11/03/2026
2024 ကစာလေးပေမယ့် အခုလိုငလျင်ကြောက်နေရချိန်မှာပိုပီးသင်ပေးထားသင့်တာလေးမို့
ပြန်တင်ပေးလိုက်တယ်
👇🏽👇🏽👇🏽👇🏽👇🏽👇🏽👇🏽👇🏽👇🏽
ကလေးတွေနဲ့အပြင်သွားရင် သွားနေကျမဟုတ်တဲ့နေရာတွေသွားရင် အမြဲလုပ်ခိုင်းထားရမယ့်အရာတခု
ဘာဖြစ်မလဲ ????????
Exit sign ထွက်ပေါက်ကို ရှာခိုင်းထားဖို့ပါ ✔️✔️✔️
☑️ကိုယ် မရင်းနှီးတဲ့ နေရာတွေကို သွားတဲ့အခါ ထွက်ပေါက်ရှာထားရမယ်ဆိုတာ
ကလေးတွေကို သင်ကြားပေးထားရမယ့် life skill တခုဖြစ်ပါတယ်
လူစည်ကားတဲ့ စျေးဝယ်စင်တာ၊ ပန်းခြံ၊ ဒါမှမဟုတ် ကျောင်းအသစ်ပဲဖြစ်ဖြစ်၊ စားသောက်ဆိုင် ၊ playground ပဲဖြစ်ဖြစ်
ရောက်ပီဆိုတာနဲ့ exit ကိုရှာပါ
Why ????
✅Emergency တခုခုကြုံလာရင် သူတို့ဘယ်ကနေ ထွက်ရမယ်ဆိုတာ သိစေပါတယ်
✅ Train the awareness of their surroundings
ထွက်ပေါက်သိနေဖို့ အရေးကြီးသလို
အခုလို exit ကို ရှာဖွေရင်းနဲ့ သူတို့ဟာ ဘေးပတ်ဝန်းကျင်တခုလုံးကို scan ဖတ် လေ့လာပီးသားလဲဖြစ်ပါတယ်
ဒီနေရာက safe ဖြစ်လား ????
တခြားကိုယ်သိတဲ့သူ နှုတ်ဆက်ရမယ့်သူတွေ ရှိနေလား ???
ဘေးပတ်ဝန်းကျင်ကို လေ့လာရမှာက အရေးကြီးတဲ့ အရာတခုဖြစ်ပါတယ်
Exit sign ရှာတတ်တဲ့အလေ့အကျင့်ကို လုပ်ကြည့်ပါ
ကလေးရဲ့ awareness skill တိုးတက်လာတာမြင်ရပါလိမ့်မယ်
Little Leo world
January 26;2024
8pm
09/03/2026
သမီးရေ…
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ရမယ်၊
ကိုယ့်ဘဝမှာ ကိုယ်လက်ခံနိုင်တဲ့အရာနဲ့
မလက်ခံနိုင်တဲ့အရာတွေကို သိထားပြီး
ကိုယ့်အတွက် boundaries တွေ ရှိထားတတ်ရမယ်ဆိုတာတွေ ပြောပြခဲ့ပီးပီနော်
တစ်နေ့ သမီးလည်း
တစ်ယောက်ယောက်ကို ချစ်မိနိုင်ပါတယ်။
ဒါကို မေမေက ကောင်းကောင်း နားလည်ပါတယ်။
ဒါပေမယ့်…
သမီးရဲ့ နှလုံးသားကို
အလွယ်တကူ မပေးလိုက်ဘဲ
အချိန်တခုယူပြီး သေချာ စဉ်းစားတတ်တဲ့
မိန်းကလေးတစ်ယောက် ဖြစ်စေချင်တယ်သမီးရေ ။
မေမေက သမီးကို
“မချစ်နဲ့” လို့ တားချင်တာ မဟုတ်ပါဘူး။
သမီး ပျော်ရွှင်နေတဲ့ ဘဝကိုပဲ
ဒီအမေက မြင်ချင်တာပါ။
ဒါကြောင့်ပဲ
အချစ်ဆိုတဲ့အရာကိုလည်း
အလျင်လိုမဟုတ်ဘဲ
နူးညံ့စွာ၊ သေချာစွာ
ရွေးချယ်တတ်စေချင်တာပါ။ 🤍
လူတစ်ယောက်က
စကားချိုချိုတွေ ပြောတတ်ရုံ ၊
ဂရုစိုက်မှုတွေပေးနေရုံနဲ့
ချက်ချင်း ယုံကြည်လိုက်လို့ရတဲ့အရာ မဟုတ်ဘူး သမီးရေ။
လူတစ်ယောက်ရဲ့ စကားထက်
သူ့ရဲ့ လုပ်ရပ်တွေကို ကြည့်တတ်ပါ။
သူ့ရဲ့ စိတ်ထား၊
လေးစားမှု၊
သမီးကို တန်ဖိုးထားပုံတွေကို
သိဖို့ဆိုရင် အချိန်တခု လိုအပ်တယ်။
အလျင်လိုဆုံးဖြတ်လိုက်တဲ့ အချစ်တွေက
တခါတလေ နှလုံးသားကို နာကျင်စေတတ်ပါတယ်။
ဒါကြောင့်
တစ်နေ့ သမီး ချစ်မိတဲ့အခါ
ကိုယ့်နှလုံးသားကို
အလွယ်တကူ မပေးလိုက်ဘဲ
ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး
အချိန်ယူစဉ်းစားတတ်တဲ့
မိန်းကလေးတစ်ယောက် ဖြစ်စေချင်ပါတယ်။
မိခင်အတွက်တော့
သမီးပျော်နေတဲ့ မျက်နှာလေးကိုပဲ
မြင်ရတာက အရေးကြီးဆုံးပါပဲ ။
ဒါကြောင့် အချစ်ဆိုတာ
အလျင်လိုဆုံးဖြတ်ရတဲ့ အရာမဟုတ်ဘူးဆိုတာကို
သမီး နားလည်ထားစေချင်ပါတယ်။
အမေကတော့
ဘယ်အချိန်မှာပဲဖြစ်ဖြစ်
သမီးဘေးမှာ မေတ္တာနဲ့ အမြဲရှိနေမယ့်သူပါ။ 🤍
Little Leo world
8:45pm
March 9,2026
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
❗️❗️သဇင့်အရင်ပေ့ချ်လေးက hack ခံထားရတာမို့
တင်တာလေးနှစ်သက်သဘောကျတယ် ဆို မန့်က channel လေးတွေ ကို joinခဲ့ပေးနော် 😍😍။ ❗️❗️
တခြားသူတွေသိအောင် Share မယ် ဆိုလဲ မူရင်းပို့စ်လေးပဲ shareပေးနော်
ပြန်ကူးတင်ခြင်းခွင့်မပြုပါဘူးရှင့်
✅TikTok channel
https://www.tiktok.com/?_t=ZS-8xDYhq1uqi9&_r=1
✅YouTube channel
https://youtube.com/channel/UCChw0D0cn0qkTfOd9hbLgDA
✅Telegram
https://t.me/littleleoworld
✅ Facebook
https://www.facebook.com/profile.php?id=100094012569898&mibextid=LQQJ4d
02/03/2026
မိဘတွေ အမြဲပြောနေတဲ့
စကားတစ်လုံးရှိတယ် —
“မလုပ်နဲ့”
“မလုပ်နဲ့” ဆိုတဲ့ စကားတစ်လုံးက
ကလေးရဲ့ နှလုံးသားထဲမှာ
ထိခိုက်သွားတတ်တယ်။
မိဘတွေက “မလုပ်နဲ့” လို့ ပြောလိုက်ရင်
ကလေးတွေ စိတ်ထဲမှာ မကောင်းကြဘူး။
“ငါ့ကို မယုံကြည်ဘူးထင်တယ်…”
“ဘာလို့ အမြဲတမ်း တားနေတာလဲ…”
“ငါ့စိတ်ကို မနားလည်ဘူး…”
အဲ့လို ထင်တတ်ကြတာ သဘာဝပါပဲ။
ဒါပေမယ့် မိဘတွေဘက်ကတော့
အဲဒီစကားတစ်လုံး ပြောလိုက်တဲ့အချိန်မှာ
စိတ်ပူနေတာ ပိုများပါတယ်။
သူတို့ကိုယ်တိုင်
မှားဖူးကြတယ်။
နာကျင်ဖူးကြတယ်။
ဆုံးရှုံးဖူးကြတယ်။
ကိုယ်မတွေ့ဖူးသေးတဲ့ အရာတွေကို
သူတို့က တွေ့ပြီးသားဖြစ်နေတတ်တယ်။
သူတို့ရဲ့ အတိတ်နာကျင်မှုတွေ
ကိုယ့်လက်ထဲ မရောက်စေချင်လို့ပဲ…
သူတို့တစ်ချိန်က မှားခဲ့တဲ့ လမ်းကို
ကိုယ့်ကလေး မလျှောက်စေချင်လို့ပဲ…
လောကကြီးရဲ့ အန္တရာယ်တွေကို
ကိုယ့်ထက်ပိုမြင်နေလို့ပဲ…
ဒါကြောင့် “မလုပ်နဲ့” လို့ ပြောတာက
ချုပ်နှောင်ချင်လို့ မဟုတ်ဘူး။
ကာကွယ်ချင်လို့ပါ။
ဒါပေမယ့်လည်း
မိဘတွေလည်း လူသားတွေပါ။
တစ်ခါတလေ မသိဘဲ မှားတတ်ကြတယ်။
အကြောင်းရင်း မရှင်းပြဘဲ
“မလုပ်နဲ့” လို့ပဲ ထပ်ထပ် ပြောနေရင်
ကလေးစိတ်ထဲမှာ
မေးခွန်းတွေ ကျန်သွားတတ်တယ်။
“ဘာလို့ မလုပ်ရတာလဲ…”
“ငါ မကောင်းလို့လား…”
ကလေးတွေ လိုချင်တာက
လွတ်လပ်ခွင့်ထက်
နားထောင်ပေးမယ့် လူတစ်ယောက်ပါ။
အမှားလုပ်မလားဆိုပြီး
အမြဲကြောက်နေတာထက်
အမှားလုပ်ရင်တောင်
ပြန်လာလို့ရမယ့် နေရာတစ်ခုကို ပိုလိုချင်ကြတာပါ။
မိဘဆိုတာ
အမြဲမှန်နေဖို့ မလိုပါဘူး။
အမြဲချစ်နေပေးဖို့ပဲ လိုပါတယ်။
နောက်တစ်ခါ “မလုပ်နဲ့” လို့ ပြောမိမယ်ဆိုရင်
ခဏလေး ရပ်ပြီး စဉ်းစားကြည့်ရအောင်—
ငါ တားနေတာလား…
ဒါမှမဟုတ်
ငါ ကာကွယ်နေတာလား…
ပြီးတော့
တားလိုက်တဲ့အရာကို
စိတ်အေးအေးနဲ့
နူးညံ့နူးညံ့ ရှင်းပြပေးဖို့
မမေ့ကြရအောင်။
တစ်ခါတလေ
“မလုပ်နဲ့” လို့ ပြောတာထက်
“ဘာလို့ မလုပ်သင့်လဲ” လို့ ပြောပေးတာက
ကလေးရဲ့ နှလုံးသားကို ပိုလုံခြုံစေတတ်ပါတယ်။ 💛
Little Leo world
March 2, 2026
5:00 Am
21/02/2026
ဟိုရှေ့ရက်ကရေးခဲ့တဲ့စာထဲမှာ
ကလေးတွေ toxic relationship ကနေ ရုန်းထွက်နိုင်ဖို့
Boundaries သင်ပေးထားရမယ် လို့ပြောတော့
“ဘာတွေ သင်ပေးရမလဲ?” လို့ မေးကြလို့
ဒီစာလေး ဆက်ရေးဖြစ်တာပါ။
ကလေးတွေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့
Boundaries က မဖြစ်မနေလိုအပ်ပါတယ်။
⸻
✅ ၁. Body Boundaries
ဒီအပိုင်းက s*x education နဲ့ ဆက်နွယ်နေလို့
မိဘတော်တော်များများ သင်ထားကြပြီးဖြစ်မယ်ထင်ပါတယ်။
• ✅ Your body belongs to you
• ✅ Say NO
• ✅ Private parts are private
ဒါပေမယ့် ထပ်ဖြည့်သင်ပေးရမယ့်အချက်က—
👉 ကိုယ့်ခန္ဓာကိုယ်ကို ဘယ်သူမှ နာကျင်အောင်လုပ်ခွင့်မရှိသလို
ကိုယ်ကလည်း သူတပါးကို ကိုယ်ထိလက်ရောက် မကျူးလွန်ရပါဘူး။
ရည်းစားစာပေးရင် ပါးရိုက်ခဲ့ဆိုတာ အဖြေမဟုတ်ပါဘူး။
Violence က Boundary မဟုတ်ပါဘူး။
ကိုယ့်အသားကို သူများထိတာ မကြိုက်ရင်
ကိုယ်ကလည်း သူများကို မထိရပါဘူး။
Boundary ဆိုတာ
ကိုယ့်ကိုယ်ကို လေးစားတာလည်းဖြစ်သလို
သူတပါးကိုလည်း လေးစားတာပါ။
⸻
✅ ၂. Feeling Boundaries
“If something makes you uncomfortable,
you don’t have to be polite.”
ကလေးတွေကို သင်ပေးရမယ့် အရေးကြီးဆုံး အချက်က—
အဆင်မပြေရင်
အမြဲယဉ်ကျေးနေဖို့ မလိုပါဘူး။
ကိုယ့်ခံစားချက်ကို ထိခိုက်စေတဲ့အခါ
ပြောသင့်တာ ပြောရဲရပါမယ်။
• “နင်အခုလိုလုပ်တာ ငါ့ကို နာကျင်စေတယ်”
• “ဒီလိုမပြောနဲ့”
• “ငါ မကြိုက်ဘူး”
• “ရပ်ပါ”
ထုတ်ပြောရဲခြင်းက
ရိုင်းစိုင်းမှုမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို ကာကွယ်တာပါ။
⸻
✅ ၃. Permission Before (ခွင့်တောင်းတတ်ခြင်း)
ဘယ်အရာမဆို ခွင့်တောင်းတတ်ရပါမယ်။
ဒါက လူမှုဆက်ဆံရေးရဲ့ အခြေခံပါ။
ကိုယ့်ကို လေးစားစေချင်ရင်
ကိုယ်တိုင်လည်း သူတပါးကို လေးစားတတ်ရပါမယ်။
အတန်းထဲမှာ—
• “ခဲတံငှားလို့ရမလား”
• “ထိုင်လို့ရမလား”
• “ဖုန်းပြောလို့ရမလား”
ဒီလိုစကားတွေကို
မိဘတွေက စပြီး အကျင့်ဖြစ်အောင် သင်ပေးရပါမယ်။
Boundary သင်တာဟာ
ယဉ်ကျေးမှု သင်တာပါ။
⸻
✅ ၄. Role Play Real Situations
အိမ်မှာ role-play ကစားရင်း သင်ပေးရပါမယ်။
ဥပမာ—
ဆံပင်လာကိုင်ရင် →
“Stop. I don’t like that.” လို့ တန်းပြောရဲရမယ်။
ကိုယ်မပြောချင်တဲ့ လျှို့ဝှက်ချက်ကို ဇွတ်မေးရင် →
“မပြောနိုင်ဘူး” လို့ ချက်ချင်းငြင်းရဲရမယ်။
Boundary ဆိုတာ
စာနဲ့သင်တာမလုံလောက်ပါဘူး။
လေ့ကျင့်ပေးမှ တကယ်အသုံးဝင်ပါတယ်။
⸻
ကလေးကို ကာကွယ်ချင်ရင်
Boundary က စပါ။
ချစ်တာတင် မလုံလောက်ပါဘူး။
ကာကွယ်နိုင်အောင် သင်ပေးဖို့ လိုပါတယ်။
Little Leo world
8:19
February 21 ,2026
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
❗️❗️သဇင့်အရင်ပေ့ချ်လေးက hack ခံထားရတာမို့
တင်တာလေးနှစ်သက်သဘောကျတယ် ဆို မန့်က channel လေးတွေ ကို joinခဲ့ပေးနော် 😍😍။ ❗️❗️
တခြားသူတွေသိအောင် Share မယ် ဆိုလဲ မူရင်းပို့စ်လေးပဲ shareပေးနော်
ပြန်ကူးတင်ခြင်းခွင့်မပြုပါဘူးရှင့်
✅TikTok channel
https://www.tiktok.com/?_t=ZS-8xDYhq1uqi9&_r=1
✅YouTube channel
https://youtube.com/channel/UCChw0D0cn0qkTfOd9hbLgDA
✅Telegram
https://t.me/littleleoworld
✅ Facebook
https://www.facebook.com/profile.php?id=100094012569898&mibextid=LQQJ4d
09/02/2026
“သမီး ရည်းစားထားမှာ မကြောက်ဘူး…
toxic relationship တွေထဲက
မရုန်းထွက်နိုင်မှာကိုပဲ ကြောက်တယ်”
သမီးက ၁၀ နှစ်…
မကြာခင် ဆယ်ကျော်သက်အပျိုအရွယ်လေးထဲ ဝင်လာတော့မယ်။
အဲ့ဒီအချိန်မှာ
သမီးကို ထိန်းချုပ်ဖို့ထက်
သိသင့်သိထိုက်တာတွေ သင်ပေးချင်တဲ့စိတ်ပဲ ပိုများလာတယ်။
သမီး… ရည်းစားထားမှာကို မကြောက်ပါဘူး
ယောက်ျားယူမှာကိုလည်း မကြောက်ဘူး
တစ်ခုပဲ ကြောက်တာ …..
Unhealthy relationship / Toxic relationship
တွေထဲ ဝင်သွားပြီး
ကိုယ့်ကိုယ်ကို နာကျင်နေရင်း
မရုန်းထွက်နိုင်မှာကိုပဲ ကြောက်တယ်။
ဒါကြောင့်
အခုကတည်းက သမီးကို သင်ပေးဖြစ်နေတာတွေက—
⸻
• Boundaries
“အရာရာတိုင်းမှာ
ကိုယ့်ရဲ့ boundaries တစ်ခု သတ်မှတ်ထားရမယ်”
ကိုယ်သတ်မှတ်ထားတဲ့ boundaries ကို
ကျော်လာရင်ဘယ်သူမဆို
‘NO’ လို့ ပြောနိုင်ရမယ်။
👉 Boundaries ဆိုတာ
လူတွေကို ဝေးအောင်လုပ်တာ မဟုတ်ဘဲ
ကိုယ့်ကို ကာကွယ်ပေးတာ ဆိုတာကို
သဘောပေါက်အောင် ပြောပြရမယ်။
⸻
• Self-value / Self-worth
ကိုယ့်ကိုယ်ကို တန်ဖိုးထားရမယ်
ကိုယ့်ကိုယ်ကို ချစ်ရမယ်။
“ကိုယ်က တစ်ယောက်တည်းနဲ့ တန်ဖိုးရှိပြီးသား”
“ကိုယ့်ကို မလေးစားတဲ့သူကို မလိုအပ်ဘူး”
“ကိုယ့်ကို ငိုအောင်လုပ်ရတဲ့သူကို ချစ်စရာမလိုဘူး”
ဒါကလဲအရေးကြီးဆုံးပါ ကိုယ့်ကိုကိုယ်တန်ဖိုးသိတဲ့ သူတယောက်ကဘယ်တော့မှ သူများကြောင့် မနစ်မွန်းဘူး
⸻
• Unhealthy / Toxic Relationship
“ချစ်တယ်ဆိုပြီး နာကျင်စေမယ်ဆိုရင်
အချစ်မဟုတ်ဘူး”
“ကိုယ့်ကို ကြောက်အောင်လုပ်ရင် အချစ်မဟုတ်ဘူး”
“ကိုယ့်ရဲ့ မိတ်ဆွေတွေနဲ့ ဝေးအောင်လုပ်ရင် အချစ်မဟုတ်ဘူး”
“အမြဲအပြစ်တင်ပြီး
ကိုယ့်ရဲ့ တန်ဖိုးကို လျှော့ချရင် အချစ်မဟုတ်ဘူး”
⸻
အရေးကြီးဆုံးက—
ချစ်တယ်ဆိုရင် နာကျင်ရတာကို သည်းခံရမယ်
ဆိုတဲ့ အယူအဆကို
သမီးရဲ့ စိတ်ထဲမှာ မရှိစေချင်ဘူး။
မိဘတွေအနေနဲ့
ကလေးရဲ့ ပတ်ဝန်းကျင်က လူတွေကို
အမြဲမရွေးပေးနိုင်ပေမယ့်
ဘယ်လိုလူကို မရွေးသင့်ဘူးဆိုတာတော့
သိအောင် သင်ပေးနိုင်ပါတယ်။
သမီးကို မိဘထိန်းချုပ်ထားတာ မဟုတ်ဘဲ
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ မိန်းကလေးပဲ
ဖြစ်လာစေချင်လို့ပါ 🩷
Little Leo world
Jan 9,2026
5pm
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
❗️❗️သဇင့်အရင်ပေ့ချ်လေးက hack ခံထားရတာမို့
တင်တာလေးနှစ်သက်သဘောကျတယ် ဆို မန့်က channel လေးတွေ ကို joinခဲ့ပေးနော် 😍😍။ ❗️❗️
တခြားသူတွေသိအောင် Share မယ် ဆိုလဲ မူရင်းပို့စ်လေးပဲ shareပေးနော်
ပြန်ကူးတင်ခြင်းခွင့်မပြုပါဘူးရှင့်
✅TikTok channel
https://www.tiktok.com/?_t=ZS-8xDYhq1uqi9&_r=1
✅YouTube channel
https://youtube.com/channel/UCChw0D0cn0qkTfOd9hbLgDA
✅Telegram
https://t.me/littleleoworld
✅ Facebook
https://www.facebook.com/profile.php?id=100094012569898&mibextid=LQQJ4d
07/02/2026
ကျမတို့ပတ်ဝန်းကျင်မှာ Suicidal case တွေ များလာတာနဲ့အမျှ
“mentally support ပေးဖို့လိုတယ်” ဆိုတဲ့ စာတွေကို မကြာခဏ မြင်လာရပါတယ်။
တကယ်လည်း လိုအပ်ပါတယ်။
ကိုယ်အပါအဝင် mentally support ပေးနေသူတွေရှိလို့
ပြန်ထလာနိုင်ခဲ့သူတွေ အများကြီးပါ။
ဒါပေမယ့် ဒီ့ထက်
ပိုအရေးကြီးတာတစ်ခုရှိပါတယ် —
ထပ်ပြီး mentally abuse မလုပ်မိစေဖို့ပါ။❌
ကိုယ်က support မပေးနိုင်ခဲ့ရင်တောင်
အနည်းဆုံး ဆွဲချသူ မဖြစ်ပါစေနဲ့။✅
တခါတလေ
လူတစ်ယောက်ရဲ့ စိတ်ကို သတ်သွားနိုင်တဲ့သူတွေက
အပြင်လူမဟုတ်ပါဘူး —
မိဘ၊ အိမ်ထောင်ဖက်၊ ချစ်သူ
အနီးဆုံးလူတွေ ဖြစ်နေတတ်ပါတယ်။
“မိဘပဲ၊ ဒီလောက်ပြောတာ နာစရာလား?”
“ယောက်ျားက ဒေါသထွက်လို့ ပြောလိုက်တာပဲလေ”
ဒါပေမယ့်
စိတ်မအဆင်မပြေ ဖြစ်နေတဲ့သူအတွက်
အဲ့ဒီ “ဒါလေး” တစ်ခွန်းက
ရှင်သန်ဖို့ကိုတောင် ကျောခိုင်းစေတတ်ပါတယ်။
ကိုယ်ချစ်တဲ့သူတွေက ပြောလိုက်တာမို့
တခြားသူတွေထက် ပိုနာပါတယ်။ 💥💥
“ရည်ရွယ်တာ မဟုတ်ပါဘူး” လို့ ပြောကြပေမယ့်
တဖက်လူရဲ့ စိတ်ထဲမှာတော့
“ငါ ဘာဖြစ်နေလဲဆိုတာ
သူတို့ တကယ်မသိကြဘူးလား” ဆိုတဲ့
အတွေးတွေက ရူးအောင် လုံးချာလိုက်နေတတ်ပါတယ်။
စိတ်ပုံမှန်မဟုတ်နေချိန်မှာ
စကားတစ်ခွန်းတည်းနဲ့တောင်
လူတစ်ယောက်ဟာ လောကကြီးကို စွန့်ခွာသွားနိုင်ပါတယ်။
ဒါကို လူတိုင်း မမြင်နိုင်ကြပါဘူး။
“ငါ့ကို ဘယ်သူမှ မနားလည်ဘူး
ငါ့ဘက်မှာ ဘယ်သူမှ မရှိဘူး”
ဆိုတဲ့အတွေးတွေနဲ့
တယောက်တည်း ရူးနေပြီလေ…
လူတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့အတွက်
ခံစားချက်တွေကို အပြည့်အဝ နားလည်ပေးဖို့
ခက်တာကိုလည်း သိပါတယ်။
ဒါပေမယ့်
လူတိုင်း စိတ်မကောင်း ဖြစ်နေတဲ့အချိန်မှာ
စကားပြောတဲ့အခါ ပိုပြီး သတိထားဖို့ လိုပါတယ်။
အချို့အချိန်တွေမှာ
ဒီလိုလူတွေနဲ့ ရှောင်လွှဲလို့ မရပါဘူး။
ပြောနေကြတာကလည်း
သူတို့အကျင့်၊ သူတို့စကားပါပဲ။
ဒီလိုတွေ ပြောမနေဖို့ တောင်းဆိုတဲ့အခါ
“မိုက်ရိုင်းတယ်” လို့ မှတ်ချက်ပြန်ရတဲ့အခါတွေ ရှိပါတယ်။
နောက်ဆုံးမှာတော့ ….
ကိုယ်လုပ်နိုင်တာ တစ်ခုပဲ ရှိပါတော့တယ် —
ကိုယ်ရှင်သန်ဖို့
တိတ်တဆိတ် ကျောခိုင်းထွက်ခွာခြင်းပါ။
မာနကြီးလို့ မဟုတ်ပါဘူး
နာကြည်းလို့ မဟုတ်ပါဘူး
မုန်းတီးလို့လည်း မဟုတ်ပါဘူး
လောကကြီးမှာ ကိုယ်ရှင်သန်ဖို့ပဲ ဖြစ်ပါတယ်။
လောကကြီးကိုအရှုံးပေးထွက်ခွါမယ့်အစား
ခဏပဲဖြစ်ဖြစ် Mentally abuse လုပ်သူတွေရဲ့အဝေးမှာနေထိုင်ပီး
ကိုယ့်ဘဝကိုအကောင်းဆုံး တည်ဆောက်လိုက်ကြရအောင်ပါ
Little Leo World
04/02/2026
မိဘတိုင်းကလေးကိုသင်ပေးထားသင့်တဲ့အရာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
❗️❗️သဇင့်အရင်ပေ့ချ်လေးက hack ခံထားရတာမို့
တင်တာလေးနှစ်သက်သဘောကျတယ် ဆို မန့်က channel လေးတွေ ကို joinခဲ့ပေးနော် 😍😍။ ❗️❗️
တခြားသူတွေသိအောင် Share မယ် ဆိုလဲ မူရင်းပို့စ်လေးပဲ shareပေးနော်
ပြန်ကူးတင်ခြင်းခွင့်မပြုပါဘူးရှင့်❌❌
✅TikTok channel
https://www.tiktok.com/?_t=ZS-8xDYhq1uqi9&_r=1
✅YouTube channel
https://youtube.com/channel/UCChw0D0cn0qkTfOd9hbLgDA
✅Telegram
https://t.me/littleleoworld
✅ Facebook
https://www.facebook.com/profile.php?id=100094012569898&mibextid=LQQJ4d
02/02/2026
ကိုယ်တွေငယ်ငယ်က ကစားခဲ့တဲ့ ကစားနည်းတွေ ကလေးတွေကိုပြန်ပြောပြဖို့ အရင်ကလုပ်ခဲ့ဖူးတာလေးပါ
မူရင်းပုံပိုင်ရှင်ကို ခွင့်တောင်းပီးလုပ်ပေးထားခဲ့တာလေးပါ
အရင်page လေးက hack ခံထားရတာမို့ ဒီဘက်page ကို လာကူးတင်တာပါ
31/01/2026
**ကျောင်းမှာ တဖက်က ရန်စလာတဲ့အခါ
ကလေးတွေ ဘာလုပ်ရမလဲ?**
👇🏽👇🏽👇🏽👇🏽👇🏽
အခုခေတ်အနေအထားအရ
ကလေးတွေကြားက ကျောင်းရန်ပွဲတွေဟာ
အနည်းငယ် ကနေ
တဖြည်းဖြည်း ပြင်းထန်လာနေတာကို
မြင်တွေ့နေရပါတယ်။
တချို့ဖြစ်ရပ်တွေမှာဆိုရင်
ကလေးတွေရဲ့ အသက်အန္တရာယ်ထိခိုက်လာတဲ့အထိ
ကြားရ၊ မြင်ရတဲ့အခါ
ကိုယ်တိုင်လည်း မိဘတယောက်ဖြစ်တာမို့
“ကိုယ့်ကလေးလည်း ကျောင်းသွားနေရတာပဲ”
ဆိုတော့ စိုးရိမ်စိတ်က မဖြစ်မနေ ဝင်လာပါတယ်။
ဒါပေမယ့်
စိုးရိမ်လို့ဆိုပြီး
အိမ်ထဲမှာပဲ သိမ်းထားလို့လည်း မရပါဘူး။
ဒါကြောင့်
မိဘတယောက်အနေနဲ့
လုပ်နိုင်တဲ့ အရေးကြီးဆုံးအရာက
👉 ကလေးကို လုံခြုံအောင် ရင်ဆိုင်နိုင်အောင် သင်ပေးခြင်း ပါ။
⸻
ပထမဆုံး — စကားပြောတတ်အောင် သင်ပေးပါ
ရန်ပွဲအများစုဟာ
လက်မပါခင်ကတည်းက
စကားကနေ စပါတယ်
နောက်ဆုံးမှာမှ
ကိုယ်ထိလက်ရောက်အထိ
ပေါက်ကွဲသွားတာများပါတယ်။
ဒါကြောင့်
ကိုယ့်ကလေးကို
👉 စကားနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင်
အရင်ဆုံး သင်ပေးရပါမယ်။
စကားနဲ့ ဖြေရှင်းတာက
❌ ကြောက်လို့ မဟုတ်ပါဘူး
❌ အားနည်းလို့လည်း မဟုတ်ပါဘူး
✔️ ဉာဏ်ရည်တစ်ခုပါ
ဒါကြောင့်
ရန်စလာတဲ့အခါ
ပထမဆုံး စကားလုံးတွေနဲ့ပဲ
ဖြေရှင်းဖို့ သင်ပေးပါ။
⸻
💥💥💥မရပ်ဘူးဆိုရင်ရော?
ဒီအချက်ကို
မိဘတွေက မဖြစ်မနေ သင်ပေးထားရပါမယ်။
👉 “မလုံခြုံတော့ဘူးဆိုရင်
ကိုယ့်ကိုယ်ကို ကာကွယ်ပြီး ထွက်ပြေးပါ”
ထွက်ပြေးတာကရှက်စရာမဟုတ်ပါ
သူ အသက်ရှင်ဖို့ သင်ပေးတာပါ။
⸻
ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲ?
ကိုယ့်ကလေးကို သင်ပေးထားရမယ့် အချက်တွေ—
• စကားကို အရင်ပြောပါ
• ပြောနေရင်း ထွက်ပေါက်ကို စဉ်းစားထားပါ
• လိုအပ်ရင် တွန်းပြီး ထွက်ပြေးပါ
• မလုံခြုံတော့ဘူးဆိုရင် မရပ်ဘဲ ထွက်ပြေးပါ
• လူကြီးတယောက်ယောက်ဆီ အမြန်ဆုံး သွားပါ
• “အမေ / အဖေက မင်းဘက်မှာ အမြဲရှိတယ်”
လို့ အမြဲ ပြောထားပေးပါ
👉 အနိုင်ယူဖို့ မဟုတ်ပါဘူး
👉 ကိုယ့်အသက်ကို ကာကွယ်ဖို့ပါ
⸻
မိဘတွေ သတိထားရမယ့် အရေးကြီးဆုံးအချက်
ကလေးကို
“ပြန်မထိုးရဘူး”
“ရန်မဖြစ်ရဘူး”
“ဘာမှ မလုပ်ရဘူး”
လို့ပဲ ပြောထားရင်—
ကလေးရဲ့ စိတ်ထဲမှာ
👉 “ငါ ပြန်လုပ်ရင် ငါက မကောင်းတဲ့သူ ဖြစ်သွားမယ်”
ဆိုတဲ့ အယူအဆ ဝင်သွားနိုင်ပါတယ်။
ဒါပေမယ့်
👉 “ကိုယ့်ကိုယ်ကို ကာကွယ်ခွင့် ရှိတယ်”
လို့ ပြောထားပေးနိုင်ရင်တော့
ကလေးက ကြောက်မနေတော့ဘဲ
သူလုပ်သင့်တာကို သေချာလုပ်နိုင်သွားပါလိမ့်မယ်။
⸻
ကလေးကို ရန်ဖြစ်ဖို့ သင်ပေးတာ မဟုတ်ပါဘူး။
👉 ကိုယ့်ကိုယ်ကို ချစ်တတ်အောင်
👉 ကိုယ့်အသက်ကို တန်ဖိုးထားတတ်အောင်
သင်ပေးတာပါ ❤️
Little Leo world
8:45pm
Jan 31,2026
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
❗️❗️သဇင့်အရင်ပေ့ချ်လေးက hack ခံထားရတာမို့
တင်တာလေးနှစ်သက်သဘောကျတယ် ဆို မန့်က channel လေးတွေ ကို joinခဲ့ပေးနော် 😍😍။ ❗️❗️
တခြားသူတွေသိအောင် Share မယ် ဆိုလဲ မူရင်းပို့စ်လေးပဲ shareပေးနော်
ပြန်ကူးတင်ခြင်းခွင့်မပြုပါဘူးရှင့်
✅TikTok channel
https://www.tiktok.com/?_t=ZS-8xDYhq1uqi9&_r=1
✅YouTube channel
https://youtube.com/channel/UCChw0D0cn0qkTfOd9hbLgDA
✅Telegram
https://t.me/littleleoworld
✅ Facebook
https://www.facebook.com/profile.php?id=100094012569898&mibextid=LQQJ4d
27/01/2026
🎬 Little Manhattan (2005)
ကလေးတွေမှာ ဖြစ်လာတတ်တဲ့ ပထမဆုံး crush အကြောင်းကို ပြထားတဲ့ဇာတ်ကား
Movie အကျဉ်း
ဒီရုပ်ရှင်က အသက် ၁၀ နှစ်အရွယ် ကလေးလေး Gabe အကြောင်းပါ။
သူက သူ့အတန်းဖော် မိန်းကလေး Rosemary ကို
တဖြည်းဖြည်း သဘောကျလာ (crush ဖြစ်လာ) တာကို
ကလေးအမြင်နဲ့ ချစ်စရာကောင်းအောင် ပြထားပါတယ်။
အချစ်ဆိုတာ ဘာလဲ၊
ကြောက်ရွံ့မှု၊ မရှင်းမလင်းဖြစ်တဲ့ ခံစားချက်တွေ၊
သူငယ်ချင်းလိုလား ဆိုတာတွေကို
ကလေးတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ပြထားတာပါ။
Movie link က
https://t.me/leomoviereview/16
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
❗️❗️သဇင့်အရင်ပေ့ချ်လေးက hack ခံထားရတာမို့
တင်တာလေးနှစ်သက်သဘောကျတယ် ဆို မန့်က channel လေးတွေ ကို joinခဲ့ပေးနော် 😍😍။ ❗️❗️
တခြားသူတွေသိအောင် Share မယ် ဆိုလဲ မူရင်းပို့စ်လေးပဲ shareပေးနော်
ပြန်ကူးတင်ခြင်းခွင့်မပြုပါဘူးရှင့်
✅TikTok channel
https://www.tiktok.com/?_t=ZS-8xDYhq1uqi9&_r=1
✅YouTube channel
https://youtube.com/channel/UCChw0D0cn0qkTfOd9hbLgDA
✅Telegram
https://t.me/littleleoworld
✅ Facebook
https://www.facebook.com/profile.php?id=100094012569898&mibextid=LQQJ4d
26/01/2026
ကလေးတွေကို Boyfriend / Girlfriend / Crush အကြောင်းတွေ
မကြောက်ဘဲ၊ မတားမြစ်ဘဲ ဘယ်လိုသင်ပေးမလဲ??????
……………………………….
ဒီနေ့ခေတ်ကလေးတွေမှာ
cartoon၊ YouTube၊ TikTok၊ school friends၊ online games တွေကနေ
crush, boyfriend, girlfriend ဆိုတဲ့ စကားတွေကို
မိဘတွေထင်ထားတာထက် အရမ်းစောစော နဲ့ ကြားနေရပါပြီ။
ဒီလိုအချိန်မှာ
❌ “မကြားချင်ဘူး” ဆိုပြီး ပိတ်ပင်လိုက်ရင်
❌ “မပြောနဲ့” ဆိုပြီး တားလိုက်ရင်
ကလေးတွေဟာ
မိဘမသိဘဲ လျှို့ဝှက်သွားတတ်ပါတယ်။
အဲ့ဒီလို အခြေအနေက
ကလေးအတွက်
ပိုပြီး အန္တရာယ်ဖြစ်စေနိုင်တာပါ
⸻
🌱 Crush ဆိုတာ ဘာလဲ
ကလေးကို ပထမဆုံး သင်ပေးရမယ့်အချက်က
Crush ဆိုတာ ခံစားချက်တခုပဲ ဖြစ်တယ်ဆိုတာပါ။
“Crush ဆိုတာ
တစ်ယောက်ယောက်ကို ကြိုက်သလို
သဘောကျသလို ခံစားရတာပါ
ပျော်သလို၊ ရှက်သလို ဖြစ်တာပါ
ဒါက လူတိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပါ”
ဒီလို လက်ခံပေးလိုက်တဲ့အခါ
ကလေးဟာ
👉 “ဒီအကြောင်းကို မေမေ့ကို ပြောလို့ရတယ်”
ဆိုတဲ့ ယုံကြည်မှုကို ရလာပါတယ်။
⸻
🌱 ငယ်ရွယ်ချိန်မှာ ဒီလိုအကြောင်းတွေကြားရင်
မိဘတွေ အမှားလုပ်မိတတ်တာ
မိဘတချို့က
“ဒီအသက်နဲ့ ဘာ crush တာလဲ”
“မပြောနဲ့”
“မတွေးနဲ့”
ဆိုပြီး တိုက်ရိုက်ပိတ်ပင်တတ်ကြပါတယ်။
ဒါပေမယ့်
ခံစားချက်ကို မပိတ်နိုင်ပါဘူး ❌
ပိတ်နိုင်တာက အပြုအမူ ပဲ ဖြစ်ပါတယ်။
အဲ့ဒီကြောင့်
👉 ခံစားချက်ကို လက်ခံပေးပြီး
👉 အပြုအမူကို လမ်းညွှန်ပေးနိုင်ဖို့က
အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။
⸻
🌱 ဒီအသက်အရွယ်မှာ ကလေးကို သင်ပေးရမယ့်အဓိကအချက်
“ဒီအသက်အရွယ်မှာ
crush ဆိုတာ ခံစားချက်ပဲဖြစ်ပါတယ်
dating လုပ်ဖို့
boyfriend / girlfriend ဖြစ်ဖို့
မဟုတ်သေးဘူး”
✔️ ဒီအသက်အရွယ်မှာ လက်ခံလို့ရတဲ့အရာတွေ
• သူငယ်ချင်းအဖြစ် ပြောဆိုတာ
• အဖွဲ့လိုက် ကစားတာ
❌ ဒီအသက်အရွယ်မှာ မသင့်တော်တဲ့အရာတွေ
• Secret chat / secret call
• လက်ကိုင်ခြင်း
• ဖက်ခြင်း
• Online မှာ boyfriend / girlfriend လို့ ခေါ်ခြင်း
• မိဘမသိဘဲ ဆက်သွယ်ခြင်းစတာတွေ လုပ်လို့မရပါဘူး
⸻
🌱 Like နဲ့ Love ကွာခြားချက်
ကလေးနားလည်လွယ်အောင်
ရိုးရိုးလေး သင်ပေးပါ—
• Like / Crush = feelings
• Love = responsibility, respect, and maturity (for adults)
“Love needs a grown-up brain.”
ဒီစကားက
ကလေးကို စဉ်းစားတတ်စေပါတယ်။
⸻
🌱 Online Crush & Online Relationship
(အရမ်းအရေးကြီးပါတယ်)
ဒီခေတ်မှာ
online ကနေ crush, relationship စတင်တာ
အရမ်းများလာပါတယ်။
ကလေးကို ဒီလို ရှင်းပြထားပါ—
“Online မှာ
boyfriend / girlfriend မရှိရဘူး
private chat မလုပ်ရဘူး
မိဘမသိဘဲ စကားမပြောရဘူး
ဓာတ်ပုံ၊ video မပို့ရဘူး”
ကလေးကို သင်ပေးထားသင့်တဲ့ စကားက
တဖက်လူကို ….
“မေမေ မသိဘဲ စကားပြောခွင့်မရှိပါဘူး”
“I’m not allowed to have a boyfriend / girlfriend.”
ဆိုငြင်းတတ်ဖို့ပါ ….
ဒီစကားလေးတွေက
ကလေးကို ကာကွယ်ပေးနိုင်ပါတယ်။
⸻
🌱 Crush ရှိတယ်လို့ ကလေးက ပြောလာရင်
မိဘ ဘယ်လိုတုံ့ပြန်မလဲ
ကလေးက
“crush ရှိတယ်”
လို့ ပြောလာရင်—
❌ မအော်ပါနဲ့
❌ အပြစ်မတင်ပါနဲ့
ဒီလိုပြောပေးပါ—
“မေမေကို ယုံကြည်ပြီး ပြောလို့ ကျေးဇူးတင်ပါတယ်
မေမေ နားလည်တယ်
အတူတူ စည်းမျဉ်းလေးတွေထားပြီး သွားကြမယ်”
ဒီလိုတုံ့ပြန်မှုက
ကလေးကို လျှို့ဝှက်ပီး မလုပ်အောင်
ကာကွယ်ပေးပါတယ်။
⸻
🌱 မိဘနဲ့ အမြဲပြောနိုင်တဲ့ ပတ်ဝန်းကျင်
အရေးကြီးဆုံးက
မိဘနဲ့ ပြောလို့ရတယ်ဆိုတဲ့ ယုံကြည်မှု ပါ။
ကလေးကို မကြာခဏ ဒီလိုပြောပေးပါ—
“Crush ဖြစ်တာ မမှားဘူး
မေမေ့ကို ပြောလို့ရတယ်
မေမေက အမြဲ ကာကွယ်ပေးမယ်”
⸻
ကလေးကို ကာကွယ်ချင်ရင်
❌ တားမြစ်ခြင်းမဟုတ်ပါ
❌ ကြောက်အောင်လုပ်ခြင်းမဟုတ်ပါ
👉 နားလည်အောင် သင်ပေးခြင်း
👉 မိဘနဲ့ စကားပြောနိုင်အောင် အမြဲလမ်းဖွင့်ထားခြင်း
ဒီနှစ်ချက်က
ကလေးအတွက် အကောင်းဆုံး ကာကွယ်မှု ဖြစ်ပါတယ်။
Little Leo world
Jan26,2026
7:44pm
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
❗️❗️သဇင့်အရင်ပေ့ချ်လေးက hack ခံထားရတာမို့
တင်တာလေးနှစ်သက်သဘောကျတယ် ဆို မန့်က channel လေးတွေ ကို joinခဲ့ပေးနော် 😍😍။ ❗️❗️
တခြားသူတွေသိအောင် Share မယ် ဆိုလဲ မူရင်းပို့စ်လေးပဲ shareပေးနော်
ပြန်ကူးတင်ခြင်းခွင့်မပြုပါဘူးရှင့်
✅TikTok channel
https://www.tiktok.com/?_t=ZS-8xDYhq1uqi9&_r=1
✅YouTube channel
https://youtube.com/channel/UCChw0D0cn0qkTfOd9hbLgDA
✅Telegram
https://t.me/littleleoworld
✅ Facebook
https://www.facebook.com/profile.php?id=100094012569898&mibextid=LQQJ4d