Satt Khaung Tech

Satt Khaung Tech

แชร์

Monetization Course များ လေ့လာတက်ရောက်လိုပါက Messenger မှ ဆက်သွယ်ပါရန်။

"Satt Khaung Tech - Facebook/YouTube/TikTok Monetization, Video Editing, AI နည်းပညာနှင့် Content Creation ဆိုင်ရာ ဗဟုသုတများကို အမြဲမပြတ် မျှဝေပေးနေသော Page ဖြစ်ပါသည်။"

17/05/2026

Facebook Monetization အတွက် Primary Location ( မူလတည်နေရာ ) ကို စစ်ဆေးချင်ရင် ယခု ပြထားသည့် ပုံပါအတိုင်း မစစ်ဆေးရပါ ။ ( မမှန်ကန်လို့ပါ )

အချို့က ဒီနေရာမှာ ကြည့်ပြီး အမှန်လို့ယူဆတက်လို့ပါ ။

Primary Location စစ်ဆေးတာကို Video နဲ့ ပြသပြီးသား ဖြစ်ပါတယ်။

Facebook Monetization အတွက် Eligible Country Account Create နည်းကတော့ သင်တန်းသား/သူတွေ သိပါလိမ့်မယ်။

အားလုံး အဆင်ပြေကြပါစေ။

Satt Khaung
17 May, 2026

16/05/2026

AI နှင့် Motivation Content Video တစ်ပုဒ်ကို ဖန်တီးနိုင်

ကျွမ်းကျင်သူများအတွက် မဟုတ်ဘဲ ၊
ယခုမှ စတင် လေ့လာနေသူများ နှင့်
နည်းလမ်းမှား အသုံးပြုခြင်းများကို ကာကွာ်ရန် ရည်ရွယ်သည်။

ယခု Video က AI နဲ့ တစ်နာရီ ခွဲ ဝန်းကျင်အတွင်း ဖန်တီးတာ ဖြစ်ပါတယ်။

ဒီထက် ပိုကောင်းအောင် Prompt သုံးပြီး
ဖန်တီးလို့ရပေမယ့် သူကို ထုတ်ခိုင်းတဲ့
Prompt ၏ အရည်အသွေးကို
ပြသချင်သောကြောင့် မပြင်ဆင်ပဲ
ပြသ ဖန်တီးထားပါတယ်။

- AI Script
- AI Image Prompt & Generate
- AI Image to Video Generate
- AI Background Sound
- Human Voice
- Human Editing

Content Creator တစ်ယောက် လုပ်ဖို့ စိတ်ကူးထားလျင်

ရုပ်ကို မပြချင်ရင်တောင် ၊ အသံပိုင်းကို လေ့ကျင့်ပါ ။

ဘာမှ မကြိုးစားပဲ အလကား ပိုက်ဆံလိုချင်လို့က အဓိပ္ပါယ် မရှိပါဘူး။

အားလုံး အဆင်ပြေကြပါစေ။

Satt Khaung
16 May, 2026

Disclaimer: This educational video blends AI visuals with a real human voiceover! Our goal is simply to share knowledge and show how humans and AI can team up to create inspiring content.

15/05/2026

ဒါတွေမသိဘဲ Video တင်နေရင် View တွေ ဆက်ရပ်နေမှာပဲ

Creator တစ်ယောက်လို မြင်နိုင်ဖို့
ယခု Video ကို လေ့လာသင့်ပါတယ်။

မိတ်ဆွေ ဗီဒီယိုတွေ ဘာကြောင့်
View မတက်တာလဲဆိုတဲ့ အဖြေနဲ့
လက်တွေ့အသုံးချနိုင်မယ့် "Video Audit
Checklist" ကို ဒီဗီဒီယိုမှာ
အပြည့်အစုံ ရှင်းပြပေးထားပါတယ်။

Video ရှည်သည် ဖြစ်သည့်အတွက်
အေးဆေး လေ့လာနိုင်ရန် Save & Share
လုပ်ထားနိုင်ပါတယ်။

Satt Khaung
15 May, 2026

ယခုဖော်ပြပါ အကြောင်းအရာသည်
Content Creation နှင့် ပတ်သတ်၍ Junior Creator များ Creator အစစ်အမှန် တစ်ယောက်လို သိမြင်လာစေဖို့ ရည်ရွယ်ချက်ဖြင့် မျှဝေ တင်ဆက်ပေးခြင်း ဖြစ်ပါသည်။

15/05/2026

မိမိ Creation လုပ်လိုက်တဲ့
Content က ဘယ်သူတွေအတွက်လဲ သိထားရမယ်။

ပေးချင်တဲ့ Message ကို ကိုယ်ရည်ရွယ်ထားတဲ့
Audience (ပရိတ်သတ်) ဆီကို ထိအောင်
ပစ်လွှတ်နိုင်ရမည်။

ဖန်တီးတဲ့ အကြောင်းအရာတိုင်းက
လူတိုင်းအတွက် ဟုတ်မနေဘူးဆိုတာကို
Creator တွေက နားလည်ထားရမည်။

ဥပမာ -

နည်းပညာ နဲ့ ပတ်သတ်တာကို Creation လုပ်ပြီး
မြန်မာတစ်နိုင်ငံလုံးက ကြည့်သမျှ လူတွေ
ကြိုက်ပါစေလို့ ဆုတောင်းနေတာမျိုးက

သဘာဝမကျဘူးပေါ့။

Satt Khaung
15 May, 2026

14/05/2026

ဒါ မနက်ဖြန် တင်ပေးမယ့် Video အတွက်
Thumbnail တစ်ခုပါ ။

ဘာအကြောင်းအရာဖြစ်မလဲ မှန်းကြည့်နိုင်မလား ?

12 မိနစ် နီးပါး အရှည် ရှိမယ်။

Creator တစ်ယောက်လို
တော်တော်များများသိသွားမယ်လို့ အာမခံတယ်။

14/05/2026

AI တွေ မပေါ်လာခင်ကတည်းက

ဒီအရေးအသား ဒီ Flow နဲ့
ကျနော် စာတွေ ရေးလာခဲ့တာ ကြာပေါ့။

AI မပေါ်ခင်က ကျနော့်စာတွေ သွားပြန်ဖတ်ကြည့်ပါဦးဗျာ။

တစ်ခုတော့ ရှိတယ် ။

AI ပေါ်လာတော့ စာရေးရတာ ၊ စာစီရတာ
ပိုလွယ်ကူတယ်။

AI က ထုတ်ပေးတာကြီးကို
Copy ယူပြီး ရမ်းသန်းပြီး Paste ချ

လူအထင်ကြီးအောင် လုပ်မယ့်ထဲ
ကျနော်မပါတာ ရဲရဲကြီး အာမခံတယ်။

Satt Khaung
14 May, 2026

13/05/2026

TikTok က သူများ Video နဲ့ ပေါင်းစပ်ပြီး ဖန်တီးရင် Facebook Monetization ရလား ?

▪️လုပ်သင့်သည့် လုပ်နည်း
▪️လမ်းကြုံ Reaction Video ဖန်တီးခြင်း
အနည်းငယ် ရှင်းပြထား
▪️Facebook Policy အကြောင်း
အနည်းငယ် ပါဝင်

အားလုံးအဆင်ပြေကြပါစေ။

Satt Khaung
13 May, 2026

ယခုဖော်ပြပါ အကြောင်းအရာသည်
Content Creation ပိုင်းနှင့် ပတ်သတ်သော ဗဟုသုရရှိစေရန် ရည်ရွယ်ချက်ဖြင့် တင်ဆက်ဖော်ပြခြင်းသာ ဖြစ်ပါသည်။

13/05/2026

ကျနော် Content ဖန်တီးရင်

▪️Script ရေးဖို့ Content အကြောင်းအရာတွေကို
ရှုထောင့်မျိုးစုံက ရှာဖွေပါတယ်။

▪️တစ်ပတ်စာ ရိုက်ကူးဖို့ Script နှင့် Text အတွက်
စာတွေ ရေးသားပါတယ်။

▪️Video Edit ရင် B-Roll , Sound Fx တွေကို
ကြိုတင်စဉ်းပေးပြီး Script တွင် ပူးတွဲ ရေးသား
ပါတယ်။

▪️တစ်ပတ်စာ Video ၅ (or) ၆ ပုဒ်ကို တစ်ရက်ထဲ
အလုပ်အားတဲ့နေ့ ရိုက်ကူးပါတယ် ။

▪️Video Editing အတွက် 1 days - 3 days
အချိန်ပေး တည်းဖြတ်ရပါတယ် ။
( Full Time အချိန်မပေးနိုင်လို့ပါ )

▪️ထွက်လာသည့် Video ကို အသံပိုင်း ၊ ရုပ်ပိုင်း
အဆင်ပြေမှု ရှိမရှိ 3 ခေါက်ထက်မနည်း ကြည့်ရှု
စစ်ဆေးပါတယ်။

▪️ဖန်တီးပြီးသော Video , Photo , Text များကို
ဘယ်နေ့ ဘာတင်မည်ဆိုတာ Schedule ဆွဲ
Upload လုပ်ပါသည်။

ကြားထဲမှ အခြေအနေ အချိန်အခါ ပေါ်မူတည်၍
လုပ်ဆောင်ရသည်များကို ထည့်မရေးသားတော့ပါ။

အစပိုင်းမှာ အခက်ခဲ ရှိနိုင်သော်လည်း
နောက်ပိုင်း လည်ပတ်လာသည့် အခါ
အလွန် အ‌ဆင်ပြေသောနည်းလမ်း ဖြစ်ပါတယ်။

အားလုံး အဆင်ပြေပါစေ။

Satt Khaung
13 May, 2026

12/05/2026

"𝗠𝗼𝗻𝗲𝘁𝗶𝘇𝗮𝘁𝗶𝗼𝗻 သက်သက်နဲ့ စီးပွားရှာဖို့ မကြိုးစားပါနဲ့။"

​𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 တည်ဆောက်ပြီးမှသာ စီးပွားရှာပါ။

Monetization ဆိုတာကို ကိုယ့်ရဲ့ Branding
အောင်မြင်လာတဲ့အခါ "ကျွဲကူးရေပါ"
လိုက်လာမယ့် အပိုဆုတစ်ခုလိုပဲ သဘောထားပါ။

​ရေရှည်ခိုင်မာတဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့
Personal Branding ကသာ အဓိကပါ။
ဒါကြောင့် "Original Content တွေ ဖန်တီးပါ" လို့
ကျနော် ခဏခဏ ပြောနေရတာ အလကားမဟုတ်ပါဘူး။

မိတ်ဆွေတို့ကို လမ်းမှားရောက်သွားဖို့၊
အချိန်တွေ အလဟဿ ကုန်ဆုံးသွားဖို့
ကျနော် ဘယ်တော့မှ လမ်းမညွှန်ပါဘူး။

​ဒီခေတ်ဟာ ဆိုင်မှာထိုင်ပြီး ကိုယ့်ရဲ့ Product ကို
Customer လာဝယ်မယ့်အချိန် ထိုင်စောင့်နေရမယ့်
"ခေတ်" မဟုတ်တော့ပါဘူး။

​Social Media ဆိုတဲ့ ဧရာမဈေးကွက်ကြီးကို
ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ထိုးဖောက် အသုံးချနိုင်ဖို့ဆိုရင်
ကိုယ်တိုင်က ကျွမ်းကျင်နားလည်ထားဖို့ မဖြစ်မနေ
လိုအပ်နေပါပြီ။

ရေတိုအတွက်မကြည့်ဘဲ ရေရှည်အတွက် ပြင်ဆင်ပါခင်ဗျာ။

​Satt Khaung
12 May, 2026

11/05/2026

TikTok Monetization လျှောက်ထားမှုပတ်သတ်၍ ။

▪️VPN Problem
▪️ID Problem
▪️Payout Bank Problem

မေးမြန်းမှုအပေါ် ရှင်းလင်းဖြေကြားချက် ဖြစ်သည်။

Satt Khaung
11 May, 2026



ယခုဖော်ပြပါ အကြောင်းအရာသည်
TikTok Monetization နှင့်ပတ်သတ်၍ ဗဟုသုတရရှိစေရန် ရည်ရွယ်ချက်ဖြင့် တင်ဆက်ဖော်ပြခြင်းသာ ဖြစ်ပါသည်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok