စာလေ့လာတဲ့အခါ
တစ်ခုခု ခက်လာပြီဆိုရင်
"ငါ မတတ်နိုင်ဘူးထင်တယ်"
လို့ တွေးတတ်ကြပါတယ်။
ဒါပေမယ့်
ခက်တယ်ဆိုတာနဲ့
မဖြစ်နိုင်ဘူးဆိုတာ
မတူပါဘူး။
အကြောင်းအရာအသစ်တစ်ခုကို
သင်ယူတဲ့အခါ
နားမလည်သေးတာ
ပုံမှန်ပါပဲ။
ရှုပ်ထွေးသလို
ခံစားရတာလည်း
ပုံမှန်ပါပဲ။
တစ်ခါတစ်လေ
ခက်တယ်လို့ ခံစားရတာက
ကိုယ်မသိသေးတဲ့
အကြောင်းအရာတစ်ခုနဲ့
တကယ်ထိတွေ့နေပြီဆိုတဲ့
လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
Learning Process ထဲမှာ
အဆင်ပြေတဲ့အချိန်တွေရှိသလို
စဉ်းစားရခက်တဲ့အချိန်တွေ
ပြန်ဖတ်ရတဲ့အချိန်တွေ
မေးခွန်းထုတ်ရတဲ့အချိန်တွေလည်း
ရှိပါတယ်။
အရေးကြီးတာက
ခက်နေတယ်ဆိုတဲ့အချက်ကို
နောက်ဆုတ်ဖို့ အကြောင်းပြချက်အဖြစ်
မမြင်ဖို့ပါ။
တစ်ခါတစ်လေ
တိုးတက်မှုက
အခက်အခဲရဲ့ တစ်ဖက်မှာ
စောင့်နေတတ်ပါတယ်။
Freddy Talks
IGCSE ICT/CS Teacher
AS & A Levels IT/CS Teacher
Optional but useful IGCSE Subjects for Diplomacy Major
Teaching လုပ်တဲ့အခါ
"နားလည်လား"
ဆိုတဲ့ မေးခွန်းကို
မကြာခဏ မေးတတ်ပါတယ်။
ဒါပေမယ့်
ဒီမေးခွန်းက
အမြဲတမ်း အသုံးဝင်ချင်မှ
အသုံးဝင်ပါတယ်။
ကျောင်းသားတချို့က
တကယ်နားမလည်သေးပေမယ့်
"နားလည်ပါတယ်"
လို့ ဖြေတတ်ပါတယ်။
တချို့က
ကိုယ်တိုင်လည်း
နားမလည်သေးတာကို
မသိသေးတတ်ပါဘူး။
ဒါကြောင့်
နားလည်မှုကို စစ်ဖို့
"နားလည်လား"
လို့ မေးတာထက်
"ကိုယ့်စကားနဲ့
ပြန်ရှင်းပြကြည့်ပါ"
"ဥပမာတစ်ခု
ပေးကြည့်ပါ"
"ဒီ Problem ကို
ဘယ်လိုစမလဲ"
ဆိုတဲ့ မေးခွန်းတွေက
ပိုအသုံးဝင်တတ်ပါတယ်။
Teaching မှာ
နားလည်မှုဆိုတာ
ခေါင်းညိတ်ပြတာနဲ့
မတိုင်းတာနိုင်ပါဘူး။
စဉ်းစားပုံထဲမှာ
ဖော်ပြနိုင်မှ
ပိုပြီး မြင်ရပါတယ်။
Answer မှန်တာနဲ့
အမှတ်ပြည့်ရမယ်လို့
ကျောင်းသားတော်တော်များများ
ထင်တတ်ကြပါတယ်။
ဒါပေမယ့်
Exam က
Answer ကိုပဲ
စစ်နေတာ မဟုတ်ပါဘူး။
တချို့ Question တွေမှာ
Explanation လိုပါတယ်။
တချို့ Question တွေမှာ
Justification လိုပါတယ်။
တချို့ Question တွေမှာ
Scenario နဲ့ ချိတ်ဆက်ပြီး
ရေးဖို့ လိုပါတယ်။
ဒါကြောင့်
စိတ်ထဲမှာ
မှန်ကန်တဲ့အဖြေ ရှိနေတာနဲ့
မလုံလောက်ပါဘူး။
အဲ့ဒီအဖြေကို
Examiner နားလည်အောင်
ဘယ်လိုတင်ပြမလဲဆိုတာကလည်း
အရေးကြီးပါတယ်။
Exam မှာ
Knowledge တစ်ခုတည်းကို
စမ်းသပ်နေတာ မဟုတ်ပါဘူး။
Knowledge ကို
ဘယ်လောက်ထိ
ဖော်ပြနိုင်လဲ
အသုံးချနိုင်လဲ
ဆက်စပ်နိုင်လဲဆိုတာကိုပါ
စမ်းသပ်နေတာ ဖြစ်ပါတယ်။
တစ်ခါတစ်လေ
အမှတ်ဆုံးရှုံးတာက
မသိလို့ မဟုတ်ပါဘူး။
သိထားတာကို
ထိထိရောက်ရောက်
မဖော်ပြနိုင်လို့
ဖြစ်ပါတယ်။
Recommended IGCSE Subjects for Diplomacy Major
ကျောင်းသားတချို့က
စာဖတ်ချိန်များတာကို
သင်ယူမှုကောင်းတယ်လို့
ယူဆတတ်ကြပါတယ်။
၄ နာရီဖတ်တယ်။
၆ နာရီဖတ်တယ်။
၈ နာရီဖတ်တယ်။
ဒါတွေကို
တိုးတက်မှုရဲ့ အတိုင်းအတာလို
မြင်တတ်ကြပါတယ်။
ဒါပေမယ့်
Learning ကို
အချိန်နဲ့ပဲ တိုင်းတာဖို့
ခက်ပါတယ်။
တစ်နာရီအတွင်း
တကယ်စဉ်းစားထားတဲ့
နားလည်မှုတစ်ခုက
အာရုံမစိုက်ဘဲ
အချိန်ကြာကြာထိုင်နေတာထက်
ပိုတန်ဖိုးရှိနိုင်ပါတယ်။
အရေးကြီးတာက
ဘယ်လောက်ကြာကြာ
စာအုပ်ရှေ့မှာ ထိုင်ခဲ့လဲ
မဟုတ်ပါဘူး။
ဘယ်လောက်နားလည်လာလဲ။
ဘာတွေချိတ်ဆက်နိုင်လာလဲ။
ဘာတွေ အသုံးချနိုင်လာလဲ။
ဆိုတာတွေက
ပိုအရေးကြီးပါတယ်။
ပညာရေးမှာ
အချိန်က အရေးကြီးပါတယ်။
ဒါပေမယ့်
အချိန်ထက်
အဲ့ဒီအချိန်ကို
ဘယ်လိုအသုံးပြုခဲ့လဲဆိုတာက
ပိုအရေးကြီးပါတယ်။
IGCSE ကို Year-7/8/9 မလုပ်ပဲ ဖြေလို့ရလား?
Teaching လုပ်နေရင်း
သတိထားမိတဲ့အရာတစ်ခုရှိပါတယ်။
ကျောင်းသားအားလုံးက
တူညီတဲ့အချိန်မှာ
တူညီတဲ့နားလည်မှုကို
မရကြပါဘူး။
တချို့က
Concept အသစ်တစ်ခုကို
မြန်မြန်ဆန်ဆန်
ဖမ်းမိတတ်ပါတယ်။
တချို့ကတော့
ဥပမာများများလိုတတ်ပါတယ်။
Practice ပိုလိုတတ်ပါတယ်။
အချိန်ပိုလိုတတ်ပါတယ်။
ဒါပေမယ့်
အချိန်ပိုယူရတယ်ဆိုတာက
တိုးတက်မှု နည်းတယ်လို့
မဆိုလိုပါဘူး။
တချို့ကျောင်းသားတွေက
အစပိုင်းမှာ
နှေးသလို ထင်ရပေမယ့်
အခြေခံကို
သေချာတည်ဆောက်ထားတဲ့အတွက်
နောက်ပိုင်းမှာ
ပိုတည်ငြိမ်လာတတ်ပါတယ်။
Teaching ရဲ့ အလုပ်က
ကျောင်းသားအားလုံးကို
တူညီတဲ့အမြန်နှုန်းနဲ့
ရွေ့ခိုင်းဖို့ မဟုတ်ပါဘူး။
တစ်ယောက်ချင်းစီ
နားလည်မှုတည်ဆောက်နိုင်တဲ့
လမ်းကြောင်းကို
ကူညီပေးဖို့ ဖြစ်ပါတယ်။
Mandatory IGCSE Subjects for Diplomacy Major
Exam Technique က
အရေးကြီးပါတယ်။
Question ကို
ဘယ်လိုဖတ်ရမလဲ။
အချိန်ကို
ဘယ်လိုစီမံရမလဲ။
Mark Scheme ကို
ဘယ်လိုနားလည်ရမလဲ။
ဒါတွေက
အမှတ်ရဖို့ အထောက်အကူပြုပါတယ်။
ဒါပေမယ့်
Exam Technique တစ်ခုတည်းနဲ့
Result ကောင်းဖို့တော့
မလုံလောက်ပါဘူး။
Concept မခိုင်သေးဘဲ
Technique တွေကိုပဲ
အာရုံစိုက်နေမယ်ဆိုရင်
Question နည်းနည်းပြောင်းသွားတာနဲ့
အခက်အခဲတွေ
ပေါ်လာတတ်ပါတယ်။
Technique က
ရှိပြီးသားနားလည်မှုကို
ပိုကောင်းအောင်
အသုံးချပေးနိုင်ပါတယ်။
ဒါပေမယ့်
နားလည်မှု မရှိတဲ့နေရာမှာ
နားလည်မှုကို
ဖန်တီးပေးနိုင်တာတော့
မဟုတ်ပါဘူး။
အခြေခံက
Concept ဖြစ်ပါတယ်။
Technique ကတော့
အဲ့ဒီအခြေခံပေါ်မှာ
တည်ဆောက်ရတဲ့
နောက်တစ်ဆင့် ဖြစ်ပါတယ်။
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok
10110