရပါမည်။ Registered charity တိုင်း IPC မဟုတ်ပါ။ IPC status မရှိသော charity သို့ ပေးလှူသော donation များမှာ tax deduction မရှိပါ ။ Charity Portal တွင် စစ်ဆေးနိုင်ပါသည်။
💡 Material benefit မပါရှိရ။ Outright cash donation ဖြစ်ရမည်။ အကျိုးအမြတ်ပြန်ရရှိပါက ထို benefit ၏ တန်ဖိုးကို နုတ်ပြီးမှ deduction ပေးပါသည်။
💡 IPC များက IRAS သို့ donation record များကို တိုက်ရိုက် ပို့ပေးသဖြင့် donor အနေဖြင့် tax return တွင် ထည့်တွက်ရန် မလိုပါ။ Donation လှူရာတွင် NRIC/ FIN ပေးထားလျှင် ရပါပြီ။
💡 ကာလအကန့်အသတ်အနေနဲ့ ၂၅၀% enhanced deduction ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးထားပြီးဖြစ်ပါသည်။ ထို့နောက် အစိုးရက ပြန်လည် သုံးသပ်နိုင်ပါသည်။
💡Carry-forward provision အနေနဲ့ အလှူသွားသည့်နှစ်တွင် ပြည့်ပြည့်ဝဝ အသုံးမပြုနိုင်သော deduction ကို နောက်နှစ်များသို့ ၅ နှစ်အထိ carry forward ပြုလုပ်နိုင်ပါသည်။

၄။ Life Insurance Relief ရဲ့ အရေးကြီးသော ခြွင်းချက်များ
Life insurance premium relief ဆိုသည်မှာ ထင်သလို လွယ်ကူသော relief မဟုတ်ပါ။ အများစုသော working Singaporean/ PR များမှာ မိမိ၏ CPF compulsory contribution များက ဒီ relief ကို ပိတ်ပင်ထားနိုင်ပါသည်။
အခြေခံ စည်းကမ်းချက်များ (YA 2026)
Life Insurance Relief တောင်းခံနိုင်ရန်အတွက်
၁။ မိမိ၏ သို့မဟုတ် မိမိ၏ အိမ်ထောင်ဖက်၏ life insurance policy အပေါ်တွင် premium ပေးဆောင်ထားရပါမည်။
၂။ 1973 ခုနှစ် ဩဂုတ်လ ၁၀ ရက်နောက်ပိုင်း ဝယ်ထားသော policy များအတွက် insurance company သည် စင်ကာပူ၌ ရုံးခွဲ ရှိရပါမည်။
၃။ အရေးကြီးဆုံးအချက်မှာ တစ်နှစ်တာအတွင်း CPF contribution စုစုပေါင်းသည် S$5,000 အောက် ဖြစ်ရမည်။ 
တွက်ချက်ပုံ
Relief ပမာဏ = အောက်ပါသုံးခုထဲမှ အနိမ့်ဆုံး
(က) S$5,000 အနုတ် မိမိ၏ CPF contribution
(ခ) Insured value ၏ ၇%
(ဂ) တကယ်ပေးဆောင်ထားသော premium
လက်တွေ့ အကြောင်းအရင်း
Compulsory employee CPF contribution သည် တစ်နှစ်ပတ်လုံး S$5,000 ထက် ပိုလျှင် Life Insurance Relief ကို လုံးဝ ခံစားခွင့် မရှိတော့ပါ ။ ထို့ကြောင့် middle-to-high income အလုပ်သမားအများစုက ဤ relief ကို လက်တွေ့တွင် မရရှိနိုင်ပါ။
မရရှိနိုင်သော premium များ
(က) ElderShield, CareShield Life premium များ
(ခ) Integrated Shield Plan premium များ
(ဂ) Whole life policy တွင် ပူးတွဲထားသော critical illness rider များ၏ premium
သုံးသပ်ချက် — Life Insurance Relief သည် CPF အပြည့်အဝ မပေးဆောင်ရသူများ ဥပမာ — self-employed တချို့၊ foreigner အချို့အတွက်သာ အကျိုးရှိနိုင်သော relief ဖြစ်ပါသည်။

၅။ Personal Income Tax Relief Cap S$80,000
အထက်ပါ relief များကို မဟာဗျူဟာဆိုင်ရာ စဉ်းစားရာတွင် မဖြစ်မနေ မှတ်ထားရမည့်အချက်မှာ YA တစ်ခုစီတွင် personal income tax relief စုစုပေါင်း cap သည် S$80,000 ဖြစ်ပါသည်။ ထို့ထက်ပို၍ relief တောင်းခံပါက S$80,000 အထိသာ ထည့်တွက်ပေးပြီး ပိုနေသော အပိုင်းမှာ ဆုံးရှုံးသွားပါသည်။
ထို့ကြောင့် CPF cash top-up, SRS contribution, working mother’s child relief စသည်များ ပေါင်းပြီး ဤ ceiling အောက်တွင် ဘယ်လို optimize လုပ်မည်ဆိုသည်ကို prioritise လုပ်ရန် လိုပါသည်။

နိဂုံးချုပ်အားဖြင့်ပြောရလျှင် Holistic Tax Planning အရ စင်ကာပူ၏ tax framework သည် deliberate policy design ဖြစ်ပါသည်။ အရင်းအနှီး စုဆောင်းခြင်း၊ ပညာတတ်လူတန်းစားကို ဆွဲဆောင်ခြင်း၊ philanthropy အားပေးခြင်း တို့ကို မြှင့်တင်ပေးရန် ဖြစ်ပါသည်။ အခွန်အကြံပေးတစ်ဦးအနေဖြင့် client များကို ပေးလေ့ရှိသော အကြံပြုချက် သုံးချက်ရှိပါသည်။
၁။ Income stream များကို diversify လုပ်ပါ။ Salary, dividend, capital appreciation ၃ မျိုးပေါင်းပြီး tax efficiency အရှိဆုံး mix ကို တည်ဆောက်ပါ။
၂။ Substance over form ကို ထိန်းသိမ်းပါ။ Trader မဟုတ်ဘဲ investor ဖြစ်ရန် transaction pattern, holding period, documentation များက သက်သေပြရမည်။
၃။ Philanthropy ကို year-end သို့ မထားပါနဲ့။ Donation deduction သည် တန်ဖိုးအရှိဆုံး relief ဖြစ်ပြီး၊ early planning က cash flow ကိုပါ စီစဉ်နိုင်စေပါသည်။ အဓိက highlight လုပ်ချင်တာကတော့ အခွန်လျှော့ချရန်ဆိုသည်ထက် compliance စိတ်ချရစေပြီး၊ ဥပဒေက ပေးထားသော အကျိုးခံစားခွင့်များကို လက်လွတ်မခံဖို့ဆိုတဲ့ holistic mindset က investor တိုင်းအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

ဒီဆောင်းပါးက general information အတွက်ပဲဖြစ်တာမို့လို့ ကိုယ်ပိုင် ဘဏ္ဍာရေး အခြေအနေနှင့် ကိုက်ညီသော အကြံပေးချက်အတွက် မိမိရဲ့တရားဝင် tax advisor ထံ ဆက်သွယ်ပါ။ Tax law များမှာ ပြောင်းလဲနိုင်သဖြင့် ဆုံးဖြတ်ချက် မချမှတ်မီ နောက်ဆုံးရ IRAS guidelines ကို စစ်ဆေးပါ။

မေတ္တာဖြင့်
ခင်သစ်

ဥပမာအနေနဲ့ ပုံမှာပါတဲ့ investment က trading မဟုတ်တဲ့အတွက် ရတဲ့အမြတ်က ဝင်ငွေခွန်မကျသင့်ပါဘူး။

12/05/2026

🌟 လူမှုအကျိုးပြုလုပ်ငန်းများမှာ အတူတကွလက်တွဲလို့ Spring Light Group မှ Ruby Sponsor အဖြစ် ပါဝင်ခြင်း 🌟

မိမိတို့ Spring Light Group အနေနဲ့ လူမှုပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ ပြန်လည်အကျိုးပြုနိုင်ရန် ရည်ရွယ်ပြီး Rotary Club of Shwe Bangkok (RCSB) မှ ကြီးမှူးကျင်းပတဲ့ "Nostalgia Carnival Night" ရန်ပုံငွေပွဲကြီးမှာ Ruby Sponsor အဖြစ် ဂုဏ်ယူစွာဖြင့် ပါဝင်ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

Spring Light Group ဟာဆိုရင် လူငယ်များအတွက် အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးနေတဲ့
✅ Training School (သင်တန်းကျောင်း)
✅ Employment Agency (အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ) နှင့်
✅ Migration Services (ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဝန်ဆောင်မှုများ) ကို စနစ်တကျ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

📅 ပွဲကျင်းပမည့်ရက် - ၁၆ မေလ ၂၀၂၆ (စနေနေ့)
🕓 အချိန် - ညနေ ၄:၀၀ နာရီမှ ည ၉:၀၀ နာရီအထိ
📍 နေရာ - Thammasat Association (Sathon), Bangkok.
🌱 ဝင်ကြေး - ၃၉၉ ဘတ်

ဒီအထူးပွဲနေ့လေးမှာ ကျွန်တော်တို့ Spring Light Group ကနေပြီး လူကြီးမင်းတို့အတွက် ဘယ်လိုအကျိုးရှိမယ့် အခွင့်အလမ်းတွေ၊ ထူးခြားတဲ့ ဝန်ဆောင်မှုတွေကို ယူဆောင်လာမလဲဆိုတာ သိရှိနိုင်ဖို့အတွက် Nostalgia Carnival Night ကို လာရောက်ဆင်နွှဲရင်း ကျွန်တော်တို့နဲ့အတူ ဆုံတွေ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ပျော်ရွှင်စရာ Carnival ပွဲတော်ကြီးမှာ အမှတ်တရတွေအတူတူ ဖန်တီးကြရအောင်နော်! 🎡✨

20/04/2026

အသေးစား အိမ်တွင်းစီးပွားရေးလုပ်ငန်းကိုလုပ်ဖို့ စိတ်ဝင်စားသူတွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ပေးမယ့် Spring Light ရဲ့ အသေးစားလုပ်ငန်း အရှိန်မြှင့်တင်ရေး အစီအစဉ် (Micro Business Accelerator Program - MBAP)

Spring Light Academy of Business and Innovation ကို တည်ထောင်သူ မခင်သစ်ရည်ကိုယ်တိုင်ဦးစီးပြီး မေလ ၃၁ ရက်မှာ အသေးစားလုပ်ငန်း အရှိန်မြှင့်တင် ရေး အစီအစဉ် (Micro Business Accelerator Program MBAP) သင်တန်းကို ဖွင့်လှစ်သွားဖို့ ရှိပါတယ်။

မခင်သစ်ရည်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စာရင်း ကိုင်စံနှုန်းတွေ၊ အခွန်မူဝါဒနဲ့ ဘဏ္ဍာရေးစနစ်တွေမှာ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး၊ FCCA လက်မှတ်ရ ဘဏ္ဍာရေးပညာရှင်နဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ အရှေ့ တောင်အာရှနဲ့ ဥရောပဒေသတွေမှာ ပညာရှင်အဆင့် အကြံပေးလုပ်ငန်းတွေ၊ Fintech (ဘဏ္ဍာရေးနည်းပညာ) ဆန်းသစ်တီထွင်မှုတွေနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိပါတယ်။

အသိပညာတွေကို မျှဝေမယ့် MBAP အစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်တွေကတော့
• အရင်းအနှီးနည်းပြီး စွန့်စားရမှုနည်းတဲ့၊ နေ့စဉ်ဝင်ငွေရရှိမည့် လုပ်ငန်းငယ်တစ်ခု စတင်နိုင်ဖို့
• နေ့စဉ်လုပ်ငန်းလည်ပတ်မှုနဲ့ ငွေကြေးစီမံခန့်ခွဲမှုကို စနစ်တကျ လုပ်ဆောင်တတ်ဖို့
• ရိုးရှင်းပြီး ရင်းနှီးမြှုပ်နှံသူ စိတ်ဝင်စားမည့် လုပ်ငန်းစီမံချက်တွေ ရေးဆွဲနိုင်ဖို့နဲ့
• လုပ်ငန်းစတင်ဖို့ အရင်းအနှီးအတွက် တင်ပြတောင်းခံတတ်စေဖို့ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ
• စာတွေ့သင်ကြားမှု (၃၀%)
• လက်တွေ့လုပ်ဆောင်မှု (၅၀%)နဲ့
• အကြံပေးဆွေးနွေးမှု (၂၀%) တို့ ပါဝင်မှာဖြစ်ပါတယ်။

အသေးစားလုပ်ငန်း အရှိန်မြှင့်တင်ရေး အစီ အစဉ် Micro Business Accelerator Program )
မှာ ရှင်းပြဆွေးနွေးပေးမယ့် စိတ်ဝင်စရာကောင်းတဲ့ Module တွေဿကတော့--
Module 1 - လုပ်ငန်းရှင်စိတ်ဓာတ်နှင့် လက်တွေ့ဘဝ
• အသေးစားလုပ်ငန်းရဲ့အနက်အဓိပ္ပါယ်
ရုန်းကန်ရှင်သန်ရေးစိတ်ဓာတ်နှင့် တိုးတက်လိုသောစိတ်ဓာတ်
• လုပ်ငန်းငယ်လေးများ ကျရှုံးရသည့် အကြောင်းရင်းများ
• ပြီးပြည့်စုံနေအောင် စောင့်နေမည့်အစား လက်တွေ့စတင်ခြင်းကို ဦးစားပေးခြင်း။

Module 2 - လုပ်ငန်းအကြံဉာဏ် ရွေးချယ်ခြင်း
• အသေးစားလုပ်ငန်း အမျိုးအစားများ
• ရွေးချယ်နည်း
• ဒေသတွင်း ဈေးကွက်ကို လေ့လာခြင်း။

Module 3 - ဈေးကွက်ဟုတ်မဟုတ် စစ်ဆေးခြင်း
• သင့်ဖောက်သည်က ဘယ်သူလဲ
• ဈေးနှုန်းသတ်မှတ်ခြင်းနှင့် ပြိုင်ဘက်များကို လေ့လာခြင်း
• တည်နေရာ ဗျူဟာ
• မစတင်မီ စမ်းသပ်စစ်ဆေးခြင်း။

Module 4 - အခြေခံငွေကြေးစီမံခန့်ခွဲမှု
• ကုန်ကျစရိတ်၊ ရောင်းဈေးနှင့် အမြတ်
• နေ့စဉ်ငွေစာရင်း မှတ်တမ်းတင်ခြင်း
• အရင်းကျေသည့်အမှတ်ကို တွက်ချက်ခြင်း (Break-even concept)
• အကြွေးသံသရာမှ ရှောင်လွှဲခြင်း။

Module 5 - လုပ်ငန်းလည်ပတ်မှုနှင့် စတင်ပြင်ဆင်ခြင်း
• အရင်းအနှီး အနည်းငယ်ဖြင့် စတင်နည်း
• ကုန်ကြမ်းပစ္စည်းများ ရှာဖွေခြင်း
• အခြေခံစက်ကိရိယာများ စီစဉ်ခြင်း
• အရည်အသွေး ထိန်းသိမ်းခြင်း
• နေ့စဉ် လုပ်ငန်းစဉ်များ။

Module 6 - အရောင်းနှင့် အရိုးရှင်းဆုံး ဈေးကွက်ရှာဖွေရေး

• ဖောက်သည်များ စိတ်ဝင်စားအောင် ဆွဲဆောင်နည်း
• တစ်ဆင့်စကား တစ်ဆင့်နား နည်းဗျူဟာ
• မြန်မာ့အခြေအနေနှင့် ကိုက်ညီသော Facebook အသုံးပြုပုံ အခြေခံ
• ဈေးနှုန်းသတ်မှတ်မှုဆိုင်ရာ စိတ်ပညာ။

Module 7 - အန္တရာယ်နှင့် ရှင်သန်ရေး စီမံခန့်ခွဲမှုနဲ့
• ငွေကြေးပျောက်ဆုံးမှု/ ယိုစိမ့်မှု
• ကုန်ပစ္စည်း လေလွင့်ဆုံးရှုံးမှု
• အရောင်းမကောင်းသော နေ့များကို ရင်ဆိုင်ခြင်း
• အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ခြင်း။

Module 8 - လုပ်ငန်းစီမံချက် ရေးဆွဲခြင်း တို့ပဲဖြစ်ပါတယ်။

သင်တန်းနှင့်ပက်သက်သော အကြောင်းအရာ
အသေးစားလုပ်ငန်း အရှိန်မြှင့်တင်ရေး)ကို အများပြည်သူများ တက်ရောက်နိုင်ရေး ပိုမို လွယ်ကူစေရန်အတွက် Zoom Link ဖြင့် အွန်လိုင်းကနေ မေလ ၃၁ ရက်မှာ စတင်သင်ကြားပေး မှာ ဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ ရက်ပေါင်း (၂၀) ကြာမြင့်မှာဖြစ်ပြီး တစ်ရက်မှာ နှစ်နာရီကြာ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းအချိန်ကတော့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေနေ့တွေရဲ့ ည ၇နာရီက နေ ၉ နာရီအထိ ဖြစ်ပါတယ်။

စာရင်းသွင်းနောက်ဆုံးရက် - ၂၀၂၆ ခုနှစ် မေလ (၂၄) ရက် တနင်္ဂနွေနေ့
သင်တန်းစတင်မည့်ရက် - ၂၀၂၆ ခုနှစ် မေလ (၃၁) ရက် တနင်္ဂနွေနေ့

သင်တန်းကြေး - တစ်သိန်းကျပ် (အထူးအစီအ စဉ်အနေနဲ့ သင်တန်းကြေးကို သုံးကြိမ်ဖြင့် အရစ် ကျ ပေးသွင်းနိုင်ပါတယ်)

"သင်တန်း အပ်နှံရန်"
📞 0930152194
📩 [email protected]

ဒီအစီအစဥ်ကို တက်ရောက်လိုသူတွေအနေနဲ့ သင်တန်းသား လျှောက်လွှာ Form ကို အရင်ဖြည့်စွက်ပြီး သက်ဆိုင်ရာ အီးမေးလ်ကနေ သင်တန်းအပ်နှံနိုင်ပါတယ်။ Link ကို အောက်မှာ ဖော်ပြထားပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSez_hKoumYdoyhmTsXgQjossIqPczt1ZfD0YZptwUBIAM5acQ/viewform?fbclid=IwY2xjawRSeTRleHRuA2FlbQMxMDAAc3J0YwZhcHBfaWQMMzUwNjg1NTMxNzI4AAEeg21iAOOKV75IQzxP1JTgJ4cWq2FIVUVCS2BbYSjypbJ_jlyuK46ITOzUiWY_aem_3HQoXXdalAIH-mftp5eotA


📍လိပ်စာ
Room 0905, 9th Floor, Wannasorn Tower, Thanon Phaya Thai, Ratchathewi, Bangkok 10400
(Phaya Thai BTS ဘူတာကနေဆို (၃)မိနစ် လမ်းလျှောက်ရုံ🚆)

12/04/2026

📢 Songkran Holiday! 💦

Spring Light Academy of Business and Innovation ကို
April 11 မှ April 16 အထိ Songkran ပိတ်ရက်အဖြစ် ခေတ္တပိတ်ထားပါမယ် ခင်ဗျာ။

🗓️ ကျောင်းပိတ်ရက်: April 11 မှ April 16 အထိ
🗓️ ပြန်ဖွင့်မည့်ရက်: April 17 (သောကြာနေ့)

ကျောင်းပိတ်ရက်အတွင်း သင်တန်းစုံစမ်းမေးမြန်းမှုတွေကို Page Messenger မှတစ်ဆင့် ချန်ထားခဲ့လို့ရပါတယ်။

📞 Office inquiries နှင့် လူကိုယ်တိုင် ဆက်သွယ်မှုများကို April 17 မှစတင်ပြီး ပြန်လည်ဆောင်ရွက်ပေးသွားပါမယ်။

Songkran အခါသမယမှာ အားသစ်တွေရပြီး စိတ်အေးအေးချမ်းချမ်းနဲ့ အနားယူနိုင်ကြပါစေလို့ Spring Light မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 💦✨

"Booking & Inquiry"
📞 0930152194
📩 [email protected]

📍လိပ်စာ
Room 0905, 9th Floor, Wannasorn Tower, Thanon Phaya Thai, Ratchathewi, Bangkok 10400
(Phaya Thai BTS ဘူတာကနေဆို (၃)မိနစ် လမ်းလျှောက်ရုံ🚆)


26/02/2026

🌟 Online Exam တွေ၊ Paper-based Exam တွေ ဖြေဖို့အတွက်ဆိုရင် Professional Space တစ်ခုက တကယ်လိုအပ်ပါတယ်...

အဲ့ဒီအတွက် Spring Light Academy of Business and Innovation က ACCA Authorised Exam Centre တစ်ခုဖြစ်တဲ့အပြင်၊ အပြင်က Exam ဖြေဆိုမယ့်သူတွေအတွက်လည်း Space Rental Service ကို ပေးနေပါပြီ။

✅ Spring Light ရဲ့ Exam Space မှာ ဘာအားသာချက်တွေရှိလဲ?
🔹 စာမေးပွဲဖြေဆိုသူတွေ အာရုံစူးစိုက်မှု အပြည့်ရစေမယ့် Academic Environment အပြင်အဆင်
🔹 Bangkok မြို့လယ်ခေါင်မှာ တည်ရှိတဲ့အတွက် အလွယ်တကူရောက်နိုင်လို့ သွားလာရလွယ်ကူပါတယ်
🔹 Affordable & Flexible Pricing ကြောင့် သင့်တင့်တဲ့ နှုန်းထားတွေအပြင် လိုအပ်တဲ့ အချိန်အလိုက် ညှိနှိုင်းငှားရမ်းနိုင်ပါတယ်။

ဒီလို အားသာချက်တွေအပြင်
✅ High-Speed Wi-Fi
✅ Electricity & Air Conditioning
✅ Desk & Chair
✅ Drinking Water
စတဲ့ Facilities တွေကိုလည်း သေချာပြင်ဆင်ပေးထားပါတယ်။

စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ ပတ်ဝန်းကျင်ကောင်းရှိဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒီအတွက် နေရာ ကြိုတင် Book လုပ်ချင်ရင်တော့ အခုပဲ Messenger ကနေ စုံစမ်းလိုက်ပါ!

"Booking & Inquiry"
📞 0930152194
📩 [email protected]

📍လိပ်စာ
Room 0905, 9th Floor, Wannasorn Tower, Thanon Phaya Thai, Ratchathewi, Bangkok 10400
(Phaya Thai BTS ဘူတာကနေဆို (၃)မိနစ် လမ်းလျှောက်ရုံ🚆)"
https://maps.app.goo.gl/1oYkCNxK3qXjhne2A?g_st=ic

(English Version)
​🌟Professional Exam Space Rental

When preparing for online or paper-based examinations, a professional and distraction-free environment makes a real difference.

Spring Light is not only an ACCA Authorised Exam Centre, but also provides dedicated Exam Space Rental services for external candidates who require a reliable and well-equipped venue to sit their examinations with confidence.

​✅ Why Choose Spring Light

Optimal Academic Environment
A quiet, structured setting designed to support full concentration and peak performance throughout your exam session.

Prime Central Location
Conveniently located in the heart of Bangkok with easy access to public transportation.

Flexible and Affordable Pricing
Competitive rates with adjustable booking durations to suit your individual exam schedule.

🛠️Included Facilities
Your booking includes full access to:
•High-speed Wi-Fi
•Stable electricity and air conditioning
•Comfortable ergonomic desk and chair
•Complimentary drinking water

Strong results require both preparation and the right environment. Ensure your exam day runs smoothly by securing your space in advance.
Contact us via Messenger for bookings and further inquiries.

​📞 Booking & Inquiry
Phone: 0930152194
Email: [email protected]

📍 Address: Room 0905, 9th Floor, Wannasorn Tower, Thanon Phaya Thai, Ratchathewi, Bangkok 1040 (Only a 3-minute walk from the BTS/Phaya Thai Station)

https://maps.app.goo.gl/1oYkCNxK3qXjhne2A?g_st=ic


18/02/2026

🌟ဘန်ကောက်မှာ ACCA စာမေးပွဲ ဖြေဆိုချင်သူတွေအတွက် သတင်းကောင်း🌟

Spring Light Academy of Business and Innovation က အခုဆိုရင် ထိုင်းနိုင်ငံမှာ ACCA Authorized On-Demand Computer-Based Examination (CBE) Centre အဖြစ် အသိအမှတ်ပြုထားတဲ့ စာမေးပွဲစင်တာတစ်ခု ဖြစ်ခဲ့ပါပြီ။

📚 On-Demand CBE ဖြေဆိုနိုင်မယ့် ဘာသာရပ်တွေကတော့

ACCA Qualification (ST)
✔ Business and Technology (BT)
✔ Management Accounting (MA)
✔ Financial Accounting (FA)
✔ Corporate and Business Law (LW-ENG / LW-GLO)

Foundations in Accountancy (TST)
✔ Recording Financial Transactions (FA1)
✔ Management Information (MA1)
✔ Maintaining Financial Records (FA2)
✔ Managing Costs and Finance (MA2)
✔ Business and Technology (FBT)
✔ Financial Accounting (FFA)
✔ Management Accounting (FMA)

ဒါကြောင့်
💼 ACCA လမ်းကြောင်းကို စတင်ချင်တဲ့သူတွေ
💡 Accounting & Finance Career ကို Professional အဆင့်ထိ တိုးတက်ချင်သူတွေ
🌍 နိုင်ငံတကာ Accounting Qualification ရယူချင်သူတွေအားလုံးအတွက်
မင်မင်တို့ Spring Light Academy of Business and Innovation က support ပေးဖို့ အဆင်သင့်ပါပဲနော်။

ACCA Exam Registration အကြောင်း စုံစမ်းချင်တယ်ဆိုရင်တော့ အောက်ကဖုန်းနံပါတ်၊ email နဲ့ Page messenger တို့မှာ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📞 0930152194
📩 [email protected]

📍လိပ်စာ
Room 0905, 9th Floor, Wannasorn Tower, Thanon Phaya Thai, Ratchathewi, Bangkok 10400
(Phaya Thai BTS ဘူတာကနေဆို (၃)မိနစ် လမ်းလျှောက်ရုံ🚆)

(English Version)

🌟 Good News for Those Who Wish to Sit for ACCA Exams in Bangkok 🌟

Spring Light Academy of Business and Innovation (Thailand) is now officially recognized as an ACCA Authorized On-Demand Computer-Based Examination (CBE) Centre in Thailand.

📚 Subjects available for On-Demand CBE:

ACCA Qualification (ST)
✔ Business and Technology (BT)
✔ Management Accounting (MA)
✔ Financial Accounting (FA)
✔ Corporate and Business Law (LW-ENG / LW-GLO)

Foundations in Accountancy (TST)
✔ Recording Financial Transactions (FA1)
✔ Management Information (MA1)
✔ Maintaining Financial Records (FA2)
✔ Managing Costs and Finance (MA2)
✔ Business and Technology (FBT)
✔ Financial Accounting (FFA)
✔ Management Accounting (FMA)

Therefore:

💼 For those who wish to start their ACCA journey
💡 For those who want to advance their Accounting & Finance career to a professional level
🌍 For those aiming to obtain an internationally recognized accounting qualification

Spring Light Academy of Business and Innovation (Thailand) is ready to support you.

If you would like more information about ACCA exam registration, please feel free to contact us via the phone number, email, or Page Messenger below:

📞 0930152194
📩 [email protected]

📍 Address
Room 0905, 9th Floor, Wannasorn Tower, Thanon Phaya Thai, Ratchathewi, Bangkok 10400
(Only a 3-minute walk from Phaya Thai BTS Station)


30/01/2026

အမြတ်အစွန်းကို ဦးစားမပေးသော အဖွဲ့အစည်းများ (Not-for-Profit Organisations) – ACCA F1/BT ကျောင်းသားများ အတွက် လက်တွေ့နားလည်လွယ်သော လမ်းညွှန်

(1)​Profit မရှာပေမယ့် တာဝန်ကြီးတဲ့ အဖွဲ့အစည်းများ – ACCA F1/BT အတွက် Not-for-Profit Organisations များကို ခွဲခြမ်းစိတ်ဖြာခြင်း
(2)​Business Organisation အမျိုးအစားများအနက် Not-for-Profit Organisations – ACCA F1/BT Syllabus အခြေပြု လမ်းညွှန်
(3)​Public Sector မှ Charities အထိ – ACCA F1/BT အတွက် Not-for-Profit Organisations များ၏ ဖွဲ့စည်းပုံနှင့် စွမ်းဆောင်ရည်
(4)​ACCA F1/BT မှာ မမေ့သင့်တဲ့ Not-for-Profit Organisations – Types, Governance နှင့် 3Es
(5)​အမြတ်ထက် ရည်မှန်းချက်ကို ဦးစားပေးသော အဖွဲ့အစည်းများ – ACCA F1/BT အတွက် NPOs နှင့် Charities အပြည့်အစုံ)

ဆောင်းပါးရှင် မခင်သစ်ရည် Khin Thit Yee


ဒီဆောင်းပါးဟာ ACCA Part 1 က F1 ဘာသာရပ်ဖြစ်တဲ့ Business & Technology ဘာသာရပ် ရဲ့ Syllabus Section A:The business organisation and its external environment အောက် မှာရှိတဲ့ 1. The purpose and types of business organisation နဲ့ တိုက်ရိုက် အသက်ဆိုင်ဆုံး ဖြစ်ပါတယ်။
စီးပွားရေးအဖွဲ့အစည်း အမျိုးအစားတွေနဲ့ ၎င်းတို့ရဲ့ အဓိကလက္ခဏာတွေကို ခွဲခြားခြင်း (Identify the different types of business organisation and their main characteristics) အတွက် ဒီ ဆောင်းပါးမှာ NPOs တွေရဲ့ အဓိကလက္ခဏာ (၃) ရပ်ကို ရှင်းပြထားပါတယ်။

Public sector အတွက်ကတော့ ဆောင်းပါးမှာ အစိုးရကဏ္ဍနဲ့ NPO ဆက်စပ်ပုံကို ရှင်းပြထားပါ တယ်။ Non-governmental organisations (NGOs)အတွက် ပရဟိတအဖွဲ့တွေအကြောင်းကို ဆွေးနွေးထားသလို Cooperatives အတွက် ဆောင်းပါးထဲမှာ သမဝါယမအသင်းတွေအကြောင်းပါ ထည့်သွင်းရှင်းပြထားပါတယ်။

အဲ့ဒါအပြင် စီးပွားရေးလုပ်ငန်း တစ်ရပ်မှာ အစုရှယ်ရာ ပါဝင်သူ (Stakeholders) နဲ့ ပတ်သက်ပြီး ဆောင်းပါးထဲမှာ NPOs တွေဟာ အလှူရှင်တွေ၊ အကျိုးခံစားခွင့်ရှိသူတွေနဲ့ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့တွေအပေါ် ဘယ်လိုတာဝန်ခံရတယ်ဆိုတာ ရှင်းပြထားပါတယ်။
Governance & Structure ပိုင်းနဲ့ပက်သက်ပြီး ဆောင်းပါးထဲမှာ NPOs တွေကို စီမံခန့်ခွဲရာမှာ ဒါရိုက်တာဘုတ်အဖွဲ့အစား Council သို့မဟုတ် Board of Management နဲ့ အုပ်ချုပ်ပုံ၊ Trustee (ဂေါပက) တွေရဲ့ အခန်းကဏ္ဍတွေကို ရှင်းပြထားတာကြောင့် Section B မှာပါတဲ့ Governance လို့ခေါ်တဲ့ အုပ်ချုပ်မှုယန္တရားနဲ့လည်း သက်ဆိုင်မှုရှိတယ်ဆိုတာကို သိရမှာဖြစ်ပါတယ်။


အမြတ်အစွန်းကို ဦးစားမပေးသော အဖွဲ့အစည်းများ (Not-for-profit Organisations)
စီးပွားရေးလုပ်ငန်းပုံစံအများစုမှာ စီမံခန့်ခွဲမှုနဲ့ ဖွဲ့စည်းပုံဆိုင်ရာအခြေခံမူတွေ တူညီကြပေမယ့် "အမြတ်အစွန်းကို ဦးစားမပေးတဲ့ အဖွဲ့အစည်းတွေ" (Not-for-profit organisations - NPOs) မှာတော့ သမားရိုးကျ စီးပွားရေးသဘောတရားတွေနဲ့ မတူညီတဲ့ထူးခြားချက်များစွာ ရှိနေပါတယ်။

ဒီဆောင်းပါးမှာတော့ NPOs တွေရဲ့ ထူးခြားချက်တွေကို ရှင်းပြပေးသွားမှာပါ။ ပထမပိုင်းမှာ ယေဘု ယျလက္ခဏာတွေကိုဖော်ပြပြီး ဒုတိယပိုင်းမှာတော့ NPO အမျိုးအစားတွေထဲက အရေးကြီးဆုံး တစ်ခုဖြစ်တဲ့ ပရဟိတအဖွဲ့အစည်း (Charities) တွေအကြောင်းကို အသေးစိတ် ဖော်ပြသွားမှာ ဖြစ် ပါတယ်။

ဒီတော့ Not-for-profit organisation (NPO) ဆိုတာ ဘာလဲဆိုတာ ကျွန်မတို့ သိဖို့ အလွန်အရေး ကြီးပါတယ်။ NPO ကို အမြတ်အစွန်းရဖို့ ရည်ရွယ်ချက်မရှိတဲ့အဖွဲ့အစည်းတိုင်းလို့ သတ်မှတ်လိုက် ရင် လွယ်ကူလွန်းရာ ကျပါလိမ့်မယ်။ ဒါဟာ မှားယွင်းတဲ့ ယူဆချက်တစ်ခုပါ။ ဘာကြောင့်လဲဆို တော့ NPO အများစုက နှစ်စဉ်အမြတ်အစွန်းရနေကြပြီး သူတို့ရဲ့တရားဝင်အစီအစဉ်တွေမှာ ဒါကို ထည့်သွင်းထားတတ်ကြလို့ပါပဲ။သူတို့ကတော့ ရလာတဲ့အမြတ်ကို "Profit"လို့ မခေါ်ဘဲ "Surplus" (ပိုငွေ) လို့ သုံးနှုန်းလေ့ရှိပါတယ်။ စကားလုံးကွာခြားပေမယ့် ဝင်ငွေက သုံးစွဲစရိတ်ထက် ပိုနေခြင်း (Excess of income over expenditure) ဆိုတဲ့ အဓိပ္ပါယ်ကတော့ အတူတူပါပဲ။

NPO တွေကို သာမန်စီးပွားရေးလုပ်ငန်းတွေနဲ့ ခွဲခြားနိုင်တဲ့ အချက် (၃) ချက်ရှိပါတယ်။
ပထမအချက်က ရှယ်ယာရှင်များ မရှိခြင်း ဖြစ်ပါတယ်။ NPO အများစုမှာ စီးပွားရေးအတွက် စွန့်စား ရမယ့် အရင်းအနှီး (Risk Capital) ထည့်ဝင်ထားတဲ့ ပြင်ပရှယ်ယာရှင်တွေ မရှိကြပါဘူး။

ဒုတိယအချက်က အမြတ်ဝေစု မခွဲဝေခြင်း ဖြစ်ပါတယ်။ ပထမအချက်နဲ့ ဆက်စပ်ပြီး NPO တွေ ဟာ အမြတ်ဝေစု (Dividends) ခွဲဝေလေ့မရှိပါဘူး။ ရရှိလာတဲ့ အမြတ် သို့မဟုတ် ပိုငွေတွေကို လုပ်ငန်း လည်ပတ်ဖို့ အရင်းအနှီးအဖြစ် ပြန်လည်အသုံးပြုပါတယ်။

နောက်ဆုံး တတိယအချက်ကတော့ လူမှုအကျိုးပြု ရည်မှန်းချက်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ရည် ရွယ်ချက်တွေက လူမှုရေး၊ ယဉ်ကျေးမှု၊ ပရဟိတ၊ လူမှုဖူလုံရေး သို့မဟုတ် ပတ်ဝန်းကျင်ထိန်းသိမ်း ရေး စတာတွေနဲ့ သက်ဆိုင်လေ့ရှိပါတယ်။ ဒီလိုဝန်ဆောင်မှုမျိုးတွေကို ပုံမှန်ဈေးကွက်စနစ် (Market system) ကနေတစ်ဆင့် ထိရောက်စွာ မရရှိနိုင်ပါဘူး။

NPO အမျိုးအစားများ
Not-for-profit အဖွဲ့အစည်းတွေဟာ အစိုးရကဏ္ဍ (Public sector) နဲ့ ပုဂ္ဂလိကကဏ္ဍ (Private sector) နှစ်ခုလုံးမှာ ရှိတတ်ပါတယ်။

အစိုးရကဏ္ဍကို ရှင်းပြရရင် အစိုးရအဖွဲ့အစည်းအများစုဟာ အမြတ်အစွန်းကို အဓိကမထားဘဲ "Public Goods" လို့ခေါ်တဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေကိုပေးဖို့ ဖွဲ့စည်းထားတာပါ။ ဥပမာ - ဆေးဝါးကုသရေး၊ ပြတိုက်များ၊ အနုပညာပြခန်းများနဲ့ သယ်ယူပို့ဆောင်ရေးအချို့ စတာ တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ရေးနဲ့ ဈေးကွက်ထိန်းကျောင်းရေးလိုမျိုး၊ ပုဂ္ဂလိကဈေး ကွက် က မလုပ်ဆောင်နိုင်တဲ့ ကိစ္စရပ်တွေကိုလည်း တာဝန်ယူပါတယ်။

ပုဂ္ဂလိကကဏ္ဍမှာတော့ ပရဟိတအဖွဲ့တွေ၊ ဝင်ငွေနည်းပါးသူတွေအတွက် အိမ်ရာစီစဉ်ပေးတဲ့ အဖွဲ့ တွေ၊ အားကစားအသင်းအဖွဲ့တွေ၊ သိပ္ပံသုတေသန ဖောင်ဒေးရှင်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအဖွဲ့တွေ ပါဝင်ကြပါတယ်။

ဖွဲ့စည်းပုံပုံစံများ (Corporate Form)
NPO တွေကို တရားဝင်ဖွဲ့စည်းထားသောအဖွဲ့ (Incorporated) သို့မဟုတ် တရားဝင်မှတ်ပုံတင် မထားသော အဖွဲ့ (Unincorporated) အနေနဲ့ တွေ့ရတတ်ပါတယ်။ အများအားဖြင့် တွေ့ရလေ့ ရှိတဲ့ ပုံစံတွေကတော့ -
အစိုးရကဏ္ဍ - အစိုးရဌာနတွေ သို့မဟုတ် ကိုယ်စားလှယ်ရုံးတွေအဖြစ် ရှိတတ်သလို၊ အချို့မှာ အာမခံချက်နဲ့ ကန့်သတ်ထားတဲ့ ကုမ္ပဏီ (Private companies limited by guarantee) အဖြစ် လည်း ရှိတတ်ပါတယ် (ဥပမာ - UK ၏ ဘဏ္ဍာရေးဝန်ဆောင်မှု အာဏာပိုင်အဖွဲ့လိုမျိုးပေါ့။)

ပုဂ္ဂလိကကဏ္ဍ - သမဝါယမအသင်းတွေ (Cooperatives)၊ စက်မှုလက်မှု သို့မဟုတ် အကျိုးတူ အသင်းတွေ၊ယုံကြည်အပ်နှံမှုအဖွဲ့ (Trusts)၊ ကုမ္ပဏီလီမိတက်တွေ သို့မဟုတ် ကလပ်အသင်းအဖွဲ့ တွေအဖြစ် တွေ့ရတတ်ပါတယ်။

(မှတ်ချက်။ ။ Cooperative ဆိုတာ အဖွဲ့ဝင်တွေက ပိုင်ဆိုင်ပြီး 'တစ်ယောက် တစ်မဲ' စနစ်နဲ့ အုပ် ချုပ်တဲ့ အဖွဲ့ဖြစ်ပါတယ်။ Trust ဆိုတာကတော့ သတ်မှတ်ထားတဲ့ရည်ရွယ်ချက်တွေကို အကောင် အထည်ဖော်ဖို့ ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ဂေါပက (Trustees) တွေက ရန်ပုံငွေကို စီမံခန့်ခွဲရပါ တယ်။)

ဖွဲ့စည်းပုံနှင့် ရည်မှန်းချက်များ
NPO တွေကို တည်ထောင်သူတွေက သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်တစ်ခု သို့မဟုတ် အများ အပြားကို အကောင်အထည်ဖော်ဖို့ တည်ထောင်လေ့ရှိကြပြီး၊ တည်ထောင်သူမရှိတော့သည့်တိုင် ဆက်လက်ရှင်သန်နေဖို့ မျှော်လင့်ကြပါတယ်။

ကုမ္ပဏီပုံစံဖြစ်လျင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (Memorandum and Articles of Association) ရှိပြီး ရည်ရွယ်ချက်တွေကို အလွယ်တကူ မပြင်ဆင်နိုင်အောင် ရေးဆွဲထားလေ့ရှိပါတယ်။

ကုမ္ပဏီမဟုတ်လျင်တော့ စည်းမျဉ်းတွေ (Rules) သတ်မှတ်ထားလေ့ရှိပါတယ်။

သာမန်စီးပွားရေးလုပ်ငန်းတွေနဲ့ မတူတာကတော့ NPO တွေရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက် တွေဟာ အချိန်ကာလကြာမြင့်သည်အထိ ပြောင်းလဲလေ့မရှိပါဘူး။ ဒါပေမယ့် လုပ်ဆောင်တဲ့ ဦးတည်ချက် (Focus of activity) ကတော့ ပြောင်းလဲနိုင်ပါတယ်။

စွမ်းဆောင်ရည် တိုင်းတာခြင်း (Performance Measurement)
NPO တွေရဲ့ စွမ်းဆောင်ရည်ကို သမားရိုးကျ စာရင်းကိုင်အချိုးတွေ (ဥပမာ - ROCE, ROI) နဲ့ တိုင်းတာဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အောက်ပါ အချက် (၃) ချက်နဲ့ အဓိက တိုင်းတာလေ့ရှိ ပါတယ် -

ပထမအချက်ကတော့ Effectiveness (ထိရောက်မှု) ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ ရည်မှန်းချက် တွေ ဘယ်လောက် အောင်မြင်သလဲဆိုတာမျိုးပေါ့။

ဒုတိယအချက်ကတော့ Economy (တွက်ခြေကိုက်မှု/ခြိုးခြံမှု) ဖြစ်ပါတယ်။ ရင်းမြစ်တွေကို အကောင်းဆုံး အသုံးချနိုင်မှု (ကုန်ကျစရိတ် ထိန်းချုပ်နိုင်မှု) ဖြစ်ပါတယ်။

နောက်ဆုံး တတိယအချက်ကတော့ Efficiency (စွမ်းဆောင်ရည်)ဖြစ်ပါတယ်။ အသုံးပြုလိုက်တဲ့ အရင်းအမြစ်တစ်ခုချင်းစီအတွက် ထွက်ရှိလာတဲ့ ရလဒ် (Output per unit of resource) ကို ကြည့်တာဖြစ်ပါတယ်။

စီမံခန့်ခွဲမှု (Management)
NPO တွေရဲ့ စီမံခန့်ခွဲမှုပုံစံဟာ သာမန်စီးပွားရေးလုပ်ငန်းတွေနဲ့ ဆင်တူပေမယ့် အသုံးအနှုန်းတွေ ကွဲပြားနိုင်ပါတယ်။ ကုမ္ပဏီတွေမှာ ဒါရိုက်တာအဖွဲ့ (Board of Directors) ရှိပေမယ့်၊ NPO တွေ မှာတော့ ကောင်စီ (Council) သို့မဟုတ် စီမံခန့်ခွဲမှုအဖွဲ့ (Board of Management) က မူလ ရည်ရွယ်ချက်တွေအတိုင်း ဖြစ်စေဖို့ ထိန်းကျောင်းပေးပါတယ်။

နောက်ပိုင်းမှာတော့ ကုမ္ပဏီတွေနဲ့ NPO တွေရဲ့ စီမံခန့်ခွဲမှုပုံစံတွေ ပိုမိုနီးစပ်လာကြပြီး၊ NPO တွေမှာလည်း အမှုဆောင်မဟုတ်တဲ့ အရာရှိတွေ (Non-executive officers) နဲ့ ကျွမ်းကျင် ဝန်ထမ်း (Career executives) တွေကို ခန့်အပ်တာဝန်ပေးလာကြပြီ ဖြစ်ပါတယ်။

အခုဆက်လက်ပြီး ရှင်းပြမှာကတော့ ဆောင်းပါးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ "Charities" (ပရဟိတအဖွဲ့ အစည်းတွေ) အကြောင်းပဲဖြစ်ပါတယ်။

ပရဟိတအဖွဲ့အစည်းများ (Charities)
"Charity" (ပရဟိတ) ဆိုတဲ့ စကားလုံးက စေတနာအလျောက် ပေးကမ်းကူညီခြင်းလို့ အဓိပ္ပာယ်ရ ပါတယ်။ ပရဟိတအဖွဲ့အစည်းတွေဟာ ယေဘုယျ သို့မဟုတ် တိကျတဲ့လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

သူတို့ဟာ "အမြတ်အစွန်းကို ဦးစားမပေးသော အဖွဲ့အစည်း" (Not-for-profit organisations) အမျိုးအစားထဲမှာ ပါဝင်ပေမယ့် အောက်ပါထူးခြားချက်တွေ ရှိနေပါတယ်။ ဒါတွေကတော့ -
(၁) လူ့အဖွဲ့အစည်းအတွင်း သတ်မှတ်ထားတဲ့ လူတန်းစားတစ်ရပ် သို့မဟုတ် အုပ်စုတစ်ခုရဲ့ အကျိုးစီးပွားအတွက် သီးသန့် ရပ်တည်ခြင်း။
(၂) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များ ဖြစ်သည့်အတွက် အခွန်ကင်း လွတ်ခွင့် သို့မဟုတ် အခွန်သက်သာခွင့်များ ရရှိလေ့ရှိခြင်း (ဒီအတွက်ကြောင့် သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ထံမှာ မှတ်ပုံတင်ထားရပါမယ်။)
(၃) စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (Regulator) ရဲ့ ကန့်သတ်ထိန်းချုပ်မှုအောက်တွင် လုပ်ငန်း ဆောင်ရွက်ရခြင်း။
(၄) ရည်မှန်းချက်များ အောင်မြင်ဖို့အတွက် ပြည်သူလူထု သို့မဟုတ် စီးပွားရေးလုပ်ငန်းများ (သို့မဟုတ် နှစ်ခုစလုံး) ရဲ့ ငွေကြေးထောက်ပံ့မှုအပေါ် မှီခိုရခြင်းနဲ့
(၅) ငွေကြေးလည်ပတ်နိုင်ဖို့အတွက် အခကြေးငွေမယူတဲ့ စေတနာ့ဝန်ထမ်း မန်နေဂျာများနှင့် လုပ်သားများအပေါ် များစွာ မှီခိုအားထားရခြင်း တို့ပဲဖြစ်ပါတယ်။

ပရဟိတဆိုင်ရာ လုပ်ငန်းဆောင်တာများ (Charitable activities)
ယူကေနိုင်ငံ (UK) မှာတော့ ပရဟိတအဖွဲ့တွေကို Charities Act 2006 ဥပဒေနဲ့ ထိန်းကျောင်း ထားပါတယ်။ ဒီဥပဒေမှာ ပရဟိတလုပ်ငန်းဆိုတာ ဘာလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ထားပြီး နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ ၎င်းတို့ကတော့ -
(၁) ဆင်းရဲမွဲတေမှု ပပျောက်ရေး သို့မဟုတ် သက်သာစေရေး။
(၂) ပညာရေး မြှင့်တင်ရေး။
(၃) ဘာသာရေး ထွန်းကားပြန့်ပွားရေး။
(၄) ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေး သို့မဟုတ် အသက်ကယ်ဆယ်ရေး။
(၅) နိုင်ငံသားကောင်း ဖြစ်မှု သို့မဟုတ် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး။
(၆) အနုပညာ၊ ယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ် သို့မဟုတ် သိပ္ပံပညာ တိုးတက်ပြန့်ပွားရေး။
(၇) ဝါသနာရှင်အဆင့် အားကစားကဏ္ဍ မြှင့်တင်ရေး။
(၈) လူ့အခွင့်အရေး၊ ပဋိပက္ခဖြေရှင်းရေး သို့မဟုတ် ပြန်လည်သင့်မြတ်ရေး၊ ဘာသာရေး/လူမျိုး ရေး သဟဇာတဖြစ်မှုနှင့် တန်းတူညီမျှမှုတို့ ကို မြှင့်တင်ရေး။
(၉) သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး သို့မဟုတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရေး။
(၁၀) လူငယ်၊ သက်ကြီးရွယ်အို၊ ကျန်းမာရေးမကောင်းသူ၊ မသန်စွမ်းသူ၊ ငွေကြေးခက်ခဲသူတွေ ကို ကူညီထောက်ပံ့ရေး။
(၁၁) တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာ (Animal Welfare) ကို မြှင့်တင်ရေး။
(၁၂) နိုင်ငံတော်၏ လက်နက်ကိုင်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့တွေ၊ လူနာတင်ယာဉ် ဝန်ဆောင်မှုတွေ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနဲ့
(၁၃) အခြားသော ပရဟိတ ရည်ရွယ်ချက်တွေနဲ့ ဆင်တူတဲ့ အသစ်ပေါ်ပေါက်လာတဲ့ ပရဟိတ လုပ်ငန်းတွေ ပဲဖြစ်ပါတယ်။

အင်္ဂလန်နှင့် ဝေလနယ်မှာရှိတဲ့ ပရဟိတအဖွဲ့တွေကို လီဗာပူးလ်မြို့မှာ အခြေစိုက်တဲ့ Charity Commission က ထိန်းကျောင်းပါတယ်။ နိုင်ငံအလိုက် "ပရဟိတ" ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ကွဲပြားနိုင်ပေမယ့် အထက်ပါအချက် အများစုကိုတော့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်လေ့ မရှိတာကြောင့် ပရဟိတလုပ်ငန်းတွေအဖြစ် ကမ္ဘာအနှံ့ လက်ခံထားကြပါတယ်။

ဖွဲ့စည်းပုံပုံစံ (Corporate form)
ပရဟိတအဖွဲ့တွေဟာ အရွယ်အစား၊ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက်တွေအပေါ်မူတည်ပြီး ကွဲပြား ကြပါတယ်။ ဥပမာ - Oxfam အဖွဲ့ကြီးဆိုရင် တိုက်ကြီးများအားလုံးမှာ အဖွဲ့ခွဲ (၁၃) ခုနဲ့ ဖွဲ့စည်း ထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စေတနာ့ဝန်ထမ်းတွေနဲ့သာ လည်ပတ်နေတဲ့ ဒေသန္တရ ပရဟိတအဖွဲ့ငယ်လေးတွေ ထောင်ပေါင်းများစွာ ရှိပါတယ်။ Oxfam လို အဖွဲ့ကြီးတွေက ကုမ္ပဏီလီမိတက် (Limited Companies)ပုံစံနဲ့ လည်ပတ်ကြပေမယ့် ဒေသတွင်း အဖွဲ့ငယ်လေးတွေကတော့ အသင်းအဖွဲ့ (Associations) ပုံစံနဲ့ ဖွဲ့စည်းတာကို ပိုနှစ်သက်ကြပါ တယ်။

ပရဟိတအဖွဲ့တစ်ခုအနေနဲ့ စီးပွားဖြစ်လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်း တွေဟာ ပရဟိတရည်ရွယ်ချက်ကို အပြည့်အဝ အထောက်အကူပြုရပါမယ်။ ဥပမာ - British Heart Foundation, British Red Cross နဲ့ Age Concern တို့လို အဖွဲ့တွေဟာ ရန်ပုံငွေရဖို့ လက်လီအရောင်းဆိုင်တွေ (Retail shops) ဖွင့်လှစ်ကြပါတယ်။ ဒီဆိုင်တွေဟာ အမြတ်ရတဲ့ စီးပွား ရေးလုပ်ငန်းတွေ ဖြစ်ပေမယ့်၊ ဒီဆိုင်တွေကို လည်ပတ်ဖို့ ကုမ္ပဏီသီးခြားထောင်ထားရင်တောင် ရရှိ တဲ့ နှစ်စဉ်အမြတ်ငွေအားလုံးကို ပရဟိတအဖွဲ့ထံ လွှဲပြောင်းပေးအပ်ဖို့ (Covenant) တရားဝင် ကတိပြုစာချုပ် ချုပ်ဆိုထားရပါတယ်။

အိမ်ခြံမြေလိုမျိုး တန်ဖိုးကြီး ပိုင်ဆိုင်မှုတွေရှိတဲ့ ပရဟိတအဖွဲ့တွေဟာ ဒီပိုင်ဆိုင်မှုတွေကို သီးခြား လွတ်လပ်တဲ့ "ထိန်းသိမ်းစောင့်ရှောက်သူ ဂေါပကများ" (Guardian Trustees) ထံ လွှဲပြောင်း အပ်နှံလေ့ရှိပါတယ်။ သူတို့ရဲ့ တာဝန်ကတော့ ဒီပိုင်ဆိုင်မှုတွေကို အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့အညီ အသုံးပြုဖြစ်အောင် ထိန်းကျောင်းပေးဖို့ ဖြစ်ပါတယ်။

ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် ရည်မှန်းချက်များ
ပရဟိတအဖွဲ့တွေကို တိကျတဲ့ပရဟိတရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလေ့ရှိပါတယ်။ မူလရည် ရွယ်ချက် မပျောက်ပျက်သရွေ့တော့ လုပ်ငန်းတွေကို တိုးချဲ့တာ၊ ပြောင်းလဲတာမျိုး လုပ်နိုင်ပါ တယ်။ ဥပမာ - Oxfam အဖွဲ့ဟာ ၁၉၄၂ ခုနှစ်တုန်းက မဟာမိတ်တပ်တွေရဲ့ ပိတ်ဆို့မှုကြောင့် ဂရိနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အငတ်ဘေးကို ကူညီဖို့ "Oxford Committee for Famine Relief" ဆိုပြီး စတင်ဖွဲ့စည်းခဲ့တာပါ။ အခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်း အငတ်ဘေး ကယ်ဆယ်ရေးတွေ လုပ် ဆောင်နေပြီ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖွဲ့စည်းပုံ (Constitution/Rules) မှာ ရေးဆွဲထားလေ့ရှိပြီး အဖွဲ့အနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်သလဲ၊ ဘာတွေ မလုပ်ဆောင်နိုင်ဘူးလဲ ဆိုတာကို ပြဋ္ဌာန်း ထားပါတယ်။ လုပ်ငန်းတွေကို စီမံရာမှာ ထိရောက်မှု (Effectiveness)၊ တွက်ခြေကိုက်မှု (Economy) နဲ့ စွမ်းဆောင်ရည် (Efficiency) တွေကို တိုင်းတာပြီး ထိန်းချုပ်ပါတယ်။ အများ ပြည်သူရဲ့ လှူဒါန်းငွေတွေဟာ အမှန်တကယ် လိုအပ်နေသူတွေဆီ ရောက်ရှိကြောင်း ပြသနိုင်ဖို့ စွမ်းဆောင်ရည် အစီရင်ခံစာတွေကိုလည်း ထုတ်ပြန်လေ့ရှိပါတယ်။

စီမံခန့်ခွဲမှု (Management)
ပရဟိတအဖွဲ့ အများစုကို စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီ (Council) က စီမံ ခန့်ခွဲပါတယ်။ သူတို့ဟာ ကုမ္ပဏီတွေက အမှုဆောင်မဟုတ်သော ဒါရိုက်တာများ (Non-executive directors) နဲ့ သဘောသဘာဝ တူညီပါတယ်။ ကောင်စီရဲ့ တာဝန်ကတော့ ရေရှည် မဟာဗျူဟာ တွေ ချမှတ်ဖို့နဲ့ ရည်မှန်းချက်တွေ ပြည့်မီအောင် ထိန်းကျောင်းဖို့ ဖြစ်ပါတယ်။

ပြင်ပ ပတ်ဝန်းကျင် အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ ရည်မှန်းချက်တွေလည်း ပြောင်းလဲ နိုင်ပါ တယ်။ ဥပမာ - Barnardos ဆိုတဲ့ ကလေးသူငယ် ပရဟိတအဖွဲ့ဟာ မိဘမဲ့ ကလေးဂေဟာ တွေ ဖွင့်လှစ်ဖို့စတင်ခဲ့ပေမယ့်၊ ဒုတိယကမ္ဘာစစ်အပြီး လူမှုဖူလုံရေး စနစ်တွေ ကောင်းလာတာ၊ ကလေးမွေးစားမှုတွေ များလာတာကြောင့် ဂေဟာတွေဖွင့်မယ့်အစား တခြားသော ပံ့ပိုးကူညီမှု ဝန်ဆောင်မှုတွေဘက်ကို ပြောင်းလဲဦးတည်ခဲ့ရပါတယ်။

ဒေသတွင်း ပရဟိတအဖွဲ့တွေအတွက်တော့ ရန်ပုံငွေထောက်ပံ့သူ အရေအတွက် နည်းပါးတာ ကြောင့် ရေရှည်ရပ်တည်နိုင်ဖို့ စဉ်းစားရတာတွေ ရှိပါတယ်။

ပရဟိတအဖွဲ့တိုင်းမှာ မဟာဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အန္တရာယ် (Risks) တွေ ရှိပါ တယ်။ ဒါတွေကတော့
(၁) နိုင်ငံတကာအဖွဲ့များအတွက်: နိုင်ငံရေး မတည်ငြိမ်မှုတွေ (Country risk) နဲ့ ငွေကြေးတန်ဖိုး အတက်အကျတွေ (Currency risk) ကို ထည့်သွင်းစဉ်းစားရပါတယ်။
(၂) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ: စေတနာ့ဝန်ထမ်းများအပေါ် မှီခိုရလွန်းခြင်း (သူတို့ ဆက်လက် ကူညီပါ့မလားဆိုတဲ့ မရေရာမှု)နှင့် အတွင်းပိုင်းထိန်းချုပ်မှု (Internal control) အားနည်းနိုင်ခြင်း တွေ ရှိပါတယ်။
ဥပမာအားဖြင့် ဆိုင်တွေမှာ အငြိမ်းစားယူထားတဲ့ သက်ကြီးပိုင်း စေတနာ့ဝန်ထမ်းတွေကို အားကိုး နေရပေမယ့်၊ နောင်လာမယ့် မျိုးဆက်တွေကရော အလကား လုပ်အားပေးချင်ပါ့မလားဆိုတာ မသေချာပါဘူး။ လုပ်ငန်းလည်ပတ်စရိတ်ကို ထိန်းချုပ်ရတာကြောင့် အခကြေးငွေပေးရတဲ့ ဝန်ထမ်း တွေ ခန့်ဖို့လည်း ခက်ခဲပါတယ်။

နောက်ထပ်အန္တရာယ်တစ်ခုကတော့ (၃) လူမှုစီးပွားအခြေအနေပါပဲ။ စီးပွားရေးကျဆင်းတဲ့ ကာလ တွေမှာ လူတွေရဲ့ ဝင်ငွေလျော့နည်းလာတာကြောင့် အလှူအတန်း နည်းလာတတ်ပါတယ်။ UK မှာ ဆိုရင် "Charity Fatigue" (အလှူအတန်း ငြီးငွေ့လာခြင်း) ဆိုတဲ့ အခြေအနေမျိုး တွေ့လာရပါ တယ်။ ဒါကတော့ ပရဟိတအဖွဲ့တွေ အရမ်းများလာပြီး အလှူခံတာတွေ များလွန်းလာတဲ့အခါ လူတွေက စိတ်ပျက်ပြီး ဘယ်သူ့ကိုမှ မလှူချင်တော့တဲ့ အခြေအနေမျိုး ဖြစ်လာတာ ဖြစ်ပါတယ်။

အကြံပြုချက်
ACCA F1/BT စာမေးပွဲမှာ ဒီဆောင်းပါးပါ အချက်အလက်တွေကနေ Profit-maximising organisations (အမြတ်အဓိကအဖွဲ့များ) နဲ့ NPOs တွေရဲ့ ကွာခြားချက်၊ NPOs တွေရဲ့ စွမ်း ဆောင်ရည်ကို တိုင်းတာတဲ့ 3Es (Economy, Efficiency, Effectiveness) သဘောတရား၊ NPOs တွေရဲ့ ဖွဲ့စည်းပုံ (ဥပမာ - Company Limited by Guarantee သို့မဟုတ် Trust ပုံစံ) တွေကို စာမေးပွဲမေးခွန်းတွေမှာ တွေ့နိုင်ပါတယ်လို့ အကြံပြုချင်ပါတယ်။


ဘာသာပြန် ဆောင်းပါးရှင် မခင်သစ်ရည်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စာရင်းကိုင်စံနှုန်းတွေ၊ အခွန်မူဝါဒနဲ့ ဘဏ္ဍာရေးစနစ်တွေမှာ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး၊ FCCA လက်မှတ်ရ ဘဏ္ဍာရေးပညာရှင်နဲ့ စွန့်ဦး တီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ အရှေ့တောင်အာရှနဲ့ ဥရောပဒေသ တွေမှာ ပညာရှင်အဆင့် အကြံပေးလုပ်ငန်းတွေ၊ Fintech (ဘဏ္ဍာရေးနည်းပညာ) ဆန်းသစ် တီထွင်မှုတွေနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိပါသည်။


Original articles reference
Part 1 - https://www.accaglobal.com/gb/en/student/exam-support-resources/fundamentals-exams-study-resources/f5/technical-articles/NFP-organisations.html
Part 2 - https://www.accaglobal.com/gb/en/student/exam-support-resources/fundamentals-exams-study-resources/f5/technical-articles/NFP-organisations.html

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Wannasorn Building 35 อาคารวรรณสรณ์ Phaya Thai Road, Thanon Phaya Thai, Ratchathewi
Bangkok
10400