Danny English Learning Journey

Danny English Learning Journey

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Danny English Learning Journey, ที่ปรึกษาด้านการศึกษา, Bangkok.

Learn English online
English Speaking ကို လုံးဝ English to English သင်ကြားပေးပြီး Native Speakers တွေလိုမျိုးသဘာဝဆန်ဆန်ပြောတတ်အောင် သင်ကြားပေးနေတဲ့ DEC ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ချင်ရင် Page messenger သို့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

14/04/2026

မင်္ဂလာပါ
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တဲ့ တန်ခူးအတာရေသဘင်ပွဲတော်အား ကြိုဆိုပြီး မြန်မာနိုင်ငံသားတိုင်း ကျမ်းမာချမ်းသာပြီး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ လို့ မင်မင်တို့ DECမှ ဆုတောင်းလိုက်ပါသည်။

26/03/2026

Practice English everyday

English တတ်ချင်ရင် တစ်နေ့တည်းနဲ့ မဖြစ်နိုင်ပါဘူး…

👉 နေ့တိုင်း Practice လုပ်တာက အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါ!

စာဖတ်တာပဲ မဟုတ်ဘဲ
🗣 နေ့တိုင်း Speaking လေ့ကျင့်ပါ
📚 Vocabulary အသစ်တွေ လေ့လာပါ
🎧 Listening ကို နားထောင်ပါ

ဒီလို လေ့လာရင် English ကို တဖြည်းဖြည်း Confidence ရှိရှိ ပြောနိုင်လာပါလိမ့်မယ် 🚀

📩 English ကို အခြေခံမှစပြီး ယုံကြည်မှုအပြည့်နဲ့ ပြောတတ်,ရေးတက်လာချင်ရင် Danny English Class - DEC စာသင်တန်း ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။


English Class
Class available
-on-one class available
Available



24/03/2026

သင်တန်းတက်ဖို့တွေဝေနေရင် ဒါလေးဖတ်ကြည့်ပါ

ကျွန်တော်တို့ဆီမှာ သင်တန်းသားအများစုကတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေများကြပါတယ်။ လူတိုင်းက မတူညီတဲ့ ပတ်ဝန်းကျင်ကနေ ကြီးပြင်း လာကြတာဖြစ်တဲ့အတွက် အတန်းပညာလည်း မျိုးစုံရှိကြပါတယ်။ ဒီရက်ပိုင်း ကျွန်တော့် ဒီ pageမှာ အများစုလာမေးနေကြတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဟုတ်ပါတယ် အဲ့ဒါကတော့ "အခြေခံမရှိပဲသင်တန်းတက်လို့ရလား"/ အတန်းပညာမရှိပဲသင်တန်းတက်လို့ရလား စသဖြင့်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ချင့်ချိန်ကြည့်လို့ရအောင် ဒီအချက်တွေနဲ့ယှဥ်ပြီးရေးပေးလိုက်ပါတယ်။
(၁) မိမိ၏ စိတ်ဝင်စားမှု
လူတိုင်းကတော့ ရည်ရွယ်ချက်ကိုယ်စီနဲ့ လာတက်ကြတာဖြစ်ပါတယ်။ ဒီထဲမှာမှ တကယ်လိုအပ်နေတဲ့သူတွေ နှင့် ကြိုတင်ပြင်ဆင်ရန် လာတက်တဲ့သူတွေတော့ကွာပါတယ်။ ဘာသာစကားဆိုတာက အလွတ်ကျက်အလွတ်မှတ်ပြီး လေ့လာရတာမဟုတ်ပါ။ နားလည်လွယ်အောင်ပြောရရင် ဘယ်သူနှင့်ဘယ်နေရာမှာတွေ့ရင် တစ်ဖက်လူက ဘာစပြောမလဲ နှင့် ကိုယ်ကကော ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ပုံသေမှတ်ထားလို့ မရနိုင်ပါ။ ဒါကြောင့် အလုပ်ကြောင့်ဖြစ်စေ ရေရှည်ရည်မှန်းချက်တစ်ခုခုကြောင့်ဖြစ်စေ ဘာသာစကားတစ်ခုကို လေ့လာတော့ရင် အခြေခံကျတဲ့အချက် စိတ်ဝင်စားမှု အရင်ဆုံးလိုပါတယ်။
(၂) အချိန်ကာလ
ဘာသာစကားတစ်ခုကို မိမိလိုချင်တဲ့အနေထားရောက်ဖို့ အချိန်ဘယ်လောက်ပေးနိုင်မလဲဆိုတာ ရှိဖို့လိုအပ်ပါတယ်။ တကယ်လည်း လိုချင်တယ် အခြေခံလည်းမရှိသေးရင်တော့ အနည်းဆုံး ၂လလောက်တော့တက်သင့်တယ်ဆိုပြီး စာသင်လုပ်သက် ၁၁နှစ်အရ Survey လုပ်ပြီးပြုလုပ်ထားခြင်းဖြစ်ပါတယ်။ တချို့ ဆရာကြီး/မကြီးများ၏ အကြံတစ်ချို့လည်းပါဝင်ပါတယ်။ ကျွန်တော်တို့ဆီမှာကတော့ အနည်းဆုံး ၂လတက်ရောက်ရပါတယ်။ဒါမှ ရတဲ့ result ကိုသိသာအောင်မြင်ရတာပါ။ တစ်လတည်းတက်ရင်တော့ တိုးတက်မှုကိုသိရှိဖို့ အလွန်ခက်ပါတယ်။ အပြင် လိုအပ်ချက်တွေမျိုးစုံထဲကမှ အနည်းဆုံး ၂လသတ်မှတ်ပေးထားတာဖြစ်ပါတယ်။ သေချာတာကတော့ ၂လတက်ပြီး Englishသုံးပြီး ကမ္ဘာလှည့်ခရီးသွားချင်လို့တော့မရပါ။ ဒါ‌့ကြောင့် ဘယ်အခြေနေပဲရှိခဲ့ရှိခဲ့ ဘာသာစကားကို အခုဘယ်အရွယ်မဆိုသင်ယူနိုင်ပါတယ်။ လိုအပ်တာက မိမိဘက်ကနေပြီး သင့်တော်တဲ့အချိန်အတိုင်းတာတစ်ခုထိ စိတ်ရှည်ရှည်နှင့် အတတ်နိုင်ဆုံး မပျက်မကွက်သင်ဖို့လည်းလိုအပ်ပါတယ်။
(၃) ရင်နှီးမြှပ်နှံမှု
ဒါက အကုန်သိပြီးသားပါ။ English Language ဆိုတာ ပညာရပ်တစ်ခုဖြစ်သလို Teaching ဆိုတာကလည်း Career တစ်ခုဖြစ်ပါတယ်။ ဆရာ/မတွေ တစ်ဦးချင်းစီ ကိုယ်စီသင်ယူလာကြရတာဖြစ်တဲ့အတွက် မိမိဘက်က ပညာရပ်ကိုတန်ဖိုးသတ်မှတ်တစ်ခုအနေဖြင့် ပေးကြရမှာဖြစ်ပါတယ်။ ဆရာ/မတွေနဲ့ ပက်သက်ရင်လည်း တစ်ဦးနဲ့တစ်ဦးဟာလည်း ပညာအရည်အချင်း၊လုပ်ငန်းအတွေ့ကြုံ၊ကျွမ်းကျင်မှု စတာတွေကလည်း ကွာကြပါတယ်။ ပညာအရည်ချင်းဆိုတာက လက်မှတ်(certificate)၊ဒီပလိုမာ(Diploma)၊ဘွဲ့(Bachelor)၊မာစတာ(Master)၊ပါရဂူ(Ph.D) စသဖြင့် ကွာတာဖြစ်တဲ့အတွက် ပေးရတဲ့သင်တန်းကြေးပမာဏကလည်း သင်တန်းကျောင်းတစ်ခုချင်းအလိုက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ ဒါကြောင့် မိမိဘက်က ဘာသာစကားတစ်ခုတတ်မြောက်ချင်ရင် ရင်းနှီးမြှပ်နှံဖို့လိုပါတယ်။
(၄) ပွင့်လင်းမြင်သာမှု
ဒီအချက်ကတော့ ကိုယ်မှာဘာကြောင့်လိုအပ်တယ်၊အချိန်ဘယ်လောက်ပေးနိုင်တယ်၊ကိုယ့်ရဲ့ နောက်ကြောင်း(language background) စတာတွေကို စနစ်တကျ ကျောင်းနှင့်ဆွေးနွေးဖို့လိုပါတယ်။ ဒါမှသာ ဒီဘက်က သင့်တော်တဲ့ ဆုံးဖြတ်ချက်၊အကြံတွေကို ချမှတ်ပေးနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ လိုချင်သလိုမဖြစ်ရင် သင်တန်းတက်ရင်းလည်း ထပ်မံဆွေးနွေးပေးဖို့လည်းလိုအပ်ပါတယ်။ အများနှင့်လုပ်ရတဲ့အချိန်မှာ တစ်ဦးချင်းရဲ့ လုံးဝစိတ်နေသဘောထားထိ လုပ်ပေးဖို့ အဆင်မပြေတာဖြစ်လို့ ကိုယ့်ဘက်က ဘာဖြစ်ချင်တယ်။ဘယ်လိုအပ်တယ်ဆိုတာကို ပွင့်ပွင်းလင်းလင်းဆွေးနွေးပေးဖို့လိုပါတယ်ခင်ဗျ။ အဆင်မပြေတာတစ်ခုရှိရင်လည်း ပွင့်လင်းမြင်သာစွာပြောဖို့ကိုလည်း ဆိုလိုတာဖြစ်ပါတယ်။

Danny

Photos from Danny English Learning Journey's post 21/03/2026

To relieve suffering

SAYAR DANNY

20/03/2026
01/03/2026

💬✨ “အရင်က English Interview ကြောက်တယ်… အခုတော့ Confidence နဲ့ ဖြေနိုင်ပြီ” ✨💬

အရင်တုန်းက —
• စကားတောက်လျှောက်မထွက်ဘူး
• Grammar မှားမလားဆိုပြီး စိတ်ပူတယ်
• Interview ခေါ်ရင်တောင် မသွားရဲဘူး
အခုတော့ —
✔ ကိုယ့်အတွေ့အကြုံကို ရှင်းလင်းစွာ ပြောနိုင်ပြီ
✔ မေးခွန်းတွေကို Structure နဲ့ ဖြေနိုင်ပြီ
✔ Confidence အပြည့်နဲ့ Interview ဝင်နိုင်ပြီ

ဒီပြောင်းလဲမှုက တစ်နေ့တည်းမဖြစ်ပါဘူး။
Practice + Correct Feedback + Real Interview Simulation ကြောင့် ဖြစ်လာတာပါ 💼✨

Adults တွေအတွက် Career-focused English Training ကို
လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးပါတယ်။

Skill Upgrade လုပ်ချင်ရင်
ဒီအခွင့်အရေးကို လက်မလွတ်ပါနဲ့ 🚀

📩 English ကို အခြေခံမှစပြီး ယုံကြည်မှုအပြည့်နဲ့ ပြောတတ်,ရေးတက်လာချင်ရင် Danny English Class - DEC စာသင်တန်း ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Page Messenger မှာလည်းကောင်း ၊ 09696632162 ( Whatsapp/Viber/Telegram ) မှ တဆင့်လည်း ဆက်သွယ်နိုင်ပါတယ်ရှင့်


English Class
Class available
-on-one class available
Available





19/02/2026

လစာကောင်း"ရချင်ရင် ဒီ ၅ချက်ကို လိုက်နာကြည့်ပါ

အလုပ်တော့လုပ်တယ် သို့သော် သူများထက်လစာမကောင်းဘူးဆိုတာ ကိုယ့်မှာအခြားသူတွေလို သတ်မှတ်အရည်အချင်းရှိမနေဘူးလို့အရင်သိထားရပါမယ်။ အလုပ်လုပ်တိုင်း ဝမ်းရေးပြည့်တင်းကြနေတာမဟုတ်ပြန်ပါဘူး။ မငတ်ရုံ အလုပ်လုပ်နေကြရတဲ့သူတွေရှိကြသလို ဝင်ငွေအသင့်အတင့်၊အမြောက်အများရနေကြတဲ့သူတစ်ချို့လည်းရှိတာကို သိကြမှာပါ။ အခုအရေးအသားမှာ လစာကောင်းကောင်းနှင့်အလုပ်လုပ်ချင်တဲ့သူတွေ (ရည်မှန်းချက်ကြီးပြီး တကယ်ပြင်းပြင်းထန်ထန်အလုပ်လုပ်ပြီးကြိုးစားချင်ကြတဲ့သူတွေ) အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တစ်ချို့ကို ‌ကျွန်တော်ရဲ့ စာတွေ့၊လုပ်ငန်းအတွေ့အကြုံတွေအရ ဖော်ပြပေးထားပါတယ်။
(၁) သတ်မှတ် နယ်ပယ်(field)ကို ရွေးချယ်ခြင်း
Company တစ်ခုမှာ လုပ်ငန်းအမျိုးအစားအလိုက် ဖွဲ့စည်းတဲ့ ဌာနတွေက အများကြီးရှိပါတယ်။ ဥပမာ HR/Operation/Sale & Marketing/Logistics/Finance & Accounting/ department စသဖြင့်ဖြစ်ပါတယ်။ ကိုယ်ရဲ့ ပုံစံနဲ့ကိုက်ညီမည့် နယ်ပယ်ကို သေချာခွဲခြမ်းစိတ်ဖြာပြီး ရွေးချယ်ဖို့ အင်မတန် အရေးကြီးပါတယ်။
(၂) သက်ဆိုင်ရာ ဌာနအလိုက် လိုအပ်သော သင်တန်းများ (field competenceကို ဆိုလိုခြင်း)တက်ရောက်ခြင်း
ကိုယ့်ရဲ့ ဘွဲ့၊ပညာအရည်အချင်းနှင့် သက်ဆိုင်တဲ့ အလုပ်ရဖို့ဆိုတာ USA၊ Japan၊ China တို့လို top countries တွေမှာတောင် မလွယ်လှပါ။ ဒါဟာ ခေတ်အဆက်ဆက် နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေကြရတဲ့ ပြသနာပါ။ ဆိုတော့ ကိုယ့်ဘက်က ကိုယ်ရွေးချယ်ထားတဲ့ နယ်ပယ်အလိုက် တောင်းလေ့ရှိတဲ့ လက်မှတ်ရ သင်တန်းတွေကို တက်ပြီး တတ်မြောက်အောင်သင်ထားဖို့လိုအပ်ပါတယ်။ ဥပမာ HR နယ်ပယ်ကို ရွေးချယ်လိုက်ရင် HR/Payroll/Recruiting certificates တွေ diplomaတွေ ရရှိထားဖို့လိုအပ်ပါတယ်။ တစ်ခုသတိပေးချင်တာက လက်မှတ်ရရုံလုပ်ထားတာမဟုတ်ပဲ တကယ်တတ်မြောက်အောင်လုပ်ထားဖို့ပါ။
(၃) စိတ်ရှည်မှု (Patience) နှင့် တသတ်မှတ်တည်းဖြစ်မှု (consistency)
ဒီအချက်ကို ထည့်သွင်းထားရတဲ့ ရည်ရွယ်ချက်က ကျွန်တော်ရဲ့ အတွေ့အကြုံအရ လုပ်ငန်းခွင်ကို ဝင်လာတဲ့သူအများစုက လစာများများပေးတဲ့အလုပ်ကိုပဲစိတ်ဝင်စားပြီး လစာများများရထိုက်တဲ့ ကြိုးစားမှုကျ‌တော့ အားနည်းကြလို့ပါ။ ကျောင်းပြီး ဘွဲ့လက်မှတ်၊ လက်မှတ်တွေပြရုံနဲ့ မည်သည့်အလုပ်ကမှ ခန့်မည်မဟုတ်ပါ။ လုပ်ငန်းအတွက် ရေရှည်အားကိုးအထောက်ပြုမယ့် သူများကို အချိန်ပေးပြီးခန့်မှန်းရှာကြတာပေါ့။ Interview ကိုဆိုလိုတာပါ။ ဆိုတော့ အရှေ့ကပြောတဲ့အတိုင်း ကိုယ့်ဘက်က နယ်ပယ်ရွေးပြီးတဲ့အပြင်၊ သက်ဆိုင်ရာကျွမ်းကျင်မှုလည်းရှိရင် အောက်ခြေ Staff ကနေ ဝင်ရမှာပါ။ ကိုယ့်ကို ရာထူးကျော်ပြီး ခန့်အပ်တယ်ဆိုတာ Employer & Interviewer က အတွေ့ကြုံနည်းပြီးအင်မတန်ညံ့လို့သာဖြစ်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာဆိုရင်တော့ Internship အတွေ့ကြုံရှိမှသာ ခန့်ကြတာတွေသိရပါတယ်။ အလုပ်သင်လစာ နှင့် အောက်ခြေကနေ စိတ်ရှည်ရှည် စပြီးလုပ်ကိုင်ရပါတယ်။ အနာဂတ်မှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်ကိုင်ဖို့အတွက် သင်ဟာ အောက်ခြေကအစ စနစ်တကျသိနေဖို့လိုအပ်ပါတယ်။ ဒါမှတဆင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်လာသည်နှင့်တပြိုင်နက် ရာထူးတွေ၊ဝင်ငွေလစာတွေ လိုက်လာတာပါ။ Consistency ဘက်ကိုပြောရရင် ဒီရာထူးပဲဆိုပြီး တစ်လပဲအလုပ်လုပ် ဒီလုပ်ငန်းကနေထွက်တယ်။ နောက်အလုပ်ကျ‌ပြန်တော့လည်း ဒီရာထူးကပဲပြန်စရတယ်။ ဒါ့အပြင် နယ်ပယ်လည်းပြောင်းတယ် မကြာပါဘူး ၅နှစ်လောက်သာကြာသွားတယ် သူများတွေ ကိုယ့်ထက် ဝင်ငွေတွေအတော်များသွားကြပြီ။ အသက်တော့ကြီးသွားတယ် ဝင်ငွေမတိုးတက်လာ၊ လုပ်ငန်းအကြောင်းလည်း ပတ်ရှာလည်မသိတဲ့အပြင် အမှိုက်လို ခံစားလာရမယ်။ ကိုယ်ပိုင်စီးပွားလုပ်ရင်လည်း လုပ်ငန်းကျွန်းကျင်မှုမရှိတဲ့သူတွေဖ့စ်တဲ့အတွက် အောင်မြင်ဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ အချုပ်ပြောရရင် အောက်ခြေကနေစပြီး ကြိုးစားကာ ရာထူး၊အခွင့်အရေး၊လစာ၊ဝင်ငွေစတာတွေကို စိတ်ရှည်ရှည်ထားပြီး ပုံမှန်လုပ်ငန်းအတည်တကျ ကြိုးစားနေဖို့လိုအပ်ပါတယ်။ No pain, No gain အတိုင်း Company တစ်ခုမှာ စိတ်ရှည်ရှည်နှင့် အနစ်နာခံပြီးဆက်တိုက် နှစ်ရှည်ကြိုးစားဖို့ကို တိုက်တွန်းထားတာပါ။
(၄) လိုက်လျောညီထွေဖြစ်မှု(adaptation)
နားလည်အောင် ပြောရရင် လူတွေနေတဲ့ နေရာတွေမှာ လူတွေနှင့်အလိုက်အထိုက် အဆင်ပြေအောင်နေတတ်ဖို့လိုတယ်ဆိုတာကို သဘောက်ပေါက်ထားဖို့လိုပါတယ်။ မိမိက Introvert/extrovert ဆိုတာထက် သိထားရမှာက ဘယ်လုပ်ငန်းခွင်မဆို ကောင်းတဲ့သူတွေ၊ ဖေးမကူညီတတ်တဲ့သူတွေရှိသလို ကောက်ကျစ်တဲ့သူတွေလည်းရှိမှာဆိုတာကိုလက်ခံထားရပါမယ်။ တစ်ဦးချင်းပေါ်မူတည်ပြီး personality/trait မျိုးစုံရှိနေမှာဖြစ်တဲ့အတွက် အကုန်လုံးနှင့် social status တစ်ခုဖန်တီးရပါမယ်။ လူပေါင်းစုံနှင့် အဆင်ပြေအောင် လိုက်လျောညီထွေနေထိုင်တတ်ဖို့အင်မတန်အရေးကြီးပါတယ်။ စာတတ်စရာမလိုဘူး အလိုက်သိဖို့ပဲ လိုတယ်ဆိုတဲ့အတိုင်း အကုန်လုံးနှင့် သဟဇာတ ဖြစ်ဖို့အင်မတန်လိုပါတယ်။ မဟုတ်ရင် လုပ်ငန်းခွင်က peer presure ကြောင့် ရပ်တန့်သွားနိုင်ပါတယ်။
(၅) အမြဲသင်ယူနေခြင်း (lifelong learning)
ကိုယ့်ရဲ့ရာထူး၊ဝင်ငွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် စဉ်ဆက်မပြတ်လေ့လယသင်ယူနေဖို့ လိုအပ်ပါတယ်။ ရာထူးမြင့်ပြီး ဝင်ငွေကောင်းတယ်ဆိုတာ အခြားသူတွေထက် ပိုသိပြီး ပိုကျွမ်းကျင်နေလို့ဖြစ်ပါတယ်။ မျိုးရိုး‌ကြောင့်၊ ဘွဲ့ကြောင့်၊ပိုက်ဆံကြောင့် ရာထူးရတာကို ဆိုလိုခြင်းမဟုတ်ပါ။ အောက်ခြေကနေစပြီး တစ်စတစ်စ နှင့်ကြီးပွားလာကြတဲ့ ခေါင်းဆောင်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ရာထူးအရ လူကြီးဖြစ်လာရင် လူငယ်တွေထက်ပိုတော်နေမှ management ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှု ပိုမြင့်လာတဲ့အပြင် အခြားသော ကျွမ်းကျင်မှုများပါ ပိုင်ဆိုင်ထားဖို့အရေးကြီးပါတယ်။ ဥပမာ အနေဖြင့်ပြောရရင် Academic Director တစ်ဦးအနေဖြင့် လုပ်ကိုင်အုပ်ချုပ်ရမည့်သူအနေဖြင့် သက်ဆိုင်ရာ ဘွဲ့ Ph.D(Education)/M.Ed/M.A စတဲ့ကျွမ်းကျင်မှုအရင်ရှိထားရပါမည်။ဒါ့အပြင် ကိုယ့်ရဲ့နယ်ပယ်နှင့်ပက်သတ်၍ သစ်လွင်တဲ့ theories/findingsတွေကို ဦးစွာအမြဲဆန်းသစ် လေ့လာ၊သင်ယူနေတဲ့သူဖြစ်ဖို့လည်းလိုအပ်ပါတယ်။ ပညာအရည်အချင်းတစ်ခုတည်းသာဆိုလိုခြင်းမဟုတ်ပဲ HR Management/Leadership စတဲ့အခြားသော မည်သည့်ကျွမ်းကျင်မှုမျိုးမဆို ‌အမြဲလေ့လာ၊ရှာဖွေ၊ဆန်းစစ်အကဲဖြတ် နေဖို့လည်း လိုအပ်ပါတယ်။ မိမိသိထားတဲ့ 'သုတ'လောက်ကိုပဲ ကျေနပ်နေပြီး ရပ်တန့်မနေဖို့ကို ဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျ။

မှတ်ချက်
ပညာရှင်မဟုတ်ပဲ ကျွန်တော်ရဲ့ ကိုယ်‌တွေ့ ရာထူးအမျိုးမျိုး၊ လုပ်ငန်းအမျိုးမျိုးတွင် ၁၀နှစ်လုပ်ကိုင်တဲ့အတွေ့ကြုံအရ မျှဝေခြင်းသာဖြစ်ပါတယ်။ ထပ်မံဖြည့်စွက်ခြင်းကို လက်ခံပါတယ်။ မြန်မာစာသတ်ပုံတစ်ချို့ မှားယွင်းနိုင်တာဖြစ်လို့ ဖြည့်စွက်ဖတ်ပေးပါ။
ထပ်မံမျှဝေသွားပါမယ်။

Photos from Danny English Class - DEC's post 18/02/2026
ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok