Learn Thai with Gigi

Learn Thai with Gigi

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Learn Thai with Gigi, Bangkok.

Photos from Wonder Bees Preschool's post 23/03/2022

Activitiesတွေစိတ်ဝင်တစားလုပ်နေတဲ့သဲလေးတွေ

Photos from Wonder Bees Preschool's post 22/03/2022

စိတ်ကူးလေးနဲ့တစ်ယောက်ထဲ‌တည်ဆောက်နေ
စိတ်တိုင်းလဲကျရော ဆရာမ ကြည့်ကြည့်တဲ့
😍😍😍

11/03/2022

စကားမပီသေးပေမယ့်တော်တော်များများမှတ်မိလာပီ

Photos from Wonder Bees Preschool's post 07/03/2022
05/01/2022

ကလေးတွေ ဘာကြောင့်လိမ်ညာရတာလဲ

မွေးကတည်းကလူလိမ်ရယ်လို့မွေးလာတဲ့ကလေးဆိုတာမရှိပါဘူး။ ကလေးကိုလိမ်တတ်ညာတတ်လာအောင်သင်ပေးသူတွေဟာ လိမ်ညာတာကိုမကြိုက်တဲ့ဆွေမျိုးအသိုင်းအဝိုင်းတွေသာဖြစ်တယ်ဆိုရင်အံ့သြမလားဗျ။ ကလေးသဘာဝကစားစရာတွေကစားပြီး ခဏလေးနဲ့ပျက်သွားတဲ့အခါမိဘတွေကဆူပူတတ်ကြပါတယ်။ဇာတ်လမ်းလေးတစ်ခုဥပမာပြောပြပါမယ်။ ကျော်ကျော်ဆိုတဲ့ကလေးဟာ သူအဖေဝယ်လာပေးတဲ့ လေယာဥ်ပျံလေးကို ကစားရင်းနဲ့မတော်တဆပြုတ်ကျပျက်စီးသွားတော့ သူ့အဖေဆူမှာကြောက်လို့ ကုတင်အောက်မှာဖွက်ထားလိုက်ပါတယ်။ တစ်နေ့သူဖွက်ထားတဲ့လေယာဥ်ပျံအကျိုးအပဲ့လေးကိုဖေဖေ တွေ့တော့ ကျော်ကျော့်ကိုစပြီးမေးပါတယ်။ ' မင်းလေယာဥ်ပျံအသစ်ရော ' ကျော်ကျော်က ' တစ်နေရာရာမှာရှိမယ်တူတယ်ဖေဖေ ' ဒါနဲ့သူ့အဖေက 'မင်းကစားတာလဲမတွေ့ပါလား'ဆိုတော့ 'ပျောက်နေလို့' လိုပြန်ဖြေတယ်။ 'ဘာ....ပျောက်နေရမှာလဲတွေ့အောင်ရှာစမ်း' လို့သူဖေဖေကပြောတော့ 'တစ်ယောက်ယောက်ခိုးသွားပြီထင်တယ် မတွေ့တော့ဘူး 'လိုဖြေတယ်။ အဲ့ဒီအချိန်မှာသူ့အဖေဟာ ဒေါသထွက်ပြီး ' မင်းလိမ်တာ လူလိမ် မင်းလေယာဥ်ကျိုးနေလို့ ဖွက်ထားတာ ငါတွေ့ပြီးပြီ'ဆိုပြီး ဆူပူဆုံးမပါတော့တယ်။ တကယ်တော့ ကလေးဟာ ဆူမှာကြောက်လို့ ဖွက်ထားတာကို မိဘက အမှုစစ်သလိုမေးတော့ ရုန်းမရအောင်မေးတော့ မေးခွန်းတွေဟာ ကလေးလိမ်တတ်အောင်တွန်းပို့လိုက်သလိုပါပဲ။ ပြီးတော့လူလိမ်လို့ပါတစ်ခါတည်းနာမည်တပ်ပေးလိုက်ပါသေးတယ်။ အဲ့လိုဆုံးမမယ့်အစား 'သားကြိုက်တဲ့လေယာဥ်လေးပျက်စီးသွားတာလား။သားဝမ်းနည်းနေမှာပဲနော်ဘယ်လောက်မှတောင်ကြာကြာမဆော့လိုက်ရဘူး' လို့သာနှစ်သိပ်တဲ့သဘောနဲ့ဆုံးမခဲ့မယ်ဆိုရင် ကလေးဟာ မိဘဆီကနေ နားလည်မှုစွမ်းရည်ကိုသင်ယူသွားနိုင်ပြီး နောက်နောင်ဘာပဲဖြစ်ဖြစ် အမှန်တိုင်း ပြောရဲဆိုရဲ သတ္တိရှိရှိပြရဲ ဖြေရှင်းရဲလာနိုင်မှမလွဲပါဘူး။ကြောက်ခြင်းကြောင့်လိမ်ရတဲ့လိမ်ခြင်းမျိုးကို မိဆီက သင်ယူခင်မရတော့ဘဲ ရဲရဲဝံ့ဝံ့ ပြောရဲ ပြရဲလာပါလိမ့်မယ်။ ကလေးတွေကကြောက်ခြင်းကြောင့်ပဲလိမ်ပြောတတ်တာမဟုတ်ပါဘူး ချစ်စရာစကားတွေကြားချင်တဲ့မိဘတွေရဲ့ဆန္ဒကြောင့်လည်းလိမ်ပြောတတ်အောင်တွန်းပို့နေပါတယ်။ ဖွားဖွားကိုမုန်းတယ် ဆိုပြီးအော်ပြောနေတဲ့ကလေးတစ်ယောက်ကို မေမေက သားသားအဲ့လိုမပြောရဘူးလေ ဖွားဖွားကို ဆိုပြီးပြောလည်း မရတာကြောင့် ဒီတစ်ခါဖွားဖွားကိုမုန်းတယ်ပြောရင် ရိုက်မှာနော်ဆိုပြီး တုတ်ကိုင်လိုက်တာကြောင့် ကလေးဟာ ဖွားဖွားနားကပ်ပြီးချစ်တယ်လို့ဖြေလိုက်ပါတယ်။ ဒါကြောင့်သူ့မေမေဟာကလေးကိုပြေးဖက်ပြီးနမ်းလိုက်ပါတယ် သူ့မေမေအထင်က ငါဆုံးမလိုက်လို့ကလေး ယဥ်ကျေးသွားပြီဆို ​ပြီးထင်နေတတ်ကြပါတယ်။ တကယ်တော့ ကလေးစိတ်ထဲမှာလူကြီးတွေကအမှန်ပြောရင်မကြိုက်ဘူးလို့ ထင်သွားတာကြောင့် လိမ်ပြောမှကြိုက်ကြတယ်ဆိုပြီး လမ်းမှားသွားတတ်ပါတယ်။ဒါကြောင့် ကလေးတွေပြောတဲ့ မလှဘူး မချစ်ဘူး ရုပ်ဆိုးတယ် ဆိုတဲ့စကားတွေကိုလိမ်တာမကြိုက်တဲ့မိဘတွေက ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ဒါကြောင့် ကလေးတွေမလိမ်စေချင် ရင် အမှန်တိုင်းပြောတာကိုလက်ခံပေးပါ။ဆူပူတာ ရိုက်တာဟာ လုံးဝနည်းလမ်း အမှားဖြစ်ပါတယ်။ နားလည်မှုသဘောနဲ့ပဲ ဆုံးမသင့်ပါတယ်လို့ပြောကြားရင်းနိဂုံးချုပ်ပါရစေ။

ခေတ်ဘုန်းသစ် (သင်ယူနေတဲ့ကလေးတွေ)

Photos from Wonder Bees Preschool's post 31/12/2021

သားသားရဲကိုကို

31/12/2021

တည်ငြိမ်စပြုလာတဲ့သားသား
ကျောင်းတတ်ခါစကရောက်တာနဲ့ကစားစရာပစ္စည်းတွေအကုန်သွန်ချ၊လွတ်ပစ်၊လိုချင်တာမရရင်ငို၊
ခုတော့တဖြေးဖြေးနဲ့ Activityတွေလုပ်လာ၊ Flash cardsပြရင်လည်းငြိမ်ပြီးလိုက်ဆိုလာပီ

29/12/2021

#လွတ်လပ်ရေးနေ့ အကြောင်း

၁၉ရာစု တတိယ အင်္ဂလိပ်-မြန်မာစစ်ပြီးသောအခါ မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ၁၉၃၇ ဧပြီလ ၁ရက်နေ့မှာ သီးခြားအုပ်ချုပ်ခွင့်ရနယ်မြေ ဖြစ်လာပါတယ်။ ဝန်ကြီးချုပ်မှာ ဒေါက်တာ ဘမော် ဖြစ်ပါတယ်။ ဒေါက်တာဘမော်ဟာ ဗမာပြည်အတွက် ကိုယ်ပိုင်စည်းမျဉ်းဆွဲဖို့ အတွက် အင်္ဂလိပ်တွေကို ဆန့်ကျင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဥပဒေပြု အဖွဲ့မှ ထွက်ခဲ့ရတဲ့အပြင် ဆူပူအုံကြွအောင် လှုံဆော်မှုနဲ့ ၁၉၄၀ မှာ အဖမ်းခံခဲ့ရပါတယ်။ အဲဒီမတိုင်မီတည်းက ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ဂျပန်မှာ ဖွဲ့စည်းခဲ့ပြီးပါပြီ။

၁၉၄၂ ရောက်တဲ့အခါမှာတော့ အင်္ဂလိပ်တွေကို ဂျပန်အကူညီနဲ့ တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ဂျပန်တွေဟာ ဗမာ့အုပ်ချုပ်ရေးပိုင်း အကြီးအကဲအဖြစ် ဒေါက်တာဘမော်ကို ခန့်အပ်ခဲ့ပါတယ်။၁၉၄၂ မှ ၁၉၄၄ အထိ ဂျပန်နဲ့ လက်တွဲခဲ့သော်လည်း ၁၉၄၅ မှာတော့ လက်တွဲဖြုတ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အတူ ပင်လုံ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။၁၉၄၇မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ အစိုးရဖွဲ့ရဲ့ ဒုတိယဥက္ကဌ ဖြစ်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အတူ ဝန်ကြီးများ လုပ်ကြံခံခဲ့ရပါတယ်။

ဗိုလ်ချုပ် နဲ့ ခေါင်းဆောင်ဝန်ကြီးများရဲ့ အသက်ပေးကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံဟာ ပထမဆုံး သမ္မတ စပ်ရွှေသိုက် ၊ ပထမဆုံးဝန်ကြီးချုပ် ဦးနု တို့နှင့်အတူ လွတ်လပ်သောအချုပ်အချာ အာဏာပိုင် နိုင်ငံဖြစ်လာခဲ့ပါတယ်။

တပြည်သူမရွှေထားအကောင့်မှ
ကူးယူဖော်ပြပါသည်။

==================================

မှတ်တမ်းများက ပြောသော #လွတ်လပ်ရေးနေ့

(ထိန်လင်း
သြဂုတ် ၁၊ ၂၀၁၀)

၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့က ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆၂ နှစ်က ကျရောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး မှတ်မိနိုင်သူတွေက ဒီကနေ့မှာ အနည်းဆုံး အသက် ၇ဝ ကျော် ၈ဝ တန်း ရောက်နေသူတွေ ဖြစ်ပါလိမ့်မယ်။ အဲဒီ ပထမဆုံး လွတ်လပ်ရေးနေ့အကြောင်း ကိုယ်တွေ့မှတ်တမ်းတွေ ရေးသားခဲ့သူ အများအပြားလည်း ကွယ်လွန်ခဲ့ပါပြီ။

သို့ပေမယ့် ဦးသန့် ရေးသားတဲ့ ပြည်တော်သာခရီး စာအုပ်အပါအဝင် မှတ်တမ်းစာအုပ်များမှာ ဖတ်ရှုနိုင်သေးတဲ့အတွက် ပထမဆုံး လွတ်လပ်ရေးနေ့ မြင်ကွင်းတွေကို မှန်းဆနိုင်မှာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ အဲဒီတုန်းက ထုတ်ပြန်ခဲ့တဲ့ လွတ်လပ်ရေးနေ့ ကြေညာစာတမ်း၊ သစ္စာအဓိဋ္ဌာန် ၉ ချက်၊ လွတ်လပ်ရေးနေ့ မိန့်ခွန်းတို့ဟာလည်း လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်၊ လွတ်လပ်ရေးရဲ့ အနှစ်သာရ၊ လွတ်လပ်ရေးရဲ့ တန်ဖိုးတွေအပြင် ဘယ်သူတွေနဲ့ ဘယ်လိုသက်ဆိုင်တယ် ဆိုတဲ့အချက်တွေကိုပါ ရှင်းရှင်းလင်းလင်း သိစေမှာဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ အင်္ဂလိပ် ကိုလိုနီအစိုးရလက်အောက်မှာ အောက်မြန်မာပြည်က ၁၂၃ နှစ်၊ အထက်မြန်မာပြည်က ၆၃ နှစ် ရောက်ရှိခဲ့ပြီးတဲ့အချိန်ပါ။ ဒီလို ဆယ်စုနှစ်၊ ရာစုနှစ် ချီအောင် မလွတ်မလပ်နေခဲ့ရတဲ့ မြန်မာပြည်သားတွေအနေနဲ့ လွတ်လပ်ရေးရပြီ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရပြီဆိုတဲ့အချိန်မှာ ဘယ်လောက်ပျော်လိုက်ကြမလဲဆိုတာ အလွယ်တကူပဲ မှန်းဆနိုင်ပါတယ်။

အဲဒီနေ့မနက် ၄ နာရီ မိနစ် ၂ဝ မှာ ရန်ကုန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဘာမင်ဟမ် စစ်သင်္ဘောကြီးက အမြောက်တွေ ပစ်ဖောက် အချက်ပေးသံတွေ ထွက်လာပြီး တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့မှာ ဗြိတိသျှ ယူနီယံဂျက်အလံကို ဖြုတ်ချပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကို လွှင့်တင်ခဲ့ပါတယ်။ မနက် ၄ နာရီ ၄၅ မိနစ် ရောက်တဲ့အခါ လွှတ်တော်အစည်းအဝေးခန်းမမှာ နိုင်ငံတော်အာဏာလွှဲပြောင်းတဲ့ အခမ်းအနား ဆက်ပြီး ပြုလုပ်ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်က ယာယီပါလီမန် ဖြစ်လာပြီး ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် က ယာယီသမ္မတ၊ ဦးနုက ယာယီဝန်ကြီးချုပ် ဖြစ်လာပါတယ်။

အဲဒီနောက် မနက် ၆ နာရီခွဲ ရောက်တဲ့အခါ ဘုရင်ခံရဲ့ အိမ်တော်မှာ အာဏာလွှဲပြောင်းတဲ့အခမ်းအနား ပြုလုပ်ပြီး မနက် ၈ နာရီ မိနစ် ၂ဝ တိတိမှာ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် နဲ့ ဇနီးဖြစ်သူတို့ ဘာမင်ဟန်သင်္ဘောနဲ့ မြန်မာပြည်က ထွက်ခွာသွားပါတယ်။ ဒါဟာ မြန်မာပြည်မှာ ပထမဆုံးနဲ့ နောက်ဆုံး လို့ဆိုနိုင်တဲ့ စစ်မှန်တဲ့ အာဏာလွှဲပြောင်းမှု ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချခဲ့ပြီး အဲဒီအခမ်းအနားမှာ ဖဆပလ အထွေထွေအတွင်းရေးမှူး ဦးဗဆွေက သစ္စာအဓိဋ္ဌာန် ၉ ချက်ကို တိုင်ပေးပြီး လူထုကြီးက လိုက်ဆိုခဲ့ပါတယ်။

သစ္စာအဓိဋ္ဌာန် ကိုးချက်

အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်သတည်း။

၁၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

၂၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိန်းမည်။

၃၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၄၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿာဟဖြင့် ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်းများ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။

၆၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု ငါတို့အား မတရားပြုမူခြင်းကိုလည်း မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။

၉၊ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။

ဤ ငါတို့ သစ္စာအဓိဋ္ဌာန် မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။ ။

အပိုဒ် ၆ ပိုဒ်ပါတဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ ကူးတို့မှူး ခေါင်းဆောင်ကြီးတွေရဲ့ ဦးဆောင် ကြိုးပမ်းအားထုတ်မှုကြောင့် လွတ်လပ်ရေးရရှိတဲ့အကြောင်း၊ လူမျိုး ဘာသာ ရေမြေမကွဲဘဲ ပြည်ထောင်စု ဖြစ်တဲ့အကြောင်း၊ အားလုံးလက်တွဲပြီး တိုင်းပြည်ရဲ့ လွတ်လပ်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး တို့ကို ကာကွယ်စောင့်ရှောက်မယ့်အကြောင်းတွေ ဖော်ပြထားပါတယ်။

လွတ်လပ်ရေးပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အပိုဒ် ၅ မှာ အခုလို ဖော်ပြထားပါတယ်။

ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကပိုင်ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလကလည်းကောင်း၊ ယခုမျက်မှောက်တွင် လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်

ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်လို့ ကမ္ပည်းထိုးထားတဲ့ ရန်ကုန် မဟာဗန်ဓှုလပနျးခွံထဲက ကျောက်တိုင်ကို ၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကျောက်တိုင်အခြေ ပတ်လည်မှာတော့ လွတ်လပ်ရေးကြေညာစာတမ်း၊ သစ္စာအဓိဋ္ဌာန် ၉ ချက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်၊ သခင်နုရဲ့ ပါလီမန်မိန့်ခွန်းနဲ့ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းတို့ကို ကျောက်သားမှာ ရေးထိုးထားတာမို့ ဘယ်သူမဆို သွားရောက်ဖတ်ရှုနိုင်ပါတယ်။ ။

ထိန်လင်း (၃ဝ၊ ၁၂၊ ၂ဝဝ၉)

၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

Credit - မူရင်းပိုင်ရှင်များ
Photo Credit - မူရင်းပိုင်ရှင်များ

Aung Min Ko(မဟာသုည)

Photos from Wonder Bees Preschool's post 28/12/2021

# Child Development ဘာကြောင့်သိသင့်တာလဲ?

ကလေးတို့ရဲ့အနာဂါတ်မို့ ကလေးပြုစုပျိုးထောင်သူတိုင်းသိသင့်ပါတယ်။

#ဖွံ့ဖြိုးမှု ၅ရပ်ကဘာတွေလဲ?

1. Physical Development
2. Mental Development
3.Emotional Development
4. Moral Development
5.Social Development တို့ဖြစ်ပါတယ်။

No.(1)ကို ပြောပြချင်Physical Development ဆိုတာ ကိုယ်ခန္ဓာဝဝ ထွားတာကိုပြောတာလား?
အားဆေးတိုက်လို့(သို့) အစားအစာတွေအများကြီးကျွေးလို့ ဝတာ အရပ်ရှည်တာတွေမဟုတ်ပါဘူး။
Development ကာယပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာ ၂ပိုင်းရှိပါတယ်။

Gross Motor Skill ကြွက်သားကြီး နဲ့
Fine Motor Skillကြွက်သားငယ် ပါ

Gross Mortor Skill မကောင်းတဲ့ကလေးတွေဟာ Outdoor ကစားတဲ့အချိန်မှာ တခြားကလေးတွေပျော်ပျော်ပါးပါးပြေးလွှားခုန်ပေါက် တွယ်တက်နေတဲ့အချိန်မှာ
ဘေးကကြည့်နေတတ်တယ်။ကြောက်ပြီးငြိမ်နေကြတယ်။အဲဒီကလေးတွေဟာနေရာတိုင်းမှာ Self Confident
လုံးဝမရှိတာကို တွေ့ရတယ်။အရမ်းသနားဖို့ကောင်းတယ်။
#ကျောင်းတွေမှာ Gross Motor Skill ကောင်းဖို့ ဘာတွေလုပ်ပေးလဲ?

1.ထိုင် ထ အနည်းငယ်
2.လှေကားအတက်အဆင်း။ဘားတန်း။တွယ်တက်စ ရာများ။လျော ဒန်းများ
3.ပြေး
4.ပြေးရင်း ရပ် ။ပြေးရင်းကွေ့
5.နောက်ပြန်ပြေး
6.မျဉ်းပေါ် တဖြောင့်တည်းလျှောက်
7.ပျဉ်ပြားပေါ် ဟန်ချက်ညီညီ ထိန်း လမ်းလျှောက်
8.ခုန်ဆွခုန်ဆွလုပ်
9.ဘောလုံးကန် ဘောလုံးပစ် ဘောလုံးဖမ်း
စသဖြင့် ပြုလုပ်ပေးပါတယ်
အိမ်မှာလည်းပြုလုပ်ပေးပါ

# ကျောင်းမှာ Fine Motor Skill ကောင်းဖို့ ဘာတွေလုပ်ပေးလဲ?
စာရေးဖို့ အဆင်သင့် ဖြစ်ဖို့ကြိုတင်လေ့ကျင့်မှု
1.လက်တစ်ခုလုံးသုံးပြီးပစ္စည်းတွေကောက်
2.လက်ညှိုး လက်မ သုံးပြီး ကောက်(ပဲစေ့ကြီးများ)
3.ခွက်ထဲမှရေများ ပုလင်းထဲသို့ ရေများမဖိတ်အောင်ထည့်
4.ရေဘူးအဖုံးများအဖွင့် အပိတ်ကိုယ်တိုင်လုပ်စေ
5.တုံးထပ်တင်
6.ကြယ်သီးတပ် ။ဇစ် တပ်
7.ဂျုံ နယ်
8.ကြိုးသီ
9.ကပ်ကြေးညှပ်
10.ညှပ်များဖြင့် ကျောက်ခဲများညှပ်။အဝတ်ညှပ်များ
ဖြင့် ကတ်ပြားများညှပ်
နဲ့ ကျောင်းအလုပ်များကူညီစေခြင်း
စသဖြင့် ပြုလုပ်ပေးပါတယ်။

သားသမီးတွေကို ပိုးမွေးသလိုမွေးတယ်ဆိုတဲ့ခေတ်ကကုန်ခဲ့ပါပြီ။ကလေးတွေက ပိုးမဟုတ်တဲ့အတွက် အချစ်လွန်ပြီး ပိုးမွေးသလိုမမွေးကြပါနဲ့။နေရာတကာ လူကြီးကလုပ်ပေးတာမျိုး။ အိမ်ထဲမှာပဲ အမြဲထားတာမျိုး။
ချီ ပွေ့သွားတာမျိုး။ သဲ ဖုန် ပေမှာစိုးလို့ မကစားခိုင်းတာမျိုး စသဖြင့် မလုပ်ကြပါနဲ့

အိမ်မှာလည်းဖေဖေ မေမေတို့က ကာယဖွံ့ဖြိုးမှုအတွက်လုပ်ပေးခြင်းဖြင့် ကလေးတိုင်း Self Confident
ရှိရှိနဲ့ကြီးပြင်းကြပါစေ

28/12/2021

🐠 🐄 🐊 🐕 🦒 🐐 🐍 🐖 🐂🐘 🐸 🐈 🐎

Photos from Wonder Bees Preschool's post 17/12/2021

လက်ချောင်းလေးတွေသန်မာဖို့
ဆေးရောင်လှလှခြယ်ကြစို့

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00