Let’s reveal your passion

Let’s reveal your passion

แชร์

Build your English fluency with our community.💪💛
To inquire, please contact 09963920480.

Photos from Let’s reveal your passion's post 06/06/2026

နှစ်တစ်ဝက်ကကျိုးသွားပြီ။
Englishနဲ့ ဝေးကွာပြီး Practiceမလုပ်ဖြစ်သေးဘူးလား။
ဒါဆိုရင်တော့ သင်တန်းကြေး သက်သာပြီး ရုံးချိန်လွတ်၊ ကျောင်းချိန်လွတ် ညဘက်ဖွင့်လှစ်ပေးထားတဲ့ Speaking Classတွေနဲ့ 4 Skills Classရှိပါမယ်။
ဘယ်လိုလူတွေတက်သင့်လဲ🤔
🔸Englishလိုပြောတတ်ပေမယ့် ပြောမထွက်တာ
🔸Confidenceမရှိတာ
🔸Englishလို ပြောတော့မယ် ကြံတိုင်း Vocabularyရှာမရတော့တာ စသဖြင့် အခြေခံရှိပြီး တိုင်ပတ်နေသူများအတွက် ရည်ရွယ်ပါတယ်ရှင်။

Levelအလိုက် ဖွင့်လှစ်ပေးထားတာမို့ မိမိlevelနှင့် ကိုက်ညီသည့်သင်တန်း တက်ရောက်နိုင်ပါတယ်။

Level testစစ်ချင်သူများ အနေနှင့် page messengerတွင် အတန်းမတက်ခင် လာရောက်စစ်ဆေးနိုင်ပါတယ်။

Speakingရော Listening, Reading & Writingရော 4 Skillsလုံး သေသေချာချာ သင်ချင်သူများအတွက်ကတော့ Pre-intermediate 4 Skills Classရှိပါတယ်ရှင်။

Speaking Focusမို့ စကားပြောထွက်လာအောင် သေချာစနစ်တကျ လေ့ကျင့်သင်ကြားပေးပါတယ်။

Group Classတွေအတွက် လျှော့ဈေးလေးတွေရှိတာမို့ လူဦးရေကလည်း အများဆုံး9ယောက်ပဲ လက်ခံပေးမှာမို့ လူမပြည့်ခင်အမြန်ဆုံးလေး စာရင်းပေးသွင်းထားနိုင်ပါပြီ။

အချိန်မအားလပ်သူများအတွက်ကတော့ One on one classလေးတွေရှိပါမယ်ရှင့်။

သင်တန်းပြီးဆုံးအောင်တက်သူတိုင်းအတွက် Certificate awardရှိပါတယ်ရှင်။


Photos from Let’s reveal your passion's post 30/05/2026

Englishစာလေ့လာဖို့ တကူးတကအချိန်မပေးနိုင်သူလား၊ သင်တန်းကို မနက်ဖက်ပဲတက်ဖို့အားတာ၊ နေ့လယ်ပဲအားတာ၊ ညဘဲအားတာဆိုတဲ့သူတွေအတွက် One on One English Online Classလေးတွေရှိပါတယ်ရှင့်။

Englishစာကို အခြေခံကနေသေသေချာချာစနစ်တကျနဲ့
4 Skillsပဲ သီးသန့်သင်ကြားချင်တာလား
နိုင်ငံခြားထွက်ဖို့ Speaking Practiceလုပ်ချင်သူလား။ အားလုံးအတွက် အဆင်ပြေအောင်
🔸English 4 Skills Class
🔸Speaking Class
🔶English Foundation Class
🔸Vocabulary & Speaking Class
🔸Speaking Pattern & Grammar Classများ မိမိLevelနှင့်အလိုက်ရွေးချယ် တက်ရောက်နိုင်ပါတယ်ရှင့်✨

သင်ပေးတဲ့ဆရာမတွေက Experienceအတွေအကြုံကောင်းများရှိပြီး စနစ်တကျ စိတ်ရှည် လက်ရှည် သင်ကြားပေးတာမို့ ကျောင်းသားများရဲ့ Learning Journeyတစ်လျှောက် Fluencyဖြစ်အောင် အပြည့်အဝ လမ်းညွှန်ပြသပေးမှာ ဖြစ်ပါတယ်။✨

သင်တန်းပြီးဆုံးပါက Certificateများ ချီးမြှင့်ပေးပါတယ်ရှင်။🗞️

ကျောင်းသားဟောင်းများအတွက် Discountနှင့် ကျောင်းသား အသစ်များအတွက် 2ယောက်တူတူအပ်ရင် 2ယောက်လုံးအတွက် 10% off ပေးပါတယ်ရှင်✨

ကျောင်းသားဟောင်းများရဲ့ Students’ feedbacksများ Commentတွင် ကြည့်နိုင်ပါတယ်ရှင်။👇


30/05/2026

ဒီနေ့တော့ Health Problemလေးတွေ ​တစ်ချို့ ပြောလိုက်ကြရအောင်။🩺👩‍⚕️

✨Cough(ချောင်ဆိုးခြင်း)
🔹She is coughing a lot.
သူမ အရမ်းချောင်းဆိုးနေတယ်။

🔹My cough is getting better.
ကျွန်တော်ရဲ့ ချောင်းဆိုးတာ သက်သာလာတယ်။

✨Sneeze (နှာချေခြင်း)
🔹She keeps sneezing.
သူမ ဆက်တိုက် နှာချေနေတယ်။

🔹Dust makes me sneeze.
ဖုန်မှုန့်ကြောင့် ကျွန်တော် နှာချေတတ်တယ်။

✨Nausea (အန်ချင်စိတ်)
🔹I feel nauseous.
အန်ချင်စိတ် ဖြစ်နေတယ်။

🔹The smell makes me feel nauseous.
အနံ့ကြောင့် အန်ချင်စိတ် ဖြစ်တယ်။

🔹I have nausea after eating seafood.
ပင်လယ်စာစားပြီး အန်ချင်စိတ် ဖြစ်တယ်။

✨Vomit (အန်ခြင်း)
🔹He vomited after lunch.
နေ့လယ်စာစားပြီး သူ အန်ခဲ့တယ်။

🔹I vomited twice yesterday.
မနေ့က နှစ်ကြိမ် အန်ခဲ့တယ်။

✨Backache (ခါးနာ)
🔹I have a backache from work.
အလုပ်ကြောင့် ခါးနာနေတယ်။

✨Migraine (ခေါင်းတစ်ခြမ်းကိုက်)
🔹I have a migraine.
ခေါင်းတစ်ခြမ်းကိုက်နေတယ်။

✨Obesity (အဝလွန်ခြင်း)
🔹Obesity can affect health.
အဝလွန်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။

🔹Regular exercise helps prevent obesity.
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက အဝလွန်ခြင်းကို ကာကွယ်ပေးတယ်။

✨Eczema (အရေပြားယားနာ)
🔹I have eczema on my arms.
လက်မောင်းမှာ အရေပြားယားနာရှိတယ်။

🔹This cream helps my eczema.
ဒီခရင်မ်က အရေပြားယားနာကို သက်သာစေတယ်။

မိမိအားတဲ့ အချိန်နဲ့ ညှိပြီး တက်နိုင်ဖို့ English One on one class အတန်းလေးတွေ Basicကနေ Upper-intermediateထိ သင်တန်းများ page messengerတွင် လာရောက်စုံစမ်းပြီး အပ်နှံနိုင်ပါပြီရှင်။


27/05/2026

.......လုပ်လည်း အကျိုးမရှိဘူး၊ အလကားပဲ။ ကို ဘယ်လိုပြောမလဲ။🙋🏻‍♀️

Structure 👇
"It’s no use + Ving"

ငိုနေလည်း အကျိုးမရှိဘူး။
It’s no use crying.

သူနဲ့ ငြင်းခုံနေလည်း အလကားပဲ။
It’s no use arguing with him.

သူ့ကို ဒီမှာ စောင့်နေလည်း အကျိုးမရှိဘူး။
It’s no use waiting here.

ထပ်ကြိုးစားနေလည်း အလကားပဲ။😬
It’s no use trying again.

အရမ်းစိုးရိမ်နေလည်း အကျိုးမရှိဘူး။
It’s no use worrying too much.

That’s all about for today.
ဒီနေ့တော့ It’s no use + Ving “ patternလေးကို သိသွားပြီဆိုတော့ နောက်ရက်ကျ ဘယ်လို Speaking patternလေးတွေ sharingလုပ်ပေးမလဲ ဆိုတာကို သိရဖို့ Pageလေးကို Like & Followလေး လုပ်ထားကြနော်✨🧐

မိမိအားတဲ့ အချိန်နဲ့ ညှိပြီး တက်နိုင်ဖို့ English One on one class အတန်းလေးတွေ Basicကနေ Upper-intermediateထိ သင်တန်းများ page messengerတွင် လာရောက်စုံစမ်းပြီး အပ်နှံနိုင်ပါပြီရှင်။


12/05/2026

Adult Learnerတွေအတွက် Basic 4 skillsသင်ကြားနေတဲ့ Videoလေးကို ပြန်ပြီး Sharingလုပ်ပေးထားပါတယ်ရှင်။💕

Englishကို အခြေခံကနေ စပြီး စနစ်တကျသင်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် ရုံးချိန်လွတ်Basic 4 skills group classလေး မနက်ဖြန်စတော့မှာမို့ အခုချိန်သင်တန်းအပ်ရင် မှီပါသေးတယ်။✨

Class details👇
https://www.facebook.com/share/p/1JVTZZEgKP/?mibextid=wwXIfr

Photos from Let’s reveal your passion's post 11/05/2026

Englishစာကို အခြေခံကနေ သေသေချာ တတ်မြောက်ချင်သူတွေ အတွက် ရုံးချိန်၊ ကျောင်းချိန်လွတ် ညပိုင်း သင်တန်းလေး ရှိပါတယ်။

Group Classမို့ One on oneထက် ဈေးပိုသက်သာပြီး ကျောင်းသားတစ်ယောက်ချင်းစီတိုင်းအတွက် သေသေချာချာ ထိရောက်မှု ရှိအောင် သင်ကြားပေးမယ့် Basic 4 Skills Classလေးမို့ အခြေခံကနေ စတက်သင့်တဲ့ အတန်းလေး ဖြစ်ပါတယ်။

Basic 4 Skills classမှာဆိုရင် 4 skillsလုံး တင်မကဘဲ Grammar, Sentence Structureတည်ဆောက်ပုံနဲ့ English speaking ပြောထွက်ပြီး ပြောရဲ လာအောင် စနစ်တကျ သေချာtrainပေးမယ့် classလေး ဖြစ်တာမို့ ညပိုင်းအချိန် သင်ချင်တဲ့သူတွေ တက်ရောက်သင့်တဲ့ classလေးပဲ ဖြစ်ပါတယ်။

Group Classမို့လို့ ကျောင်းသား 7ယောက်ထိပဲ လက်ခံ သင်ကြားပေးသွားမှာမို့ လူဦးရေ မပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ လိုအပ်ပါမယ်ရှင်။

Intermediate levelရှိတဲ့သူတွေအတွက် Speaking Practiseလုပ်ဖို့ Intermediate speaking booster classလေးလည်း ရှိပါတယ်ရှင်။

အချိန်သိပ်မပေးနိုင်သူတွေ၊ ဆရာမနဲ့ သေချာ 2ယောက်တည်း သင်ကြားချင်သူတွေအတွက်ကတော့ One on one classလေးတွေ levelအလိုက် ရှိပါမယ်ရှင်။

ကျောင်းသားတစ်ယောက်ချင်းစီရဲ့ feedbackလေးတွေ pageထဲတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်ရှင်။

Photos from Let’s reveal your passion's post 02/05/2026

Englishစာကို Fluentဖြစ်ပြီး ရေရေလည်လည် ပြောနိုင်ဖို့ဆိုရင် Intermediateလောက် ရှိဖို့ လိုအပ်ပါတယ်။

ကိုယ်က Englishလို ပြောတတ်ပေမယ့် သေသေချာချာ အသုံးအနှုန်းတွေ ဆီလျော်အောင် မသုံးတတ်ဘူး၊ အချိန်ပေးပြီး မလေ့ကျင့်နိုင်ဘူး၊ Speaking partnerမရှိဘူးဆိုရင်တော့ Intermediate Speaking Classလေး Joinဖြစ်အောင် joinပါနော်။

Trတို့ရဲ့ Speaking class durationက 2 monthsမို့လို့ ကျောင်းသားတွေကို အနီးကပ်သေချာ trainပေးမှာ ဖြစ်ပြီး အထိရောက်ဆုံးနဲ့ သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

🔸Basic Levelနှင့်
🔹Pre-intermediate Levelအတွက် General English 4 Skillsအတန်း
တွေလည်း ရှိသေးတာမို့ အတန်းလေးတွေ ခုတည်းက စာရင်းပေးသွင်းထားလို့ပါပြီရှင်။

မိမိအားတဲ့အချိန်နဲ့ ညှိပြီး တက်ရောက်နိုင်တဲ့ One on one classများလည်း ရှိတာမို့ အသေးစိတ် စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင်။

ကျောင်းသားများထံမှ ရရှိထားသော Feedbackများ Commentမှာ ကြည့်ရှုနိုင်ပါတယ်ရှင်။👇

06/04/2026

သင်္ကြန်ပိတ်ရက် ကြေညာခြင်း📌

အင်္ကြန်အကြိုနေ့13ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့17ရက်နေ့အထိ Classတွေအကုန် ပိတ်ပါတယ်ရှင်။💦

ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ အားလုံး နှစ်သစ်မှစလို့ ကျန်းမာရွှင်လန်းကြပါစေရှင်။🙏

01/04/2026

ဒီနေ့မှာတော့ Speaking Verbsလေးတွေ တစ်ချို့ လေ့လာကြည့်ရအောင်။

📌Whisper
တီးတိုးပြောသည်၊ သူများတွေမကြားအောင် တိုးတိုးလေး ပြောတဲ့Verbကို Whisperလို့ ခေါ်ပါတယ်။

🔸She whispered, “Be quiet. The baby is sleeping.”

ကလေးအိပ်နေလို့ တိတ်တိတ်နေဆိုပြီး သူမက တိုးတိုးလေး ပြောခဲ့တယ်။

📌Mumble
စကားကို မပွင့်တပွင့်ပြောတယ်၊ ဗလုံးဗထွေးနဲ့၊ ရှင်းအောင်မပြောတာ၊ ရေရွတ်တာမျိုး ကို Mumbleဆိုတဲ့ verbကို အသုံးပြုလို့ရပါတယ်။

🔸She mumbled something, but I couldn’t understand.
သူမတစ်ခုခုကို ရေရွတ်လိုက်တယ်၊ ဒါပေမဲ့ ငါနားမလည်လိုက်ဘူး။

📌Chat
Chatဆိုတာကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေနဲ့ စကားပြောတာ၊ အာလာပသလာပလေးတွေ ပြောတာကို ဆိုလိုပါတယ်။

🔸I like to chat with my friends after class.
အတန်းပြီးရင် သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောရတာလေးကို ကြိုက်တယ်။

နောက်ဆုံး တစ်ခုကတော့
📌Shout
Shoutဆိုတာကတော့ ဒေါသဖြစ်လို့ အော်တာပဲဖြစ်ဖြစ်၊ စကားကို အကျယ်ကြီးအော်ပြောတာပဲဖြစ်ဖြစ်၊ ဝမ်းသာလို့ အော်တာပဲဖြစ်ဖြစ်၊ တစ်ခုလို အပ်လို့ အော်တာပဲဖြစ်ဖြစိ အသုံးပြုနိုင်ပါတယ်။

🔸Someone is shouting for help.
တစ်ယောက်ယောက်က အကူအညီပေးဖို့ အော်နေတယ်။

နောက်ထပ်လည်း Englishစာနဲ့ ပတ်သက်တာတွေ sharingလုပ်ပေးမှာမို့ Let’s reveal your passion pageကို Like & followလုပ်ထားပါဦးနော်။💗


Photos from Let’s reveal your passion's post 22/03/2026

အခြေခံသိထားသင့်တဲ့ Basic Grammarများ🌟🌟🌟

Basic to Advanced Grammar Class မကြာခင် ဖွင့်လှစ်ပေးတော့ပါမယ်ရှင်။

Basic to Upper-intermediate levelအတွက် 4 Skillsနှင့် Speaking Classများ လာရောက်အပ်နှံလို့ ရပါတယ်ရှင်။📌



ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ที่อยู่

Bangkok