The Art of Bartending - Aung

The Art of Bartending - Aung Bartending Course in Bangkok 🇹🇭
Join our in-person classes!
👨‍🏫 Trainer with 10+ years experience & certified instructor. Start your bartending journey today!

⚡️ တစ်ခုခုဆို ညဘက်မှ Creative ဖြစ်တတ်သူ၊ ⚡️ တက်ကြွပြီး Passionate ဖြစ်တတ်သူဆိုရင်တော့ မိတ်ဆွေမှာ Bartender ဖြစ်နိုင်တဲ့ ...
14/06/2026

⚡️ တစ်ခုခုဆို ညဘက်မှ Creative ဖြစ်တတ်သူ၊

⚡️ တက်ကြွပြီး Passionate ဖြစ်တတ်သူဆိုရင်တော့ မိတ်ဆွေမှာ Bartender ဖြစ်နိုင်တဲ့ အလားအလာ ရှိနေတာပါပဲ။

🙌 ဒီလို ကိုယ်ရည်ကိုယ်သွေးတွေကို သိုဝှက်မထားဘဲ Skill ဖြစ်လာအောင် ပြောင်းလဲဖို့ကတော့ ကိုယ့်ရွေးချယ်မှုအပေါ် အများကြီး မူတည်သွားပါပြီ။

🤵‍♂️ Bartender ဆိုတာ ကော့တေးမျိုးစုံကို ကိုယ်ပိုင်စတိုင် ခပ်ပါးပါးနဲ့ ပြင်ဆင်ပေးရပြီး

ဝင်ငွေကောင်းတဲ့ Career တစ်ခုအနေနဲ့ လူသိများတာမလို့ ဒီပညာရပ်ကို တတ်ထားတာကလည်း အကျိုးမယုတ်လောက်ပါဘူး။

🌥️ အလုပ်ချိန်ဆိုရင်လည်း ညနေခင်းနောက်ပိုင်းတွေ များတာမလို့ ကိုယ့်ရဲ့ ည ဇီးကွက်အကျင့်နဲ့ပါ ထပ်တူကျမှာ သေချာပါတယ်။

🦉 ဒီတော့ ညဇီးကွက်လေးတွေက ကော့တေးပိုင်းမှာ လက်တည့်စမ်းချင်တဲ့ စိတ်မျိုး ခပ်ရေးရေး ပေါ်လာပြီဆိုတာနဲ့ အချိန်မဆွဲဘဲ The Art Of Bartending မှာ လာရောက်လေ့လာကြည့်ဖို့ တိုက်တွန်းလိုပါတယ်….🖤

🇹🇭 ထိုင်းနိုင်ငံမှာ ပညာသင်ဖို့ ရောက်နေတဲ့ လူငယ်၊ 🇲🇲 အလုပ်လုပ်ရင်းနဲ့ နောက်ထပ် Career တစ်ခုကို အချိန်တိုအတွင်း ပေါ့ပေါ့ပါ...
13/06/2026

🇹🇭 ထိုင်းနိုင်ငံမှာ ပညာသင်ဖို့ ရောက်နေတဲ့ လူငယ်၊
🇲🇲 အလုပ်လုပ်ရင်းနဲ့ နောက်ထပ် Career တစ်ခုကို အချိန်တိုအတွင်း ပေါ့ပေါ့ပါးပါး လေ့လာချင်သူတွေအတွက် မြန်မာလို သင်ကြားပေးနေတဲ့ Bartending သင်တန်း တစ်ခုရှိပါတယ်။

🍸 အဲ့သင်တန်းကတော့ The Art Of Bartending လို့ ခေါ်ပါတယ်။

👨‍🏫 သင်တန်းကျောင်းမှာတော့ Bartending လောကမှာ နှစ်နဲ့ချီ အတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားတဲ့ မြန်မာဆရာကိုယ်တိုင် ဦးဆောင်သင်ကြားပေးလျက်ရှိပါတယ်။
🎓 ဒီသင်တန်းရဲ့ အထူးခြားဆုံး အားသာချက်တစ်ခုကတော့ အချိန်တိုအတွင်း စာတွေ့၊ လက်တွေ့ Professional အဆင့်ထိ လေ့လာနိုင်အောင် ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

🙌 လူအရေအတွက် အကန့်အသတ်ဖြင့် သင်ကြားပေးနေတာဖြစ်လို့ နားမလည်တာတွေ ရှိရင်လည်း ပိုအနီးကပ် မေးမြန်းရင်း လေ့လာနိုင်ခွင့်လည်း အပြည့်အဝ ပေးထားပါတယ်။

ဒီတော့ ထိုင်းမှာ ရှိနေရင်း Bartending ပိုင်းကို စိတ်ဝင်စားသူ၊ လေ့လာချင်သူတွေတိုင်း တန်းခွဲတွေအကြောင်းကို အသေးစိတ် သိချင်ရင် Chat Box မှာ လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ….🖤


🤗 ကိုယ်က Bartender အဆင့်ထိ မရောက်ပေမဲ့ ဝါသနာအရ ကော့တေးနဲ့  ပတ်သက်လို့ တီးမိခေါက်မိ ရှိထားတယ်ဆိုရင် ဒီနေ့ ဉာဏ်စမ်းကို လွယ...
10/06/2026

🤗 ကိုယ်က Bartender အဆင့်ထိ မရောက်ပေမဲ့ ဝါသနာအရ ကော့တေးနဲ့ ပတ်သက်လို့ တီးမိခေါက်မိ ရှိထားတယ်ဆိုရင် ဒီနေ့ ဉာဏ်စမ်းကို လွယ်လွယ်လေး ခန့်မှန်းနိုင်မယ်ထင်ပါတယ်။

⭕ Vodka,
⭕ Coffee Liqueur (သို့မဟုတ်) Espresso Shot,
⭕ Coffee Beans
ဒီ (၃) မျိုးတည်းနဲ့ Night-out တွေမှာ အမြဲ Popular ဖြစ်တဲ့ ကော့တေးတစ်မျိုးကို ဖန်တီးနိုင်တယ်ဆိုတာ သိပါသလား။

(A) Espresso Martini 🍹
(B) Black Russian 🥃
(C) Irish Coffee ☕

⚡️ Shaker ထဲထည့်လှုပ်ပြီး ရလာမဲ့ ကော့တေးအမျိုးအစားက ဘယ်တစ်ခုဖြစ်နိုင်မလဲဆိုတာ ကောမန့်မှာဆွေးနွေးပေးခဲ့ကြပါဦး။ စဉ်းစားရခက်နေရင် သူငယ်ချင်းတွေကိုပါ Mention ခေါ်ပြီး တိုင်ပင်လို့လည်း ရပါတယ်နော်....🖤


🙌 ရင်းနှီးနေတဲ့သူ တော်တော်များများက သင့်ကို Good Listener ကောင်းတစ်ယောက်လို့ မှတ်ချက်ပေးနေကြပြီလား? 🎉 ဒါဆိုရင်တော့ congr...
31/05/2026

🙌 ရင်းနှီးနေတဲ့သူ တော်တော်များများက သင့်ကို Good Listener ကောင်းတစ်ယောက်လို့ မှတ်ချက်ပေးနေကြပြီလား?

🎉 ဒါဆိုရင်တော့ congratulations ပါ။
🤗 သင့်မှာ Bartender ကောင်းဖြစ်ဖို့ အရေးကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုကို မွေးရာပါ ပိုင်ဆိုင်ထားတာပါ။ ဒီလို အရည်အသွေးကို သင်သာ နည်းလမ်းမှန်၊ နေရာမှန်မှာ အသုံးချတတ်မယ်ဆို အခွင့်အလမ်းကောင်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

🍸 ဥပမာ ပြောရရင်တော့ နိုင်ငံတကာအထိခြေဆန့်နိုင်တဲ့ Career ဖြစ်တဲ့ Bartender Skill တွေ ထပ် Add On လုပ်ကြည့်လိုက်မယ်ဆို မိတ်ဆွေဟာ သူများတွေထက်စာရင် အချိန်တိုတိုနဲ့ Bartender ဘဝကို လှလှပပ ပုံဖော်နိုင်မှာသေချာပါတယ်။

🤵‍♂️ Bartender တွေဆီမှာ ဧည့်သည်တွေဟာ ဘဝအကြောင်း၊ အချစ်အကြောင်း၊ လူမှုရေးကိစ္စတွေကို ရင်ဖွင့်တတ်ကြမလို့ စိတ်ဝင်တစားနဲ့ နားထောင်ပေးတတ်တဲ့မိတ်ဆွေမျိုးဆို ရင်းနှီးလွယ်ပြီး ဖောက်သည်တိုးလာနိုင်ခြေက များပါတယ်။

ဒီတော့ Good Listener တစ်ယောက်ရဲ့ ဘဝကို ပိုအရာထင်သွားအောင် လက်တွေ့ စမ်းသပ်ကြည့်ချင်တယ်ဆိုရင် The Art Of Bartending မှာ သင်တန်းသားဘဝအဖြစ် ခြေလှမ်းစကြည့်လိုက်ပါ....🖤


The Art Of Bartending ကို ထိုင်းနိုင်ငံမှာ ဖွင့်ထားတယ်ဆိုပေမဲ့ မြန်မာနိုင်ငံက လူငယ်ကျောင်းသားတွေအတွက် အဓိက ရည်ရွယ်ပါတယ်။...
30/05/2026

The Art Of Bartending ကို ထိုင်းနိုင်ငံမှာ ဖွင့်ထားတယ်ဆိုပေမဲ့ မြန်မာနိုင်ငံက လူငယ်ကျောင်းသားတွေအတွက် အဓိက ရည်ရွယ်ပါတယ်။

♣️ ကိုယ့်မွေးရပ်မြေ မဟုတ်တဲ့ နိုင်ငံမှာ Career အသစ်တစ်ခုကို Growth လုပ်ချင်တယ်၊
ဝါသနာအရ ဖြစ်ဖြစ် Bartender ပိုင်းကို စူးစမ်းချင်တဲ့သူတွေအတွက် အကောင်းဆုံး ပံ့ပိုးပေးချင်တဲ့ စေတနာကို အရင်းခံပြီး ဖွင့်လှစ်ခဲ့ပါတယ်။

📚 မြန်မာနိုင်ငံမှာ မဟုတ်ပေမဲ့လည်း သင်တန်းပို့ချမှုတွေအားလုံးကို နားလည်လွယ်အောင် မြန်မာလိုပဲ ပြင်ဆင်ပေးထားပါတယ်။ Bartending နယ်ပယ်မှာ ရေရှည်ရပ်တည်လာတဲ့ မြန်မာဆရာ ကိုယ်တိုင်ကလည်း ကျောင်းသားတစ်ဦးစီတိုင်းကို ကြည့်ရှုပေးရင်း အသေးစိတ် သင်ပြပေးမှာမလို့ စိတ်ဝင်စားသူတွေအနေနဲ့ အခုပဲ မေလ တန်းခွဲသစ်မှာ စာရင်းပေးသွင်းနိုင်ပါပြီ....🖤


🙌 ဘန်ကောက်က မြန်မာလူငယ်တွေ Super Sunday မှာ လှုပ်ရှားနိုးကြားစွာနဲ့ Professional Career တစ်ခုကို လေ့လာနိုင်အောင် The Art...
29/05/2026

🙌 ဘန်ကောက်က မြန်မာလူငယ်တွေ Super Sunday မှာ လှုပ်ရှားနိုးကြားစွာနဲ့ Professional Career တစ်ခုကို လေ့လာနိုင်အောင် The Art Of Bartending က ပြင်ဆင်ထားပါတယ်။

📅 Workshop အတွက် အသေးစိတ် Plan ကတော့
အပတ်စဉ် တနင်္ဂနွေ တစ်ရက်ပဲ Join နိုင်ပြီး
2PM - 4PM အချိန် (2) နာရီဝန်းကျင်အတွင်းမှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
သင်တန်းကြေးကိုတော့ တစ်ဦးကို (1,900 THB) အတွင်း သတ်မှတ်ထားပါတယ်။

💡 ဒီ Workshop ကနေ
Bartending ရဲ့ အခြေခံ သီအိုရီများနှင့် အသုံးအဆောင် ကိရိယာများအကြောင်း
Popular ဖြစ်တဲ့ Cocktail အရသာတွေကို စနစ်တကျ စပ်နည်းတွေကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။

🍸 ဝါသနာအရ အပျော်တမ်း ဖျော်ချင်သူတွေပဲဖြစ်ဖြစ်၊ ဆိုင်တွေမှာ Bar ဘက်ပိုင်း ဝင်ရောက်လုပ်ကိုင်ဖို့ ခြေလှမ်းစချင်သူတွေပဲဖြစ်ဖြစ် အခြေခံကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်သွားစေမဲ့ Workshop မျိုးဆိုတာ အပြည့်အဝ အာမခံပေးနိုင်ပါတယ်။ ဘာအခြေခံမှမရှိလည်း စိတ်ပူစရာမလိုဘဲ အသေးစိတ်ကစလို့ မြန်မာဆရာကိုယ်တိုင်ဦးဆောင်ပြီး သေချာ သင်ကြားပြသပေးသွားမှာပါ။

📥 အသေးစိတ်စုံစမ်းဖို့နဲ့ Register လုပ်ဖို့ Page Messenger ကနေ အခုပဲ ဆက်သွယ်လိုက်ပါ! 🖤


🍹 တိကျသေချာတဲ့ မှတ်တမ်းတွေတော့ ရေရေရာရာ မရှိပေမဲ့ ဘားတော်တော်များများမှာ လူတွေ လမ်းခွဲတဲ့အချိန်၊ အသည်းကွဲလာတဲ့အချိန်မျို...
25/05/2026

🍹 တိကျသေချာတဲ့ မှတ်တမ်းတွေတော့ ရေရေရာရာ မရှိပေမဲ့ ဘားတော်တော်များများမှာ လူတွေ လမ်းခွဲတဲ့အချိန်၊ အသည်းကွဲလာတဲ့အချိန်မျိုးဆို အများဆုံး မှာဖြစ်ကြတာ Screw Driver ကော့တေးပါတဲ့။

🧊 ခါးသက်သက်အရသာနဲ့ အေးစက်စက်ခံစားချက်ကို ပေးနိုင်တဲ့ Screw Driver ကို များသောအားဖြင့် Vodka နဲ့ လိမ္မော်ရည်ကို ရောဖျော်လေ့ရှိကြတာပါ။

💭 သူတို့တွေရဲ့ Feedback အရတော့ အသည်းကွဲခြင်းရဲ့ ခါးသီးမှုဒဏ်တွေကို အေးစက်စက်အရသာနဲ့အတူ ပျော်ဝင်စေချင်တဲ့ သဘောမျိုးနဲ့ သောက်မိကြတယ်လို့ ဆိုပါတယ်။

The Art Of Bartending မှာ ပညာတွေယူထားတဲ့ ကျောင်းသားတွေလည်း ကိုယ့်ဘော်ဒါတွေထဲမှာ Screw Driver လိုနေတဲ့ သူငယ်ချင်းတွေရှိရင်လည်း မန်းရှင်းခေါ်ရင်း ဖျော်တိုက်လိုက်ကြပါဦးနော်...🖤



⭕ The Art Of Bartending မှာ Bartending ပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းသားတွေအတွက် မိမိစိတ်တိုင်းကျ ရွေးချယ်နိုင်ဖို့ တန်းခွ...
23/05/2026

⭕ The Art Of Bartending မှာ Bartending ပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းသားတွေအတွက် မိမိစိတ်တိုင်းကျ ရွေးချယ်နိုင်ဖို့ တန်းခွဲ ပုံစံ (၂) မျိုးကို ခွဲခြားထားပါတယ်။

🙌 အဲ့အမျိုးအစားတွေကတော့ Beginner Class နဲ့ Advanced Class နှစ်ခု ဖြစ်ပါတယ်။
အလွယ်ပြောရရင်တော့ ဝါသနာအရ သင်ယူဖို့နဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုထိ ရောက်အောင် ပြင်ဆင်နိုင်မဲ့ အတန်းတွေလို့ သတ်မှတ်လို့ ရပါတယ်။

Beginner Class မှာတော့
🍹 အခြေခံ အုတ်မြစ်ခိုင်မာစေမယ့် Bartending Skill တွေ၊
🍸 Mixology ပိုင်းနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို Chapter (12) ခုအထိ စာတွေ့၊ လက်တွေ့ လူဦးရေအကန့်အသတ်ဖြင့် အသေးစိတ် သင်ကြားပေးသွားမှာပါ။ အခြေခံ အုတ်မြစ်ခိုင်အောင် အဓိက သင်ကြားနိုင်ဖို့ အချိန် (၆) ရက်ပဲ ပေးစရာလိုပါမယ်။

Advanced Class မှာတော့ Beginner Class က သင်ခန်းစာတွေအပြင်
♠️ Bar Station အကြောင်း၊
♠️ Glassware များ ကိုင်တွယ်အသုံးပြုပုံနဲ့ အလှဆင်ပုံများ၊
♠️ Mocktail ဖျော်စပ်နည်းများနှင့်
♠️ Bartender တိုင်း သိထားသင့်တဲ့ Knowledge တွေကိုပါ အသေးစိတ် မျှဝေပေးသွားမှာဖြစ်ပါတယ်။ Professional တစ်ယောက် အနေအထားအထိ ရောက်အောင် အသေးစိတ်ကျကျနဲ့ ဗဟုသုတတွေအထိကို အချိန် တစ်လတောင် ပေးစရာမလိုဘဲ လေ့လာနိုင်မဲ့ အတန်းမျိုး ဖြစ်ပါတယ်။

🍸 သင်တန်းကြေးတွေကိုလည်းကျောင်းသားတွေအဆင်ပြေစေဖို့ အရစ်ကျပေးသွင်းနိုင်အောင်စီစဉ်ထားပြီးလိုအပ်တဲ့သူတွေအတွက် အဆောင်ကိုလည်း စီစဉ်ပေးသွားဦးမှာပါ။

Bartending နဲ့ ပတ်သက်ပြီး ကိုယ်က ဘယ်အတိုင်းအတာအထိ သင်ယူလိုသလဲဆိုတဲ့အချက်ကို ဦးစားပေး ရွေးပြီး အခုပဲသင်တန်းတွေစုံစမ်းအပ်နှံဖို့ဖိတ်ခေါ်လိုက်ပါတယ် 🖤


🙌 Bartender အလုပ်ကို ရွေးချယ်တဲ့အခါ တကယ်ပင်ပန်းရကျိုးနပ်ရဲ့လား? ဒီအတွက် အဖြေက တစ်ဦးတစ်ယောက်ချင်းစီ တူညီနိုင်မှာမဟုတ်ပါဘူ...
15/05/2026

🙌 Bartender အလုပ်ကို ရွေးချယ်တဲ့အခါ တကယ်ပင်ပန်းရကျိုးနပ်ရဲ့လား?

ဒီအတွက် အဖြေက တစ်ဦးတစ်ယောက်ချင်းစီ တူညီနိုင်မှာမဟုတ်ပါဘူး။

✅ မိတ်ဆွေက ကိုယ်တိုင်ရွေးချယ် လျှောက်ထားတဲ့ နေရာတစ်ခုမှာ လစာအတွက် စိတ်ကျေနပ်စရာ လုံလောက်တဲ့ ပမာဏ တစ်ခုကို ရထားတယ်၊

✅ ကိုယ့်ရဲ့ ဖန်တီးမှုအသစ်တွေကို အမြဲ အားရတယ်၊

✅ ကိုယ်ဖျော်လိုက်တဲ့ ယမကာတွေသောက်ပြီး ပျော်နေတဲ့သူတွေကို မြင်ရတာ စိတ်ချမ်းသာရတယ်ဆိုရင်တော့ Bartender Career နဲ့ ကိုက်ညီပါတယ်။

🍹 အချိန်ကြာကြာ မတ်တပ်ရပ်ရတယ်၊ ညပိုင်းတွေအထိ ဝန်ဆောင်မှုပေးရတာကြောင့် ပင်ပန်းပေမဲ့ ဝင်ငွေပိုင်းရော၊စိတ်ပိုင်းဆိုင်ရာ အရရော ကျေနပ်ရတယ်ဆို Bartender လုပ်ဖို့ စိတ်ရင်းနဲ့ကို အားပေးပါတယ်။

🍸 အပင်ပန်းခံရကျိုးနပ်တဲ့ Bartending ပညာတွေကို ဘယ်က စမ်းစမ်း ကျွမ်းနေချင်တယ်ဆိုရင်တော့ The Art Of Bartending မှာ လေ့လာကြည့်ပါ။ မေလ တန်းခွဲအသစ်တွေအတွက်လည်း သိလိုသမျှကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါပြီ....🖤

🍸 Let's Celebrate World Cocktail Day!  အပြည်ပြည်ဆိုင်ရာ ကော့တေးနေ့ဟာ မေလ (၁၃) ရက်နေ့မှာ ကျရောက်ပါတယ်။ 🎉 ပါတီပွဲတိုင်းမှာ...
13/05/2026

🍸 Let's Celebrate World Cocktail Day!

အပြည်ပြည်ဆိုင်ရာ ကော့တေးနေ့ဟာ မေလ (၁၃) ရက်နေ့မှာ ကျရောက်ပါတယ်။

🎉 ပါတီပွဲတိုင်းမှာ မပါရင် မပြည့်စုံတဲ့ ကော့တေးကို ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ ပျော်စရာအတွက်ပဲ ဖြစ်ဖြစ် တန်ဆေးလွန်ဘေးမဖြစ်အောင် မှီဝဲတာဟာ အကောင်းဆုံးပါပဲ။

🌟 ကော့တေး ဖျော်စပ်နည်းဆိုတာဟာလည်း လူတိုင်း သင်ယူနိုင်ပေမဲ့ လူတိုင်း တတ်မြောက်ပြီး တီထွင်တတ်ဖို့ ခက်ခဲတယ်လို့လည်း ဆိုရမှာပါ။ နာမည်ကြီးနေပြီးသား ကော့တေးတွေနဲ့ ပတ်သက်ပြီး နောကျေထားဖို့ လိုသလို ဖန်တီးမှုအသစ်တွေအတွက်လည်း စွန့်စားရဲတဲ့ သတ္တိ၊ တီထွင်တတ်တဲ့ စိတ်ကူးမျိုးတွေ ရှိထားဖို့လည်း အရေးကြီးပါတယ်။

🤵‍♂️ ကော့တေးဆိုတာ ယမကာတစ်ခုမကဘဲ လူတွေအချင်းချင်း ရင်းနှီးစေနိုင်တဲ့အရာတစ်ခုအနေနဲ့ ဖြစ်တည်နေတာမလို့ Bartender တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူဖို့လည်း ကောင်းမှာပါ။

⚡️ World Cocktail Day ကို ဖြတ်သန်းရင်း ကော့တေးကို ကိုယ်ပိုင်အထာ၊ ကိုယ့်အကြိုက်ဖြစ်အောင်နဲ့ လူအထင်ကြီးတဲ့အဆင့်ထိရောက်အောင် ဖျော်တတ်ချင်တယ်ဆိုရင်လည်း The Art Of Bartending မှာတန်းခွဲအသစ်တွေ ဖွင့်လှစ်ပေးထားကြောင်း လမ်းကြုံ သတင်းကောင်းပါးလိုက်ပါတယ်....🖤



ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Art of Bartending - Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์