29/09/2026
ဒီလကတော့ ဘဝက နည်းနည်းကြမ်းတယ်ဗျာ…။
အလုပ်လုပ်ရတာလည်း ကျွဲလို၊ နွားလိုပဲ။ ည ၁၀ နာရီအထိ အချိန်ပိုဆင်းရတယ်။ အလုပ်ကပြန်၊ အခန်းရောက်ပြီး ရေမိုးချိုးပြီးရင် ၁၁ နာရီနီးပါး။
ဒါနဲ့ ပြီးပြီလားဆိုတော့ မပြီးသေးဘူး…
Video ရိုက်ရ၊ Edit လုပ်ရနဲ့ သန်းခေါင်ယံ ၁ နာရီကျော်သွားပြန်ရော။ မနက်ကျတော့ အလုပ်သွားဖို့ ၆:၃၀ ပြန်ထရတယ်။
ဟူးးးးး… ဘယ်မလဲ နားချိန် 😵
ရှားရှားပါးပါး နေ့လယ် ၁ နာရီခွဲလောက် နားချိန်ရပြန်တော့လည်း အနားယူဖြစ်တာမဟုတ်ဘူး။ Video ရိုက်ဖို့ ပြောရမယ့် Script တွေ ပြန်စီ၊ အကြောင်းအရာတွေ ပြန်ရှာနဲ့ပဲ အချိန်ကုန်သွားပြန်တယ်။
တကယ်တော့… မလွယ်ဘူးဗျ။
ဒါပေမယ့် “ငါ ပင်ပန်းလိုက်တာ” ဆိုပြီး သူများရှေ့မှာတော့ တစ်ခါမှ မငြီးငြူချင်ဘူး။
ဘာလို့လဲဆိုတော့ ဒီလမ်းကို ကျွန်တော်ကိုယ်တိုင် လိုလိုလားလားရွေးပြီး ရုန်းကန်နေတာမို့လို့ပါ။
အများကြီး ချမ်းသာအောင်မြင်ဖို့၊ သူများထက် အများကြီးသာဖို့လည်း မမျှော်လင့်ပါဘူး။
တစ်နေ့ကျရင် ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ပြီး၊ သူများလက်ညှိုးထိုးတာခံရတဲ့ ဘဝအခြေအနေမျိုးမှာ မရှင်သန်ရဖို့အတွက်ပဲ တစ်လှမ်းချင်း၊ ဖြည်းဖြည်းချင်း ကြိုးစားနေတာပါ။
ပင်ပန်းတယ်… ဒါပေမယ့် ကျေနပ်တယ်။
ဘာလို့လဲဆိုတော့ ဒီနေ့ပင်ပန်းနေရတာဟာ ကိုယ့်အနာဂတ်အတွက် ကိုယ်တိုင်ရွေးချယ်ထားတဲ့ ပင်ပန်းမှုဖြစ်နေလို့ပါ။
ရှယ်မိုက်တဲ့ မှုခင်းအကြောင်းတွေ၊ Storytelling တွေလည်း အများကြီး စာစီရေးပြီး စုထားပါတယ်။ 😁
ဒါပေမယ့် လကုန်ခါနီး ဒီ ၂ ရက်တော့ ဘာမှမတင်တော့ဘူးဗျာ…
ကိုယ့်ကိုယ်ကိုလည်း နည်းနည်းတော့ အနားပေးရဦးမယ်။
ခဏနားပြီး အားပြန်ဖြည့်လိုက်ဦးမယ်…။ ❤️