Sayar Pyae

Sayar Pyae

แชร์

Results based over hundreds of students. Sharing IGCSE Mathematics Exam Tips & Strategies. Training from Maths Error to Maths Era.

23/05/2026

CIE က Edexcel ထပ် ဘာလို့ စျေးပိုကြီးတာလဲ?

အားလုံးသိတဲ့ အတိုင်းပဲ။
CIE ကိုက Cambridge က စစ်ပါတယ်။
Edexcel ကို က Pearson က စစ်ပါတယ်

ပထမဆုံး အနေနဲ့ International Exam Fees တွေစျေးကြီး ရတဲ့ အကြောင်းအရင်း တချက်က မေးခွန်း တခုထုတ်မယ်ဆ်ုရင် ပီးပီးရော မထုတ်ကြပါဘူး၊ Research တွေ လုပ်ကြတယ်၊ Validity လို့ ခေါ်တဲ့ ခိုင်မာမှုရှိ အထပ်ထပ် Human Check တွေ စစ်ရပါတယ် အဲ့စားရိတ်တွေ ပေါ် မူတည်ပီး စျေးကွာကြပါတယ်။

ဘာလို့ စျေးပိုကြီးတာလဲဆိုတော့ စာစစ်ဌာန မတူသလို ဖြေရတဲ့ Paper အရေအတွက်လဲကွာပါတယ်။ CIE က Science Subject တွေ ဆို paper 3 ခု ဖြေရပါတယ်။ အဲ့ အပြင်ကို Variant တွေ ထပ်ကွဲပါသေးတယ်ဗျ။ အဲ့တော့ မေးခွန်း များများ ထုတ်ထားတော့ ပိုပေးရတဲ့ သဘောပါပဲ။
ဒါ့အပြင် Practical မေးခွန်းတွေ အတွက် Moderation Cost တွေ Grading Threshold အတွက် cost တွေ၊ Resources တွေ Examiner Training တွေအတွက် Infrastructure ကုန်ကျစားရိတ်တွေမှာ CIE က ပိုများတော့ Exam Fees မှာလဲ ပိုများသွားတာပါ။
ကျောင်းသားတွေ က resources တွေ အတွက် overall fees ကိုပေးရတဲ့ သဘောပါပဲ။

အသေးစိတ်ကိုလဲ CIE page မှာ fee structure ဆိုပီး သွားဖတ်ကြည့်လို့ ရပါတယ်။

ထပ် သိချင်တာများရှိရင်လဲ cmt မှာ မေးလို့ရပါတယ်ဗျ။

Photos from Sayar Pyae's post 18/05/2026

No ruler? No worries 😆
This is how they solved.

ဖုန်းကြီး ထုတ်ပီး line ဆွဲ မယ်လုပ်နေလို့ တားလိုက်ရသေးတယ် 😆😆

Photos from Sayar Pyae's post 16/05/2026

2026 အတန်းလေးကတော့ လူပြည့်သွားပါပီ။ 🙏🏼
ယုံကြည်စွာ လာအပ်ပေးတဲ့ မိဘများကိုလဲ ကျေးဇူးတင်ပါတယ်ဗျ။

2027 အတန်းလေးကတော့ အပ်လို့ ရပါသေးတယ်
ဗျ။ အတန်းချိန်လေးကတော့
Friday - 6:30 - 8:00 pm
Sunday - 8:00 -9:30 pm ပါဗျ

End of May or 1st week of June မှာ စပါမယ်

10/05/2026

အတွေးအပိုင်းစ နဲ့ ပညာရေး

Fb သုံး reel ကြည့်ရင်း ဒီ video လေးတွေ့တော့ video လေး အစမှာ ဆရာကြီး က သချာ်တော်အောင် တတ်အောင် ဂဏန်းကိုင်နဲ့ အတွေးအခေါ် ကောင်းရမယ် လို့ မြင်တယ်ဆိုပီး ပြောတော့ ဆရာကြီးပြောတာ မှန်လိုက်တာလို့ တွေးမိရင်း နားလည်လာတယ်။ 🙏🏼

တကယ့် အတွေ့ အကြုံအရ : ကျနော် IS မှာ တောက်လျောက်တက်ခဲ့တဲ့ IGCSE ကျောင်းသား တယောက်ကို ၁ နှစ်ကျော်လောက် သင်ပေးလိုက်ရတဲ့ ကျောင်းသားလေး တစ်ယောက်ရှိပါတယ်၊
အဲ့ ကလေးက တကယ် တွေးနိုင်တာ၊ critical thinking အား တော်တော်ကောင်းတယ်၊
ဒါပေမယ့် ပြဿနာက Arithmetic မှာတော်တော်လေးကို မနိုင်တာ၊ IG Emaths၊ မှာ စဉ်းစားရမယ့် မေးခွန်း ဆိုရင် ဆရာတွေ ထက်တောင် တွေးခေါ်ပုံကောင်းသေးတယ်၊ ဒါပေမယ့် တွက်ဆိုရင် အဖြေမထွက်ဘူး၊
ဘာဆက်တွက်ရမှန်း မသိတာ၊ number fraction ရှင်းတာတောင် ကောင်းကောင်းမရတာတွေ ၊ အမှတ်လဲ အောင်တယ်ဆိုရုံတင်……စာသင်တာ မပင်ပန်းပဲ စာတွက်ရင် ဆူလိုက် ရယ်လိုက်နဲ့ သင်လိုက်ရတဲ့ကလေး

ဆက်ဆက်ပီး တွေးမိသွားတာက ..
ဒီနောက်ပိုင်း ကျောင်းသားမိဘတွေ ဆရာတွေ ပါးစပ်ဖြားမှာ တအားပြောကြတဲ့ Thinking ပိုင်းကို ကောင်းအောင် ဘယ်လိုသင်မယ် ဘယ်လို foucs ကြမယ်ဆိုပီး IS က ကလေးတွေက ဒီအပိုင်းမှာ တအားတော်ကြတယ်၊ ဒါပေမယ့် အတွက်အချက်ပိုင်းကြတော့ အမှတ်မရတော့ဘူး၊
အဲ့တော့ မိဘတွေ က ကျူရှင်ပြန်ယူကြတယ်၊ စာကူတွက်ပေးဖို့ guide တွေငှါးကြတယ်

GS ကျောင်းက ပြောင်းပီး IS တက်၊ IG လုပ်တဲ့ ကလေးတွေကြတော့ စနစ်ကျကြတယ်၊
တွက်တာ ကောင်းတယ် တွေးဖ်ို့ ကြတော့ လိုနေကြပြန်ကော၊
အဲ့တော့ ဆရာတွေ ပြန်ခေါ် ကျုရှင်တွေ ပြန်ထားကြတယ်

နှစ်ခုလုံးကောင်းသွားတဲ့ ကျောင်းသားလေးတွေ ကျတော့ အမှတ်ကောင်းသလို အတွေးအခေါ်လဲ ကောင်းသွားကြတယ်။

အဲ့တော့ ပညာရေးမှာက ဘာတွေ လိုနေတာလဲ….
နှစ်ခုလုံးလိုအပ်နေတာကို တခုစီပဲ ရနေတာလား?

ဒါလဲ ကျနော့် အတွေး အပိုင်းစလေး တစ်ခုပါပဲ….


လေးစားသောအားဖြင့် ဆရာကြီး ရဲ့ video ပါ🙏🏼
https://www.facebook.com/share/v/1B59gE5Kr4/?mibextid=wwXIfr

04/05/2026

A* ရဖို့ ဘာလိုလဲ သင်တဲ့ ဆရာ ချောဖို့ပဲ လိုတယ်😆

2027 M/J မှာ IGCSE E math မှာ သချာ်ကြောင့်စိတ်မညစ်ရအောင် အခုကတည်းက ပြင်ဆင်လိုက်ပါ။

Math က အလွတ်ကျက်ရတဲ့ ဘာသာရပ်မဟုတ်လို့ "အခြေခံ (Basic)" ပိုင်နိုင်ဖို့က အရမ်းအရေးကြီးပါတယ် ။

Learn with Tr Phillips ရဲ့ CIE EMaths Class မှာ...
-Syllabus တစ်ခုလုံးကို အခြေခံကနေ စတင်ပြီး အသေးစိတ် ပြန်ရှင်းပြပေးမယ်။
-Theory တွေ နားလည်သွားပြီဆိုတာနဲ့ Past Papers တွေကို စနစ်တကျ ကိုင်တွယ်တတ်အောင် လေ့ကျင့်ပေးမယ်။
-သီးသန့် Past Paper Class ထပ်တက်စရာမလိုအောင် တစ်ခါတည်း အပြီးအစီး သင်ကြားပေးမှာဖြစ်လို့ အချိန်ကုန်သက်သာပြီး ထိရောက်မှု အရှိဆုံး ဖြစ်မှာပါ။

သင်ကြားပေးမဲ့ဆရာပြည့်စုံထွန်းကိုယ်တိုင်က IGCSE Math B ကို 300/300 highest mark in the world achiever ကို မွေးထုတ်ပေးထားတဲ့ ဆရာ ကိုယ်တိုင်ဖြစ်တဲ့အပြင် Teaching experience နှစ်အများကြီးရှိတဲ့ Experience Teacher ဖြစ်တာမလို့
2027 မှာ A* ကို အပိုင်ယူချင်တဲ့ ကျောင်းသား/မိဘများ အသေးစိတ် သိရှိလိုပါက Messenger မှာ "EMath 2027" လို့ စာပို့ပြီး အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။

ဘာလို Tr Phillips Education Center ကတခြား Intensive class တွေထက် ဘာတွေ ထူးခြား သာလွန်နေလဲ ?

လက်ရှိတက်ရောက်နေတဲ့ ကျောင်းသား 350 ကျော် ရှိတဲ့အပြင် ထူးချွန်ပြောင်မြောက်တဲ့ ကျောင်းသားပေါင်း 1000 ကျော်ကိုလည်း မွေးထုတ်ပေးခဲ့ပီး ဖြစ်တဲ့အတွက် ယခု batch တွင်လည်း ယခင်ကထက် ပိုမိုကောင်းမွန်သော သင်ကြားရေးစနစ်တွေ နဲ့ သင်ကြားနိုင်မဲ့ အပြင်
-World Highest mark ရရှိပါက သက်ဆိုင်ရာဘာသာရပ် exam fees ကို 100% full scholarship ထောက်ပံ့ပေးခြင်း ။
-Official exam board တွေက resources စုံစုံလင်လင်နဲ့ သင်ကြားပေးခြင်း ။
-အခမဲ့ medical support ရယူနိုင်ခြင်း ။
-သင်တန်းမတက်ခင်ကတည်းက ကျောင်းသားလိုအပ်ချက်များကို free consultation ပြုလုပ်ပေးခြင်း။
တို့ကြောင့်တက်ရောက်မဲ့ ကျောင်းသား/သူတွေ အနေနဲ့ အခက်အခဲမရှိ IGCSE ခရီးလမ်းကို ကျော်ဖြတ်နိုင်မှာဘဲဖြစ်ပါတယ်။

ဘယ်လိုသူတွေတက်သင့်လဲ?

2027 May မှာ IGCSE ဖြေဆိုမယ့် ကျောင်းသား/သူများ။
*Math ကို အခြေခံ အားနည်းနေလို့ စိတ်ပူနေတဲ့ ကျောင်းသားတွေနဲ့
* Past Paper အပိုင်ကိုင်ပြီး A,A* ရချင်တဲ့သူတွေ မဖြစ်မနေတက်သင့်ပါတယ်။

Photos from Sayar Pyae's post 03/05/2026

IGCSE 2026 and 2027 အတွက် ၂ တန်းရှိပါမယ်

IGCSE Edexcel Maths B Oct Nov 2026

Start Date : 2nd Week of May
Monday - 8:00 - 9:30 pm
Wednesday- 8:00 - 9:30 pm
Fees - 150000 mmk per month

📌 Provided - Individual Chapter Notes, Recording, Past Paper မှာ ဘယ်လို အမှတ်ယူချငိသူများအတွက်လဲ (2022-2026 May) ပါပါမယ်။
…………………………. …………………………. ………………

IGCSE CIE Emaths Class May 2027

Past Paper + Exam Techniques + Notes Provided တတွဲထဲ လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ Senior Candidates အနေနဲ့ Tips and Tricks တွေပါ ပြောပြပေးပါမယ်။

Start Date - 3rd week of May

Friday - 8:00-9:30 pm
Sunday - 8:00-9:30 pm
Fees - 150000 mmk per month

သေချာစာလိုက်လုပ်မယ်ဆိုရင် 10 months class ဖြစ်လို့ အနည်းဆုံး A ရပါမယ်။ 💯


B.E (Electrical & Electronic)

Students Past Results :

Maths B World Highest Marks

https://www.facebook.com/share/p/1N4EUAo8E1/?mibextid=wwXIfr

You may check reviews on my page.

02/05/2026

IGCSE ကို စလေ့လာမယ့် မိဘတွေ နဲ့ ကျောင်းသားတွေ အတွက် ဒီ 2 mins လောက် video လေး ကြည့်ပီး အကျိူးရှိသွားမယ်လိူ့ မျော်လင့်ပါတယ်။

Disclaimer: IG ရဲ့ အကြောင်းလေးကို အရင်နှစ် ကျောင်းတခုအတွက်ရိုက်ပေးခဲ့တဲ့ Video လေးပါ။ သိချင်တာများရှိရင်လဲ အားမနာစတမ်း မေးလို့ရပါတယ်။

25/04/2026

CIE Emaths May 2027 Class

ဒီ class မှာ Concepts ကို အခြေခံက​နေ စပီး နားလည်အောင်ရှင်းမှာပါ။ ကျောင်းသားတွေရဲ့ အမှတ်တွေနဲ့ past results ကို proved လုပ်ပြပီးသား ဖြစ်တာမို့လို့
သေချာစာလိုက်လုပ်မယ်ဆိုရင် 10 months class ဖြစ်လို့ အနည်းဆုံး A ရပါမယ်။ 💯

Past Paper + Exam Techniques + Notes Provided တတွဲထဲ လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ Senior Candidates အနေနဲ့ Tips and Tricks တွေပါ ပြောပြပေးပါမယ်။
ဆရာ့ အနေနဲ့ Engineering Related Chapter ပေါ်မူတည်ပီး Maths ရဲ့ လက်တွေ့ အသုံးချနည်းတွေကိုပါ ပြောပြပေးသွားမို့ IGCSE May ဖြေမဲ့ ကျောင်းသားများ Join လို့ ရပါတယ်။

Start Date - 3rd week of May
Fees - 150000 mmk per month


B.E (Electrical & Electronic)

20/04/2026

IGCSE Candidate Experiences

လွန်ခဲ့တဲ့ ၁၀ နှစ် ဒီလိုရက်မှာ ဆရာပြည့်တို့ IGCSE စဖြေနေရပါပီ။
Tips as a senior ဆိုရင်တော့ One Sub ဖြေပီးရင် Game ဆိုင်ရောက်ပါတယ် 😆(စတာပါ)

Experience sharing လုပ်ပေးရရင် ပထမဆုံးနေ့တော့ နဲနဲ ရှိန်တာပေါ့ အဲ့တုန်းက MICT park မှာ ဖြေရတာ၊ AC က လဲ စိမ့်လို့၊ ဖြေတဲ့ သူတွေ က လဲ ၅၀ လောက် တောင် မရှိသေးဘူး ခုံကလဲ ကြဲလို့၊ ပထမ တရက်ပါပဲ၊ နောက်ရက်ကျတော့ ကိုယ့် အိမ်ကို့ယာ လိုပဲ 😂ပျော်ပျော်ပါးပါးပဲသွားဖြေကြတာ။

exam hall မဝင်ခင်မှာ စာဖတ်နေလားဆိုတော့
ဟင့်အင်း မဖတ်ပါဘူး 😆😆😆
ပေါ့ပေါ့ပါးပါးနဲ့ ဦးနှောက်ကို Relaxထားထားတာပါ၊
တနှစ်ပတ် လုံး လုပ်ထားတဲ့ စာတွေ က Concept တွေကိုပဲ မှတ်ထားရတာမို့၊ Sub တခု မဖြေခင် တရက်အလိုကို ဖြေမယ့် sub ရဲ့ နောက်ဆုံး paper ကိုတော့ လေ့ကျင့်ထားလိုက်ရုံပဲ။
ဆရာတို့ ခနခန ပြောသလို IG က 1 sub 1 night train လို့ မရဘူး Constructive Approach မို့လို့ Long Term Learning style မှ အဆင်ပြေတာပါ။

Exam က Stress များတာ မို့ exam period မှာ သူငယ်ချင်းတွေနဲ့ လဲ ပျော်ပျော်နေပီးဖြေကြပါ။
So, for the student who takes May Exam series ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိပါ။
Guys, We will try best for this one!!! Fighting ! And Best of luck 🍀


အတန်းကြော်ငြာကတော့

IGCSE Edexcel Oct/Nov 2026 Maths B
IGCSE CIE Emaths May/June 2027

ရှိပါမယ်။ Concept ကို အရင်ရှင်းမှာမို့ စိတ်ဝင်စားရင် လာမေးလို့ရပါတယ်။
Past result တွေကို Page ထဲ ဝင်ကြည့်လို့ ရပါတယ်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok