MBA Notes - စီးပွားရေး၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှု

MBA Notes - စီးပွားရေး၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှု

แชร์

ကျင့်ဝတ်၊ ခေါင်းဆောင်မှု၊ တာဝန်ယူမှုနှင့် မှန်ကန်သောဆုံးဖြတ်ချက်များအကြောင်း

01/04/2026

စီးပွားရေးဆိုင်ရာ ကျင့်ဝတ် (Business Ethics) ဆိုတာဘာလဲ? ( Part-1)

Business - စီးပွားရေးလုပ်ငန်း
Ethics - ကျင့်ဝတ်
လူတွေမှာလည်း လူ့ကျင့်ဝတ်ရှိသလို စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာလည်း ကျင့်သုံးရတဲ့ ကျင့်ဝတ် တွေရှိပါတယ်။ အဲ့လိုပဲ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများလုပ်ကိုင်ရာမှာ ကျင့်ကြံရမည့် ကျင့်ဝတ်တွေကို ကျင့်သုံးခြင်းကိုတော့ (Business Ethics) လို့အလွယ်မှတ်နိုင်ပါတယ်။
စီးပွားရေးလုပ်တဲ့အခါမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြုအမူကျင့်ကြံမှုနှင့်သာမက အဖွဲ့အစည်းတစ်ခုလုံး၏ လုပ်ဆောင်ချက်များနှင့်လည်း သက်ဆိုင်တာကြောင့် စီးပွားရေးလုပ်ငန်းခွင်အတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ၏ အပြုအမူများနှင့် ဆုံးဖြတ်ချက်ချမှတ်မှုများကို လမ်းညွှန်ပြသဖို့အတွက် ကိုယ်ကျင့်တရားဆိုင်ရာမူဝါဒများ(Moral Principle)နှင့် တန်ဖိုးထားမှု(value) များကို အသုံးချခြင်း ဖြစ်ပါတယ်..

စီးပွားရေးကျင့်ဝတ်မှာဆိုရင် ပတ်ဝန်းကျင်အခြေအနေ (Context) သည် အလွန်အရေးကြီးပါတယ်. လုပ်ငန်းအများစုက ၎င်းတို့၏ လုပ်ငန်းကဏ္ဍ၊ နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာ အခြေအနေများအပေါ် မူတည်၍ ကျင့်ဝတ်နှင့်ညီသော လုပ်ဆောင်မှုများကို လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဘာကြောင့် လုပ်ဆောင်ဖို့လိုအပ်တာလဲဆိုရင်

၁။ ယုံကြည်မှုနဲ့ ဂုဏ်သတင်းကို တည်ဆောက်ရန် (Trust and Reputation)
၂။ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် (Legal and Regulatory Compliance)
၃။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် (Sustainability)
၄။ အရည်အသွေးရှိသော ဝန်ထမ်းများကို ဆွဲဆောင်ရန် (Attracting Talent)
၅။ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှု (Global Competition) စတဲ့
အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်….

ယနေ့ခေတ်မှာဆိုရင်တော့ ကုမ္ပဏီအများစုက ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများအဖြစ်
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (SDGs)
ESG (ပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံအုပ်ချုပ်မှု)၊
DEI (မတူကွဲပြားမှု၊ မျှတမှုနှင့် အားလုံးပါဝင်နိုင်မှု) နှင့်
CSR (ကော်ပိုရိတ်၏ လူမှုရေးတာဝန်ယူမှု) စသည့် မူဘောင်များကို အသုံးပြု၍ ၎င်းတို့၏ ကျင့်ဝတ်စံနှုန်းများကို သတ်မှတ်လေ့ရှိကြပါတယ်.

အဆိုပါ မူဘောင်များသည် စီးပွားရေးလုပ်ငန်းတစ်ခုနှင့် ဆက်စပ်နေသူများ (Stakeholders) ဖြစ်သည့် ဖောက်သည်များ၊ ဝန်ထမ်းများ၊ ရှယ်ယာရှင်များနှင့် လူမှုအသိုက်အဝန်းတို့၏ မျှော်မှန်းချက်များကို ဖော်ဆောင်ပေးပါတယ်။
အဖွဲ့အစည်းအဆင့်မှာဆိုရင် ကုမ္ပဏီတစ်ခုသည် မိမိ၏ ရည်မှန်းချက် (Mission) နှင့် တန်ဖိုးထားမှုများ (Values) ကို ကိုယ်တိုင်သတ်မှတ်ရန် တာဝန်ရှိပြီး၊ ၎င်းတို့ကို အခြေခံ၍ မည်သည့်ဈေးကွက်သို့ ဝင်ရောက်မည်၊ မည်သည့်နည်းပညာကို အသုံးပြုမည် စသည်တို့ကို ဆုံးဖြတ်ကြပါတယ်.
ထို့အပြင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ကော်ပိုရိတ်ယဉ်ကျေးမှု (Corporate Culture) သည်လည်း ပိုမိုအရေးပါလာပြီး Healthy Working Environment တည်ဆောက်ရန်အတွက် စီမံခန့်ခွဲသူများက အထူးအလေးပေး ဆောင်ရွက်လာကြသည်။
___ ဆက်ရန်__

24/03/2026

မင်္ဂလာပါ 🙏

MBA Notes - စီးပွားရေး၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှု စာမျက်နှာမှ ကြိုဆိုပါတယ်။

ဒီစာမျက်နှာမှာ စီးပွားရေးလုပ်ငန်းများမှာ အရေးကြီးတဲ့
✔ ကျင့်ဝတ် (Ethics)
✔ ခေါင်းဆောင်မှု (Leadership)
✔ တာဝန်ယူမှု (Responsibility)
✔ မှန်ကန်သောဆုံးဖြတ်ချက်ချမှု (Decision Making)
တို့နှင့်ပတ်သက်သော အသိပညာများနှင့် အတွေးအမြင်များကို
MBA လေ့လာသင်ယူရာမှ ရရှိခဲ့သော အကြောင်းအရာများကို အခြေခံပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ အောင်မြင်မှုဆိုတာ အမြတ်တစ်ခုတည်းမဟုတ်တော့ပါဘူး။
ကျင့်ဝတ်ကောင်းမှုနဲ့ မှန်ကန်သောဆုံးဖြတ်ချက်များကပဲ ရေရှည်အောင်မြင်မှုကို ဖန်တီးပေးနိုင်ပါတယ်။

ဒီ page ကို follow လုပ်ပြီး အတူတူလေ့လာသွားကြရအောင်နော် 👍

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok
Bangkok