Anglo Singapore International School - MM Community

Anglo Singapore International School - MM Community

Share

Nestle in the heart of Bangkok. Anglo nurtures students in a holistic learning environment. 🏫

Photos from Anglo Singapore International School - MM Community's post 11/05/2026

✨ နိုင်ငံတကာမှ တက္ကသိုလ်ကြီးများတွင် ပညာသင်ဆု အသီးအသီးရရှိကြသော Anglo Singapore မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ယူဝမ်းမြောက်ကြောင်း ချီးကျူးဂုဏ်ပြုလွှာ – 𝐂𝐥𝐚𝐬𝐬 𝐨𝐟 𝟐𝟎𝟐𝟔 🏆🎓

Anglo Singapore International School အနေဖြင့် ၂၀၂၆ ပညာသင်နှစ် မှ ကျောင်းသား၊ ကျောင်းသူများ၏ ထူးချွန်ပြောင်မြောက်သော ပညာသင်ဆု (Scholarship) အောင်မြင်မှုများကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ယခုနှစ်တွင် Anglo ကျောင်းသားများသည် ဟောင်ကောင်၊ တရုတ်၊ ကနေဒါ၊ ယူကေ နှင့် သြစတြေးလျနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများမှ ပညာသင်ဆုများစွာကို ကမ်းလှမ်းခြင်းခံခဲ့ရပြီး၊ စုစုပေါင်း ပညာသင်ဆုတန်ဖိုးမှာ ထိုင်းဘတ် ၃၂ သန်းကျော် (𝟑𝟐 𝐦𝐢𝐥𝐥𝐢𝐨n 𝐓𝐇𝐁) အထိ ရရှိခဲ့ပါသည်။

🎓 အဆိုပါ ပညာသင်ဆုများထဲတွင် HKUST, CUHK–Shenzhen, CUHK Hong Kong, HKU နှင့် PolyU တို့ကဲ့သို့ နာမည်ကြီးတက္ကသိုလ်များမှ Full Scholarships (ပညာသင်စရိတ်အပြည့်အစုံ) များအပြင်၊ အခြားသော ကမ္ဘာ့အဆင့်မီ ထူးချွန်ဆုများဖြစ်သည့်:

• UBC Outstanding International Student Award
• University of Waterloo International Student Entrance Scholarship
• University of York Global Impact Undergraduate Scholarship
• University of Greenwich Early Applicant Undergraduate Scholarship
• University of Strathclyde SBS Dean’s Excellence Scholarship
• Loughborough University International Excellence Scholarship
• University of Newcastle International Excellence Scholarship
• University of East London Early Applicant Scholarship စသည်တို့ ပါဝင်ပါသည်။

✨ ဤအောင်မြင်မှုများသည် ကျောင်းသားများ၏ ထူးချွန်သော ပညာရည်အရည်အသွေး၊ ဇွဲလုံ့လ၊ ရည်မှန်းချက်ကြီးမားမှုတို့ကြောင့်ဖြစ်ပြီး သူတို့ရွေးချယ်ထားကြသော ဆေးပညာ၊ အင်ဂျင်နီယာ၊ ဇီဝနည်းပညာ၊ အသုံးချသိပ္ပံ၊ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် သင်္ချာဘာသာရပ် စသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတို့မှာလည်း ဆက်လက်ထူးချွန်အောင်မြင်သူများဖြစ်ကြမှာ မလွဲမသေပါပဲ။

ပညာသင်ဆုရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုများအားလုံးကို Anglo Singapore International School မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါသည်။ ကျောင်းဆင်းများအနေဖြင့် နောင်အနာဂတ်တွင်လည်း ဆက်လက်ဖွံ့ဖြိုးတိုးတက်ပြီး လူ့အဖွဲ့အစည်းအပေါ် ကောင်းမွန်သော သက်ရောက်မှုများ ပေးစွမ်းနိုင်မည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာကြလိမ့်မည်ဟု အစဉ်အမြဲ မျှော်လင့်ယုံကြည်ပါသည်။

Congratulations, Class of 2026! 🎉✨

30/04/2026

𝐀𝐧𝐠𝐥𝐨 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ ဘက်စုံပညာရေး 𝐂𝐨-𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬✨

ကျောင်းသား၊ ကျောင်းသူတိုင်းမှာ မတူညီတဲ့ ဝါသနာ၊ စိတ်ပါဝင်စားမှုနဲ့ ထူးချွန်ထက်မြက်မှုတွေ ကိုယ်စီရှိကြပါတယ်။ ကျောင်းသားတိုင်းရဲ့ မတူညီတဲ့ ဝါသနာတွေကို ဖော်ထုတ်ပေးပြီး
ကျွမ်းကျင်တိုးတက်စေဖို့နဲ့ ကျောင်းစာအပြင် ဘက်စုံထူးချွန်စေဖို့အတွက် Anglo Singapore မှာ 𝐂𝐨-𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 (𝐂𝐂𝐀) ပေါင်း ၂၀ ကျော်ကို စီစဉ်ထားရှိပေးပါတယ်။

အားကစားကို စိတ်ပါဝင်စားသော ကျောင်းသား၊ကျောင်းသူများအတွက် ရေကူး၊ ကြက်တောင်၊ ဘောလုံး၊ ဘတ်စကတ်ဘော၊ ဘော်လီဘော၊ မြှားပစ်နှင့် အခြားအားကစားနည်းပေါင်းများစွာရှိပြီး အနုပညာနှင့် ဖန်တီးမှုတို့ကို စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများအတွက် ဂီတ၊ ဒရာမာပြဇာတ် ၊ အက၊ မီဒီယာတင်ဆက်မှု၊ စစ်တုရင်၊ ချက်ပြုတ်ခြင်းအတတ်ပညာနှင့် အခြား အတတ်ပညာကဏ္ဍများစွာကို လေ့လာနိုင်အောင် စီစဉ်ပေးထားတာဖြစ်လို့ မိမိဝါသနာပါရာကို စိတ်ကြိုက်ရွေးချယ် လေ့လာနိုင်မှာဖြစ်ပါတယ်။

✨𝐂𝐨-𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 (𝐂𝐂𝐀) မှတစ်ဆင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
■ Confidence & Communication: မိမိကိုယ်ကို ယုံကြည်မှုနှင့် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တိုးတက်စေခြင်း၊
■ Teamwork & Leadership Skills: အသင်းအဖွဲ့နှင့် အတူပူပေါင်းလုပ်ကိုင်နိုင်စွမ်းရည်တိုးတက်ပြီး ခေါင်းဆောင်နိုင်မှုစွမ်းရည်တိုးတက်စေခြင်း၊
■ Creativity & Critical Thinking: တီထွင်ကြံဆမှုနှင့် ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည်တိုးတက်စေခြင်း၊
■ Discipline & Resilience: စည်ကမ်းလိုက်နာမှုနှင့် ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တို့ကို မြင့်မားစေမှာပဲဖြစ်ပါတယ်။

Anglo Singapore မှာ ကျောင်းသား၊ ကျောင်းသူတိုင်း ဘက်စုံထူးချွန်ပြီး student-life balance ရရှိဖို့အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။
Anglo Singaporeရဲ့ CCA မှတစ်ဆင့် ကျောင်းသား၊ကျောင်းသူတိုင်းရဲ့ ဗီဇစွမ်းရည်တို့ကို ဖော်ထုတ်ပေးနိုင်ရုံသာမက ဘဝတိုးတက်အောင်မြင်ဖို့အတွက် လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေး စွမ်းရည်များကိုပါ ပြုစုပျိုးထောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Anglo Singapore က ခိုင်မာတဲ့ Singaporean-British Curriculum သင်ရိုးညွှန်တမ်းနဲ့ STEAMB သင်ကြားရေးစနစ်ကို အသုံးပြုတာဖြစ်တဲ့အတွက် သင့်ကလေးအနာဂတ်တိုးတက်အောင်မြင်ဖို့အတွက် အခြေခံအုတ်မြစ်ကောင်းချပေးနိုင်တဲ့ International School ပဲဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်အသေးစိတ်အကြောင်းအရာများကို စုံစမ်းမေးမြန်းလိုပါက Page Messenger မှာဖြစ်စေ Comment Box မှာ info ဟုရေးသားကာ အချက်အလက်များကို ရယူနိုင်ပါတယ်။

For Enquiries:
📲+66 63193 9368
📧 [email protected]
✨𝙇𝙚𝙖𝙧𝙣 𝙩𝙤 𝙏𝙝𝙞𝙣𝙠, 𝙏𝙝𝙞𝙣𝙠 𝙩𝙤 𝙇𝙚𝙖𝙧𝙣🎓

𝐀𝐧𝐠𝐥𝐨 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥
📍Campus 64: No.1, Sukhumvit 64, Phrahkanong Tai, Phrakhanong Bangkok 10260, Thailand | 📲+66 2331 1874/5
​​📍Campus 31: No. 108/2-3, Sukhumvit 31, Sukhumvit Road, Klongton Nua, Wattana, Bangkok 10110, Thailand | 📲 +66 086-340-8288/ 086-306-8788
📍Campus Korat: No. 1688/18, Mittraphap Road, Nai Muang, Muang Nakhon Ratchasima 30000, Thailand | 📲 +66 2772 7988/ 89
🌐 Website: https://anglosingapore.ac.th/

14/03/2026

♦️ထိုင်းနိုင်ငံမှာ International School တက်ဖို့ စိတ်ကူးနေလား…

✨ထိုင်းနိုင်ငံရဲ့ ယုံကြည်ရဆုံးနဲ့ အောင်မြင်ဆုံး ကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ Anglo Singapore International School က သင့်ကလေးငယ်တွေရဲ့ ပညာရေးခရီးလမ်းကို Kindergarten ကနေ Junior College အထိ (IGCSE & A Levels) တစ်နေရာတည်းမှာ အပြီးအပိုင် ပုံဖော်ပေးဖို့ အသင့်ရှိနေပါတယ်။

Anglo Singapore နှင့် ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကို မြန်မာနိုင်ငံကနေပဲ စုံစမ်းသိရှိနိုင်ဖို့အတွက် Virtual Open Day ကို Zoom အွန်လိုင်းမှ တစ်ဆင့် တက်ရောက်ပြီး လေ့လာနိုင်ပါတယ်။

Virtual Open Day
📅 28 March 2026 (Saturday)
⏰ 9:30 AM – 11:00 AM (မြန်မာစံတော်ချိန်)
📍 ZOOM (Zoom link ကို register ပြုလုပ်ပြီးပါက email မှ တစ်ဆင့် ပို့ပေးမှာဖြစ်ပါတယ်။)
🔗 စာရင်းပေးသွင်းရန် − https://anglo.fillout.com/t/9Hi67BQvV1us
(messenger မှ တစ်ဆင့်လည်း စာရင်းပေးသွင်းနိုင်ပါတယ်။)

ဘာကြောင့် Anglo Singapore ကို ရွေးချယ်သင့်တာလဲ? ✨

▪️Singapore + British Dual Curriculum 🇸🇬🇬🇧:
ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တွေဆီ တက်လှမ်းနိုင်ဖို့ အကောင်းဆုံး သင်ရိုးညွှန်းတမ်းနှစ်ခုကို ပေါင်းစပ်ထားပါတယ်။

▪️STEAM-B Focus:
သိပ္ပံ၊ နည်းပညာ၊ အနုပညာနဲ့ စီးပွားရေး (Business) ဘာသာရပ်တွေကိုပါ အထူးပြု သင်ကြားပေးပါတယ်။

▪️Future-Ready Learning:
Practical Lab များ၊ Science Project များ၊ robotic programming နှင့် coding ၊ စီးပွားစီမံခန့်ခွဲမှုနှင့်ဆိုင်သည့် project များကို ကိုယ်တိုင် လက်တွေ့လေ့လာပြုလုပ်ကြရပါတယ်။

▪️Multi-Language Skills:
သင်ရိုးညွှန်းတမ်းအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးပြီး English Speaking Community ဖြစ်ပါတယ်။ Additional Language အနေနဲ့ ထိုင်းဘာသာစကား အခြေခံကို သင်ကြားရမည်ဖြစ်ပြီး အခြားဘာသာစကားများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားတို့သည် မိခင်ဘာသာစကားဖြစ်ပါက ထိုဘာသာစကားများကိုလည်း သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းသင်ကြားပေးပါတယ်။

▪️Co-Curiculum Activities
Academic ပိုင်းအပြင် ကျောင်းသားများ ဝါသနာပါရာ activity ပေါင်း ၂၀ ကျော်ကို လေ့လာသင်ယူနိုင်ရန် စီစဉ်ပေးထားပါတယ်။

▪️Student Well-being & Mental Health Support
Anglo Singapore မှာ ကျွမ်းကျင်တဲ့ Professional Counselors များ ရှိပြီး ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးရာ အခက်အခဲတွေကို တစ်ဦးချင်း (One-on-One) လျှို့ဝှက်စွာ ဆွေးနွေး အကြံပေးပါတယ်။ Anglo Singapore မှာ ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံး ကျောင်းသားများ မလိုအပ်သည့် စိတ်ဖိစည်းမှု မရှိစေရန်အတွက် အထူးအလေးထား ဆောင်ရွက်ပါတယ်။

▪️Global Community:
နိုင်ငံပေါင်း ၂၀ ကျော်က ကျောင်းသား ၁,၈၀၀ ကျော် တက်ရောက်နေသောကြောင့် နိုင်ငံတကာမှ ကျောင်းသားများရဲ့ ယဉ်ကျေးမှုများကို လေ့လာခွင့်ရရှိပြီး လူမှုပေါင်းသင်းဆက်ဆံရေးကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။

▪️Academic & Career Guidance
Secondary level မှာ ဘာသာရပ်များ ရွေးချယ်မှု၊ တက္ကသိုလ်နှင့် မေဂျာ ဘာသာရပ်များ ရွေးချယ်မှုနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်တို့ကို မှန်ကန်စွာ ရွေးချယ်တတ်နိုင်စေဖို့အတွက်လည်း Academic Career Service Team ထားရှိပေးထားပါတယ်။

▪️Prime Locations:
ဘန်ကောက်မြို့တွင် ကျောင်း Campus ၂ ခုနှင့်၊ Korat Nakhon Ratchasima မြို့မှာ ကျောင်း Campus ၁ ခုရှိပြီး ဘန်ကောက် campus များမှာ သွားလာရအလွယ်ကူဆုံး BTS Sukhumvit Green Line အနီးမှာ တည်ရှိပါတယ်။

♦️Virtual Open Day မှာ Myanmar Admission Team လည်းရှိနေမှာဖြစ်တဲ့အတွက် ကျောင်းစရိတ်၊ visa ကိစ္စအဝဝနှင့် အခြားသိလိုသမျှအကြောင်းအရာများကို အသေးစိတ်စုံစမ်းမေးမြန်းနိုင်မှာဖြစ်ပါတယ်။

26/02/2026

🎓 IGCSE မှာ အမှတ်ကောင်းရရှိဖို့ Anglo Singapore မှာ ကျောင်းအပ်နှံပါ ✨

Anglo Singapore International School ရဲ့ IGCSE အစီအစဉ်ဟာ ကျောင်းသား၊ ကျောင်းသူတွေကို ပညာရေးမှာ ထူးချွန်ရုံတင်မကဘဲ အနာဂတ်မှာ အမှန်တကယ် အောင်မြင်တိုးတက်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကိုပါ ပိုင်ဆိုင်နိုင်အောင် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးပါတယ်။

Anglo မှာ IGCSE ကျောင်းသားတွေကို ဘယ်လိုအကောင်းဆုံး လေ့ကျင့်ပေးနေသလဲဆိုရင် -
📚 ခိုင်မာသော ပညာရေးအခြေခံအုတ်မြစ်များ
Anglo Singapore ရဲ့ Singaporean-British သင်ရိုးညွှန်းတမ်းဟာ သင်္ချာ၊ သိပ္ပံနဲ့ အင်္ဂလိပ်စာလို အဓိကဘာသာရပ်တွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ အခြေခံအုတ်မြစ်သေချာချကာ သင်ခန်းစာတိုင်းကို နားလည်သဘောပေါက်အောင် သင်ကြားပေးပါတယ်။
🧠 လက်တွေ့သင်ယူမှုမှတစ်ဆင့် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း ကျောင်းစာတွေတင်မကဘဲ ကျောင်းသားတွေရဲ့ အရည်အသွေး တိုးတက်လာဖို့အတွက် -
■ Group Discussions: ကျောင်းသား၊ ကျောင်းသူအချင်းချင်း အကြံဉာဏ်တွေ ဖလှယ်ရင်း ပြဿနာများကိုဖြေရှင်းစေခြင်း၊ ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ထုတ်ဖော်နိုင်စေခြင်းတို့နဲ့အတူ ယုံကြည်မှုတွေကို တည်ဆောက်ပေးပါတယ်။
■ Collaborative Projects: အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကို မြှင့်တင်ပေးပါတယ်။
■ Practical Lab Experiments: သိပ္ပံဘာသာရပ်တွေကို လက်တွေ့စမ်းသပ်မှုတွေနဲ့ ပေါင်းစပ်သင်ကြားပေးလို့ သင်ခန်းစာတွေကို ပိုမို စိတ်ဝင်စားစေပြီး နားလည် သဘောပေါက်လွယ်စေပါတယ်။

✍️ စနစ်ကျသော စာမေးပွဲပြင်ဆင်မှုများ
စာမေးပွဲတွေမှာ အကောင်းဆုံးရလဒ်တွေရရှိဖို့အတွက် -
■ ပုံမှန်စစ်ဆေးအကဲဖြတ်ခြင်းနှင့် Feedback များပေးခြင်း
■ Past Paper မေးခွန်းဟောင်းများကို လေ့ကျင့်ပေးခြင်း
■ ထိရောက်တဲ့ စာကြည့်နည်းလမ်းညွှန်ချက်များနှင့် စနစ်တကျ လေ့လာနိုင်ဖို့အတွက် သင်ကြားလေ့ကျင့်ပေးပါတယ်။

👩‍🏫 ဆရာ၊ ဆရာမများ၏ နီးကပ်သော ပံ့ပိုးမှု
စာသင်ခန်း တစ်ခန်းချင်းစီတိုင်းကို ကျောင်းသားဦးရေ အနည်းငယ်ဖြင့် အကန့်အသတ်ဖြင့်သာ သင်ကြားပေးတာကြောင့် ဆရာ၊ ဆရာမတွေက ကျောင်းသားတစ်ဦးချင်းစီကို အနီးကပ် သေချာလမ်းညွှန်ပေးနိုင်ပြီး သေချာကြပ်မက် လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။
🌍 နိုင်ငံတကာမှထိပ်တန်းတက္ကသိုလ်များသို့ လှမ်းတက်နိုင်မည့် လမ်းစ
ထိရောက်တဲ့ သင်ကြားမှုနဲ့ စနစ်ကျတဲ့ ပညာရေးလေ့ကျင့်မှုတွေကြောင့် IGCSE မှာ ရလဒ်ကောင်းတွေရရှိပြီး နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေကြောင့် မိမိရည်မှန်းရာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေကို တက်ရောက်နိုင်ဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။

🎓 ACS Team ၏ အထူးအကူအညီများ
Anglo ရဲ့ Academic & Career Services (ACS) အဖွဲ့က ကျောင်းသားတွေအတွက် -
■ ဘာသာရပ်များရွေးချယ်ခြင်းအတွက် လမ်းညွှန်းဆွေးနွေးပေးခြင်း၊
■ A-Level အတွက် ကြိုတင်ပြင်ဆင်ခြပေးခြင်း
■ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်အောင် ကူညီပံ့ပိုးပေးပါတယ်။
Anglo ရဲ့ Singaporean-British Curriculum နှင့် စနစ်ကျတဲ့ သင်ကြားရေးကြောင့် IGCSE သင်ခန်းစာများကို အခက်အခဲမရှိဘဲ လွယ်ကူစွာ သင်ယူနိုင်မှာဖြစ်ပြီး အမှတ်ကောင်းများရရှိကာ မိမိရည်မှန်းရာ တက္ကသိုလ်ကြီးများသို့ တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

✨ 2026-2027 ပညာသင်နှစ်အတွက် ကျောင်းအပ်များလက်ခံနေပါပြီ။ မြန်မာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝင်ခွင့်ဆိုင်ရာလိုအပ်ချက်များနှင့် ဗီဇာကိစ္စအဝဝကို ဆွေးနွေးမေးမြန်းနိုင်ဖို့အတွက် Anglo ရဲ့ မြန်မာ Admission Team က ကူညီဖို့ အမြဲအဆင်သင့်ရှိနေပါတယ်။
အသေးစိတ်မေးမြန်းစုံစမ်းရန် −
📲+66 63193 9368
📩 [email protected]

🏫𝐀𝐧𝐠𝐥𝐨 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥
📍Campus 64: No.1, Sukhumvit 64, Phrahkanong Tai, Phrakhanong Bangkok 10260, Thailand | 📲+66 2331 1874/5
📍Campus 31: No. 108/2-3, Sukhumvit 31, Sukhumvit Road, Klongton Nua, Wattana, Bangkok 10110, Thailand | 📲 +66 086-340-8288/ 086-306-8788
📍Campus Korat: No. 1688/18, Mittraphap Road, Nai Muang, Muang Nakhon Ratchasima 30000, Thailand | 📲 +66 2772 7988/ 89
🌐 Website: https://anglosingapore.ac.th/

✨𝙇𝙚𝙖𝙧𝙣 𝙩𝙤 𝙏𝙝𝙞𝙣𝙠, 𝙏𝙝𝙞𝙣𝙠 𝙩𝙤 𝙇𝙚𝙖𝙧𝙣🎓

17/02/2026

🧧 Happy Chinese New Year from Anglo Singapore International School! 🧧

As we welcome the New Year, we would like to extend our warmest wishes to all our students, parents, and our entire Anglo family.
May this new year bring you joy, prosperity, good health, and continued success in all that you do. ✨
Thank you for being a valued part of the Anglo family. Together, let’s embrace new opportunities and achieve even greater milestones in the year ahead.
Gong Xi Fa Cai! 🧨🎊

29/01/2026

မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသို့ လူကိုယ်တိုင် လာရောက်လေ့နိုင်ဖို့အတွက် Private School Tour အစီအစဉ်

♦️ Private School Tour (ကျောင်းလေ့လာရေးအစီအစဉ်) မှာ Anglo Singapore International School ၏ Singapore-British Curriculum အကြောင်းအရာများ၊ Anglo ၏ ထူးခြားပြီး ထိရောက်တဲ့ သင်ကြားရေးစနစ်အကြောင်း၊ Co-Curriculum Activities အကြောင်းအရာများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဝန်ဆောင်မှုများ၊ ကျောင်းရှိ Facilities များနှင့် ကျောင်းလခ အသေးစိတ်အကြောင်းအရာတို့ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ပွဲနေ့မှာ ကျောင်းအပ်နှံသူများအတွက်လည်း အထူး discount များကို ပေးအပ်သွားမှာဖြစ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ ကျောင်းသားမျာနှင့် မိဘများကို ကျောင်းသို့ လူကိုယ်တိုင် လာရောက်လေ့လာကြဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်။

📅 ရက်စွဲ − ၆.၂.၂၀၂၆ (သောကြာနေ့)
⏰ အချိန် − မနက် ၁၀:၀၀ မှ ၁၂း၀၀ အထိ (ဘန်ကောက်စံတော်ချိန်)
📍 တည်နေရာ− Anglo Singapore International School, Campus 64
(No.1, Sukhumvit 64, Phrahkanong Tai, Phrakhanong Bangkok 10260, Thailand)
စာရင်းပေးသွင်းရန် − https://anglo.fillout.com/t/fgUBcET1GNus
Messenger မှ တစ်ဆင့်လည်း စာရင်းပေးသွင်းနိုင်ပါတယ်။

𝐀𝐧𝐠𝐥𝐨 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥
📍Campus 64: No.1, Sukhumvit 64, Phrahkanong Tai, Phrakhanong Bangkok 10260, Thailand | 📲+66 2331 1874/5
📍Campus 31: No. 108/2-3, Sukhumvit 31, Sukhumvit Road, Klongton Nua, Wattana, Bangkok 10110, Thailand | 📲+66 086-340-8288/ 086-306-8788
📍Campus Korat: No. 1688/18, Mittraphap Road, Nai Muang, Muang Nakho Ratchasima 30000, Thailand | 📲 +66 2772 7988/ 89
🌐Website: https://anglosingapore.ac.th/
✨𝙇𝙚𝙖𝙧𝙣 𝙩𝙤 𝙏𝙝𝙞𝙣𝙠, 𝙏𝙝𝙞𝙣𝙠 𝙩𝙤 𝙇𝙚𝙖𝙧𝙣🎓

Photos from Anglo Singapore International School - MM Community's post 21/01/2026

✨ ဘဝမှာ အခွင့်အလမ်းကောင်းတွေကိုရရှိဖို့နဲ့ တိုးတက်အောင်မြင်ဖို့အတွက် ပညာရေးအခြေခံအုတ်မြစ်ကောင်းကောင်း ငယ်ရွယ်စဉ်ကတည်းက ရရှိခဲ့ဖို့လိုအပ်ပါတယ်။ Anglo Singapore International School က ကျောင်းသား/သူများရဲ့ ပညာရေးပိုင်းသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ပါ သင်ရိုးညွှန်းတမ်းများကို စနစ်တကျတည်ဆောက်ထားတဲ့ International School ပဲဖြစ်ပါတယ်။

♦️ Anglo Singapore International School တွင် နိုင်ငံပေါင်း (၂၅) နိုင်ငံကျော်မှ ကျောင်းသား/သူများ တက်ရောက်နေပြီး မြန်မာကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းအပ်နှံရေး အစစအရာရာ အလွယ်ကူအဆင်ပြေစေဖို့အတွက် မြန်မာ Admission Team မှ အမြဲအဆင်သင့်ရှိနေပါတယ်။

♦️ Anglo Singapore International School ကို ရွေးချယ်သင့်တဲ့ အဓိကအချက်များကတော့

၁။ 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞𝐚𝐧-𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 သင်ရိုးညွှန်းတမ်း✅
ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်ကြီး (၂) ခုဖြစ်တဲ့ စင်္ကာပူပညာရေးနဲ့ အင်္ဂလန်ပညာရေးသင်ရိုးညွှန်းတမ်းတို့ကို ပေါင်းစမ်းသင်ကြားပေးတဲ့ သင်ကြားစနစ်ကို အသုံးပြုတာပဲဖြစ်ပါတယ်။ 🇸🇬🇬🇧 စင်္ကာပူရဲ့ ပညာရေးက သင်္ချာနဲ့ သိပ္ပံဆိုင်ရာဘာသာရပ်တွေကို ငယ်စဉ်အတန်းမှစတင်ပြီး အခြေခံကို ကောင်းစွာ ပိုင်နိုင်အောင် လေ့ကျင့်သင်ကြားပေးတဲ့ စနစ်ဖြစ်ပါတယ်။ အင်္ဂလန်ပညာရေးစနစ်ရဲ့ အဓိက သော့ချက်ဖြစ်တဲ့ Criticial Thinking နဲ့ Problem Solving Skill တို့ကို အသုံးချပြီး သင်ခန်းစာတွေကို ကိုယ်တိုင် နားလည်တတ်မြောက်စေတဲ့ သင်ကြားရေးနည်းလမ်းများကို အသုံးပြုပါတယ်။ 📚
ဒီလိုအကောင်းဆုံး သင်ရိုးညွှန်းတမ်းနဲ့ ပညာရေးစနစ် (၂)ခုကို ပေါင်းစပ်သင်ကြားခြင်းကြောင့် Anglo ရဲ့ ကျောင်းသားများက ပညာရေးပိုင်းတွင်သာမက ဘက်စုံဖွံ့ဖြိုးတိုးတက်ကြတာပဲဖြစ်ပါတယ်။

၂။ နိုင်ငံတကာ တက္ကသိုလ်ကြီးများသာမက ထိုင်းနိုင်ငံရှိဆေးတက္ကသိုလ်ကြီးများတွင်လည်း တက်လှမ်းနိုင်ခွင့်ရှိခြင်း ✅
Anglo က ကမ္ဘာ့ပညာရေးအဖွဲ့အစည်းကြီးများဖြစ်တဲ့ 𝐖𝐞𝐬𝐭𝐞𝐫𝐧 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐒𝐜𝐡𝐨𝐨𝐥𝐬 𝐚𝐧𝐝 𝐂𝐨𝐥𝐥𝐞𝐠𝐞𝐬 (𝐖𝐀𝐒𝐂, 𝐔𝐒𝐀 နဲ့ 𝐭𝐡𝐞 𝐂𝐨𝐮𝐧𝐜𝐢𝐥 𝐨𝐟 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥𝐬 (𝐂𝐈𝐒, 𝐔𝐊) တို့မှ တရားဝင်အသိအမှတ်ပြု accredition ရရှိထားတဲ့ ကျောင်းဖြစ်သည့်အတွက် အထက်တန်းအောင်မြင်ပြီးဆုံးပါက နိုင်ငံတကာရှိ တက္ကသိုလ်ကြီးများစွာကို တက်ရောက်နိုင်ပါတယ်။
ဒါ့အပြင် 𝐌𝐢𝐧𝐢𝐬𝐭𝐫𝐲 𝐨𝐟 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 (𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝) မှ တရားဝင်အသိအမှတ်ပြုထားသော International School ဖြစ်သည့်အတွက်လည်း ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက တက္ကသိုလ်ကျောင်းများသာမက အစိုးရတက္ကသိုလ်များ၏ ဆေးတက္ကသိုလ်နှင့် အခြားတက္ကသိုလ်များကိုလည်း လျှောက်ထားတက်ရောက်နိုင်မှာဖြစ်ပါတယ်။ British Curriculum & Education Pathway ဖြင့် သင်ကြားပေးပြီး Kindergarten မှသည် Secondary Level (IGCSE) နှင့် Junior College Level (A-Level) ပြီးဆုံးသည်အထိ Anglo Singapore International School မှာ တက်ရောက်နိုင်ပါတယ်။

၃။ ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်တိုးတက်နိုင်ခွင့်ရှိခြင်း ✅
သင်ခန်းစာများအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးပြီး Anglo က English Speaking Community ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကားများဖြစ်သည့် Chinese၊ Japanese၊ Korean၊ Thai ဘာသာစကားများကိုလည်း တတ်မြောက်ပြောဆိုနိုင်ရန် basic မှ advance level အထိ စာသင်နှစ် တစ်နှစ်ချင်းစီတိုင်း၏ သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းသင်ကြားပေးပါတယ်။

၄။ ကျောင်း Campus များရဲ့ တည်နေရာ အချက်အချာကျခြင်း ✅
Anglo သည် ဘန်ကောက်တွင် Campus (၂) ခုနဲ့ Korat မြို့တွင့် Campus (၁) ခုရှိပြီး ဘန်ကောက်မှာရှိတဲ့ Campus 31 နှင့် Campus 64 သည် ဘန်ကောက်ရဲ့ သွားရ လာရ လွယ်ကူတဲ့ BTS အစိမ်းလိုင်းမှာတည်ရှိပြီး City Center Downtown (Siam) နှင့် မိနစ် ၂၀ ကျော်ခန့်သာ ဝေးသော တည်နေရာမှာတည်ရှိသောကြောင့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများအတွက်ပါ နေထိုင်၊ သွားလာရေး အစစအရာရာ အဆင်ပြေစေမယ့် International School တစ်ခုပဲဖြစ်ပါတယ်။ 🚝🚌

♦️ ကျောင်းနှင့်ပတ်သည့် အသေးစိတ်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် messenger မှာ နာမည်နှင့် ဖုန်းနံပါတ်ချန်ထားပြီးသော်လည်းကောင်း [email protected] ကို email ပို့ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

စုံစမ်းမေးမြန်းရန် −
📲+66 63193 9368
📧 [email protected]

✨𝙇𝙚𝙖𝙧𝙣 𝙩𝙤 𝙏𝙝𝙞𝙣𝙠, 𝙏𝙝𝙞𝙣𝙠 𝙩𝙤 𝙇𝙚𝙖𝙧𝙣🎓

𝐀𝐧𝐠𝐥𝐨 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥
📍Campus 64: No.1, Sukhumvit 64, Phrahkanong Tai, Phrakhanong Bangkok 10260, Thailand | 📲+66 2331 1874/5
​​📍Campus 31: No. 108/2-3, Sukhumvit 31, Sukhumvit Road, Klongton Nua, Wattana, Bangkok 10110, Thailand | 📲 +66 086-340-8288/ 086-306-8788
📍Campus Korat: No. 1688/18, Mittraphap Road, Nai Muang, Muang Nakhon Ratchasima 30000, Thailand | 📲 +66 2772 7988/ 89
🌐 Website: https://anglosingapore.ac.th/

13/11/2025

🌏 ငယ်ရွယ်စဉ်မှာ ဘာသာစကားအသစ်ကို သင်ယူခြင်း၏ အကျိုးကျေးဇူးများ✨
သုသေနပြုလုပ်ထားတဲ့ အချက်အလက်များအရ ငယ်ရွယ်စဉ်မှာ ဘာသာစကားတစ်ခုထက်ပိုပြီး သင်ယူလေ့လာခြင်းက ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုရုံသာမက သိမြင်မှုဆိုင်ရာ (Cognitive)၊ လူမှုရေးဆိုင်ရာ (Social) နှင့် ဆက်သွယ်ပြောဆိုမှုဆိုင်ရာ (Communication) စွမ်းရည်များ တိုးတက်ဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။

💬၁။ ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်း
ဘာသာစကားအသစ်တစ်ခု ထပ်မံသင်ယူခြင်းသည် မှတ်ဉာဏ်ကို တိုးတက်စေခြင်း၊ အာရုံစူးစိုက်မှုကို တိုးတက်စေခြင်းနှင့် ပြဿနာဖြေရှင်းနိုင်သည့် စွမ်းရည်များကို မြှင့်တင်ပေးခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ ငယ်ရွယ်စဉ်ကာလမှာ ဦးနှောက်က ဘာသာစကားအသစ်ရဲ့ အသံထွက်များနဲ့ စာကြောင်းတည်ဆောက်ပုံများ အလွယ်တကူ ချိတ်ဆက်နားလည်နိုင်စွမ်းပိုမြင့်မားသောကြောင့် ငယ်ရွယ်စဉ်မှာ ဘာသာစကား သင်ယူဖို့က အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

📚 ၂။ ပညာရေးတွင်ပိုမို ထူးချွန်ခြင်း
ဘာသာစကားမျိုးစုံကို သင်ယူသော ကလေးများသည် စာဖတ်ခြင်း၊ စာရေးခြင်းနှင့် သင်္ချာဘာသာရပ်များတွင် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ကြပါတယ်။
ဘာသာစကားသင်ယူခြင်းသည် ဝေဖန်ပိုင်းခြား စိတ်ဖြာတွေးခေါ်နိုင်မှု (Analytical Thinking) နှင့် သိမြင်နိုင်စွမ်းလျင်မြန်လွယ်ကူမှု (Cognitive Flexibility) အစရှိတဲ့ စွမ်းရည်တွေကို တိုးတက်စေတာဖြစ်လို့ ပညာရေးပိုင်းတွင်လည်း ထူးချွန်စေတိုးတက်စေနိုင်ပါတယ်။

🗣️၃။ ဆက်သွယ်ပြောဆိုမှုနှင့် ယုံကြည်မှု တိုးတက်လာစေခြင်း
လေ့လာတွေ့ရှိချက်များအရ ဘာသာစကားမျိုးစုံ ပြောဆိုနိုင်သော ကလေးများသည် သာမန်ကလေးများထက် မိမိ၏ ခံစားချက်ကိုများ ပိုမိုရှင်းလင်းစွာ ဖော်ပြနိုင်ကြပါတယ်။ ထို့အပြင် မတူညီသော ယဉ်ကျေးမှုများနှင့် ရှုထောင့်များကို လွယ်ကူစွာ နားလည်နိုင်စွမ်းရှိကြသောကြောင့် စာနာထောက်ထားနိုင်မှုစွမ်းရည်လည်း မြင့်မားကြပါတယ်။

🌐၄။ နိုင်ငံတကာမှ အခွင့်အလမ်းများစွာ ရရှိနိုင်ခြင်း
ဘာသာစကားတစ်ခုထက်ပို၍ ကျွမ်းကျင်စွာ ပြောဆိုနိုင်ခြင်းသည် နိုင်ငံတကာ ပညာရေး အတွက်သာမက ကမ္ဘာတစ်ဝန်းရှိ အနာဂတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်လမ်းများအတွက်ပါ တံခါးများကို ဖွင့်လှစ်ပေးနိုင်ပါတယ်။

❤️၅။ မတူကွဲပြားသည့် ယဉ်ကျေးမှုတို့ကို နားလည်စေခြင်း
နိုင်ငံတကာကျောင်းသားများအတွက် အခြားဘာသာစကားများ သင်ယူလေ့လာခြင်းသည် မတူကွဲပြားသည့် ယဉ်ကျေးမှုတို့ကို သိရှိနားလည်နိုင်စွမ်းရှိခြင်း၊ အပြန်အလှန်လေးစားတတ်ခြင်းနဲ့ မိမိ၏ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာစကားအပေါ်လည်း ပိုမိုနားလည်သိရှိစေမှာပဲဖြစ်ပါတယ်။

♦️ Anglo Singapore International School မှာ ကျောင်းသား၊ကျောင်းသူများကို ပညာရေးပိုင်းသာမက ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ကိုလည်း အထူးအလေးထားပြီး လေ့ကျင့် သင်ကြားပေးပါတယ်။ Anglo Singapore တွင် အင်္ဂလိပ်ဘာသာစကားသည် အဓိက သုံးသည့် ဘာသာစကားဖြစ်ပြီး ၊ တရုတ်၊ ထိုင်းနှင့် additional language အဖြစ် ကိုရီးယား၊ ဂျပန်ဘာသာစကားတို့ကိုပါ ထည့်သွင်း သင်ကြားလေ့ကျင့်ပေးပါတယ်။ မူကြိုအတန်းမှ တက္ကသိုလ်ဝင်တန်းပြီးဆုံးသည်အထိ စာသင်နှစ် တစ်နှစ်ချင်းစီတိုင်းမှာ ထိရောက်တဲ့ သင်ကြားရေးစနစ်များကို အသုံးပြုကာ သင်ကြားပေးခြင်းကြောင့် Anglo Singapore ကျောင်းသား၊ ကျောင်းသူတိုင်းက ပညာရေးတွင်သာမက ဘဝအောင်မြင်မှုပန်းတိုင်ကိုပါ ဆွတ်ခူးရယူနိုင်ကြတာပဲဖြစ်ပါတယ်။

📞 Anglo Singapore International School မှာ ကျောင်းအပ်နှံဖို့အတွက် Admission Team နဲ့ အခမဲ့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

𝐀𝐧𝐠𝐥𝐨 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥
📍Campus 64: No.1, Sukhumvit 64, Phrahkanong Tai, Phrakhanong Bangkok 10260, Thailand | 📲+66 2331 1874/5
📍Campus 31: No. 108/2-3, Sukhumvit 31, Sukhumvit Road, Klongton Nua, Wattana, Bangkok 10110, Thailand | 📲+66 086-340-8288/ 086-306-8788
📍Campus Korat: No. 1688/18, Mittraphap Road, Nai Muang, Muang Nakho Ratchasima 30000, Thailand | 📲 +66 2772 7988/ 89
🌐Website: https://anglosingapore.ac.th/

✨𝙇𝙚𝙖𝙧𝙣 𝙩𝙤 𝙏𝙝𝙞𝙣𝙠, 𝙏𝙝𝙞𝙣𝙠 𝙩𝙤 𝙇𝙚𝙖𝙧𝙣 🎓

12/11/2025

Secondary Students' Sports Day 2025 ✨

🏃‍♂️Team spirit, determination, and endless energy filled the field at our Secondary Sports Day 2025!✨

From thrilling relays to friendly competition, our students showed true sportsmanship and teamwork every step of the way. 💪🎉

Want your school to be the top-listed School/college?

Opening Hours

Monday 06:45 - 04:00
Tuesday 06:45 - 04:00
Wednesday 06:45 - 04:00
Thursday 06:45 - 04:00
Friday 06:45 - 04:00