Chulora: The gateway to Chula

Chulora: The gateway to Chula Unlocking your path to Chulalongkorn University

06/07/2026
26/06/2026

Hi everyone! 💖 I’ve been getting a lot of messages asking if I help with applications for Master’s degree programs at Chulalongkorn University.

At the moment, I only provide guidance for students who are planning to apply for Bachelor’s degree programs. So unfortunately, I don’t offer support for Master’s applications.🥹

Thank you so much for your interest and understanding! Wishing everyone applying for their Master’s all the best. 🤍✨

____________________________________________

အားလုံးပဲ မင်္ဂလာပါနော် 💖

Page messanger မှာ Chulalongkorn University ရဲ့ Master’s Degree Program လျှောက်တာကိုကော ကူညီပေးလားဆိုပြီး လာမေးတဲ့ message တွေအများကြီးတွေ့ရလို့ ဒီ post လေးနဲ့ ဖြေပေးလိုက်ပါတယ်

လက်ရှိမှာတော့ ဒီ page က Bachelor’s Degree Program လျှောက်ချင်တဲ့ ကျောင်းသား/သူတွေအတွက်ပဲ guidance နဲ့ application အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် Master’s Degree လျှောက်တာနဲ့ ပတ်သက်ပြီးတော့ ဝန်ဆောင်မှု မပေးသေးပါဘူးရှင်🥹

နားလည်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ Master’s လျှောက်မယ့်သူတိုင်းလည်း အောင်မြင်ကြပါစေလို့ ဆုတောင်းပေးပါတယ်🤍✨

2026 december ဆို intake စဖွင့်ပြီမို့ Chula ကိုလျှောက်ချင်တဲ့သူတွေ page messenger မှာလာရောက်မေးမြန်နိုင်ပါပြီ💗🤍
26/06/2026

2026 december ဆို intake စဖွင့်ပြီမို့ Chula ကိုလျှောက်ချင်တဲ့သူတွေ page messenger မှာလာရောက်မေးမြန်နိုင်ပါပြီ💗🤍

💖🏛️🌍 𝘾𝙤𝙣𝙜𝙧𝙖𝙩𝙪𝙡𝙖𝙩𝙞𝙤𝙣𝙨 to Chulalongkorn University as it continues to shine on the global stage!
Chulalongkorn University is proud to be the only Thai university ranked among the Top 10 universities in ASEAN in the QS World University Rankings 2027, one of the world's most prestigious higher education rankings. The results, announced on June 18, 2026, also reaffirm Chula's position as Thailand's No. 1 university for the 18th consecutive year.
Adding to this remarkable achievement, Chula is ranked among the World's Top 100 for both Academic Reputation and Employment Outcomes, reflecting the university's excellence in education, research, and graduate success. Together, we celebrate another milestone in Chula's journey toward global excellence!
The QS World University Rankings 2027 evaluated more than 1,500 higher education institutions worldwide.
To learn more about this news, please see the details in the first comment.






🏛️ Chula vs Thammasat: ထိုင်းထိပ်တန်း Universities ကြီးနှစ်ခု ဘာကွာလဲ? ဘယ်ဟာကို ရွေးမလဲ! 🎓✨ထိုင်းနိုင်ငံရဲ့ အကောင်းဆုံးတ...
25/06/2026

🏛️ Chula vs Thammasat: ထိုင်းထိပ်တန်း Universities ကြီးနှစ်ခု ဘာကွာလဲ? ဘယ်ဟာကို ရွေးမလဲ! 🎓✨

ထိုင်းနိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်တွေထဲမှ Chulalongkorn University နဲ့ Thammasat University တို့က နိုင်ငံတကာအဆင့်မီပညာရေးကိုပေးနေတဲ့တက္ကသိုလ်တွေဖြစ်ပါတယ်

🏛️ 1. Chulalongkorn University (CU)

👩‍🎓 Student Culture:
Professional networking, leadership activities နဲ့ career development ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေများပါတယ်

📍 Location:
Bangkok မြို့လယ် (Siam – Samyan Area) မှာ တည်ရှိပြီး သွားလာရလွယ်ကူကာ City Life ကို အပြည့်အဝ ခံစားရမယ်

📚 လူသိများတဲ့ ဘာသာရပ်များ:

Business & Finance
Economics
Engineering
Architecture & Design
Communication Arts



🔴 2. Thammasat University (TU)

👩‍🎓 Student Culture:
Critical thinking, social issues, diversity နဲ့ open discussion culture ကို အားပေးတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် လူသိများပါတယ်

📍 Location:
International Programs အများစုကို Rangsit Campus မှာသင်ပြီး Campus Environment ကကျယ်ပါတယ်
တချို့ Program တွေတော့ကို Bangkok မြို့လယ်မှာရှိတဲ့ Tha Prachan Campus သင်ရပါတယ်

📚 လူသိများတဲ့ ဘာသာရပ်များ:

Political Science & International Relations
Economics
Business
Global Studies
Journalism & Media Studies



💡 ဘယ်ကျောင်းက ပိုကောင်းလဲ?

အဖြေကတော့ ဘာကိုရှာနေတာလဲပေါ်မူတည်ပါတယ်

✅ City Life, Networking Opportunities နဲ့ Professional Environment ကို နှစ်သက်ရင် Chula ကိုလျှောက်ပါ

✅ Campus Life, Diverse Community နဲ့ Open Discussion Culture ကို နှစ်သက်ရင် Thammasat ကို လျှောက်ပါ

📩 ကိုယ့် Academic Background နဲ့ Career Goals အပေါ်မူတည်ပြီး ဘယ် Program က ပိုသင့်တော်မလဲ သိချင်ရင် Page Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်

‼️Attention ‼️: Chula only ကိုကျောင်းလျှောက်ပေးနေပါပြီ 👏💕
Thammasat ကိုကျောင်းလျှောက်ဖို့တော့ service လေးမရသေးပါဘူးရှင့်🙏🙏

23/06/2026

🛑 Chula Admissions: Myth vs Fact သိထားရမယ့် အချက် 3 ချက် 🔎✨

1️⃣
❌ Myth: GED အောင်ရုံတင်မကဘဲ အမှတ် ၆၀၀ ကျော်မှ Chula လျှောက်လို့ရတယ်
🎯 Fact: မဟုတ်ပါဘူး Chula ရဲ့ International Programs အများစုအတွက် GED သတ်မှတ်ချက်က တစ်ဘာသာချင်းစီ အနည်းဆုံး ၁၄၅ မှတ် နဲ့ ၄ ဘာသာစုစုပေါင်း ၅၈၀ မှတ် အထက် ရှိရင်ကို တရားဝင်လျှောက်ထားခွင့်ရနေပါပြီ ဒါပေမယ့် အပြိုင်အဆိုင်များတဲ့မေဂျာတွေအတွက် အမှတ်ပိုကောင်းလေလေ အခွင့်အရေးပိုသာလေလေဖြစ်ပါတယ်

2️⃣
❌ Myth: Portfolio ကို ကိုယ်လုပ်ဖူးသမျှ အကုန်ထည့်ပြီး စာမျက်နှာ များများတင်ရင် ပိုအမှတ်ရတယ်
🎯 Fact: မဟုတ်ပါဘူး Chula ရဲ့ မေဂျာတွေ (အထူးသဖြင့် Design ဘက်) က စာမျက်နှာ အရေအတွက်ကို အရမ်း စည်းကမ်းကြီးပါတယ် ဥပမာ- INDA ကအများဆုံးစာမျက်နှာ ၂၀ အထိပဲ လက်ခံပြီး CommDe ဆိုရင် အတိအကျ ၁၂ မျက်နှာသာ တင်ရမှာပါ

3️⃣
❌ Myth: Round 1 (Early Admission) မှာ မလျှောက်ဘဲ နောက်မှ အေးဆေး လျှောက်လည်း တူတူပဲ
🎯 Fact: လုံးဝမတူပါဘူး Chula ရဲ့ အကောင်းဆုံးနဲ့ အခွင့်အလမ်းအများဆုံး အချိန်က Round 1 (Early Round) ဖြစ်ပါတယ် မေဂျာအများစုဟာ Round 1 မှာတင် လူအပြည့်နီးပါးခေါ်ယူလေ့ရှိပြီး နောက်ပိုင်း Round တွေက လူမပြည့်သေးမှဖွင့်လေ့ရှိတာမို့ ကပ်လျှောက်ရင်ဝင်ခွင့်ရဖို့ ရာခိုင်နှုန်း နည်းသွားတတ်ပါတယ်

ဒီလို အချက်အလက် အမှားတွေကြားထဲ ခေါင်းရှုပ်မခံချင်ဘူး၊ စည်းကမ်းချက်တွေအတိုင်း ၁၀၀% တိကျမှန်ကန်စွာနဲ့ ပထမဆုံးအကြိမ်မှာတင် သေချာပေါက် အောင်မြင်ချင်တယ်ဆိုရင်တော့ Chulora က ကျောင်းဝင်ခွင့်ရတဲ့အထိ အစအဆုံး ကူညီပေးနေပါပြီ💕

"နောက်မှပဲ ပြင်ဆင်တော့မယ်" ဆိုပြီး အချိန်ဆွဲနေတဲ့ ကျောင်းသားတွေအတွက် Chua ကစောင့်နေမှာမဟုတ်ဘူးနော် ⏳❌Chula ရဲ့ Internati...
16/06/2026

"နောက်မှပဲ ပြင်ဆင်တော့မယ်" ဆိုပြီး အချိန်ဆွဲနေတဲ့ ကျောင်းသားတွေအတွက် Chua ကစောင့်နေမှာမဟုတ်ဘူးနော် ⏳❌

Chula ရဲ့ International Programs အများစုဟာ နှစ်စဉ် december ဝန်းကျင်မှာ Round 1 (Early Round) စတာမို့ အခုထဲကစ ပြင်ဆင်မှ စာမေးပွဲအမှတ်တွေရော၊ စာရွက်စာတမ်းတွေပါ အချိန်မီ အဆင်သင့် ဖြစ်မှာပါ

Chula Admission Timeline Checklist

🟢 Phase 1
ကိုယ့်ရဲ့ လိုအပ်တဲ့ အမှတ်တွေအားလုံးကို အပြီးသတ်ရမဲ့အချိန် ဖြစ်ပါတယ်
🇬🇧 English Score: IELTS, Duolingo, TOEFL, CU-TEP စာမေးပွဲတွေကို ဒီကာလအတွင်းအပြီး target score ရအောင်ဖြေပါ
📊 Aptitude Test: ကိုယ်လျှောက်ချင်တဲ့ major တွေအတွက် အဓိကလိုမယ့် SAT/ACT အမှတ်ကောင်းကောင်းရဖို့လုပ်ရပါမယ်
📝 GED သမားများအတွက်: GED နဲ့ လျှောက်ရင် တစ်ဘာသာချင်းစီ ၁၄၅ မှတ်အထက်၊ စုစုပေါင်း ၅၈၀ မှတ်အထက် ရောက်အောင် အပြီးဖြေဆိုထားဖို့ လိုအပ်ပါတယ်

🟡 Phase 2:
🌸 အမှတ်တွေရပြီဆိုတာနဲ့ ကျောင်းဘက်က Profile Evaluation အတွက် အရေးကြီးတဲ့ အပိုင်းတွေကို စရပါမယ်
🤝 Recommendation Letters: ဆရာ/ဆရာမတွေဆီကနေ ထောက်ခံစာတောင်းဖို့လိုအပ်ပါတယ်

🟠 Phase 3
Final Shot နဲ့ Application တင်တဲ့ချိန်၊ နောက်ဆုံး အချိန်ဖြစ်လို့ အမှားအယွင်း လုံးဝမရှိစေရမယ့် ကာလပါ

Chula လျှောက်ရတဲ့ လုပ်ငန်းစဉ်ဟာ အဆင့်တွေ အများကြီး ရှိသလို၊ တစ်ချက်လေး မှားယွင်းတာနဲ့တင် ကိုယ့်ရဲ့ Application တစ်ခုလုံး အစောကြီး ပယ်ချခံရတတ်ပါတယ်။
အချိန်တွေ နှမြောဖို့မကောင်းအောင်၊ အမှားအယွင်းမရှိစေဘဲ ပထမဆုံးအကြိမ်မှာတင် Chula ဝင်ခွင့်ကို သေချာပေါက် ရချင်ရင် Page ရဲ့ Messenger မှာ အခုပဲ လာရောက် ဆက်သွယ်စုံစမ်းနိုင်ပါပြီ 💬

Today’s TopicIELTS or CU-TEP?Chula မှာ ကျောင်းလျှောက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေစဉ်းစားသင့်တဲ့မေးခွန်းတခုIELTS နဲ့ C...
13/06/2026

Today’s Topic
IELTS or CU-TEP?

Chula မှာ ကျောင်းလျှောက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေစဉ်းစားသင့်တဲ့မေးခွန်းတခု
IELTS နဲ့ CU-TEP ဘာဖြေရမလဲ?🤨

ဒီစာမေးပွဲ နှစ်ခုစလုံးကို Chula က လက်ခံပေမယ့် စရိတ်၊ မေးခွန်းပုံစံနဲ့ ဖြေဆိုရတဲ့ Focus မတူပါဘူး🧐

1️⃣ ကုန်ကြစရိတ် (Cost)

IELTS (Academic): ကမ္ဘာ့အဆင့်မီ စာမေးပွဲဖြစ်တာမို့ ကုန်ကျစရိတ် ပိုများပါတယ်
ပုံမှန်အားဖြင့် exam fees around 200 USD (မြန်မာငွေ 900,000 ကျော်ဝန်းကျင်) ကျသင့်နိုင်ပါတယ်

CU-TEP (Chulalongkorn University Test of English Proficiency): Chula က တိုက်ရိုက်စစ်တဲ့ ကျောင်းတွင်းစစ် စာမေးပွဲဖြစ်လို့ ကုန်ကျစရိတ်ကသက်သာပါတယ်
Paper-based ဆိုရင် around 900THB (မြန်မာငွေ 1 သိန်းကျော်) ဝန်းကျင်) Computer-based ဆိုရင် around 2500THB (မြန်မာငွေ 300,000 ကျော်ဝန်းကျင်) ကျသင့်ပါတယ်

2️⃣ မေးခွန်းပုံစံ (Test Format)
IELTS: အပိုင်း (၄) ပိုင်းပါပါတယ် Listening, Reading, Writing, နဲ့ Speaking

CU-TEP: အပိုင်း (၃) ပိုင်းသာပါ ပြီး အများစုက Multiple Choice ပုံစံတွေ ဖြစ်ပါတယ်။
Listening (30 marks)
Reading (60 marks)
Writing (30 marks)
တချို့မေဂျာအတွက်ကတော့ CU-TEP speaking ကိုဖြေရနိုင်ပါတယ်

3️⃣ ဘယ်ဟာက ပိုလွယ်လဲ? (my option)
Grammar ပိုင်ပြီး speaking ကြောက်ရင်👉 CU-TEP
Format ပိုစုံတာ ကြိုက်ပြီး နိုင်ငံတကာသုံးချင်ရင် 👉 IELTS

💡 ပိုမိုသိရှိလိုပါက Page ရဲ့ Messengerမှာ အခုပဲ လာရောက် ဆက်သွယ်စုံစမ်းနိုင်ပါပြီ။ 💬

11/06/2026

📐 INDA လား? 🎨 CommDe လား?

Chulalongkorn University ရဲ့ Faculty of Architecture အောက်မှာရှိတဲ့ International Programs တွေထဲက အနုပညာနဲ့ ဒီဇိုင်းဝါသနာပါတဲ့ ကျောင်းသားတွေအတွက် Program နှစ်ခုကတော့ INDA (International Program in Design and Architecture) နဲ့ CommDe (Communication Design) ပဲ ဖြစ်ပါတယ်

Program နှစ်ခုစလုံးက Creativity နဲ့ Design Thinking ကို အလေးပေးပေမယ့် လေ့လာရမယ့် နယ်ပယ်နဲ့ Career Path တွေမှာ ကွာခြားချက်တွေ ရှိပါတယ်👇



🏢 INDA (International Program in Design and Architecture)

📌 INDA ဆိုတာဘာလဲ?

INDA ဟာ Architecture ကို အခြေခံထားတဲ့ Program ဖြစ်ပေမယ့် Traditional Architecture တစ်ခုတည်းကိုသာ အာရုံစိုက်တာမဟုတ်ဘဲ Design, Space, Environment နဲ့ Human Experience တွေကို ချိတ်ဆက်စဉ်းစားနိုင်တဲ့ Interdisciplinary Approach ကို အလေးပေးတဲ့ Program တခုလို့ပြောလို့ရပါတယ်

📚 ဘာတွေသင်ရလေ့ရှိလဲ?

• Architectural Design
• Spatial Design
• Urban Studies & Urban Design
• Environmental Design
• Design Thinking
• Research-based Design Projects

👤 ဘယ်လိုလူတွေနဲ့ ကိုက်ညီလဲ?

✅ အဆောက်အဦးတွေ၊ နေရာအပြင်အဆင်တွေကို စိတ်ဝင်စားသူ

✅ Space နဲ့ လူတွေရဲ့ အသုံးပြုပုံကို စဉ်းစားရတာ ဝါသနာပါသူ

✅ 3D Thinking နဲ့ Problem Solving ကို နှစ်သက်သူ



📂 INDA Portfolio မှာ ဘာတွေ ထည့်နိုင်လဲ?

• Sketches & Drawings

• Model-making Projects

• Spatial Explorations

• Photography

• Personal Creative Projects

• Design Process နဲ့ Idea Development ကို ပြသနိုင်တဲ့ လက်ရာတွေ

📌 Portfolio မှာ Final Outcome တစ်ခုတည်းမဟုတ်ဘဲ ကိုယ်ဘယ်လို စဉ်းစားပြီး ဖန်တီးခဲ့လဲဆိုတဲ့ Process ကိုလည်း ပြသနိုင်ဖို့ အရေးကြီးပါတယ်



🎨 CommDe (Communication Design)

📌 CommDe ဆိုတာဘာလဲ?

CommDe ဟာ Visual Communication ကို အဓိကထားတဲ့ Design Program ဖြစ်ပြီး Design ကို အသုံးပြုပြီး လူတွေဆီ Message၊ Story နဲ့ Experience တွေကို ဘယ်လို ဆက်သွယ်မလဲဆိုတာကို လေ့လာရတဲ့ Program တခုဖြစ်ပါတယ်

📚 ဘာတွေသင်ရလေ့ရှိလဲ?

• Graphic Design

• Branding & Identity Design

• Visual Storytelling

• Typography

• Motion Graphics

• Interactive Media

• Experience Design

• Digital Communication

👤 ဘယ်လိုလူတွေနဲ့ ကိုက်ညီလဲ?

✅ Graphic Design နဲ့ Illustration ဝါသနာပါသူ

✅ Visual Content ဖန်တီးရတာ နှစ်သက်သူ

✅ Branding, Advertising, Digital Media ကို စိတ်ဝင်စားသူ

✅ Design ကနေတစ်ဆင့် လူတွေနဲ့ ဆက်သွယ်ချင်သူ



📂 CommDe Portfolio မှာ ဘာတွေ ထည့်နိုင်လဲ?

• Graphic Design Works

• Digital Illustrations

• Posters & Branding Projects

• Photography

• Motion Graphics

• Animation / Video Projects

• Personal Creative Projects

📌 Technical Skill တစ်ခုတည်းမဟုတ်ဘဲ Creativity, Concept Development နဲ့ Visual Communication Ability ကို ပြသနိုင်ဖို့ အရေးကြီးပါတယ်



Portfolio ကို စနစ်တကျ ပြင်ဆင်ထားခြင်းက Admission Process မှာ ကိုယ့်ရဲ့ Potential နဲ့ Design Ability ကို ထိရောက်စွာ ပြသနိုင်စေပါတယ်။ ✨

Apply လုပ်ချင်တယ်၊ အကြံညဏ်တွေလိုချင်တယ်ဆို Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 💬

🏛️ ဘန်ကောက်မြို့လယ်ခေါင်မှာရှိတဲ့ Chulalongkorn University မှာ တက်ချင်ပေမယ့် တစ်လစရိတ် ဘယ်လောက်ကုန်မလဲ၊ မိဘတွေရော ထောက်ပ...
10/06/2026

🏛️ ဘန်ကောက်မြို့လယ်ခေါင်မှာရှိတဲ့ Chulalongkorn University မှာ တက်ချင်ပေမယ့် တစ်လစရိတ် ဘယ်လောက်ကုန်မလဲ၊ မိဘတွေရော ထောက်ပံ့နိုင်ပါ့မလားဆိုပြီး တွေးနေရင် ဒီ post လေးက အကြမ်းဖျင်း ခန့်မှန်းနိုင်ဖို့ အကူအညီဖြစ်မှာပါ 💰🇹🇭

✨ Chula မှာ ကျောင်းတက်ရင် တစ်လစရိတ် ဘယ်လောက်ကုန်မလဲ?

1️⃣ ကျောင်းလခ (Tuition Fees) 📖

Chula ရဲ့ International Programs တွေက Major အလိုက် ကျောင်းလခ ကွာခြားပါတယ်

💰 Program အလိုက် Semester တစ်ခုကိုတော့ Baht 60,000–180,000+ ဝန်းကျင် ရှိနိုင်ပါတယ်

📌 တစ်နှစ်ကို Semester ၂ ခု ရှိပြီး Program တစ်ခုချင်းစီအလိုက် နှုန်းထားက ကွာခြားနိုင်တာကြောင့် ကိုယ်လျှောက်မယ့် Major ရဲ့ Official Website မှာ စစ်ဆေးတာတော့ပိုတိကျပါမယ်

2️⃣ နေစရိတ် (Accommodation) 🛌

Chula က Siam, Samyan တို့လို Bangkok ရဲ့ City Center Area မှာ ရှိတာကြောင့် နေရာအလိုက် ငှားရမ်းခ ကွာခြားနိုင်ပါတယ်

🏠 ကျောင်းနား Apartment/ Shared Room တွေမှာ နေမယ်ဆိုရင် တစ်လကို Baht 5,000–8,000 ဝန်းကျင်နဲ့ ရှာတွေ့နိုင်ပါတယ်။

🏙️ Facilities အပြည့်အစုံပါတဲ့ Condo တွေမှာ နေမယ်ဆိုရင်တော့ Baht 12,000–20,000+ အထိ ကုန်ကျနိုင်ပါတယ်

3️⃣ စားစရိတ်နှင့် နေ့စဉ်အသုံးစရိတ် (Food & Living Expenses) 🍛🛍️

ဒီအပိုင်းကတော့ Lifestyle ပေါ် မူတည်ပြီး အများကြီး ကွာခြားနိုင်ပါတယ်။

🍜 Chula ကျောင်းဝင်းအတွင်း Food Court တွေမှာ တစ်နပ်ကို Baht 40–70 ဝန်းကျင်နဲ့ စားနိုင်ပြီး အချို့ Menu တွေကတော့ Baht 100 ဝန်းကျင်အထိ ရှိနိုင်ပါတယ်

💰 ပုံမှန်အားဖြင့် Food & Living Expenses အတွက် တစ်လကို Baht 4,000–8,000+ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။

4️⃣ Transportation 🚆🚌

🚌 Chula ရဲ့ CU Pop Bus ကို ကျောင်းသားတွေ အခမဲ့ အသုံးပြုနိုင်ပါတယ်။

🚆 ဒါပေမယ့် BTS, MRT (public transportations) တွေဆိုရင် Expense အနေနဲ့ တစ်လကို Baht 1,000–2,000 ဝန်းကျင် ကျနိုင်တယ်

📊 အကြမ်းဖျင်း တစ်လကုန်ကျစရိတ်

💵 Budget Student – Baht 10,000–15,000/month

💵 Average Student – Baht 15,000–25,000/month

💵 Condo နေပြီး Lifestyle Spending များသူ – Baht 25,000+/month

09/06/2026

Free websites to practice for the SATs✨✨

To apply for Chula, it is better to get around 1300+ to be safe. 🎓

Here are some of the websites that you can use to practice for your SAT exams!!

1️⃣ Khan Academy (The Official Partner) 🏛️
ဒါကတော့ SAT ဖြေမယ့်သူတိုင်း မဖြစ်မနေ သုံးရမယ့် no.1 Website, College Board နဲ့ collab ထားတာမို့ မေးခွန်းတွေက real exam နဲ့တော်တော်နီးစပ်တယ်လို့ပြောလို့ရတယ်
💡 ကိုယ့်ရဲ့ အားနည်းချက်တွေကို ရှာဖွေပေးပြီး Level အလိုက် မေးခွန်းတွေ လေ့ကျင့်လို့ရပါတယ်

2️⃣ Bluebook App (The Real Exam Simulator) 📱
ဒါက College Board က ထုတ်ထားတဲ့ Official App ဖြစ်ပါတယ် တကယ့် စာမေးပွဲခန်းထဲမှာ ဖြေရမယ့် Digital SAT Testing Interface တူညီပါတယ်
💡 ဒီထဲမှာ Official Full-length Practice Tests တွေရှိလို့ mock exam practice အနေနဲ့လေ့ကျင့်လို့ရပါတယ်

3️⃣ Scalar Learning (YouTube & Web Guide) 🧠
SAT အတွက် Tips and Tricks တွေကို သိချင်ရင် ဒီနေရာက အကောင်းဆုံးဖြစ်ပါတယ်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chulora: The gateway to Chulaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์