11/03/2026
📸 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗚𝗮𝘁𝗵𝗲𝗿𝗶𝗻𝗴 𝗥𝗲𝗰𝗮𝗽 🎉
We are delighted to share that our Community Student Gathering was successfully held with the participation of Myanmar students from different universities in Bangkok.
It was a meaningful and enjoyable gathering where students had the chance to connect, share experiences, build new friendships, and learn more about future opportunities. We are thankful to everyone who joined and made the event such a warm and memorable one.
Special thanks to Shwe Tea House & Noodles for their collaboration and support.
We hope to continue creating more spaces like this for students to connect, grow, and support one another. 💛
07/03/2026
🚨 Tomorrow is the big day! Are you ready?
We are so excited to welcome everyone tomorrow for the Community Student Gathering!
Here is your quick checklist for tomorrow afternoon:
✅ Bring your student energy and a big smile!
✅ Come hungry—delicious, free Burmese food from Shwe Tea House awaits! 🤤
✅ Be ready to network, play games, and chat about future opportunities.
Friendly reminder to arrive on time so you don't miss out on any of the activities!
📍 Location: Shwe Tea House (On Nut)
⏰ Time: 3:00 PM sharp!
See you all tomorrow! 🚀
06/03/2026
ကျောင်းသားလူငယ်တိုင်း အတွက်အကျိုးရှိနိုင်မယ့် webinar လေးတစ်ခု ⭐️
အားလုံးပဲ GLORY Academy ကနေ မနက်ဖြန် March 6, 2026 မှာကျင်းပပြုလုပ်မယ့် “Academic Choices and Career Readiness” ဆိုတဲ့ Webinar လေးမှာ “Bangkok Kyaung Thar” ကနေ Media Partnership အနေနဲ့ ပါဝင်အားဖြည့်ထားပါတယ်။ 🎯
💠GLORY Academy Organization ဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားလူငယ်တွေသာမကပဲ နိုင်ငံတစ်ကာက ကျောင်းသားတွေရဲ့ ပညာရေးအသိဥာဏ်များ၊ အထွေထွေဗဟုသုနဲ့ ဘဝတိုးတက်ရေးတို့ကို ကူညီဆောင်ကျဉ်းပေးဖို့ လူငယ်တွေနဲ့အတူ ဖွဲ့စည်းတည်ထောင်ထားတဲ့ လူထုအကျိုးပြု Non-profit Organization တစ်ခုပဲဖြစ်ပါတယ်။
💠လက်ရှိမှာ GLORY Academy ကနေပြီး Social Media တွေကနေမှတစ်ဆင့် Seminars, Webinars တွေနဲ့ Workshops တွေဖန်တီးပြီး အဖိုးတန်တဲ့ပညာရေးဗဟုသုတတွေကို လူငယ်တွေလက်ထဲသို့ရောက်အောင် ပို့ဆောင်ပေးလျက်ရှိပါတယ်။
March 6, 2026 မှာပြုလုပ်သွားမယ့် “Academic Choices and Career Readiness” Webinar လေးကဟာဆိုရင် ~
✅လူငယ်တွေအနေနဲ့ ကိုယ်အားသာတဲ့နယ်ပယ်အလိုက် ကိုယ့်ရဲ့ career ကိုဘယ်လိုရွေးချယ်ရမလဲဆိုတဲ့ အကြောင်းအရာတွေ
✅Hospitality and Tourism Major ကိုရွေးချယ်လိုတဲ့ လူငယ်တွေအနေနဲ့ အဲ့ဒီနယ်ပယ်အတွင်းမှာ သင်ယူရမယ့်အကြောင်းအရာတွေ
✅အလုပ်အကိုင် အာမခံချက်ရှိပြီး Career Growth ဖြစ်ဖို့ ထိုင်းနိုင်ငံအခြေစိုက် AIHM ကနေ စီစဉ်ပြုလုပ်ပေးတဲ့ Internship Programs တွေစတဲ့အကြောင်းအရာအားလုံးကို အခုပြုလုပ်မယ့် Webinar လေးထဲမှာပဲ ပြောကြားပေးသွားမှာပါ။ 💬
Webinar လေးရဲ့ အသေးစိတ်အကြောင်းအရာကိုတော့ အောက်မှာဖော်ပြထားတဲ့ Link လေးထဲမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ ⬇️
https://www.facebook.com/share/p/173TzYfuPj/?mibextid=wwXIfr
ကိုယ့်ရဲ့ Career Pathway ကိုရှာဖွေနေတဲ့လူငယ်တွေ၊ Hospitality အပိုင်းကိုလေ့လာချင်နေတဲ့ လူငယ်တွေအတွက် အရမ်းကိုအဖိုးတန်တဲ့ Webinar လေးမလို့ နားထောင်ချင်တယ်ဆိုရင်တော့ ပါဝင်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေ။ 👏
🌐Webinar Details
📮Title - Academic Choices and Career Readiness
📆Date - 6th March, 2026
⏰Time - 8:00 - 10:00 PM (MMT)
💻Platform - Via Zoom
04/03/2026
🇹🇭 Bangkok မှာ Internship ရှာနေလား? Third Country ကူးဖို့ ပြင်ဆင်နေလား? 🤔💼
ဒါဆိုရင်တော့ ဒီ Meet-up ကို လုံးဝ (လုံးဝ) လက်မလွတ်သင့်ပါဘူး! Bangkok Kyaung Thar နဲ့ Shwe Tea House တို့ ပူးပေါင်းစီစဉ်တဲ့ ဒီပွဲက အစားအသောက် စားရုံတင်မကဘဲ… ကျွန်တော်တို့တွေရဲ့ ရှေ့ဆက်မယ့် ခရီးလမ်းအတွက်ပါ ရည်ရွယ်ပါတယ်။
ဒီပွဲမှာ ဘာတွေ အဓိက ဆွေးနွေးသွားကြမလဲ?
🔹Internships: BKK မှာ ကျောင်းတက်ရင်း Internship အခွင့်အလမ်းတွေ ဘယ်လိုရှာမလဲ?
🔹Ambassadors: Bangkok Kyaung Thar နဲ့ လက်တွဲပြီး မိမိ University ရဲ့ Ambassador ဖြစ်ခွင့်။
🔹Third Country Pathways: Third Country ကို ဆက်သွားဖို့ စိတ်ကူးရှိသူတွေအတွက် လမ်းညွှန်ချက်နဲ့ အကြံဉာဏ်ကောင်းတွေ။
ကိုယ့်ရဲ့ Network ကို ချဲ့ထွင်ပြီး အခွင့်အလမ်းကောင်းတွေ ဖမ်းဆုပ်နိုင်ဖို့ အခုပဲ Register လိုက်ပါ။ 👇
🗓 𝐃𝐚𝐭𝐞: 𝐌𝐚𝐫𝐜𝐡 8, 2026 (𝐒𝐮𝐧𝐝𝐚𝐲)
⏰ 𝐓𝐢𝐦𝐞: 3:00 𝐏𝐌 - 6:00 𝐏𝐌
📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: 𝐒𝐡𝐰𝐞 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 & 𝐍𝐨𝐨𝐝𝐥𝐞𝐬 (𝐎𝐧 𝐍𝐮𝐭 𝐁𝐫𝐚𝐧𝐜𝐡, 𝐎𝐧 𝐍𝐮𝐭 𝐁𝐓𝐒 အနီး)
💵 𝐂𝐨𝐬𝐭: 𝐅𝐑𝐄𝐄 (𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐛𝐲 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐊𝐲𝐚𝐮𝐧𝐠 𝐓𝐡𝐚𝐫 & 𝐒𝐡𝐰𝐞 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞)
🔗Register Link: https://forms.gle/akiUyZS2tnoGMkPi9
28/02/2026
📢 𝐁𝐚𝐧𝐠𝐤𝐨𝐤 ရောက် မြန်မာကျောင်းသားတွေ အားလုံးအတွက် သတင်းကောင်း! 🇲🇲✨
𝐁𝐚𝐧𝐠𝐤𝐨𝐤 မှာ ကျောင်းတက်နေရတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐥𝐢𝐟𝐞 ကို တစ်ယောက်တည်းဖြတ်သန်းတာထက် ကိုယ့်ရဲ့ 𝐍𝐞𝐭𝐰𝐨𝐫𝐤 ကိုပါ ချဲ့ထွင်ချင်သူတွေအတွက် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐊𝐲𝐚𝐮𝐧𝐠 𝐓𝐡𝐚𝐫 ရဲ့ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 ပွဲလေး လာပါပြီ။ 🎓
𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐊𝐲𝐚𝐮𝐧𝐠 𝐓𝐡𝐚𝐫 ကနေ ပထမဆုံးအကြိမ်အဖြစ် စီစဉ်လိုက်တဲ့ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 ပွဲလေးမှာ အေးအေးဆေးဆေး စကားပြောမယ်၊ 𝐆𝐚𝐦𝐞𝐬 တွေဆော့မယ်။
အမိုက်ဆုံးအချက်ကတော့... အစားအသောက်တွေက 𝐅𝐫𝐞𝐞 ပါနော်! 🍜✨ 𝐒𝐡𝐰𝐞 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 နဲ့ 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐞 ထားတာဖြစ်တဲ့အတွက် 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်ပြီး ပွဲတက်ရောက်မယ့်သူတိုင်း မြန်မာအစားအစာ စစ်စစ်တွေနဲ့ 𝐃𝐫𝐢𝐧𝐤𝐬 တွေကို အခမဲ့ သုံးဆောင်ခွင့်ရမှာပါ။
ဒါကြောင့် လာ 𝐣𝐨𝐢𝐧 ဖို့ ဖိတ်ခေါ်လိုက်ပါတယ်!
ဒီပွဲလေးမှာ ဘာတွေရမလဲဆိုရင် -
✅ တခြား 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တွေက ကျောင်းသားတွေနဲ့ 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬
✅ 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 တွေနဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐦𝐛𝐚𝐬𝐬𝐚𝐝𝐨𝐫 လျှောက်ထားနိုင်မယ့် အခွင့်အလမ်းတွေ
✅ 𝐓𝐡𝐢𝐫𝐝 𝐂𝐨𝐮𝐧𝐭𝐫𝐢𝐞𝐬 ဆက်သွားမယ့်သူတွေအတွက် အကြံပေးဆွေးနွေးမှုများ
✅ 𝐒𝐡𝐰𝐞 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 က ရှယ်ကောင်းတဲ့ အလွမ်းပြေ မြန်မာအစားအစာတွေ! 🍜
⚠️ 𝐒𝐞𝐚𝐭 𝐋𝐢𝐦𝐢𝐭𝐞𝐝 ဖြစ်ပီးတော့ 𝐅𝐢𝐫𝐬𝐭 𝐂𝐨𝐦𝐞, 𝐅𝐢𝐫𝐬𝐭 𝐒𝐞𝐫𝐯𝐞𝐝 လက်ခံမှာမို့ အမြန်ဆုံး စာရင်းပေးသွင်းထားမှ စိတ်ချရမယ်နော်။
🗓 𝐃𝐚𝐭𝐞: 𝐌𝐚𝐫𝐜𝐡 8, 2026 (𝐒𝐮𝐧𝐝𝐚𝐲)
⏰ 𝐓𝐢𝐦𝐞: 3:00 𝐏𝐌 - 6:00 𝐏𝐌
📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: 𝐒𝐡𝐰𝐞 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 & 𝐍𝐨𝐨𝐝𝐥𝐞𝐬 (𝐎𝐧 𝐍𝐮𝐭 𝐁𝐫𝐚𝐧𝐜𝐡, 𝐎𝐧 𝐍𝐮𝐭 𝐁𝐓𝐒 အနီး)
💵 𝐂𝐨𝐬𝐭: 𝐅𝐑𝐄𝐄 (𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐛𝐲 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐊𝐲𝐚𝐮𝐧𝐠 𝐓𝐡𝐚𝐫 & 𝐒𝐡𝐰𝐞 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞)
📍https://maps.app.goo.gl/nGjaWUXtSKLhR5q1A
👉 အခုပဲ ဒီ 𝐋𝐢𝐧𝐤 မှာ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လိုက်ပါ: https://forms.gle/akiUyZS2tnoGMkPi9
25/02/2026
🎓 ဘန်ကောက်ရောက် မြန်မာကျောင်းသားများအတွက် သတင်းကောင်း! 🌟
မင်္ဂလာပါရှင်! 🙏✨ ဘန်ကောက်မှာရှိတဲ့ မြန်မာကျောင်းသားများ အချင်းချင်း ကူညီဖေးမပြီး အချင်းချင်း ဆွေးနွေးတိုင်ပင်လို့ရအောင် Line Community Group လေးတစ်ခု ထောင်ထားပါတယ်ရှင်။ 🤝🇲🇲
🔗 Join Link - https://bit.ly/3Ou5AN0
ဒီ community ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဘန်ကောက်မှာ ကျောင်းတက်နေရတဲ့ ကျောင်းပေါင်းစုံမှ ကျောင်းသားတိုင်းအတွက်... 🏫✨
✅ လိုအပ်တဲ့ သတင်းအချက်အလက်များ
✅ Scholarships အခွင့်အလမ်းများ
✅ လိုအပ်သော အကြံပေးချက်များ ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 💡
ဒါ့အပြင် ကျောင်းသားတိုင်းကလည်း မိမိသိရှိထားတဲ့ အရာများကို ပြန်လည်မျှဝေနိုင်သလို၊ သိလိုတဲ့အရာများကိုလည်း Group ထဲမှာ တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပါတယ်! 💬🙌
Bangkok Kyaung Thar Team ကလည်း ဖြေကြားပေးမှာဖြစ်သလို၊ ကျောင်းသား/သူ တစ်ယောက်ချင်းစီတိုင်းကလည်း ပါဝင်ဖြေပေးနိုင်တဲ့ Network ကျယ်ပြန့်တဲ့ Community လေးတစ်ခုပဲ ဖြစ်ပါတယ်။ 🌐🤝
✨ Bangkok Kyaung Thar Community အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ ✨
🔹 Online Workshops & Info Sessions: တက္ကသိုလ်များနှင့် ပြုလုပ်သော ပွဲများကို ဦးစွာသိရှိခွင့်ရပြီး တက်ရောက်နိုင်ခြင်း။ 💻📢
🔹 Skill Sharing: Personal Statement ရေးနည်း၊ CV ပြင်ဆင်နည်းနှင့် Internship / Part-time အခွင့်အလမ်းများကို sharing လုပ်ပေးခြင်း။ 📝💼
🔹 Senior Support: စီနီယာများထံမှ အတွေ့အကြုံများနှင့် Private Q&A များ ဖြေကြားပေးခြင်း။ 🎓🙋♂️
အဲ့ဒါကြောင့်မို့ အောက်ပါ Link ကနေတစ်ဆင့် Line Group လေးကို Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်! 🤗👇
🔗 Link - https://bit.ly/3Ou5AN0
21/02/2026
🚉 Bangkok မှာ သွားလာရေးအတွက် ဘာ app တွေသုံးရင် အဆင်ပြေမလဲ❓
ထိုင်းရောက်ခါစ ကျောင်းသားတွေ Grab တစ်ခုတည်းကိုပဲ အားကိုးမနေနဲ့ဦးနော်။ Grab ထက် သက်သာပြီး ပိုအဆင်ပြေတာတွေ အများကြီး ရှိပါသေးတယ်။
✅ Grab မဟုတ်ရင် ဘာစီးမလဲ?
Bolt & InDrive: ကား၊ ဆိုင်ကယ်ခေါ်ဖို့ဆိုရင် ဒါတွေကိုသာ ဒေါင်းထားပါ။ အထူးသဖြင့် InDrive က ဈေးကို ကိုယ်တိုင်ညှိလို့ရတော့ ပိုက်ဆံချွေတာချင်တဲ့ ကျောင်းသားတွေအတွက် အဆင်ပြေဆုံးပါ။ 💸
LINE MAN: အစားအသောက်တင်မဟုတ်ဘဲ ကားနဲ့ ဆိုင်ကယ်ခေါ်လို့ရတယ်။ Promotion code တွေ ခဏခဏပေးတတ်လို့ Grab ထက် အများကြီး သက်သာနိုင်ပါတယ် 📱✨
✅ Bus နဲ့ ရထားစီးမယ့်သူတွေအတွက် "Must-Have" Apps
ViaBus: ဒါက ကားမှတ်တိုင်မှာ ထိုင်စောင့်ရတဲ့ အဖြစ်မျိုးမဖြစ်ရအောင် ဘတ်စ်ကား ဘယ်နားရောက်နေပြီလဲ၊ ဘယ်အချိန်ရောက်မလဲဆိုတာ Real-time နဲ့ ကြည့်လို့ရတယ်။ 🚌
BKK Rail & M-Bangkok: ဘယ်ရထားလိုင်းစီးရမလဲ၊ ဘယ်ဘူတာမှာ ပြောင်းရမလဲဆိုတာ မျက်စိမလည်အောင် ဒီ app တွေကနေတစ်ဆင့်ကြည့်လို့ရပါတယ်။ ဈေးနှုန်းနဲ့ ကြာချိန်ပါ တွက်ပေးလို့ အရမ်းအဆင်ပြေပါတယ် 🚉
⛔ သတိထားရမယ့် အချက်များ
Driver: တစ်ခါတလေ အဆင်မပြေတဲ့ Driver တွေ ရှိတက်တာမို့ အထူးသဖြင့် ညဘက်တွေ တစ်ယောက်ထဲစီးတဲ့ခါမျိုး or မိန်းကလေးတွေဆိုရင် ကိုယ့် Location ကို သူငယ်ချင်းတွေဆီ Share ထားဖို့ မမေ့နဲ့ပါနဲ့။
Meter Taxi: လမ်းဘေးက မီတာကားတွေ တားစီးရင် လမ်းပိတ်တာနဲ့အမျှ ဈေးက တက်နေမှာပါ။ App နဲ့ခေါ်တာက ဈေးနှုန်းအတိအကျ သိရလို့ ပိုစိတ်ချရပါတယ်။
အမြန်လမ်း (Toll Fee): App ထဲကဈေးက ကားခပဲရှိတာပါ။ Expressway တက်ရင် အဲ့ဒီ Toll Fee ကို ကိုယ့်ဘက်က သီးသန့်ပေးရတာမို့ ဝေးတဲ့နေရာဆို ကားခရဲ့တစ်ဝက်လောက်ရှိတာမို့ မှတ်ထားဖို့လိုပါတယ်။ ❗️
💡 Pro-Tip:
အချိန်မှန်ချင်ရင်တော့ BTS / MRT သာစီးပါ။ ဒါပေမဲ့ ကိုယ်သွားမယ့်နေရာက ဘူတာနဲ့ ဝေးနေရင်တော့ အပေါ်က App တွေနဲ့ ဆိုင်ကယ် ခေါ်စီးတာက အမြန်ဆုံးပါ။
အခုမှ Bangkok ရောက်တဲ့ ကျောင်းသားတွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ သိချင်တာရှိရင် Comment မှာ မေးခဲ့လို့ရပါတယ်! 🔥
09/02/2026
ABAC မှာ မြန်မာကျောင်းသားတွေအတွက် Event ရှိပါတယ် အတူတူပါဝင်ရအောင်👈🎉
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသမည့် Home Away From Home:Myanmar to ABAC ပွဲတော်ကြီးသို့ နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။
မြန်မာ့ရိုးရာအကအလှများ၊ ဂီတဖျော်ဖြေမှုများနှင့် မြန်မာ့အရသာစစ်စစ်များကို တစ်နေရာတည်းတွင် ခံစားကြည့်ရှုနိုင်မည့် ညချမ်းလေးတစ်ခုဖြစ်ပါသည်။ 🔥
ထင်မှတ်ထားတဲ့ Surprise Guest တွေရဲ့ ဖျော်ဖြေမှုတွေအပြင် ကျောင်းသား/သူတွေအတွက် ထူးထူးခြားခြား အစီအစဉ်လေးတွေလည်း ပါဦးမှာပါ။ 👀⁉️🤨
ဒါအပြင့် Bangkok Kyaung Thar ကလည်း အားလုံးအတွက် Game Activities, Lucky Draw, Surprise gifts တွေနဲ့ ရှိနေတာမို့ ဘာတွေများဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ပွဲမှာ တွေ့ကြမယ်နော်🤨🫣
📍 CL Building ရှေ့၊ ABAC Assumption University (Suvarnabhumi)
📅 ဖေဖော်ဝါရီ ၁၂ ရက်
🎟️ AU Students ဆိုရင် Free , ပြင်ပမှလာရောက်သူများအတွက် 250 baht