Pika sharing "I Make Winners Win BIGGER"
(1)

23/08/2026

ကိုယ့်ဖာသာ ဂျင်ဆော့ရင်း ကြိုက်လို့ ဂျင်ပုံတွေ တင်တာ အခု page newsfeed မှာ တခြားဘဲတွေရဲ့ ဂျင်ပုံတွေချည်း တက်လာနေပြီ 😭

မမြင်ချင်ဘူးလေ

Pinoy လေးတွေရဲ့ ဘီကီနီပုံတွေ ပြောင်းတင်ရမလို ဖြစ်နေပြီ 😭

လူငယ်အဌာရသ ၉ လာဖို့ ရှိပါတယ် ။နောက် ၃ရက်လောက်အတွင်း စကြေညာပေးပါမယ်နော် !အတန်းကြီး မတိုင်ခင် အတန်းသေးသေးလေးပါ လက်ဆောင် ထည...
22/08/2026

လူငယ်အဌာရသ ၉ လာဖို့ ရှိပါတယ် ။

နောက် ၃ရက်လောက်အတွင်း စကြေညာပေးပါမယ်နော် !

အတန်းကြီး မတိုင်ခင် အတန်းသေးသေးလေးပါ လက်ဆောင် ထည့်ပေးထားတယ် 😎

မျှော်နေကြသူတိုင်း ၊ လာမေးကြသူတိုင်း မကြာခင် အပ်လို့ရအောင် လုပ်ပေးမယ်နော် !

ဆော့ရတာ အားရ 😎Comment ထဲတော့ ရုက္ခစိုးပုံ ရှိတယ် 😆
22/08/2026

ဆော့ရတာ အားရ 😎

Comment ထဲတော့ ရုက္ခစိုးပုံ ရှိတယ် 😆

Flex-worthy 😎
21/08/2026

Flex-worthy 😎

မိုက်လား မိုက်လား 😁
15/08/2026

မိုက်လား မိုက်လား 😁

လူတစ်ယောက်က ငယ်ရွယ်စဉ်မှာအထာကျကျဖြစ်ဖို့ဌာနီ ဘယ်ဆီရောက်နေနေရတာ ရှိတာနဲ့ ကြုံးတက်ဖို့သင်ယူမှုတွေ ဆက်တိုက်ဖြစ်နေဖို့ လိုပါ...
14/08/2026

လူတစ်ယောက်က
ငယ်ရွယ်စဉ်မှာ
အထာကျကျဖြစ်ဖို့
ဌာနီ ဘယ်ဆီရောက်နေနေ
ရတာ ရှိတာနဲ့ ကြုံးတက်ဖို့
သင်ယူမှုတွေ ဆက်တိုက်ဖြစ်နေဖို့ လိုပါတယ် ။

ကိုးနဝင်း ဝင်ဖူးတဲ့သူတွေ ရှိလား ဒါနဲ့ 👀

😎
12/08/2026

😎

07/08/2026

ကိုယ် မက်တဲ့အရာ ၊ တန်ဖိုးထားတဲ့အရာတွေကပဲ
ကိုယ့်ကို ထိခိုက်စေတယ် ။

ကိုယ် မသိတဲ့သူ တစ်ယောက် ကိုယ့်ကို မကြည်တာ ဘာမှမဖြစ်ပေမယ့် ကိုယ် respect ထားခဲ့တဲ့ Senior/ဆရာက မကြည်တာ သိရရင် ခံစားရခက်တယ် ။

နာမည်ကြီးတာ viral ဖြစ်တာကို မမက်တဲ့သူအနေနဲ့
သူ့ပေ့ချ်က နီရဲတွက် engagement 100% ကျနေလည်း သူ့အတွက် စိတ်မထိခိုက် ။

အဲ့တော့ ကိုယ့်အနေနဲ့ မက်တဲ့နေရာမှာ ရွေးမက်တက်ဖို့ လိုတယ် ၊ ဆရာကျဖို့ လိုတယ် ။

Naval ပြောတဲ့ စကားလေးတွေထဲ သဘောကျတာ တခုရှိ

“Want the right things”

မှန်တဲ့အရာတွေကို မက်တက်ဖို့ အရေးကြီးတယ် တဲ့ ။

ငယ်ငယ်ကတော့ လမ်းသရဲဆန်ဆန် ငါ့ဖာသာ မက်ချင်တာ မက်မယ် ၊

Live fast, die young တွေ ဘာညာအော်ခဲ့ပေမယ့်

နှစ်ကောင်းတွေမှာ ပေတေလို့ စီးပွါးကျသွားတာတွေ ၊

နှစ်တွေအများကြီး ပေတေလို့ ဆေးရုံပေါ် လဲသွာတာတွေ ၊

အချိုးမပြောင်းလို့ လူကောင်း သူငယ်ချင်းကောင်းတွေ အနားမရှိတာတွေ ၊

အနုပညာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူတွေ ငွေစည်းကမ်းမရှိလို့ ဘဝအနှောင်းပိုင်းမှာ အောက်ကျပြီး Media တွေရှေ့ နောင်တမျက်ရည်နဲ့ အင်တာဗျုးဖြေတာတွေ

စတာတွေကို ဘေးဘီ ပတ်ဝန်းကျင် ၊ ကိုယ့်ရပ်ကွက်ထဲ ၊ ကိုယ့်ဆွေမျိုးထဲ မြင်လာရတော့ ကိုယ်အသက်ကြီးတဲ့အခါမှ ကြောင်အကြီးကျယ်ပျောက်ရတာမျိုး မဖြစ်ချင်တော့ဘူး ။

အဲ့တော့ တဖြည်းဖြည်း

မက်သင့်တာတွေက ဘာတွေလဲ စ စဉ်းစားလာတယ် ။

What right things should I want ဆိုတာတွေပါ စဉ်းစားလာရတယ် ။

စဉ်းစားကြည့်

တက္ကသိုလ် ကျောင်းသားအရွယ်က

တစိမှ skill တွေ မဖြည့် ၊ risk တွေ မယူ ၊ ကြီးတဲ့အလုပ်တွေ မလုပ် ၊ Team နဲ့ အလုပ်မလုပ်

ဖာသိဖာသာနဲ့

“တနှစ်တတန်း အောင်ရင်ရပြီ”

“အချိန်တန် ဘွဲ့ရမှာပဲ” ဆိုတဲ့သူတွေ

တက္ကသိုလ်အပြီးမှ စကြောင်ပျောက်တာတွေ မြင်ဖူးတယ်မလား ၊

တက္ကသိုလ်အပြီးမှ အစကနေ စဖြည့်ရတယ် ၊ ဟိုစပီကင်သင်တန်း ဒီ soft skill သင်တန်း ပြေးတက်ရတယ် ဆိုတာ မြင်ဖူးတယ်မလား

ဘဝကြီးမှာလည်း အဲ့သဘောပါပဲ ။

ပေတာ တေတာ မိုက်တာတွေက ငယ်တုန်း cool ဖြစ်တယ် ၊ edgy ဖြစ်တယ် ၊ မိုက်တယ် ဆိုပေမယ့်

အဲ့အချိုးတွေ မပြင်ရင် အကြီးကျယ် ကြောင်ပျောက်တက်ပါတယ် ။

07/08/2026

Your life will change
“When you stop waiting to feel ready to do sh*ts”

အဆင်သင့်ဖြစ်တယ်လို့ ခံစားရတဲ့အထိ စောင့်နေတာကို ရပ်လိုက်ပြီး အလုပ်တွေ စလုပ်ရင် ဘဝ တကယ် မိုက်လာပါလိမ့်မယ် ။ အလုပ်တွေ ပို ပြီးလာပါလိမ့်မယ် ။

05/08/2026

ကျနော့် လူငယ်တွေကို ခံစားဖူးစေချင်တဲ့ အထဲမှာ ဘာပါလဲဆိုရင် “work orgasm” ပဲ ။

တကယ့် real term တော့ မသိဘူး ၊ သွားလည်း မရှာထားဘူး ။

ဆိုလိုချင်တာက ဒါ ။

“လုပ်ရတာ ခက်တဲ့ အလုပ်ကို ရလဒ်ထွက်အောင် လုပ်ပြီး ဖြစ်လာတဲ့ ခံစားချက်”

တခါတလေကျတော့

ကိုယ့်အနေနဲ့ နာရီတွေနဲ့ချီ အားအရမ်းစိုက်ပြီး deep work တွေ လုပ်အပြီး

“ဒါကို နောက်လူတွေ လိုက်လုပ် ၊ လိုက်တုဖို့ ခက်လွန်းတယ် ၊ good luck”

လို့ စိတ်ထဲခံစားရတဲ့အချိန်

တအားမိုက်တာ ။

Amount of work ထည့်ရတာက မနည်း ၊ ဦးနှောက်သုံးရတာလည်း မနည်းတော့ လုပ်ပြီး ကိုင်ပြီးရင် ကြိတ်ပျော်တာမျိုး

“လုပ်နိုင်ရင် လိုက်ခိုးလေ ၊ လိုက်တုလေ” လို့ စိတ်ထဲ ရေရွတ်မိတဲ့အထိ ဖြစ်တာမျိုး ။

တခါတလေကျရင် အလုပ်ပြီး လို့

ညဖက် အရက်သောက်ရင်တောင် အရက်ဝိုင်းထဲ ကိုယ့်ဖာသာ အဲ့ဒါထိုင်တွေးမိပြီး စိတ်ထဲ တဖွားဖွား ကျေနပ်နေတာမျိုး

“ဒါ လုပ်ဖို့ အရမ်းခက်တယ် ၊ စျေးကွက်မှာ တကယ်ကြမ်းကြမ်း လုပ်နိုင်တဲ့လူ မရှိသလောက်ရှားတယ်” ဘာညာနဲ့ အရက်ဝိုင်းအထိပါ တယောက်တည်း ပြုံးပြီး ဖီးလ်တက်ရတာမျိုးပါ ။

အရမ်းမိုက်တယ် ၊ ခံစားဖူးတဲ့သူတွေဆို သိတယ် ။

မခံစားဖူးသေးရင်လည်း ခံစားကြည့်စေချင်တယ် ။

ที่อยู่

บจก.อินเชนิตี้, 40/2-3 Sukhumvit 71 Rd, Phra Khanong N
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pika sharingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Pika sharing:

ทางลัด

แชร์