06/03/2026
DevOps လုပ်ဖို့... Coding ကျွမ်းကျင်နေမှ ရမှာလား?
DevOps လမ်းကြောင်းကို စိတ်ဝင်စားပေမဲ့... "ငါက Coding သိပ်မကျွမ်းဘူး၊ Software Engineer လို Code တွေ အများကြီး မရေးနိုင်ဘူး၊ DevOps လုပ်လို့ရပါ့မလား?" ဆိုပြီး တွေးပူနေလား?
ဒီမေးခွန်းအတွက် အဖြေကတော့ ရှင်းပါတယ်။
"Software Engineer တစ်ယောက်လို App တွေတည်ဆောက်ဖို့ Code တွေ အများကြီး ရေးစရာမလိုပါဘူး။ ဒါပေမဲ့... Programming Basic လုံးဝမသိဘဲ၊ Code တစ်ကြောင်းမှ မရေးဘဲနဲ့တော့ DevOps လုပ်လို့ လုံးဝ (လုံးဝ) မရပါဘူး။" ❌
👨💻 Developer ရဲ့ Code နဲ့ DevOps ရဲ့ Code ဘာကွာလဲ?
Developer တွေက User တွေသုံးမယ့် App တွေ၊ Feature တွေ အလုပ်လုပ်ဖို့ Code ရေးပါတယ်။ (ဥပမာ - Facebook မှာ Like နှိပ်ရင် ဘာဖြစ်မလဲဆိုတာမျိုး)။
DevOps တွေကျတော့ အဲ့ဒီ App ကြီး အဆင်ပြေပြေနဲ့ လုံလုံခြုံခြုံ Run နိုင်ဖို့ "Server တွေ၊ System တွေကို Auto အလုပ်လုပ်အောင်" Code ရေးရပါတယ်။
Auto အလုပ်လုပ်ဖို့ ဘာလို့ Coding ရေးရတာလဲ?
DevOps ရဲ့ အနှစ်သာရက "Automation" (အရာအားလုံးကို Auto မောင်းတာ) ပါ။ Server အလုံး (၁၀၀) ကို လက်နဲ့ လိုက် Setup လုပ်နေမယ့်အစား၊ Code လေး တစ်ကြောင်း Run လိုက်တာနဲ့ Auto အလုပ်လုပ်သွားအောင် ဖန်တီးရတာပါ။
စက်တွေကို အဲ့ဒီလို Auto ခိုင်းစေဖို့အတွက် သူတို့နားလည်တဲ့ ဘာသာစကား၊ အထူးသဖြင့် Linux Server တွေနဲ့ စကားပြောဖို့ Bash / Shell Scripting ကိုတော့ မသိမဖြစ် တတ်ထားမှ ရပါမယ်။ ဒါဟာ နေ့စဉ်လုပ်နေရတဲ့ Manual Task တွေကို Automate လုပ်ဖို့ DevOps တိုင်းရဲ့ အခြေခံပါပဲ။
CodeLite Myanmar ရဲ့ "Mastering Linux & DevOps Fundamentals (Batch - 2)" Course မှာတော့ Tool တွေချည်းပဲ သက်သက် Install လုပ်ခိုင်းမှာ မဟုတ်ပါဘူး။
DevOps တစ်ယောက်အတွက် အခြေခံအကျဆုံးဖြစ်တဲ့ Linux Commands တွေ၊ Scripting သဘောတရားတွေ ကနေစပြီး... Git, Docker, CI/CD, Prometheus/Grafana စတဲ့ Modern Tools တွေကိုပါ Enhanced Lab Practices တွေနဲ့ ကိုယ်တိုင် Code ရေး၊ ကိုယ်တိုင် Set Up လုပ်ပြီး စနစ်တကျ သင်ကြားပေးသွားမှာပါ။
Coding Knowledge မရှိသေးရင်တောင်၊ စနစ်တကျ လေ့လာမယ်ဆိုရင် အေးဆေး လိုက်လုပ်နိုင်ပါတယ်။
👉 Course အကြောင်း အသေးစိတ် စုံစမ်းရန် - m.me/436831919508912