24/08/2026
သီချင်းတွေကို ရူးသွပ်ချိန် ချာတိတ်မဘဝမှာ ဗေဒင်ဆရာက ဟောခဲ့ဖူးတယ် အသံနဲ့လုပ်စားရမယ် တဲ့။
ဟယ် ငါ အဆိုတော်များဖြစ်မှာလား ဘာညာပေါ့ 🤩
အမလေး စာသင်လိုက်ရတာ ပါးစပ်တွေကို ညောင်းနေရော 🙂
ပုံကတော့ မင်္ဂလာပါရှင့် တီချယ်လင်းပါ ဆိုတဲ့ တို့ ✌️
23/08/2026
Kpay ကနေ ဆုပေးလိုက်လို့ရတယ်နော် ဒါပေမယ့် တို့ အ့လိုမလုပ်ခဲ့ဘူး။ လူပျိုကြီး အပျိုကြီး ဖြစ်နိုင်ခြေများနေတဲ့ ကိုယ့်တပည့်ကျော်တွေရဲ့ဘဝမှာ ပန်းစည်းလေးတွေ အရုပ်လေးတွေဘာညာရဖူးအောင် ဒီဆရာ၊ဆရာမတွေက လုပ်ပေးခဲ့လိုက်တယ် 🙂↔️ တကယ့် အလိမ္မာတုံးလေးတွေ လူပီသသောလူလေးတွေအဖြစ်နဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေနော် 😍❤️
22/08/2026
Training တစ်ဖြ-တ် ချလပ် 📸 ဒီ ၈လပိုင်းအတွက် ၂၄.၈.၂၆ တနင်္လာနေ့စမယ့် အလယ်တန်း Training ပဲကျန်ပါတော့တယ်။ ပြီးရင်တော့ လက်ရှိ ကျွန်မမှာရှိနေတဲ့ ဆရာ ၊ ဆရာမ ၇၀ခန့်အတွက် free class လေးတွေ လုပ်ပေးပါတော့မယ်။
မသင်ချင်တော့ပါဘူးလို့ ထွက်ပြေးချင်လောက်အောင် ကျွန်မလုပ်နေတဲ့ ပုံစံလေးတွေကို အခမဲ့မျှဝေပေးပြီး တွဲခေါ်ပေးမှာမို့ မလိုက်ချင်လည်း လိုက်ရမယ်နော် 🙂↔️🙂↔️🙈
Training က ပေးတဲ့ knowledge တွေနဲ့ Free class က ပေးမယ့် ideas တွေနဲ့ အကုန်လုံး အဆင်ပြေအေးချမ်းကြပါစေရှင် ❤️😍
22/08/2026
G12 အင်္ဂလိပ်အတွက် တစ်နှစ်ကြိုတော့ လာအပ်တာပါပဲ
ဒါပေမယ့် မရတော့တာမို့ တကယ်အားနာရပါတယ်။ ကျောင်းသားအသစ်ထက် ကျောင်းသားအဟောင်းနဲ့ပဲ ဆက်သွားဖြစ်ပါတယ်လို့ အရင်ကလည်းကြိုပြောဖူးသားပါရှင့်။ အားနာနာနဲ့ ငြင်းလိုက်ရတာတွေ အများကြီးမို့ အထက်တန်းကို အချိန်စာရင်းမထုတ်ဘဲ ဒီတိုင်းပဲ ဖွင့်ပြီး သင်လိုက်တာများပါတယ်။
အတန်းငယ်ထဲက အပ်ထားတဲ့ကလေးတွေက အတန်းကြီးတဲ့အထိ ဆက်တက်ကြတာမို့ တစ်ချို့အတန်းတွေက ဒီနေ့ အချိန်စာရင်းထွက် နောက် ၃ရက်ဆို လူပြည့်တာပါ။ ကျွန်မအချိန်ဇယားတွေက ၂လပိုင်းကုန်ရင် ထွက်ပါပြီ။
အထက်တန်းအဆင့်အင်္ဂလိပ်အတွက်ကတော့ Waiting list ပြည့်တဲ့အပြင် သင်တန်းကြေးတွေပါ ကြိုလွှဲထားကြလို့
မရတော့ပါဘူးရှင့် 🥺❤️
သင်တန်းကြေးတွေလည်း ဒူးရင်းသီးဝယ်စားပစ်လို့ကုန်ပြီမို့ ပြန်အမ်းလို့လည်းမရတော့ပါဘူးရှင် 😬
အခုစာသင်နှစ်ကုန်ပြီး ၃လပိုင်းထဲမှာ G1 to G9 အင်္ဂလိပ် အတန်းတွေပဲရပါတော့မယ်ရှင့် လာအပ်ပေးတဲ့မိဘတွေရော အဆင့်ဆင့်ကျွန်မဆီကို သွားအပ်ဖို့ လူသတင်းလူချင်းဆောင်ပေးသူ မိတ်ဆွေ မိဘများကိုလည်း
ကျေးဇူးတင်ပါတယ်နော် 😍
18/08/2026
အသက် ၇၀ကျော် ကျွန်မ အမေက အင်္ဂလိပ်စာတော့ သေချာမသိခဲ့ပေမယ့် သူ့သမီး ကျွန်မရဲ့ YouTube Channel က အင်္ဂလိပ်သီချင်းတွေကို အမြဲနားထောင်ပေးပြီး ဂုဏ်ယူပေးသေးတာ ❤️
မေကြီးရဲ့အကြိုက်ဆုံးသီချင်းက Sweet Child ဆိုတဲ့ ကလေးချော့တေးတဲ့
Child Psychology ဘာညာကွိကွ မေကြီးက မသိခဲ့ပေမယ့် မေကြီးက ကျွန်မဘာလုပ်လုပ် အမြဲဂုဏ်ယူပေးခဲ့တာ ကျွန်မကလည်း အမေ့ကို ဘာလေးပဲလုပ်နိုင်လုပ်နိုင်
သွားသွားကြွားနေကြ 😁
ဘယ်သူ့မှ ငါ့သီချင်းတွေနားမထောင်ရင်တောင် ငါ့အမေရှိတယ်ဟဲ့လို့ ဂုဏ်ဆာလို့ရတယ် 🥳
16/08/2026
YouTube ရဲ့ Playlist ထဲမှာ Grade(1) အင်္ဂလိပ်ကနေ Grade(10) အင်္ဂလိပ်အထိ အကုန်ရှိပါတယ်။ Grade(11) အင်္ဂလိပ်နဲ့ Grade(12) အင်္ဂလိပ်ပါ ထပ်တင်ပေးအုံးမလား တီချယ် ဆိုလို့လေ
မတင်ဖြစ်လောက်တော့ပါဘူး။ ဘာလို့ဆိုရင် အဲ့ဒီထဲက video တစ်ဖိုင်ဖြစ်ဖို့ တကယ်မောပါတယ်။ လိုက်ပြောပေးမယ့် ကလေးမပါတော့ တစ်ယောက်ထဲကပဲ တောက်လျှောက်ပြောရတော့ တစ်ဖိုင်record ဖမ်းပြီးရင် လျှာထွက်တာပဲ 🥲 video တွေကလည်း အနည်းဆုံး မိနစ် ၂၀ လောက်ကနေ ၁နာရီနီးပါးတွေဆိုတော့ edit မလုပ်ဘဲ တန်းတင်ပေးရတာမို့ အမှားလေးတွေပါရင် နားလည်ပေးပါအုံးနော် ။ အဲ့ဒီ video ၃၀၀ နီးပါးကို ၂၀၂၅ ခုနှစ် ၅လပိုင်းကနေ ၂၀၂၅ မကုန်ခင် အတွင်း အပြီး အပုဒ် ၃၀၀ နီးပါး record လုပ်ခဲ့ရတာမို့ တကယ်ကို ပြန်မတွေးချင်လောက်အောင် ပင်ပန်းခဲ့တာ
အေးဆေးတင်လို့ရပေမယ့် YouTube က ကလေးတွေနဲ့ ဆရာ ဆရာမတွေက အမြန်လိုချင်ကြလို့ တစ်ချို့ကလေးတွေဆို ကိုယ့် video လေးတွေနဲ့ စာလုပ်ကြရတာမို့ အ့ဇောနဲ့
တစ်ရက်ကို ၃နာရီလောက်မနားတမ်း video ရိုက်ခဲ့ရတာမို့
အမှန်ပြောရရင် အ့လိုထပ်မလုပ်နိုင်လောက်တော့ဘူး။
အေးအေးဆေးဆေး တစ်ပတ်ကို video အရှည်တစ်
ပုဒ် တင်ပြီးပဲ နေချင်တော့တာ။ G11 နဲ့ G12 ကို အ့လိုလေး တင်ချင်ရင်တောင် ကလေးတွေကြောင့် ငါ လုပ်မှရမယ်ဆိုပြီး ကိုယ့်ဘာသာ ဖိအားထပ်ပေးမိမှာစိုးလို့ 🥺
ဒါ့ကြောင့် အခု အစီအစဉ်က G10 အခု တင်တာပြီးတော့မယ်။ ဒီစာသင်နှစ်မတိုင်ခင် G10 အင်္ဂလိပ်တင်ပြီးရင်
သင်ခန်းစာတွေကို highlight လုပ်ပေးမယ့် video တွေ မေးခွန်းဟောင်းတွေကို ထပ်တင်ပါမယ်။
Teacher Hanni Linn YouTube အကောင့်မှာ မြန်မာကျောင်းသင်ရိုးအင်္ဂလိပ်ကို ဝေဝေဆာဆာနဲ့ specialize
ရအောင် လုပ်ပေးပြီး ကျောင်းပြင်ပသင်ရိုး အင်္ဂလိပ်စာ KG ကနေ Secondary Level အတွက် အင်္ဂလိပ်သင်ရိုးတွေကို
တခြား YouTube Channel တစ်ခုကနေ သီးသန့်တင်သွားပါမယ်ရှင့် ။ အဲ့ channel link ကိုတော့ ထပ်တင်ပေးမှာမို့
စောင့်ကြည့်ပေးနော် ❤️ သင်ရိုးတွေ မရောဘဲ ကြိုက်နှစ်သက်ရာ ဝင်ကြည့်ပြီးလေ့လာနိုင်အောင် လုပ်ပေး
ချင်လို့ပါရှင်
စာမသင်ချင်ဘူး သီချင်းဆိုပြဆိုရင်လည်း HooHoo Hooray Kids Songs Channel မှာ သွားနားထောင်ပါရှင့်။ အင်္ဂလိပ်စာလေ့လာရင်း အင်္ဂလိပ်သီချင်း အေးအေးလေးတွေ နားထောင်ရင်း အပန်းဖြေကြတာပေါ့ ❤️
ဒီလောက် ပြည့်စုံအောင် စီစဉ်ပေးထားတာ ရှာကြည့်ပါအုံး
စာလေးသင်လိုက် သီချင်းနားထောင်လိုက်နဲ့ 🙂↔️
16/08/2026
သင်တန်းကြေညာတွေ သင့်နယူးဖိမှာ တက်လာရင် တိုက်ဆိုင်တာမဟုတ်ပါဘူးနော် ။ ယူနီဗာ့က သင့်ကို သင်ကိုယ်တိုင် သင်တန်းတက်ရမယ့်အချိန်ရောက်လာပြီဆိုပြီး ပို့လိုက်တာပါ 🙈 အ့ကြောင့် သင်တန်းတွေတက်မယ်ဆိုရင် ဒီလထဲစတော့မယ့် သင်တန်းတွေ page ထဲမှာ 📌 pin ထောက်ထားပါတယ် 🥳
14/08/2026
အင်္ဂလိပ်စာလေး သင်တာခဏရပ်ပြီး Grade(2) သင်္ချာ နာရီအခန်းလေး သင်ပေးတုန်းက “ ဥပမာတီချယ်တို့ အိမ်ကနေ စျေးကို မနက် ၉:၀၀ ကနေ စပြီးလမ်းလျှောက်သွားကြတာ စျေးကို ရောက်တော့ ၉:၃၀ ဖြစ်နေပြီ “ပဲ ရှိသေးတယ်။
“သားတို့က လမ်းမလျှောက်သွားဘူး ဆိုင်ကယ်နဲ့သွားတာ”ဆိုတဲ့ ကလေးတစ်ယောက်ရယ် “သမီးတို့အိမ်က စျေးနဲ့နီးနီးလေး”ဆိုတဲ့ ကလေးတစ်ယောက်ရယ် “သားက စျေးမလိုက်ဘူး အိမ်မှာပဲနေတာ”ဆိုတဲ့ ကလေးတစ်ယောက်ရယ် နဲ့ ကြာချိန်နဲ့ပတ်သတ်ပြီး ဘာမေးခွန်းမှတောင် မမေးလိုက်ရဘူး ။ 🙂
14/08/2026
ကျွန်မက ကျွန်မဆရာမတွေကို YouTube ကနေ ဝင်ငွေလေး ရနိုးနိုး ကူညီပေးမယ်ပေါ့။ ဟော စည်းမျဉ်းအသစ်တွေက ဒီနှစ်ကုန်ရင်ပြောင်းပြီ။ Long-Form ဘက်ကို ပိုအားပေးတာလေးတွေပဲ အကြံပေးရမှာပေါ့ 😕
🚨 YouTube Monetization စည်းမျဉ်းတွေ 2027 မှာ အကြီးအကျယ် ပြောင်းလဲမယ်
YouTube ဟာ YouTube Partner Program (YPP) ကို 2027 ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စည်းမျဉ်းအသစ်တွေနဲ့ ပြောင်းလဲသွားမယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
အဓိကပြောင်းလဲမှုတွေက YouTube Shorts ဝင်ငွေ၊ Creator အသစ်တွေရဲ့ YPP ဝင်ခွင့်နဲ့ Channel Activity တွေကို တိုက်ရိုက်သက်ရောက်စေမှာပါ။
━━━━━━━━━━━━━━
1️⃣ Shorts ဝင်ငွေရဖို့ Views 10 Million ထိန်းထားရမယ်
2027 ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး Shorts ကနေ Ads နဲ့ YouTube Premium Revenue ရရှိဖို့—
👉 ပြီးခဲ့တဲ့ ရက် 90 အတွင်း Qualified Shorts Views 10 Million ရှိဖို့လိုအပ်လာပါမယ်။
Views 10 Million အောက်ကျသွားရင်—
• YPP ထဲက ထုတ်ပယ်ခံရမှာ မဟုတ်ပါဘူး
• Long-form Video ဝင်ငွေကို ဆက်လက်ရရှိနိုင်ပါတယ်
• Shorts Ads နဲ့ Premium Revenue သာ ခေတ္တရပ်သွားပါမယ်
• Views 10 Million ပြန်ပြည့်တာနဲ့ Shorts Revenue အလိုအလျောက်ပြန်စပါမယ်
“Qualified Views” ဆိုတာ ပြသထားတဲ့ Shorts Views အားလုံးကို ဆိုလိုတာမဟုတ်ဘဲ YouTube က သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်မီသော Views တွေကို ဆိုလိုပါတယ်။
━━━━━━━━━━━━━━
2️⃣ Creator အသစ်တွေအတွက် Monetization လျှောက်ဖို့ ပိုခက်လာမယ်
Ads နဲ့ YouTube Premium Revenue ဖွင့်လိုတဲ့ Creator အသစ်တွေဟာ အောက်ပါအချက်တစ်ခုခုကို ပြည့်မီရပါမယ်—
📌 ပြီးခဲ့တဲ့ 365 ရက်အတွင်း Qualified Watch Hours 8,000
သို့မဟုတ်
📌 ပြီးခဲ့တဲ့ ရက် 90 အတွင်း Qualified Shorts Views 20 Million
ဒီအပြောင်းအလဲဟာ YPP ထဲရောက်ပြီးသား Channel တွေရဲ့ လက်ရှိ YPP Status ကို မထိခိုက်ပါဘူး။
Fan Funding၊ Channel Memberships၊ Super Chat နဲ့ YouTube Shopping အတွက် သတ်မှတ်ချက်တွေကတော့ မပြောင်းလဲသေးပါဘူး။
━━━━━━━━━━━━━━
3️⃣ Premium Lite ကို နိုင်ငံအများအပြားမှာ တိုးချဲ့မယ်
YouTube Premium Lite ကို YouTube Premium အသုံးပြုလို့ရတဲ့ နိုင်ငံတွေဆီ တိုးချဲ့သွားမှာပါ။
Premium Lite အသုံးပြုသူတွေက Content အများစုကို—
• ကြော်ငြာမပါဘဲ ကြည့်နိုင်ခြင်း
• Offline Download လုပ်နိုင်ခြင်း
• Background Play အသုံးပြုနိုင်ခြင်း
စတဲ့အကျိုးခံစားခွင့်တွေ ရရှိနိုင်ပါတယ်။
Music Content နဲ့ Shorts တချို့မှာတော့ ကြော်ငြာတွေရှိနိုင်ပါတယ်။
Premium နဲ့ Premium Lite အသုံးပြုသူတွေရဲ့ ကြည့်ရှုချိန်အပေါ်မူတည်ပြီး Creator တွေက Subscription Revenue ကိုလည်း ရရှိနိုင်ပါတယ်။
━━━━━━━━━━━━━━
4️⃣ Shorts Creator တွေအတွက် Incentive Program အသစ်တွေ လာမယ်
Shorts Views 10 Million မပြည့်သေးတဲ့ Creator တွေအတွက်လည်း ဝင်ငွေရနိုင်မယ့် Program အသစ်တွေ ဖန်တီးပေးမယ်လို့ YouTube က ပြောထားပါတယ်။
ဒီအစီအစဉ်တွေမှာ—
• Brand Deal Incentives
• YouTube Shopping Bonuses
• Trend ဖန်တီးနိုင်သူတွေအတွက် Earnings Boost
• Growth နဲ့ Engagement အပေါ်မူတည်တဲ့ Bonus Programs
စတာတွေ ပါဝင်လာနိုင်ပါတယ်။ အသေးစိတ်စည်းမျဉ်းတွေကို YouTube က နောက်ပိုင်းမှာ ထပ်မံကြေညာပါမယ်။
━━━━━━━━━━━━━━
5️⃣ Channel ကို အကြာကြီးပစ်ထားလို့ မရတော့ဘူး
YPP ထဲမှာ ဆက်လက်ရှိနေဖို့ Channel ကို Active ဖြစ်အောင် ထိန်းထားရပါမယ်။
Inactive Channel တွေအတွက် YouTube က ရက် 90 အချိန်ပေးပြီး—
📌 365 ရက်အတွင်း Watch Hours 1,000
သို့မဟုတ်
📌 ရက် 90 အတွင်း Shorts Views 1 Million
ဆိုတဲ့ Activity Threshold တစ်ခုခုကို ပြည့်မီစေဖို့ အသိပေးမှာဖြစ်ပါတယ်။
ဒါကြောင့် Monetization ရပြီးနောက် Video မတင်ဘဲ Channel ကို အချိန်အကြာကြီး ပစ်ထားတာမျိုး ရှောင်သင့်ပါတယ်။
━━━━━━━━━━━━━━
✅ လက်ရှိ YPP Creator တွေ ဘာလုပ်ရမလဲ
လက်ရှိ Monetization ဖွင့်ထားတဲ့ Creator တွေအနေနဲ့ 2027 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်နေ့မတိုင်မီ Updated Terms တွေကို လက်ခံရပါမယ်။
လက်ခံရမယ့် Module တွေက—
• Watch Page Monetization Module
• Shorts Monetization Module
• Commerce Product Module — အသုံးပြုထားသူများအတွက်
သတ်မှတ်ရက်မတိုင်မီ လက်မခံရင် Long-form Ads၊ Premium Revenue၊ Shorts Revenue နဲ့ Fan Funding Feature တချို့ ရပ်တန့်သွားနိုင်ပါတယ်။
🔐 လုံခြုံရေးအတွက် Email ထဲက Link ကို တိုက်ရိုက်မနှိပ်ဘဲ—
YouTube Studio → Earn → Review and Accept Terms
ကနေ ဝင်ပြီး စစ်ဆေးလက်ခံတာ အကောင်းဆုံးပါ။
━━━━━━━━━━━━━━
📌 အနှစ်ချုပ်
ဒီအပြောင်းအလဲကြောင့် Views တစ်ခါ Viral ဖြစ်ရုံနဲ့ မလုံလောက်တော့ဘဲ Channel ကို ပုံမှန် Active ဖြစ်အောင် ထိန်းထားဖို့ ပိုအရေးကြီးလာပါတယ်။
Shorts Creator တွေအတွက် ရက် 90 အတွင်း Views 10 Million ကို ဆက်လက်ထိန်းထားနိုင်မှ Shorts Ads Revenue ကို ပုံမှန်ရရှိမှာပါ။
Long-form Creator တွေအတွက်တော့ YPP ရပြီးသားဆိုရင် လက်ရှိ Status မထိခိုက်ပေမယ့် Updated Terms ကို အချိန်မီလက်ခံဖို့ မမေ့သင့်ပါဘူး။
🔗 YouTube ရဲ့ တရားဝင်ကြေညာချက်
https://blog.youtube/news-and-events/youtube-partner-program-updates-2027-new-opportunities-earn/
🔗 YouTube Premium Lite အကြောင်း
https://support.google.com/youtube/answer/15968883?hl=en