The Knowledge

The Knowledge

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Knowledge, Educational consultant, .

15/09/2025

Bangkok ရဲ့ Morning Vibe...

29/01/2025

🌟 Happy Chinese New Year 2024! 🏮🎊

Wishing you a year filled with prosperity, happiness, and new opportunities! 🚀✨ May the strength of the dragon bring you success, and may your dreams soar high like fireworks in the sky! 🎆🐉

🌸 Embrace tradition, celebrate the present, and step into the future with courage and innovation! 🔥💡

🎊 Gong Xi Fa Cai! 🎊

24/01/2025

🚨BTS MRT BUS Free စီးခွင့်🚨(25-31 Jan 2025) အထိ
Air Pollution လျှော့ချဖို့ ထိုင်းနိုင်ငံအစိုးအရမှ Transpotation အတွက်မနက်ဖြန်မှ ၂၅ ရက်နေ့မှစပြီး ၃၀ ရက်နေ့အထိ (၆ရက်) တိတိကို
BTS၊MRT၊BUS ဝန်ဆောင်ခပေးစရာမလိုပဲ နိုင်ငံသား/နိုင်ငံခြားသားအပါအဝင် Free စီးခွင့်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။





23/01/2025

💥ED visa ကိုင်ဆောင်ထားသူများအတွက်မဖြစ်မနေသိထားသင့်သောအချက်များ💥

အခုကျွန်တော်ရှင်းပြမှာကတော့ ED visa ကိုင်ဆောင်ထားသူများအတွက် ခဏခဏလာမေးထားကြတဲ့အကြောင်းအရာလေးကို အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
ထိုင်းနိုင်ငံမှာ ED Visa ဖြင့်နေထိုင်သူများဖြစ်ပြီး နိုင်ငံပြင်ပထွက်ပြီးပြန်ဝင်ဖို့ စဉ်းစားနေသူများအတွက် အဆင်ပြေတဲ့ Re-entry အတွက် အရေးကြီးတဲ့အချက်များကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ED Visa သမားတွေအတွက် အရေးကြီးသိထားသင့်သည့်အချက်များ
1.Re entry လုပ်ထားရန်;
မိမိက ED visa ကိုင်ဆောင်ထားပြီး နိုင်ငံပြင်ပထွက်မယ့်အခါမှာ Re-Entry Permit မလုပ်ထားဘူးဆိုရင်တော့ ED visa အလိုအလျောက် Cancel ဖြစ်သွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုပြန်လာချင်တဲ့အခါမှာ
လက်ရှိ Visa ကိုအသုံးပြုနိုင်ဖို့ Re-Entry Permit လုပ်ထားဖို့က မရှိမဖြစ်လိုအပ်ပါတယ်၊သို့မှသာ မိမိကထိုင်းနိုင်ငံအတွင်းပြန်ဝင်တဲ့အခါမှာ မိမိလက်ရှိကိုင်ဆောင်ထားသည့် ED visa နဲ့နေထိုင်လို့ရမှာဖြစ်ပါတယ်။

2.VIP Pass Service အသုံးပြုရန်;
ဟုတ်ပါတယ် ထိုင်းနိုင်ငံကိုပြန်ဝင်တဲ့အခါမှာတော့ VIP pass service ကို‌ရွေးချယ်ဖို့အကြံပြုလိုပါတယ်ခင်ဗျာ။ခုလပိုင်းတွေမှာ ED visaနှင့်နိုင်ငံပြင်ပကိုထွက်ပြီး ပြန်ဝင်တဲ့အခါမှာတော့ Immigration
တွင် အချိန်ကြာကြီးရပ်စောင့်နေရတာတွေ နှင့် အခြားသောအကြောင်းအရာများကြောင့် အချိန်အကြာကြီးစောင့်ဆိုင်းဖြေရှင်းနေရတာတွေအတွက် မိမိအချိန်ကို Waste မဖြစ်ဘဲအလွယ်တကူ Immigration pass
ဖြစ်နိုင်တာကြောင့် VIP Pass Service ကို အသုံးပြုဖို့ အကြံပြုပါတယ်။

3.ED Visa နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းများ
လက်ရှိအခြေအနေအရ ED Visa သမားတွေအတွက် ထိုင်းအစိုးရမှ သင်ကြားရေးအချိန်ဇယားကို ပြည့်စုံစွာ လိုက်နာဖို့ စည်းကမ်းပြင်းထန်စွာတင်းကြပ်တိုက်တွန်းနေပါတယ်။
စည်းကမ်းတွေကို လိုက်နာပြီး မိမိရဲ့ ED visa သက်တမ်းတိုးဖို့အတွက် အချိန်မီအဆင်ပြေစွာ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

❗အလုပ်လုပ်နေသူများနှင့် ခဏခဏခရီးထွက်သူများအတွက် အကြံပြုချက်❗
မိမိကခဏခဏ နိုင်ငံပြင်ပထွက်ရသူ၊ အလုပ်လုပ်နေသူဆိုရင်ဖြင့် DTV (Digital Nomad Visa) ဖြင့် Visa ပြောင်းလျောက်ရန်စဉ်းစားကြည့်ပါ။
-DTV Visa သည် နိုင်ငံတကာမှ Remote Work လုပ်နေသူများအတွက် အထူးစီစဉ်ထားသည့် Visa တစ်မျိုးလိုဖြစ်ပြီး ခဏခဏခရီးထွက်ရသူများအတွက်လည်း အဆင်ပြေစေပါတယ်။

အကျဉ်းချုပ်အနေဖြင့်
နိုင်ငံပြင်ပထွက်မယ့်အခါ Re-Entry Permit ကို အချိန်မီလုပ်ပါ။
ခရီးစဉ်တွေကို ကြိုတင်စဉ်းစားပြီး ထိုင်းနိုင်ငံပြန်လာချင်တဲ့အခါ VIP Pass Services အသုံးပြုပါ။
DTV Visa ပြောင်းလျောက်ဖို့ စဉ်းစားနေပါကကျွန်တော်တို့ကိုတိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။




23/01/2025

📢 ဘန်ကောက်မြို့တွင် လေထုညစ်ညမ်းမှုကို သတိပြုစေဖို့ အရေးကြီး! 🌫️

လက်ရှိ ဘန်ကောက်မြို့တွင် လေထုညစ်ညမ်းမှုအခြေအနေမှာ ကျန်းမာရေးအတွက် စိုးရိမ်ရသောအဆင့်သို့ ရောက်ရှိနေပါသည်။
ဘန်ကောက်မြို့သည် ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံး ၁၀ မြို့အနက် တစ်မြို့အဖြစ် ဖော်ပြခံထားရပါသည်။လေထုညစ်ညမ်းမှုဆိုးရွားမှုကြောင့် ဘန်ကောက်မြို့အာဏာပိုင်များက
အလုပ်ရှင်များကို ဝန်ထမ်းများအနေဖြင့် အိမ်မှအလုပ်လုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းနေပြီဖြစ်ပါတယ်။

✔️ လေထုညစ်ညမ်းမှုကို ကာကွယ်ရန်:
1️⃣ Mask ကို မဖြစ်မနေဝတ်ဆင်ပါ: PM2.5 အမှုန်များကို ကာကွယ်နိုင်သော Mask (N95 သို့မဟုတ် အထူး designed mask)
2️⃣ အိမ်တွင်းရှိနေရန် ကြိုးစားပါ: အပြင်မှာ လေထုညစ်ညမ်းမှုအဆင့်မြင့်နေချိန်မှာ အိမ်တွင်းရှိနေခြင်း။
3️⃣ Air Purifier ကိုအသုံးပြုပါ: အိမ်တွင်းလေထုအရည်အသွေးကို ဂရုစိုက်ပါ။
4️⃣ Tree Planting ကို ထောက်ပံ့ပါ: မြို့ပြလေထုအတွက် သဘာဝ Filter တစ်ခုအဖြစ် အပင်စိုက်ခြင်းသည်လေထုညစ်ညမ်းမှုကိုသက်သာစေပါသည်။

📊 ဘန်ကောက်၏ လေထုအရည်အသွေးကို မည်သို့ကြည့်ရှုရမလည်း?
သင့်အနီးရှိ လေထုအရည်အသွေးကို "AirVisual App" သို့မဟုတ် "IQAir" ကဲ့သို့သော Application များသုံးပြီး ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

🌱

Want your school to be the top-listed School/college?

Culinary Team

Attire

Website