Center of Computing

Center of Computing

แชร์

..:: # Center of Computing # ::..

13/05/2026

“Two Dynamic Duo” @ 2026

AI ခေတ်ရဲ့ ပညာရေးအတွက် အသုံးတည့်တဲ အေအိုင်တွေအထဲဲကမှ အားအကောင်းဆုံး သတ်မှတ်ထားလို့ရတဲ့ တွဲဖက်အသုံးချစရာနှစ်ခု

Two Dynamic Duo လို့ ကျွန်တော် သတ်မှတ်ပေးထားလိုက်တဲ့ google ရဲ့ NoteBookLLM နဲ့ former teacher and principal ဖြစ်တဲ့ Adeel Khan ဖန်တီးထားတဲ့ MagicSchool အကြောင်းတွေပဲ အဓိကပြောသွားရမှာပဲ။

ဆိုတော့ကား ...

NoteBookLLM 0f Google
ပထမတစ်ခုဖြစ်တဲ့ NoteBookLLM လို့ပြောလိုက်တဲ့အခါမှာသူက education အတွက် အထူး သီးခြား ဖန်တီး ပေးထားတာ မဟုတ်ပဲ ဘက်စုံသုံးလို့ရတဲ့ ကြိယာ tool တစ်ခုလိုကိုဖြစ်နေတာပဲဆိုပါတော့။

တစ်ဖက်ကနေ ကိုယ်စိတ်ကြိုက် သတ်မှတ်ထားရှိလိုတဲ့ အရင်းအမြစ်တွေ ရည်ညွှန်းချက်လင့်တွေ (links), စာအုပ်ဖိုင်တွေ (portable-documents-files), စာရွက်စာတန်းဖိုင်တွေ (word-excel-powerpoint _ docx-sheet-slides), အရုပ်ဖိုင်၊ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ အင်တာနက်စာမျက်နှာရည်ညွှန်းချက်တွေ၊ ယူကျုဗီဒီယိုလင့်တွေ တိုက်ရိုက်ထည့်ပစ်မလား စိတ်ကြိုက်ရည်ညွှန်းသတ်မှတ်နိုင်မယ်။

တစ်ဖက်မှာလည်း ဘာတွေပြန်လိုချင်လည်း အချက်အလက် ဇယားကွက်လား (data tables), အချက်အလက်တွေ ကို ရုပ်ပုံဖော်ပြီးပြမလား( info-graphics ), QUIz တွေဖန်တီးကြမလား၊ စမ်းသပ်မေးခွန်း (Quiz) တွေကို ကလစ်တစ်ချက် ခေါက်လိုက်ရုံနဲ့ထုတ်ကြမလား။ အမြန်မှတ်ကတ် (Flash Card) တွေကို သင်ခန်းစာအလိုက် စိတ်ကြိုက်ဖန်တီးမလား၊ အစီရင်ခံစာ ဆန်ဆန် (report) တွေကို ထုတ်ပြီး ဖတ်ရှုကြည့်ကြမလား။ အတွေး-စိတ်ကူးမြေပုံ စနစ်တကျလေးထုတ်ပြီး အသုံးချကြမလားဆိုတာတွေ အကြိုက်ထုတ် စိတ်ကြိုက်လုပ်ပဲ။

Video ပဲ ပြန်ထုတ်ပစ်ချင်လား ရသေးတယ်။ ဆိုသလို ဗီဒီယိုတွေပြန်ထုတ်တာမှာလည်း ရုပ်ရှင်ဆန်ဆန် (cinematic view) ထုတ်ကြမလား၊ ရှင်းလင်းတင်ပြချက် (explainer) တွေပဲ ဖန်တီးမလား၊ အတိုးချုံးပြီး အကျဉ်းချုပ်ပဲ စီစဉ်မလား မအေးအေးဝင်းလို စိတ်ကြိုက် စီစဉ်လို့ရသေးတယ်။ Video တွေက အမြဲသုံးရတာမျိုး မဟုတ်လို့ မကြိုက်သေးဘူးဆိုလည်း၊ Presentation အတွက် Slide Shows တွေပဲ ဖန်တီးဦးမလား။ အကြိုက်လုပ် ကြိုက်ထုတ်ပဲ။ Slide Deck လို့ သူတို့ နာမည်ပေးထားတဲ့ slides တွေ ဖန်တီးကြမယ် ဆိုကြရင် ရှည်မလားတိုမလား (Length) ရွေးချယ်ရာမှာ "ရိုးရိုးသာမာန် ပုံမှန်သတ်မှတ်ချက်" (Default) အတိုင်းပဲသွားကြမလား ဒါမှမဟုတ် အတိုချုပ်ပြီးပဲ "လိုတိုရှင်း" ဖန်တီးမလား စီစဉ်လို့ရသိလို၊ ပုံစံချ (format) သတ်မှတ်ရာမှာလည်း "အသေးစိတ်" စိတ်ကြိုက်လုပ်နိုင်သလို "တင်ဆက်သူ အနေ နဲ့ အသုံးပြုနိုင်မယ့်" (Presenter Slides) အရာတွေလည်း လိုသလိုရွေးချယ်နိုပါသေးတယ်။ ဆန္ဒရှိရင် ဗီဒီယိုထဲမှာ မြန်မာလို စကားပြောသံနဲ့လည်း ထုတ်လို့ရသလို အခြားသော သတ်မှတ်ပေးထားတဲ့ လက်ခံတဲ့ ဘာသာစကားအခြို့နဲ့လည်း ဗီဒီယိုဖိုင်တွေကို ကိုယ့်စိတ်ကြိုက် အရင်းအမြစ်အလိုက် (based on your custom resources) ဖန်တီးနိုင်မှာရယ်။ တော်တော်ကြီး ကို အဆင်ပြေတဲ့ ကြိယာတွေထဲက တစ်ခုပဲ ဆိုသလိုပေါ့။

အရှေ့ပြောခဲ့တဲ့ ဖန်တီးစရာတွေ မကြိုက်သေးဘူးလား ရတယ် အသံဖိုင် (audio overview) လည်း ကိုယ်ပေးထားတဲ့အရင်းအမြစ်(resources) တွေအပေါ်မှာ မူတည်ပြီး ဖန်တီးနိုင်ပါသေးတယ်။

အသံဖိုင်တွေမှာလည်း မြန်မာသံအပါ ဘာသာစကားပေါင်းများစွာရွေးချယ်လို့ရသလို ၊ ကြာမြင့်ချိန်ကိုလည်း အတို-သာမန်-အရှည် (short-default-long) ဆိုပြီး စိတ်ကြိုက် ရွေးချယ်နိုင်ပါသေးတယ်။
ထုတ်ပေးမယ့် ပုံစံ (format) ကိုလည်း လည်း စိတ်ကြိုက် ဆိုသလို (၄) မျိုးလည်း ရွေးစရာတွေရှိပါသေးတယ်ရယ်။
ထည့်ပေးထားလိုက်တဲ့ စိတ်ကြိုက် သတ်မှတ်ထားတဲ့ သင်ခန်းစာအရင်းအမြစ် (learning resources, books, videos, images, links) =>
လူ ၂ ယောက် စကားပြောဆွေးနွေး အငြင်အခုံလုပ်တဲ့လေသံနဲ့ အသံဖိုင်ဆွေးနွေးချက်လိုချင်လား (Debate) ၊ ဝေဖန်သုံးသပ်ချက် အသံတွေ (critique) ထွက်လာစေချင်သလား၊ အတိုချုပ် အကျဉ်းချုံးပြီး (Brief) ပဲထုတ်မလား၊ အသေးစိတ် နက်နက်ရှိုင်းရှိုင်းလေ့လာဆန်းစစ်ချက်တွေကို ပြောပြတဲ့အသံဖိုင်လေးများလိုချင်မလား ဆိုပြီး စိတ်ကြိုက် အသံဖိုင်တွေ အနေနဲ့လည်း လေးမျိုးလေးသွယ်ဖန်တီးနိုင်ပါဦးမယ်။

ဒီမှာ နုတ်ဘုတ် (Notebook LLM) က ဘာအားသာသလဲဆို တစ်ခြား အေအိုင် ချက်ဘော့တွေလို သူသိသမျှေပြောချင်သလို ပဒီးပဒါးလျှောက်ပြောတာတွေမပါပဲ ပေးထားတဲ့ ဖိုင်ထဲမှာပဲ အခြေပြုပြီး ပြန်ပြောပေးတာလည်းဖြစ်တော့ တော်တော်ကြီးကို အဆင်ပြေတဲ့အထဲကတစ်ခုဖြစ်နေတာပဲ။
ဘယ်လိုတွေသုံးလို့ရသေးလဲဆိုသလို ကျောင်းသားတွေ ဆရာတွေအတွက် စာအုပ်ပေါင်းများစွာကို တစ်နေရာတည်း စုထည့်ပြီး "ဘယ်စာအုပ်ထဲကတော့ဖြင့် ဘယ်လိုအချက်တွေကို ထုတ်ပေးပါ" ဒါမှမဟုတ် စာမေးပွဲအတွက် "အမြန်မှတ်ကတ်" Flashcards တွေ အမြန်ထုတ်တာမျိုး အလွယ်တစ်ကူဖန်တီးလို့ရနိုင်မှာပါ။
သုတေသနပြုသူများအတွက် ဆိုရင်လည်း ကိုးကားစာတမ်း (Research Papers) တွေ အများကြီးကို ဖတ်ခိုင်းပြီး အချက်အလက်တွေကို နှိုင်းယှဉ်ခိုင်းတာ၊ Timeline ဆွဲခိုင်းတာမျိုး တွေလည်း လုပ်လို့ရသလို လုပ်ငန်းခွင်တွေမှာသုံးမယ်ဆိုရင်လည်း အစည်းအဝေးမှတ်တမ်းတွေ လုပ်ငန်းလမ်းညွှန် (Manual) တွေကို ပစ်ထည့်ထားလိုက်ပြီး သိလိုတာကို အချိန်မရွေး ပြန်မေးနိုင်တဲ့ အခြေအနေတစ်ခုကို ဖန်တီးထားနိုင်မှာပါ။

-

MagicSchool AI
MagicSchool AI သိုမ့ဟုတ် ဆရာ၊ ဆရာမများအတွက် အကောင်းဆုံး လက်ထောက် တွေထဲကတစ်ခုလို့ပြောလို့ရမယ်။

MagicSchool လို့ ပြောလိုက်တာနဲ့ ကျောင်းအုပ်ဟောင်းတစ်ဦးဖြစ်သူ Adeel Khan က ပညာရေးလောကအတွက် အထူးရည်ရွယ် ဖန်တီးထားတဲ့ AI Website တစ်ခုကို ပြေးမြင်ကြမှာပါ။
လက်ရှိအချိန်အထိ စာသင်ခန်းထဲမှာ လက်တွေ့အသုံးချနိုင်တဲ့ AI Tools ပေါင်း (၈၈) မျိုးခန့်အထိ ပါဝင်နေတာကြောင့် ဆရာ၊ ဆရာမတွေအတွက်တော့ တကယ့်ကို အဖိုးတန်တဲ့ အင်တာနက်အခြေပြု ဆော့ဝဲတစ်ခုပဲ ဖြစ်ပါတယ်။
သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အားသာချက်တွေကိုပြောရမယ်ဆိုရင်တော့ဖြင့် MagicSchool ကို အခမဲ့ မူကွဲ (Free Version) အနေနဲ့ရော၊ ပိုမိုစုံလင်တဲ့ Paid Version အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ ဆိုတော့ အခမဲ့မူကွဲ (version) မှာ တင် ရရှိနိုင်တဲ့ လုပ်ဆောင်ချက်တွေက တော်တော်လေးကို ပြည့်စုံလှပါတယ်။

Lesson plan ပဲ ဆွဲ၊ worksheet ပဲ စိတ်ကြိုက် generate လုပ်ခြင်လုပ် ထုတ်ချင်တာထုတ်၊ rubric generator လည်းပါသေးတာကြောင့် အကဲဖြတ်မှုစံနှုန်းများလည်း လိုသလို ဖန်တီးနိုင်သလို ကျောင်းသားတွေရဲ့ ရေးထားသမျှတွေ အတွက်ကို feed back ပြန်ထုတ်ချင် ထုတ် လို့ရတဲ့ FeedBack Generator ဆိုပြီး လည်းပါသးတာကြောင့် ရေးပြလို့ မကုန်နိုင်တဲ့ ကြိယာ (tools) အများကြီးကို Free version မှာတင် အခမဲ့ရနိုင်နေတာကြီးက တော်တော်ကို အသုံးချဖို့သင့်ပြီး အဆင်ပြေပါတယ်။
ဒါတွေတင်မကသေးဘဲ ဆရာ၊ ဆရာမတွေ သင်ကြားသူတွေ အနေနဲ့ မိမိစိတ်ကြိုက် Custom Classroom တွေ ဖန်တီးပြီး ကျောင်းသားတွေကိုလည်း AI Tools အချို့ကို ပေးသုံးထားလို့ ရပါတယ်။
ကျောင်းသားတွေရဲ့ အသုံးပြုမှုနဲ့ တိုးတက်မှု အခြေအနေတွေကိုလည်း ဆရာကနေတစ်ဆင့် စောင့်ကြည့် အကဲဖြတ်နိုင်တာဟာ ဒီ မှော်ကျောင်းတော်လို့ ခေါ်ရမယ့် MagicSchool Website ရဲ့ ထူးခြားချက်တွေထဲက တစ်ခုလို့ပဲ ပြောကြရမယ်။

သတိပြုဖို့ လိုတာကတော့ အချက်တစ်ချက်ထဲရယ်၊ သူ့မှာက သူရဲ့ အဓိက အားနည်းချက်ပဲဆိုဆို ပြောရရင်တော့ MagicSchool ဟာ အင်တာနက်စာမျက်နှာ (Website) အခြေပြု ဖြစ်တာကြောင့် ဖုန်းထဲမှာ အလွယ်တစ်ကူ တိုက်ရိုက် ထည့်သွင်း အသုံးပြုနိုင်တဲ့ Mobile Application အနေနဲ့တော့ လက်ရှိမှာ မရရှိနိုင်သေးပါဘူး။ အဆုံးသတ် ခြုံပြောရရင်တော့ MagicSchool ထဲမှာပါဝင်တဲ့ ကြိယာ (Tools) တွေဟာ တော်တော်ကြီးကို အရမ်းပဲကို စုံလင်လွန်းလှတာကြောင့် စာသင်ခန်းအတွင်းမှာ နည်းပညာကို ထိထိရောက်ရောက် အသုံးချချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဝန်ဆောင်မှုတွေထဲက အခမဲ့ နဲ့ ကောင်းကောင်းကန်းကန်း ရရှိနိုင်တာတွေထဲက တစ်ခု ဖြစ်ပါတယ်။ လက်ရှိအချိန်မှာပေါ့။
Magic School နဲ့ ပတ်သက်တဲ့ Tools တွေက တော့ သုံးလို့ကို မကုန်နိုင်တာကြောင့်ရယ် ဒီမှာတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။

ဆိုတော့ကား နောက်နှစ် ၂၀၂၆ ၂၀၂၇ မှာ တီချယ်တို့လည်း အဆင်သင့်ဖြစ်ဖို့အတွက် ဖို့ပြင်နိုင်ဆင်နိုင်ကြပါစေ။

Like Share Follow for More Contents...!
For Computer Computing ICT CODING EDUCATION!
https://www.facebook.com/kodekiddie








10/05/2026

Coming Soon.!

Photos from Center of Computing's post 09/05/2026

International Computing Curriculum Contents
စတင်သင်ကြားလိုသူများအတွက်ကော သင်ကြားနေသူများအတွက်ကော သင်ရိုးများသိရှိစေဖို့အတွက် ကွန်ပျူတာသင်ရိုးများရဲ့ မာတိကာများကို မျှဝေပေးလိုက်ပါတယ်။

# 0x00 Oxford Computing
# 0x01 Cambridge Computing
# 0x02 Cambridge ICT Starter (Withdrawal)
# 0x03 Click Start International Edition
# 0x04 Pearson Computing

Like Share Follow for More Contents...!









https://www.facebook.com/kodekiddie

28/01/2026

Scratch Programming Parents + Teachers Training
Free For All | 3 Days Intensive .!

January လအတွက် ရည်ရွယ်ထားတဲ့ အတန်းလေးဖြစ်ပါတယ်။ 📅 နေရာ တော်တော်များများ မှာ Coding for Kids အတွက် သင်ကြားရာ မှာ စံအဖြစ် သတ်မှတ်ယူဆပြီး အသုံးပြု သင်ကြားနေကြတဲ့ Scratch Programming နဲ့ ပတ်သက်တာပဲ ဖြစ်ပါတယ်။ 💻 2013 အလွန်မှာ အင်္ဂလန် လွှတ်တော် ဆုံးဖြတ်ချက် နဲ့ ICT (အသုံးချကွန်ပျူတာပညာ) သင်ရိုးကနေ Computing (ကွန်ပျူတာအားခိုင်းစေမှုပညာ) သင်ရိုးအဖြစ် ပြောင်းလဲလာတဲ့ အပြောင်းအလဲရဲ့အရွေ့တွေထဲက တစ်ခု အနေ နဲ့ Computing Subject မှာ Theory + Coding/CS + Computer_Application ဆိုပြီးပြောင်းလဲသင်ကြားလာရာမှာ မန်ဆာချူးဆက်နည်းပညာ Massachusetts Institute of Technology (MIT) ရဲ့ ဖန်တီးမှုတွေထဲက တစ်ခု ဖြစ်တဲ့ Scratch Programming ကိုပဲ စံအဖြစ် ယူကြပြီး ကလေးငယ်လေးတွေကို တစ်တန်း နှစ်တန်းကစလို့ ကုဒ်ရေးသားနည်းတွေ သင်ကြားလာကြပါတယ်။ 🎓

[= ထည့်သွင်းပြောသင့်တာကတော့ Scratch Programming ကို သူ့ ညွှန်းဆိုချက်အရ ၈နှစ်မှ ၁၆နှစ်ကြား သင်ကြားသင့်ပြီး ၅နှစ်မှ ၇နှစ် ဆိုရင်တော့ မိုဘိုင်းအခြေပြု ScratchJr (Scratch Junior) ကိုပဲသင်ကြားဖို့သင်တော်ပါတယ် 📱 =]

သင်ကြားသင်ယူဖို့အတွက် ကွန်ပျူတာ လိုအပ်မှာ ဖြစ်ပြီးတော့ ကလေးငယ်လေးတွေ ကို Computing & Coding ကို ရင်းနှီးစေပြီး စတင် သင်ကြားနိုင်ဖို့ အတွက်ပါ။ 🖱️ ဒီအတန်းလေးက တော့ ကလေးတွေ အတွက် မဟုတ်ပဲ ဖေဖေ မေမေ မိဘဆရာ ၊ မာတာပိတု နဲ့ အာစရိယတို့ လူကြီးတွေအတွက် အတန်းပဲ ဖြစ်ပါတယ်။ 👨‍👩‍👧‍🏫 အိမ်မှာ ကိုယ်တိုင် သင်ကြားလိုရင်ပဲ ဖြစ်ဖြစ် လက်ရှိ သင်ကြားနေတဲ့ သင်ခန်းစာများနဲ့ အတန်းတွေမှာ ဖြည့်စွက်ပေါင်းထည့်ပြီး အကျိုးရှိတဲ့ screen time အချို့ အဖြစ် ပြောင်းလဲနိုင်စေဖို့ အတွက်ပါပဲ။

⏳ စတင် သင်ကြားနိုင်ဖို့ နဲ့ သဘောတရားတွေ ကို နားလည်သွားစေဖို့ အတွက်ပဲ ရည်ရွယ်ပါတယ်။ ဒါတွေအပြင် သင်ကြား သင်ယူမှုမှာ အထောက်အပံ့ဖြစ်စေမယ့် သင်ခန်းစာ စစ်ဆေးမှုပုံစံ အချို့ကိုပါ ထည့်သွင်းပြောကြားသွားမှာပဲဖြစ်ပါတယ်။ ✅ ၃ရက်တာ အချိန်ပဲ သင််ကြားမှာ ဖြစ်တာကြောင့် အခြေခံ သဘောတရားတွေ သင်ကြားပေးသွားမှာ ဖြစ်ပြီး Scratch Programming for kids with AI Integration အတွက် ဆက်လက် လေ့လာရန် လမ်းညွှန် ပြသပေးလိုက်မှာပဲ ဖြစ်ပါတယ်။

🤖 ဒါတွေအပြင် အခြားသော ဆက်စပ် ဆိုင်ရာ Computing Course တစ်ချို့ကိုလည်းဖြည့်စွက် သင်ကြားသွားမှာပါ။ 📚 Scratch Programming က ဘာလဲဆိုတာကတော့ သီးခြားပို့စ်တစ်ခုမှာ ဖတ်နိုင်ပါတယ်။ 📖 တက်ရောက်လိုသူ Educators Parents Teachers များစာရင်းပေးလို့ရပါပြီ။ 📝 စုစုပေါင်း သင်ကြားချိန် ၃ရက်ပါ။ 🗓️
- .
Contact
Page - https://www.facebook.com/kodekiddie
Phone - 099 7239 5887
တက်ရောက်လိုတယ်ဆိုရင်တော့ Google Form လေးဖြည့်ပေးဖို့အတွက် နဲ့ တယ်လီဂရမ်လင့်လေးကို page မှာ လာတောင်းပေးပါ။ အတန်းနဲ့ပတ်သက်ပြီး မေးချင်တာတွေ လာမေးလို့ ရပါတယ်။
- .
သင်ကြားပေးမယ့် Instructor ကတော့ ကိုဗစ်မတိုင်ခင်မှာ ပြည်တွင်း အစိုးရ နည်းပညာ တက္ကသိုလ် တစ်ခု ကနေ အင်ဂျင်နီယာ နဲ့ ကျောင်းပြီးလို့ ဘွဲ့ရထားပြီး Web Developer အနေ နဲ့ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ကိုဗစ် ကာလတွေ မှာ အွန်လိုင်း သင်ကြားမှုတွေ နဲ့ စတင် သင်ကြားခဲ့တာ ဖြစ် ပြီးတော့ သင်ကြားမှုအနေနဲ့ ၄နှစ် နီးပါးခန့် ရှိပြီ ဖြစ်ပြီး၊ လက်ရှိမှာလည်း ရန်ကုန်မြို့က International School ၂ခုမှာ ICT/Computing Teacher အနေနဲ့ International Computing Curriculum ဖြစ်တဲ့ Cambridge Computing နဲ့ Pearson Computing သင်ရိုးတွေကို အချိန်ပိုင်း သင်ကြားနေသူဖြစ်ပါတယ်။ မကြာခင်မှာ ဆရာ ဆရာများအတွက် စာသင်ခန်း အခြေပြုပြီး အေအိုင် နည်းပညာ အသုံးချနည်းများကိုလည်း သင်ကြား မျှဝေသွားမှာပဲ ဖြစ်တာကြောင့် like share follow လုပ်ထားကြဖို့ မမေ့ပါနဲ့ ....
===== ===== ===== ===== ===== ===== ===== ===== ===== =====
✨ Scratch + Digital Literacy — Facilitator Outline
🐱 What Is Scratch? (Creative Learning Spiral) (Web vs. Tablet)
🖥️ Interface Tour & Coordinates (X/Y Axis)
🧩 Code Palettes Categories & Block Logic Overview
➡️ Core Concepts: Events, Sequencing, Loops
🤔 Conditional Logic (If/Else)
🎨 Paint Editor (Vector vs. Bitmap)
🎵 Sound Editing & Music Composition
🎮 Game Mechanics: Sensing, Broadcasting & Variables
🔢 Data: Variables, Lists & Scoring
🛠️ Building Story & Animation | Game | Interactive Project
🛠️ Building a Complex Interactive Project
📹 Extensions (Pen, Sound, TexToSpeech, etc.., )
🐞 Debugging & Testing Code
🤖 AI Extensions Integrations & Next Steps
-
⚡ Course Requirements:
💻 လက်တော့ သို့ desktop ကွန်ပျူတာ၊ သို့ စခရင်ကြီးကြီးတက်ဘလက် (တက်ဘလက်ဖြင့် ကောင်းမွန်စွာ အသုံးပြု၍မရပဲ လိုအပ်ချက်များရှိနိုင်ပါသည်)
(* လက်‌တော့ သို့ ကွန်ပျူတာ မရှိပါက လိုက်ပါလုပ်ဆောင်ရန်ဖုန်းတစ်လုံး၊ ဇွန်းဖြင့် လိုက်ကြည့်ရန်ဖုန်းတစ်လုံး ၂လုံးလိုအပ်ပါတယ် )
🌐 အင်တာနက် ကော်နက်ရှင် ကောင်းကောင်း
🔧 ကွန်ပျူတာနဲ့ပတ်သက်လို့ ကောင်းမွန်စွာ အသုံးပြုတတ်ထားဖို့လိုပြီး ဝက်ဆိုက်အဖွင့်၊အပိတ် နဲ့ application ထည့်တတ်ရင်ရပါပြီ (moving the mouse, using the keyboard, using the browsers)
📝 မှတ်စုရေးလိုပါက မှတ်စုစာအုပ်
👾 စိတ်ဝင်စားမှု နှင့် နည်းပညာ အသစ်များ လေ့လာရန် အားရပါးရ စိတ်အားထက်သန်မှု!
-
🗓️ Course Schedule:
🗓️ Dates: 4th, 5th, 6th of February 2026
⏰ Time: Starting from 8:00 PM [60 minutes +++ ]
📅 Duration: 3 Days ! 💻✨
📍 Days: Tuesday, Wednesday, Thursday
-

15/01/2026

ဒီဇစ်တယ်ခေတ်မှာ ကလေးတွေကို Coding နဲ့ Digital Knowledge ကို အစောဆုံး၊ မှန်ကန်တဲ့နည်းလမ်းနဲ့ လမ်းညွှန်ပေးနိုင်ဖို့က အရေးကြီးဆုံးပါ။ Scratch Programming + Digital Knowledge သင်တန်းကတော့ Parents နဲ့ Teachers များအတွက် အထူးဒီဇိုင်းပြုလုပ်ထားပြီး ကလေးတွေကို စိတ်ဝင်စားစေတဲ့ ပုံစံနဲ့ Programming အခြေခံများ၊ Logic Thinking နဲ့ Digital အသိပညာတွေကို လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Zoom Live Online Class (၃ ရက်) အနေနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး Late January မှာ စတင်ဖွင့်လှစ်မယ့် ဒီသင်တန်းက အနာဂတ်အတွက် ခိုင်မာတဲ့ အစပြု ခြေလှမ်းတွေထဲကတစ်ခု ဖြစ်လာမှာပါ။

04/01/2026

အားလုံးပဲ မင်္ဂလာရှိသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယမှာ ပျော်ရွှင်လန်းဆန်းကြပါစေ !! 🇲🇲🥳🎉✨🌟

ဒီနေ့ ဇန်နဝါရီလ (၄) ရက်နေ့ဟာ တို့မြန်မာနိုင်ငံတော်ကြီး လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ထည်ထည် ပြန်လည်ရပ်တည်နိုင်ခဲ့တဲ့ အလွန်ထူးမြတ်လှတဲ့ နေ့ထူးနေ့မြတ်ကြီးပဲ ဖြစ်ပါတယ် 🌍💪🔥 လွတ်လပ်မှုရဲ့ အနှစ်သာရနဲ့ တန်ဖိုးကို ဒီနေ့မှာ အလေးအနက် ပြန်လည်သတိရ ဂုဏ်ပြုကြရအောင်နော် 🕊️🌈✨

လွတ်လပ်ရေးဆိုတာ အလိုလိုရလာတာမဟုတ်ဘဲ ဘိုးဘွားဘီဘင်တွေရဲ့ အသက်၊ သွေး၊ ချွေးမြောက်မြားစွာနဲ့ ခက်ခက်ခဲခဲ ရယူခဲ့ရတာမို့ တို့တစ်တွေအားလုံးက မြတ်မြတ်နိုးနိုးနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ လိုပါတယ် 🤝❤️🔥 တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စည်းလုံးညီညွတ်မှု အင်အားတွေနဲ့အတူ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတော်ကြီးဖြစ်အောင် ရှေ့ဆက်ကြိုးစားသွားကြမယ်လို့ ယုံကြည်ပါတယ် 🚀🌟🎊

ဒီနေ့လို အားလပ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရလေးတွေ ဖန်တီးရင်း 🎡📸🍿 လွတ်လပ်မှုရဲ့ အရသာကို အပြည့်အဝ ခံစားလိုက်ကြပါဦးနော်! အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးဘယာ ဝေးကွာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🏠💞🍀

တို့မြန်မာပြည်ကြီး ထာဝရအေးချမ်းပါစေ 🇲🇲🙏❤️✨🌟🔥

#လွတ်လပ်ရေးနေ့ #မြန်မာ့လွတ်လပ်ရေးနေ့ #ခုနစ်ဆယ့်ရှစ်နှစ်မြောက်လွတ်လပ်ရေးနေ့

04/01/2026

ဒီနေ့ကတော့ မြန်မာ့ရိုးရာ ပြာသိုလပြည့် (အမေများနေ့) ဖြစ်ပါတယ်ရှင်/ခင်ဗျာ။ ✨🥰🌹

ကမ္ဘာ့နိုင်ငံအများစုမှာ 🌍 မေလရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ကို မိခင်များနေ့ (Mother's Day) အဖြစ် သတ်မှတ်ကြပေမယ့် 🗓️ တို့မြန်မာနိုင်ငံမှာတော့ ထူးခြားတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ချမ်းမြေ့စရာ ပြာသိုလပြည့်နေ့ ကိုမှ "အမေများနေ့" အဖြစ် သတ်မှတ်ပြီး အမေ့ဂုဏ်ကျေးဇူးတွေကို ထုတ်ဖော်ပူဇော်ကြတာ ဖြစ်ပါတယ် 🇲🇲🙏💖

အမေဆိုတာ သားသမီးတွေအတွက် လောကရဲ့ ဦးဦးဖျားဖျား ဗြဟ္မာကြီးပါပဲ 🌟 ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မေတ္တာမပျက်ဘဲ တစ်သက်လုံး ပေးဆပ်စောင့်ရှောက်ခဲ့တဲ့ အမေ့ရဲ့ မေတ္တာတွေဟာ အတိုင်းအဆမရှိပါဘူး 🌈☀️ ဒီနေ့လိုနေ့မျိုးမှာ အဝေးရောက်နေတဲ့ သားသမီးတွေကလည်း ဖုန်းဆက်ပြီး အမေ့ကို ကန်တော့ကြသလို၊ အနားမှာရှိနေသူတွေကလည်း အမေ့ကို ပျော်အောင်ထားရင်း ကျေးဇူးဆပ်ကြပါတယ် 💐🎁💌

လောကမှာရှိတဲ့ မိခင်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 🙏 ပူပင်ကြောင့်ကြမရှိဘဲ သားသမီးတွေနဲ့အတူ အသက်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🎈🎊💞

ချစ်တဲ့အမေ့ကို ဒီပို့စ်လေးမှာ Tag တွဲပြီး ချစ်စကားလေးတွေ ပြောလိုက်ကြရအောင်နော် 👩‍👧‍👦💕✨🌷

#အမေများနေ့ #မြန်မာနိုင်ငံအမေများနေ့ #ပြာသိုလပြည့်

30/12/2025

Center of Computing

Photos from Center of Computing's post 29/12/2025

" Initiate & Ignite - Starting From Independence Day "
- Free Coding Course – Myanmar Independence Day Special -
နှစ်သစ်မှာ နည်းပညာအသစ်တွေသင်ယူနိုင်ကြဖို့ | ဇန်နဝါရီ ၆ရက်နေ့မှ စမယ့် အတန်းလေးတွေဖြစ်ပါတယ်။

Scratch Programming Essential Course ကိုတော့ ၈နှစ်မှ ၁၀နှစ်အရွယ် Upper Primary ကျောင်းသား တွေ တက်ရောက်နိုင်ပြီးတော့
Python Programming Essential Course ကိုတော့ ၁၁နှစ်မှ ၁၃နှစ်အရွယ် Lower Secondary ကျောင်းသားတွေ တက်ရောက်နိုင်ပါတယ်။

တစ်ပတ်ကို ၂ရက် ၊ တစ်ချိန် ကို တစ်နာရီ ၁၅မိနစ် ကြာမှာပဲဖြစ်ပါတယ်။
Zoom ဖြင့်သင်ကြားမယ့် Online Class များဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက page မှာမေးမြန်းသွားနိုင်ပါတယ်။

Like the page & Share the post to join this free program ..!
တက်ရောက်လိုပါက Comment မှာဖြစ်စေ Page ChatBox မှာဖြစ်စေ စာရင်းပေးသွင်းနိုင်ပြီး Registration Form လေးကို ပို့ပေးသွားမှာပါ။

Contact - 099 7239 5887
https://facebook.com/kodekiddie
https://www.youtube.com/
https://tiktok.com/

28/12/2025

ဘယ်အရွယ်တွေအတွက် ဘာတွေသင်ကြမလဲ ၊ ဘာမှ မသင်ရသေးရင်ဘယ်ကစကြမလဲ ၊ ကွန်ပျူတာမရှိတာနဲ့ ကွန်ပျူတာအသိအမြင်-သဘောတရားဆိုင်ရာတွေ မသင်ရပဲ မဖြစ်ရလေအောင် ၊ စခရင်မပြေေသးပဲ သင်ကြားစရာေတွသင်ကြားနိုင်ဖို့ . !

၃ရက်တာ အတန်းမှာ ဘာတွေပြောခဲ့လဲဆိုတော့ . . .

ဆောင်းတွင်းမို့ အမြဲနှာခေါင်းပိတ်နေတာမို့ အသံကရပ်ရပ်သွားပြီး အသက်ရှူသံတွေပါနေတာလေးပဲ 😅😅🙏🙏

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok
1010