7/11 သွားရင် cashier ကပြောတာတွေနားလည်အောင်လို့ပြောပြထားပါတယ်ရှင့်
MEF: Your Sawasdee Buddy
A page where you can explore Basic Thai Language Tutorials and some lifestyle vlogs
ထိုင်းမှာကြုံရဆုံရတတ်တဲ့ စျေးသည်အန်တီကြီးများ
အိမ်သာဘယ်မှာလဲကိုဘယ်လိုမေးရမယ်?
ကွေ့သယိုကို ကိုယ့်စိတ်တိုင်းကျ အရည်အဖတ်နဲ့ရအောင်မှာစားတတ်ဖို့ ပြောပြထားပါတယ်
#ထိုင်းစာ
11/03/2025
•Fresh graduate တစ်ယောက်အနေနဲ့ ထိုင်းမှာ White Collar Job ဘယ်လိုရှာမလဲ?•
ဒီနေ့မှာတော့ Mef က မြို့ပြအင်ဂျင်နီယာဘွဲ့ (Bachelor's Degree in Civil Engineering) နဲ့ ထိုင်းမှာအလုပ်ဘယ်လိုရှာခဲ့လဲဆိုတာကိုပြောပြပေးချင်ပါတယ်
(စကားချပ်: Mef ကထိုင်းတက္ကသိုလ်(KMUTT) ကနေ Civil Engineering နဲ့ကျောင်းပြီးတာဆိုတော့ အခြားနိုင်ငံကတက္ကသိုလ်ရဲ့ဘွဲ့ကိုကိုင်ထားတဲ့သူတွေ၊ အခြား professional field ကသူတွေနဲ့တော့ အလုပ်ရှာပုံ/ အလုပ်ခေါ်ပုံ process ချင်းအနည်းငယ်ကွာကောင်းကွာနိုင်ပါတယ်။ ဒါပေမယ့် အနည်းနဲ့အများတော့ relatable ဖြစ်မယ်လို့မျှော်လင့်ပါတယ်ရှင့်)
•Timeline•
ထိုင်းတက္ကသိုလ်အများစုရဲ့ Bachelor's Degree Program တွေက နှစ်စဉ် May/ Juneလောက်မှာ Academic year ပြီးဆုံးလေ့ရှိပါတယ်။ အဲ့တော့ကျောင်းပြီးတာနဲ့အလုပ်တန်းရချင်လို့ Mef တုန်းကတော့နောက်ဆုံး semester အစ (Januaryလ) လောက်မှာတည်းက အလုပ်တွေစလျှောက်ပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခုက အလုပ်ခေါ်တဲ့ process ချင်းမတူလို့ reply မြန်တဲ့ company တွေရှိသလို တချို့ဆို ၂/၃လလောက်တမေ့တမောနေမှ reply လာတဲ့ company တွေလည်းရှိပါတယ်။ (တကယ်တော့အဖက်လုပ်ပြီးတောင် မ reply တဲ့ company တွေက ပိုများပါတယ်🥹) ဆိုတော့ကျောင်းပြီးပြီးချင်းအလုပ်တန်းလုပ်ချင်တယ်ဆိုရင်တော့ကျောင်းမပြီးခင်အနည်းဆုံး ၄လလောက်တည်းကစပြီးအလုပ်လျှောက်ကြဖို့အကြံပေးချင်ပါတယ်။
•Document Preparation (1)•
အရေးကြီးဆုံးကတော့ CV ပါ။ အလုပ်ခေါ်တဲ့သူတွေက ၃/၄မျက်နှာစာ CV အရှည်ကြီးတွေထက် ၁မျက်နှာတည်းမှာ info ကျစ်ကျစ်လစ်လစ်ပါတဲ့ CV တွေပိုကြိုက်ကြပါတယ်။ ပုံမှန်ရေးနေကျCV ကိုမှ အောက်ကအချက်လေးတွေကို အသားပေးပြီးထင်ရှားအောင်ထည့်ရေးစေချင်ပါတယ်👇🏻
1. GPAX
ကိုယ်က Fresh Graduate ဖြစ်တဲ့အတွက် past work experience ဘာမှမရှိသေးလို့ အလုပ်ခေါ်တဲ့သူတွေက GPAX ကိုဘဲအဓိကကြည့်ပြီးခေါ်ကြပါတယ်။
Tip💡: ကိုယ်က GPAX ကောင်းရင်ကောင်းသလို ထင်ထင်ရှားရှားဖြစ်အောင်ရေးပါ🤫
2. Degree and University
ကိုယ်ကဘယ်ကျောင်းကနေ ဘာဘွဲ့နဲ့ပြီးလည်းဆိုတာကလည်းအရေးကြီးပါတယ်။ သူ့သက်ဆိုင်ရာ field တွေအလိုက် နာမည်ကြီးတဲ့ တက္ကသိုလ်တွေရှိပါတယ်။ ဥပမာ Civil Engineering ပိုင်းဆို KMUTT ကနာမည်ကြီးတဲ့ထဲပါပါတယ်။ (Mef တုန်းကတော့ အဲ့လိုသိပြီး KMUTT ကိုရွေးတက်ခဲ့တာ မဟုတ်ပေမယ့်အံကိုက်ဖြစ်သွားတာပါ😁)အဲ့တော့ ကိုယ်ကအဲ့လို reputable တက္ကသိုလ်ကပြီးတာဆိုရင် အဲ့အကြောင်းကို အလုပ်ခေါ်သူ သိသာစေအောင် CV မှာထင်ထင်ရှားရှားထည့်ရေးပေးပါ။
3. Language
ထိုင်းစာတတ်ရင် big advantage ပါ။ တတ်ကြောင်း ထင်ရှားအောင်ထည့်ရေးပါ။ မတတ်လည်းပြဿနာကြီးတော့မဟုတ်ပါဘူး။ Mef အလုပ်လျှောက်တုန်းကလည်း "အလိုင်၊ ပိုင်းနိုင်" လောက်ဘဲပြောတတ်တာပါ။ နောက်တစ်ခုက English. တချို့ company တွေက TOEIC လက်မှတ်ရှိရင် score ပေါ်မူတည်ပြီးလစဉ် အပိုAllowanceအနေနဲ့ ဘတ်1000 ကနေ ဘတ်5000 လောက်အထိပေးတာမျိုးတွေ့ဖူးပါတယ်။ ဆိုတော့ TOEIC score ရှိရင်လည်း မဖြစ်မနေထည့်ရေးကြပါ။
•Document Preparation (2)•
ဒီအပိုင်းကတော့ ကျောင်းကနေတောင်းထားရမယ့်စာရွက်စာတမ်းတွေပါ။
Transcript နဲ့ Expected Graduation Certificate ကို ကျောင်းကနေထုတ်ထားပါ။ Mef အလုပ်လျှောက်တုန်းကတော့ CV နဲ့အတူ ဒီdocument 2 ခုကိုပါ attach လုပ်ပြီးတစ်ခါတည်းတွဲတင်ပါတယ်။
•Document Preparation (3)•
တချို့company တွေက cover letter တောင်းပါတယ်။ Cover letter ဆိုတာကတော့ သူတို့ ပြောထားတဲ့ Responsibility တွေ Job description တွေနဲ့ကိုယ်ကဘယ်လိုကိုက်ညီကြောင်းကို A4 တစ်မျက်နှာလောက်ရေးပြရတဲ့စာပါ။ တချို့ field တွေကတော့ portfolio တောင်းပါလိမ့်မယ် (ဥပမာ architect တွေ graphic designer တွေ)
ဒါဆိုရင်တော့ အလုပ်လျှောက်ဖို့ document ပြင်တာ တော်တော်လေးစုံသွားပါပြီ။
•Job application approaches•
ထိုင်းမှာအလုပ်လျှောက်တဲ့ နည်းလမ်းတွေကတော့ အကြမ်းအားဖြင့် ၃မျိုးခွဲလို့ရပါတယ်။
1. Via Job Application Platforms
LinkedIn, Jobsdb, Job Street, Indeed, JobThai အစရှိသဖြင့် website တွေ application တွေကနေလျှောက်လို့ရပါတယ်။
2. Via company websites
ကိုယ် apply ချင်တဲ့ company ရဲ့ website မှာ "Career", "Join Us", "Job Application" အစရှိသဖြင့် အလုပ် apply လို့ရတဲ့ tab လေးတွေရှိတတ်ပါတယ်။ Mef ရဲ့အခုအလုပ်ကလည်း company website ကနေ applyခဲ့တာပါ။
3. Personal connections
ဒါကတော့ ထိုင်းမှာအလုပ်ရှာတဲ့အခါ strong အဖြစ်ဆုံး approach ပါ။ ကိုယ်က ထိုင်းတက္ကသိုလ်မှာတက်နေတာဆိုရင် တက္ကသိုလ်က professor တွေဆီမှာ ခင်ခင် မခင်ခင် အလုပ်ရှာပေးဖို့အပူကပ်ပါ။ ကိုယ့်အသိထဲက ထိုင်း company တွေမှာလက်ရှိအလုပ်လုပ်နေတဲ့သူတွေရှိရင်လည်း သူတို့ကိုအကူအညီတောင်းပြီး ကိုယ့်ကို ပြန် refer ခိုင်းပါ။ ဘာလို့ဆို ထိုင်းcompany တွေကနိုင်ငံခြားသားကို white collar job ပေးပြီးခေါ်ဖို့ရာ visa ကိစ္စ၊ အခွန်ကိစ္စနဲ့ သူတို့မှာ အလုပ်တအားရှုပ်ပါတယ်။ အထူးသဖြင့် ဘာအတွေ့အကြုံမှမရှိသေးတဲ့ နိုင်ငံခြားသား fresh graduate တစ်ယောက်ကိုခေါ်ဖို့ ဒီကကုမ္ပဏီအများစုကဝန်လေးပါတယ်။ အဲ့တာကြောင့် တစ်ယောက်ယောက်က refer ပေးလာမှခေါ်ဖို့စဉ်းစားကြတာများပါတယ်။ Internship ဆင်းထားဖူးတဲ့ company ရှိရင်လည်း အဲ့company ကိုပြန်ဆက်သွယ်ပြီး အလုပ်လျှောက်ကြည့်ပါ။
•Interview•
Mef ဟိုးအပေါ်မှာတုန်းကပြောခဲ့သလို ထိုင်းကုမ္ပဏီအများစုက rejected ဆိုရင် reject ကြောင်းကိုတောင် reply လာလေ့မရှိပါဘူး။ Mef တုန်းကဆို အခု ၅၀ လောက်လျှောက်တာမှာ ၄/၅ ခုဘဲ အကျိုးအကြောင်း reply လာပါတယ်🥹။ Interview ခေါ်တဲ့အခါ ကိုယ့်ရဲ့ profession နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေအပြင် အခြားဘာတွေမေးတတ်သေးလည်းဆိုရင် မျှော်မှန်းလစာပါ။ အခြား field တွေတော့ Mef သေချာမသိပေမယ့် Engineering and Construction Field မှာကတော့ Fresh Graduate တွေအတွက် လစာက ဘတ်၂၀၀၀၀ ကနေ ဘတ်၃၀၀၀၀ ဝန်းကျင်လောက်က ပုံမှန်ပါဘဲ။
•Visa•
အလုပ် offer ကျလာတဲ့အခါ company ကိုNon-B Visa လျှောက်ပေးဖို့ သေချာအောင်ပြန်မေးပါ။ တချို့ company တွေကျတော့ process ပိုလွယ်တဲ့ Non-LA Visa ဘဲလုပ်ပေးပြီးအလုပ်ခေါ်ကြတာတွေရှိပါတယ်။ Non-B Visa က white collar job တွေအတွက်ဖြစ်ပြီး Non-LA Visa ကတော့ blue collar job တွေအတွက်ပါ။ Mef တုန်းကတော့ company က သူတို့လုပ်နေကျ agency နဲ့ဘဲချိတ်ပေးပြီးတော့ Non-B Visa, Work Permit အကုန်လုံးသူတို့လုပ်ပေးပါတယ်။ Visa နဲ့ Work permit လျှောက်တဲ့ process တစ်ခုလုံးက ၁လခွဲ ၂လလောက်ကြာတတ်ပါတယ်။
ဒါဆိုရင်တော့ Mef ထိုင်းမှာ Civil Engineer အလုပ်ဘယ်လိုရှာခဲ့လည်းဆိုတာ တော်တော်လေးလည်းစုံစုံလင်လင်ဖြစ်သွားပါပြီ။ အဆုံးထိဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင့်။ သိချင်တာတွေရှိသေးရင်လည်းထပ်လာမေးလို့ရပါတယ်။ Mef ပြောတဲ့ထဲမှာလိုအပ်တာလေးတွေရှိသွားရင်လည်း အကြုံပြုဖြည့်စွက်ပေးကြပါဦးရှင့်🙏🏻
စိတ်ခံစားမှုတွေကို ထိုင်းလိုဘယ်လိုပြောကြမယ်?
#ထိုင်းစာ
ထိုင်းမစစ်စစ် Lisa တောင်မပီပေမယ့် ကိုဒယ်ဆောင်းကတော့ ပီပါတယ်ရှင်😂 လီဆာကိုတောင်ပြန်သင်ပေးနေတာသူက🤣
ရှင်တို့ရော ပီကြလားလိုက်ဆိုကြည့်
"ရနောင်း ရယောင်း ယလား"
ယာ ယာ(က်) ယာ့(က်) ဆိုတဲ့ အသံထွက်ခပ်ဆင်ဆင် ထိုင်းစကားလုံးလေးတွေလေ့လာကြမယ်
#ထိုင်းစာ
အရိုင်က အသံထွက်အမှန်လား အလိုင်က အသံထွက်အမှန်လား?
#ထိုင်းစာ
"ဖာ့က်"ဆိုတာ ထိုင်းစာမှာ ဘာအဓိပ္ပာယ်လဲ? 🤔
Fellow Fellow ရဲ့ Halley's Comet ဆိုတဲ့သီချင်းလေးကို chorus အပိုင်းလေး ဘာသာပြန်ပေးထားပါတယ်🥰
MEF ကိုယ်တိုင်လည်းတအားကြိုက်တဲ့သီချင်းလေးမို့ အခြားကြိုက်တဲ့သူတွေလည်း feel အပြည့်နဲ့လိုက်ဆိုလို့ရအောင်ပါ🙌🏻