07/03/2025
ကျွန်တော့်ကိုတော်တော်များများလာမေးကြတဲ့
pdfကိုဘယ်လိုeditမလဲ?
pdf pageတွေဘယ်လိုပြန်စီမလဲ ?
pdfနှစ်ခုဘယ်လိုပေါင်းမလဲ?
pdf to word or pdf to other file formats?
အဲ့တာလေးတွေနဲနဲအာချောင်ချင်ပါတယ်
ကျွန်တော်ရှာဖွေစုဆောင်းထားတဲ့တချို့knowledge,
Informationတွေကိုမသိသေးတဲ့သူတွေပြန်shareမှာဖြစ်လို့သိပီးသားသူတွေကတော့ကျော်သွားလို့ရပါတယ်ခင်ဗျ။Adobe Acrobatတို့တခြားpdf editing softwaresတွေကိုပိုက်ဆံပေးသုံးနေတဲ့သူတွေcrack versionသုံးနေတဲ့သူတွေလဲကျော်သွားလို့ရပါတယ်ခင်ဗျ။
(1)ပီးခဲ့တဲ့တပတ်လောက်ကပဲMozilla Firefox browser updateမှာ ဘယ်third party softwareမှမလိုပဲpdf editingလုပ်ဖို့built in featureပါလာပါပီ
Firefoxမရှိတဲ့သူကမိမိlaptop or desktopမှာmozilla firefoxအရင်downပါ
မိမိရဲ့pdf fileကို open with mozilla fire foxနဲ့ဖွင့်ပီးdesktop versionမှာကောင်းကောင်းeditလို့ရပါပီ (စမ်းကြည့်ပီးပီတော်တော်အဆင်ပြေပါတယ်)
(2)browserတခုခုမှာ www.ilovepdf.com ရိုက်ရှာပါ pdfကိုမျိုးစုံဆော့လို့ရအောင်featuresတွေပါပါတယ် သို့သော်သုံးနိုင်တဲ့limitရှိပါတယ် limitကျော်သွားရင်အဲ့နေ့အတွက်quotaကုန်ပါပီ (mobileသို့မဟုတ်desktopတွင်နှစ်သက်ရာbrowserနဲ့ဝင်သုံးလို့ရပါတယ်
(3)www.sejda.com ကတော့pdf editingအတွက်ကောင်းပါတယ်စမ်းကြည့်ပါ desktop applicationလဲရှိပါတယ်
Pdf to wordပြောင်းရင်မြန်မာfont ဘာညာerrorကနောက်တစ်ခေါက်ကျထပ်တင်ပေးပါ့မယ်
04/03/2025
Passwordတစ်ခုထဲထားခြင်းဖြင့်သင့်အကောင့်လုံခြုံနိုင်ပါသလား ???
အဖြေကတော့noပါ မလုံခြုံနိုင်သေးပါ။❌
သေချာစဉ်းစားကြည့်ပါ သင့်အကောင့်passwordသာတခုခုကြောင့်မသမာသူတစ်ယောက်ယောက်သိသွားခဲ့သည်ရှိသော်သင့်အကောင့်ကိုအမျှဝေလိုက်ပါ 🙏
(just kidding😁)
ဟုတ်ပီအဲ့တာဆိုကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ?? Userသည်မိမိကိုယ်တိုင်ဖြစ်ကြောင်းအကောင့်ကိုဘယ်လိုသက်သေပြမလဲ??
Two factor authentication နှင့် multi factor authentication သည်အထက်ပါပြသနာဖြေရှင်းနိုင်ရန်နှင့် အကောင့်လုံခြုံရေးတဆင့်မြင့်စေရန် ရည်ရွယ်ကာ မိမိကိုယ်တိုင်အသုံးပြုနေကြောင်း
သက်သေပြနိုင်ရန်ဖန်တီးထား သည့်လုံခြုံရေးစနစ်ဖြစ်ပါသည်။
အသုံးပြုသည့်နည်းလမ်းများ(Factors Used for Authentication)
✅ဖုန်းSMSမှတဆင့်တစ်ကြိမ်သုံးကုဒ်များ ( OTP- one time passcode)ပေးပို့ခြင်း။
✅Google Authenticator သို့မဟုတ် Microsoft Authenticatorကဲ့သို့သော app များမှ တစ်ကြိမ်သုံးစကားဝှက်များ ထုတ်ပေးခြင်း။
✅YubiKey (USB security key) ကဲ့သို့သော hardware tokenများအသုံးပြုခြင်း
✅Fingerprint သို့မဟုတ် face recognition ကဲ့သို့သောbiometricsများအသုံးပြုခြင်း
✅အီးမေးလ်သို့ တစ်ကြိမ်သုံးကုဒ်များ (OTP- one time passcode) ပေးပို့ခြင်း။
Two-Factor Authentication (2FA)
2FA သည် သုံးစွဲသူကို အတည်ပြုရန် passwordရိုက်ထည့်ခြင်းအပြင် အထက်ပါနည်းလမ်းများထဲမှ တစ်ခုကိုအသုံးပြုခြင်းဖြစ်သည်။
Multi-factor Authentication (MFA)
MFA သည် သုံးစွဲသူကို အတည်ပြုရန် passwordရိုက်ထည့်ခြင်းအပြင် အထက်ပါ နည်းလမ်းများထဲမှ နှစ်ခုသို့မဟုတ်နှစ်ခုထက်ပို၍အသုံးပြုပါသည်။
passwordနှင့်ဖုန်းသို့ပို့သော တစ်ကြိမ်သုံးကုဒ် (OTP-one time passcode) အတွဲအဖက်သည်အသုံးများဆုံး 2FA patternဖြစ်သည်
နောက်ဆုံးအနေနဲ့2FA & MFAအသုံးပြုရာတွင်လူအများကြုံတွေ့ကြတဲ့အခက်အခဲလေးတွေကိုဖော်ပြပေးချင်ပါတယ်
➡️မိမိရဲ့personal phoneများပေါ်တွေမှီခိုလွန်းခြင်း (အကောင့်တခုထဲဝင်ဖို့phပြေးရှာရတဲ့ဒုက္ခကိုကိုယ်တိုင်ပဲသိမှာပါ 😁)
➡️sim cardအများအပြားသုံးစွဲခြင်းကြောင့်အသစ်အဟောင်းပြသနာများဖြင့်မည်သည့်နံပါတ်ထည့်လို့ထည့်မိမှန်းမသိခြင်း၊ phoneအသစ်အဟောင်းလဲတူတူပါပဲ (Admin too😁)
➡️Usb security keyများစျေးကြီးခြင်း (ကျောက်ကပ်ထုတ်မရောင်းရပေမယ့်စျေးတခုတော့ရှိပါတယ် 😛)
ဒါဆိုရင်ကိုယ့်လူတို့အခက်အခဲလေးနဲနဲကျော်လွှားသုံးကြဖို့တိုက်တွန်းပါတယ်။
Security issues တွေAI တွေခေတ်စားနေတဲ့အချိန်
မှာMFA 2FA ကတော့သေချာပေါက်သုံးသင့်ပါတယ်လို့ adminတိုက်တွန်းရင်းနိဂုံးချုပ်ပါရစေ
04/02/2025
ဒီနေ့ sharingလုပ်ပေးသွားမယ့် အကြောင်းအရာကတော့
အခုခေတ် software တိုင်း applicationတိုင်းမှာ
security အဖြစ်အဓိကအသုံးပြုကြတဲ့
" Password " အကြောင်းဖြစ်ပါတယ်ခင်ဗျ။
1. Password ဆိုတာဘာလဲ?
Passwordဆိုသင့်ရဲ့အကောင့်တွေကို ဝင်ရောက်အသုံးပြုဖို့အတွက် လျှို့ဝှက်နံပါတ် (စကားဝှက်) တစ်ခုဖြစ်ပါတယ်။ ဒါကို သင်သာသိပြီး၊ အခြားသူတွေမသိအောင် ထိန်းသိမ်းထားဖို့လိုပါတယ်။
2. Password ဘာကြောင့်အရေးကြီးတာလဲ?
Password က သင့်ရဲ့ဒေတာတွေ၊ အကောင့်တွေကို ခိုးယူခြင်းကနေ ကာကွယ်ပေးပါတယ်။ အားနည်းတဲ့ password တွေကို အသုံးပြုရင် hacker တွေ မသမာသူတွေ က လွယ်ကူစွာ ချိုးဖောက်နိုင်ပါတယ်။
3. Password ကောင်းတစ်ခုရဲ့လက္ခဏာများ
Password ကောင်းတစ်ခုဖြစ်ဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။
✅ရှည်လျားမှု - အနည်းဆုံး ၁၂ လုံးပါဝင်သင့်ပါတယ်။ (၁၆လုံးထားနိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်)
✅Password ကောင်းတခုမှာပါဝင်သင့်သည့်စာလုံးများ
- စာလုံးအကြီး (A to Z)
- စာလုံးအသေး (a to z)
- နံပါတ် (0 to 9)
- သင်္ကေတ (!, @, #, $) တွေပါဝင်သင့်ပါတယ်။
✅မှတ်မိလွယ်ရပါမယ်
- ကိုယ်ပိုင်စကားလုံးတွေ၊ စာကြောင်းတွေကို အခြေခံထားသင့်ပါတယ်။သို့သော်လည်းpassword ထဲတွင်မိမိရဲ့account name လုံးဝထည့်သိမ်းခြင်းမပြုသင့်ပါ။
✅ပြောင်းလဲမှုရှိရပါမယ်
- passwordကို " ၆လတစ်ကြိမ် "အနဲဆုံးပြောင်းလဲပေးပါ။
ဥပမာ:
➡️အားနည်းတဲ့ password: `123456`
➡️အားကောင်းတဲ့ password: `MyP@ssw0rd2023!`
5. Password နဲ့ပတ်သက်တဲ့အမှားတွေ
❌အကောင့်တိုင်းအတွက် တူညီတဲ့ password ကိုမသုံးသင့်ပါ။
❌Password ကို စာရွက်ပေါ်မှာ ရေးမှတ်ထားတာမျိုး မလုပ်သင့်ပါ။
❌`password`, `123456`, `qwerty` လိုမျိုး password တွေကို ရှောင်ကြဉ်သင့်ပါတယ်။
နောက်ဆုံးတစ်ခုနဲ့အရေးကြီးဆုံးတခုကတော့ passwordတခုထဲသာအသုံးပြုထားခြင်းသည်အကောင့်ကိုအပြည့်အဝလုံခြုံမှုရှိအောင်မပြုလုပ်ပေးနိုင်သည့်အတွက်Two factor နဲ့multifactor authentication တို့လိုမျိုးနဲ့တွဲသုံးထားမှစိတ်ချရပါမယ်
Two or multi factor authenticationတွေအကြောင်း
ကို Topic တခုအနေနဲ့ sharing ထပ်လုပ်ပေးသွားဖြစ်လို့
J Lab page ကို Like & follow ထားဖို့မမေ့ပါနဲ့ခင်ဗျ
03/02/2025
အားလုံးပဲမဂ်လာပါJ Lab မှကြိုဆိုလိုက်ပါတယ်ခင်ဗျ
J Lab pageလေးကိုစတင်တည်ထောင်ရတဲ့ရည်ရွယ်ချက်ကတော့ ITပညာရပ်နဲ့သက်ဆိုင်တဲ့ KnowledgeတွေUpdate ဖြစ်နေတဲ့အကြောင်းအရာတွေကိုsharingလုပ်ဖို့ နဲ့ အခြေခံသိသင့်သိထိုက်တဲ့ကွန်ပျူတာပညာရပ်များ၊လုပ်ငန်းခွင်တွင်အများဆုံးအသုံးလိုမယ့်ကွန်ပျူတာပညာရပ်များဝေမျှပေးဖို့သင်ကြားပေးဖို့ရည်ရွယ်ပါတယ်။ 👍👍👍
ITကိုဘာကြောင့်သိဖို့သင်ဖို့လိုတာလဲ ❔
အဖြေကတော့ရှင်းပါတယ် အခုခေတ်သည်ITနည်းပညာအလွန့်အလွန်တိုးတက်သည့်ခခေတ်ဖြစ်သလိုITပညာကိုနယ်ပယ်ပေါင်းစုံတွင်အသုံးပြုနေသည့်ခေတ်ဖြစ်သည့်အတွက်အခြေခံလောက်သိထားမှသာအရာရာအဆင်ပြေပြေပါလိမ့်မယ်
ကွန်ပျူတာတခုဖွင့်ပီးဘယ်လိုအသုံးပြုမလဲ❓
မိမိကမည်သည့်အရာမည်သည့်dataများနှင့်အလုပ်လုပ်မှာလဲ❓
မိမ်တို့၏dataများကိုဘယ်မှာသိမ်းမလဲ❓
မိမိတို့dataများကိုဘယ်လိုလုံခြုံအောင်သိမ်းမှာလဲ ❓
သူများတွေဆီကိုရောဘယ်လိုshareမလဲ❓
အစရှိတဲ့မေးခွန်းများကို ဖြေဖို့လိုလာပါပြီ.......
အထက်ပါမေးခွန်းများကိုIT knowledge ရှိထားရင်ဖြေနိုင်ပါလိမ့်မယ်ခင်ဗျာ။
ဘယ်လိုအကြောင်းအရာတွေများလဲ???
✅computer hardware
✅software
✅email
✅basic cybersecurity for all
✅basic networking
✅microsoft(word,excel,powerpoint,sharepoint,access,..etc)
✅google related apps(Googlesheet,Docs,Drive,..etc)
✅Artificial Intelligences and its benefits
✅other IT knowledges
စတာတွေကို tutorialsများနှင့်တကွ free courses sessions တွေနဲ့လည်း sharingလုပ်ပေးမှာဖြစ်ပါတယ်
ဒါ့အပြင် ITဘာသာရပ်ကိုအခြေခံကစပြီး လေ့လာချင်တဲ့သူများအတွက်လည်း Video Classအတန်းဖွင့်ဖို့စီစဥ်ထားပါတယ် ။ သင်တန်း စဖွင့်သည့်အခါ J Lab Pageမှ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။
IT knowledge များကို up to date sharing လုပ်ပေးသွားမှာဖြစ်သည့်အတွက် like and followလုပ်ပီးနေ့စဉ်သင်ယူနိုင်ပါပြီခင်ဗျာ။