Xers

Xers

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Xers, เว็บไซต์เพื่อการศึกษา, Bangkok.

Hosts of Myanmar’s first AI-led Product, Design, and Marketing podcast, “What It Means Now.”

Our mission is building better product teams, and we’re the first organization in Myanmar actively working toward this ambition.

27/05/2026

🍿 xers-ui-builder.md v1.0 ကိုမကြာခင် စတင်မျှဝေ ပေးသွားပါမယ်ခင်ဗျ။ AI နဲ့ vibeလို့ လိုချင်တာတွေမဖြစ်ရင် ဒီလို Agentic UI / Engineering ဘက်ကိုလေ့လာကြည့်ပါ။ မကြာခင် Episode 6, Part 2 မှာ လက်တွေ့လည်းလုပ်ပြရင်း ဆွေးနွေးသွားပါမယ်ခင်ဗျ

08/05/2026

🍿 https://youtu.be/NmpW6jXE9eA
AI ခေတ် မှာ “Low-fi → Mid-fi → High-fi” ဆိုတာ static UX sketches to UI အဆင့်တွေမဟုတ်တော့ပါဘူး။

အဲ့ဒါတွေက fully functional product experience ရဲ့ stages တွေဖြစ်လာနေပါတယ်။
Stage တိုင်းမှာ Designer နဲ့ Engineer က တူတူ build, test, iterate လုပ်နေကြတာပါ။

Codebase က source of truth ဖြစ်လာတဲ့အချိန်မှာ
Cursor Browser/Canvas လို tooling တွေက “design tool” ဆိုတဲ့ meaning ကိုယ်တိုင်ပြန်ရေးနေသလိုပါပဲ 👀

Figma, Cursor, Storybook ရဲ့ new ecosystem အကြောင်းလေးတွေလည်းမျှ၀ေရင်းတင်ဆက်လိုက်ပါတယ်။ Part 2 နဲ့ 3 မှာလည်း Claude Design, Web accessbility, နဲ့AI ageရဲ့ Design Thinking အကြောင်းတွေပါ Youtube မှာဆက်လာဖို့ရှိပါတယ်

Episode 06 | Design Engineering with Claude (Part 01)
Shipping a feature in AI age.

🎥 Full episode out now.

🍿 https://youtu.be/NmpW6jXE9eA

06/05/2026

👇🏼 AI hype တွေကြားထဲမှာ Product Designer တွေအတွက် အရေးကြီးဆုံးကဘာလဲ?​

“how products are actually built together” ဆိုတဲ့ shift ကိုနားလည်လာတာပါ။

Episode 6 | Designer Engineering with Claude (Part 01) မှာတော့
Design နဲ့ Engineering က အရင်လို Figma မှာဆွဲ → spec ရေး → handoff ပေးတဲ့ workflow ကနေ တဖြည်းဖြည်းထွက်လာနေတဲ့ခေတ်အကြောင်းကို မျှဝေပေးချင်ပါတယ်။

အခု ဖြစ်နေတဲ့ shift က
Codebase ကိုပဲ team တစ်ခုလုံးရဲ့ source of truth အဖြစ်ထားပြီး

• Prototyping
• Design branches/version control
• Design Systems & Tokens
• Component testing
• IDE Canvas for live editing
• State & behaviour testing

စတာတွေကို Designer နဲ့ Engineer တို့ platform တစ်ခုထဲမှာအတူတူ build, test, standardize လုပ်ပြီး ship တဲ့ direction ပါ။

ဒါက Figma, Storybook ဒါမှမဟုတ် visualizaton or Canvas tools တွေမလိုတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။
ဒါပေမယ့် “final truth” က canvas files မဟုတ်တော့ဘဲ actual product & code environment ဘက်ကိုရွှေ့လာတဲ့ shift လေးတစ်ခုပါ။

မကြာခင် full episode လာပါမယ်။ Stay tuned ✨

—-
It’s released now 🍿 https://youtu.be/NmpW6jXE9eA

Photos from Xers's post 21/04/2026

🍿 ဘာတွေလုပ်လို့ရနေပြီဆိုတာထက် ဘာအဓိပ္ပါယ်တွေသက်ရောက်သွားလဲဆိုတာက အမြဲတမ်းလိုလို ပိုအရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။

🧬 Design Engineering ဆိုတဲ့ evolution တစ်ခုဖြစ်လာတဲ့အခါ
🦕 Design thinking က သူ့ရဲ့ထုံးထမ်းစဉ်လာတွေကိုစွန့်ခဲ့ရပြီး ၊ သူ့အတွေးအခေါ်တွေကိုပဲဆင့်ကဲခွင့်ရလိုက်တဲ့အခါ
🌱တစ်နှစ်တာအတွင်းမှာ Prototyping ရဲ့ရည်ရွယ်ချက်ကော ၊ ဖန်တီးပုံတွေကော အကုန်ပြောင်းသွားတဲ့အခါ

ကျွန်တော်တို့ relevant ဖြစ်ခြင်းနဲ့ hype နဲ့ကိုခွဲနိုင်ဖို့၊ linkedin influencer ဖြစ်ခြင်း ထက် ကိုယ့်ရဲ့ ways of working တွေကိုမြှင့်တင်နိုင်ဖို့၊ အင်မတန် အရေးကြီးလာပါတယ်။

ဒီအတွက် ပြီးခဲ့တဲ့ ၃-၄လ အတွင်း Product Design ရဲ့ industry landscape နဲ့ role update တွေကိုမျှဝေမယ်တွေးရင်း Episode 6 လေးမကြာခင် publishသွားပါမယ်ဗျ

11/04/2026

🚀 မကြာခင်ကမှထွက်လာတဲ့ Figma Weave ကိုကျွန်တာ်တို့ စမ်းသပ်သုံးပြထားပါတယ်ဗျ. Prompt တွေ ပေါင်းစပ် Reference တွေ context တွေ ရှိသမျှ AI models တွေအကုန် all in one နဲ့ ထပ်ခါထပ်ခါ ပြန်သုံးလို့ရတဲ့ workflow တွေထိပါဖန်တီးလို့ရပီဗျို့

11/03/2026

SaaS Product Team တွေက Data governence ကို Sales က သက်သက် Marketing က သက်သက် Product ကသက်သက် Design ကသက်သက် ဆိုပြီးခွဲဖို့မတတ်နိုင်ကြတာများကြပါတယ် AI ခေတ်မှာအာလုံးက Lean size, Right size, Down size နေကြတဲ့အချိန်မှာ Centralized Product Knowledge ကအခရာဖြစ်လာတဲ့အလျှောက် အဲ့ဒီ knowledge ကို လက်တွေ့ကြကြ ဘယ်လို ပုံဖော်၊ ဘာသာပြန်မလဲဆိုတာကို Ko Nan Oo က Episode 1 မှာအသေးစိတ်ရှင်းပြပေးထားပါတယ်

🍿 Full Episode - https://youtu.be/BSdjrciJ4yU

01/03/2026

ဒီအပတ်ရဲ့ Sunday highlights လေးမှာ ကိုယ့် Product မှာ AI feature တစ်ခုတည်ဆောက်ပြီး A/B test စထုတ်ရင်ဘာတွေလေ့လာသုံးသပ်ကြည့်သင့်သလဲ ဆိုတာလေးပြန်လည် တင်ဆက်ပေးလိုက်ပါတယ်

🍿Full episode - https://youtu.be/Ucxify4LcWc

24/02/2026

Research deck လေးထွက်ပါပြီ။ https://rebrand.ly/g586oak
မြန်မာ့ tech professional တွေ ပြည်တွင်း၊ ပြည်ပ ၊ in-person၊ remote ၊ ဘယ်မှာပဲ ဘယ်လို position နဲ့ပဲအလုပ်ရှာရှာ မသိမဖြစ် marketရဲ့ အနေထားလေးတွေကို ကျွန်တော်တိူ့ XERS နဲ့ UXMM ကပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်။

ဒီ Research project မှာ xers အနေနဲ့ project ကိုစလည်းဆုံးလေး လမ်းကြောင်း၊ တည်ဆောက်ရင်း UXMM team နဲ့အတူ အားလုံးအတွက် relatable ဖြစ်ရအောင် ၊ representative ဖြစ်ရအောင် story telling လေးနဲ့ ဖန်တီးတင်ဆက်ပေးထားလို့ IT သမားများ အလုပ်ကိုင်ရှာဖွေနေတယ် လက်ရှိအလုပ်ကိုလည်း ပြန် reflect လုပ်နေတယ်ဆိုရင် သေချာပေါက်ဖတ်ကြည့်ဖို့လိုပါမယ်။

ဒီ Research ဟာ တစ်ကယ်တော့ မြန်မာ tech community ရဲ့ အသံပါ။ အားလုံးပါဝင်ဖြေဆိုမျှဝေပေးကြတဲ့အတွက်လည်း အားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်ဗျ။

ရှေ့လျှောက်လည်း ကျွန်တော်တ်ို့ XERS က UXMM ရဲ့ Strategic Partner အနေနဲ့ ကျွန်တော်တို့နှစ်ဖက် ဒီထက်စိတ်ဝင်စားဖ်ု့ကောင်းတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေကို ရှာဖွေတင်ဆက်ပေးနေမှာမို့ keep in touch နော်။

https://rebrand.ly/g586oak

10/02/2026

Survey ဖြေလို့ရပါပြီဗျ 👉🏼 https://bit.ly/3MzLro8

လူတစ်ယောက်ရဲ့experience ဆိုတာ အမြဲunique ဖြစ်ပါတယ်။ အဲ့လိုပဲ နိုင်ငံတစ်ကာ နဲ့ မြန်မာ Job market ရဲ့အကြောင်းစုံ အတွေ့အကြုံတွေ အခက်အခဲတွေ စျေးကွက်အနေအထားတွေကို tech industry မှာကျင်လည်နေတဲ့သူတိုင်း ၊ ဝင်ရောက်ဖို့ကြိုးစားနေသူတိုင်း သူတိုင်းမှာ unique ဖြစ်တဲ့အတွေ့အကြုံတွေရှိကြတယ်။

ဒါပေမယ့် အဲ့ဒီ အတွေ့အကြုံတွေကိုစုစည်းပြီး အားလုံးလေ့လာရမယ့်နေရာဆိုရင် အခုအချိန်မှာတစ်စုတစည်းထဲလုံးဝရှိမနေသေးပါဘူး။

အဲ့ဒီအတွက် UXMM နဲ့ xers တို့ ပူးပေါင်းပြီး ဒီ Research program လေးကိုစီစဉ်ဖြစ်ပါတယ်။

Opportunity အသစ်တွေဖန်တီးဖို့၊ မမြင်ရသေးတဲ့လမ်းတွေကိုအတူတူဖန်တီးနိုင်ဖို့၊ မျှဝေပေးန်ုင်ဖို့ ဘာလိုမလဲဆိုရင် ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်စီ အတွေ့အကြုံတွေကိုစုစည်းပြီး knowledge base တစ်ခုဖြစ်လာဖို့လိုပါမယ်။ ဒါမှ industry ရဲ့ standard ကိုအတူတူတကွမြှင့်တင်နိုင်မယ် အငယ်တွေကိုလည်းထိထိရောက်ရောက်လက်တွဲခေါ်န်ိုင်မှာဖြစ်ပါတယ်။

အချ်ိန် ၁၀ မိနစ်လောက်ယူပြီး ကိုယ်ဟာ မြန်မာမှာပဲနေနေ ၊ အပြင်မှာပဲနေနေ ၊ အတွေ့ကြုံတွေအများကြီး ရှိရှိ နည်းနည်းလေးပဲရှိရှိ ၊ ခုမှစမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ journey ကိုမျှဝေရင်း ပိုကောင်းတဲ့အခွင့်အလမ်းတွေကိုအတူတူတည်ဆောက်ကြရအောင်💪

“The best experience out there is the one that is shared”လို့ ကျွန်တော်တို့အားလုံးယုံကြည်ပါတယ်။

ဒီlinkလေးကိုနိုပ်ရင်းမျှဝေနိုင်ပါပြီခင်ဗျ - https://bit.ly/3MzLro8

Survey duration - 10 Feb to 17 Feb

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok