Grammar Academy

Grammar Academy

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Grammar Academy, โรงเรียน, Bangkok.

25/10/2025
03/06/2025

📣 "Diploma in Basic English Grammar Class"

📘 အင်္ဂလိပ်စာ Grammar အခြေခံကို စနစ်တကျ သင်ယူလိုသူများအတွက် အထူးသင်တန်း!

Grammar Academy မှ "Diploma in Basic English Grammar" သင်တန်းကို စတင်ဖွင့်လှစ်သွားတော့မည်ဖြစ်ပါသည်။

အခြေခံ Grammar ကို နားလည်သဘောပေါက်စွာ သင်ယူနိုင်ရန်အတွက် စနစ်တကျ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Diploma Certificate ထုတ်ပေးမည်ဖြစ်သည်။

---

👥 ဘယ်သူတွေ တက်သင့်လဲ?

Grammar အခြေခံကို မှန်မှန်ကန်ကန် သင်ယူလိုသူများ

စာရေးခြင်း/စကားပြောခြင်း တိုးတက်ချင်သူများ

အင်္ဂလိပ်စာ TOEFL, IELTS စသည့် English Exams ပြင်ဆင်နေသူများ

Teacher/Trainer ဖြစ်ချင်သူများ

Translation, Content Writing, Teaching စတဲ့ လုပ်ငန်းခွင်တွင် Grammar ကို အသုံးပြုရသူများ

---

❓ ဘာကြောင့် တက်သင့်လဲ?

Grammar မှန်မှန်ကန်ကန် သိမှသာ စာအပြင်လက်တွေ့အသုံးပြုမှုများအတွက် ယုံကြည်မှုရှိလာမည်။

Speaking, Writing, Reading & Listening skills တိုးတက်လာနိုင်ရန် အခြေခံဖြစ်သော Grammar က အထောက်အကူပြုမည်။

အလုပ်အကိုင်အတွက်လည်း လိုအပ်သည့် Grammar knowledge ကို တစ်ဆင့်တည်းတက်နိုင်မည်။

ကိုယ်တိုင် Grammar မှန်ကန်စွာသုံးတတ်လာသည့်အပြင် အခြားသူများကိုပါ သင်ပြနိုင်လောက်အောင် ဖြစ်လာမည်။

---

🌟 Grammar Academy ကို ဘာကြောင့် ရွေးချယ်သင့်လဲ?

💼 အတွေ့အကြုံရှိ Instructor များ: သင်ကြားရေးအတွေ့အကြုံပြည့်ဝသော English Language Trainers များမှ သင်ကြားပေးခြင်း

📚 စနစ်တကျသင်ကြားမှု: Theory + Practice များဖြင့် လက်တွေ့ကျကျ သင်ယူနိုင်ခြင်း

🎓 Diploma Certificate: သင်တန်းပြီးဆုံးပါက အသိအမှတ်ပြုလက်မှတ် (Diploma Certificate) ရရှိနိုင်ခြင်း

💬 သင်တန်းနောက်ပိုင်းလည်းဆက်လက် Support: သင်တန်းပြီးနောက် တစ်ဆင့်ပြေးဆဲလေ့လာမှုအတွက် Community Support ရှိခြင်း

---

🗓 သင်တန်းစတင်မည့်ရက် – [14.6.2025]
⏰ သင်တန်းကြာချိန် – [၈ weeks]
📍 သင်တန်းနေရာ – [Online]
💰 သင်တန်းကြေး – [35000 ks per month]
📱ဆက်သွယ်ရန် - [0948107308]
📌 စာရင်းပေးသွင်းရန် – [Page Messanger]

📣 ဒီအခွင့်အရေးကို မလွှတ်ပါနဲ့ – Grammar သေချာမရှိသေးတဲ့သူတိုင်းအတွက် ဒီသင်တန်းက အထူးအသုံးဝင်ပါတယ်။

---



01/06/2025

🏳️‍🌈 Happy Bridge Month 🏳️‍🌈

Grammar Academy အဖွဲ့သားများအားလုံးအနေဖြင့် ဇွန်လအတွင်း ကျ‌ရောက်သော LGBT Pride Month ကို Happy Bridge Month အဖြစ် ချစ်ခြင်းမေတ္တာဖြင့် ကြိုဆိုလျက်ရှိပါသည်။

လူတိုင်းရဲ့ မှန်ကန်တဲ့ အတွေးအခေါ်များ၊ မတူညီမှုများကိုလည်း ဂုဏ်ပြုသောလဖြစ်ပါသည်။ LGBT မျိုးစုံသောအဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ်တိုင်ဖြစ်တည်မှုကို လေးစားကာ၊ လူ့အခွင့်အရေးတန်းတူညီမျှမှုကို ကောင်းမွန်စွာနားလည်အောင် လေ့လာဖော်ဆောင်သင့်ကြောင်း ယုံကြည်ပါသည်။

Bridge Month ဟု အမည်ပေးရခြင်းမှာလည်း မတူညီမှုများအကြား မေတ္တာ၊ နားလည်မှုနှင့် ယှဉ်ပြိုင်မှုမရှိဘဲ ဆက်သွယ်ပေးနိုင်တဲ့ တံတားတည်ဆောက်ရေး ဖြစ်ကြောင်းဖော်ပြလိုခြင်းဖြစ်ပါသည်။

Grammar Academy အနေဖြင့် ကျောင်းသားများ၊ ဆရာ/ဆရာမများနှင့် မိဘအုပ်ထိန်းသူများအားလုံးအနေဖြင့် LGBT ဖွဲ့ဝင်များအပါအဝင် လူတိုင်းအပေါ် မေတ္တာ၊ လေးစားမှုနှင့် သဘောထားကျသော စကားပြောအသုံးအနှုန်းများကို အသုံးပြုခြင်း၊ နားလည်မှုရှိသောပညာရေးပတ်ဝန်းကျင်တစ်ခုတည်ဆောက်နိုင်ရန် ဆောင်ရွက်နေပါသည်။

ဒီလအတွင်း အထူးသဖြင့်

LGBT သမိုင်းကြောင်းနှင့် ယနေ့အခြေအနေများကို နားလည်စေရန် ပြပွဲများ

မျှတမှုအပေါ် ဂရုစိုက်မှုဖြင့် ပညာရေးဆွေးနွေးပွဲများ

မေတ္တာနှင့် နားလည်မှုကို မြှင့်တင်သော စာစီစာကုံး/စာပေဖတ်ခွင့်များ

တို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

“Love is a language everyone deserves to learn and speak.”

Happy Bridge Month to all.
With pride and purpose,
Grammar Academy

01/06/2025

Grammar လေ့လာရုံနဲ့ Language Skills 4 ခုစလုံး တိုးတက်နိုင်လား 🤔

📚 Grammar ကဘာလဲဆိုတာထက်…

ဒါဟာ Language Skills 4 ခုလုံးရဲ့ ခေါင်းကိုင်သူ!

“Grammar သေသပ်စွာမသိဘဲ 4 Skills (Listening, Speaking, Reading, Writing) တက်လို့ရမလား?”
ဆိုတဲ့မေးခွန်းကို မေးသူများများရှိပါတယ်။
အဖြေကတော့ – ရှိပါတယ်၊ အလွန်သက်ရောက်ပါတယ်။
အကြောင်းအရင်းတွေကို အောက်မှာအပြည့်အစုံရှင်းပြပေးပါမယ်👇

---

1️⃣ Listening (နားထောင်ခြင်း)

Grammar နားလည်မှသာ အကြောင်းအရာကို ချက်ချင်းဖမ်းယူနိုင်တယ်။

“She has been crying” ဆိုတာနဲ့ “She cried” ဆိုတာဟာ တချိန်တည်းလား❓

“The letter was written by John” ဆိုတာနဲ့ “John wrote the letter” ဟာ တူတာလား❓

Grammar မနားလည်ရင်… အထူးသဖြင့် Tenses, Passive Voice စတဲ့အရာတွေ နားမလည်နိုင်ပါဘူး။

➡️ နားထောင်မှုတိုးတက်ဖို့ Grammar နားလည်မှုလိုအပ်ပါတယ်။

---

2️⃣ Speaking (ပြောခြင်း)

အသံထွက်က လှပတယ်… ဒါပေမဲ့ Grammar မမှန်ရင် အဓိပ္ပာယ်လွဲနိုင်တယ်။

“I am go to school” ဆိုတာနားထောင်သူရဲ့ အာရုံအပြန်အလှန်ကို ဆန့်ကျင်တတ်ပါတယ်။

“If I was you…” ❌ → “If I were you…” ✅

➡️ Grammar မှန်မှ သဘောရပြီး ချောချောမွေ့မွေ့ ပြောနိုင်တယ်။

---

3️⃣ Reading (ဖတ်ခြင်း)

စာဖတ်တဲ့အခါ Grammar မနားလည်ရင် အကြောင်းအရာရှုပ်ထွေးတတ်ပါတယ်။

“The man who was wearing a hat walked away”
👉 ဒါက Relative Clause ပါ။
မနားလည်ရင် – ဘယ်သူလဲ? ဘာလဲ? ဆိုတာ တိတိကျကျမသိနိုင်ပါ။

➡️ စာဖတ်နားလည်မှု (Reading Comprehension) တက်ဖို့ Grammar က မဖြစ်မနေပါ။

---

4️⃣ Writing (ရေးခြင်း)

Grammar ကတော့ Writing မှာ အိမ်အခြေမြှောက်က အုတ်တုံး လိုပါပဲ။

Grammar မှားလျှင် စာကိုဖတ်သူအတွက် အဓိပ္ပာယ်ပျောက်နိုင်တယ်။

Eg: “He go to school yesterday.” ❌

Correct: “He went to school yesterday.” ✅

➡️ Writing တောင်ကြီးတည်ဖို့ Grammar သေသပ်မှု မရှိမဖြစ်ပါ။

---

✨ အနှစ်ချုပ်

Grammar ဟာ
✔ နားထောင်မှန်
✔ ပြောနည်းမှန်
✔ ဖတ်နားလည်မှန်
✔ စာရေးမှန်

ဆိုတဲ့ 4 Language Skills ရဲ့ တည်မြဲမှုအတွက် အခြေခံအင်္ဂါဖြစ်ပါတယ်။

Grammar တိုးတက်ရင် 4 Skills အားလုံးကိုတစ်ပြိုင်နက်တည်း တိုးတက်စေမယ်ဆိုတာမှာ မျှော်မှန်းချက်မဟုတ်တော့ပါဘူး။
တစ်ခါတည်း ဉာဏ်ထက်သန်မှုတိုးစေတဲ့ အရေးပါဆုံးလမ်းကြောင်းပါ!

---

✨ Grammar ကလေ့လာနေတာမက – ဘာသာစကားကို Master လုပ်နေတာပါ!
📌 Grammar Academy မှာ နေ့စဉ်လေ့လာပြီး မျှော်မှန်းမထားတဲ့ Language Power ကို ရယူလိုက်ပါ!



---

26/05/2025

English news တွေဖတ်ပြီး reading practice လုပ်ချင်ပေမဲ့ စာအရှည်ကြီးတွေဖတ်ဖို့ အာရုံမစိုက်နိုင်တဲ့သူတွေအတွက် English News in levels ဆိုတဲ့ အရမ်းကောင်းတဲ့ free website တစ်ခုကို sharing လုပ်ပေးချင်ပါတယ်။

ဒီ websiteထဲမှာဆိုရင် သတင်းအရှည်ကြီးတွေကို 1 minute, 2 minutes စာလောက်ပဲ အကျဥ်းချုပ် ပြန်ရေးထားတာမို့လို့ ပေါ့ပေါ့ပါးပါးပဲ ဖတ်ပြီး လေ့ကျင့်လို့ရပါတယ်။ Original news အရှည်ကို ဖတ်ချင်တဲ့သူတွေအတွက်လဲ linkထည့်ထားပေးပါတယ်။
News တစ်ပုဒ်စီမှာလဲ level 1,2,3 ဆိုပြီးရှိတာကြောင့် ကိုယ့် levelနဲ့ကိုက်ညီမယ့် levelကို ရွေးပြီး ဖတ်လို့ရပါတယ်။ ဒါအပြင် audioတွေလဲပါတာကြောင့်မို့လို့ သတင်းဖတ်နေရင်းနဲ့ ကိုယ်မသိတဲ့ စာလုံးတွေ၊ အသံထွက်တွေကိုပါ တစ်ခါထဲ listening လုပ်ရင်း သင်ယူသွားလို့ရပါတယ်။

website link - https://englishnewsinlevels.com/

22/05/2025

English စာကို Level အလိုက်လေ့လာနိုင်စေရန် BBC မှ Free Courses တွေဖြစ်ပါတယ်။

Lower Intermediate 🌱
https://www.bbc.co.uk/learningenglish/english/course/lower-intermediate/unit-1/session-1

Intermediate 🌱
https://www.bbc.co.uk/learningenglish/english/course/intermediate

Upper Intermediate 🌱
https://www.bbc.co.uk/learningenglish/english/course/upper-intermediate

Towards-Advance 🌱
https://www.bbc.co.uk/learningenglish/english/course/towards-advanced

English You Need 🌱
https://www.bbc.co.uk/learningenglish/english/course/english-you-need

19/05/2025

Pre intermediate ကနေ Upper intermediate level ထိကို "YouTube" မှာ Free level up မယ်😍😍

Pre intermediate
https://youtube.com/playlist?list=PLN3kZ8bfmMJPPOETeVP0rmikleDbpP-0v&si=xznc7azs-jGCRfUx

Intermediate
https://youtube.com/playlist?list=PLN3kZ8bfmMJMxqGdgwpxKyjhmuhvU1HkV&si=q7zx9vEJ7xDVL-Lo

https://youtube.com/playlist?list=PLN3kZ8bfmMJMUueabX8Qyg9y0_Q89_uZz&si=zDPMA2pYcsv5P0dG

Upper Intermediate
https://youtube.com/playlist?list=PLN3kZ8bfmMJMZxs74Wz-Xtwy8yRU4RYAL&si=GJOPoTJLmgjmBBsd

https://youtube.com/playlist?list=PLAA4617FB04D23D9B&si=LufBWApz0p0vg9AI

ဒီlink လေးတွေထဲကိုဝင်ပြီး ပုံမှန်လေးစာလုပ်မယ်ဆို level up ဖို့ကအနှေးနဲ့အမြန်ပါပဲနော်

19/05/2025

လူငယ်တွေသိထားသင့်တဲ့ free learning resources (19) ခု

1. Coursera (www.coursera.org)
- ကမ္ဘာ့နာမည်ကြီး ထိပ်တန်းတက္ကသိုလ်တွေရဲ့ course တွေ အခမဲ့သင်ခွင့်ရမယ်
- လိုချင်တဲ့ဘာသာရပ်ကို စိတ်ကြိုက်လေ့လာနိုင်မယ်

2. edX (www.edx.org)
- Harvard, MIT တို့လို အဆင့်မြင့်တက္ကသိုလ်တွေရဲ့ ဗဟုသုတ အိုးကြီးပါ
- အခမဲ့သင်ယူလို့ရတယ် (certificate လိုချင်ရင်တော့ ပိုက်ဆံပေးရမယ်)

3. Khan Academy (www.khanacademy.org)
- သင်္ချာ၊ သိပ္ပံ၊ coding စသည်တို့ကို ကောင်းကောင်းသင်ပေးတယ်
- ကျောင်းသားအရွယ်တွေအတွက် Perfect ပဲ

4. FreeCodeCamp (www.freecodecamp.org)
- Coding ကို အခမဲ့သင်မယ်
- HTML, CSS, JavaScript တို့လို web development ကို လက်တွေ့လုပ်လို့ရ

5. Duolingo (www.duolingo.com)
- ဘာသာစကားသင်ချင်သူတွေအတွက် အရမ်းကောင်း
- Game ဆန်ဆန်နဲ့ စိတ်ဝင်စားဖွယ်သင်ယူရမယ်

6. MIT OpenCourseWare (ocw.mit.edu)
- MIT က သင်ခန်းစာတွေ အခမဲ့ရမယ်
- Engineering နဲ့ Science ပိုင်းမှာ တော်တော်ကောင်း

7. Google Digital Garage (learndigital.withgoogle.com)
- Digital Marketing နဲ့ Online Business သင်ခန်းစာတွေ
- Google ရဲ့ certificate တောင်ရနိုင်တယ်

8. Codecademy (www.codecademy.com)
- Programming ကို Interactive ပုံစံနဲ့သင်ယူရမယ်
- Basic level တွေ free ရမယ်

9. OpenLearn (www.open.edu/openlearn)
- UK Open University ရဲ့ အခမဲ့သင်တန်းတွေ
- ဘာသာရပ်စုံပါပြီး certificate လည်းရနိုင်

10. Udacity (www.udacity.com)
- AI, Data Science လို နည်းပညာသင်တန်းတွေပါ
- အခြေခံတွေ အခမဲ့သင်လို့ရ

11. W3Schools (www.w3schools.com)
- Web Development အတွက် Perfect Reference
- HTML ကနေ SQL အထိ ရှိတယ်

12. HubSpot Academy (academy.hubspot.com) 📱
- Digital Marketing နဲ့ Sales သင်တန်းတွေပါ
- လုပ်ငန်းခွင်မှာ အသိအမှတ်ပြု certificate တွေရမယ်

13. Canvas Network (www.canvas.net)
- သင်တန်းမျိုးစုံ အခမဲ့သင်ခွင့်ရမယ်
- ပညာရေးအဖွဲ့အစည်းပေါင်းစုံက သင်တန်းတွေပါ

14. Stanford Online (online.stanford.edu)
- Stanford တက္ကသိုလ်ကြီးက အခမဲ့သင်တန်းတွေ
- အဆင့်မြင့်တဲ့ course တွေပါတယ်

15. Microsoft Learn (docs.microsoft.com/learn)
- Microsoft နည်းပညာတွေအတွက် အခမဲ့သင်တန်းတွေ
- Azure, Microsoft 365 စတာတွေ လေ့လာလို့ရ

16. TED-Ed (ed.ted.com)
- ပညာရေးဗီဒီယိုတွေနဲ့ သင်ခန်းစာတွေပါ
- စိတ်ဝင်စားစရာတွေ လေ့လာလို့ရ

17. Alison (www.alison.com)
- သင်တန်းပေါင်းစုံ အခမဲ့သင်ယူခွင့်ရှိ
- Digital Certificate တွေရနိုင်

18. Memrise (www.memrise.com)
- ဘာသာစကားသင်ဖို့ Platform ကောင်းတစ်ခု
- မှတ်ဉာဏ်တိုးတက်အောင် ဒီဇိုင်းလုပ်ထားတယ်

19. Kaggle (www.kaggle.com)
- Data Science နဲ့ Machine Learning လေ့လာဖို့ Perfect
- Project တွေလုပ်လို့ရပြီး Competition တွေပါ ဝင်နိုင်

မှတ်ချက်: ဒီ resources တွေက Career အတွက်ရော၊ Personal Development အတွက်ပါ အရမ်းအသုံးဝင်တယ်နော်

Global Community နဲ့လည်း ချိတ်ဆက်မိမယ်

တစ်ခုချင်းစီကို စနစ်တကျလေ့လာသွားရင် တော်တော်လေး တိုးတက်သွားမှာ အသေအချာပဲ။


18/05/2025

University of the People Scholarships

University of the People is opening the gates to higher education by offering online, tuition-free, accredited degree programs to any qualified applicant.

It offers Certificate Programs, Associate's Degree Programs, Bachelor's Degree Programs and Master Degree Programs.

For students who can’t afford even our low fees, scholarships are available on a first-come, first-served basis each term.

Please note that scholarships are only available to students who have already been accepted to UoPeople. So, in order to apply for the scholarship, please apply for admission first.

Details and apply: https://www.uopeople.edu/tuition-free/scholarships/

Deadline for Admission: May 29, 2025

Credit: University of the People

Photos from Grammar Academy 's post 17/05/2025

Diploma in English (A1 to C1) – Free Online Courses

Alison ဆိုတဲ့ website ကနေ Diploma in English ကို A1 ကနေ C1 အထိ အခမဲ့ လေ့လာလို့ရပါတယ်။

Vocabulary, Grammar, Listening, Speaking စသဖြင့် အစုံလင်ပါဝင်ပြီး၊ English through English နည်းဖြင့် သေသပ်ရှင်းလင်းစွာ သင်ကြားထားတာကြောင့် နားလည်ရလွယ်ပါတယ်။

တစ်ခုချင်းစီသော courseတွေက ၁၀ နာရီမှ ၁၅ နာရီအထိ ကြာမြင့်နိုင်ပါတယ်။

Certificate တော့ free မရပါဘူး။

အောက်ပါ link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

A1- https://alison.com/course/diploma-in-english-a1-level

A2- https://alison.com/course/diploma-in-english-a2-level

B1- https://alison.com/course/diploma-in-english-b1-level

B2- https://alison.com/course/diploma-in-english-b2-level

C1- https://alison.com/course/diploma-in-english-c1-level

မရှင်းတာရှိရင် စာရေးသူရဲ့ page messenger သို့ အချိန်မရွေးလာမေးလို့ရပါတယ်



14/05/2025

Grammar Academy မှ ပထမဆုံး သယ်ဆောင်လာမယ့် သင်တန်းလေးက ဘာဖြစ်မလဲ။ 🤔

30/04/2025

Phrasal Verb တွေ အများကြီးကို Definition ရယ်၊ Example စာကြောင်းနဲ့တကွ တွဲပြီး လေ့လာလို့ရမယ့် My English Pages ဆိုတဲ့ free website ကို sharing လုပ်ပေးချင်ပါတယ်။

ဒီ website ထဲမှာဆိုရင် A to Z အထိကို Alphabetical Order နဲ့ phrasal verb တွေ အများကြီးကို လေ့လာလို့ရပါတယ်နော်။

website link - https://www.myenglishpages.com/list-of-phrasal-verbs/

Speaking ကို ပိုပြီး ယုံကြည်မှုရှိရှိ ပြောလာနိုင်ဖို့နဲ့ fluent ဖြစ်လာဖို့အတွက် ရည်ရွယ်ချက်နဲ့ Speaking Boosting Class လေး Mayလမှာ စဖွင့်ဖို့ရှိပါတယ်။ အသေးစိတ်ကို အောက်က link မှာ ဝင်ဖတ်လို့ရပါတယ်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

ทีมทำอาหาร

เสื้อผ้า

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Bangkok