Little Learners with Tr. Emme

Little Learners with Tr. Emme

แชร์

🎓 Let’s nurture young minds together and create a strong foundation for lifelong learning! 💡💖
📩 Follow for regular updates & insights!

Photos from Little Learners with Tr. Emme's post 11/07/2025

📚 မိဘများအတွက် သတင်းကောင်း!
အစောပိုင်း သင်ကြားမှုအတွက်အသင့်ဖြစ်နေတဲ့ CVC + Sight Word စာအုပ်ကောင်းလေးနှစ်အုပ်ကို ချစ်ရတဲ့ တီချယ် Teacher Snow / 𝐃𝐨𝐫𝐲 - 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐘𝐚𝐧𝐠𝐨𝐧 လက်ဆောင်ပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🥰🥰

လေ့လာရလွယ်ကူပြီး၊ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ကလေးတွေ အတွက် motor skill နဲ့ phonics အတွက်ပါ တကယ်အထောက်အကူဖြစ်တယ်။

မိဘများ/ ဆရာမများ နဲ့ / Phonics စာအုပ်ကောင်းလေးတွေရှာနေတဲ့သူများတွေအတွက် မျှဝေလိုက်ပါတယ်။👇✨

📘 Kindergarten CVC-CVCe Workbook (by Teacher Snow)

ဒီစာအုပ်လေးမှာ CVC နဲ့ CVCe စကားလုံးများကို ထိရောက်အောင် သင်ကြားနိုင်အောင် လေ့ကျင့်ခန်းများစွာထည့်သွင်းထားပါတယ်။
🔹 Name, Tap & Read it

🔹 ကလေးလေးတွေအတွက် လက်ရေး လေ့ကျင့်ခန်းလေးတွေအပြင် Motor Skill ဖွံ့ဖြိုးမှုအတွက် (Trace the Sentences)

🔹 Read, Trace and Color Section လေးပါ ထည့်ပေးထားပြီး ကလေးလေးတွေကို စိတ်ဝင်စားအောင် ဆွဲဆောင်မှု အပြည့်ပေးထားပါတယ်ရှင်။

🔹 Creative thinking အတွက် ကိုယ်ပိုင် စကားလုံး / စာကြောင်းဖန်တီးမှုလေးတွေကိုလဲ ထည့်သွင်းပေးထားပါတယ်ရှင်။

ကလေးလေးတွေနဲ့ ပျော်ရွှင်စွာသင်ကြားလို့ရတဲ့ ပြည့်စုံတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်ရှင်။ ✏📒

📗 All-in-One Alphabet + Sight Words Pre-Primer

Alphabet နဲ့ sight word များအတွက် အလွန်အသုံးဝင်တဲ့စာအုပ်လေးဖြစ်ပြီး
🔸 Alphabet Tracing
🔸 Sight Word of the Day
🔸 Color & Trace / Read & Trace for the sentence ဆိုပြီး sight words အတွက် exercises လေးတွေ အများကြီးပါဝင်ပါတယ်ရှင်။

📍မိမိရဲ့ သားသား၊ မီးမီးလေးတွေအတွက် အစောပိုင်းကာလ သင်ကြားဖို့အတွက် စတင်ချင်တယ်ဆိုရင် ဒီစာအုပ်နှစ်အုပ်က အထူးသင့်လျော်ပါတယ်ရှင်။

ကလေးတွေအတွက် စာဖတ်ခြင်းနဲ့ရေးခြင်းစွမ်းရည်များတိုးတက်စေတဲ့အပြင် မိဘများအနေနဲ့လည်း Homeschooling အတွက် အသုံးချလွယ်ကူစေပါတယ်ရှင်။📘🌈

စာအုပ်ကောင်းလေးဖြစ်တဲ့ အပြင် တီချယ်စနိုးရဲ့ စေတနာတွေ အများကြီး တွေ့မြင်ရပါတယ်ရှင် 🎁✨

06/07/2025

For my little learners
ပုစိကွစိ ပြောကြမယ်ရှင် 🥰🥰

🎉 New English Foundation Class for Kids!

🎉 သားသားမီးမီးတို့ အင်္ဂလိပ်စာ အခြေခံ (foundation)အတန်းလေးလာပြီနော်။

📍အသက်၅နှစ်ပြည့် ပြီး အင်္ဂလိပ်စာကို သင်ယူဖို့အဆင်သင့်ဖြစ်နေလား။

📍ဒါဆို အခြေခံ ကနေစပြီး အပြောစွမ်းရည် နဲ့ နားထောင်စွမ်းရည် မြင့်တင်ပြီး phonics,daily English အပြင် သင်ကြားသင်ယူတဲ့နေရာမှာ တက်တက်ကြွကြွ သင်ယူနိုင်ဖို့ interactive game လေးပါထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။

📍Small group learning ဖြစ်တာကြောင့်ကလေးတွေ တစ်ယောက်ချင်းကို ထိထိရောက်ရောက် သင်ကြားသင်ယူလို့ရမှာပါ။

🔠 Learn letter sounds with fun phonics

🗣 Practice everyday English conversations

🎶Enjoy songs and games in class

👦 Small group learning=more attention for your kids

📆 Starts July 30

📍Location: Zoom online platform

⏰Time: Wednesday - Thursday (6:00 - 7:00PM)

Let's make learning English fun and exciting!💙💭

Teacher Profile 👩‍🏫

🌟Tr.Emme

ကလေးငယ်တွေကို စာသင်တဲ့ အတွေ့အကြုံအများကြီးရှိပြီး စာအသင်အပြကောင်း စိတ်ရှည်သော ဆရာမတစ်ယောက်ပါ ။

Education Background

- Early Years Educator (Freelance)
- Ph.D (Oriental Studies) Candidate
- Diploma in Early Years Care & Education (Asian College of Teachers)
- Certificate in TESOL
- Diploma in Teaching (Candidate)
- Diploma in Special needs education (Candidate)

-Certificate in Teaching English to Young Learners & Adults

05/07/2025

📚သားသားမီးမီးလေးတို့အတွက် မိခင်ဘာသာ စကားဖြစ်တဲ့ မြန်မာစာ ကို လွယ်ကူစွာ တတ်မြောက်စေမယ့် Online Classroom လေး ဖွင့်ပေးလိုက်ပါပြီရှင်။

✏️သင်ကြားပေးမယ့်နည်းလမ်းတွေကတော့
သားသား မီးမီး‌တွေအတွက် မြန်မာစာကို ပျော်ရွှင်စရာနည်းလမ်းတွေနှင့်အတူ တီချယ် ကိုယ်တိုင်ပြုလုပ်ထားတဲ့ သင်ထောက်ကူ Extra Worksheet, Flashcards တွေကို သုံးပြီး အမှန်တကယ်တတ်မြောက်အောင် ထိထိရောက်ရောက်သင်ကြားပေးမှာဖြစ်ပါတယ်။

⭐️⭐️Foundation Class လေးဟာဆိုရင် မြန်မာစာကို အခုမှ စသင်မယ့် သားသားမီးမီးတို့အတွက်ဖြစ်ပြီး အသက် ၅နှစ်မှ စပြီး တက်ရောက်နိုင်ပါတယ်ရှင်။

⭐️⭐️Foundation Class လေးမှာ မြန်မာစာအခြေခံ ဗျည်းအက္ခရာလေးများရဲ့ ရေးဆွဲနည်းနှင့် အသံများကို တီချယ့်ကိုယ်ပိုင် Teaching Materials များကို အသုံးပြု၍ ပျော်ရွှင်စရာကောင်းတဲ့ activities များကို အသုံးပြုသင်ကြားပေးမှာဖြစ်ပါတယ်။

⭐⭐ Foundation course သင်တန်းကြေး ( ၃ လစာ ) ကို 210,000 MMK. ကျသင့်မှာဖြစ်ပါတယ်ရှင်။

Foundation အတန်းချိန်လေးများဖြစ်ပါတယ်ရှင်

⭐Foundation Class
Monday & Tuesday ( 6:00 to 7:00 PM ) Thailand Time

🕰️သင်တန်းကာလ 3 လ ကြာမြင့်မှာဖြစ်ပါတယ်။

Zoom Live Teaching ဖြင့် တစ်ပတ်ကို အတန်းချိန် ၂ ရက်နှင့်
အတန်းချိန် တစ်ချိန်ကို မိနစ် ၆၀ သင်ကြားပေးမှာဖြစ်ပါတယ်ရှင်။

⭐️ အတန်းတစ်ခုလျှင် သားသားမီးမီး ​ဦးရေ ( ၁၀ ) ဦးသာ လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်ရှင့် ⭐️

📇Page messager ကို ဖြစ်စေ၊
📲 Viber ph number +66909135655 ဖြစ်စေ သင်တန်းအသေးစိတ် အကြောင်း ဆက်ဆွယ်မေးမြန်းနိုင်ပါတယ် ရှင့် ⭐️⭐️

04/04/2025
Photos from Little Learners with Tr. Emme's post 27/03/2025

ဘာသာစကားအသစ် စတင်သင်ယူသင့်တဲ့ အသက်အရွယ်အကြောင်း အပိုင်း(၃) အနေနဲ့ ဒီနေ့မှာတော့ (အသက်)အစောပိုင်း ဘာသာစကား အသစ် သင်ယူခြင်း နှင့် ပတ်သက်သည့် အယူအဆအမှားအျားနှင့် မှားယွင်းသည့်မြင်များနဲ့ ပတ်သက်ပြီး မျှဝေပေးသွားပါ့မယ်ရှင်။

အစောပိုင်းအချိန်မှာ ဘာသာစကားအသစ် သင်ယူခြင်းနှင့် ပတ်သက်သည့် အယူအဆအမှားများနှင့် မှားယွင်းသောအမြင်များ

မေး • ဘာသာစကားနှစ်မျိုးကို တစ်ပြိုင်နက်သင်ယူရင် ကလေးက ရှုပ်သွားမလား။
ဖြေ - သုတေသနတွေအရ ကလေးတွေဟာ အသက်အစောပိုင်းကတည်းက ဘာသာစကားတွေကို ခွဲခြားနိုင်စွမ်းရှိပါတယ်။

မေး • နှစ်ဘာသာစကားပြောတဲ့ ကလေးတွေမှာ စကားနောက်ကျတတ်တယ်။
ဖြေ - နှစ်ဘာသာစကားပြောတဲ့ ကလေးတွေဟာ အစောပိုင်းမှာ ဘာသာစကားတွေကို ရောထွေးတတ်ပေမယ့်၊ ဒါဟာ ပုံမှန်ဖြစ်ပြီး ယာယီသာဖြစ်ပါတယ်။

မေး • ကလေးဘဝအစောပိုင်းကာလကျော်သွားရင် ဘာသာစကားသင်ယူဖို့ နောက်ကျသွားလား။
ဖြေ - အစောပိုင်းသင်ယူခြင်းက ပိုကောင်းပေမယ့်၊ ဘယ်အသက်အရွယ်မှာမဆို ဘာသာစကားအသစ်ကို သင်ကြားနိုင်ပါတယ်။

ဘယ်လိုသင်ကြားပေးမရလဲ 🧐 စတဲ့ သင်ကြားနည်းလမ်းလေးတွေ၊ အိမ်တွင်းသင်ကြားမယ့်နည်းလမ်းလေးတွေ ဆက်လက်မျှဝေပေးသွားအုန်းမှာမို့ Page လေးကို မမေ့ဘဲ ဝင်ရောက်ကြည့်ရှူပေးပါအုန်းနော် 😊



18/03/2025

ဘာသာစကားအသစ် စတင်သင်ယူသင့်တဲ့ အသက်အရွယ် အပိုင်း(၂) အနေနဲ့ ဒီနေ့မှာတော့ (အသက်)အစောပိုင်း ဘာသာစကား သင်ယူခြင်း က ဘာကြောင့် အကျိုးရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေးသွားပါ့မယ်ရှင်။

(အသက်) အစောပိုင်းဘာသာစကားသင်ယူခြင်း ဘာကြောင့် ထိရောက်တာလဲ?

• **ဦးနှောက်ပျော့ပျောင်းမှု:**
ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ ပိုမိုပျော့ပျောင်းပြီး လိုက်လျောညီထွေရှိတာကြောင့်၊ ဘာသာစကားအသစ်တွေကို စုပ်ယူဖို့ ပိုလွယ်ကူပါတယ်။

• **အသံထွက်မှတ်နိုင်စွမ်း:**
(အသက်) အစောပိုင်းသင်ကြားသူခြင်းဖြင့် ကလေးငယ်တွေဟာ မရင်းနှီးတဲ့ အသံတွေကို ခွဲခြားပြီး အသံပြန်ထုတ်နိုင်စွမ်း ပိုကောင်းပါတယ်။

• **သဘာဝသင်ယူမှုဖြစ်စဉ်:**
ကလေးငယ်တွေဟာ စာသင်သလိုသင်ကြားမှုထက် ကစားခြင်းမှ တစ်ဆင့်သင်ယူခြင်း၊ အတုယူခြင်းမှတစ်ဆင့် သင်ယူခြင်းဖြင့် ဘာသာစကားတွေကို သင်ယူကြပါတယ်။

• **ဉာဏ်ရည်ဆိုင်ရာ အကျိုးကျေးဇူးများ:** ဘာသာစကား ၂မျိုး၊ ၂မျိုးနှင့်အထက် ပြောတတ်တဲ့ ကလေးတွေဟာ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းနဲ့ တစ်ချိန်တည်းမှာ အလုပ်မျိုးစုံလုပ်နိုင်စွမ်း ပိုကောင်းတတ်ကြပါတယ်။

အသက်အရွယ်အလိုက် ဘာသာစကားသင်ယူခြင်းကို ဘယ်လိုအားပေးကြမလဲ ဆိုတာကို နောက်နေ့တွေမှာ
ဆက်ပြီး မျှဝေပေးသွားပါ့မယ်ရှင်

Ref: The American Council on the teaching of the Foreign Languages (ACTFL)




15/03/2025

ဒီနေ့အတွက် မျှဝေပေးမှာကတော့ ကလေးတွေရဲ့ ဒုတိယ ဘာသာစကားကို စတင်လေ့လာသင့်တဲ့အရွယ်၊ စတင်လေ့လာသင့်တဲ့ အကြောင်းအရာလေးများ၊ ကလေးများကို ဘယ်လိုအားပေးရမလဲ၊ အယူအဆအမှားများနှင့် မှားယွင်းသောအမြင်များ အကြောင်းပဲ ဖြစ်ပါတယ်ရှင်။

၁။ ဘာသာစကားသင်ယူဖို့ အကောင်းဆုံးအသက်အရွယ်
• မွေးကင်းစမှ ၃ နှစ် (အရေးကြီးသောကာလ):
- ကလေးငယ်တွေဟာ ဘာသာစကား အားလုံးရဲ့ အသံတွေကို ခွဲခြားသိမြင်နိုင်စွမ်း မွေးရာပါရှိပါတယ်။

- ၆ လမှ ၈ လအတွင်း ကလေးတွေဟာ သူတို့ရဲ့ မိခင်ဘာသာစကားရဲ့ အသံတွေကို ပိုမိုအာရုံစိုက်လာပါတယ်။

- အဲ့ဒီကာလအတွင်း ဘာသာစကားမျိုးစုံနဲ့ ထိတွေ့မှုဟာ ကလေးတွေရဲ့ အသံထွက်နဲ့ စကားလုံးအသံအနိမ့်အမြင့်ကို မွေးရာပါပြောသူတွေလို ဖွံ့ဖြိုးစေပါတယ်။

• ၃ နှစ်မှ ၇ နှစ် (ဘာသာစကားသင်ယူဖို့ အကောင်းဆုံးကာလ):
- ကလေးတွေဟာ ကစားခြင်း၊ သီချင်းလေးတွေ ဆိုပြပေးခြင်း နှင့် အချိန်ပေးပြီးစကားပြောဆိုခြင်းမှတစ်ဆင့် ဘာသာစကားအသစ်တွေကို သင်ယူဖို့ အလွန်လွယ်ကူပါတယ်။
- ကလေးတွေဟာ စကားလုံးအသစ်တွေကို သင်ကြားနေတာမျိုး မဟုတ်ဘဲ သဘာဝအတိုင်း စကားပြောပေးခြင်း၊ ပုံပြင်ပြောပြခြင်းမှ တစ်ဆင့်လဲ သင်ယူနိုင်ပါတယ်။

• ၈ နှစ်မှ ၁၂ နှစ် (သင်ယူမှုအားကောင်းသော်လည်း မွေးရာပါပြောသူလို မဖြစ်နိုင်တော့ပါ):

- ကလေးတွေဟာ ဘာသာစကားအသစ်တွေကို အခု အရွယ်မှာ လွယ်လွယ်ကူကူ သင်ယူနိုင်သေးပေမယ့်၊ မွေးရာပါပြောသူလို အသံထွက်ရဖို့ ပိုခက်ခဲလာပါတယ်။
- ဘာသာစကားအသစ်သင်ယူခြင်းမှတစ်ဆင့် သဒ္ဒါနဲ့ ဝေါဟာရတွေကို ထိရောက်စွာ သင်ယူနိုင်ပါတယ်။

• ဆယ်ကျော်သက်နဲ့ လူကြီးများ:

- ဘာသာစကားအသစ်သင်ယူခြင်းကို သင်ယူနိုင်သေးပေမယ့် ၊ စနစ်တကျ သင်ယူမှုတွေကို ဒီအရွယ်ရောက်တဲ့အချိန်မှာ ပိုလိုအပ်လာပါပြီ။

- အသက်အရွယ်ကြီးလာတာနဲ့အမျှ အသံထွက်နဲ့ စကားပြောဟန်ကို ပြီးပြည့်စုံအောင် လုပ်ဖို့ ပိုမိုခက်ခဲလာပါတယ်။

ဒီနေ့တော့ ဒီနားလေးမှာပဲ ရပ်ပြီး နောက်နေ့တွေမှာ အသက်အရွယ် အစောပိုင်းဘာသာစကားသင်ယူခြင်း က ဘာကြောင့် ထိရောက်မှု ရှိလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မေမေ၊ ဖေဖေတို့ကို မျှဝေပေးသွားမှာ ဖြစ်လို့ Page လေးကို လာရောက် ဖတ်ရှုကြပါအုန်းနော်



10/03/2025

မင်္ဂလာပါ ရှင့်
ဒီနေ့မှာတော့ ကျောင်းမတက်ခင်မှာ မိဘတို့ အနေနဲ့ ကိုယ့်ကလေးလေး ခဲတံကို ဘယ်လိုမှန်ကန်စွာ ကိုင်တွယ်တတ်အောင် ကူညီပေးရမယ့် အကြောင်းလေးကို မျှဝေပေးပါ့မယ်ရှင်။

ခဲတံကို မှန်ကန်စွာ ကိုင်တွယ်တတ်ခြင်းသည် လက်ရေးလှပမှုနှင့် လက်ချောင်းသေးသေးလေးများ လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်း သိပါသလား?
ကျောင်းမတက်ခင် ကလေးများကို မှန်ကန်သော ခဲတံကိုင်နည်း သင်ကြားထားသင့်ပြီး၊ ထိုသို့ သင်ကြားထားခြင်းဖြင့် စာရေးရတဲ့အချိန်တွင် သက်တောင့်သက်သာဖြစ်စေပြီး စာအရေးအသားစွမ်းရည်ကို တိုးတက်လာစေနိုင်သည်။

"ကျောင်းမတက်ခင် ခဲတံကို မှန်ကန်စွာ ကိုင်တွယ်တတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ ✍️🎨�ကလေးများစွာသည် ကျောင်းစတက်ချိန်တွင် ခဲတံကို မှန်ကန်စွာ ကိုင်တွယ်ရာတွင် အခက်အခဲရှိတတ်ကြပါတယ်။

သင့်ကလေးလေးအတွက် ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးရန် ရိုးရှင်းသော နည်းလမ်းလေးများကို မျှဝေပေးလိုက်ပါတယ်ရှင့်။

၁။ ခဲတံကိုင်နည်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်များ
�🖐 (Palmar Supinate Grip) (၁-၂ နှစ်) – ကလေးသည် crayon ကို လက်သီးဆုပ်ဖြင့် ကိုင်ထားခြင်း။ ✊
�🖐 (Digital Pronate Grip) (၂-၃ နှစ်) – လက်ချောင်းများကို အောက်ဘက်သို့ ညွှတ်ကာ ကိုင်ထားခြင်း။ ✍️
�🖐 (Static Tripod Grip) (၃-၄ နှစ်) – လက်ချောင်း ၃ ချောင်းဖြင့် ခဲတံကို ကိုင်ထားသော်လည်း၊ လက်ချောင်းများကို သီးသန့်လှုပ်ရှားနိုင်ခြင်း မရှိသေးခြင်း။ 🖍
�🖐 (Dynamic Tripod Grip) (၄-၆ နှစ်) – လက်ချောင်းများကို လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး၊ ပိုမိုကောင်းမွန်သော ထိန်းချုပ်မှုကို ရရှိစေခြင်း။ 📝

၂။ သင့်ကလေး မှန်ကန်သော ခဲတံကိုင်နည်း ဖွံ့ဖြိုးလာစေရန် ဘယ်လိုကူညီရမလဲ။
�✅ ခဲတံတိုလေးများ၊ Crayon အတိုလေးများကို အသုံးပြုစေခြင်း – Crayon၊ ခဲတံတိုလေးများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်စေခြင်းအားဖြင့် ကလေးလေးတွေရဲ့ လက်ကြွက်သားကို သန်မာစေပါသည်။
�✅ လက်ချောင်းလေ့ကျင့်ခန်းများကို အားပေးပါ – ရွှံ့စေးနှင့် ကစားခြင်း၊ စက္ကူများကို လုံးချေဆုတ်ဖြဲ၍ကစားစေခြင်း (သို့မဟုတ်) ဇာဂနာဖြင့် ပစ္စည်းများကို ကောက်ယူခြင်းကဲ့သို့သော လှုပ်ရှားမှုများကို ကစားစေခြင်း။ 🤏
�✅ ပျော့ပျောင်းသော ရာဘာလက်ကိုင်များ၊ အထောက်အကူပြု ပစ္စည်းများကို အသုံးပြုပြီး လက်ချောင်းများကို မှန်ကန်စွာ နေရာချပေးခြင်း။
�✅ စာရေးခြင်းမတိုင်မီ ပျော်စရာလှုပ်ရှားမှုများကို လေ့ကျင့်ပါ – မျဉ်းကြောင်းများကို ဆက်စေခြင်း (Tracing) ၊ ပုံဆွဲခြင်း (Drawing) နှင့် အစက်များကို ဆက်သွယ်စေခြင်း (Dot-to-dot) ကဲ့သို့သော ဂိမ်းများ စသည်တို့ကို ကစားစေခြင်းဖြင့် ခဲတံကို မှန်ကန်စွာ ကိုင်ကွယ်တတ်ရန် ကူညီပေးနိုင်ပါတယ်။

၃။ ရှောင်ကြဉ်ရမည့် အရာများ ❌❌❌
❌ ခဲတံကို အလွန်အမင်း တင်းတင်းကျပ်ကျပ် ကိုင်စေခြင်း
❌ လက်မကို ခဲတံပေါ်တွင် ပတ်ကိုင်စေခြင်း
❌ လက်ချောင်းများအစား လက်တစ်ခုလုံးဖြင့် ကိုင်စေခြင်း

💡 မိဘများအတွက် အကြံပြုချက်: စိတ်ရှည်သည်းခံပါ! ကလေးတိုင်းသည် သူတို့၏ ကိုယ်ပိုင်နှုန်းဖြင့် ဖွံ့ဖြိုးတိုးတက်နေကြပါတယ်။ စိတ်ဝင်စားဖွယ်ရာများဖြင့် ပျော်စရာကောင်းသော နည်းလမ်းများဖြင့် ပျိုးထောင်နိုင်ကြပါစေ ရှင် 🥰



04/03/2025

🌱 Your Baby’s Brain is Growing Rapidly ! 🧠

သင့်ကလေးလေးရဲ့ ဦးနှောက်သည် မွေးကင်းစ အရွယ်မှ ၂နှစ်အထိ အလျင်အမြန် ကြီးထွားနေပါတယ်!�မွေးကင်းစမှ ၂ နှစ်အတွင်း ကလေးငယ်တွေဟာ အာရုံခံခြင်း (မြင်ခြင်း၊ ထိတွေ့ခြင်း၊ အရသာခံခြင်း၊ ကြားခြင်း) နှင့် လှုပ်ရှားမှုတွေမှတစ်ဆင့် သင်ယူကြပါတယ်။

ကလေးလေးတွေအတွက် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာစေပြီး မှတ်ဉာဏ်၊ ညှိနှိုင်းမှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီကြပါလို့ တိုက်တွန်းလိုက်ပါတယ် ရှင်။

🚨 ဒီအပြုအမူလေးတွေကို ရှောင်ပေးပါ။
❌ အပြန်အလှန် ပြောဆိုဆက်ဆံမှု မရှိခြင်းနှင့် လှုံ့ဆော်မှု ကင်းမဲ့ခြင်း
🔹 ဦးနှောက်ဆက်သွယ်မှုတွေ ဖွံ့ဖြိုးဖို့အတွက် ကလေးလေးတွေကို စကားပြောပေးဖို့ လိုအပ်ပါတယ်။
သူတို့ကို စိတ်ဝင်စားစရာ အရာတွေ မပေးဘဲနဲ့ အချိန်အကြာကြီး တစ်ယောက်တည်း မထားပါနဲ့။�✔ ဘာလေးတွေလုပ်ပေးရမလဲ? စကားလေးတွေပြောပေးပါ၊ Nursery rhymes သီချင်းလေးတွေဆိုပြပေးပါ၊ ကလေးလေးတွေရဲ့ အသံတွေကို တုံ့ပြန်ပေးပါ။

❌Phone၊ Tablet ကို ကလေး ငြိမ်အောင်အသုံးပြုခြင်း�🔹 ကလေးတွေရဲ့ Screen time များလွန်းရင်လဲဘာသာစကားနှင့် လူမှုရေးစွမ်းရည်တွေကို နှောင့်နှေးစေနိုင်ပါတယ်။�✔ ဘာလေးတွေလုပ်ပေးရမလဲ? ဖုန်းအစား “တူတူရေး ဝါး​”​​​ ဆိုပြီး ဆော့ပေးပါ၊ ပုံပြင်စာအုပ်လေးတွေဖတ်ပြပေးပါ၊ (သို့) အာရုံခံကစားစရာလေးတွေ တူတူဆော့ပေးပါ။

❌ ကလေးငိုတာကို ဂရုမစိုက်ခြင်း�🔹 ကလေးလေးတွေဟာ သူတို့ လိုအပ်တာလေးတွေ မပြောပြတတ်လို့ ဂရုစိုက်စေချင်လို့ ၊ အာရုံစိုက်ခံချင်လို့ ငိုတာဖြစ်ပါတယ်။
✔ ဘာလေးတွေလုပ်ပေးရမလဲ? ဂရုစိုက်ပြီး တုံ့ပြန်ပေးပါ၊ သူတို့ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးပါ။ ဒါက ကလေးလေးတွေရဲ့ ယုံကြည်မှုနဲ့ စိတ်ချရမှုကို တည်ဆောက်ပေးပါတယ်။

❌ ဖွံ့ဖြိုးမှုအဆင့်တွေကို အလျင်စလို လုပ်ခြင်း�🔹 ကလေးတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်အရှိန်နဲ့ ဖွံ့ဖြိုးနေပါတယ်။ မိဘ၊ အုပ်ထိန်းသူ ကိုယ်တိုင်က ဂရုတစိုက် စောင့်ကြည့်ပြီး တည့်မတ်ပေးဖို့ရန်သာ လိုပါတယ်။ ကလေးလေးတွေကို လမ်းလျှောက်ဖို့၊ စကားပြောဖို့၊ အစာစားဖို့ ကိုအရမ်း အလျင်စလို မလုပ်ပါနဲ့။�✔ ဘာလေးတွေလုပ်ပေးရမလဲ? သဘာဝအတိုင်း ဖွံ့ဖြိုးမှုကို နူးညံ့သိမ်မွေ့တဲ့ အားပေးမှုလေးတွေ၊ စိတ်ရှည်မှုလေးတွေနဲ့ ပံ့ပိုးပေးပါ။

✅ ကျန်းမာတဲ့ ဖွံ့ဖြိုးမှုအတွက် မိဘတွေ လိုက်နာရန်၊�✔ အာရုံခံကစားခြင်းနှင့် စူးစမ်းလေ့လာခြင်းတွေကို အားပေးပါ။�🎨 ကလေးကို ပျော့ပျောင်းတဲ့ အရုပ်တွေ၊ ရေကစားတာ၊ မျက်နှာပြင်မညီတဲ့ အရာဝတ္ထုမျိုးတွေ၊ ဘေးကင်းတဲ့ အရာဝတ္ထုတွေကို ထိတွေ့ခွင့်၊ ခံစားခွင့်၊ စူးစမ်းခွင့် ပေးပါ။

✔ ကလေးနဲ့ နေ့တိုင်း စကားပြောပါ၊ စာအုပ်ဖတ်ပြပါ�📖 စာအုပ်ဖတ်တာက ဦးနှောက်ဖွံ့ဖြိုးမှုကို ကူညီပါတယ်! ပုံတွေကို ညွှန်ပြပါ၊ အရာဝတ္ထုတွေကို နာမည်ကိုပြောပြပေးပါ၊ တိရစ္ဆာန်အသံလေးတွေ လုပ်ပြပေးပါ။

✔ ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးတဲ့ ကစားနည်းတွေ ကစားပါ�🧩 “တူတူရေး ဝါး” ဆော့တာလေးတွေ၊ Blocks တုံးလေးတွေနဲ့ တည်ဆောက်ကစားတာလေးတွေ၊ တူတူပုန်းတမ်း ကစားနည်းလေးတွေလိုမျိုး ကစားနည်းတွေက ပြဿနာဖြေရှင်းနိုင်စွမ်းကို တည်ဆောက်ပေးပါတယ်။

✔ ဘေးကင်းပြီး လှုံ့ဆော်ပေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ�🏠 အန္တရာယ်ရှိတဲ့ အရာတွေကို ဖယ်ရှားပြီး ကလေးလေးတွေ လျှောက်သွား၊ ပြေးလွှားကစားနိုင်ခြင်း ၊ စူးစမ်းပြီး ကလေးတွေ၊ လွတ်လွတ်လပ်လပ် လှုပ်ရှားကစားနိုင်တဲ့ ဘေးကင်းတဲ့ နေရာတစ်ခု ဖန်တီးပေးပါ။

✔ ကိုင်တွယ်ထိတွေ့မှုကနေ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ�🤗 ကိုယ့်ကလေးလေးတွေကို ပွေ့ဖက်ပေးပါ၊ မျက်လုံးချင်းလေး ဆုံပြီး စကားပြောပေးပါ။ ကလေးတွေဟာ လုံခြုံမှုခံစားရဖို့ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေ လိုအပ်ပါတယ်။

✔ ချစ်ခြင်းမေတ္တာနဲ့ စိတ်ရှည်မှုနဲ့ တုံ့ပြန်ပါ�💖 ကလေးလေးက စကားမပြောတတ်သေးရင်တောင် ကိုယ့်မိဘ၊ ပတ်ဝန်းကျင်ရဲ့ အသံ၊ အမူအရာနဲ့ မျက်နှာအမူအရာတွေကနေ သင်ယူနေပါတယ်။

💡 အဓိကအချက်အနေနဲ့ပြောရမယ်ဆိုရင် မွေးစကနေ ပထမ ၂ နှစ်ဟာ သင့်ကလေးလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရမ်း အရေးကြီးပါတယ်!
သင့်ကလေးကို ပျော်ရွှင်ပြီး စူးစမ်းလိုစိတ်ရှိတဲ့ ကလေးအဖြစ် ကြီးပြင်းလာစေဖို့ ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်မှု၊ ဘေးကင်းတဲ့ အာရုံခံကစားနည်းတွေအပြင်စူးစမ်းလေ့လာမှုကိုအားပေးတဲ့ ကစားနည်းလေးတွေကို စိတ်ပါဝင်စားမှုရှိအောင် ပံ့ပိုးပေးပါ။

📢 Challenge: သင့်ကလေးရဲ့ အခုလက်ရှိ အကြိုက်ဆုံး ကစားနည်းက ဘာလေးများဖြစ်မလဲ?

Share in the comment! 👇


02/03/2025

Happy Sunday 🥰ပါရှင်
ဒီနေ့လေးမှာတော့ ကလေးများ၏ ကျန်းမာသန်စွမ်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှောင်ကြဉ်ရမည့် အဓိက အလေ့အထများနှင့် လိုက်နာသင့်သော အပြုအမူများကို ဖော်ပြပေးလိုက်ပါသည်။

🌱 ကလေးလေးများသည် အတုယူ ပုံဖော်တတ်သူများ ဖြစ်ပြီး မြင်တာကို လေ့လာပြီး အတုယူကြသည်။ မိဘများသည် ကလေးများ၏ အပြုအမူကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

🚫 ကလေးရှေ့မှာ ဒါတွေ ရှောင်ပါ။�❌ ကြမ်းတမ်းသော စကားလုံးများ သုံးခြင်း�
🔹 ကလေးများသည် ကြားတာကို ပြန်ပြောတတ်ကြသည်။ မကောင်းသော စကားလုံးများကို ပြောမည့်အစား ကြင်နာပြီး လေးစားစရာကောင်းသော စကားလုံးများဖြင့် အစားထိုးပါ။�🔹 “ကလေး က စိတ်မကျေနပ်တာရှိလို့ ငိုနေတာကို ဒီလို စိတ်အနှောင့်အယှက် မပေးနဲ့” လို့ ပြောမယ့်အစား “ဘာလိုချင်လို့လဲ။ ဒါကို အေးအေးဆေးဆေး ပြောကြရအောင်” လို့ ပြောပါ။

❌ အော်ဟစ်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း�
🔹 ဒေါသနှင့် တုံ့ပြန်ခြင်းက ကလေးများကို ဒေါသထွက်တတ်အောင် သင်ပေးသလို ဖြစ်စေသည်။ စိတ်ဆိုး၊ စိတ်ရှုပ်နေချိန်တွင် ကလေးရှေ့တွင် အေးဆေးတည်ငြိမ်စွာ နေပါ။�🔹 အော်ဟစ်ပြန်ပြောမည့် အစား အသက်ပြင်းပြင်းရှူပြီး “ အတူတူ ဖြေရှင်းကြရအောင်” လို့ ပြောပါ။

❌ ကလေးကို ဝေဖန်ခြင်း (သို့) နှိုင်းယှဉ်ခြင်း�
🔹 “သူငယ်ချင်းက တော်လိုက်တာ ၊ သူ့လို ကြိုးစားစမ်း” လို့ ပြောခြင်းကို ရှောင်ပေးပါ။ ဒါက ကလေးတွေရဲ့ ယုံကြည်မှုကို လျော့ကျစေပါတယ်။�🔹 အဲ့ဒီအစား ကလေးတွေရဲ့ အားထုတ်မှုကို အားပေးပါ။ “မင်းကြိုးစားနေတာ ငါမြင်တယ်၊ ဂုဏ်ယူတယ်နော်” လို့ ပြောပေးပါ။

❌ မကောင်းသော အပြုအမူများ ပြသခြင်း�🔹 ကလေးများသည် လူကြီးများကို ကြည့်ပြီး ယဉ်ကျေးမှုကို သင်ယူကြသည်။ “ကျေးဇူးပြု၍”၊ “ကျေးဇူးတင်ပါတယ်”၊ “တောင်းပန်ပါတယ်” စတဲ့ စကားလုံးတွေကို နေ့စဉ်သုံးပါ။

❌ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို လျစ်လျူရှုခြင်း�🔹 “ငိုနေတာရပ်လိုက်၊ မချော့ဘူးနော်” လို့ ပြောခြင်းက သူတို့ရဲ့ ခံစားချက်ကို လျစ်လျူရှုသလို ဖြစ်စေပါတယ်။ အဲ့ဒီ အစား “ သားစိတ်မကောင်းဖြစ်နေတာ နားလည်တယ်၊ မေမေ (သို့) ဖေဖေ ဘယ်လိုကူညီပေးရမလဲ” လို့ ပြောပေးပါ။

✅ ဒါလေးတွေကို လိုက်နာပြပါ။�
✔ အပြုသဘောဆောင်သော စကားလုံးများနှင့် အားပေးမှုများကို ကလေးကိုဖြစ်စေ၊ ကလေးအရှေ့မှာဖြစ်စေ များများအသုံးပြောပေးပါ။�💬 မကောင်းသော စကားလုံးများကို ပြောမည့်အစား အားပေးစကားများဖြင့် အစားထိုးပါ။�❌ “မင်းအခန်းက အမြဲတမ်း ရှုပ်ပွနေတာပဲ” → အစား ✅ “အတူတူ သန့်ရှင်းရေး လုပ်ကြရအောင်”လို့ ပြောပေးပါ။

✔ စကားပြောဆိုရာတွင် လေးစားမှုကို ပြသပါ။ �👂 ကလေးရဲ့ ပြောစကားများကို နားထောင်ပေးပါ။ သူတို့ရဲ့ အကြံဉာဏ်များရယူပြီး စကားပြောဆို ဆွေးနွေး ပေးပါ။

✔ ကောင်းမွန်သော အပြုအမူများကို ပြသပါ။
�🙋‍♀ တစ်ခြားသူများ အပေါ် ကြင်နာစွာ ယဥ်ကျေးစွာစကားပြောပါ၊

“တောင်းပန်ပါတယ်”၊ “ကျေးဇူးတင်ပါတယ်” စတဲ့ စကားလုံးတွေကို သုံးပါ၊
ဒါဆိုရင် သင့်ကလေးလည်း သင့်စီက အမြဲ သင်ယူနေတာ ဖြစ်တဲ့အတွက် လိုက်လုပ်ပါလိမ့်မယ်။

✔ စိတ်ဖိစီးမှုဖြစ်နေချိန်တွင် အေးဆေးတည်ငြိမ်စွာ နေပါ။�🧘 ကလေးများက မိဘများက စိတ်ရှည်သည်းခံစွာ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းတာကို မြင်ရင် သူတို့လည်း ဒါကို လေ့လာသင်ယူပါလိမ့်မယ်။

✔ စည်းမျဉ်းတွေကို သင်ပေးနေတာထက် ပြဿနာဖြေရှင်းနည်းကို သင်ပေးပါ။�🔍 “ဒါကို မလုပ်ရဘူး” လို့ ပြောတာထက် ဘာကြောင့်လဲဆိုတာကို ရှင်းပြပြီး ဖြေရှင်းနည်းကို ကူညီရှာဖွေပေးပါ။

🌟 နိဂုံး�သင့်ကလေးက သင့်ကို နေ့တိုင်း ကြည့်ပြီး သင်ယူနေပါတယ်။ မကောင်းတဲ့ အပြုအမူတွေကို ရှောင်ရှားပြီး ကြင်နာမှု၊ စိတ်ရှည်မှု၊ လေးစားမှုတွေကို လိုက်နာပြသခြင်းဖြင့် ယုံကြည်မှုရှိပြီး ယဉ်ကျေးကာ စိတ်ဓာတ်ခိုင်မာသော ကလေးများကို ပြုစုပျိုးထောင်နိုင်ကြပါစေရှင်။

💡Remember : နေ့စဉ်အလေ့အထ နည်းနည်းချင်းစီပြောင်းလဲမှုများက သင့်ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားသော သက်ရောက်မှုရှိပါတယ်။


26/02/2025

ဒီနေ့တော့ သားသားမီးမီးလေးတွေ အတွက် Trendy ဖြစ်တဲ့ Story အများကြီးထဲကမှ Jon Klassen ရဲ့ “I want my hat back” ဆိုတဲ့ ပုံပြင်လေးကို တင်ပေးလိုက်ပါတယ်ရှင်။
အလုပ်မအားလို့ ပုံပြင်စာအုပ် တူတူ မဖတ်ပေးနိုင်တဲ့ မေမေ၊ ဖေဖေတွေ ဆိုရင်လဲ ဒီ Video လေးကိုကြည့်ပြီး ကိုယ်ပိုင်ပုံပြင်လေး အဖြစ် ဖန်တီးပြီး သားသားမီးမီးလေးတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်ကုန်ဆုံးနိုင်ပါစေလို့ ရည်ရွယ်ပါတယ်ရှင်။ .

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok