22/05/2026
Thai နိုင်ငံမှ သမီးလေးရဲ့
G-2 Myanmar one on one online class
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Learning with Tr.Htet, ครูสอนพิเศษ/ครู, Bangkok.
မြန်မာစာ မြန်မာစကားကို ၄နှစ်မှစ၍ ရေးတတ် ဖတ်တတ် ပြောတတ်စေရန် ရည်ရွယ်ပါသည်။ မြန်မာစာအခြေခံလက်ရေးလှသင်တန်းအပြင်
#Oxford Phonics L (1 to 5)
#(KG to G- 5 ) Guide အနေဖြင့်လဲ သင်ကြားပြသပေးပါသည်။
#(Only Online Class)
https://www.facebook.com/share/1ZbNRCaojD/
22/05/2026
Thai နိုင်ငံမှ သမီးလေးရဲ့
G-2 Myanmar one on one online class
21/05/2026
👉 ဣ ကို စာလုံးပေါင်းဘယ်လိုသင်ရမလဲ ဗျ
သူ့အသံထွက်လေးလည်း သိပါရစေ ခင်ဗျာ။👈
🔽🔽🔽🔽🔽🔽🔽
မြန်မာ သရအက္ခရာမှာ အများသိကြတဲ့ သင်ရိုးသရ ( ၁၂) လုံးရှိပါတယ်။
( အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ဪ၊ အံ၊ အား)
" အ" အစ " အား" အဆုံး ( ၁၂)လုံးပါ။
အသံထွက်အတိုင်းရေးရင်-
( အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊
အော၊ အော်၊ အံ၊ အား) ပါ။
သင်္ကေတ အနေနဲ့ အ,မထည့်ရင်-
( -၊ ာ၊ ိ၊ီ၊ ု၊ ူ၊ ေ-၊ ဲ၊ ော၊
ော်၊ ံ၊ ား)ပါ။
အဲဒါကို ဗျည်းနဲ့တွဲရင်-
( က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကံ၊ ကား) ဖြစ်ပါ့မယ်။
အဲဒီ သရ( ၁၂) လုံးမှာ
( ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဪ) စာလုံးတွေက နဂိုကတည်းက ရေးသားခဲ့တဲ့ အရင်းခံ သရ အက္ခရာစာလုံးတွေပါ။
ဒီအသံတွေရအောင် အ,ကိုမူတည်ပြီး
ရေးချတို့ လုံးကြီးတင်တို့နဲ့တွဲရေးလို့
ဣ= အိ၊ ဤ= အီ၊ ဥ= အု၊ ဦ= အူ၊
ဧ= အေ၊ ဩ= အော၊ ဪ= အော်)
လို့ဖြစ်လာတာပါ။
အ၊ အိ ဆိုတာတွေက အ,ရေးလုံးကြီးတင် ဘာညာဆိုပြီး စာလုံးပေါင်းဖြစ်လာတာပါ။ ဣ၊ ဤ စတာတွေက စာလုံးပေါင်း ရေးထားတာမဟုတ်ပါ။ အက္ခရာတစ်ခုစီပါ။ ဒါကြောင့်
" အိ" " အီ" စတာတွေကိုသာ အရေးလုံးကြီးတင်ဘာညာ ဆိုပြီး စာလုံးပေါင်းဖတ်ရပေမဲ့။" ဣ"၊"ဤ"၊ "ဥ" ၊ " ဦ" ၊ " ဧ"၊ " ဩ"
စတာတွေကိုတော့ အက္ခရာတစ်ခုစီပါ စာလုံးပေါင်းထားတာမဟုတ်ဘူးဆိုတဲ့အနေနဲ့ စာလုံးပေါင်းစရာမလိုဘဲ အက္ခရာအိ ( ဣ) အစရှိသဖြင့်သာ ဖတ်ရကြောင်းပါခင်ဗျား။
🌿🌿🌿🌿🌿🌿
......ဇေယျာမြတ် ( မြန်မာစာ မြန်မာစကား)
20/05/2026
Maths သင်တဲ့အခါ ဒီ maths pad လေးနဲ့ သင်ရပြရတာ အဆင်ပြေနေရောရှင် ❤️
12/05/2026
Thai နိုင်ငံမှ မြန်မာစာသီးသန့် သင်ကြားနေတဲ့
သမီးလေးပါ ဝလုံးလေးတွေမဝိုင်းခင် မျည်းဖြောင့် မျည်းကွေးတွေအရင်လေ့ကျင့်ပေးပြီးမှ
ဝလုံး စရေးရပါတယ် ။ ဝလုံးရေးတဲ့အခါမှာလည်း
ဆွဲသားနည်းမှန်အောင် အောက်ကနေအပေါ် ဘယ်မှညာ ရေးဆွဲပေးရပါတယ်။ ရေးတဲ့အခါ ညီညာစွာ ဝိုင်းနိုင်အောင် လေးကြောင်းမျည်းကို ကြားက
မျည်းလေးထပ်ဆွဲပြီးမှ ဝလုံးလေးတွေဝိုင်းတော့
လက်ရေးလည်းလှတဲ့အပြင် စာတွေရေးတဲ့အခါ ညီညာသပ်ရပ်နေမှာပါရှင်။ မြန်မာစာမြန်မာစကားနဲ့ ပထမဆုံးထိတွေ့ရတော့ နည်းနည်းအခက်တွေ့ပေမဲ့
အသံပီပီသသထွက်ပြီး ရေးဆွဲနည်းမှန်ဖို့ ဝလုံးကဗျာလေးကိုလည်း ဆိုပြပေးပါတယ်။ အခုဆိုရင်တော့ ဝလုံးလေးတွေရေးတာ လွယ်ကူလာပြီး အသံလေးတွေပါ ပီပီသသထွက်နိုင်လာပါပြီရှင်။ ❤️
သူငယ်တန်းသင်ရိုးသစ် KG မှာ သင်ရမဲ့ ဗျည်းအက္ခရာနှင့်ကိန်းဂဏန်းများ
စာစမရေးခင်မှာ မျဉ်းကွေး မျဉ်းဖြောင့်တွေ ဦးစွာ လေ့ကျင့်ရပါတယ်
ဒီမျဉ်းတွေလေ့ကျင့်သင်ကြားပေးတယ်ဆိုတာကလေးတွေရဲ့လက်တွေသန်မာလာစေဖို့ စာလုံးရေးတဲ့အခါအထောက်အကူဖြစ်စေဖို့သင်ကြားပေးခြင်းဖြစ်ပါတယ် (တစ်ချို့သောမိဘအုပ်ထိန်းသူများကဒါကိုအလကားအချိန်ကုန်အောင်လုပ်တယ်ဆရာမကတစ်ရက်လာလည်းဒါ တစ်ရက်လာလည်း #ဝ လုံးသင်တယ်လို့ထင်ကြပါတယ်)
Tracing လိုက်တာတောင်မရသေး #ဝ လုံးတောင်မဝိုင်းသေးဘဲအခြားစာတက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါ
မြန်မာစာမှာဆို
ဝ ဂ ပ င
ထ တ က ဘ
သ လ ယ ဟ
စ ခ ဓ ဆ
မ ဖ ဗ ရ န ဇ ဒ အ ည
ဆိုပြီး အက္ခရာတွေကို ဒီအစဉ်တိုင်းသင်ရပါတယ်
ပြီးတော့မှ က ခ ဂ င ဆိုပြီး ပြန်သင်ပါတယ်
ဃ စျ ဋ ဌ ဍ ဎ ဏ ဠ (၈)လုံးကို အမည်နဲ့ အသံနဲ့သင်ပါတယ်
အင်္ဂလိပ်စာမှာဆို မျဉ်းဖြောင့်တွေနဲ့ဆွဲတဲ့တူတာတွေကိုသင်ပြီးမှ မျဉ်းကွေးနဲ့ဆွဲတာတွေ ကိုသင်ရပါမယ
A E F H I
K L M N T
V W X Y Z
O C Q S B D
G J P R U
ဆိုပြီး သင်ပါတယ်။ ပြီးမှ အစဉ်လိုက်ပြန်ရေးပါတယ်။
Capital lettersတွေပဲ သင်ပါတယ်
Small letters မသင်သေးပါဘူးနော်(ဒါကိုရပ်ကွက်ထဲကကျူရှင်တစ်ချို့ကသင်နေတာတွေ့ရပါတယ်)
သင်္ချာမှာဆို
၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀
၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ဆိုပြီး သင်ပါတယ်
1 2 3 4 5 6 7 8 9 10 သင်ပါတယ်
ဒါတွေကို သင်တဲ့အခါ လေထဲမှာရေးခြင်း၊ သဲထဲရေးခြင်း၊ တစ်ယောက်ကျောပေါ်တစ်ယောက်ရေးသားခြင်း၊ အစက်ချထပ်ရေးခြင်း၊ လက်ရေးလှမျဉ်းထဲ ရေးခြင်းဆိုပြီး အဆင့်ဆင့်သင်နိုင်ပါတယ်
နောက်ထပ်အရေးကြီးတာတစ်ချက်က
စာလုံးရေးတတ်ရုံနဲ့လည်းမပြီးသေးပါဘူး
#ဆွဲနည်းမှန်ကန်ဖို့ဟာသိပ်အရေးကြီးပါတယ်
#မိဘများလည်းကိုယ်ကလေးအတွက်လေ့လာထားဖို့လိုပါတယ် ငါတို့ကျူရှင်ပို့တယ် ကျောင်းပို့တယ်ဆိုပြီးမပြီးသေးပါဘူးနော် ကိုယ့်ကလေးထူးချွန်ထက်မြက်ဖို့ဆရာမိဘပူးပေါင်းမှရမှာပါရှင့်
.
07/05/2026
G-2 One on One class မှ သမီးလေးရဲ့ မြန်မာစာ
သင်ကြားမှုလေးပါ ❤️
Primary one mathematics 1A မှာ အမေးများတဲ့
Thinking Skills Corner ပုစ္ဆာလေးတွေကို
ဖြေပြပေးလိုက်ပါတယ်ရှင့် ☺️
03/05/2026
မြန်မာစာနဲ့ပတ်သက်ရင် ကျွန်မကိုယ်တိုင်လည်း စိတ်ဝင်စားတယ် မြန်မာစာသင်ရတာ လွယ်တယ်ထင်ရပေမယ့် ဝေါဟာရ အသစ် စကားလုံး အသစ်တွေကိုထိတွေ့ရတဲ့ ကလေးတွေအတွက် လက်တွေ့ဘဝထဲအထိ အသုံးချနိုင်ဖို့၊ သေသေချာချာရှင်းရှင်းလင်းလင်း ပြန်ပြောတတ်ဖို့ ဆိုရင် စာသင်ခန်းထဲကနေ ကျင်လည်ရာ ပတ်ဝန်းကျင် လောကထဲအထိဆွဲခေါ်ပြီး ဆိုပြ၊ပြောပြ၊ဖတ်ပြ၊ရှင်းပြကြရပါတယ်။ တခါတလေ ပြဌာန်းစာအုပ်ထဲက စာလုံးကို အဓိပ္ပါယ်မပေါက်ရင် အသုံးအနှုန်း ဝါကျလေးတွေ ဥပမာလေးတွေနဲ့ ပံ့ပိုးပေးမှ ကလေးတွေအတွက် စာကသပ်သပ် လက်တွေ့အသုံးကသပ်သပ်ကွဲမနေမှာ ဖြစ်ပါတယ်။
ကျွန်မကတော့ ကိုယ်သင်ပေးတဲ့ ကလေးလေးတွေအတွက် ပြဌာန်းစာအုပ်အပါအဝင် ကိုယ်တိုင် တု၊စု၊ပြု၊လေ့လာထားတဲ့ သင်ထောက်ကူဆိုင်ရာလေးတွေနဲ့ အမြဲထည့်သွင်းအသုံပြုသင်ကြားပေးပါတယ်။
စကားလုံးတွေ၊စာတွေ အတင်းရိုက်သွင်းမှတ်သားစေတာထက် ကလေးတို့ဉာဏ်ရည်နဲ့ထိုက်သင့်တဲ့သင်ကြားမှုလေးတွေအောက်မှာ သဘာဝအတိုင်း မှတ်မိစေ၊အသုံးချတတ်စေဖို့သာ ပိုအားထုတ်ပေးပါတယ်။ သင်ပြပေးသူကတော့ ပိုပင်ပန်းပါတယ်။ ဒါပေမယ့် ကလေးလေးတွေအတွက်ကတော့ ကျောင်းသင်ခန်းစာတွေဟာ သူတို့စိတ်ထဲ၊မှတ်ဉာဏ်ထဲမှာ အခဲအခက်တခု ဟုတ်မနေတော့ဘူးဆိုရင် သင်ပြပေးတဲ့ ကျွန်မအတွက်တော့ ကျေနပ်မိတဲ့အချိန်တွေပါပဲ။ ဒါလေးကတော့ ကျွန်မရဲ့ တဦးချင်းသီးသန့်အတန်းက မြန်မာစာကို သင်ပြပေးထားတဲ့ တစ်ချို့ပုံလေးတွေဖြစ်ပါတယ်။ သားသားမီးမီးလေးတို့ မိခင်ဘာသာစကားကို အခက်အခဲမရှိ ပေါ့ပေါ့ပါးပါးလေ့လာသင်ယူစေချင်တာက တီချယ်ရဲ့ စေတနာတခုပါရှင်။✍️
G-1 ပြီးသွားလို့ G-2 ကို ဆက်လက်သင်ကြားနေသော Thai နိုင်ငံမှ သားလေးရဲ့ သင်ကြားမှုလေးပါရှင့် ❤️
02/05/2026
🔢 သင်္ချာဆိုရင် ကြောက်နေတဲ့ သားသားမီးမီးတို့ ရှိလား?
"သားသား/မီးမီး သင်္ချာတွက်ချင်ပြီ" ဆိုတဲ့ စကားလေးကို ကြားချင်တယ်ဆိုရင်တော့...
ပုံမှာပြထားတဲ့ Primary One Mathematics Tutor (1A & 1B) စာအုပ်လေးတွေက အဖြေပါပဲ!
ဒီစာအုပ်လေးမှာ-
✔️ရှုပ်ထွေးနေတဲ့ ပုစ္ဆာတွေကို အရိုးရှင်းဆုံး ဖြစ်အောင် လမ်းညွှန်ပေးထားတဲ့ Worked Examples တွေ ပါဝင်ပါတယ်။
✔️ပုစ္ဆာအသေတွေတင် မဟုတ်ဘဲ ကလေးရဲ့ ဦးနှောက်ကို အလုပ်ပေးမယ့် Thinking Skills ကဏ္ဍလေးတွေက တကယ့်ကို အသက်ပါပဲ။
🏫 တီချယ်ရဲ့ အတန်းမှာ ဒီစာအုပ်လေးတွေကို အခြေခံပြီး သင်ကြားပေးနေပါပြီ။
အခြေခံ ဂဏန်းသင်္ချာကစလို့ စနစ်တကျ နားလည်အောင် သင်ပေးပါတယ်။
ကလေးတစ်ဦးချင်းစီရဲ့ အားသာချက်၊ အားနည်းချက်ကို ကြည့်ပြီး ပြုစုပျိုးထောင်ပေးမှာဖြစ်ပါတယ်ရှင်။
"သားသားမီးမီးတို့ရဲ့ ပညာရေး အခြေခံကောင်းကို ဒီကနေ့ပဲ စတင်လိုက်ရအောင်"
May လထဲမှာဖွင့်မယ့် Primary One Mathematics 1A အတန်းလေးကိုလည်းစုံစမ်းနိုင်ပါတယ်နော်။ ထိရောက်တဲ့သင်ကြားမှုအတွက် သားသားမီးမီး 5 ယောက်ပဲလက်ခံပါမယ်ရှင်။
💫 Fees - 30000MMK
💫 Duration - 4months
💫 Time & Date - 9.5.2026 (sat & sun)
- 7:30 to 8:30 AM
Htet