⚠️ မြန်မာနိုင်ငံ ... အရှေ့တောင်အာရှရဲ့ စပါးကျီလို့ တချိန်က တင်စားခံခဲ့ရတဲ့ နိုင်ငံမှာ "အငတ်ဘေး" ဆိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်အထိ ရယ်စရာ ဟာသတခုလို ဖြစ်ခဲ့ပေမယ့်...
ယနေ့မှာတော့ ဒီစကားဟာ ရယ်စရာ မဟုတ်တော့ဘဲ၊ အလွန် ခြောက်ခြားစရာကောင်းတဲ့ အနာဂတ်ပုံရိပ်တခု ဖြစ်လာနေပါပြီ။ 🌾
TBR Commentary ရဲ့ ဒီနေ့ဗီဒီယိုမှာတော့... လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုနီးပါးက မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ (မဆလ) ခေတ်ကို အဆုံးသတ်စေခဲ့တဲ့ ၁၉၈၇ ခုနှစ် စီးပွားရေး ပျက်ကပ် နှင့် ယနေ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ လမ်းစဥ် တွေကို အသေးစိတ် နှိုင်းယှဥ် ခွဲခြမ်းစိတ်ဖြာ တင်ပြထားပါတယ်။
👉 "၁၉၈၇ မှာ ဝယ်စရာ ပိုက်ဆံ မရှိခဲ့တာပါ၊ ယနေ့မှာတော့ ရောင်းစရာ ဆန်ပါ မထွက်တော့တဲ့ အခြေအနေဆီ သွားနေပါတယ်။"
ဒီဗီဒီယိုမှာ ဘာတွေ သိရမှာလဲ?
🔹 ၁၉၈၇ တုန်းက ဦးနေဝင်းရဲ့ 'LDC လျှောက်ထားမှု' နှင့် '၉ ဂဏန်းယတြာ ငွေစက္ကူသိမ်းဆည်းမှု' တွေက တိုင်းပြည်ကို ဘယ်လို နွံနစ်စေခဲ့သလဲ? 💸
🔹 ဝယ်ယူနိုင်စွမ်း သုညဖြစ်သွားပေမယ့်... ဘာကြောင့် ၁၉၈၇ တုန်းက အငတ်ဘေး မဆိုက်ခဲ့တာလဲ? 🤔
🔹 ယနေ့ မင်းအောင်လှိုင်ခေတ်ရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖျက်ဆီးခံရမှု၊ IDP သန်းချီရှိလာမှုနှင့် လုပ်သားအင်အား ပြတ်လပ်မှုတွေဟာ ၁၉၈၇ ထက် ဘာကြောင့် ပိုဆိုးရွားနေတာလဲ? 🚜🛑
ပညာရှင်တွေ ခန့်မှန်းထားတဲ့ ၂၀၃၀ ပြည့်နှစ် ဝန်းကျင် မှာ မြန်မာနိုင်ငံဟာ Mao Zedong ခေတ် တရုတ်နိုင်ငံလိုမျိုး 'အငတ်ဘေး' ဆိုတဲ့ ကပ်ဆိုးကြီးကို တကယ်ပဲ ရင်ဆိုင်ရတော့မှာလား?
⏳ သမိုင်းက ပေးနေတဲ့ သတိပေး ခေါင်းလောင်းသံတွေကို ဒီနေ့ဗီဒီယိုမှာ အတူတူ နားဆင်ကြည့်ရအောင်ပါ။
👇 "၂၀၃၀ မှာ မြန်မာနိုင်ငံဟာ တကယ်ပဲ အာဖရိကလို အငတ်ဘေးဆိုက်တဲ့ အခြေအနေဆီ ရောက်သွားနိုင်သလား?" - ပရိသတ်ကြီးရဲ့ ထင်မြင်ချက်တွေကို Comment မှာ ဝင်ရောက် ဆွေးနွေးပေးကြပါဦး။
Mrs.Reader
စာဖတ်သူ
မြန်မာပြည်ရဲ့ ပထမကတော်များအကြောင်း သင် ဘယ်လောက်သိလဲ? ✨
၁၉၂ဝ ကျော်က "ငါးထောင်စား" အမတ်ချုပ်ကတော်တွေကနေ ယနေ့ခေတ် အရပ်သူစစ်စစ် ပထမလေဒီတွေအထိ စိတ်ဝင်စားစရာ အချက်များ-
ဒေါ်ခင်ကြည်: လူကြီးကတော်တွေထဲမှာ မြန်မာပြည်ရဲ့ အမြင့်ဆုံး မဟာသီရိသုဓမ္မဘွဲ့ ကို ခုချိန်ထိ တစ်ဦးတည်း ရရှိထားသူ
ဒေါ်စုစုလွင်: ပထမလေဒီ မဖြစ်ခင်မှာ သမ္မတ ဖြစ်လာနိုင်သူလို့ ထင်ကြေးပေးခံခဲ့ရတဲ့ လွှတ်တော်အမတ်
ဒေါ်မြရီ: ဝန်ကြီးချုပ် ဦးနုရဲ့ ဇနီးအဖြစ် နိုင်ငံရေး လှိုင်းတံပိုးကြားမှာ ပုဆိုးစဆွဲပြီး လိုက်ခဲ့သူ
ဒေါ်ချိုချို: ခင်ပွန်း အဖမ်းခံထားရချိန်မှာ သားဖြစ်သူ ကွယ်လွန်ခဲ့တဲ့ ခါးသီးတဲ့ လောကဓံရှင်
နိုင်ငံရေး၊ အာဏာ၊ အချစ် နဲ့ ဘဝအနိမ့်အမြင့်တွေကြားက မြန်မာ့ပထမကတော်များရဲ့ သမိုင်းကြောင်း... 📜
အာဏာသိမ်းတဲ့နေ့ကစလို့ စစ်ခေါင်းဆောင်ရဲ့ရှေ့မှာ ပြာယာခပ်နေခဲ့သူ၊ ပြည်သူတွေကို ထောင်နံရံနောက်ပို့ဖို့ မတရားတဲ့ ဥပဒေတွေကို ပုံဖော်ပေးနေသူဟာ ဘယ်သူလဲ?
သူဟာ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး ဖြစ်ပါတယ်။ နိုင်ငံတကာတရားခွင် (ICJ) အထိ တက်ပြီး စစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားပေးနေတဲ့အပြင်၊ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ "စစ်မှုထမ်းဥပဒေ" ရဲ့ နောက်ကွယ်က လက်သည်လည်း ဖြစ်ပါတယ်။
အာဏာရှင်အတွက် လောင်စာဖြစ်ပေးနေတဲ့ ဥပဒေပညာရှင်တစ်ယောက်ရဲ့ သမိုင်းဆိုးနဲ့ သူမဖုံးကွယ်ထားတဲ့ မိသားစုလျှို့ဝှက်ချက်တွေကို ဗီဒီယိုထဲမှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။
#ဒေါ်သီတာဦး #ပြည်ထောင်စုရှေ့နေချုပ် #စစ်အာဏာရှင် #မြန်မာ့နိုင်ငံရေး
မြန်မာပြည်ရဲ့ ပထမကတော်များအကြောင်း သင် ဘယ်လောက်သိလဲ? ✨
၁၉၂ဝ ကျော်က "ငါးထောင်စား" အမတ်ချုပ်ကတော်တွေကနေ ယနေ့ခေတ် အရပ်သူစစ်စစ် ပထမလေဒီတွေအထိ စိတ်ဝင်စားစရာ အချက်များ-
ဒေါ်ခင်ကြည်: လူကြီးကတော်တွေထဲမှာ မြန်မာပြည်ရဲ့ အမြင့်ဆုံး မဟာသီရိသုဓမ္မဘွဲ့ ကို ခုချိန်ထိ တစ်ဦးတည်း ရရှိထားသူ
ဒေါ်စုစုလွင်: ပထမလေဒီ မဖြစ်ခင်မှာ သမ္မတ ဖြစ်လာနိုင်သူလို့ ထင်ကြေးပေးခံခဲ့ရတဲ့ လွှတ်တော်အမတ်
ဒေါ်မြရီ: ဝန်ကြီးချုပ် ဦးနုရဲ့ ဇနီးအဖြစ် နိုင်ငံရေး လှိုင်းတံပိုးကြားမှာ ပုဆိုးစဆွဲပြီး လိုက်ခဲ့သူ
ဒေါ်ချိုချို: ခင်ပွန်း အဖမ်းခံထားရချိန်မှာ သားဖြစ်သူ ကွယ်လွန်ခဲ့တဲ့ ခါးသီးတဲ့ လောကဓံရှင်
နိုင်ငံရေး၊ အာဏာ၊ အချစ် နဲ့ ဘဝအနိမ့်အမြင့်တွေကြားက မြန်မာ့ပထမကတော်များရဲ့ သမိုင်းကြောင်း... 📜
Part 1
26/01/2026
အခတ်ပွေနေတဲ့ ငြိမ်ပိ သန်းရွှေ
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
ငြိမ်ပိ ဗိုလ်ချုပ်သန်းရွှေသည် ငြိမ်ပိ စောမောင်ထံမှ နဝတ (နေဝင်းတပ်) ဥက္ကဋ္ဌရာထူးကို မချစ်သော်လည်း အောင့်ကာနမ်းရသည့် သဘောဖြင့် ဆိုးမွေဆက်ခံခဲ့ရသည်။ ငြိမ်ပိ စောမောင်က သူသာလျှင် တပ်မတော်တွင် တစ်ဦးတည်း ကျန်ရှိနေသေးသော ကျန်စစ်သား ဖြစ်သည်ဟု နဝတ အစည်းအဝေးတွင် တရားဝင် မိန့်ကြားခဲ့သည်။
တပ်မတော်မှ တစ်ဦးတည်းသာ ကျန်နေသော 'ကျန်စစ်သား' ဗိုလ်ချုပ်စောမောင်သည် မနိုင်သောဝန်ကို ထမ်းဆောင်မိပြီး စိတ်ဓာတ်ချောက်ခြားကာ ရာထူးမှ နှုတ်ထွက်သွားပြီးသည့်နောက် ယခု လက်ရှိ ဗိုလ်ချုပ်သန်းရွှေနှင့် ဗိုလ်ချုပ်ခင်ညွန့်တို့တတွေသည် ဘာတွေများပါလဲ၊ စစ်သားတွေ မဟုတ်ကြတော့ဘူးလားဟု မေးမြန်းမိခဲ့ပါသည်။
စစ်ဗိုလ်လူထွက်တစ်ဦးက အခုအကောင်တွေက 'ငတက်ပြား' တွေကွ၊ တပ်မတော် ထိပ်ပိုင်းရာထူးများမှာ စစ်သားတွေ မရှိကြတော့ဘူး၊ 'ငတက်ပြား' တွေပဲ ရှိတော့တယ်ဟု ရင်ဖွင့်ပြောကြားပါသည်။ ထို့အပြင် ယခုတက်လာသည့် ဗိုလ်ချုပ်သန်းရွှေအား တပ်မတော်တွင် 'ငပေါသန်းရွှေ' အဖြစ်သာ လူသိများကြောင်း ပြောကြားပြန်ပါသည်။
ဗိုလ်ချုပ်ကြီး သန်းရွှေအနေဖြင့် ပထမဆုံး အခက်ပွေရသည်မှာ 'ကျန်စစ်သား' နှုတ်ထွက်သွားပြီးနောက် 'ငတက်ပြား' ဖြစ်ရခြင်းနှင့် အရူးနေရာတွင် အပေါကို အစားထိုး၍ တိုင်းပြည်တွင် ရှေ့ဘာတွေ ဖြစ်လာကြမည်ကို စောင့်ကြည့်ကြည့်ဦးပေါ့ဟု စစ်ဗိုလ်ဟောင်းများ၏ ပါးစပ်သေနတ် အပစ်ခံနေရခြင်းပင် ဖြစ်သည်။
ဒုတိယ အခက်ပွေရသည်မှာ ငြိမ်ပိ ငတက်ပြားများ ဆက်လက်စိုးစံနေသည့် အမိနိုင်ငံတော်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံခြားဆက်ဆံရေး မျက်နှာစာများအားလုံးတွင် ချွတ်ခြုံကျတော့မည့် အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်တွေ့ကြုံနေရခြင်းပင် ဖြစ်သည်။
တတိယ ရတက်ပွေရသည်မှာ ၎င်း၏ ကိုယ်ပိုင်အရည်အချင်းကြောင့်ပင် ဖြစ်ပါသည်။ ဗိုလ်သန်းရွှေသည် ၎င်းတက်ရောက်ခဲ့သည့် ဗိုလ်သင်တန်း အပတ်စဉ်တွင် အညံ့ဖျင်းဆုံး၊ ပြောင်ချော်ချော်၊ ပေါသုတ်သုတ်နှင့် အငယ်ဆုံး ဗိုလ်လောင်းတစ်ဦးသာ ဖြစ်ခဲ့သည်။ ၎င်းထက် အသက်အရွယ်ကြီးသူ၊ တော်သူ တတ်သူများ အငြိမ်းစား ယူသွားကြ၍သာ အသက်အငယ်ဆုံးနှင့် စစ်ဗိုလ်ဖြစ်လာသည့် အခွင့်အရေး တစ်ခုတည်းပေါ်တွင် မူတည်ပြီး ဗိုလ်ချုပ်ကြီး ဖြစ်လာရခြင်းမျှသာ ဖြစ်သည်။ ဗိုလ်သန်းရွှေကိုယ်၌ကပင် ၎င်းသည် 'ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်နေသူ၊ မရဲဘဲ နွားပြဲစီးနေသူ' အဖြစ် သဘောပေါက်၍ ငြိမ်ပိ ဒု-ဥက္ကဋ္ဌဘဝတွင်လည်း လမ်းဖောက်၊ တံတားဆောက် စသည့် ဖွံ့ဖြိုးရေး ကိစ္စရပ်များတွင်သာ ပါဝင်တာဝန် ယူခဲ့ရသည်။ ဉာဏ်စွမ်းဉာဏ်စ မရှိသော ဗိုလ်သန်းရွှေပေါ်တွင် ရမ္မက်လောဘ ကြီးမားလှသော ဗိုလ်ခင်ညွန့်နှင့် ဆရာသမားဟောင်းများက လွှမ်းမိုးလျက် ရှိနေသည်။
ဆရာကြီးများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရေးအတွက်နှင့် စစ်ဗိုလ်များ နိုင်ငံတော် အုပ်ချုပ်ရေးတွင် ထာဝစဉ် အပေါ်စီးမှ နေရာယူနိုင်ရေးအတွက် အတုအယောင် အမျိုးသားညီလာခံကြီး တစ်ရပ်ကို ဆရာသမားများ၏ အလိုတော်အရ ခေါ်ယူအသုံးတော်ခံနေရပြန်သည်။ မြန်မာ တစ်မျိုးသားလုံးသည် စစ်အာဏာရှင် စနစ်၏ ရက်စက်ဆိုးဝါးသော ဒဏ်ကို အလူးအလဲ ခံစားနေကြရသော 'အမျိုးသား တစ်ရပ်လုံး ဒုက္ခခံနေသည့် ခေတ်ဆိုးကြီး' ဖြစ်၍ ညီလာခံ၊ ညီမ လာခံရန် အချိန်အခါ မဟုတ်ပေ။ ညီရော ညီမရော သားရော သမီးရော မြေးရော မြစ်ပါမကျန် 'ခံ' နေရ၍ 'ခံ' ဆိုသော စကားကိုပင် မကြားလိုကြတော့ပေ။
ပြည်သူများ ဆန္ဒမဲပေးပြီး ရွေးချယ်တင်မြှောက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်သည်ဆိုသော အသံကိုသာ ကြားလိုကြသည်။ 'တော်' ဆိုသော စကားသံကို မကြားရဘဲ 'ခံ' ဆိုသော စကားသံကို ကြားလာရ၍ ပြည်သူများ အနေဖြင့် ပထမအကြိမ် အလိမ်ခံရစဉ်က လိမ်ညာသူ၏ အပြစ်သာဖြစ်သော်လည်း၊ ဒုတိယအကြိမ် အလိမ်ခံရလျှင်တော့ အလိမ်ခံရသူ ပြည်သူများ၏ အပြစ်သာ ဖြစ်တော့မည်ကို တွေးကြောက်ပြီး ခံပြင်းလျက် ရှိသည်။
ငြိမ်ပိ သန်းရွှေတွင် အကျပ်အတည်းပေါင်း သောင်းခြောက်ထောင်ဖြင့် အခက်ပေးနေသကဲ့သို့ မြန်မာပြည်သူ တစ်ရပ်လုံးတွင်လည်း စားဝတ်နေရေး အလွန်အခက်ခဲကြမ်းတမ်းလာပြီး ရတက်ဝေလျက် ရှိကြသည်။ ပြည်သူများ ငတ်မွတ်ခေါင်းပါး၍ အုံကြွပေါက်ကွဲလာတော့မည့် အခြေအနေကို ယာယီဖြေရှင်းသည့် အနေဖြင့် ၎င်းတို့အနေဖြင့် ၎င်းတို့ ခိုးဝှက်စုဆောင်းထားသော ငွေများနှင့် စားအုန်းဆီများကို ဝယ်ပြီး တတ်အားသမျှ ခွဲတမ်းဖြင့် ဖြန့်ဖြူးရောင်းချလျက် ရှိနေသည်။
အရာရာတွင် ငါသိ ငါတတ် ညဏ်ရှိသော မြန်မာစစ်ဗိုလ်များ၏ အိမ်စောင့်အစိုးရခေတ်၊ တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ်၊ နဝတခေတ် တစ်လျှောက်လုံးတွင် ဆန်ခွဲတမ်း၊ ဆီခွဲတမ်း၊ လူသုံးကုန်ခွဲတမ်း စသော ခွဲတမ်းစီးပွားရေး စနစ်မှ တစ်ပြားသားမျှ တိုးတက်လာခဲ့သည် မရှိပါ။ ရုံး၊ တပ်၊ စက်ရုံ၊ အလုပ်ရုံ၊ ကျောင်းနှင့် အရပ်များတွင် ဆန်ခွဲတမ်း၊ ဆီခွဲတမ်း ကိစ္စရပ်များဖြင့်သာ အလုပ်ရှုပ်လျက် ရှိနေသည်။
ငြိမ်ပိများ၏ ပြောဆိုဟောပြောချက်များအရ ၎င်းတို့သည် စစ်တပ်အစိုးရ ဝန်ထမ်းအစိုးရသာဖြစ်၍ တောင်သူလယ်သမားများ၏ အစိုးရမဟုတ်သောကြောင့် အိမ်ဆောက်ပေးခြင်း၊ မြေခွဲဝေပေးခြင်း၊ ဆီရောင်းချပေးခြင်း ကိစ္စရပ်များတွင် တောင်သူလယ်သမားများနှင့် လားလားမျှ မထိုက်တန်သော ကိစ္စရပ်များ ဖြစ်နေပါသည်။
ဆန်၊ ဆီ၊ ဆား ပြဿနာကိုပင် အနှစ်သုံးဆယ် အတောအတွင်းတွင် ပြေလည်အောင် မဖြေရှင်းပေးနိုင်သော ငါသာသိ၊ ငါသာတတ်သော စစ်ဗိုလ် တောက်ပြားများသည် အမျိုးသား ညီလာခံကို ဦးစီးဦးဆောင်ပြုပြီး ခေါ်ယူရန် ကြံစည်နေခြင်းများသည် 'ဝ' မရှိဘဲ 'ဝိ' လုပ်နေခြင်းမျှသာ ဖြစ်ပါသည်။ ဤကိစ္စများသည် ပြည်သူလူထု တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်များ၏ အလုပ်တာဝန်ဝတ္တရားမျှသာ ဖြစ်ပါသည်။
ငြိမ်ပိများ ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ပြည်သူ့ကိုယ်စားလှယ်များထံသို့ အာဏာလွှဲပြောင်း မပေးမချင်း ငြိမ်ပိ သန်းရွှေတွင် အခက်တွေပွေပြီး ရတက်ဝေကာ စိတ်ဓာတ်ချောက်ခြားနေဦးမည်သာ ဖြစ်ပါသည်။
အာဏာအလွဲသုံးစားသူများ၏ အတွင်းရေးအဖြစ်မှန်များ
အဝေးရောက်သံတမန်တစ်ဦး
ဒေါင်းအိုးဝေ၊ အတွဲ ၃၊ အမှတ် ၄၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၁၉၉၂ ခုနှစ်။
European Hamster တို့ရဲ့ မိတ်လိုက်ခြင်း
#ဟမ်းစတား #ဗဟုသုတ #တိရစ္ဆာန်ကမ္ဘာ
မြန်မာပြည်က ထိပ်တန်းသူဌေးကြီးတွေဟာ တကယ်ပဲ လူမှုရေးလုပ်ငန်းတွေနဲ့ အလှူအတန်းတွေကိုပဲ အာရုံစိုက်နေကြတာလား? ဒါမှမဟုတ် စစ်အာဏာရှင်စနစ် ပြိုလဲမသွားအောင် နောက်ကွယ်ကနေ ကျားကန်ပေးနေတဲ့ အဓိကထောက်တိုင်တွေလား?
KBZ နာယကကြီး ဦးအောင်ကိုဝင်း (ခေါ်) ဆရာကျောင်းနဲ့ စစ်ခေါင်းဆောင်တို့အကြားက နက်ရှိုင်းတဲ့ပတ်သက်မှုတွေ၊ Mi-17 ရဟတ်ယာဉ် ရေဒါဖိုးတွေကအစ ဘယ်လိုအကျိုးတူပူးပေါင်းခဲ့ကြသလဲဆိုတာ ဒီဆောင်းပါးမှာ အသေးစိတ်ဖော်ပြထားပါတယ်။ ခရိုနီတွေ ဘာကြောင့် ဆန်ရှင် (Sanction) ကို ကြောက်ရသလဲဆိုတဲ့ အချက်တွေကိုပါ ဖော်ထုတ်တင်ပြထားပါတယ်။
Part 5