13/05/2026
ပထမဆုံး Laos မှာ ကိုယ်တိုင် Visa လျှောက်ဖူးတဲ့ အတွေ့အကြုံလေးမျှဝေပေးချင်လို့ပါ။
လာအိုကို အေးဂျင့်နဲ့မဟုတ်ဘဲ ကိုယ်တိုင်သွားချင်သူတွေနဲ့ ပထမဆုံးသွားလျှောက်မည့် သူတွေအတွက် ရည်ရွယ်ပါတယ်။
သေချာမလေ့လာဘဲ Visa submit မိတော့ ပထမတစ်ခါ reject ထိပါတယ်။ ပုံ(၁) ထဲက email အတိုင်း Name doesn't match ဆိုပြီးပါ။ အကြောင်းမှာ ကျွန်တော်က First name ကို (Lin)၊ Middle name ကို Htet နဲ့ Last name ကို Naing ဆိုပြီးထည့်လိုက်လို့ပါ။ ငွေ ၂၀၀၀ နဲ့ အချိန်တချို့တော့ အလကားဖြစ်သွားတာပေါ့။
ဒုတိယတစ်ခါတင်တော့ ပုံ(၂) ထဲကအတိုင်း First name မှာဘဲ နာမည်အပြည့်ထည့်ပေးလိုက်ရတာပါ။
(P.S - ဒါကို သံရုံးရဲ့ ငွေသွင်းကောင်တာနားမှာလည်း စာကပ်ပြီးကြေငြာထားပါတယ်။ မြန်မာလူမျိုးတွေ first name မှာဘဲ နာမည်အပြည့်အစုံထည့်ဖို့။ ကိုယ်ကမတွေ့မိတာပါ။)
အဲ့ဒါတော့ တင်ပြီး ၂ ရက်မှာဘဲ approve ရသွားပါတယ်။
အခုတော့ Visa ရသွားပါပြီ။ ဘန်ကောက်ပြန်တော့မယ် ဟဲဟဲ
ဘန်ကောက်သွားတော့မယ်ဆိုလည်း Arrival Card ကို online ကနေမဖြစ်မနေဖြည့်သွားဖို့လိုပါမယ်ဗျ။
အားလုံးအဆင်ပြေပါစေဗျာ။
The Lynn Diary ✍️
07/05/2026
2026 ခုနှစ်ရဲ့ Child's Dream Scholarship Winner တစ်ဦးဖြစ်တဲ့ Mr. Min Nyan Mon ကို Bangkok University မှာ ကျောင်းဝင်ခွင့်ရရှိရန် The Lynn Diary မှ ကူညီလျှောက်ထားပေးခွင့်ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ။
ကောင်းမွန်သောပညာရေးရရှိပါစေရန်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
လက်ရှိမှာလည်း Bangkok University ရဲ့ August Intake ကိုလျှောက်ထားလို့ရနေပြီဖြစ်တာကြောင့် လျှောက်ထားလိုပါက The Lynn Diary သို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီခင်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျ။
The Lynn Diary ✍️
05/05/2026
Child’s Dream Scholarship Result တွေထွက်ပြီလို့သိရပါတယ်ဗျ
Email တွေစစ်ကြည့်ကြအုံးနော်
Wish you all the best 😍
04/05/2026
Thai Language ကို Master Prgram တက်ရောက်မယ့်ညီမလေး ကျောင်းကိုရောက်လာပြီမို့ ကိုယ်တိုင်သွားရောက်ပြီး Student Card Registration အတွက် ကူညီပေးဖြစ်ခဲ့ပါတယ်။
M.A in Thai Language ကို ဘယ်လိုလူတွေတက်သင့်လဲ
မြန်မာပြည်က နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ထိုင်းဘာသာနဲ့ ဘွဲ့ရပြီးသူတွေ၊ ထိုင်းဘာသာစကားသင်တန်းပြန်လည်ဖွင့်ရန် ရည်မှန်းထားသူတွေနဲ့ ထိုင်းနိုင်ငံမှာ ထိုင်းဘာသာရော English ဘာသာစကားပါရလို့ ကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းရလိုသူတွေ တက်ရောက်သင့်ပါတယ်ခင်ဗျာ။
လက်ရှိအချိန်အထိလည်း Kasem Bundit University ရဲ့ June Intake အတွက် Master ရော Bachelor ပါလျှောက်လို့ရနေသေးတာကြောင့် လျှောက်ထားလိုပါက The Lynn Diary သို့ဆက်သွယ်စုံစမ်းနိုင်ပါပြီခင်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျ။
The Lynn Diary
28/04/2026
ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်နဲ့ နေထိုင်ရင်း တက္ကသိုလ်တက်ဖို့ ရွေးချယ်ခဲ့တဲ့ အမွှာညီမလေးနှစ်ယောက် ကျောင်းဝင်ခွင့်အတူတူရရှိသွားပြီဖြစ်ပါတယ်။
ဟုတ်ပါတယ် Kasem Bundit University မှာ ပန်းရောင်ကဒ်နဲ့ကျောင်းတက်ဖို့လည်း လက်ခံတာကြောင့် တကူးတက passport ပြန်လုပ်စရာမလိုပါဘူးခင်ဗျာ။
လက်ရှိမှာလည်း June Intake အတွက် လျှောက်ထားလို့ရနေသေးတာကြောင့် လျှောက်ထားလိုပါက အသေးစိတ်သိရှိရန်အတွက် The Lynn Diary Page messenger သိို့ ဆက်သွယ်နိုင်ပါပြီခင်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျ။
The Lynn Diary ✍️
27/04/2026
ယခင်ရက်များက Shinawatra University နဲ့ partnership ရထားတော့ ကျောင်းအကြောင်းပိုသိရအောင် ကျောင်းကို ကိုယ်တိုင်သွားလေ့လာဖြစ်ခဲ့ပါတယ်။
တည်နေရာ 📍
Location အရ Pathumthanni Province ရဲ့ အနောက်မြောက်ဘက်မှာရှိပါတယ်။ နီးစပ်ရာကျောင်းဆိုရင် Pathumthanni University ရှိပေမယ့် နာရီဝက်လောက်ထပ်ပြီးဝေးပါသေးတယ်။
မြို့နဲ့အနည်းငယ်လှမ်းတဲ့အတွက် City lifestyle နဲ့ ကျောင်းတက်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ဘူးလို့ ခံစားမိပါတယ်။
Dormitory 🏢
ကျောင်းမှာ Student dorm တွေကတော့ အသစ်တည်ဆောက်ထားသလို အရောင်လက်ပြီးလှပနေတာမြင်ရပါတယ်။
Campus 🏫
အားကစားကွင်းကောင်းကောင်းလည်းရှိသလို Eco friendly campus ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကလည်း စီမ်းလန်းသာယာနေတာကိုမြင်ခဲ့ရပါတယ်။
Campus အဝင် လမ်းတလျှောက်မှာ ပန်းတွေသိုက်မြိုက်စွာ ပွင့်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။
International environment 🎓
International student တွေရှိပေမယ့် မြန်မာဘက်ကို အခုနှစ်မှ စပြီးလက်ခံမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာကျောင်းသားတော့တစ်ယောက်မှမရှိသေးဘူးလို့ဆိုပါတယ်။
Nursing Program နဲ့နာမည်ကြီးတဲ့ကျောင်းဖြစ်တဲ့အတွက် Nursing Program အကြောင်း အသေးစိတ် video တစ်ပုဒ်ကိုလည်း မကြာခင် တင်ပေးဖို့ရှိပါတယ်ခင်ဗျာ။
လက်ရှိမှာ ဒီကျောင်းကို August Intake အတွက် လျှောက်ထားနိုင်ပြီဖြစ်တာကြောင့် လျှောက်ထားလိုပါက The Lynn Diary ကိုဆက်သွယ်ပြီး အခမဲ့ဝန်ဆောင်မှုများစွာရယူနိုင်ပါပြီခင်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျ။
The Lynn Diary ✍️
20/04/2026
June PEC လျှောက်ထားတဲ့ ညီမလေးကို လာအိုမှာ Visa သွားမလျှောက်ခင် Student Card Registeration အတွက်လိုက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်ခင်ဗျာ။ 📸
The Lynn Diary ကို ယုံကြည်စွာအပ်နှံပေးခဲ့လို ကျေးဇူးတင်ပါတယ်ဗျ။
Bangkok University ရဲ့ August Intake အတွက် စတင်လျှောက်ထားလို့ရနေပြီဖြစ်တာကြောင့်
အသေးစိတ်ဆွေးနွေးလိုပါက Page messenger သို့မဟုတ် အောက်ပါ ဆက်သွယ်ရန်များကို ဆက်သွယ်စုံစမ်းနိုင်ပါပြီဗျ။
Viber & Phone - (+66) 809 860 057
အားလုံးအဆင်ပြေကြပါစေဗျ။
The Lynn Diary
16/04/2026
မင်္ဂလာနှစ်သစ်ဖြစ်ပါစေခင်ဗျာ 🎉
UTCC မှာ စနေနေ့တစ်ရက်သာ (Saturday only) တက်ရတဲ့ XMBA Program မှာ ဝင်ခွင့်ရသွားတဲ့ အမ Ms. Phoo Pwint Soe အတွက် The Lynn Diary မှ ကျောင်းလျှောက်ပေးခွင့်ရလို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း မျှဝေချင်ပါတယ်ခင်ဗျာ။
လက်ရှိမှာလည်း UTCC ရဲ့ Bachelor Program ရော Master Program ရော June Intake အတွက် လျှောက်လို့ရနေသေးတာကြောင့် လျှောက်ထားလိုပါက The Lynn Diary ကို ဆက်သွယ်စုံစမ်းနိုင်ပါပြီခင်ဗျာ။
ဆက်သွယ်ရန်
Phone & Viber - (+66) 809 860 057
12/04/2026
Child’s Dream Scholarship နဲ့ပက်သက်ပြီး ကျွန်တော်မျှဝေလာတာလည်းများပါပြီ။
ဟိုနေ့က Thammasat မှာ မြန်မာသင်္ကြန်လေးသွားတော့ CD နဲ့ပါလာကြတဲ့သူတွေက ကျေးဇူးတင်စကားတွေ လှိုက်လှိုက်လှဲလှဲလာပြောကြတော့ သွားကြီးဖြီးပြီး “အဆင်ပြေနေတာမြင်ရတာဝမ်းသာပါတယ်” ဆိုတာကလွဲပြီး ဘာပြန်ပြောရမလဲလည်းမသိခဲ့ပါဘူး။
တချို့ကလည်း “ဒုက္ခသည်စခန်းမှာ အကို့ Video တွေ Download ပြီး သေချာနားထောင်ပြီး CD လျှောက်လို့ပါလာကြတာ” ဆိုတာတွေပြန်ကြားရတော့ အလွန်ပဲဝမ်းသာပါတယ်။
(ထူပူနေတာနဲ့ အားလုံးနဲ့တူတူပုံတောင်မရိုက်ဖြစ်ခဲ့ဘူး နောက် ကြုံရင်တော့ရိုက်ပါအုံးမယ်)
ဒီနောက်ပိုင်းတော့ ကိုယ်ပိုင်အတွေ့အကြုံတွေမျှဝေတယ်ဆိုတာထက် Recent scholar တွေရဲ့အတွေ့အကြုံကိုဘဲ မျှဝေပေးဖြစ်ပါတယ်။ Shortlist မရလို့ ပွဲဖြစ်နေတာလည်းတွေ့ပါတယ်။ ကိုယ့်မှာတကယ်ကြိုးစားချင်စိတ်ရှိရင်တော့ ကိုယ့်ထိန်းချုပ်မှုအောက်ကမဟုတ်တာကို စိတ်ညစ်နေမယ့်အစား ကိုယ့်ထိန်းချုပ်မှုအောက်မှာရှိတဲ့ကိုယ့်လုပ်ရပ်ကိုဘဲ မြှင့်တင်ကြိုးစားဖို့ပဲတိုက်တွန်းလိုပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျ
The Lynn Diary ✍️