14/09/2024
အမေးများတဲ့ Paraphrasing ဘယ်လိုလုပ်ရမလဲ 📝📝
ဒီpostလေးကို မြင်တာနဲ့
အားတဲ့သူများ ချက်ချင်း note bookလေးနဲ့ ထမှတ်ပါနော်📝📝
မအားသေးတဲ့သူများက share or save ထားပြီး အားတဲ့အချိန်ပြန်လေ့လာပါနော် 📌📌
❗️စာလုပ်ကြမယ်
Paraphrasing ကို ဒီ post ကနေ ဘယ်လို လေ့လာကြမလဲ
🔺ပုံတစ်ပုံချင်းစီသေချာလေးလေ့လာပါ
🔺ကိုယ့် note taking style နဲ့ ကိုယ်တိုင်ပြန် note ထုတ်ပါ
🔺နောက်ဆုံး သုံးပုံက လေ့ကျင့်ခန်းတွေပါရှင် ကိုယ်တိုင် paraphrase လုပ်ကြည့်ပါနော်
IELTS နဲ့ ပတ်သက်တဲ့ Tips လေးတွေ Video လေးတွေ တင်ပေးသွားမှာဖြစ်လို့ Page လေးကို like and follow လုပ်ပေးသွားပါဦးနော်😍
08/09/2024
Hello admin ကျောင်းကိစ္စ ၊ visa ကိစ္စလေးတွေနဲ့ နည်းနည်း အလုပ်လေးရှုပ်နေလို့ပါရှင်
❗️IELTS နဲ့ပတ်သက်တာဖြစ်ဖြစ်
❗️Uni တက်ချင်လို့ ဘယ်လို prepare လုပ်ရမယ်ဆိုတာဖြစ်ဖြစ် သိချင်ရင် မေးထားလို့ရပါတယ်ရှင်
မေးရင်တော့ ကိုယ်သိချင်တာလေးတွေ တိတိကျကျလေး ရေးပြီး ပို့ထားပေးပါရှင်
🔺ကျောင်းတက်ချင်လို့ ဘယ်လို လုပ်ရမလဲဆိုတာထက် ဘာလေးတွေတော့ ready ဖြစ်ပါပြီ ဘာလေးတွေအထိတော့ သိထားပါတယ် နောက်ဘာပြင်ထားရမလဲ စသဖြင့် ပို့ထားပေးရင် admin အတွက်လည်း ဖြေပေးရပိုလွယ်ပါတယ်ရှင်
Thanks for following my page ပါရှင်😍
23/08/2024
ထိုင်းမှာ IELTS ဖြေဖို့ ဘယ်လို register လုပ်ရမလဲ
အမေးအများဆုံးမေးခွန်းလေးကို တင်ပေးလိုက်ပါပြီရှင်
Registration process ကတော်တော်လွယ်ပါတယ်
1️⃣အရင်ဆုံး BC Thailand official website ကိုသွားပါ
Main page of the website
https://www.britishcouncil.or.th/en
2️⃣ Menu ကနေ Register for IELTS ကိုရွေးပါ
3️⃣ Book your IELTS test now
4️⃣Academic or General training ကိုရွေးပါ
5️⃣ country မှာ Thailand ရွေးလိုက်တာနဲ့ ထိုင်းနိုင်ငံအနှံ့ဖြေလို့ရမဲ့ center တွေပေါ်လာပါလိမ့်မယ် ကိုယ်နဲ့ အဆင်ပြေရာရွေးပါ၊ ဘန်ကောက်မှာဆို ကိုယ်နဲ့ အနီးဆုံး center ကိုရွေးပါ
6️⃣center ရွေးပြီးတာနဲ့ date ရွေးပါ အဲ့ရက်ရဲ့ အချိန်ဇယားထွက်လာပါလိမ့်မယ်
7️⃣ Book test ကိုရွေးပြီး 7650 baht လွှဲရုံပါပဲရှင်
ပြီးတာနဲ့ ကိုယ့် email ထဲကို resources တွေအကုန်ပို့ပေးပါတယ်၊
🙅🏻♀️familiarization test တွေ ဖြေဖြစ်အောင်ဖြေကြည့်ပေးပါရှင် အဲ့လိုဖြေနေတုန်း အမှတ်မကောင်းခဲ့ရင်လည်း ဘာမှ မဖြစ်ပါနဲ့ရှင့်
💁🏻♀️တကယ့် exam ကပိုလွယ်သလို ဖြေပုံဖြေနည်းရင်းနှီးသွားလို့ အမှတ်ပိုကောင်းတတ်ပါတယ်ရှင်
🍀အားလုံးအဆင်ပြေကြပါစေရှင့်🍀
IELTS နဲ့ ပတ်သက်တဲ့ Tips လေးတွေ Video လေးတွေ တင်ပေးသွားမှာဖြစ်လို့ Page လေးကို like and follow လုပ်ပေးသွားပါဦးနော်😍
19/08/2024
Soft skills training for listening
Listening တိုးတက်အောင် practice လုပ်တဲ့အပြင် လိုအပ်တဲ့ soft skills တွေတိုးတက်အောင် train ဖို့လည်း လိုပါဦးမယ်
Active Listening 👂
Active Listening ဆိုတာကြားဖူးသူတွေလည်း ရှိကြမှာပါ
ဒါကတော့ conversation တစ်ခုကိုနားထောင်ရင် အဲ့လူပြောတဲ့ အကြောင်းအရာကို fully understood ဖြစ်သွားတာပါ၊ စကားလုံးတိုင်းကို ကြားအောင် focus လုပ်ပြီး train ရတာမျိုးပါ၊ ပြီးရင် အဲ့ conversation ရဲ့ အဓိပ္ပာယ်၊ tone၊ ပြောနေသူတွေရဲ့ feelings တွေကို နားလည်ရမှာတွေလည်းပါပါတယ်
Not just hearing မဟုတ်ဘဲ truly listening လုပ်ရမှာပါ
Active listening ကို ဘယ်လို train မလဲ
1. conversation တစ်ခု or podcast or video/ audio တစ်ခုခုကို အရင်ရွေးချယ်ပါ
2. Different accents နဲ့ train ရပါမယ်(British တစ်မျိုးထဲမဟုတ်ဘဲ၊ American, Australians, Scottish အကုန်လေ့ကျင့်ပေးပါ
3. Listening လုပ်နေချိန် note down လုပ်တတ်အောင်လေ့ကျင့်ပါ၊ ကိုယ်ဘယ်လို နားလည်လွယ်လဲဆိုတာ သိအောင်လုပ်ပြီး လေ့ကျင့်ပါ
4. ဘယ် info က essential ဘယ်ဟာက non-essential လဲဆိုတာ ခွဲခြားတတ်အောင်လုပ်ပါ.
5. Concentration - ကိုယ်ရွေးထားတဲ့ audio တစ်ပုဒ်ဆုံးသည်အထိ လုပ်ရပါမယ်၊ မဆုံးသေးဘဲ တခြားအလုပ်တွေထလုပ်တာမျိုးမလုပ်ပါနဲ့၊ အချိန်သီးသန့်လေးထားပြီး လေ့ကျင့်ရပါမယ်ရှင်
6. စိတ်ငြိမ်အောင်ထားပါ၊ ပိုပြီး အာရုံစူးစိုက်မှုကောင်းစေပါတယ်
7. စိတ်ရှည်ပါ၊ လွယ်တဲ့ အစိတ်အပိုင်းလေးတောင်မှ attention ကို သေချာပေးပြီး နားထောင်ပါ ၊ careless mistake တွေကိုရှောင်နိုင်ပါလိမ့်မယ်
8. နားထောင်ပြီးတာနဲ့ Summarization လုပ်ရပါမယ်၊ ကြားတဲ့ info တွေပြန်စုပြီး summarize ပြန်လုပ်ကြည့်ပါ ဒါဆို conversation ကို ပိုပြီး နားလည်စေပါတယ်
IELTS နဲ့ ပတ်သက်တဲ့ Tips လေးတွေ Video လေးတွေ တင်ပေးသွားမှာဖြစ်လို့ Page လေးကို like and follow လုပ်ပေးသွားပါဦးနော်😍
14/08/2024
GENERAL TIPS FOR IELTS ✍️✍️
1. ကိုယ်က Grammar အားနည်းနေတယ်ထင်ရင် Grammar ကိုသေချာပြန်လုပ်ပါ၊ complex sentences တွေ ဖွဲ့စည်းပုံကိုလေ့လာပါ၊ article ကိုအသေးအဖွဲ့လို့မမှတ်ပါနဲ့
2. Cambridge IELTS books တွေနဲ့ လေ့ကျင့်ဖြစ်အောင်လေ့ကျင့်ပါ
3. YouTube က ဖြေနည်း tips and tricks videoတွေကို တစ်နေ့တစ်ပုဒ်ရှာ ကြည့်ပါ
4. Speaking mock exam videos တွေ နားထောင်ကြည့်ပြီး partner ရှာပါ
5. Reading မှာ time management အကောင်းဆုံးလုပ်နိုင်အောင်ကြိုးစားပါ
6. Vocab တွေ များများလေ့လာထားပါ
IELTS နဲ့ ပတ်သက်တဲ့ Tips လေးတွေ Video လေးတွေ တင်ပေးသွားမှာဖြစ်လို့ Page လေးကို like and follow လုပ်ပေးသွားပါဦးနော်😍
12/08/2024
3 လအတွင်း IELTS speaking ကို အတူတူလေ့ကျင့်ကြမယ်
🟣Three-Month Practice Plan🟣
🟠Month 1: Foundation
🟠Month 2: Building Complexity
🟠Month 3: Final preparation နဲ့ သွားပါမယ်
🟠Month 1: Foundation
🔺Weeks 1-2 အတွင်းမှာ
1️⃣နေ့တိုင်း simple topics တွေကို ၂ မိနစ်ကနေ သုံးမိနစ်အတွင်းပြောတတ်အောင်လေ့ကျင့်မယ် (hobbies, work) (နှစ်ပတ်ဆိုတော့ topics ၁၄ ခုရသွားမယ်)
2️⃣IELTSမေးခွန်းတွေ sample answers မှာတွေ့လေ့ရှိတဲ့ new words တွေကို တစ်ရက် ၅လုံးစီလေ့လာမယ်
3️⃣IELTS speaking sample videos တွေကို နားထောင်မယ် ၊ သူတို့ပြောတဲ့ အတိုင်း နောက်ကနေ လိုက်ပြောလေ့ကျင့်ကြည့်မယ် (mimicking)
4️⃣Grammar ပိုင်းအတွက် basic rules တွေဖြစ်တဲ့ tenses တွေ articles အသုံးတွေ လေ့လာမယ်
🔺Weeks 3-4 အတွင်းမှာ
1️⃣part 1 & part 2 mock test လေးတွေ ဖြေကြည့်မယ်
2️⃣week 1 မှာလေ့ကျင့်ခဲ့တဲ့ topic တွေကို 2 မိနစ်အတွင်း non- stop ပြောနိုင်အောင်လေ့ကျင့်မယ်
3️⃣ကိုယ်ပြောတာလေးတွေကို record လုပ်ပြီး feedback ပေးနိုင်တဲ့သူကိုပြမယ် or ကိုယ်ကိုယ်တိုင်ဘာလိုနေလဲ ဆန်းစစ်မယ်
🟠Month 2: Building Complexity
🔺Weeks 5-6 အတွင်း
1️⃣Part 2 အမေးများတဲ့Topicsတွေကို list လုပ်ပြီး လေ့ကျင့်မယ် (14ခု ရသွားမယ်)
2️⃣Complex Sentencesတွေကို တစ်နေ့တစ်မျိုးစီလေ့လာပြီး ဖြေတာတွေမှာ ထည့်သုံးနိုင်အောင်ကြိုးစားမယ်
3️⃣part3 က discussionပိုင်းဖြစ်တဲ့အတွက် idea collection လုပ်မယ် sample videos တွေထဲက idea တွေ စုမယ်
4️⃣advanced vocabularyတွေ တစ်နေ့ငါးလုံးစလေ့လာမယ်
🔺Weeks 7-8 အတွင်း
1️⃣Part 3 ခုစလုံးစလေ့ကျင့်လို့ရပြီ
2️⃣ကိုယ်ဘယ်မှာအားနည်းလဲ fluent မဖြစ်တာလား vocab တွေ ထပ်နေလား အသံထွက်မကောင်းသေးဘူးလား ရှာပါ
3️⃣အမြဲ record လုပ်ထားပြီး စစ်ပေးပါ
🟠Month 3: Final Preparation
🔺Weeks 9-10 အတွင်းမှာ
1️⃣ကိုယ် အားနည်းတဲ့အပိုင်းဖိလုပ်ပါမယ် ၊ ကိုယ်က idea generate လုပ်တာလိုသေးလား စောစောကပြောတဲ့ အပေါ်က သုံးချက်လိုနေလား ဒါတွေကိုဖြည့်ရပါမယ်
2️⃣part 2 အတွက် ကိုယ် topic တစ်ခုကို အချိန်ကိုက်ပြောနိုင်ပြီလား ဆိုတာထည့်ပါ
🔺Weeks 11-12
1️⃣နေ့တိုင်း mock testလေ့ကျင့်မယ်
2️⃣တစ်ယောက်ယောက်နဲ့လေ့ကျင့်ပြီး သူ့ဆီက feedbackတွေ ယူပါ ၊ တိုးတက်အောင်ထပ်လေ့ကျင့်ပါ
3️⃣Relaxation Techniques တွေ လေ့ကျင့်ပါ like deep breathing (ဒါလေးတွေ နောက် postတစ်ခုမှာ သေချာလေးတင်ပေးပါမယ်)
ဒီ plan လေးနဲ့ သေချာလေး လေ့ကျင့်သွားရင် Speakingအတွက် အဆင်ပြေပါမယ်ရှင်
🍀🍀🍀🍀🍀🍀
Admin နဲ့ အတူတူလေ့ကျင့်လိုပါက budget-friendly class လေး စီစဉ်ပေးပါမယ်ရှင့် ၊ Fee လေးက သုံးလကိုမှ 50000 ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်
✅intermediate level solid ရှိရပါမယ်
✅အဆုံးထိ လိုက်ပါနိုင်သူဖြစ်ရပါမယ်
✅ Telegram channel တစ်ခုကနေ video လေးတွေ နေ့စဉ်တင်ပေးမှာဖြစ်ပြီး သေချာလေး လိုက်လုပ်ရပါမယ်ရှင်
✅second month က စပြီး admin Zoom face to face လေးတွေနဲ့ လေ့ကျင့်ပါမယ်ရှင် (ဖြစ်နိုင်ရင် join ပေးပါရှင်)
✅အနည်းဆုံး ၁၀ ယောက်ပြည့်ရင် စပေးပါမယ်ရှင်
✅ဒီ postလေးကို like and share လေးလည်း လုပ်ပေးပါဦးရှင်
IELTS နဲ့ ပတ်သက်တဲ့ Tips လေးတွေ Video လေးတွေ တင်ပေးသွားမှာဖြစ်လို့ Page လေးကို like and follow လုပ်ပေးသွားပါဦးနော်😍
11/08/2024
IELTS ဖြေတော့မယ်လို့ စဉ်းစားနေရင် ဒါတွေကို ဖတ်ပါ
https://www.facebook.com/share/p/69v6v6xoBk4m9wDX/?mibextid=WC7FNe
Listening အတွက် သိသင့်တဲ့အချက်တွေနဲ့ ဘယ်လိုပြင်ရမလဲဆိုတာတွေအတွက် ဒါကိုဖတ်ပါ
https://www.facebook.com/share/p/MBXYbzqwhvn3vUXX/?mibextid=WC7FNe
ဒါက Reading အတွက်ပါ
https://www.facebook.com/share/p/DXHFYcGEvsZqetGt/?mibextid=WC7FNe
How to Prepare IELTS Writing
https://www.facebook.com/share/p/aEyhju1U6d2LZ2hz/?mibextid=WC7FNe
IELTS speaking ကိုဘယ်လိုလေ့ကျင့်မလဲ
https://www.facebook.com/share/p/2nNfrPBbUzYzMns8/?mibextid=WC7FNe
Computer-based IELTS ကိုဖြေရမှာ ကြောက်နေရင် ဒါကိုဖတ်ပါ
https://www.facebook.com/share/p/ykZcW6M8x9H7fyF4/?mibextid=WC7FNe
IELTS နဲ့ ပတ်သက်တဲ့ Tips လေးတွေ Video လေးတွေ တင်ပေးသွားမှာဖြစ်လို့ Page လေးကို like and follow လုပ်ပေးသွားပါဦးနော်😍
11/08/2024
IELTS speaking ကို ဘယ်လိုလေ့ကျင့်မလဲ
IELTS Speaking Tips:
🟠Test Format အရင်သိအောင် လုပ်ပါ
Speaking မှာ ၃ ပိုင်းပါပါတယ်
1. Introduction and Interview (ကိုယ့်အကြောင်း မိသားစုအကြောင်း စသဖြင့် Conversational Question လေးတွေလောက်ပဲမေးပါတယ်
2. Long Turn -topic တစ်ခုကို 1 မိနစ်ကနေ 2 မိနစ်ထိဆက်တိုက်ပြောရတာပါ
3. Discussion
Part 2 နဲ့ဆက်စပ်ပြီး ပိုစဉ်းစားဆုံးဖြတ်ရတဲ့ မေးခွန်းမျိုးတွေဆက်မေးပါတယ်
🟠Practice Fluency and Coherence:
ခဏခဏ ရပ်တာတွေမပါဘဲ ချောချောမွေ့မွေ့ပြောနိုင်အောင် လေ့ကျင့်ပါ၊
Connecting words like "firstly," "on the other hand," "however," တွေ သုံးပါ၊
ကိုယ့်ရဲ့အဖြေတိုင်းမှာ clear beginning, middle, and end ရှိရပါမယ်
🟠Expand Your Vocabulary:
မေးလေ့ရှိတဲ့ topics တွေကို listလုပ်ထားပြီး topic တစ်ခုစီအတွက် vocabulary တွေစုထားပါ
Word တူတာတွေ ထပ်တလဲလဲမသုံးဘဲ synonyms တွေ ကြိုးစားသုံးပေးပါ။
🟠Work on Pronunciation:
Pronunciation မှန်အောင်လေ့ကျင့်ထားပါ၊
ပြောတဲ့အခါ ရှင်းရှင်းလင်းလင်းပြောတတ်ပြီးလား ၊ intonation နဲ့ stress မှန်ပြီလားဆိုတာလည်း အရေးပါပါတယ်
အကောင်းဆုံးကတော့ speaking mock test videos တွေ တစ်နေ့တစ်ပုဒ်ရအောင်ကြည့်ပါ၊ သူတို့သုံးတဲ့ vocab တွေ idea တွေမှတ်ထားပါ၊ ဒါဟာ exam conditions နဲ့ ရင်းနှီးစေပြီး၊ တကယ့် exam မှာ စိတ်လှုပ်ရှားမှုလျော့စေပါတယ်
🟠Improve Grammar Accuracy:
complex sentences တွေ စကားပြောတဲ့အခါမှာ သဘာဝဆန်ဆန် သုံးတတ်အောင်လေ့လာလေ့ကျင့်ပါ
Verb tenses တွေရယ် ၊ subject-verb agreements တွေရယ်ကို အသံထွက်မှန်မှန်ပြောတတ်အောင်လေ့ကျင့်ပါ
🟠Develop Confidence:
စောစောကပြောတဲ့ list လုပ်ထားတဲ့ topic တွေတစ်ခုစီတိုင်းကိုလေ့ကျင့်ပါ၊
speaking partner နဲ့လည်း အဆင်ပြေသလို တစ်ယောက်ထဲလေ့ကျင့်ရင်လည်းရပါတယ်၊
တစ်ယောက်တည်းဆို record လုပ်ထားကြည့်ပါပြီးရင် ဘယ်နားလိုသေးလဲဆိုတာရှာပြီး ထပ်လေ့ကျင့်ပါ၊ ဒီလိုလုပ်ခြင်းက စာမေးပွဲရက်မှာ confidence ကိုတိုးစေပါတယ်
IELTS နဲ့ ပတ်သက်တဲ့ Tips လေးတွေ Video လေးတွေ တင်ပေးသွားမှာဖြစ်လို့ Page လေးကို like and follow လုပ်ပေးသွားပါဦးနော်😍
10/08/2024
Computer-based ကိုဖြေရမှာ ကြောက်နေသူလေးတွေ ဒီ post လေးဖတ်ပြီးတာနဲ့ လုံးဝအဆင်ပြေသွားမယ်နော်
Admin လည်း မဖြေခင်တုန်းက သူများရဲ့ feedback တွေကိုကြည့်ပြီး အဆင်ပြေတယ်ပြောပေမဲ့ ကြောက်နေခဲ့တာ ၊ ဖြေပြီးမှ ပြောချင်တဲ့ feedback က တော်တော်လေးကို အဆင်ပြေပြီး enjoy ဖြစ်ခဲ့ပါတယ်
🟠စစချင်း Screen color change လို့ရပါတယ် ။ options 3 ခုရှိပါတယ်။
Background- white/ Font - black
Background- black/ Font - white
Background- black/ Font - yellow
🟠ပြီးရင် Font size changeလို့ရပါပြီ
🟠Click တစ်ချက်နှိပ်ပြီး highlight လုပ်လို့ရပါတယ် / ထပ်နှိပ်ရင် delete highlight ဖြစ်သွားပါမယ်၊ highlight color က အဝါပါ
🟠listening audio စောင့်နေချိန်မှာ တခြား page ကို သွားထားပြီး highlight လုပ်လို့ရပါသေးတယ် ၊အရှေ့ page ကိုပြန်လာပေမဲ့ highlight will be still thereပါ
🟠Timer ကလည်း seconds အထိပြပေးပါတယ်
🟠ဖြေတဲ့အခန်းထဲ ရေပုလင်းယူလို့ရပါတယ်၊ clear bottle ဖြစ်ရပါမယ်
🟣Listening
Listening မှာ headphone သုံးရတာ တော်တော်ကို အဆင်ပြေပါတယ် ၊ တော်တော်လေးကို focus လုပ်နိုင်ခဲ့တယ်။ note လေးတစ်ရွက်ပေးပါတယ် ။ Typing လက်ကွက်မရသူများအတွက် note ပေါ်အဖြေချရေးပါနော် ၊ အထူးသဖြင့် ID number , phone number တွေကိုပါ
🟣Reading
Reading မှာ Questions Type ကိုအရင်စစ်ဆေးပါ။ Question တွေတစ်ခါအရင်ဖတ်ပါ။ ဖတ်နေရင်း စာပိုဒ် B မှာ ဘာကို အဓိကဆိုလိုတာလည်းလိုမျိုး multiple choice မှာပါလာရင် အဲ့ စာပိုဒ် B ကို highlight လုပ်ချထားလိုက်ပါ။ ဒါမှ စာပိုဒ်ဖတ်ရင် အဲ့စာပိုဒ်ကို ပိုပြီးအာရုံစိုက်ရမယ်မှန်း သိပါလိမ့်မယ်
မေးခွန်းတွေ ဗျောက်သောက်ဖြေတာလည်း အဆင်ပြေပါတယ်။ အစဉ်လိုက်ပဲမရရအောင်စဉ်းစားနေရင် တခြားအောက်က ကိုယ်သိနိုင်တာတွေ လွတ်သွားပါလိမ့်မယ် (❗️but passage တူတာကိုပဲ လုပ်ရမယ် ဆိုလိုတာပါ၊ ဟို passage သွားဖြေလိုက် ဒီ passage သွားဖြေလိုက် လုံးဝမလုပ်ပါနဲ့နော်)
🟣Writing
Writing အတွက် computer-based က အသင့်တော်ဆုံးထင်ပါတယ်၊ အမှားပြင်တာမြန်ဆန်ပြီး လက်နဲ့ရေးသလိုမသပ်ရပ်မှာလည်း မပူရဘူးပေါ့နော်၊ auto correct တွေ လုံးဝ (လုံးဝ) မပါလို့ typing error ကို သတိထားပါနော်၊ spelling က ကိုယ်ကမှန်တယ်ထင်ပေမဲ့ လက်ကွက်မှားတာမျိုးတွေ ဖြစ်တတ်လို့ပါ
🟣Speaking
Speaking အတွက်ကတော့ Native speaker နဲ့ပဲ အခန်းတစ်ခုထဲမှာဖြေရပါတယ် (in Bangkok) ၊ mock test video တွေထဲကလိုပါပဲ၊ exam conditions နဲ့ ရင်းနှီးနေအောင် များများကြည့်သွားပေးပါ
✅ထပ်တိုး အကြံပေးချင်တာက ကိုယ်က English မြင့်ပြီးသားဆိုပြီး practice exam တွေမလုပ်ဘဲနေတာမျိုးမလုပ်ပါနဲ့
Practice exam တစ်ခါပြီးတိုင်း ကိုယ့်အားနည်းချက်တစ်ခါတွေ့လေမလို့ စာမေးပွဲမှာ တော်တော် အထောက်အကူဖြစ်ပါတယ်ရှင်
တစ်ခုခုသိချင်တာရှိရင် chat box ကနေ အချိန်မရွေးဖြေပေးပါမယ်ရှင်
IELTS နဲ့ ပတ်သက်တဲ့ Tips လေးတွေ Video လေးတွေ တင်ပေးသွားမှာဖြစ်လို့ Page လေးကို like and follow လုပ်ပေးသွားပါဦးနော်😍
Good luck 🍀