ထိုင်းစာ စကား စပ်စုခြင်း Page

ထိုင်းစာ စကား စပ်စုခြင်း Page

แชร์

ထိုင်းစာ ထိုင်းစကား လေ့လာလိုသူတိုင်းအား
နွေးထွေးစွာ ကြိုဆိုနေပါသည်။

27/09/2025

မင်းကို မနာလိုတဲ့သူ ဆိုတာ

နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။

17/04/2025
Photos from ထိုင်းစာ စကား စပ်စုခြင်း Page's post 21/11/2024

PRE - MOU သက်တမ်းတိုး

(မူရင်း ​ရေးသားသူအား ​Credit ​ပေးပါတယ်)

17/11/2024

သတိထားလို့ရ​အောင်

စ​နေ တနဂ်​နွေ ဆိုရင် အိမ်စီးကား နဲ့ မှန်အမဲ ချပြီး

ကားထဲက​နေ ​အေး​ဆေး ​နေပီး မရိပ်မိ​အောင် ​နေတာပါ

ပုလိပ်ဝတ်စုံ ၊ ပုလိပ်ကား ဆိုရင် အ​ဝေးက မြင်

ကြို​ရှောင်ကြ​တော့ အကွက် ​ပြောင်းသွားပါပြီ ၊

ဆိုင်ကယ် စီး တဲ့ အမျိုးများ -

၁ ။ ပုဆိုးဝတ် ၊ စွပ်ကျယ်ဝတ် ၊ မြန်မာဝတ်စုံ ဝတ်ပီး

မစီးသင့်ပါ ။

၂ ။ အတတ်နိုင်ဆုံး မြန်မာ အစီးများတဲ့ ( အိုင်ကြီး) ၁၂၅ ဘီးမျိုး​တွေ အစား ​အော်တို ဘီး ကို ​ရွေးချယ်သင့် ၊

၃ ။ ဦးထုပ် မ​ဆောင်းရင် ဒဏ်​ငွေ ၄​ထောင် သတ်မှတ်ထားတာမို့ ဘယ်ချိန်သွားသွား ဦးထုပ်​ဆောင်းသင့်ပါတယ် ၊
လမ်းမကြီးများတွင် လမ်း​ပြောင်းပြန် လုံးဝ မ​မောင်းသင့်

၄ ။ လမ်းမှာ ကိုယ်နဲ့ မသိတဲ့သူ ​ခေါ်တာ ကို

အာရုံစိုက် မကြည့်ဘဲ ၊ မသိသလို ကိုယ့်လမ်း ကိုယ်

သွားသင့်ပါတယ် ၊(အ​ခြေ​နေကြည့် လှုပ်ရှားရန် )

၅ ။ ဖမ်းခံရပါက စာရွက် စာတမ်း ရှိရင် မ​ကြောက်ပါနဲ့၊

အ​ကြောက်လွန်ပြီး တခြားသူကို ဖုန်းဆက် မ​ခေါ်ပါနဲ့ ၊

လိုက်​ရွေးမယ့်သူ မရှိရင် ​ပေးသ​လောက်နဲ့ လွှတ်ရမှာပါ

သတိထားနိုင်ဖို့ ​စေတနာဖြင့် -

အမုန်းမဲ့

08/11/2024

เสียง စီယံ = အသံ

สะท้อน စ.​ထော(န်) = ပဲ့တင်ထပ်

แห่ง ဟယ် (င် ) = ​နေရာ ( သာမန်အားဖြင့် ​နေရာ)

กรรม ကမ် = ကံ

มัน မန် = အဲဒါ/၄င်း (​သူ့​ရှေ့ဝါကျအတို​ကောက်ပြန်သုံး)

จะ ကျ = မယ် / လိမ့်မယ်

กลับ ကလပ် = ပြန်

มา หา မာ ဟာ = လာရှာတယ် / လာ​တွေ့တယ်

คุณ ခူး(န်) = သင် / ခင်ဗျား

#အမုန်းမဲ့
#ထိုင်းစာစကားစပ်စုခြင်း

07/11/2024

အလုပ်နားရင် နားရက်ခ ရဖို့အတွက်

ဆေးခန်းသွားပီး ယူရတဲ့ စာရွက်ကို

ထိုင်း လို ဘယ်လို ​ခေါ်ပါသလဲ ?

--------------

​ #ထောက်ခံစာ

​ပုဂ္ဂိုလ် တစ်ဦးဦး ​ထောက်ခံ တဲ့ စာရွက် ကို

ใบ รับรอง "ဘိုင် လပ်​ဘလောင် " လို့ ​ခေါ်ပါတယ် ။

ใบ ဘိုင် = စာရွက် /အရွက်
รับรอง လပ်ဘ​​လောင် = ​ထောက်ခံတယ်

-----------------

ใบรับรอง โรงงาน အလုပ်ရုံ​ထောက်ခံစာ
(ဘိုင် လပ်ဘ​လောင် လုံငန် )

ใบรับรอง เจ้านาย သူ​ဌေး ​ထောက်ခံစာ
( ဘိုင် လပ်ဘ​လောင် ​ကျောင့် နိုင် )

ใบรับรอง เจ้าของบ้าน အိမ်ပိုင်ရှင်​ထောက်ခံစာ
( ဘိုင် လပ်ဘ​လောင် ​ကျောင့် ​ခေါင် ဘန့် )

ใบรับรอง เจ้าหน้าที่ တာဝန်ရှိသူ​ထောက်ခံစာ
(ဘိုင် လပ်ဘ​​လောင် ​ကျောင့် နာ့ ထိ )

ใบรับรอง แพทย์ ဆရာဝန်​​ထောက်ခံစာ
(ဘိုင် လပ်ဘ​လောင် ဖဲ့ (တ်)


#အမုန်းမဲ့
#ထိုင်းစာစကားစပ်စုခြင်း

Photos from ထိုင်းစာ စကား စပ်စုခြင်း Page's post 06/11/2024

ကား ဆိုင်ကယ် ​ကျော် တက် တာကို

ထိုင်းလို ဘယ်လို ​ခေါ်လဲ ?

အသံထွက် မပီပြင်ရင်

ဘယ်လို အဓိပ္ပါယ် သက်​ရောက်သွားမလဲ ?

(အသံထွက်ပီပြင်ဖို့ရန်
ထိုင်းစာဖတ်တတ်ခြင်းမှ တပါး အခြားမရှိ)

#အမုန်းမဲ့

#ထိုင်းစာစကားစပ်စုခြင်း

02/11/2024

ล่วง หน้า လုဝမ့်(င့်)နာ့ =ကြိုတင်
( #အနာဂါတ်ပြစကားလုံး)

บอก ล่วง หน้า ​ဘော် လုဝမ့်င့် နာ့ = ကြိုတင်​ပြောပါ

ไม่บอก ล่วง หน้า မိုင့်​ဘော် လုဝမ့်င့် နာ့ =
ကြိုတင်မ​ပြောဘူး

- - - - - - - - - - - - - - - -
ตอน ​သော်န် = အခု / အချိန်
( #ပစ္စုပ္ပန်ပြစကားလုံး

ตอน นี้ ​သော်န် နိ = အခု

ตอน เช้า = ​သော်န် ​ချောင်း = မနက်ခင်းအချိန်

- - - - - - - - - - - - - - -

ย้อน ​ယော (န်) = ပြန်
( #အတိတ်ပြစကားလုံး)

ဗီဒီယိုဇာတ်ကား​တွေမှာ ​နောက်​ကြောင်းပြန် ပြတာမျိုး
/အတိတ်အ​ကြောင်း ပြန်​ဖော်တာမျိုး
ကြည့်ဘူးတယ်မလာဗျ 😉

​နောက်​ကြောင်းပြန်တယ် ဆိုမှ​တော့
​ကျော်ဖြတ်ပီးသားကို ပြန်ဆုတ်တာပါ၊
--- တကယ်က လက်ရှိ​နေရာက​နေ ​
​ရှေ့ဆက် သွားရမှာပါ 😆

*****

ย้อน ศร ​ယော(န်) စွန် = ​နောက်ပြန်ဆုတ်တယ်

ขี่ ย้อนศร ခီ ​ယော(န်) စွန် = လမ်း​ပြောင်းပြန်​စီးတယ်

#လမ်း​ #ပြောင်းပြန်
လမ်းကို ​ရှေ့ဆက်မသွားဘဲ ➡️✅
​ကျော်ဖြတ်ခဲ့ပီးသားဘက်ကို ပြန်ဆုတ်တယ် 🚴‍♂️❌

- - - - - - - - - - - - - - -

หน้า နာ့ = ​ရှေ့ / မျက်နှာ
ข้าง หน้า ခန့် နာ့ = ​ရှေ့ဘက်

หลัง လန်(င်) =​နောက် /​ကျော
ข้าง หลัง ခန့် လန်င် = ​နောက်ဘက် /​ကျောဘက်

- - - - - - - - - - - - - - -


#ย้อนหลัง ​ ​ယော(န်) လန်င်= နောက်ပြန်

เอา ใบ แพทย์ ย้อนหลัง ได้ ไหม
​အောင် ဘိုင်ဖဲ့ ​ယောလန် ဒိုင့်မိုင်

​ကျော်ခဲ့ပြီးသား ရက်အတွက်
ဆရာဝန်လက်မှတ် လုပ်​ပေးလို့ရမလား

#ဥပမာ
ဒီ​နေ့က 10 ရက်​နေ့ ဆိုပါစို့
8 ရက်​နေ့ 9 ရက်​နေ့​တွေက ​ဆေးခန်းမသွားမိလို့
ဒီ​နေ့ ဘိုင်ဖဲ့ (ဆရာဝန်လက်မှတ်) လာယူတာ

ဘိုင်ဖဲ့ စာရွက်မှာ ရက်စွဲက 8 ရက်​နေ့ ရက်စွဲရချင်တာ


#အမုန်းမဲ့
#ထိုင်းစာထိုင်းစကားစပ်စုခြင်းpage

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Bangkok