Cherry’s English Corner

Cherry’s English Corner

แชร์

Small steps, big progress !

28/08/2025

Good newssss everyone !!!! 🤩🤩Air Asia airline ကနေ စာထွက်လာပါတယ်ရှင်။Thai Private or Public university က ကျောင်းသားဖြစ်တယ်ဆိုရင် domestic flight (ထိုင်းပြည်တွင်းခရီးစဉ်)ဖြစ်ဖြစ်၊ international flight (ပြည်ပခရီးစဉ်ဖြစ်ဖြစ်) 50% off ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Free benefits တွေလဲရရှိဦးမှာဖြစ်ပါတယ်ရှင်။ ပုံတွေမှာလဲ ဘာသာပြန်ပြီးဖော်ပြပေးထားပါတယ်ရှင်။ Original photos crd ပါ။

25/08/2025

🥰 တပည့်ကျော် ပဲလှော်လေးတစ်ယောက်ကို ဒီနေ့စာသင်ရင်း course book ချည်းပဲဆို အီမှာမို့၊ ထုံးစံအတိုင်း Kahoot ဆော့ပြီး wayground ဆော့ချိန်မှာပေါ့နော်၊ သူပျော်ရွှင်ပြီးပြောလာတာလေးရှိတယ်…… "မနက်ဖြန်က exam 2nd day၊ မနက်ဖြန်စာမေးပွဲမှာ ဒီ planets တွေနဲ့ပတ်သတ်တာတွေကို ဖြေရမှာဆိုတော့ အခုက revision လုပ်သလိုဖြစ်သွားပြီ" ဆိုပြီး သူက ပျော်ပျော်ကြီးနဲ့ပြောလိုက်တော့ ကိုယ်ဆိုသည်မှာလဲ အားရဝမ်းသာနဲ့ ထပ်မေးလိုက်ပြီး vd အပြေးလေးရိုက် မှတ်တမ်းယူလိုက်ရတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် အားရဝမ်းသာကျေနပ်မိသွားတယ် 🙆‍♀️🙆‍♀️

10/08/2025

You can try these quizzes and you can comment down there. 😉

Later, let’s check how well you can do it !!!😉😌

1. After the bad cold, he’s finally __________.
A) under the weather
B)on the mend
C) feel off-color
D) recharge someone’s batteries

2. She looked really pale and tired this morning—she __________.
A) look like death warmed up
B)as fit as a fiddle
C) as right as rain
D) on the road to recovery

3. I didn’t go out yesterday—I was feeling a bit __________.
A) under the weather
B)as right as rain
C) recharge someone’s batteries
D) on the mend

4. After a relaxing weekend away, I really __________!
A) felt as right as rain
B)looked like death warmed up
C) was under the weather
D) was on the road to recovery

5. A two-day spa retreat really helped me __________.
A) recharge my batteries
B)feel off-color
C) under the weather
D) was on the road to recovery

6. After days of rest and medicine, he’s __________—practically fully recovered.
A) on the road to recovery
B)look like death warmed up
C) under the weather
D) as right as rain

7. With regular exercise and good sleep, I’m now __________—feeling strong and healthy.
A) as fit as a fiddle
B)look like death warmed up
C) on the mend
D) recharge my batteries

06/08/2025

2020 နှစ်ကုန်လောက်က ရန်ကုန်မှာ Big Bad Wolf စာအုပ်ရောင်းပွဲတော်ကြီး အကြီးအကျယ် ကျင်းပသွားခဲ့တာကို အားလုံးပဲမှတ်မိကြမယ်ထင်ပါတယ်။

အခုတော့ Big Bad Wolf ကနေပြီး စာအုပ်ရောင်းပွဲတော် Bangkok မှာစ ပါတော့မယ်နော့
ပွဲတော်ရက်က 7~17 August ပါ။

Bookworm ဖြစ်တဲ့ tr. လဲ ဒီပွဲကိုသွားပါမယ် ဘာစာအုပ်တွေရှိလဲ၊ ဘယ်လိုစာအုပ်တွေကို sales ချနေလဲ သွားလေ့လာကြည့်ပြီး လိုအပ်တာလေးတွေကို တွေ့ရင် ဝယ်မယ်ပေါ့နော်။

tr ရဲ့ပရိတ်သတ်ကြီးထဲကလဲ လိုချင်တဲ့စာအုပ်လေးတွေရှိတယ်၊ တွေ့ထားတယ်ဆိုရင်လဲ tr ကို ပြောလို့ရပါတယ်။ လမ်းကြုံတော့ တစ်ခါတည်းပေါင်းဝယ်ပေးထားလို့ရတာပေါ့နော်။

အဲ့ဒါလေးလာပြောပြတာပါရှင့် 😉😉

(English Below)

Around the end of 2020, everyone probably remembers that the Big Bad Wolf book sale event was held in Yangon.
Now, Big Bad Wolf is about to start its book sale event in Bangkok!
The event will be held from August 7 to 17.

As a bookworm, I will also go to this event — to see what kinds of books are available, which ones are on sale, and to buy anything I might need.

If any of my fans have books they want or have been looking for, feel free to let me know. If I come across them, I can buy them all at once during the event.

I just wanted to drop in and share that with you all 😉😉

Photos from Cherry’s English Corner 's post 30/07/2025

Hello everyone !!!

tr. Cherry တစ်ယောက် ဘယ်တွေပျောက်ပြီး၊ ဘာတွေလုပ်နေလဲမသိဆိုပြီး တီချယ့်ရဲ့ပရိတ်သတ်ကြီးတို့ကတော့ စဉ်းစားနေမိမှာပေါ့နော် 🤔

ကဲ..... ဘာတွေလုပ်နေခဲ့လို့ ပျောက်နေတာလဲဆိုတာကို tr က ပြန်ပြောပေးရဦးမှာပေါ့ရှင်

tr က UTCC (University of Thai Chamber of Commerce) မှာ BFCP (Bachelor Foundation Certificate Program) ကို တက်ရောက်ခဲ့တဲ့ သူဖြစ်ပါတယ်။ လာမယ့် August 13 မှာဆိုရင်တော့ Bachelor 1st year ကို စတက်ရတော့မှာဖြစ်ပါတယ်ရှင်။

🏥 ပထမဆုံးအနေဖြင့် tr တို့ကို ကျောင်းကနေ MedPark ဆေးရုံကြီးကို လေ့လာရေးခရီးအနေနှင့်ခေါ်သွားခဲ့ခြင်းဖြစ်ပါတယ်။ ဒီဆေးရုံကြီးကို အကြိုက်ဆုံးသော ပထမအချက်မှာ ဆေးရုံကို တည်ဆောက်ခဲ့ရာမှာ ဆရာဝန်တွေရဲ့ idea တွေနဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

MedPark ဆေးရုံကြီးတွင် ဆေးကုသရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းကိရိယာအစုံအလင်ရှိပါတယ်။ အထူးသဖြင့် Cancer လူနာတွေအတွက် ဓာတ်ကင်တဲ့စက်လဲ ရှိပါတယ်။
Helicopter နဲ့ လူနာကိုသယ်ဖို့လိုတယ်ဆိုရင်လဲ Helicopter နဲ့ သယ်ပေးပြီး ဆေးရုံရဲ့ helipad မှာ ချပေးခြင်းအားဖြင့် လူနာသည်သက်သောင့်သက်သာရှိရှိနှင့် ဆေးရုံသို့ သွားနိုင်ခြင်းဖြစ်ပါတယ်။
tr. Cherry နောက်ထပ် သဘောကျတဲ့ အချက်တစ်ချက်လဲရှိပါတယ်။ ဘာလဲဆိုတော့....... ဒီဆေးရုံမှာ medical checkup လုပ်ရင် result များကို 2 နာရီ၊ 3 နာရီအတွင်းရရှိခြင်းဖြစ်ပါတယ်။
ICU (Intensive Care Unit)တွင်လဲ သူနာပြု(nurse)များကို ICU ၏အလည်တွင် counter ထားရှိပေးထားခြင်း
မဟုတ်ဘဲနှင့်၊ ICU တစ်ခန်းစီ၏အရှေ့တွင် သူနာပြုတစ်ယောက်ခြင်းစီရှိပြီး လူနာကို အထူးကြပ်မတ်ပြီး ဂရုစိုက်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ (ပုံမှာပြထားပါတယ်ရှင့်)

ဒါလေးကတော့ MedPark ဆေးရုံကြီးနဲ့ပတ်သတ်ပြီး အကျဉ်းချုပ်ပြောပြခြင်းပဲဖြစ်ပါတယ်ရှင်။
(ထပ်မံသိချင်တာလေးတွေရှိရင်လဲ tr ကို တိုက်ရိုက်လာမေးလို့ ရပါတယ်ရှင်)

ဒုတိယပိုင်းကို နောက် post တစ်ခုတွင် ဆက်လက်ဖော်ပြသွားပါမည်ရှင်.....

(English below)

Hello everyone!!!

Some of my fans might be wondering where she has disappeared to and what she’s been up to lately 🤔

Well well......it's time for tr. Cherry to explain what I've been doing and why I've been away 😉

tr. Cherry has been attending the BFCP (Bachelor Foundation Certificate Program) at UTCC (University of the Thai Chamber of Commerce).
Coming this August 13, I will be starting my 1st year of Bachelor's degree.

🏥 First of all, tr. Cherry and her classmates were taken on a study trip by the university to MedPark Hospital.
The first thing I like the most about this hospital is that it was designed and built with ideas from doctors.

MedPark Hospital is equipped with a wide range of medical tools and equipment.
Especially for cancer patients, they even have radiotherapy (radiation) machines.
If a patient needs to be transported by helicopter, they can do so, and the patient can be brought directly to the hospital’s helipad, allowing for comfortable and efficient transfers to the hospital.

One more thing that I was impressed by is......
At this hospital, when you go for a medical check-up, you can get your results within 2 to 3 hours !!!
Sounds great...right ?

As for the ICU (Intensive Care Unit), instead of placing nurses at a shared counter in the center of the ICU, there is one nurse stationed in front of each ICU room, allowing for close supervision and personal care for each patient. (As shown in the photo)

This was just a summary of what we learned at MedPark Hospital.
(If you’d like to know more, you’re welcome to ask tr. Cherry directly!)

The second part will be continued in the next post…

Photos from Cherry’s English Corner 's post 22/06/2025

Hello 👋

အားလုံးပဲ မင်္ဂလာပါ။

အားလုံးကတော့ အက်မက်ချယ်ရီက ချယ်ရီ့page ကို မ run ဘဲ ဘာတွေလုပ်နေလဲလို့ ထင်နေခဲ့မှာပေါ့နော် 🧐

👉 Admin Cherry ဒီရက်ပိုင်းမှာ ဘာတွေလုပ်နေခဲ့လဲ ❓❓

ပထမဆုံး အနေနဲ့ ဒီရက်ပိုင်းမှာ English class တွေ ပိုတိုးလာလို့ lesson plan တွေ ရေးဆွဲရပါတယ်။
ဒုတိယ အချက်အနေနဲ့ German စာသင်တာလေးကိုပါ ပြန်သင်ပေးနေပြီ ဖြစ်ပါတယ်။
(Admin က German စာတတ်လို့လား??
တတ်တာပေါ့ရှင်၊ teaching career ကို German စာသင်ပေးရင်းကနေ စတင်ခဲ့တာလို့ ပြောလို့ရမှာပေါ့နော်)
တတိယအချက်အနေနဲ့ကတော့ uni က presentation ရယ်၊ trip ရယ်၊ ကျောင်းချိန်တို့နဲ့ လုံးလည်လိုက်နေခဲ့တာလဲ ပါပါတယ်။

အဲ့လိုတွေ လုပ်နေတော့ tr stressed မပိဘူးလား ❓❓
တီချယ့်ချစ်တပည့်တွေကို စာသင်ရတာ stressed မပိပါဘူးနော် 😒
(တီချယ်ကသာ stressed မပိနေတာ၊ တီချယ့် ဦးနှောက်ကြီးက stressed ပိနေပြီတဲ့ 🤣)
အိုခေ... အဲ့တော့ stressed ပိခြင်း၊ မပိခြင်း ကိစ္စကို တီချယ်တို့နောက် post တစ်ခုမှာ ဆွေးနွေးကြရအောင် 😉😉

အောက်ကပုံလေး ၂ပုံက ဘာလဲဆိုတော့ ကျောင်သား ၂ယော်ကနေ Tr. ကို review ပေးထားတာလေးတွေပါ။
ကျန်တဲ့ကျောင်းသားတွေကိုလဲ မမေးရသေးလို့ပါ၊ မေးပြီးရင် အမှတ်တရအနေနဲ့ tr သိမ်းထားပါဦးမယ်။ Ta daaaa... 😉

10/06/2025

Baby foca and motherfoca

(pls read carefully 🤭🤣)

Photo crd

Photos from Cherry’s English Corner 's post 09/06/2025

ဒီနေ့ဟာဆိုရင်ဖြင့်ဆရာဗန်းမော်တင်အောင်၏ ၁၀၅ နှစ်ပြည့် မွေးနေ့လေးဖြစ်ပါရဲ့။

ဆရာ့ရဲ့ ဇာတ်လိုက်တွေဟာ တယောထိုး၊ ဆေးတံခဲတဲ့ သတင်းစာဆရာ နိုင်ငံရေးသမားတွေ များတယ်လို့ ဆိုရပါမယ်။ လူ့အောက်ဆုံးအလွှာတွေက လူတွေအကြောင်းကိုလည်း ရေးသားခဲ့ကြပြီး ငသြ၊ ရိုးမတိုက်ပွဲ အစရှိတဲ့လက်ရာတွေမှာ တွေ့ရပါတယ်။ ဆရာ့လက်ရာများထဲမှဆိုလျှင်တော့ မြိုင် ဝတ္ထုကိုတော့ အကြိုက်ဆုံးဖြစ်၏။ ဆရာရဲ့ ဒေါက်တာရေချမ်း၊ ပါမောက္ခအုန်းကျော်၊ လွမ်းရစ်တော့ သက်လှယ်ရယ် စတဲ့ ဝတ္ထုတွေဟာလဲ ဆရာ့ရဲ့စာဖတ်ပရိသတ်တွေအပေါ်မှာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ အချို့သော စာဖတ်ပရိသတ်မျာဟာဆိုလျှင်ဖြင့် ဆရာ့ရဲ့စာများကို ဖတ်ပြီးနောက် လက်ဖက်ရည်ခါးခါးသောက်ရခြင်းကို ကြိုက်နှစ်သက်ခြင်းများ ဖြစ်လာခဲ့ပါတယ်။ ဆရာဗန်းမော်တင်အောင်ဟာ ပြည်တော်သာ ခင်ခင်ဦး၊ အမေနဲ့ သူပုန်ကြီး ဝတ္ထုတွေကြောင့် ဖဆပလခေတ်မှာ ပထမဆုံး အဖမ်းခံခဲ့ရတဲ့ စာရေးဆရာ ဖြစ်ခဲ့ပါတယ်။ ဆရာကတော့ အိန်စတိန်းနှင့် သူ၏ဓမ္မတရား၊ ရုပ်ကမ္ဘာ စတဲ့ သိပ္ပံစာပေတွေ ရေးသားခဲ့သူပါ။
ဆရာရဲ့ သမိုင်းစာအုပ်တွေဟာ သူလက်ခံတဲ့ ရုပ်ဝါဒအမြင်နဲ့ ရေးသားတာဖြစ်လို့ နိုင်ငံရေးဆန်ပါတယ်။ ဆရာ့ကိုလည်း မြစ်ဧရာပေါ်ဝယ် ဝတ္ထုကြောင့် မိုးကြိုမုန်တိုင်း စာအုပ်မှာ လက်ဝဲစွန်း လူငယ်တစုက ဝေဖန်ခဲ့ကြသလို၊ ကိုကိုးကျွန်းမှာလည်း ယဉ်ကျေးမှုတော်လှန်ရေးဆန်ဆန် ဂိုဏ်းဖွဲ့ ဝေဖန်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆရာ့ကိုတော့ ထိန်းသိမ်းခံရမှုနှစ် စံချိန်တင်တဲ့ စာရေးဆရာတယောက် အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဖဆပလနဲ့ တော်လှန်ရေးကောင်စီ နှစ်ခေတ်စလုံး ထိန်းသိမ်းခံရတဲ့အပြင် ဆရာမြသန်းတင့်တို့နှင့်အတူ ကိုကိုးကျွန်းပါ အပို့ခံခဲ့ရပါတယ်။

ဆရာဟာ ကွယ်လွန်ခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် နာမည်တော့ မသေခဲ့ပါဘူး။ ဆရာ့အမည်နာမနှင့် ဆရာ၏ စာပေလက်ရာများဟာ အမြဲတစေထင်ရှားကျော်ကြားလျက် ရှိမြဲသာ။

ဆရာ့အား အစဉ်လေးစားဂုဏ်ပြုလျက်ဖြင့်...

08/06/2025

Pandora's box [singular / uncountable Noun]
ပြဿနာကို မီးခွက်ထွန်းရှာ💥

👉 Origin from Greek Mythology 👈
Pandora was created by the god Zeus and sent to the earth with a box containing many evils. She was told never to open it. However, she couldn’t control her curiosity. So, she opened it ~ and all the evils of the world (pain, jealousy, illness, etc.) came out and infected the earth.
Only hope remained inside.

💥 It means something that creates a lot of new problems that you did not expect.

👉 EXAMPLE... 1. I enjoy opening Pandora's box.
(ကျွန်ုပ်က ပြဿနာအား မီးခွက်ထွန်းရှာရတာကို သဘောကျသည်။)
2. Her parents are understandably afraid of opening a Pandora's box if they buy her a car.
(သူမ၏မိဘတွေက သူမကို ကားဝယ်ပေးဖို့ရန်မှာ
ပန်ဒိုရာ၏သေတ္တာကို ဖွင့်ရမှာ ကြောက်သကဲ့သို့ကြောက်ကြ၏။)

07/06/2025

ယနေ့အတွက် သဘောအကျဆုံးသော quote လေးတစ်ခု

"The future depends on what we do in the present."

အနာဂတ်ဟူသည် ယခုလက်ရှိတွင် ကျွန်ပ်တို့လုပ်နေသော အလုပ်အပေါ်တွင် မူတည်နေသည်။

05/06/2025

Today is an idiom day. 😉

Achilles' heel (ပျော့ကွက်)

From Greek mythology — the warrior Achilles was invincible except for his heel, where he was fatally wounded.

An Achilles’ heel is a small weakness in someone or something that is otherwise strong — and that weakness can cause failure.

EXAMPLES...
👉 1. Trusting people is my Achilles’ heel.
(လူတွေကို ယုံကြည်ခြင်းသည် ကျွန်ုပ်၏ အားနည်းချက်ဖြစ်သည်။)

👉 2. The team's Achilles' heel is their poor defense.
(ဤအသင်း၏ အားနည်းချက်သည် သူတို့၏ကာကွယ်ရေး ညံ့ဖျင်းခြင်းဖြစ်သည်။)




ဂရိဒဏ္ဍာရီမှ ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါသည်။ ဂရိသူရဲကောင်းအခီလိစ်သည် သူ၏ခြေဖနောင့်တွင် သေစေနိုင်လောက်သော ဒဏ်ရာရခဲ့သောကြောင့် သူ့ခြေဖနောင့်မှလွဲ၍ ကျန်သောအရာများတွင် အောင်နိုင်ခဲ့သည်။

Achilles' heel ဟူသည် တစ်ဦးတစ်ယောက်အတွက် သေးငယ်သော အားနည်းချက်တစ်ခု သို့မဟုတ် တစ်နည်းအားဖြင့် သန်မာသော အခြားအရာတစ်ခုဖြစ်သည်။ ထို့နောက် ထိုအားနည်းချက်သည် ကျရှုံးမှုကို ဖြစ်စေနိုင်သည်။

What’s your Achilles’ heel? 😉
Let us know in the comments! 👇


ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok