19/04/2025
👨🏻💻မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ထိုင်းမှာ White Collar အလုပ်တွေလျှောက်ချင်တယ်ဆိုရင်
✅English နဲ့ Thai ဘာသာစကား
English လိုတော့ ကျွမ်းကျင်စွာပြောတတ်ဖို့မဖြစ်မနေလိုအပ်ပါတယ်။ ထိုင်းလိုအနည်းငယ်ပြောဆိုဆက်သွယ်နိုင်မယ်ဆိုရင်တော့ အခွင့်အလမ်းကောင်းတွေပိုရပြီး ပိုအဆင်ပြေနိုင်ပါတယ်။
✅ကျွမ်းကျင်မှု
မိမိနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့အတွေ့အကြုံ၊ ဘွဲ့လက်မှတ်၊ Certificate တွေနဲ့ အရည်အချင်းတွေ ရှိဖို့လိုအပ်ပါတယ်။
✅Digital နဲ့ နည်းပညာ
Digital နဲ့ နည်းပညာ ခေတ်ကြီးဖြစ်တာကြောင့် AI အသုံးချမှု၊ Digital Tools အသုံးပြုမှု အရည်အချင်းတွေနဲ့ ခေတ်နဲ့အညီ ဗဟုသုတတွေ ရှိထားဖို့လည်းလိုပါတယ်။
✅လိုက်လျောညီထွေပြောဆိုနိုင်မှု
ထိုင်းနိုင်ငံရဲ့ လုပ်ငန်းခွင်သဘောတရားကို သိရှိနားလည်ထားပြီး လိုက်လျောညီထွေဖြစ်စွာ ပေါင်းသင်းဆက်ဆံပြောဆိုနိုင်တဲ့အရည်အချင်းတွေလည်းရှိဖို့လိုအပ်ပါတယ်။
✅Work Permit နဲ့ Visa ဗဟုသုတ
ထိုင်းနိုင်ငံသားမဟုတ်တဲ့အတွက် အလုပ်လုပ်တဲ့အခါ Work Permit နဲ့ Visa ဆိုတာမဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် Work Permit ၊ Visa တွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိထားရမယ့်အပြင် ကိုယ်တိုင်ပြုလုပ်နိုင်စွမ်းလည်းရှိဖို့လိုအပ်ပါတယ်။
အခုမျှဝေပေးထားတာကတော့ ထိုင်းမှာWhite Collar အလုပ်တွေရနိုင်ဖို့ လိုအပ်တဲ့အခြေခံ အရည်အချင်းတွေဖြစ်ပါတယ်။
နောက်ထပ် White Collar အလုပ်နဲ့ပတ်သက်ပြီး ဗဟုသုတတွေသိရှိရဖို့အတွက် ကျွန်တော်တို့ NHD Academy ရဲ့ page ကို Like & Follow ပြုလုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ 📣
🏡ဘန်ကောက်ရုံးလိပ်စာ -
Phaya Thai Rd, Thanon Phaya Thai, Ratchathewi, Bangkok 10400, Bangkok, Thailand, Bangkok Bangkok, Thailand 10400
📞 ဆက်သွယ်ရန်:
Customer Service
• 099-424-3727
• 081-972-3305
Academic
• 095-128-1702
27/03/2025
🇹🇭ထိုင်းနိုင်ငံမှာ White Collar အလုပ်တွေလုပ်မယ်ဆိုရင် Work Culture တွေလည်း ကြိုသိထားဖို့လိုအပ်ပါတယ်။
ထိုင်းနိုင်ငံရဲ့လုပ်ငန်းခွင်တွေမှာဆိုရင်
🤝 အထက်အရာရှိကို လေးစားမှုပြရပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအများစုက အထက်ကနေတဆင့်လာတာဖြစ်ပြီး အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေ ရာထူးပိုကြီးသူကို လေးစားမှုပြသကြပါတယ်။
👥ထိုင်းလုပ်ငန်းခွင်တွေမှာ ဘယ်သူနဲ့မဆို ယဉ်ယဉ် ကျေးကျေး ပြောဆိုဆက်ဆံရပြီး အဖွဲ့အစည်းနဲ့ ဟန်ချက်ကျကျ အလုပ်လုပ်နိုင်ဖို့အရေးကြီးပါတယ်။
🧑🏻💻အလုပ်လုပ်တဲ့အခါမှာ အလုပ်တွေ အမီပြီးစီးဖို့ ၊ အချိန်တိကျပြီး အချိန်မှန်ဖို့ကလည်း အရေးကြီးပါတယ်။
👩🏻💼👨🏻💼ဝတ်စားဆင်ယင်မှုပိုင်းမှာလည်း လုပ်ငန်းခွင်နဲ့ ကိုက်ညီအောင် သေသေသပ်သပ်နဲ့ Professional ဆန်ဆန် ဝတ်ဆင်ရပါတယ်။
ထိုင်းလုပ်ငန်းခွင်မှာ ဘာသာစကား အခက်အခဲတွေရှိနိုင်ပေမဲ့ White Collar အလုပ်တွေက English ဘာသာစကားအသုံးပြုမှုများပြီး ထိုင်းလိုအခြေခံလောက်ပြောဆိုတတ်မယ်ဆိုလည်း ပိုမိုအဆင်ပြေစေမှာပါ။ ✅
အခုမျှဝေပေးခဲ့တာကတော့ ထိုင်းနိုင်ငံရဲ့ Work Culture အကြောင်း အနည်းငယ်ပဲဖြစ်ပါတယ်။
လုပ်ငန်းခွင်တွေက တစ်နေရာနဲ့တစ်နေရာ မတူညီလို့ကွဲပြားနိုင်သေးဆိုတာလည်း သိထားဖို့လိုပါတယ်ခင်ဗျာ။
နောက်ထပ် White Collar အလုပ်နဲ့ပတ်သက်ပြီး ဗဟုသုတတွေသိရှိရဖို့အတွက် ကျွန်တော်တို့ NHD Academy ရဲ့ page ကို Like & Follow ပြုလုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ 📣
🏡ဘန်ကောက်ရုံးလိပ်စာ -
Phaya Thai Rd, Thanon Phaya Thai, Ratchathewi, Bangkok 10400, Bangkok, Thailand, Bangkok Bangkok, Thailand 10400
📞 ဆက်သွယ်ရန်:
Customer Service
• 099-424-3727
• 081-972-3305
Academic
• 095-128-1702
22/03/2025
🇹🇭ထိုင်းနိုင်ငံ White Collar အလုပ်နဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတစ်ခုကို ဖြေပေးထားပါတယ်ခင်ဗျာ။💬
မိမိအနေနဲ့ ထိုင်းမှ White Collar အလုပ်အကိုင်တွေလျှောက်ချင်တာကြောင့် သိချင်တာတွေရှိတယ်ဆိုရင်
လည်း Comment မှာ မေးထားခဲ့နိုင်ပါတယ်။✅
🏡ဘန်ကောက်ရုံးလိပ်စာ -
Phaya Thai Rd, Thanon Phaya Thai, Ratchathewi, Bangkok 10400, Bangkok, Thailand, Bangkok Bangkok, Thailand 10400
📞 ဆက်သွယ်ရန်:
Customer Service
• 099-424-3727
• 081-972-3305
Academic
• 095-128-1702
18/03/2025
🇹🇭ထိုင်းမှာ White Collar အလုပ်တွေခေါ်ယူမှုအများဆုံး နယ်ပယ်တွေကိုပြောပြပေးလိုက်ပါတယ်ခင်ဗျာ။
မြန်မာနိုင်ငံသားတွေအတွက်လည်း ထိုင်းနိုင်ငံရဲ့ ဒီလိုနယ်ပယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေရှိနေတာမို့ White Collar အလုပ်တွေကို လျှောက်ထားလုပ်ကိုင်သင့်ပါတယ်။ ✔️
ထပ်ပြီး ထိုင်းနိုင်ငံ White Collar အလုပ်အကိုင်နဲ့ပတ်သက်ပြီး သိချင်တာတွေရှိရင်လည်း Comment မှာမေးခဲ့နိုင်ပါတယ်။ 💬
နောက်ထပ် ဗဟုသုတတွေသိရှိရဖို့အတွက် ကျွန်တော်တို့ NHD Academy ရဲ့ page ကို Like & Follow ပြုလုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ 📣
🏡ဘန်ကောက်ရုံးလိပ်စာ -
Phaya Thai Rd, Thanon Phaya Thai, Ratchathewi, Bangkok 10400, Bangkok, Thailand, Bangkok Bangkok, Thailand 10400
📞 ဆက်သွယ်ရန်:
Customer Service
• 099-424-3727
• 081-972-3305
Academic
• 095-128-1702
17/03/2025
🇹🇭ထိုင်းနိုင်ငံမှာ White Collar အလုပ်တွေလျှောက်တော့မယ်ဆိုရင်
🔰Step (1)
ထိုင်း White Collar အလုပ်ခေါ်စာတွေတင်ပေးပြီးချိတ်ဆက်ပေးတဲ့ Website တွေမှာ ကိုယ့် Profession နဲ့ကိုက်ညီတဲ့အလုပ်တွေရှာဖွေပါ။
Website တွေမသိဘူးဆိုရင် ဒီPost လေးဖတ်ပါ။
https://m.facebook.com/story.php?story_fbid=122111024234771514&id=61573145435919&mibextid=wwXIfr
🔰Step (2)
လျှောက်မယ့်အလုပ်ကိုရွေးချယ်ပြီးရင် Job Description ကိုသေချာနားလည်အောင်လုပ်ပါ။ လျှောက်မယ့်ကုမ္ပဏီအကြောင်းလည်း သေချာလေ့လာပါ။
🔰Step (3)
အလုပ်လျှောက်ဖို့ CV Form နဲ့ Portfolio တွေကို Professional ကျကျ ပြင်ဆင်ပါ။ ပြီးရင် အလုပ်လျှောက်ပါ။
🔰Step (4)
အလုပ်လျှောက်ပြီးနောက် ပုံမှန် Email စစ်ပါ။ Interview ပါခဲ့လျှင်လည်း ကြိုတင်ပြင်ဆင်သွားပါ။
အကောင်းဆုံးကြိုးစားဖြေဆိုပါ။
🔰နောက်ထပ် Tips အနေနဲ့ အကြံပြုချင်တာကတော့
🔹Online Interview ဆိုရင် အသံဆိတ်ငြိမ်ပြီး အင်တာနက်လိုင်းကောင်းတဲ့နေရာမှာပြုလုပ်ပါ။
🔹Online Interview ဖြစ်စေ In-person Interview ဖြစ်စေ သပ်သပ်ရပ်ရပ်ဝတ်ဆင်ဖို့အရေးကြီးပါတယ်။
🔹စကားပြောဆိုရမှာလည်း တဖက်လူပြောတာ သေချာနားထောင်ပြီး နားလည်သဘောပေါက်လွယ်အောင်ပြောဆိုဆက်သွယ်ပါ။
မိမိကနိုင်ငံခြားသားဖြစ်တဲ့အတွက် ထိုင်းနိုင်ငံက White Collar အလုပ်ကိုလျှောက်ရင် Non-immigrant Visa နဲ့ Work Permit တွေ ရှိထားဖို့လည်းအရေးကြီးပါတယ်။✅
အခုပြောပြခဲ့တာကတော့ ထိုင်းမှာWhite Collar အလုပ်လျှောက်ချင်သူတွေအတွက် နည်းလမ်းအဆင့်ဆင့်ကိုမျှဝေပေးထားတာဖြစ်ပါတယ်။👷🏻♂️
ထပ်ပြီး သိချင်တာတွေရှိရင်လည်း Comment မှာမေးခဲ့နိုင်ပါတယ်။ 💬
နောက်ထပ် ဗဟုသုတတွေသိရှိရဖို့အတွက် ကျွန်တော်တို့ NHD Academy ရဲ့ page ကို Like & Follow ပြုလုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ 📣
🏡ဘန်ကောက်ရုံးလိပ်စာ -
Phaya Thai Rd, Thanon Phaya Thai, Ratchathewi, Bangkok 10400, Bangkok, Thailand, Bangkok Bangkok, Thailand 10400
📞 ဆက်သွယ်ရန်:
Customer Service
• 099-424-3727
• 081-972-3305
Academic
• 095-128-1702
13/03/2025
🌕တပေါင်းလပြည့် (မြတ်ဗုဒ္ဓပြည်တော်ပြန်အခါတော်နေ့ )
ယနေ့ ၂၀၂၅ခုနှစ်၊ မတ်လ (၁၃)ရက်နေ့၊ ကြာသပတေးနေ့မှာကျရောက်တဲ့ မွန်မြတ်သော တပေါင်းလပြည့်နေ့မှာ နေရာဒေသအသီးသီးမှ မိဘပြည်သူအပေါင်း ကိုယ်
စိတ်နှလုံး ကျန်းမာချမ်းသာစွာဖြင့် ဒါနကုသိုလ်များပြုနိုင်ကြပါစေကြောင်း NHD Academy မှာ ဆုတောင်းဆန္ဒပို့သလိုက်ပါတယ်ခင်ဗျာ။ 🙏
09/03/2025
🇹🇭ထိုင်းကWhite Collarအလုပ်တွေက မြန်မာနိုင်ငံသားတွေလည်း လျှောက်ထားလို့ရတဲ့အပြင် လစာလည်းကောင်းပြီ အခွင့်အလမ်းလည်းများတာမို့ ရွေးချယ်သင့်တဲ့ အလုပ်တွေထဲမှာ ပါပါတယ်။
ဒါကြောင့် ထိုင်းက White Collar အလုပ်အကိုင်တွေကို လျှောက်ချင်တယ်ဆိုရင် ဒီ Website တွေမှာ White Collar အလုပ်ခေါ်စာတွေရှိတာမို့ လေ့လာကြည့်နိုင်ပါတယ်။ 📌
🔰JobsDB ([jobsdb.com](https://www.jobsdb.com))
🔰 LinkedIn ([linkedin.com](https://www.linkedin.com))
🔰Glassdoor ([glassdoor.com](https://www.glassdoor.com))
🔰 WorkVenture ([workventure.com](https://www.workventure.com))
🔰 ThaiVisa Job Section ([thaivisa.com](https://www.thaivisa.com))
နောက်ထပ်လည်း ထိုင်းနိုင်ငံရှိ White Collar အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး သိရှိထားရမယ့်
ဗဟုသုတ တွေကိုထပ်မံ မျှဝေပေးသွားပါဦးမယ်။
ဒါကြောင့် ကျွန်တော်တို့ NHD Academy ရဲ့ page ကို Like & Follow ပြုလုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ 📣
🏡ဘန်ကောက်ရုံးလိပ်စာ -
Phaya Thai Rd, Thanon Phaya Thai, Ratchathewi, Bangkok 10400, Bangkok, Thailand, Bangkok Bangkok, Thailand 10400
📞 ဆက်သွယ်ရန်:
Customer Service
• 099-424-3727
• 081-972-3305
Academic
• 095-128-1702
28/02/2025
🇹🇭ထိုင်းမှာ White Collar အလုပ်အကိုင်တွေကလစာဘယ်လောက်ထိရနိုင်လဲ။ ❓
ထိုင်းက White Collar အလုပ်အကိုင်တွေဆိုတာ ဘွဲ့ရရှိထားသူတွေ၊ သက်ဆိုင်ရာနယ်ပယ်အလိုက် Diplomaနဲ့အသိအမှတ်ပြုလက်မှတ်ကိုင်ထားသူတွေ အဓိကလုပ်ကိုင်နိုင်ကြတဲ့ Professional အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။💼
White Collar အလုပ်အကိုင်တွေက လစာကောင်းမွန်တဲ့အပြင် Career Developmentအတွက် အခွင့်လမ်းကောင်းတွေလည်းရှိပါတယ်။✅
ထိုင်းမှာ White Collar အလုပ်အကိုင်တွေကလစာကောင်းတာကြောင့် ပျှမ်းမျှလစာဆိုရင်တော့
💰အလုပ်သင်ဆိုရင် အနိမ့်ဆုံး ဘတ် (၂၅၀၀၀) ကနေ ဘတ် (၄၀၀၀၀) အထိ ရနိုင်ပါတယ်။
💰နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေဆိုရင်တော့ လစာကို ဘတ် (၁)သိန်းနဲ့ အထက် ရရှိနိုင်တယ်လို့ သိရပါတယ်။
အထူးသဖြင့် Finance, IT , Education လိုမျိုး နယ်ပယ်တွေ၊ Multinational Companiesတွေမှာ White Collar အလုပ်နဲ့ အလုပ်လုပ်မယ်ဆိုရင် လစာပိုမိုကောင်းမွန်ကြပါတယ်။💁♂️
အခုပြောပြတာကတော့ White Collar အလုပ်အကိုင်တွေ ကနေ ရရှိနိုင်တဲ့ ပျှမ်းမျှ လစာပဲဖြစ်ပါတယ်။ White Collar အလုပ်အကိုင်တွေက လစာလည်းကောင်းသလို မြန်မာနိုင်ငံသားတွေလည်း လုပ်ကိုင်နိုင်ပါတယ်။ ✔️
ဒါကြောင့် ထိုင်းမှာအလုပ်လုပ်ချင်တယ်ဆိုရင် White Collar အလုပ်အကိုင်တွေကိုဦးစားပေးလျှောက်ထားပြီးလုပ်ကိုင်သင့်ပါတယ်ခင်ဗျာ။ 💼
နောက်ထပ်လည်း ထိုင်းက White Collar အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး ဗဟုသုတ တွေကိုထပ်မံ မျှဝေပေးသွားပါဦးမှာမို့ ကျွန်တော်တို့ NHD Academy ရဲ့ page ကို Like & Follow ပြုလုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ 📣
🏡ဘန်ကောက်ရုံးလိပ်စာ -
Phaya Thai Rd, Thanon Phaya Thai, Ratchathewi, Bangkok 10400, Bangkok, Thailand, Bangkok Bangkok, Thailand 10400
📞 ဆက်သွယ်ရန်:
Customer Service
• 099-424-3727
• 081-972-3305
Academic
• 095-128-1702
26/02/2025
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ထိုင်းမှာအလုပ်လုပ်မယ်ဆိုရင် White Collar အလုပ်အကိုင်တွေကို ဦးစားပေး ရွေးချယ်ပြီးလုပ်ကိုင်ပါ။ 💼
ဘာကြောင့်လဲဆိုတော့ White Collar အလုပ်အကိုင်တွေက
💰သာမန်ထက် လစာပိုကောင်းကြတယ်။
🌟Career Development အတွက်အခွင့်လမ်းကောင်းများစွာရှိတယ်။
💯Work Permit နဲ့ ဗီဇာထောက်ခံချက်တွေလည်း ရသလိုစိတ်ချရတယ်။
🇹🇭ထိုင်းမှာ နိုင်ငံခြားကုမ္ပဏီတွေများပြားလာပြီး တိုးတက်လာတာနဲ့အမျှ White Collar အလုပ်အကိုင် အခွင့်အလမ်းတွေများတယ်။
ဒါ့အပြင် White Collar အလုပ်အကိုင်နဲ့ ထိုင်းမှာအလုပ်လုပ်မယ်ဆိုရင်တောင် ထိုင်းက အာရှနိုင်ငံတစ်ခုဖြစ်လို့ Work Culture နဲ့ ရာသီဥတုအခြေအနေတွေ၊ စားသောက်နေထိုင်မှုတွေကအစ အမြန်အဆန် လိုက်လျောညီထွေဖြစ်နိုင်တယ်။✔️
ဒီလိုမျိုး အားသာချက်တွေကြောင့် ထိုင်းမှာအလုပ်လုပ်မယ်ဆိုရင် White Collar အလုပ်အကိုင်တွေကိုဦးစားပေးလျှောက်ထားပြီးလုပ်ကိုင်သင့်ပါတယ်။💁🏻♂️
မြန်မာနိုင်ငံသားတွေအနေနဲ့ White Collar အလုပ်အကိုင်တွေကို ဘယ်လိုလျှောက်ရမလဲ။ ❓
ဘယ်လိုနေရာတွေမှာ လျှောက်ထားနိုင်မလဲ။ ❓
White Collar အလုပ်အကိုင်ရအောင်ဘယ်လိုပြင်ဆင်ရမလဲ။❓
အစရှိတာတွေကိုတော့ နောက်Post တွေမှာ ထပ်မံ မျှဝေပေးသွားပါဦးမယ်ခင်ဗျာ။
ဒါကြောင့် ကျွန်တော်တို့ NHD Academy ရဲ့ page ကို Like & Follow ပြုလုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ 📣
23/02/2025
🇹🇭ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် မဖြစ်မနေသိထား
ရမှာကတော့ White Collar Job တွေအကြောင်းပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက White Collar အလုပ်အကိုင်တွေ ဆိုတာကတော့ ရုံးတွေမှာ Full-time လုပ်ရတဲ့ Professional အလုပ်အကိုင်တွေဖြစ်ပြီး သက်ဆိုင်ရာအလုပ်အကိုင်
အတွက် ဘွဲ့လက်မှတ်၊ Qualification နဲ့အလုပ်
အတွေ့အကြုံနဲ့လိုအပ်ပါတယ်။✔️
💼White Collar အလုပ်အကိုင်တွေကို ဥပမာ ပြောပြရရင်တော့ ယေဘုယျအနေနဲ့ အောက်ပါအလုပ်အကိုင်တွေပဲဖြစ်ပါတယ်။
🔹Finance & Banking - Accountant, Financial analysts
🔹 IT & Tech – Software developers, IT consultants, cybersecurity specialists
🔹Marketing & Sales – Digital marketers, brand managers, business development executives 🔹Education – International school teachers, university lecturers, language instructors
🔹Hospitality & Tourism – Hotel management, travel consultants, event planners
ထိုင်းမှာ White Collar အလုပ်အကိုင်တွေက ထိုင်းနိုင်ငံသားတွေပဲလုပ်ကိုင်တာများကြပါတယ်။ ဒါပေမဲ့ Multinational Companies ၊ International School တွေ မှာတော့White Collar အလုပ်တွေမှာ နိုင်ငံခြားသားတွေလည်း ဝင်ရောက်လုပ်ကိုင်ကြတာရှိပါတယ်။ 💁🏻♂️
ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်းမှာ ကို White Collar အလုပ်အကိုင်တွေကို လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတွေရှိပါတယ်။💼
ဒါ့အပြင် White Collar အလုပ်အကိုင်တွေက ထိုင်းနိုင်ငံသားတွေနဲ့တန်းတူအခွင့်အရေးရပြီး လစာကောင်းမွန်တာကြောင့် ထိုင်းမှာအလုပ်လုပ်မယ်ဆိုရင် White Collar အလုပ်အကိုင်တွေကို ရွေးချယ်လုပ်သင့်ပါတယ်ခင်ဗျာ။ ✅
ကျွန်တော်တို့ NHD Academy မှလည်း ထိုင်းနိုင်ငံရှိ White Collar အလုပ်အကိုင်တွေနဲ့ပတ်သက်ပြီး ဗဟုသုတများမျှဝေပေးသွားဦးမှာမို့ page ကို Like & Follow ပြုလုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ 📣
🏡ဘန်ကောက်ကျောင်းလိပ်စာ -
Phaya Thai Rd, Thanon Phaya Thai, Ratchathewi, Bangkok 10400, Bangkok, Thailand, Bangkok Bangkok, Thailand 10400
📱 ဆက်သွယ်ရန်:
Customer Service
• 080-406-8869
19/02/2025
မင်္ဂလာပါ။ NHD Academy page မှ ကြိုဆိုလိုက်ပါတယ်။ 🙏
ကျွန်တော်တို့ NHD Academy ဟာ ထိုင်းနိုင်ငံရောက် မြန်မာလူငယ်များ၊ ထိုင်းနိုင်ငံမှာကျောင်းတက်နေတဲ့ ကျောင်းသားများအတွက် လုပ်ငန်းခွင်လက်တွေ့အသုံးချ သင်တန်းများကို စျေးနှုန်းသက်သာစွာ ဖွင့်လှစ်သင်ကြားပေးသွားမယ့်ကျောင်းတစ်ခုပဲဖြစ်ပါတယ်။ 🇹🇭
✔️ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါ အဆင်ပြေချောမွေ့စေဖို့၊
✔️ထိုင်းနိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေးရှိပြီး လစာကောင်းမွန်တဲ့ White Collar Job များကို လုပ်ကိုင်နိုင်ဖို့၊
✔️လုပ်ငန်းခွင်ဝင်ဖို့ လက်တွေ့အသုံးချ အသက်မွေးဝမ်းကြောင်းပညာရပ်များကို ကျွမ်းကျင်တဲ့ဆရာများနဲ့ တိုက်ရိုက်သင်ကြားနိုင်ဖို့၊
အစရှိသဖြင့် ကျွန်တော်တို့ NHD Academy မှာ ထိုင်းနိုင်ငံတွင်း လုပ်ငန်းခွင် လက်တွေ့အသုံးချ ပညာရပ်တွေကို သင်တန်းကြေးသက်သက်သာသာနဲ့ ထိထိရောက်ရောက် သင်ယူနိုင်မှာဖြစ်ပါတယ်။ 👨🏻💻
ဒါ့အပြင်ကျွန်တော်တို့ NHD Academy ကနေ မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံရှိ အလုပ်အကိုင်အခွင့်အလမ်းများ၊ White Collar Job များ အကြောင်း သိထားရမယ့် ဗဟုသုတ တွေကိုလည်းမျှဝေသွားဦးမှာပါ။ 💁🏻♂️
ဒါကြောင့် ကျွန်တော်တို့ NHD Academy ရဲ့ page ကို Like & Follow ပြုလုပ်ထားပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ 📣
🏡ဘန်ကောက်ကျောင်းလိပ်စာ -
Phaya Thai Rd, Thanon Phaya Thai, Ratchathewi, Bangkok 10400, Bangkok, Thailand, Bangkok Bangkok, Thailand 10400
📱 ဆက်သွယ်ရန်:
Customer Service
• 080-406-8869