LannPya for Kids

LannPya for Kids

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก LannPya for Kids, ที่ปรึกษาด้านการศึกษา, Bangkok.

01/11/2024

ကလေးရဲ့အနာဂတ်အတွက် ကျောင်းရွေးချယ်တဲ့အခါ စဥ်းစားသင့်တဲ့ အချက် ၃ချက်

ကလေးကိုကျောင်းထားဖို့ကျောင်းရွေးတဲ့ထည့်သွင်းစဥ်းစားရတဲ့အချက်တွေများစွာရှိပါတယ်။

ဖေဖေမေမေတို့စဥ်းစားရမယ့်အချက်တွေထဲမှာ ကလေးအနာဂတ်အတွက်ကျောင်းရွေးချယ်မှုမမှားဖို့အဓိကစဥ်းစားသင့်တဲ့အချက် ၃ချက်ကတော့

✅Curriculum and Academic Standards
ရွေးချယ်မယ့်ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းရဲ့သင်ကြားတွေပုံအပြင် ကျောင်းပြီးတဲ့အခါ ကလေးအနေနဲ့နောက်ထပ်ဘယ်ကျောင်းတွေကိုချိတ်ဆက်နိုင်လဲ၊ ဘယ်နိုင်ငံတွေမှာပညာဆက်လက်သင်ယူနိုင်မလဲ စတာတွေကိုပါထည့်သွင်းစဥ်းစားဖို့လိုပါတယ်။

✅School Reputation and Accreditation
ကျောင်းရဲ့ Reputation ကောင်းဖို့လိုသလို Quality Education တကယ်ပေးနိုင်ရဲ့လား၊ ကျောင်းကတရားဝင်အသိအမှတ်အပြုမှုရရှိထားရဲ့လား စသဖြင့်ကျောင်းရဲ့ history ကိုလည်းလေ့လားထားဖို့လိုပါတယ်။

✅Facilities and Student support
ကလေးတွေကိုကျောင်းထားရမှာဖြစ်တာကြောင့် ကျောင်းရဲ့ကလေးတွေအပေါ်ပံ့ပိုးမှုတွေ၊ သင်ကြားရေးမှာအသုံးပြုမယ့် Facilities တွေ၊ ကျောင်းစာအပြင်တခြား activities တွေရဲ့ပါဝင်မှုတွေကိုလည်းထည့်သွင်းစဥ်းစားသင့်ပါတယ်။

အဓိကျတဲ့ဒီအချက်တွေအပြင် ကျောင်းရဲ့တည်နေရာ၊ ဆရာ၊ဆရာမတွေရဲ့သင်ကြားပုံ စတာတွေကိုပါစဥ်းစားသင့်ပါတယ် ဖေဖေမေမေတို့ရေ

ကလေးလေးကိုအကောင်းဆုံးပညာရေးပေးဖို့
ကျောင်းအရွေးမမှားချင်ရင် ကလေးရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ဆွေးနွေးပေးနေတဲ့ LannPya For Kids ကိုလာခဲ့ပါနော် ဖေဖေမေမေတို့ရေ




#လမ်းပြ

30/10/2024

ကလေးအနာဂတ်ပညာရေးအတွက် ထိုင်းနိုင်ငံကရွေးချယ်ဖို့သင့်တော်လား?

ကလေးတွေကိုနိုင်ငံခြားမှာကျောင်းထားဖို့တွေးနေတဲ့မိဘတွေအနေနဲ့ ရွေးချယ်စရာနိုင်ငံပေါင်းများစွာရှိပြီး

နိုင်ငံတိုင်းမှာမတူညီတဲ့ယဥ်ကျေးမှု၊ မတူညီတဲ့အခွင့်အလမ်းတွေရှိကြပါတယ်။

ကလေးတွေကိုကျောင်းထားမယ့်ဖေဖေမေမေတို့အနေနဲ့ အိမ်နီးချင်းနိုင်ငံထဲကတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုလည်းထည့်သွင်းစဥ်းစားဖို့လိုပါတယ်။

🔹ပထမဆုံးအနေနဲ့ ထိုင်းနိုင်ငံက အမိမြေနဲ့အနီးဆုံးမှာဖြစ်တာကြောင့် မိဘတွေအလွယ်တကူသွားလာရအဆင်ပြေတယ်။

🔹Visa လျှောက်ထားရတာလည်းတခြားနိုင်ငံတွေထက် အနည်းငယ်လွယ်ကူအဆင်ပြေတယ်။

🔹နိုင်ငံတကာကနေလာရောက်ဖွင့်လှစ်တဲ့ International School တွေ၊ Facililites အပြည့်အစုံနဲ့ Quality Education ပေးနိုင်တဲ့ကျောင်းတွေရှိတာကြောင့် ရွေးချယ်တက်ရောက်နိုင်တယ်။

🔹ကျောင်းဝင်ခွင့်နဲ့ Admission process တွေကလည်း အရမ်းရှုပ်ထွေးတာမျိုးမရှိဘဲ တက်ရောက်ခွင့်ရဖို့အတွက်ရာခိုင်နှုန်းပိုများပါတယ်

🔹ကုန်ကျစရိတ်၊အသုံးစရိတ်လည်းသက်သာတဲ့အပြင် Culture ကလည်းမြန်မာနဲ့ဆင်တာကြောင့် နိုင်ငံရပ်ခြားပြောင်းတဲ့အခါကြုံရတတ်တဲ့ Culture Shock ဖြစ်စေမှာမဟုတ်ပါဘူး။

ဒါကြောင့် ဖေဖေမေမေတွေအနေနဲ့ကျောင်းထားဖို့တွေးတဲ့အခါမှာထိုင်းနိုင်ငံကိုလည်းထည့်သွင်းစဥ်းစားဖို့လိုပါတယ်။

ဖေဖေမေမေတို့ရဲ့သားသားမီးမီးတို့အတွက် ပညာရေးအကြောင်းဆွေးနွေးချင်တယ်ဆို LannPya For Kids ရှိပါတယ်။




#လမ်းပြ

25/10/2024

သိထားသင့်တဲ့ International Curricula ၃မျိုး

Curricula တွေများစွာရှိတဲ့အထဲမှာ ဖေဖေမေမေတို့အနေနဲ့သိထားသင့်တဲ့ Curricula ၃ခုအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။

▪️International Baccalaureate (IB)
IB Curricula က နိုင်ငံတကာအသိအမှတ်ပြု Curriculum တစ်ခုဖြစ်ပြီး နိုင်ငံ့အနှံ့ကကျောင်းတွေမှာအသုံးပြုကြပါတယ်။ ဒီ Program ကနိုင်ငံတကာကကျောင်းသားတွေအနေနဲ့ မတူညီတဲ့နိုင်ငံတွေမှာပြောင်းရွေ့ပြီးတက်ရောက်တဲ့အခါမှာအဆင်ပြေစေပါတယ်။ IB က Educational Programmes ၄ခုပါဝင်ပြီးတော့
-Primary Years Programme (PYP) : 3 to 12 Years
-Middle Years Programme (MYP) : 11 to 16 Years
-Diploma Programme (DP) : 16 to 19 Years
-Career-related Programme (CP) : 16 to 19 Years ဆိုပြီးရှိပါတယ်။

▪️Cambridge International Examinations (CIE)
Cambridge University ကနေဖန်တီးထားတဲ့ Education System တစ်ခုဖြစ်ပြီး နိုင်ငံတကာက ကျောင်းသားတွေကိုသင်ယူနေကြပါတယ်။
CIE မှာကလေးတွေရဲ့အသက်အရွယ်ပေါ်မူတည်ပြီး Programme တွေကိုခွဲထားပါတယ်။
-Lower Secondary Programme : 11 to 14 Years
-Upper Secondary Programme : 14 to 16 Years
-Advanced Level Programme : 16 to 19 Years
CIE Programme တွေက Golabally အသိအမှတ်ပြုထားတာကြောင့် နိုင်ငံရပ်ခြားကျောင်းတက်ချင်သူတွေနဲ့ မတူညီတဲ့နိုင်ငံတွေမှာပြောင်းရွေ့ပညာသင်ယူချင်တဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခုပဲဖြစ်ပါတယ်

▪️Advanced Placement (AP)
AP programme ကိုတော့ U.S အခြေစိုက် Board College ကဖန်တီးထားတာဖြစ်ပါတယ်။ AP Programme ရှိတဲ့ကျောင်းတွေကိုတော့ AP College လို့ခေါ်ကြပါတယ်။ AP Programs ဆိုတာ High School ကျောင်းသားတွေအနေနဲ့ College Level ရှိတဲ့ Courses တွေကိုသင်ကြားနိုင်ပြီး စာမေးပွဲဖြေဆိုနိုင်တဲ့ Program ဖြစ်ပါတယ်။ AP Courses တွေက နိုင်ငံတကာက University တွေရဲ့အသိအမှတ်ပြုမှုရရှိထားတဲ့ Courses တွေပဲဖြစ်တာကြောင့် Higher Education ကိုမြှင့်တင်ချင်တဲ့ ကျောင်းသား၊ကျောင်းသူ တွေအတွက်သင့်တော်ပါတယ်။

ဒီနေ့မျှဝေပေးသွားတဲ့အကြောင်းအရာလေးက ဖေဖေမေမေတို့အနေနဲ့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ ကလေးတွေရဲ့ပညာရေးအတွက် တိုင်ပင်ဆွေးနွေးချင်ရင်တော့ LannPya For Kids ရှိပါတယ် ဖေဖေမေမေတို့ရေ




#လမ်းပြ

23/10/2024

International School ရွေးချယ်တဲ့အခါအဓိကစဥ်းစားရမယ့် အချက် ၅ချက်

International School တွေကိုထားဖို့တွေးနေတဲ့ ဖေဖေမေမေတို့အနေနဲ့ စဥ်းစားရမယ့်အချက်တွေ၊ တွေးတောရမယ့်အကြောင်းအရာတွေများစွာရှိတာသဘာဝပါပဲ

ကလေးတွေကိုအကောင်းဆုံးဆိုတဲ့ပညာရေးကိုလည်းပေးချင်တယ် ပင်ပန်းပြီးကလေးနဲ့မကိုက်ညီမှာ Stress တွေဖြစ်မှာကိုလည်းတွေးပူကြရပါတယ်။

International School ရွေးချယ်တဲ့အခါဖေဖေမေမေတို့အနေနဲ့အဓိကစဥ်းစားသင့်တဲ့အချက်၅ချက်ကိုမျှဝေပေးလိုက်ပါတယ်

Fees
တစ်နှစ်တည်းနဲ့ပြီးမှာမဟုတ်တာကြောင့် ကလေးရဲ့အဓိကျောင်းစရိတ်အပြင် tution Fees နဲ့တခြားအထွေထွေစရိတ်တွေကိုထည့်စဥ်းစားထားပြီး Budget ကိုချိန်ဆဖို့လိုပါတယ်

Curriculum
International Curricula တွေကအများကြီးရှိတာကြောင့် ဘယ် Curricula နဲ့သင်ကြားတဲ့ကျောင်းကိုရွေးချယ်မှာလဲ၊ ကောင်းကျိုးဆိုးကျိုးတွေနဲ့ အခွင့်အလမ်းတွေကဘာတွေရှိမလဲလေ့လာပါ

Teacher Qualifications
ကလေးနဲ့ထိတွေမယ့်ဆရာ၊ ဆရာမတွေရဲ့သင်ကြားမှုပုံစံတွေနဲ့ ဝမ်းစာပြည့်ဝမှုတွေကိုလေ့လာပါ။ Quality Education ပေးနိုင်တဲ့ကျောင်းတွေကို ရွေးချယ်ဖို့လိုပါတယ်

Facilities and Extracurricular Activities
ကျောင်းရဲ့ Facilities တွေဖြစ်တဲ့ စာကြည့်တိုက်၊ Sport Area၊ လက်တွေ့လေ့ကျင့်ခန်း စတာတွေကို လေ့လာထားဖို့လည်းလိုအပ်ပါတယ်။

School Culture and Location
ကျောင်းရဲ့ပတ်ဝန်းကျင်အခြေအနေနဲ့ ကလေးအတွက်သင့်တော်ရဲ့လား ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်လားဆိုတာလေ့လာထားဖို့လိုပါတယ် ဖေဖေမေမေတို့ရေ




#လမ်းပြ

16/10/2024

ကလေးအတွက်သင့်တော်တဲ့ကျောင်းဘယ်လိုရွေးချယ်ကြမလဲ?

ကလေးအတွက်သင့်တော်ကျောင်းကိုရွေးချယ်ဖို့ဆိုပထမဆုံးဦးစားပေးရမှာက ကလေးရဲ့လိုအပ်ချက်ပဲဖြစ်ပါတယ်။

▪️ကလေးရဲ့အနာဂတ်မှာဖြစ်ချင်တဲ့ Goals ကဘာလဲ ဒီ Goals ကိုရောက်ဖို့အတွက်ထောက်ပံ့မှုတွေ ပေးနိုင်မယ့်ကျောင်းကိုရွေးချယ်ဖို့လိုပါတယ်။

▪️အသင့်တော်ဆုံးကျောင်းကိုရှာပါ။
ကိုယ်ထားချင်တဲ့နိုင်ငံမှာရှိတဲ့ ကျောင်းတွေကို List လုပ်ပါ။ ကျောင်းတွေရဲ့ Ranking ၊ Academic Performance၊ ကျောင်းရဲ့ Culture တွေကိုလေ့လာပါ။

▪️List လုပ်ပြီးသေချာစီစစ်ထားတဲ့ကျောင်းထဲကနေ အဆင်ပြေတဲ့ကျောင်းတွေကို ကိုယ်တိုင်သွားကြည့်ပါ။ စာသင်ခန်းပတ်ဝန်းကျင်၊ ကျောင်းရဲ့ Facilitity တွေကိုလေ့လာပါ။

▪️လက်ရှိတက်နေတဲ့ကျောင်းသား၊မိဘတွေကိုစုံစမ်းမေးမြန်းပါ တခြားသူတွေရဲ့ Feedback တွေကိုနားထောင်ပါ။

ဖေဖေမေမေတို့အနေနဲ့အဆင်ပြေတဲ့ကျောင်းကိုရှာတွေ့ပြီဆို ကိုယ့်ရဲ့ကလေးနဲ့လိုအပ်ချက်တွေနဲ့ ပြန်ညှိပြီးရွေးချယ်နိုင်ပါတယ် ဖေဖေမေမေတို့ရေ




#လမ်းပြ

14/10/2024

International School တွေရဲ့အဓိကအားသာချက်တွေကဘာတွေလဲ?

International School တွေက International Curricula နဲ့သင်ကြားတာမို့ နိုင်ငံတကာအသိအမှတ်လက်မှတ်တွေအပြင် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတွေများစွာရရှိစေပါတယ်။

ကျောင်းတွေရဲ့သင်ကြားပုံနည်းစနစ်တွေက ကျောင်းသားတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပေးတဲ့အပြင် Internation Teacher တွေနဲ့အတူသင်ကြားရတာကြောင့် ဘာသာစကားတိုးတက်မှုပိုအားကောင်းစေပါတယ်။

သင်ကြားတဲ့ Curricula တွေက ကျောင်းပညာရေးအပြင် အဖက်ဖက်ကတိုးတက်ဖို့ကိုပါထည့်သွင်းထားတာကြောင့်ကလေးအတွက်ကောင်းမွန်စေပါတယ်။

ကျောင်းတွင်းထားရှိတဲ့ facilities တွေ၊ လက်တွေ့လုပ်ဆောင်မှုအတွက်အသုံးပြုတဲ့သင်ထောက်ကူပစ္စည်းတွေနဲ့အတူစာတွေ့လက်တွေ့တစ်ပါတည်း သင်ကြားနိုင်ပါတယ်။

အခုပြောပြသွားတဲ့အချက်တွေကတော့ International School တွေရဲ့အားသာချက်တွေထဲက တချို့ပဲဖြစ်ပါတယ်။ ဖေဖေမေမေတို့ရေ ကလေးတွေရဲ့ပညာရေးအတွက်သေချာလေးတိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ LannPya For Kids ရှိပါတယ်နော်။




#လမ်းပြ

07/10/2024

International School နဲ့ Local School ဘယ်လိုကွာခြားမှုလေးတွေရှိနိုင်လဲ?

မိဘတွေအနေနဲ့ သားသားမီးမီးလေးတွေကိုကျောင်းထားတဲ့အခါမှာ International Scool တွေနဲ့ Local School တွေရဲ့ကွာခြားမှုလေးတွေကိုသိထားဖို့လိုအပ်ပါတယ်။

☑️သင်ရိုးညွှန်းတမ်းကွာခြားမှု
နိုင်ငံတွေနဲ့ ဖေဖေမေမေတို့ထားမယ့်ကျောင်းအပေါ်မူတည်ပြီး သင်ရိုးတွေကကွာခြားမှုရှိနိုင်ပါတယ်။

☑️Local School တွေက International Curricula တွေကိုသင်ကြားတဲ့အခါ သင်ရိုးတွေတူနိုင်ပေမယ့် သင်ပုံသင်နည်းတွေကတော့ကွာခြားမှုလေးတွေရှိနိုင်ပါတယ်။

☑️သင်ထောက်ကူပစ္စည်း
ကျောင်းမှာသင်ကြားတဲ့သင်ခန်းစာတွေ၊ Activity တွေအတွက်အသုံးပြုတဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ သင်ကြားတဲ့ပုံစံတွေလည်းမတူညီနိုင်ပါဘူး။

☑️ဘာသာစကားကွာခြားမှုလေးတွေနဲ့ ပတ်ဝန်းကျင်အနေအထား ယဥ်ကျေးမှုလေးတွေကလည်းကွာခြားမှုရှိနိုင်ပါတယ် ဖေဖေမေမေတို့ရေ

☑️International School တွေရဲ့ International curricula တွေကြောင့် အနာဂတ်အတွက်အလုပ်အကိုင်အခွင့်အရေးနဲ့ တခြားသောအခွင့်အလမ်းတွေအတွက်ပိုမိုရရှိနိုင်ပါတယ် ဖေဖေမေမေတို့ရေ




#လမ်းပြ

20/09/2024

နိုင်ငံခြားမှာကျောင်းတက်မယ့်ကလေးတွေဘယ်လိုစိန်ခေါ်မှုတွေကြုံနိုင်လဲ?

International School ကိုပြောင်းရွှေ့ဖို့တွေးနေတဲ့ ကလေးတွေအနေနဲ့ ကြုံတွေ့နိုင်တဲ့စိန်ခေါ်မှုတွေက များစွာရှိနိုင်သလို တစ်ယောက်နဲ့တစ်ယောက်လည်း မတူညီနိုင်ကြပါဘူး။

ကလေးတွေအများဆုံးတွေ့ကြုံနိုင်တဲ့စိန်ခေါ်မှုတွေကတော့

📍ကျောင်းဝင်ခွင့်ခက်ခဲခြင်း
Quality Education ပေးနိုင်ပြီး တက်ရောက်လိုတဲ့ နိုင်ငံတကာကျောင်းသားများတဲ့ ကျောင်းတွေရဲ့ဝင်ခွင့်တွေနဲ့ လိုအပ်ချက်စာရွက်စာတမ်းတွေကသာမန်ထက်ပိုများတာမို့စိန်ခေါ်မှုဖြစ်နိုင်ပါတယ်။

📍Curricula များခြင်း
International School တွေကမတူညီတဲ့ Curricula ကိုလည်းသင်ကြားကြတာကြောင့် ကလေးနဲ့အဆင်ပြေမယ့်ဟာကိုရွေးချယ်နိုင်ဖို့လိုပါတယ်။

📍Culture မတူညီခြင်း
နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ယဥ်ကျေးမှုတွေကကွာခြားတာကြောင့် ပထမဆုံးမှာနားလည်ဖို့ကြိုးစားရတာ၊ လိုက်လျောညီထွေဖြစ်အောင်ကြိုးစားရတာတွေရှိပါတယ်။

📍ဘာသာစကားအခက်အခဲ
Second Language လို့သတ်မှတ်ထားကျတဲ့ English ကိုတောင်မှ နိုင်ငံပေါ်မူတည်ပြီး လေယူလေသိမ်း၊ အသုံးအနှုန်းတွေကမတူကြတာမို့ အစပိုင်းမှာနားလည်ဖို့ခက်ခဲနိုင်ပါတယ်။

📍Visa Requirement
ကျောင်းထားမယ့်နိုင်ငံပေါ်မူတည်ပြီး Visa Process တွေကမတူညီကြတာမို့ Visa ရဖို့ကြိုးစားတဲ့အခါ အနည်းငယ်ကြန့်ကြာတာမှုတွေရှိနိုင်ပါတယ်။

ဒီအချက်လေးတွေကတော့ ကျောင်းသားတော်တော်များများရင်ဆိုင်နေရတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။

ဖေဖေမေမေတို့အနေနဲ့ရောဘယ်လိုစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတယ်ဆိုတာ ပါဝင်ဆွေးနွေးနိုင်ပါတယ်နော်




#လမ်းပြ

19/09/2024

နိုင်ငံခြားမှာကျောင်းမထားခင်မှာ မေမေဖေဖေတို့အနေနဲ့ ဒီအချက်လေးတွေကို ပြန်စစ်ဆေးကြည့်ဖို့လိုပါမယ်။

🔸Admission Process
ကျောင်းဝင်ခွင့်လျှောက်ထားပုံ၊ လိုအပ်တဲ့စာရွက်စာတမ်း၊ application deadline တွေကိုသေချာသိဖို့လိုပါတယ်။

🔸ကျောင်းရဲ့ Curriculum
ကလေးတွေကိုဘယ်လိုပုံစံ ဘယ်သင်ရိုးညွှန်းတမ်းနဲ့သင်ကြားမှာလဲသိဖို့လိုပါတယ်။

🔸Language
ကလေးအနေနဲ့မိခင်ဘာသာစကားမဟုတ်တဲ့ ဘာသာစကားနဲ့သင်ယူနိုင်ဖို့အဆင်ပြေဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ဖို့လိုပါတယ်။

🔸Culture
မတူညီတဲ့ Culture တွေကိုနားလည်ပြီး ကလေးအတွက် ဘယ်လိုအဆင်ပြေအောင်ဆောင်ရွက်သင့်လဲဆိုတာကြိုတင်ပြင်ဆင်ပါ။

🔸Ranking
ကျောင်းရဲ့ Rank ကဘယ်နေမှာရှိနေတာလဲ၊ သင်ကြားမှုတွေကအဆင်ပြေရဲ့လား၊ ကျောင်းပြီးတဲ့နောက် ဘယ်လိုအခွင့်အလမ်းတွေကိုရရှိနိုင်မလဲ စသဖြင့် အနာဂတ်အရေးအတွက်ပါထည့်သွင်းစဥ်းစားပါ။

🔸Fees
ဖေဖေမေမေတို့အနေနဲ့ ကလေးရဲ့ကျောင်းစားရိတ်၊ နေထိုင်စာရိတ်တွေနဲ့အတူ ကုန်ကျနိုင်ချေတွေကို ပြင်ဆင်တွက်ချက်ထားဖို့လိုပါတယ်။

🔸ကလေးရဲ့စိတ်ဝင်စားမှု
အဓိကအကျဆုံးဖြစ်တဲ့ ကလေးရဲ့စိတ်ဆန္ဒကိုမေးမြန်းပြီး ကလေးရဲ့ဆုံးဖြတ်ချက်ကိုအလေးထားဖို့မမေ့ပါနဲ့ ဖေဖေမေမေတို့ရေ




#လမ်းပြ

15/09/2024

ရေဘေးအတွက်လှူရင်း LannPya for Kids ရဲ့ 2 နှစ်ကနေ 18 နှစ်အထိ ကလေးငယ်များအတွက် consultation နဲ့ school application process ရရှိနိုင်မယ့် အခွင့်အရေး 📢

Dream Education ရဲ့ "ပညာလည်းယူ ဒါနအလှူ" Project မှာ Lann Pya for Kids မှ Main Partnership အနေနဲ့ အားတက်သရော ပါဝင်အားဖြည့်ထားပါတယ်။ 🥳

"ပညာလည်းယူ ဒါနအလှူ" ဆိုတာကတော့ ရေးဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရသူတွေကို Life Jacket နဲ့ ထမင်းထုပ်၊ သောက်ရေသန့်တွေ လှူဒါန်းရင်း သင်တန်းတွေနဲ့ services တွေကို အခမဲ့ (သို့) Discount တွေနဲ့ တက်ရောက်ရယူနိုင်မယ့် Project Campaign ပဲဖြစ်ပါတယ်။ 💌

၃၀၀၀ ကျပ်ကနေ ပါဝင်လှူဒါန်းသူတွေကို Certificate လေးတွေချီးမြှင့်သွားမှာပါ။ ✨

Certificate လေးတွေကို အသုံးပြုပြီး တက်ရောက်နိုင်မယ့်သင်တန်းတွေနဲ့ ရရှိနိုင်မယ့် Discount နဲ့ services တွေကတော့...

🔹 Charity with Dream မှ ဖွင့်လှစ်သော သင်တန်းများ အခမဲ့တက်‌ရောက်နိုင်ခြင်း

🔹 Here Youths မှ One-to-one Classes များအား 5% Discount နှင့် GED Exam Schedule အတွက် Free Service Fee Waiver

🔹 Mekhaa เมฆา Thai Language Learning မှ ဖွင့်လှစ်မယ့် Thai Speaking နဲ့ 4 skills သင်တန်းများအား 100% off, 50% off, 30% off Discounts များ (limited seats)

🔹 Korea Language For Myanmar မှ Reading, Speaking နှင့် By One Classes များအား Free (သို့) Discount များဖြင့်တတ်ရောက်နိုင်ခြင်း (limited seats)

🔹 Blue Finch Foundation မှ နောက်လထဲတွင်ဖွင်လှစ်မည့် IELTS Class အတွက် 50% Off, 2025 April လအထိဖွင့်လှစ်မယ့်အတန်းတွေကို 30% Off စတဲ့ Benefits တွေ များစွာကို ရရှိနိုင်မယ့်အပြင်

🔹 Cinema Canvas ရဲ့ Content Proofreading, Script doctoring, Cinema Canvas ရဲ့ Podcast Script တစ်ကြိမ်ရေးပေးခြင်း

🔹ACE Education မှ ဒီလကုန်အထိ service လာအပ်တဲ့သူတွေကို 100$ စီ လျှော့ပေးခြင်း

🔹Lann Pya Education မှ study abroad consultation session, career consultation session, နဲ့ free ကျောင်းလျှောက်ပေးခြင်း
🔹Lann Pya for Kids မှ အသက် ၂ နှစ် မှ ၁၈ နှစ် ကလေးငယ်တွေအတွက် Consultation and school application process
🔹Practical English Class (PEC) မှ November Package မှာပါဝင်မယ့် Class များအတွက် free တက်ရောက်ခွင့် (limited seats)

🔹 ဒါ့အပြင် Pace Forward ကနေ 3000,5000,10000 ကျပ် လှူဒါန်းတဲ့ ကျောင်းသားတိုင်းအတွက် Speaking Group Class လေး လုပ်ပေးဦးမှာပဲဖြစ်ပါတယ်။ 🥰

❗️ Classes တွေ, Discounts တွေ မယူဘဲ သီးသန့်လည်း ပါဝင်လှူဒါန်းနိုင်ပါသေးတယ်။
❗️ ထိုင်းမှာနေထိုင်သူ၊ ထိုင်းဘဏ်အကောင့်ရှိသူတွေအနေနဲ့လည်း ထိုင်းဘတ်ဖြင့်ပါဝင်လှူဒါန်းနိုင်ပါတယ်။
Project Information အသေးစိတ်နဲ့ Benefits အသေးစိတ်ကို အောက်ပါ Main Post မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 👇

https://www.facebook.com/share/p/kGJD79MJrPHJcQ5F/?mibextid=qi2Omg

ပညာလည်းသင်ရင်း၊ အတူတူပါဝင်လှူဒါန်းရင်း အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြရအောင်။ ✊🥰

#ပညာလည်းယူ_ဒါနအလှူ
#ပညာသင်ရင်း_ပညာလှူ

15/09/2024

ကျောင်းတစ်ကျောင်းမထားခင်မှာမိဘတွေဘာတွေသိထားဖို့လိုလဲ?

သားသားမီးမီးလေးတို့ကိုကျောင်းတစ်ကျောင်းမထားခင်မှာ ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကိုသေချာစစ်ကြည့်ထားဖို့လိုပါမယ်နော်

🔸Curriculum
ကလေးတွေကိုတစ်နှစ်တာလုံးမှာသင်ကြားသွားမယ့် Curriculum (သင်ရိုးညွှန်းတမ်း) အကြောင်းကို သေချာသိထားဖို့လိုပါတယ်။ Curriculum မှာကျောင်းစာအပြင် 21st century skill လို့ခေါ်ဆိုကြတဲ့ creativity, communication, problem solving skill စတာတွေကိုပါ ထည့်သွင်းထားတဲ့ ကောင်းမွန်တဲ့ Curriculum တွေကိုသင်ကြားတဲ့ကျောင်းတွေကိုရွေးချယ်ဖို့လိုပါတယ်။

🔸Teaching Methods
ကလေးတွေကိုသင်ကြားတဲ့အခါ သင်ကြားတဲ့ဆရာ/ဆရာမတွေရဲ့ဝမ်းစာပြည့်ဝမှု၊ Teaching Styles တွေကို ကျောင်းမထားခင်မှာ လေ့လာထားပါ။

🔸Student Achievement
ကိုယ်ရွေးချယ်မယ့်ကျောင်းရဲ့ ကျောင်းသားတွေရဲ့အောင်မြင်မှု Results, Grade တွေက အဆင်ပြေလားဆိုတာ လေ့လာထားဖို့လိုပါတယ်။

ဒီအချက်တွေအပြင် ကျောင်းရဲ့အရွယ်အစား၊ ဆရာ/ဆရာမနဲ့လက်ခံတဲ့ကျောင်းသားဦးရေ၊ ကျောင်းချိန်ပြင်ပ Activities၊ ကလေးတွေလုံခြုံရေးနဲ့ အန္တရာယ်ကင်းဖို့ပြင်ဆင်ထားမှုတွေကို လေ့လာစုံစမ်းထားဖို့လိုသလို ကျောင်းနဲ့အိမ်ရဲ့အကွာအဝေး ကျောင်းစရိတ်တွေကိုပါထည့်သွင်းစဥ်းစားထားဖို့လိုပါတယ် ဖေဖေမေမေတို့ရေ




#လမ်းပြ

12/09/2024

ကလေးရဲ့အနာဂတ်အတွက်ကလေးနဲ့ဆွေးနွေးပြီးပြီလား?

ဖေဖေမေမေတို့အနေနဲ့ပညာရေးလမ်းကြောင်းကို
ရွေးချယ်ပေးတဲ့အခါ ကလေးရဲ့အမြင်တွေကိုပါထည့်သွင်းစဥ်းစားပေးဖို့လိုပါတယ်။

ကလေးတွေမပျော်တဲ့နေရာ မပျော်တဲ့အရာတွေကိုသင်ယူရတဲ့အခါ ရလာတဲ့ရလဒ်တွေကမျှော်မှန်းထားသလိုမဖြစ်လာနိုင်သလို ကလေးတွေလည်းစိတ်ဖိစီးမှုတွေကြောင့် သင်ယူရတာမပျော်ရွှင်ဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့် ဖေဖေမေမေတို့ရဲ့ ဖြစ်စေချင်တဲ့သဘောထားတွေအပြင်
အနာဂတ်ပညာရေးလမ်းတစ်လျှောက်မှာ တကယ်လျှောက်လှမ်းရမှာက ကလေးလေးတွေဖြစ်တာကြောင့် ကလေးတွေရဲ့အနာဂတ်အိမ်မက်၊ ဖြစ်ချင်တဲ့ဆန္ဒ၊ ဝါသနာ၊ အတွေးအမြင်တွေကိုပါဆွေးနွေးဖို့ လိုပါတယ်။

ဖေဖေမေမေတို့ရော ကလေးလေးတွေမှာအဆင်ပြေပျော်ရွှင်စေဖို့

ကလေးလေးတွေကို နိုင်ငံခြားမှာကျောင်းထားဖို့တွေးထားတဲ့မိဘတွေအတွက် LannPya For Kids ရှိနေပြီမို့ ဆက်သွယ်လိုက်နော်




#လမ်းပြ

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Bangkok
10400