06/01/2026
Chelsea appoints Liam Rosenior as their next manager.
Let's be hopeful again.
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก EdinVerse, เว็บไซต์เพื่อการศึกษา, Bangkok.
06/01/2026
Chelsea appoints Liam Rosenior as their next manager.
Let's be hopeful again.
05/01/2026
မန်ယူနည်းပြ အာမိုရင်ကို ဒီကနေ့ ဇန္နဝါရီလ ၅ ရက်နေ့မှာပဲ ထုတ်ပယ်လိုက်ပြီ။
ချယ်ဆီးကလည်း ဇန္နဝါရီလ ၁ ရက်နေ့မှာ နည်းပြနဲ့လမ်းခွဲလိုက်တယ်။
နှစ်သင်းလုံးက နည်းပြဘယ်သူ အရင်ထုတ်ပယ်နိုင်မလဲ ပြိုင်နေကြတာလား မသိဘူး။ 😁
နှစ်သင်းလုံး ဒီအပတ် ကန်ပြီးတဲ့ ပွဲစဉ်တွေမှာ သရေ ရလဒ်နဲ့ပွဲပြီးသွားတယ်။ နှစ်သင်းလုံး ရမှတ်တူ အမှတ် ၃၁ နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ကိုယ်စီ ရပ်တည်နေတယ်။ 😐
ချယ်ဆီးနည်းပြ မာရက်စ်ကာကိုများ မန်ယူအသင်းမျက်စိကျနေလို့လား မပြောနိုင်ဘူး။
04/01/2026
Donald Trump told the media that America would run Venezuela until a new government of his preference is elected. Obviously, it would be a puppet government that follows everything America wants, including oil and gold extraction to the extent Trump desires.
He openly declared that America would sell Venezuela’s oil and rebuild the country as well. I bet you’ve already seen this in the Middle East. ‘Democracy’ and drug accusations are merely tools used to justify the kidnapping of Maduro, the president of a sovereign country.
03/01/2026
ဗန်နီဇွဲလားနိုင်ငံကို အမေရိကန်ကတိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်း သမ္မတ Marudo နဲ့ သူ့ဇနီးကို အမေရိကန်စစ်တပ်ရဲ့ Delta အထူးတပ်ဖွဲ့က အရှင်ဖမ်းဆီးပြီး ခေါ်ဆောင်သွားတယ်လို့ သတင်းထုတ်ပြန်လာတယ်။
သမ္မတ တစ်ဦးကို အခုလို နာရီပိုင်းအတွင်း ဖမ်းဆီးသွားနိုင်ခဲ့တဲ့သတင်းက ကမ္ဘာသူ၊ ကမ္ဘာသားတွေ အံ့ဩသင့်စေခဲ့တာ အမှန်ပဲ။ ဒါမဲ့ အမေရိကန်လို ကမ္ဘာ့အင်အားကြီးနိုင်ငံဟာ အခုလို စွမ်းဆောင်နိုင်ခဲ့တာက သူတို့စစ်ရေးအင်အားထက် နောက်ကွယ်က နိုင်ငံရေးနဲ့ လျှို့ဝှက်သတင်းအချက်အလက် ရယူနိုင်စွမ်းကြောင့်ဖြစ်တယ်။ အမေရိကန်ဟာ စစ်မတိုက်ခင် နိုင်ငံအတွင်းရှိ ပြိုင်ဖက်တွေကို ရာထူး၊ အာဏာ၊ ငွေ မက်လုံးပေးပြီး သူတို့ဘက်က ပါလာအောင်၊ လိုအပ်တဲ့အကူအညီမှန်သမျှ ရအောင် အရင်ဦးဆုံး လုပ်တယ်။ ဒါကို အာဖဂန်နစ်တန်၊ အီရတ် နဲ့ လစ်ဗျားနိုင်ငံတို့ကို တိုက်ခိုက်တုန်းကလဲ အလားတူ မဟာဗျူဟာနဲ့ လုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ရတယ်။
သမ္မတစ်ဦးကို ဖမ်းဆီးဖို့ဆိုတာ စဉ်းစားလိုက်ရင် အင်မတန်ခက်ခဲမယ့် ကိစ္စတခုဆိုတာ လူတိုင်းသိကြတယ်။ ဘာကြောင့် အမေရိကန်က အခုလောက် ချောမွေ့ မြန်မြန်ဆန်ဆန် လုပ်နိုင်သွားလဲဆိုတော့
- ပထမတချက် သူ့အနီးအနားက လူယုံတွေ သစ္စာဖေါက်တာတချက်
- နောက်တချက်က အမေရိကန်က အရင်ကတည်းက ဗင်နီဇွဲလား သမ္မတကို ဖမ်းဖို့ကူညီပေးနိုင်တဲ့သူကို အမေရိကန် ဒေါ်လာ သန်း ၅၀ ဆုချမယ်လို့ ကြော်ငြာထားပြီးသားပါ။ အဲ့ဒီဆုကြေးငွေကို ဗင်နီဇွဲလား သမ္မတရဲ့အနီးအနားက လူယုံတယောက်ယောက် ရယူသွားတာက သေချာသလောက်ပဲ။
စကားချပ် - ဗင်နီဇွဲလားနိုင်ငံမှာ ကမ္ဘာမှာ အကြီးမားဆုံး ရေနံစိမ်းတွင်းထဲကတခု တည်ရှိနေတယ်။ ဦးနှောက်ထဲ မီးတခုခု လင်းတယ်မလား။ 😉
02/01/2026
This should be a year in which the Rohingya people in the camps and across the continents raise awareness about human trafficking and do whatever it takes to protect the Rohingya from being killed at sea and at the hands of human traffickers. Too many Rohingya have lost their lives in the past years.
You, and whoever is reading this can contribute by playing your part in this initiative. Educate people.
11/10/2025
Dhadak 2 ဇာတ်ကားထဲက ကဗျာတစ်ပုဒ် မျှဝေပါရေစေ။ Urdu နားလည်တဲ့သူတွေ အတွက်တော့ မူရင်းကဗျာ ပိုပြီးတောင် ရင်ထဲထိတယ်။
A Dawn Awaits
In the heavy clouds of sorrow,
A single, hopeful star still shines.
Though this day may not be ours,
Tomorrow, we shall rise.
We do not look to strangers' hands;
Our own who care are ever near.
Though this day may not be ours,
Tomorrow, we shall rise.
O, you who sit defeated now,
By the storms that rage outside—
Do you even see
The hidden wounds our own feet bear?
Yet we will not pause,
For the destination calls our name.
Though this day may not be ours,
Tomorrow, we shall rise
These are the steps that bridge
The mightiest and most turbulent seas;
These are the currents fierce enough
To carve through solid mountainsides.
These very hands have labored
To bring a piece of heaven to this ground.
Though this day may not be ours,
Tomorrow, we shall rise.
The heart felt sunk in darkness,
While darkness was in complete control
But past this night, a dawn awaits.
For every ocean has a shore.
Though this day may not be ours,
Tomorrow, we shall rise.
04/10/2025
I deeply honor my friends and Rohingya teachers whose dedication made this achievement possible. The launch of the consolidated board exam in the camp is a historic step—it will not only raise the standard of education in the camps but also serve as a vital foundation for building a strong and self-reliant Rohingya community.
After eight long years, this is one of the most meaningful and hopeful milestones for our people in the camps.
Education is what will bring us dignity, strength, and freedom from oppression.
Examination Board of Rohingya Refugees
Crd-Photographers
02/10/2025
ဘော်လီးဝုဒ် မင်းသားကြီး Shah Rukh Khan ကမ္ဘာ့အချမ်းသာဆုံးမင်းသား အဖြစ်မှတ်တမ်းဝင်သွားတယ်။ သူ့ရဲ့ net worth ဒေါ်လာ ၁.၄ ဘီလီယံ ရှိလာတာပါ။
ကမ္ဘာ့ နာမည်ကြီး ဟောလီးဝုဒ် မင်းသား၊အဆိုတော်တွေထက်တောင် ပိုချမ်းသာတာ ဖြစ်တယ်။
30/09/2025
ထိုင်းနိုင်ငံက Chulalongkorn University မှာ ဘွဲ့လွန်သင်တန်း scholarship လျှောက်လို့ရပြီ။
Apple ကထူးခြားပြီး ပုံစံအသစ်နဲ့ထုတ်လုပ်ထားတဲ့ iPhone Air ကို Apple Showroom မှာ စမ်းသုံးကြည့်ဖြစ်ခဲ့တယ်။ ပါးပါးလေး ကိုင်လို့ အရမ်းအဆင်ပြေတယ်။ အပြင်မှာ ငါ ရိုက်ထားတဲ့ Video ထဲမြင်ရတဲ့အတိုင်းပဲ။
21/09/2025
ချယ်စီးနည်းပြ မာရက်စ်ကာရဲ့ အညံ့ဆုံး ပွဲစီမံခန့်ခွဲမှုကို တွေ့လိုက်ရတဲ့ ပွဲတစ်ပွဲလို့ ဆိုရမယ်။
ဂိုးသမား ဆန်းချက်ရဲ့ အပြစ်မကင်းတဲ့ ဘောလုံးရှင်းထုတ်မှုကြောင့် ပွဲစပြီး ၅ မိနစ်မှာတင် အနီကတ် ရသွားတာ တော်တော်ခက်ခဲတယ်။
အနီကတ်ထိတာနဲ့ ချက်ချင်း ချယ်စီးရဲ့ တိုက်စစ်အကောင်းဆုံး တောင်ပံ ကစားသမား နေတို နဲ့ အစ်တဗာအို ကို လူစားလဲလိုက်တာ အံ့ဩရတယ်။
ဒုတိယပိုင်း မန်ယူဘက်ကလဲ တစ်ယောက် အနီကတ် ထိသွားပြီး 10 Vs 10 ဖြစ်သွားတဲ့အချိန်တောင် ဂါနာချိုလို တိုက်စစ်အားသန်တဲ့ကစားသမားကို မထည့်ဘဲ ဟိုမရောက် ဒီမရောက်ကစားသမားနှစ်ယောက် ထည့်ဆော့တယ်။
ချယ်ဆီးရဲ့ ဂတုံးနည်းပြ မာရက်စ်ကာကို သူ့ရဲ့ ပွဲကိုယ်တွယ်မှု ညံ့ပျင်းမှုအတွက် လစာပြတ်ရင်တောင် တကယ် မတရားဘူးလို့ မမြင်ဘူး။
ကိုယ်တို့ အသိုင်းအဝိုင်းမှာ ရပ်ရွာလူထုအပေါ် မော်လဝီတွေရဲ့ ဩဇာလွမ်းမိုးမှုကြီးတယ်။ ရိုဟင်ဂျာအများစု အစ္စလာမ်ဘာသာဝင် ဖြစ်တာကြောင့် တရားစီရင်ရေးကိစ္စအများစုကိုလည်း မော်လဝီတွေရဲ့ လမ်းညွှန်ချက်အတိုင်း ဘာသာရေး ပညတ်ချက်နဲ့အညီ လုပ်ကြတာများတယ်။
မူဆလင်တွေဟာ ကိစ္စအရပ်ရပ်ကို ဘာသာရေးအရ ပိုင်တယ်၊ မပိုင်ဘူး (Haram/Halal) အပေါ်မူတည်ပြီး ဘဝကို ရှင်သန် နေထိုင်ကြတယ်။ ဒါက မဟုတ်တာ၊ မမှန်ကန်တာ မလုပ်မိဖို့ လမ်းညွှန်ချက် စည်းမျဉ်းတစ်ခုအနေနဲ့ ရှိတာ အရမ်းကောင်းတယ်။
တဖက်ကကြည့်ရင် မပြည့်တပြည့် မော်လဝီတွေ များတယ်။ ဒါကို ငါ ငယ်ငယ်ထဲက ကြုံဖူး၊ နားထောင်ဖူး၊ ဆက်ဆံလာရတာဆိုတော့ အတွင်း၊ အပြင် ပိုသိတယ်။
အာဆာလို အဖွဲ့တွေ ကိုယ့်လူမျိူးတွေကို ဝိုင်းဒုက္ခပေးခဲ့တဲ့အချိန်မှာ ဒီမော်လဝီတွေက သူတို့ရဲ့ဩဇာလွမ်းမိုးမှုကို အသုံးချပြီး မှန်ကန်တဲ့ပညတ်ချက်တွေ ထုတ်ပြောပြီး လူတွေကို ကယ်ဖို့ တစ်ခွန်းမှ ဟခဲ့တာမရှိဘူး။ အပြန် အမှန်တရားဘက်ကရပ်တည်တဲ့ မော်လဝီတွေကို ဝိုင်းတိုက်ခိုက်ခဲ့ကြတယ်။
ဒီမော်လဝီတွေ ကိုယ်တိုင် အလှူငွေကောက်တဲ့အခါ သီချင်းတွေ ဆိုပြီး ဆော်ဪကြတာ။ သံဇဉ်ကို မူလအတိုင်းထားတယ်၊ စာသားပဲ ပြောင်းပြီး ဆိုကြတာ။ အဲ့ဒါလဲ မပိုင်တဲ့အထဲ ပါတယ်။ မော်လဝီတွေသီချင်းဆိုတော့ ပိုင်တယ်၊ သာမန်လူတွေဆိုတဲ့အခါကျ ဝိုင်းဖေါင်းထုမယ်။ အမျိုးမျိုး ပညတ်ချက်တွေ ထုတ်မယ်။ ဒါကတော့ လွန်တယ်လို့ ပြောချင်တယ်။
အခုပေါ်ထွက်လာတဲ့ မော်လဝီတွေ ဒုက္ခသည်စခန်းက ကလေးတစ်ယောက်ကို ဝေဖန်တိုက်ခိုက်တဲ့ ဗီဒီယိုတွေဆို ကြည့်ရဆိုးတယ်။ ဆုံးမတာကို ထောက်ခံပေမယ့်၊ အောက်တန်းကျကျ တိုက်ခိုက်တာကိုတော့ လက်မခံဘူး။
ငါသာ အုပ်ချုပ်ရေး ပေါ်လစီ ဆွဲခွင့်ရှိသူဆိုရင် လောကီ၊ လောကုတ္တရာ မျှအောင် တွေးခေါ်နိုင်ဖို့ဘာသာရေးကျောင်းတိုင်းမှာ ခေတ်ပညာ ဘာသာရပ်တစ်ခုကို မဖြစ်မနေ မုချ ထည့်သွင်း သင်ကြားစေမှာ။