LearnVerse

LearnVerse

แชร์

Learnverse.Edu - Your Educational Partner
Contact us via Messenger 📩 or
(+66)0615370733 VIBER

20/08/2025

✔️ ဒီနေ့ရဲ့ 𝐬𝐭𝐮𝐝𝐲 𝐢𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 စကားဝိုင်း 𝐞𝐩𝐢𝐬𝐨𝐝𝐞 (𝟐), ဒုတိယအပိုင်းလေးကနေ ပြန်လည်ကြိုဆိုပါတယ် 👏✨

🟡 Rangsit University မှာ အရွေးများကြတဲ့ Major တွေဖြစ်တဲ့ ICT (Information & Communication Technology) နဲ့ Communication Arts မှာ လက်ရှိတက်ရောက်နေတဲ့ senior ကျောင်းသား Guest Speakers တွေနဲ့အတူ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရတဲ့ အတွေ့အကြုံတွေကို ဆွေးနွေးထားပါတယ်

Episode (1) full version ကိုလည်း YouTube မှာ ကြည့်ရှုနိုင်ပါပြီဗျ ✔️

https://youtu.be/9MgigMLhGQY?si=9wna604Ee5S0WNHH

Episode (2) ပထမပိုင်းကို ဒီမှာကြည့်ပါ >>
https://fb.watch/BBiiX2RRc2/?

📚admin တို့ရဲ့ စကားဝိုင်း series လေးကထိုင်းနိုင်ငံမှာ ပညာတော်သင်လာချင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် မိမိကြုံတွေ့ရမယ့် ၊ ပြင်ဆင်ထားသင့်တဲ့အရာတွေ ၊ အခွင့်အလမ်းတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို လက်ရှိ တက်ရောက်နေတဲ့ seniors တွေဆီကနေ တိုက်ရိုက် သိရှိနိုင်ဖို့နဲ့ အကြံဉာဏ်တွေရရှိနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖန်တီးထားတာဖြစ်ပါတယ် ။ ✨

ကျောင်းလာတက်ဖို့ပြင်နေတဲ့ မောင်လေး ညီမလေးတွေနဲ့ ကျောင်းသားမိဘတွေအတွက်လည်း သိရှိထားသင့်တဲ့ information တွေ experience sharing တွေအများကြီး ပါဝင်လို့ နောက်အပိုင်းတွေကိုလည်း ဆက်လက်စောင့်ကြည့်ကြဖို့ ဖိတ်ျခါ်လိုက်ပါတယ်ရှင့်။ ✅

💌 special thanks to Mary & Hsu for contributing to Study in Thailand Sakarwine Series 🇹🇭 Your insights and support truly mean the world to us.

————————————————————
🟠 Rangsit Jan Intake အတွက် application form လျှောက်ထားလို့ရပြီ ဖြစ်လို့ admin တို့ဆီမှာ FOC service တွေ ရယူနိုင်ပါပြီ✔️
ကျောင်းလျှောက်တာနှင့် ကျောင်းအကြောင်းသိလိုရာများရှိပါက Learn verse တွင် လာရောက်ပီး Free Consultation လုပ်လို့ရပါတယ်။

🟠 မေးမြန်းလိုရာ အသေးစိတ်ကို chatboxမှ တဆင့် သို့မဟုတ် Viber: +66615370733 မှတဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်✅🙌

15/08/2025

လာမယ့် Jan Intake အတွက် scholarship form တွေ စဖွင့်နေပြီဆိုတော့ updated information တွေနဲ့အတူ sharing webinar တွေ လုပ်ပေးသွားဖို့ ရှိပါတယ်ဗျ ။ Stay Tuned for more details ပါ✅

Sharing Session လေးမလာခင် ကျောင်းလျှောက်တာ ၊ Scholarship စတာနဲ့ ပတ်သတ်လို့ မေးမြန်းချင်တာတွေကိုလည်း Chat Box မှာ လာမေးထားလို့ရပါပြီခင်ဗျာ ။ 📚🖇️

Rangsit University scholarship အကြောင်းနဲ့ ပြင်ဆင်ထားရမယ့်Documentsများ

🔹Rangsit University ရဲ့ new semester (January Intake) အတွက် Scholarship application တွေ မကြာခင် ဖွင့်တော့မှာ သိပြီးကြပြီလား။

ဒီနေ့မှာတော့ LearnVerse Team က Scholarship students တွေဖြစ်တဲ့ admin တွေကနေ Rangsit scholarship program (undergraduate) အကြောင်းနဲ့ ပြင်ဆင်ထားသင့်တာတွေ ၊ tips လေးတွေကို sharing လုပ်သွားပေးမှာ ဖြစ်ပါတယ်🔹

❗️ဘတ်စျေးတွေအရမ်းတက်နေတဲ့အချိန်မှာ ကျောင်းလခ တစ်ဝက်တိတိ သက်သာပြီး တက်လို့ရမယ့် အခွင့်အရေးဖြစ်လို့ အားလုံးကို လျှောက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ဗျ။

Rangsit Undergraduate scholarship program ကိုတော့

1. အထက်တန်း (or) GED အောင်မြင်ထားသူ
2. အသက် (25)နှစ်ထပ် မကျော်သူဆိုရင် လျှောက်လို့ရပါတယ်

Requirements တွေအနေနဲ့

1. Academic transcript - GPA 65,75 out of 100 , 3.0 out of 4.0 သို့မဟုတ် ညီမျှတဲ့ grades

2. High School Certificate/ Diploma

3. English Proficiency Score of C1 , IELTS 7.0, or ညီမျှတဲ့ အခြား certificates

( - British council test C1
- Duolingo scores between 120 to 140 စတာတွေနဲ့လည်း လက်ခံပါတယ် )

4. Student Portfolio / CV form

(Portfolio မှာထည့်ရမယ့် information တွေကတော့
- Personal information
- academic achievements
- awards & recognition
- extracurricular activities)

5. Scholarship Essays
(1) Why do you deserve this scholarship?
(2) Why do you want to study at Rangsit and in the applied program?

6. Copy of passport

စတာတွေ ပြည့်စုံပြီဆိုရင် ပထမအဆင့် 1st round scholarship application form တင်လို့ ရပါပြီ📝

🔹Rangsit scholarship program မှာ စုစုပေါင်း 3 rounds နဲ့ ရွေးချယ်တာဖြစ်ပြီး

2nd round မှာတော့ “Ambassador Project Video”ကို submit လုပ်ရမှာပဲ ဖြစ်ပါတယ်။

- Project video အတွက် guidelines နဲ့ ရွေးချယ်နိုင်တဲ့ Topic 5ခုကိုတော့ 1st round passed ဖြစ်တဲ့ candidates တွေကို ကျောင်းက ပြန် informပေးပါတယ်
- ကျောင်းကချပေးတဲ့ topic 5ခုထဲက ၁မျိုးကိုပဲ ရွေးချယ်ပြီး Video လုပ်ရမှာ ဖြစ်ပါတယ်

🔹Ambassador Project Video round ကတော့ ကိုယ်က scholarship student ဖြစ်သွားတဲ့အခါ ကျောင်းဘက်ကို contribute ဘယ်လိုလုပ်ပေးနိုင်လဲ ဆိုတာကို အဓိက focus ထားတာ ဖြစ်တဲ့အတွက်
Scholarship student ဖြစ်ပြီးနောက် ကျောင်းမှာ မိမိပါဝင်ချင်တဲ့ အခန်းကဏ္ဍတွေက ဘာတွေလဲ စတာတွေကို အစီအစဉ်တကျလေး တင်ပြပေးရမယ့် missionလို့ ပြောလို့ရပါတယ်ဗျ ။

🔹2nd round ကိုအောင်မြင်ပြီးလို့ Final round အနေနဲ့ကတော့ Interview ပဲဖြစ်ပါတယ် ။

- interviewကတော့ short interview form နဲ့သွားပါတယ်ဗျ (around 5 mins)
- interview ကမကြာပေမယ့် အချိန်တိုအတွင်းမှာ judge 3ဦး (or) 5ဦးက မေးတဲ့မေးခွန်း တစ်ခုဆီကို လိုရင်းတိုရှင်းနဲ့ ပြောချင်တဲ့ point ဆီကိုသေသေချာချာလေး ဖြေနိုင်ဖို့ကအရေးကြီးပါတယ်

Interview pass သွားပြီဆိုရင်တော့ Scholarship Successful candidate ဖြစ်သွားပါပြီ🔹✨

- Scholarship awardee အနေနဲ့ ရွေးချယ်ခံရတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ self funded 50% ကို ငွေပေးသွင်းရမယ့် deadline မတိုင်ခင် ပေးသွင်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လည်း အကြံပေးချင်ပါတယ် payment successful မဖြစ်ဘူးဆိုရင် Scholarship ပါ auto cancel တဲ့အတွက် သတိထားရမယ့် အချက်ပါပဲဗျ။

🔹 Scholarship 3 rounds လုံး အစအဆုံး period ကတော့ 1st round application ပိတ်တဲ့ရက်ကနေစလို့ 1လနီးပါးအချိန်ကြာတတ်ပါတယ် 🔹

ဒါဆိုရင် Rangsit scholarship process နဲ့ပတ်သတ်ပြီး အခြေခံ သိရမှာတွေ ပြည့်စုံသွားပါပြီ။

Scholarshipနဲ့ ပတ်သတ်လို့ မေးချင်တာတွေကိုလည်း chat boxကနေ လာရောက်မေးမြန်းနိုင်ပါတယ်✨

🔹ကျွန်တော်တို့ LearnVerse team ကနေ Rangsit scholarship နဲ့ ပတ်သတ်ပြီး

- Scholarship Essay ဘယ်လိုရေးရမလဲ
- Student portfolio ပြင်ဆင်ခြင်း
- Ambassador Video ဘယ်လိုပြင်ဆင်သင့်လဲ
- Interview Tips

စတဲ့ scholarship နဲ့ပတ်သတ်လို့ အရေးကြီးတဲ့ အပိုင်းတွေအားလုံးကို အသေးစိတ် Zoom Sharing Session လေးနဲ့ ပြောပြပေးသွားဖို့ရှိလို့ Scholarship လျှောက်ဖို့ ပြင်ဆင်နေကြတဲ့ ညီ၊ညီမတွေအားလုံးကို Page လေးကနေ စောင့်ကြည့်ပေး ၊ join ပေးကြဖို့ ဖိတ်ခေါ်ပါတယ် 📝

Sharing Session လေးအကြောင်းကိုတော့
အသေးစိတ် ထပ်မံ ကြေညာပေးပါမယ်🔹

🔹အားလုံး ပညာရေးခရီးလမ်း ချောမွေ့ပါစေ
Your trusted educational partner - LearnVerse

Photos from Magic Eye Computer Training's post 08/08/2025
06/08/2025

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ Learnverse မှကြိုဆိုလိုက်ပါတယ်🙌။ Adminတို့ Learnverse team အနေနဲ့ ဒီနေ့မှာတော့ Design ပိုင်းနဲ့ Business ပိုင်းမှာ နာမည်ကြီးတဲ့ Raffles International College မှာတက်ရောက်မယ်ဆိုရင် လိုအပ်တဲ့ Required Documents တွေနဲ့ ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုလည်းဆိုတာကို ပြောပြသွားပေးမှာ ဖြစ်ပါတယ်။
✅✅✅
ကျောင်းလျှောက်ဖို့ အတွက် အဓိကလိုအပ်တာတွေကတော့ 🎯🎯🎯
☑️passport
☑️ဆယ်တန်းအောင်လက်မှတ်( အမှတ်စာရင်း)
☑️IGCSE,GED,SAT,GCE O Level
☑️IELTS band 4.5 or above(ကျောင်းက English Test ကိုလည်း ဝင်ရောက်ဖြေဆိုနိုင်ပါတယ်)
✅ကျောင်းဝင်ခွင့်လက်ခံတဲ့ အချိန်တွေကတော့
‼️Business Programs တွေအတွက်ဆိုရင် January,May,July and August စတဲ့ intake တွေမှာ လက်ခံပြီး ‼️
‼️Design programs နဲ့ Master programs တွေကိုတော့ January, April, July and October စတဲ့ intake မှ လက်ခံပါတယ်။‼️
Internship and Job opportunities တွေလည်း များတာမလို့ စီးပွါးရေးကို စိတ်ဝင်စားပြီး ကိုယ်ပိုင် စီးပွါးရေး လုပ်ငန်းလုပ်ချင်တာဖြစ်ဖြစ် Fashion ပိုင်း Designပိုင်းကို စိတ်ဝင်စားပြီး ကိုယ်ပိုင် clothing brand ထုတ်ချင်တာ ပဲဖြစ်ဖြစ် ထည့်သွင်းစဉ်းစားသင့်တဲ့ ကျောင်းတစ်ကျောင်း လို့ပဲ Adminတို့ အနေနဲ့ အကြံပေးချင်ပါတယ်။⭐️⭐️⭐️
ကျောင်းမလျှောက်ခင် ၁လခွဲလောက်ကတည်းက ကြိုတင်ပြင်ဆင်ဖို့ ကိုလည်း ထပ်တိုးအကြံပေးချင်ပါတယ်။‼️
အသေးစိတ် သိချင်တာများကိုလည်း page cb မှာ အချိန်မရွေး လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။🤩🤩🤩
တက်ရောက်နိုင်တဲ့ မေဂျာတွေနဲ့ ကြာချိန်လေးတွေကို အောက်ကlinkမှာ ဝင်ရောက်ကြည့်ရှု နိုငိဍ်ပါတယ်🙌🙌🙌

https://www.facebook.com/share/p/1ESFV2yi7P/?mibextid=wwXIfr

LearnVerse Teamမှ offerပေးတဲ့ service တွေကတော့

🌟 ကျောင်းလျှောက်ခြင်း (Admission Process အစအဆုံး ကူညီလုပ်ဆောင်ပေးခြင်း)
🌟 Scholarship လျှောက်ဖို့ ကူညီလုပ်ဆောင်ပေးခြင်း ( admin team မှာ scholarship students တွေရှိတဲ့အတွက် လိုအပ်တာတွေ ပြင်ဆင်ရမှာတွေကို ထိထိရောက်ရောက် အကြံပေးနိုင်ပါတယ်)
🌟ကျောင်းနားတစ်ဝိုက် budgetအလိုက် အခန်းရှာပေးခြင်း
🌟 Educational Consultation ( major ရွေးချယ်ရန် ဆွေးနွေးပေးခြင်း)
🌟 Flight ticket service ၊ Airport PickUp Service
ပေးခြင်း
🌟 Campus guide ( ကျောင်း campus ရောက်လာတဲ့အခါ လိုအပ်တာများကို ကူညီဆောင်ရွက်ခြင်း ၊ campus lifeအတွက် လိုအပ်တာများ လမ်းညွှန်ပေးခြင်း)
🌟 Visa Application နဲ့ပတ်သတ်ပြီး ကူညီလုပ်ဆောင်ပေးခြင်း

စတာတွေကို ကျောင်းသားကျောင်းသူတွေမှ အခကြေးငွေ ပေးစရာမလိုပဲ FOC service ရယူနိုင်ပါပြီ။

Photos from LearnVerse's post 27/07/2025

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ🤗။ Learnverse မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Admin တို့ Learnverse ကနေပြီးတော့ international college တစ်ခုဖြစ်တဲ့ Design ပိုင်းနဲ့ Business ပိုင်းမှာ နာမည်ကြီးပြီး နိုင်ငံပေါင်း (၁၂) နိုင်ငံမှာ campus တွေဖွင့်လှစ်ထားတဲ့ Raffles International College(Bangkok) အကြောင်းလေးပြောပြပေးသွားမှာ ဖြစ်ပါတယ်။
🎓🎓🎓
Design Programs တွေရဲ့ အောက်မှာသင်ယူနိုင်တာတွေကတော့✔️✔️✔️
1. Fashion Design (bachelor of fashion design)
2. Fashion Marketing and Management (bachelor of fashion marketing and management)
3. Interior Design (bachelor of interior design)
4. Graphic Design (bachelor of graphic design)
5. Product Design (bachelor of product design)
6. Multimedia Design (bachelor of multimedia design)
7. Video Game Design (bachelor of digital media design)
Business Programs တွေရဲ့ အောက်မှာတက် ရောက်နိုင်တာတွေကတော့✔️✔️✔️
1. Entrepreneurship and small business operation (bachelor of business administration)
2. Marketing (bachelor of business administration)
3. Hospitality (bachelor of business administration)
4. Supply Chain and Logistics operation (bachelor of business administration)
5. Master of Business Administration
✔️✔️✔️Other program အနေနဲ့ကတော့ ⁃ Psychology (bachelor of psychology) တို့ပဲဖြစ်ပါတယ်
‼️ Diploma, AdvancedDiploma, Bachelor ဆိုပြီး level ၃ ခုရှိတဲ့အပြင် internship opportunity ပါရှိတာမလို့ ကျောင်းသား/သူ တွေအနေနဲ့ ကြိုက်နှစ်သက်ရာ level နဲ့ program ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ Diploma အတွက် 6 months, Advanced diploma အတွက် 18 months, 3 years bachelor အစရှိသဖြင့် မိမိနဲ့ အဆင်ပြေတဲ့ pathway ကို ရွေးချယ်ပြီးတက်ရောက်နိုင်ပါတယ်။
January, April, July and October ဆိုပြီး intake လေးခုရှိတာ ဖြစ်လို့ တက်ရောက်ဖို့ပြင်ဆင်နေကြတဲ့ သူတွေအတွက်လည်း ကြိုတင်ပြင်ဆင်လို့ရအောင် အသိပေးအပ်ပါတယ်။ ကျောင်းလျှောက်ဖို့ လိုအပ်တဲ့ Requirements တွေကိုလည်း နောက်ရက်မှာတင်ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိချင်တာများကိုလည်း page cbမှာ အချိန်မရွေးလာရောက်မေး မြန်းနိုင်ပါတယ်။

LearnVerse Teamမှ offerပေးတဲ့ service တွေကတော့

🌟 ကျောင်းလျှောက်ခြင်း (Admission Process အစအဆုံး ကူညီလုပ်ဆောင်ပေးခြင်း)
🌟 Scholarship လျှောက်ဖို့ ကူညီလုပ်ဆောင်ပေးခြင်း ( admin team မှာ scholarship students တွေရှိတဲ့အတွက် လိုအပ်တာတွေ ပြင်ဆင်ရမှာတွေကို ထိထိရောက်ရောက် အကြံပေးနိုင်ပါတယ်)
🌟ကျောင်းနားတစ်ဝိုက် budgetအလိုက် အခန်းရှာပေးခြင်း
🌟 Educational Consultation ( major ရွေးချယ်ရန် ဆွေးနွေးပေးခြင်း)
🌟 Flight ticket service ၊ Airport PickUp Service
ပေးခြင်း
🌟 Campus guide ( ကျောင်း campus ရောက်လာတဲ့အခါ လိုအပ်တာများကို ကူညီဆောင်ရွက်ခြင်း ၊ campus lifeအတွက် လိုအပ်တာများ လမ်းညွှန်ပေးခြင်း)
🌟 Visa Application နဲ့ပတ်သတ်ပြီး ကူညီလုပ်ဆောင်ပေးခြင်း

စတာတွေကို ကျောင်းသားကျောင်းသူတွေမှ အခကြေးငွေ ပေးစရာမလိုပဲ FOC service ရယူနိုင်ပါပြီ။

26/07/2025

🔸ဘာလို့ Rangsit Universityကို ကျောင်းသားတွေ ရွေးချယ်ကြလဲ?

🔸Major အရွေးမမှားစေဖို့ ဘယ် မေဂျာတွေကတော့ ဘယ်လိုလူတွေနဲ့ သင့်တော်လဲ ။ ကျောင်းလာတက်ပြီဆိုရင် ဘာတွေ expect ထားရမလဲ ။

🔸Rangsit University ကိုရွေးချယ်ပြီးတဲ့နောက် ရရှိမယ့် support နဲ့ future opportunities တွေက ဘာတွေဖြစ်မလဲ ။ အဲ့ဒါတွေအတွက်ရော ကိုယ့်ဘက်က ဘယ်လိုပြင်ဆင်ထားရမလဲ ?

👉 ဒီလိုမေးခွန်းတွေက ကျောင်းသားတိုင်းလိုလို ကျောင်းလာမတက်ခင် စဉ်းစားရမယ့် ၊ ကြိုတင်စဉ်းစားသင့်တဲ့ အရေးကြီးတဲ့အချက်တွေပဲ ဖြစ်ပါတယ် admin တို့ကိုယ်တိုင်လည်း ဒီလိုမေးခွန်းတွေ ရှိခဲ့ဖူးတယ်ပေါ့နော် _

✔️ အဲ့အတွက် ဒီနေ့ရဲ့ 𝐬𝐭𝐮𝐝𝐲 𝐢𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 စကားဝိုင်း 𝐞𝐩𝐢𝐬𝐨𝐝𝐞 (𝟐), ပထမပိုင်းလေးမှာဆိုရင်တော့ ဒီမေးခွန်းလေးတွေကို မိမိရဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီး ထဲထဲဝင်ဝင် ဖြေကြားပေးသွားမယ့် Guest Speakers တွေကို ဖိတ်ခေါ်ဆွေးနွေးထားပါတယ် 👏✨

🟡 Rangsit University ရဲ့ နာမည်ကြီး Major တွေဖြစ်တဲ့ ICT (Information & Communication Technology) နဲ့ Communication Arts မှာ လက်ရှိတက်ရောက်နေတဲ့ senior ကျောင်းသားတွေရဲ့ experiences တွေနဲ့ advice တွေကို အတူတူနားထောင်လိုက်ရအောင်နော် ။

Part(2)ကိုလည်း ဆက်လက်တင်ပေးသွားမှာ ဖြစ်လို့ LearnVerse မှာ စောင့်ကြည့်ပေးကြပါအုံးဗျ ✔️

𝐬𝐭𝐮𝐝𝐲 𝐢𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 စကားဝိုင်း 𝐞𝐩𝐢𝐬𝐨𝐝𝐞 (1) လေးကို အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ် ။

https://www.facebook.com/share/v/17CCKZSUPG/?mibextid=wwXIfr

💌 special thanks to Guest Speakers Mary & Hsu for contributing to Study in Thailand Sakarwine Series 🇹🇭 Your insights and support truly mean the world to us.————————————————————
🟠 Rangsit Jan Intake အတွက်လျှောက်မယ်ဆိုရင် August မှာ စလျှောက်ထားလို့ရပြီ ဖြစ်လို့ admin တို့ဆီမှာ FOC service တွေ ရယူနိုင်ပါပြီ✔️
ကျောင်းလျှောက်တာနှင့် ကျောင်းအကြောင်းသိလိုရာများရှိပါက Learn verse တွင် လာရောက်ပီး Free Consultation လုပ်လို့ရပါတယ်။

🟠 မေးမြန်းလိုရာ အသေးစိတ်ကို chatboxမှ တဆင့် သို့မဟုတ် Viber: +66615370733 မှတဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်✅🙌

Photos from LearnVerse's post 15/07/2025

အားလုံးပဲ မင်္ဂလာပါ ။ Learnverse မှပြန်လည်ကြိုဆိုပါတယ် ✨

📢Rangsit University မှာ August Semester လာတက်ကြတော့မယ့် မောင်လေး ညီမလေးတွေအတွက် Rangsit နားတဝိုက်နဲ့ Bangkok ဖက် သွားလာဖို့ public transportation နဲ့ သက်သက်သာသာ ဘယ်လို သွားလာလို့ရမလဲဆိုတာလေး sharing လုပ်ပေးချင်ပါတယ်ရှင် ။ ✨

🚉By Train (SRT RED LINE & MRT )

admin တို့လိုမျိုး ရထားနဲ့ သွားလာရတာ ပိုကြိုက်တယ်ဆိုရင်တော့ SRT RED Line ပေါ်မှာရှိတဲ့ Lak Hok Station ကနေ စီးလို့ရပါတယ် ။

Lak Hok station က ကျောင်းနားမှာ ရှိတဲ့ အနီးဆုံး station လည်းဖြစ်တယ် ။ Lak Hok က​နေစီးရင် လူလည်းနည်းတတ်လို့ သက်တောင့်သက်သာ စီးလို့ရပါတယ် ။ ✅

Lak Hok ကနေ Bang Sue Station အထိ စီးပြီး Bangsue Station က​နေ MRT Blue Line ကို transfer လုပ်လို့ရပါတယ် ။ (Lak Hok ➡️ Bang Sue , Bang Sue ➡️ MRT Blue Line )

MRT blue line ကနေဆိုရင်တော့ မြို့ထဲကိုလွယ်လွယ်ကူကူ ရောက်နိုင်ပြီး အလည်အပတ်သွားစရာ နေရာတွေ တော်တော်များများကိုလည်း ရောက်ပါတယ် ။ ✅ (route အသေးစိတ်ကို MRT app သို့မဟုတ် Google Map ကနေကြည့်လို့ ရပါတယ် )

🚃By Train (BTS Green Line)
Train နဲ့သွားလို့ရတဲ့ နောက်ထပ် တနည်းကတော့ ကျောင်းနဲ့ အနီးဆုံး BTS station ဖြစ်တဲ့ Yaek Kor Por Aor Station ကနေ သွားတာပါ ။

သူက BTS လိုင်းထဲမှာ ကျောင်းနဲ့အနီးဆုံးဆိုပေမယ့် Lak Hok လို နီးနီးလေးမှာရှိတာမဟုတ်ဘဲ 20mins (by bike/car) အကွာမှာ ရှိပါတယ် ။

✅Yaek Kor Por Aor ကနေ သွားစီးရင်တော့ ကိုယ်သွားချင်တဲ့ နေရာက BTS လိုင်းပေါ်မှာ ရှိရင် transfer စရာ မလိုဘူး သွားရတာ မခက်ပါဘူး ။ BTS လိုင်းကလည်း တော်တော်များများ သိပြီးတဲ့အတိုင်း Bangkok မြို့ထဲ အထင်ကရနေရာတွေ အများကြီး ရောက်တဲ့အပြင် ဂိတ်ဆုံး( Kheha ) အထိ စီးပြီး ပင်လယ်ကမ်းစပ် (BangPu) ဖက်ကိုလည်း သွားလည်လို့ရပါတယ် ။

(MRT, BTS လိုင်းတွေမှာ PromptPay, Scan နဲ့ရှင်းလို့ရပေမယ့် SRT LINE ကတော့ cash ပဲလက်ခံလို့ public transportation သုံးရင် cash ဆောင်ထားတာ အဆင်အပြေဆုံးပါရှင့်)

🚌By Bus (from Mueang Ake Bus Stop)

Bus စီးတာကတော့ Train ထပ် ပိုစျေးသက်သာပါတယ်။ ထိုင်းမှာ ဘတ်စ်ကားတွေက သွားတဲ့ လိုင်းအလိုက်မတူဘဲ ကားအမျိုးအစားက အမျိုးမျိုးရှိပါတယ် ။(with ac, without ac)

🚌 Admin တို့အများဆုံး သုံးဖြစ်တာကတော့ Smile Bus လို့လည်းခေါ်တဲ့ Blue Bus (with AC) ပါ သူကတော့ ACပါတော့ စီးရတာသက်သာတယ် နေရာကျယ်ပါတယ် ။

✅Bus စီးမယ်ဆိုရင် ကျောင်းရှေ့ကနေ 10B နဲ့ထွက်တဲ့ ကားလေးတွေစီးပြီး Mueang Ake Bus Stop ကနေ စီးလို့ရပါတယ် ။ (အဲ့နားမှာ Makro လည်းရှိလို့ Makro Rangsit လို့လည်း ပြောစီးလို့ရပါတယ်)

ကျောင်းနဲ့ 8~10 mins (by motorbike/car) အကွာမှာ ရှိပြီး သိပ်မဝေးလို့ ဆိုင်ကယ်ငှါးသွားလည်း အဆင်ပြေပါတယ်ရှင့် ။

✅ကျောင်းကနေ မြို့ထဲကိုသွားတဲ့ direction ဆိုရင် ကျောင်းဘက်နေလာရင် ကုန်းကျော်တံတားကနေ လမ်းဟိုဘက်ကူးပြီး လမ်းဟိုဘက်ခြမ်းကနေ စီးရင် ရပါတယ်။

Mueang Ake stop ကနေ Central World စတဲ့ မြို့ထဲ တန်းရောက်တာကတော့ smile bus 504 (1-18E AC Bus) ရှိပါတယ် ။

✅Don Mueang Airport , BTS Yaek Kor Por Aor, Victory Monument ဖက်ရောက်တဲ့ bus တွေအပြင် bus တော်တော်များများ ရပ်ပါတယ် ။ (bus number တွေကိုတော့ Google map ထောက်ပြီးကြည့်လို့ရပါတယ်)

Bus ကားကတော့ တစ်ခါတလေစောင့်ရတာမျိုး ရှိတတ်ပါတယ် Google map က arrival time ကအမြဲတော့ မမှန်တတ်ဘူး အများအားဖြင့်တော့ မှန်ပါတယ် ။

(Bus ကားတွေမှာလည်း transportation card သီးသန့်လုပ်ထားတာမျိုး မဟုတ်ရင် cash only ဖြစ်လို့ cash ဆောင်ထားတာ အဆင်ပြေပါတယ် )

✅မြို့ထဲ သွားလာဖို့ အကြမ်းဖျင်း transportation methods တွေ သိသွားပြီဆိုတော့ ကျောင်းနားတစ်ဝိုက်မှာရှိတဲ့ transportation service လေးတွေလည်း ပြောပြပေးပါမယ်။

📍ကိုယ်က ကျောင်းနားတဝိုက် apartment တွေမှာ နေထိုင်မယ်ဆိုရင် apartment တွေကနေ ကျောင်းကို ကြို/ပို့ van service တွေ ရှိပါတယ်

(ကျောင်းရှေ့နား နီးတဲ့ apartment တွေနဲ့ တချို့ စျေးပိုတန်တဲ့ apartment တွေကတော့ အများအားဖြင့် မပါတတ်ပါဘူး ) Apartment နဲ့အလိုက် 30min တစ်ခါ ၊ 15 min တစ်ခါ ကားထွက်ပါတယ်။

✅Rangsit နဲ့အနီးဆုံး shopping mall အကြီးတစ်ခုဖြစ်တဲ့ Future Park ကိုသွားမယ်ဆိုရင် Campus ထဲကနေ (Building 10 ရှေ့နားတွင်) ထွက်တဲ့ Van Service ရှိပါတယ် ။ ညနေ 6ခွဲလောက်အထိ ရှိတတ်ပါတယ်ရှင့်။
(18 baht per person)

✅Rangsit Uni to Lak Hok Station ၊ Lak Hok to Rangsit Uni သွားမယ်ဆိုရင် free shuttle ကားလေးတွေ ရှိပါတယ် ။ အချိန်လေးတွေတော့ကန့်သတ်ထားလို့ ဒီမှာကြည့်လို့ရပါတယ် ။
https://www.facebook.com/share/1BvqsVzwHn/?mibextid=wwXIfr

✅Rangsit to Mueang Ake Bus Stop (Makro Rangsit) သွားမယ်ဆိုရင် ကျောင်း entrance ဖက်နားရှေ့မှာ 10B ကားလေးတွေရှိပါတယ် ။ Makro နားက Plum Condo မှာနေမယ့် ကျောင်းသားတွေဆိုရင်လည်း ဒါနဲ့ commute လုပ်ကြတာ များပါတယ်ရှင့် ။

📍BTS Route Map
https://www.bts.co.th/eng/library/system-structuer.html

📍SRT Red line Route Information
https://www.srtet.co.th/en/route-information

📍other useful apps :
Via Bus, BKK Rail, Bolt, Google Maps, 12GO

✅12GO app လေးကတော့ ထိုင်းနိုင်ငံအတွင်း ခရီးသွားမယ်ဆိုရင် bus/train ticket တွေ ဝယ်လို့ရတဲ့ app လေးပါ admin တို့လည်းသုံးဖူးတာ အဆင်ပြေလို့ ထိုင်းမှာ တခြားမြို့တွေကို ခရီးသွားမယ်ဆိုရင် ဒီ app လေးက အဆင်ပြေပါတယ်။

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ကျောင်းသားသစ်တွေအတွက် ဒီpost လေးက အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်ရှင့် ။ ✨
————————————
Rangsit Jan Intake အတွက်လျှောက်မယ်ဆိုရင် August လမှစပြီး application ဖွင့်နေပြီဖြစ်လို့ admin တို့ FOC service တွေနဲ့လျှောက်ပေးနေပါပြီနော်✨

ကျောင်းလျှောက်တာ ၊ ကျောင်းအကြောင်းသိလိုရာများရှိပါက Learn verse တွင် လာရောက်ပီး Free Consultation လုပ်လို့ရပါတယ်။

မေးမြန်းလိုရာ အသေးစိတ်ကို chatboxမှ တဆင့် သို့မဟုတ် Viber: +66615370733 မှတဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်✅🙌

11/07/2025

🇹🇭ထိုင်းမှာဘာဖြစ်လို့ကျောင်းတက်သင့်လဲ?🎓
Why we should study in Thailand?

🪄1. High Standard Education

ထိုင်းနိုင်ငံ ကျောင်းအများစုရဲ့ ကုန်ကျစရိတ်တွေက တခြားနိုင်ငံနဲ့ယှဉ်ရင်သက်သာပေမဲ့ International Program အနေနဲ့သင်ရပြီး Englishလိုပဲ Communicate လုပ်ရတဲ့အတွက် ကျောင်းတက်ဖို့ပြင်ဆင်နေတဲ့ ကျောင်းသား/သူများအတွက် အဆင်ပြေချောမွေ့စေခြင်း၊

ပညာရေး သင်ရိုးညွှန်းတမ်း Curriculum များကလည်း နိုင်ငံတကာ အသိအမှတ်ပြု တွေဖြစ်၍ ကျောင်းပြီးပါက ကမ္ဘာအရပ်ရပ်မှာအသိအမှတ်ပြု ကြပါတယ်။

🪄2. Many Options To Choose:

ထိုင်းနိုင်ငံမှာ ကျောင်းအများစုက International Program တွေရှိတဲ့အတွက် ရွေးချယ်စရာကျောင်းနဲ့ တက်လို့ရတဲ့ major တွေလည်းများပါတယ်။

🪄3. Join with global community:

ထိုင်းနိုင်ငံဟာ Tourist Attraction များတာနဲ့အတူ သွားနေတဲ့ လမ်းကြောင်းတွေဟာ events, orientation တွေရှိနေပြီး ကိုရှာဖွေရင် ရှာဖွေနိုင်သလို အခွင့်အရေးများစွာရှိနေတဲ့ နိုင်ငံဖြစ်နေပါတယ်။

🪄4. Career development:

ထိုင်းနိုင်ငံမှာ ကိုရွေးချယ်ထားတဲ့ career လမ်းကြောင်းရှိပြီ ဆိုရင် Self development Opportunitie များအတွက် Competition များစွာရှိပါတယ်။

🪄5. To start a student life:

ထိုင်းနိုင်ငံမှ Universities အများစု ပတ်ဝန်းကျင်တွင် Student Community development များ၊ Opportunities များရှိ၍ ကျောင်းတက်ရင်း Student life အပြည့်အဝခံစားရစေခြင်း။

🪄6. Work opportunity : ထိုင်းက ကျောင်းအများစုမှာ ချိတ်ဆက်ထားတဲ့ Company များရှိသဖြင့် ကျောင်းတက်ရင်း ကိုရှာဖွေရင်ဖွေနိုင်သလို ကျောင်းပြီးသည့်အခါ အလုပ်ရှာသည့်အခါ Resources Work opportunity များပြားခြင်းစသည့် အချက်များရှိပါတယ်။

🇹🇭🎓ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့စဉ်စားနေတယ်ဆိုရင်တော့ Admin တို့ရဲ့ Learn Verse Team နဲ့ လာပြီး consultation လေး pageမှာ လာပီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Photos from LearnVerse's post 07/07/2025

🇹🇭 ထိုင်းနိုင်ငံရဲ့ ထိပ်တန်း private university တစ်ခုဖြစ်တဲ့ Rangsit University မှာ ကျောင်းလျှောက်ရင်း flight ticket FREE / Cashback တွေ ရယူနိုင်မယ့်အခွင့်အရေး ✈️

LearnVerse Education Service ကနေ ကြိုဆိုပါတယ်🙌 ထိုင်းနိုင်ငံရဲ့ နာမည် Private University တစ်ခုဖြစ်တဲ့ Rangsit မှာ Jan intake အတွက် မကြာခင် ဝင်ခွင့်စဖွင့်တော့မှာဖြစ်လို့ LearnVerse Team မှ တဆင့် လျှောက်ထားနိုင်ပါပြီ ✅

🇹🇭 ထိုင်းနိုင်ငံ မှာကျောင်းတက်တော့မယ် ကျောင်းရွေးနေပြီဆိုရင် Rangsit University ကလည်းမေ့ထားလို့ မရတဲ့ ရွေးချယ်မှုတစ်ခုပါပဲနော် >> ဘာကြောင့်လဲ ❓

1. ထိုင်းနိုင်ငံရဲ့ ထိပ်တန်း Private University တစ်ခုဖြစ်ပြီး Local & Foreign Community များသောကျောင်းဖြစ်ခြင်း

2. အလုပ်အကိုင် အခွင့်အလမ်းများအတွက် ကျောင်းမှ ကူညီထောက်ပံ့ဆွေးနွေးပေးခြင်း (Partnership Company များများပြားတဲ့အတွက် အခွင့်အလမ်းများပေါများခြင်း)

3. မြန်မာကျောင်းသား/ကျောင်းသူများအတွက် လိုအပ်သောSupportive environment နှင့် Student Camupus life ကိုအပြည့်အဝခံစားစေခြင်း။

4. နာမည်ကြီး Alumni များရှိသောကြောင့် Reputation, Strong Network & Industry connections များခိုင်ခိုင်မာမာရှိခြင်း ဒ့ါအပြင်

ထိုင်းနိုင်ငံမှာရှိတဲ့ Private Universities တွေထဲက Top Ranking University တစ်ခုပဲ ဖြစ်လို့ပါ✅

👉 ဘယ်က စ စုံစမ်းရမလဲမသိဘူး ၊ process တွေက ရှုပ်တယ် ၊ information တွေမှားမှာ စိုးတယ် ဆိုတဲ့ ညီတွေ ညီမတွေအတွက် ကျွန်တော်တို့ LearnVerse Teamမှ offer ပေးတဲ့ free services လေးတွေ ရှိနေပါတယ်

✅ ကျောင်းလျှောက်ခြင်း (Admission Process အစအဆုံး ကူညီလုပ်ဆောင်ပေးခြင်း)
✅ Rangsit University Scholarship လျှောက်ဖို့ ကူညီလုပ်ဆောင်ပေးခြင်း
✅ ကျောင်းတက်ရင်း နေထိုင်ဖို့အတွက် budget အလိုက် အခန်းရှာပေးခြင်း
✅ flight ticket နှင့် airport pickup service ပေးခြင်း
✅ Campus guide (ကျောင်း campus ရောက်လာတဲ့အခါ လိုအပ်တာများကို ကူညီဆောင်ရွက်ပေးခြင်း၊ campus life အတွက် လိုအပ်တာများ လမ်းညွှန်ပေးခြင်း)
✅ Visa application နဲ့ပက်သက်ပြီး ကူညီလုပ်ဆောင်ပေးခြင်း
စတာတွေကို FOC လုပ်ဆောင်ပေးနေပါတယ် ။

👉Rangsit ကဘယ်မေဂျာတွေ တက်လို့ရမှာလဲ ။
👉tuition fee တွေက ဘယ်လောက်လဲ ။
စတာတွေကို ပုံတစ်ပုံချင်းမှာ ရှင်းပြထားပါတယ်ဗျ ။

⭐️Scholarship အတွက်လည်း Rangsit University ကနေပြီးတော့ Tuition Feesကို တစ်ဝက်တိတိ သက်သာခွင့်ရမယ့် 50% scholarships ကိုပေးအပ်နေပါတယ် ။
🔸 Rangsit University Scholarship က admission ဖွင့်ချိန်မှာ တစ်ခါတည်းလျှောက်ရတာ ဖြစ်လို့ Scholarship လျှောက်မယ်ဆိုရင်လက်ရှိ စကော်လာ ကျောင်းသားတွေရှိတဲ့ ကျွန်တော်တို့ Learnverse မှာ လာမေးမြန်းနိုင်ပါတယ်ဗျ ။

👉ကျောင်းလျှောက်ဖို့ ဘာ Requirements တွေ လိုမလဲ ?
🔹Passport
🔹High School အောင်လက်မှတ် (OR)
🔹 1A-Level, AS-Level at least 3 different subjects with grade results A-E (OR)
🔹 General Educational Development (GED) 4 subjects with 145 each
🔹English requirement( IELTS 5.5, duolingo 100 or ညီမျှသောအမှတ် - British council test လည်း လက်ခံပါတယ် - B2 Level ✔️)
adminတို့ဆီက အပ်တဲ့ ကျောင်းသားတွေအတွက် BC test certificate discount code (20% off)တွေလည်းရှာပေးပါတယ်။

Admission requirements တွေအနေနဲ့ကတော့ ဒီ documents တွေစုံလင်ပြီဆိုရင် လျှောက်လို့ ရပါပြီ ✔️
Admission ရော Scholarship အတွက်ရော လိုအပ်ချက် အသေးစိတ်ကို ဒီ post မှာ ဖတ်နိုင်ပါတယ် ။ >>
https://www.facebook.com/share/p/1AjgEEzvoz/?mibextid=wwXIfr

📢 လာမယ့် Jan Intake အတွက် Scholarship ရော Admission ရော အတွက် open date ကတော့ August ပထမအပတ် ဝန်းကျင်လောက်မှာ ဖွင့်မှာဖြစ်လို့ အခုကတည်းက ပြည့်ပြည့်စုံစုံ ကြိုတင်ပြင်ဆင်ထားချင်ရင် ကျွန်တော်တို့ LearnVerse teamမှာ လာရောက်စုံစမ်းနိုင်ပါပြီ။

🙌 LearnVerse နဲ့ ကျောင်းလျှောက်သည့် ကျောင်းသားကျောင်းသူများ အတွက် Flight Ticket or Cash back များ လက်ဆောင်အဖြစ် ပြန်လည်ပေးသွားမှာဖြစ်လို့ ယခုပဲ LearnVerse နှင့်အတူ ကျောင်းလျှောက်ဖို့ အကြံပေးချင်ပါတယ်။ 🙌

LearnVerse နှင့်အတူ ကျောင်းလျှောက်ခဲ့တဲ့ ကျောင်းသားတစ်ချို့ရဲ့ feedback လေးတွေကိုလည်း အောက်က linkမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။❗️
https://www.facebook.com/share/p/1AES5uGvCf/?mibextid=wwXIfr

Rangsit University မှာတက်ရောက်နေကြတဲ့ ကျောင်းသားကျောင်းသူ တချို့ကို LearnVerse မှ Interview ထားတဲ့ videoကိုလည်း အောက်ပါlinkမှာကြည့်နိုင်ပါတယ်။
https://www.facebook.com/share/v/14GqDSxj18K/?mibextid=wwXIfr

ကျွန်တော်တို့ admin team experience အရတော့ term အကြီး ၂ခုဖြစ်တဲ့ August Sem နဲ့ Jan Semမှာ ကျောင်းစတက်တာက အကောင်းဆုံး ဖြစ်လို့ လျှောက်ဖို့ ပြင်ဆင်နေတယ်ဆိုရင်တော့ လာမယ့် Jan sem မှာ လျှောက်ကြဖို့ တိုက်တွန်းချင်ပါတယ်ဗျ🔹

အားလုံး ပညာရေးခရီးလမ်း ဖြောင့်ဖြူးကြပါစေ။ Your trusted education partner - LearnVerse!

05/07/2025

🇹🇭𝐬𝐭𝐮𝐝𝐲 𝐢𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 စကားဝိုင်း 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐬𝐞𝐫𝐢𝐞𝐬 episode (1) လေးကနေပြန်လည် ကြိုဆိုပါတယ်။

✔️ part (3) မှာတော့ admin Sandy အနေနဲ့ major transfer လုပ်ခဲ့တဲ့ အကြောင်း ၊
✔️Rangsit ကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းနဲ့
✔️ လက်ရှိတက်နေတဲ့ experience တွေကို ပြောပြပေးထားပါတယ် ။

Part 1 & 2 ကို ဒီ Link တွေမှာ ကြည့်ရှုနိုင်ပါတယ် ။
https://www.facebook.com/share/v/1ERS18axR2/?mibextid=wwXIfr

https://www.facebook.com/share/v/16V5XY6USh/?mibextid=wwXIfr

🙌 ဒီ sakarwine series လေးကဆိုရင် learnverse team ကနေပြီး Rangsit ကျောင်းမှာလာတက်မဲ့ ညီငယ် ညီမငယ်များအတွက် ဖန်တီးပေးထားတဲ့ Info Sharing series လေးတစ်ခုပဲဖြစ်ပါတယ် ။

နောက်လာမယ့် episode တွေမှာလည်း guest speakers တွေနဲ့ အတူတူ ထိုင်းမှာ ကျောင်းတက်ရောက်မယ့် ကျောင်းသားတွေအတွက် သိလိုရာတွေကို ဆွေးနွေးသွားမှာ ဖြစ်လို့

✔️မိမိစိတ်ဝင်စားတဲ့ University,
✔️သိလိုတဲ့ မေးခွန်းတွေကိုလည်း comment မှာဖြစ်စေ ၊ chat box မှာဖြစ်စေ ပေးပို့ထားနိုင်ပါပြီ🙌

————————————————————————
✅ Rangsit University Admission အတွက်ဆိုရင်တော့ Admin တို့ Learnverse team မှ FOC education service ဝန်ဆောင်မှုများကို ရရှိနေပါပြီ။

⭐️ RSU Next intake (JAN INTAKE) အတွက်လျှောက်ထားချင်တယ်ဆိုရင် အခုကတည်းကြိုတင်ပြင်ဆင်ထားလို့ ရပါပြီနော်။ Aug လအစမှာ application form စဖွင့်မှာ ဖြစ်လို့ admission ပဲဖြစ်စေ scholarship ပဲဖြစ်စေ လာရောက်ဆွေးနွေးနိုင်ပါတယ် 🙌

✅ ကျွန်တော်တို့ Learnverse နှင့်ကျောင်းအပ်တဲ့ ကျောင်းသားများအတွက် ကျောင်းဝင်ခွင့် process များ စ-ဆုံး ကူညီပြင်ဆင်ပေးတဲ့အပြင် 𝐅𝐫𝐞𝐞 Flight ticket/ Cashback စတာတွေကိုပါ စီစဉ်ပေးထားလို့ page chatbox, VIBER/Telegram : +66615370733 ကို ဆက်သွယ်နိုင်ပါပြီ။



02/07/2025

👋 𝐋𝐞𝐚𝐫𝐧 𝐯𝐞𝐫𝐬𝐞 ရဲ့ 𝐬𝐭𝐮𝐝𝐲 𝐢𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 စကားဝိုင်း🇹🇭𝐄𝐩-𝟏 (Part 2) 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐬𝐞𝐫𝐢𝐞𝐬 လေးကနေပြန်လည် ကြိုဆိုပါတယ်။

Sakarwine Part(2) မှာတော့ ကျောင်းသားတွေ အရွေးများတဲ့ Rangsit University ရဲ့ Business Major (International Business IB) major ရဲ့ internship opportunities တွေ ၊ career support ပိုင်းတွေနဲ့ ပတ်သတ်လို့ ပြောပြသွားမှာပါ ။

✔️ Speaker အနေနဲ့ ပါဝင်ထားတဲ့ Admin တွေရဲ့ personal experience တွေအပေါ် အခြေခံပြီး လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသားတွေရဲ့ အမြင်ကနေ ပြောပြထားလို့ အကျိုးတစ်စုံတရာ ရသွားမယ်လို့ မျှော်လင့်ပါတယ် ။ ကျွန်တော်တို့ episode တစ်ခုချင်းမှာလည်း လိုအပ်တာလေးတွေကို အတတ်နိုင်ဆုံး ပြင်ဆင်ပြီး informative content တွေကို မျှဝေပေးနိုင်အောင် ကြိုးစားသွားပါမယ်ဗျ🙌

Part (1) ကို ဒီ Linkမှာ ကြည့်ရှုနိုင်ပါတယ် ။
https://www.facebook.com/share/v/1ERS18axR2/?mibextid=wwXIfr

🙌 ဒီ sakarwin series လေးကဆိုရင် Rangsit ကျောင်းမှာလာတက်မဲ့ ညီငယ် ညီမငယ်များအတွက် ဖန်တီးပေးထားတဲ့ Info Sharing series လေးတစ်ခုပဲဖြစ်ပါတယ် ။

နောက်လာမယ့် episode တွေမှာလည်း guest speakers တွေနဲ့ အတူတူ ထိုင်းမှာ ကျောင်းတက်ရောက်မယ့် ကျောင်းသားတွေအတွက် သိလိုရာတွေကို ဆွေးနွေးသွားမှာ ဖြစ်လို့
✔️မိမိစိတ်ဝင်စားတဲ့ University,
✔️သိလိုတဲ့ မေးခွန်းတွေကိုလည်း comment မှာဖြစ်စေ ၊ chat box မှာဖြစ်စေ ပေးပို့ထားနိုင်ပါပြီ🙌

⭐️ Episode 1ရဲ့ နောက်ဆုံးပိုင်းမှာရော မတူညီတဲ့ experience နဲ့ ကျောင်းသားတွေရဲ့ စကားသံကိုဆက်လက်​ဝေမျှသွားမှာ ဖြစ်လို့ LearnVerse မှာ စောင့်ကြည့်ပေးကြပါအုံးနော် ။
————————————————————————
✅ Rangsit University Admission အတွက်ဆိုရင်တော့ Admin တို့ Learnverse team မှ FOC education service ဝန်ဆောင်မှုများကို ရရှိနေပါပြီ။
အနီးဆုံး Aug Intake အတွက်ကတော့ deadline July 4th ဖြစ်ပါတယ်❗️

⭐️ RSU Next intake (JAN INTAKE) အတွက်လျှောက်ထားချင်တယ်ဆိုရင်လည်း အခုကစပြီး ကြိုတင်ပြင်ဆင်ထားလို့ ရပါပြီနော်။ Admission ရော Scholarshipအတွက်ပါ လာတိုင်ပင်နိုင်ပါတယ်။

✅ ကျွန်တော်တို့ Learnverse နှင့်ကျောင်းအပ်တဲ့ ကျောင်းသားများအတွက် ကျောင်းဝင်ခွင့် process များ စ-ဆုံး ကူညီပြင်ဆင်ပေးတဲ့အပြင် 𝐅𝐫𝐞𝐞 Flight ticket (Myanmar-Bangkok) စတာတွေကိုပါ စီစဉ်ပေးထားလို့ page chatbox, VIBER/Telegram : +66615370733 ကို ဆက်သွယ်နိုင်ပါပြီ။

02/07/2025

❇️ ကျောင်းအပ်အပ်ချင်း 𝐏𝐚𝐫𝐭𝐢𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 တန်းရမယ့် 𝐊𝐫𝐢𝐫𝐤 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 🇹🇭

Hello 👋 Learnverse ကနေ ကြိုဆိုပါတယ်။ ဒီနေ့ Scholarship opportunity လေးတစ်ခုကို share ပေးချင်ပါတယ်။အဲ့တာကတော့ထိုင်းနိုင်ငံရဲ့private university တစ်ခုဖြစ်တဲ့ 𝐊𝐫𝐢𝐫𝐤 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ဖြစ်ပါတယ်။ 𝐀𝐮𝐠𝐮𝐬𝐭 𝐈𝐧𝐭𝐚𝐤𝐞 အတွက် စတင် လျှောက်ထားနိုင်ပါပြီဗျ။🚨

ကျောင်းစအပ်တာနဲ့ 10% Scholarship discount ရရှိမဲ့ အပြင်၊ English academic record နဲ့ interview ပေါ် မူတည်ပြီး 30% to 100 % အထိ Scholarship ပေးနေတဲ့ ကျောင်း ဖြစ်ပါတယ်။

✅ လျှောက်ထားလို့ရမဲ့ Major များ

Master Program - 2 years 🇹🇭
Master of Business Administration - 298,000/ full

Bachelor Program - 4 years 🇹🇭
B.B.A (Business Computing) - 58,000/ sem
B.B.A (Aviation) - 58,000/ sem
Bachelor of Technology (ICT) - 68,000/ sem
B.B.A ( Arts and Design) - 68,000/ sem
B.B.A ( Tourism and Hospitality Management) - 68,000/ sem

✅ကျောင်းလျှောက်ဖို့ အတွက်ဘာတွေ လိုအပ်မလဲဆိုရင်❓

- အထက်တန်း အောင်လက်မှတ်၊ အမှတ်စရင်း (နိုတြီ + မူရင်း) Or GED/ IGCSE A level
- Passport
- English Proficiency Certificate (IELTS,TOFEL) or British Council Screenshot
- Cv form (For Scholarships )

ထိုင်းမှာ ကျောင်းလျှောက်တာ ကျောင်းအကြောင်းသိလိုရာများရှိပါက Learn verse တွင် လာရောက်ပီး Consultation လေးလာလုပ်လို့ရပါတယ်ဗျ။

မေးမြန်းလိုရာ အသေးစိတ်ကို chatboxမှ တဆင့် သို့မဟုတ် Viber: +66615370733 မှတဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်✅🙌



ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

5/5, Lak Hok, Mueang Pathum Thani District, Pathum Thani, R-1306 Bundit Apartment
Bangkok
12000