小唐 Xiao Tang

小唐 Xiao Tang

แชร์

欢迎光临

Photos from 小唐 Xiao Tang's post 15/12/2025
24/11/2025

What is the CSCA Exam, the Mandatory Test for China Scholarship Applications Starting in 2026?
[English below]

2026မှာပြောင်းလဲသွားတဲ့ china scholarship လျှောက်ရင်မဖြစ်မ‌နေ ဖြေရမဲ့ CSCA exam ဆိုတာဘာလဲ ❓

ဒီနေ့မှာတော့ နောက်နှစ် 2026 ကနေစပြီးတော့မှ scholar လျှောက်မယ်ဆိုရင် မဖြစ်မနေ ဖြေကိုဖြေရမဲ့ CSCA exam အကြောင်းကို ပြောပြပေးသွားပါမယ်။
CSCA (China Scholastic Competency Assessment) ကတော့ bachelor လျှောက်မဲ့ နိုင်ငံခြားသားကျောင်းသားတွေအတွက် တရုတ်နိုင်ငံကနေပြီးတော့ အသစ်သတ်မှတ်လိုက်တဲ့ စာမေးပွဲတစ်ခုပဲဖြစ်ပါတယ်။

CSC scholar ပေးတဲ့ University တွေကိုလဲ လာမဲ့ 2026-2027 intakeတွေကနေစပြီးတော့ CSCA result လိုအပ်ကြောင်းအချက်ကို ထည့်သွင်းရမယ်ဆိုပြီး အစိုးရကညွှန်ကြားထားတယ်လို့လဲသိရပါတယ်။

CSCA စာမေးပွဲမှာဘယ်ဘာသာတွေဖြေရမလဲဆိုတော့
Specialized Chinese, Mathematics, Physics and Chemistry ဆ်ိုပြီးလေးဘာသာဖြေဆ်ိုရပါမယ်
2026 ကနေစပြီးတော့ CSCA စာမေးပွဲကို တစ်နှစ်မှာ ငါးကြိမ်
ဇန်နဝါရီ၊ မတ်လ(focus on Europe and Americas) ဧပြီ၊ ဇွန်နှင့် ဒီဇင်ဘာ(Asian and Pacific regions) တို့မှာကျင်းပပေးသွားမှာဖြစ်တယ်

စာမေးပွဲကြေးအ‌နေနဲ့ ဘာသာရပ်တစ်ခုကို ယွမ် 450၊ နှစ်ခု ထက်ပိုတဲ့ဘာသာရပ်တွေအတွက် ယွမ်700 ကျသင့်မှာဖြစ်ပါတယ်။
Payment အတွက်ကတော့ Alipay ,WeChat pay, Visa, Union pay, MasterCard စတာတွေနဲ့ပေးချေလို့ရပါတယ်။
2025 December 21မှာ ပထမဆုံးအကြိမ် CSCAစာမေးပွဲကိုကျင်းပသွားမယ်လို့သိရပါတယ်။

စာမေးပွဲမှာဘာတွေဖြေရတယ်ဆိုတဲ့အကြောင်းကို နောက်postတစ်ခုမှာ ထပ်ပြီးပြောပြပေးသွားပါမယ်။ ဆိုတော့ကား သူငယ်ချင်းတွေလဲ သိရအောင်လို့ like and share လုပ်သွားကြဖို့ မမေ့နဲ့အုံးနော် ‼️

What is the CSCA Exam, the Mandatory Test for China Scholarship Applications Starting in 2026?

Today, I'm going to talk about the CSCA exam, which will be mandatory for anyone applying for a scholarship starting next year, in 2026.

The CSCA (China Scholastic Competency Assessment) is a new exam established by China for international students applying for Bachelor's degrees.

It has been reported that the government has instructed universities offering CSC scholarships to require the CSCA result for applicants starting from the 2026-2027 intake.

What subjects are tested in the CSCA?
You will need to take four subjects:
· Specialized Chinese
· Mathematics
· Physics
· Chemistry

Starting in 2026, the CSCA exam will be held five times a year in:

· January, March (focus on Europe and Americas)
· April, June, December (Asian and Pacific regions)

Exam Fees:
· One subject: 450 RMB
· Two or more subjects: 700 RMB

Payments can be made via Alipay, WeChat Pay, Visa, UnionPay, and MasterCard.

It has been announced that the very first CSCA exam will be held on December 21, 2025.

I will explain what is covered in the exam in a future post. So friends, don't forget to like and share this so others can get this information!



17/08/2025

English 4skills intermediate level ကိုပညာဒါနအတန်းလေး တစ်ခုဖွင့်‌ပေးထားပါတယ်။ headway course လို့‌ပြောရင် မရင်းနီးတဲ့သူမရှိလောက်ဘူးလို့ထင်ပါတယ်။ ပညာဒါနသင်ပေးတာဖြစ်ပေမဲ့ ပေါပေါပဲပဲသင်ပေးတာမဟုတ်ပဲ သေသေချာ‌ချာသင်ပေးမှာဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ကလဲ စာသေချာလိုက်မလုပ်ပဲ အတန်းအပေါ် respect မရှိတာမျိုးဆိုရင် လက်ခံမှာမဟုတ်ပါဘူး။ ပညာဒါနတွေပေးပြီး volunteer လုပ်လာတာလဲ 3နှစ်ကျော် 4နှစ်အတွင်းရှိပါပြီ။ ကိုယ်တိုင်ကလဲ ပညာဒါနသင်ပေးခဲ့တဲ့ ဆရာ၊ဆရာမတွေကြောင့်ပဲ level တစ်ခုကိုရောက်လာရတဲ့အတွက်ကြောင့်မို့လို့ အခက်အခဲဖြစ်နေသူတွေအတွက် ပြန်သင်ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လိုအပ်မှတက်ပါ။

Telegram username ကိုသေချာဖြည့်ပါ။ အတန်းလင့်ကို username နဲ့တိုက်ပြီးပို့ပေးပါမယ်။ အတန်းတက်မဲ့ level နဲ့မကိုက်ညီသူတွေကို မပို့ပေးပါ။

စာသင်မဲ့ platform ကတော့ zoom နဲ့ voov meeting ပါ။ zoom ကတော့လူတိုင်းနဲ့မစိမ်းပါဘူး။ voov meeting ကို အများဆုံးအသုံးပြုပါမယ်။ download ဖို့ရှာမတွေ့ရင်လဲ စာသင်မဲ့ group ထဲမှာပို့ထားပေးမှာပါ။

ကဲအဲ့တော့ အားလုံး အဆင်ပြေကြပါစေ။ share လုပ်ဖို့လဲမမေ့ပါနဲ့။ ကိုယ်နဲ့အတူတက်ချင်တဲ့ တခြားသူငယ်ချင်းတွေစီလဲ ရောက်အောင်လို့ပါ။

Form ဖြည့်ရန်
https://forms.gle/N73yhNB6cHB6shAU7

13/06/2025

Required Documents for Scholarship Applications
[English below]

Scholarship လျှောက်မယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတန်းများ

**လိုအပ်တဲ့ documents တွေအားလုံးက notary ပြန်ဖို့လိုအပ်ပါတယ် (English, Chinese)နှစ်မျိုးလုံးအဆင်ပြေပါတယ်**

1. Passport
2. Highest degree certificate
- (Undergraduate programအတွက် စနစ်ဟောင်း ၁၀တန်း၊ စနစ်သစ် ၁၂တန်းအောင်မြင်ထားရပါမယ်။)
3. Transcript
- (အမှတ်စာရင်း)
4. Physical examination record
- (ဒါကတော့ ဆေးစစ်ချက်formရှိပါတယ်၊ အဲ့တာကို download လုပ် print ထုတ်ပြီးတော့ qualified ဖြစ်တဲ့ဆေးရုံမှာ medical check upလုပ်ပြီးရင် ဆေးရုံကတုံးထုပေးမှာပါ၊ အာရှတော်ဝင်မှာလုပ်လို့ရပါတယ် )
5. Non-criminal record
- (ရဲစခန်းထောက်ခံစာပါ)
6. Proof language proficiency
- (English taught အတွက် IELTS, TOEFL ibt, Duolingo)
- (Chinese taught အတွက် HSK certificate)
7. Study plan
- (Chinese taught အတွက်လျှောက်ထားသူများ တရုတ်လိုပဲရေးရပါမယ်)
8. Two recommendation letters
- (ထောက်ခံစာကို ‌ကိုယ်တတ်ခဲ့တဲ့ကျောင်း‌က ဆရာ၊ဆရာမတွေစီက တောင်းလို့ရပါတယ်)
9. Conditional acceptance letter (not mandatory)
- (ဒါကကျောင်းတိုင်းမလိုအပ်ပါဘူး)
10. Others: academic achievement
- (တခြားဆုရထားတာတွေရှိရင်ထည့်ပေးလို့ရပါတယ်၊ မထည့်လဲရပါတယ်)

ဒီ documents တွေက ကျောင်းလျှောက်တော့မယ်ဆိုရင် ကျောင်းတိုင်းတောင်းတဲ့အချက်လက်တွေပါ၊
တချို့ကျောင်းတွေဆိုရင် self introduction videoကို 2မိနစ်လောက်ရိုက်ပေးရပါတယ်။ ကျောင်းတိုင်းတော့မတောင်းပါဘူး။

Application fees ‌သွင်းရတဲ့ကျောင်းရှိသလို မပေးရတဲ့ကျောင်းတွေလဲရှိပါတယ်။ ကျောင်းပေါ်မူတည်ပါတယ်နော်။

______

Required Documents for Scholarship Applications

All documents must be notarized (either in English or Chinese).

1. Passport (valid copy)
2. Highest Degree Certificate
- (For undergraduate programs: High school diploma)
3. Academic Transcripts (Mark sheets)
4. Physical Examination Record
- Must use the official medical check-up form (downloadable in website).
- Get it filled and stamped by a qualified hospital : Asia Royal Hospital in Yangon).
5. Police Clearance Certificate (Non-criminal record)
6. Language Proficiency Proof
- (English-taught programs: IELTS / TOEFL iBT / Duolingo )
- (Chinese-taught programs: HSK certificate)
7. Study Plan / Research Proposal
- (Must be written in Chinese for Chinese-taught programs.)
8. Two Recommendation Letters
- (From professors or academic supervisors.)
9. Conditional Acceptance Letter(Optional)
- (Not required by all universities.)
10. Additional Certificates (If any)
- Awards, achievements, or extracurricular certificates (optional).

*Additional Notes*
- Some universities may require a 2-minute self-introduction video.
- (Application fees) vary—some universities charge, while others don’t.

Follow for more!!

05/06/2025

Recommended Chinese Language Textbooks for Beginners
[English below]

တရုတ်စာကို အခုမှစပြီးလေ့လာမဲ့သူတွေအတွက် ဘယ်သင်ရိုးနဲ့လေ့လာရင်ပိုကောင်းမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ပုံမှာပါတဲ့စာအုပ်တွေကတော့
1.Hanyu (汉语)
2.HSK standard course (HSK标准教程)
3.Developing Chinese (发展汉语)
4.New practical Chinese reader (新实用汉语)
ဒီစာအုပ်တွေကတော့ လူသုံးများတဲ့စာအုပ်တွေပါ။

1. Hanyu( 汉语)
汉语ဖတ်စာကတော့ ပုံလေးတွေ၊ activities တွေနဲ့မို့လို့ သင်ရတာပျော်စရာကောင်းပါတယ်။ ကလေးငယ်‌လေးတွေနေစပြီးတော့ သင်လို့ရပါတယ်။ ပုံပြင်တွေ၊ ကဗျာတိုလေးတွေနဲ့မို့လို့ သင်ရတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာသာစကားကိုသင်ယူဖို့အတွက် အချိန်ပေးနိုင်ပြီးတော့ သေသေချာချာသင်ယူချင်တဲ့သူတွေအတွက် ဒီဖတ်စာအုပ်လေးကို recommend ပေးချင်ပါတယ်။

2. HSK Standard course (HSK标准教程)
ဒီစာအုပ်ကကျတော့ HSK exam ဖြေဖို့အတွက်လူတိုင်းနီးပါးအသုံးပြုတဲ့စာအုပ်လေးပါ။ Hanyu စာအုပ်လောက်တော့မကောင်းပါဘူး (ကိုယ်ပိုင်အမြင်ပါ)။ဒါကို Hanyu သင်ဖူးသူတိုင်းသိပါလိမ့်မယ်။ ဒီစာအုပ်ကိုအသုံးပြုပြီးတော့ တရုတ်စာကိုအမြန်‌ေလ့လာပြီး HSK စာမေးပွဲကိုဝင်ဖြေကြတာများပါတယ်။ ကိုယ်တိုင်ကဘယ်လိုမျိုးအသုံးချမလဲပေါ်မူတည်ပြီးတော့ အကျိုးသက်ရောက်မှုရှိပါတယ်။ အမြန်သင်ချင်တာလား အတတ်သင်ချင်တာလားဆိုပြီး ၂မျိုးကွဲထွက်သွားမယ်ပေါ့နော်။ ကျွန်တော်ကတော့ Say Nihao Chinese language နဲ့ Tao laoshi YouTube channel တွေကနေပြီးတော့လေ့လာပါတယ်။

3. Developing Chinese (发展汉语)
ဒီစာအုပ်ကကျတော့ အပေါ်မှာပြောသွားတဲ့ စာအုပ်တွေနဲ့ယှဉ်ရင် အသုံးနည်းပါတယ်။ သူကအချိန်ကြာပေးပြီး ‌သင်ယူရတဲ့ course တမျိုးပါ။ 初级(一,二),中级(一,二),高级(一,二)ဆိုပြီး level 3မျိုးရှိပါတယ်။ Level တစ်မျိုးကို တစ်နှစ်လောက်အချိန်ယူပြီးသင်ရပါတယ်။ Levelတစ်ခုချင်းစီမှာ reading & writing, listening, speaking and comprehensive ဆိုပြီးစာအုပ် 4အုပ်ရှိပါတယ်။ တရုတ်စာကိုသေသေချာချာ အခြေခံကနေစပြီးတော့ 4skills လုံးကိုသင်ယူချင်တဲ့သူဆိုရင်တော့ ဒီစာအုပ်ကတော်"ကောင်းပါတယ်။

4. New practical Chinese reader (新实用汉语)
ဒီစာအုပ်လေးကလဲ အတော့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်လေးပါ။ တစ်အုပ်နဲ့တစ်အုပ်ကိုမှ ဇာတ်လမ်းဇာတ်အိမ် အချိတ်အဆက်နဲ့မို့လို့ စာသင်တာမပျင်းရဘူးနော်။ နောက်ပြီးတော့ ဒီစာအုပ်တစ်အုပ်ကိုသင်ပြီးသွားရင် နောက်တစ်အုပ်ကိုဆက်ပြီးတော့ သင်ချင်နေမှာပါ ဇာတ်လမ်းတွဲကြည့်နေရသလိုပေါ့နော်။ ကိုယ်တိုင်လဲသေချာလေ့လာခဲ့တာမို့လို့ recommend ပေးနိုင်တာပါ။ ဘယ်ကနေလေ့လာခဲ့လဲဆိုတော့ YouTube channelမှာ Tao Laoshi တင်ပေးထားတဲ့ videos ‌တွေကိုကြည့်ရင်းနဲ့ self study လုပ်ခဲ့တာပါ။ စာအုပ်တစ်အုပ်နဲ့ တစ်အုပ်တော့အကြောင်းအရာတွေမတူပါဘူး စီးပွါးရေးနဲ့ပတ်သက်တာ၊ လေ့လာရေးခရီးသွားတာ၊ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်တာ အစရှိသဖြင့် အမျိုးမျိုးသင်ယူရပါတယ်။

အချုပ်အနေနဲ့ အပေါ်မှာပြောပြပေးသွားခဲ့တဲ့ စာအုပ်တွေကတော့ ကိုယ်တိုင်လေ့လာခဲ့ဖူးတဲ့ စာအုပ်တွေပါနော်။Tao laoshi ကတော့ အကြိုက်ဆုံး laoshi တစ်ယောက်ပါ။ Laoshiတင်ပေးထားတဲ့ video တွေကိုကြည့်ပြီး စာလုပ်တာများပါတယ်။ LaoshiကChinese to Chinese သင်ပေးတာပါ။ ကိုယ်တိုင်က အဲ့လိုသင်ရတာကြိုက်တဲ့သူမို့ အဆင်ပြေပါတယ်။ အမှားပါတာများရှိရင်လဲဝေဖန်ထောက်ပြလို့ရပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

Recommended Chinese Language Textbooks for Beginners

For those just starting to learn Chinese, choosing the right textbook is mainly. Below are some of the most popular and effective textbooks, based on personal experience and recommendations.

1. 《汉语》 (Hanyu)
✓Best for: Fun, interactive learning with pictures, stories, poems and activities
✓Suitable for: Kids & absolute beginners
The Reason:
- Uses stories, poems, and illustrations to make learning enjoyable.
- Great for those who want to take their time and build a strong foundation.
- Highly recommended for visual learners.

📌 Personal Opinion:
This book is one of the best for beginners who want engaging content.

2. 《HSK标准教程》 (HSK Standard Course)
✓Best for: Fast-track learning for HSK exams
✓Suitable for: Exam-focused learners
The Reason:
- The most widely used textbook for HSK test preparation.
- Structured lessons aligned with HSK levels (1-6).
- Good for quick progress but less engaging than Hanyu.

📌 Tip: Best paired with YouTube channels like "Say Nihao" or "Tao Laoshi" for better understanding.

3. 《发展汉语》 (Developing Chinese)
✓Best for: Comprehensive, long-term study (all 4 skills)
✓Suitable for: Serious learners with time to invest
The Reason:
- Covers listening, speaking, reading, and writing in depth.
- Divided into Beginner (初级), Intermediate (中级), Advanced (高级) levels.
- Each level takes about a year to complete.
📌 Note: Less popular in here but very thorough—ideal for those who want fluency.

4. 《新实用汉语》 (New Practical Chinese Reader)
✓Best for: Story-based learning & cultural immersion
✓Suitable for: Self-learners who enjoy narratives
The Reason:
- Lessons are connected like a story, making learning addictive.
- Covers business, travel, Chinese culture and so forth .
- Great for self-study (check Tao Laoshi’s YouTube lessons for guidance).

Final Recommendations:
✔ For fun & easy learning → 《汉语》 (Hanyu)
✔ For HSK exams → 《HSK标准教程》 (HSK Standard Course)
✔ For deep, structured learning → 《发展汉语》 (Developing Chinese)
✔ For story-based immersion → 《新实用汉语》 (New Practical Chinese Reader)

∆ Extra Tip:Tao Laoshi’s YouTube channel—he teaches "Chinese in Chinese" , which is super helpful for immersion!

01/06/2025

What is the CSC Scholarship?
[ English below ]

CSC scholarship ဆိုတာကဘာလဲ?

- CSC ဆိုတာက တရုတ်အစိုးရ‌က တရုတ်နိုင်ငံမှာ ပညာသင်ယူချင်တဲ့‌ ကျောင်းသားတွေအတွက် Chinese scholarship council ပေးထားတဲ့ Chinese government scholarship ပဲဖြစ်ပါတယ်။
- ဒါဟာပြောပြစရာမလိုလောက်အောင်ကိုမှ တရုတ်မှာပညာသင်ချင်တဲ့ လူတိုင်းသိနှင့်ပြီးသားဖြစ်တဲ့ scholarship အမျိုးအစားတစ်ခုပါ။ ဒါပေမဲ့မသိသေးတဲ့သူတွေအတွက် ပြောပြပေးပါမယ်။
✓ ဒီscholarshipဟာ international studentsတွေကို Undergraduate , Masters, PhDဆိုပြီး သက်ဆိုင်ရာ scholarship အသီးသီး‌ပေးထားပါတယ်။ CSC ကပေးတဲ့ scholarship မှာပါဝင်တာကတော့ tuition fees, accomodations fees အပြင်ကိုမှ monthly stipends အတွက်တစ်လကို အသုံးစာရိတ် ယွမ်3500အထိပေးပါတယ်။ တစ်ချို့ကျောင်းတွေကတော့ health insurance အတွက်ပါပေးပါတယ်။
[ CSC Type A နဲ့ Bဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ Type A ကတော့အပေါ်မှာပြောထားသလို အကုန်ပါပြီးတော့ Type Bကတော့ လစဉ်အသုံးစာရိတ်မပေးပါဘူး ကျန်တာကအတူတူပါပဲနော်။ ]

** ဒါပေမဲ့တစ်ခုသိရမှာက ဒီscholarshipကို လူတော်တော်များများ လျှောက်ကြပါတယ်။** အဲ့ဒီတော့ ကိုယ်ကဒီscholarကိုရချင်ရင် ကိုယ့်ဘက်ကအပြည့်အစုံပြင်ဆင်ထားမှရပါမယ်။
Don't forget to like and follow!!

What is the CSC Scholarship?

- The CSC Scholarship (Chinese Government Scholarship) is a prestigious award offered by the China Scholarship Council to international students who want to study in China. It’s one of the most well-known scholarships for studying in China—almost every student aiming for higher education there knows about it! But for those who are new, here’s what you need to know:

What Does the CSC Scholarship Cover?
The scholarship is available for:
✅ Undergraduate
✅ Master’s
✅ PhD programs

Benefits include:
- Full tuition waiver
- Free accommodation (or a housing allowance)
- Monthly living stipend (up to ¥3,500 depending on the degree level)
- Some universities also provide health insurance

Note: There are Two types of CSC Scholarships:
- Type A: Covers all expenses (tuition, housing, stipend)
- Type B: Covers tuition and housing but
" NO " monthly stipend

>
Since many students apply for this scholarship, competition is tough. To increase your chances, you must prepare thoroughly—strong academic records, recommendation letters, and a well-written study plan are key!

Stay tuned for next
Thankyou

31/05/2025

How to apply for a scholarship in china?
[English below]

တရုတ်နိုင်ငံပညာသင်ဆုကို ဘယ်လိုမျိုးလျှောက်ရမလဲ?

ဒီနေ့မှာတော့ တရုတ်နိုင်ငံမှာ scholarship နဲ့ကျောင်းတတ်ချင်တဲ့သူတွေအတွက် လမ်းညွှန်ပေးသွားမှာပဲဖြစ်ပါတယ်။ ဟုတ်ပါပြီ ဒါဆိုရင် သူတို့ပေးတဲ့ scholarship တွေဆိုတာဘာလဲ?

1. CSC scholarship
2. CIS scholarship
3. One year language program
4. Half year language program
5. University scholarship
6. Belt and road scholarship
7. Provincial scholarship
အစရှိသဖြင့်အများကြီး ရှိပါသေးတယ်။ အပေါ်က 7ခုကတော့ အများဆုံးလျှောက်ကြတဲ့ scholar တွေပဲဖြစ်ပါတယ်။

China Scholarship တွေက March intake and September intake ဆိုပြီးတော့ တစ်နှစ်မှာ intake နှစ်ခါရှိပါတယ်။

March intake အတွက် formကို October မှစပြီးဖွင့်ပါတယ်။
September intake အတွက် formကိုတော့ Februaryမှစပြီး ဖွင့်‌ပါတယ်။
*တစ်ကျောင်းနဲ့တစ်ကျောင်းတော့ formဖွင့်ရက်မတူကြသလို deadline လဲမတူပါဘူး။*

အခုချိန်ဆိုရင် September intake အတွက်လျှောက်လို့မရတော့ပါဘူး။ march intake အတွက်ပြင်ဆင်မယ်ဆိုရင်မှီပါသေးတယ်။

Scholarship လျှောက်နိုင်ဖို့အတွက် မိန်းနဲ့အတူပြင်ဆင်လို့ရနိုင်မဲ့ campaign လေးတစ်ခုလဲ ပြုလုပ်ပေးသွားပါမယ်။

Agency နဲ့အပ်ပြီးတော့လျှောက်လို့ရသလို ကိုယ်တိုင်လဲလျှောက်လို့ရပါတယ်။ လျှောက်ပုံလျှောက်နည်းသိရင်တော့ ကိုယ်တိုင်လျှောက်တာကအကောင်းဆုံးပါ။ ကိုယ်တိုင်လျှောက်မယ်ဆိုရင်တော့ အားစိုက်ထုတ်ရပါမယ် စာတွေလိုက်ဖတ်ရပါမယ်။

ဘယ်လိုလျှောက်ရမလဲဆိုတာနဲ့ scholarship တွေအကြောင်းအ‌သေးစိတ်လဲ လမ်းညွှန်ပေးသွားမှာမို့ like & followလေးလုပ်သွားလို့ရပါတယ်။

How to get a Scholarship in China?

Today, I’ll guide those who want to study in China on a scholarship. So, what kinds of scholarships are available?

1. CSC scholarship
2. CIS scholarship
3. One year language program
4. Half year language program
5. University scholarship
6. Belt and road scholarship
7. Provincial scholarship
and so forth! The seven listed above are the most commonly applied for scholarships.

China Scholarships have two intakes per year: "March intake and September intake".

- For the "March intake", applications usually open in (October).
- For the "September intake", applications approximately open in (February).
**Note: Application periods and deadlines may vary slightly depending on the university.**

Right now, it’s too late to apply for the "September intake" , but there’s still time to prepare for the "March intake".

To help you prepare for scholarship applications, I’ll also be organizing a small campaign where we’ll work together step by step.

You can apply through an agency or independently. If you know the process, applying on your own is the best option. But however, self-applications require effort—you’ll need to do your research and read a lot of materials.

I’ll provide detailed guidance on how to apply and explain more about these scholarships, so feel free to for updates!

29/05/2025

Hey guys!
[English below]

ဒီpageလေးကတော့ နိုင်ငံခြားမှာ scholarship နဲ့ကျောင်းတတ်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ knowledge sharing နဲ့အတူ scholarship နဲ့ပတ်သက်တဲ့အချက်လက်တွေကိုပါ ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

အဲ့တာကြောင့်မို့ page လေးကိုlike and follow လုပ်သွားဖို့မမေ့နဲ့နော်🌸

This page is dedicated to helping students who dream of studying abroad with scholarships. I'll make valuable knowledge sharing and informations about scholarship opportunities to support your journey.

Don’t forget to > my page so you don’t miss out! 🎓✈️


ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok