Mariners’ Joy
Knowledge sharing of Nautical Science & Tanker Ships
22/01/2025
ISPS Code 🏴☠️🔐
🚨What is the Alert System onboard ships that is used to send discreet message to relevant authorities ashore in case of a security threat or attack to the vessel such as piracy attack and acts of terrorism?
သင်္ဘောမှ လှုံခြုံရေးဆိုင်ရာချိန်းခြောက်မှု၊ ပင်လယ်ဓားပြတိုက်မှုများနှင့် အကြမ်းဖက်မှုများဖြစ်စဉ်တွင် သက်ဆိုင်ရာ ကမ်းရိုးတန်းအာဏာပိုင်များထံ သတင်းပို့သည့်အခါ ဘယ် alert system ကိုအသုံးပြုပါသလဲ?
✅Answer: SSAS or Ship Security Alert System
🙋Question: What rule or regulations requires the use of this security alert system?
SSAS စနစ်ကို အသုံးပြုရန်လိုအပ်သည်ဟု သတ်မှတ်ထားသော စည်းမျဉ်းများမှာ အဘယ်နည်း?
✅Answer: SOLAS Chapter XI-2 Reg.6
🙋Question: What is the characteristics of SSAS alert?
SSAS Alert ၏ အင်္ဂါရပ်များမှာ အဘယ်နည်း?
✅Answer: when alert is sent, it will not activate a sound or visual alarm, the message will be send discreetly to the receivers ashore, containing the following informations:
+ Name of ship
+ IMO number allotted to the ship
+ The Call Sign of the ship
+ The ships GPS position
+ Maritime Mobile Service Identity
+ Date and time of the alert according to the GPS position
Alert ပေးပို့သောအခါ၊ အသံအချက်ပြ သို့မဟုတ် မျက်မြင်အချက်ပြမရပါ၊ သို့သော် alert message တစ်စောင်ကို လျှို့ဝှက်စွာ shore receivers ထံပို့ပါလိမ့်မည် -
• သင်္ဘော၏ အမည်
• IMO အမှတ်
• သင်္ဘော၏ Call Sign
• သင်္ဘော၏ GPS တည်နေရာ
• Maritime Mobile Service Identity (MMSI)
• GPS တည်နေရာ Alert ပေးပို့ချိန်နှင့် နေ့စွဲ
🙋Question: How is the alert being sent?
Alert ကိုမည်သို့ပို့ပါသလဲ?
🟢 Answer: by pressing the buttons. ISPS requires two(2) buttons which is located inside the bridge and another one in other locations.
SSAS Button နှိပ်ခြင်းဖြင့် ပေးပို့သည်။ ISPS စည်းမျဉ်းများအရ Button နှစ်ခု (2) သီးခြားတည်နေရာတွင် ရှိရမည်။ တစ်ခုမှာ Bridge တွင်ရှိပြီး၊ နောက်တစ်ခုမှာ အခြားတစ်နေရာတွင်ရှိသည်။
🙋Questions: How is the Transmission of the SSAS alert carried out?
SSAS Alert ပေးပို့မှုကို မည်သို့ Propagation ပြုလုပ်သနည်း?
✅Answer: SSAS system propagation uses satellite communications, it is interfaced usually to INMARSAT-C terminals
Satellite Communications များဖြင့် ပေးပို့သည်။ SSAS စနစ်ကို အများအားဖြင့် INMARSAT-C Terminals များနှင့် ချိတ်ဆက်ထားသည်။
🙋Questions: Who are the receivers of the SSAS message?
SSAS Alert ၏ လက်ခံသူများမှာ အဘယ်သူများနည်း?
✅Answer: There are two recipient of an SSAS alert
1. Company Security Officer (CSO)
2. Flag State of the vessel
SSAS Alert ၏ လက်ခံသူနှစ်ဦးရှိသည် -
1. Company Security Officer (CSO)
2. Flag State of the Vessel
They will be the one to contact the law enforcement agency of the governing states to where the vessel is located which would the deploy naval or military assets to conduct search and rescue operations to the vessel under seige or under attacked.
လက်ခံသူများသည် သင်္ဘောတည်ရှိရာ နေရာအခြေခံပြီး တာဝန်ရှိသော စစ်တပ် သို့မဟုတ် နိုင်ငံပိုင်တပ်ဖွဲ့များ ကို အကြောင်းကြားကာ ကယ်ဆယ်ရေး သို့မဟုတ် အရေးပေါ်ဆောင်ရွက်မှုများ ပြုလုပ်မည်။
21/01/2025
🙋Q: What is your understanding or definition of the term TRIM?
Trim ဆိုတာကို ဘယ်လို နားလည်သလဲ၊ သို့မဟုတ် ဘာအဓိပ္ပါယ်ရလဲ?
✅A: Trim is the difference between the forward and aft draft
Trim ဆိုတာ Forward Draft နှင့် Aft Draft ကြားရှိ ကွာခြားမှုကို ဆိုလိုပါတယ်။
🙋Q: What are the different types or classifications of trim?
Trim အမျိုးအစား ဘယ်နခုရှိပါသလဲ?
✅A: We have two kinds of Trim, the Aft Trim and the Forward Trim, sometimes we call Aft Trim as "Trimmed by the Astern" and the Forward Trim as "Trimmed by the Head"
Trim နှစ်မျိုးရှိတယ်၊ Aft Trim နဲ့ Forward Trim ဖြစ်ပပါတယ်၊ Aft Trim ကို “Trimmed by the Astern” လို့ခေါ်ပြီး၊ Forward Trim ကို “Trimmed by the Head” လို့ ခေါ်ပါတယ်။
When you say "Trimmed by the Head" it means the draft forward is larger compared to the draft aft, and reverse when you say Trimmed by the Aft or Stern, Aft Draft is larger than forward draft.
“Trimmed by the Head” ဆိုတာ Forward Draft ဟာ Aft Draft ထက် ပိုကြီးတဲ့ အခြေအနေကို ဆိုလိုပြီး၊ “Trimmed by the Aft” သို့မဟုတ် “Trimmed by the Stern” ဆိုတာ Aft Draft ဟာ Forward Draft ထက် ကြီးတဲ့ အခြေအနေကို ဆိုလိုပါတယ်။
🙋Q:How about if there is no Trim or zero trim, what do you call that condition?
Trim မရှိဘဲ သို့မဟုတ် Zero Trim ဖြစ်နေတဲ့အချိန်မှာ အခြေအနေကို ဘာလို့ခေါ်လဲ?
✅A condition where there is zero trim, we call it "even keel", that means the forward, middle and aft drafts are the same.
Zero Trim ဖြစ်နေတဲ့ အခြေအနေကို “Even Keel” လို့ ခေါ်ပါတယ်။ Forward, Middle, Aft Draft တွေ အားလုံး တူညီတဲ့အခြေအနေကို ဆိုလိုပါတယ်။
🙋Q: Which one is a "Positive" and "Negative" Trim?
Positive Trim နဲ့ Negative Trim ဆိုတာ ဘာလဲ?
✅A: Trimmed by the Aft is the one that is Positive Trim(+)
Trimmed by the Aft ကို Positive Trim (+) လို့ ခေါ်ပါတယ်။
🙋Q: Why is that so?
✅A: We call the Aft Trim as a Positive Trim, because a "trimmed by the aft" has a positive impact with the vessel in terms of ship handling and stability especially in rough seas, aft trim is also an optimum trim.
Aft trim ကို positive trim လို့ခေါ်ရတဲ့ အကြောင်းအရင်းက အထူးသဖြင့်ရာသီဉတုဆိုးနေတဲ့အချိန်မှာ ship handling နဲ့ stability အတွက် သက်ရောက်မှုပေါ် ကောင်းစေလို့ပါ၊ aft trim ကို optimum trim လို့လဲခေါ်ပါတယ်၊
21/01/2025
🙋What is Speed Through The Water and Speed Over The Ground? Which one do we use for Collision Avoidance and why?
STW နဲ့ SOG ဆိုတာဘာလဲ? သင်္ဘောတိုက်ခိုက်မှုကိုရှောင်ရှားဖို့ STW or SOG ဘယ်ဟာကိုသုံးမလဲ?
✅Speed through the water is required to be used for collision avoidance, and not necessarily for navigation.
STW ကို သင်္ဘော တိုက်ခိုက်မှုရှောင်ရှားတဲ့အခါ အသုံးပြုပြီး သင်္ဘောမောင်းနှင်နေတဲ့အခါမှာတော့မလိုပါ။
🧑✈️✅STW is the speed of a vessel in relation to the water in which it is moving. It is measured by instrument such as Doppler logs.
STW သည် သင်္ဘောရေထဲတွင် ရေနှင့်ဆက်နွယ်သော အရှိန်ကို ဆိုလိုသည်။ Doppler log ကိရိယာများဖြင့် STW ကိုတိုင်းတာနိုင်သည်။ (လေ၊ ရေလှိုင်း၊ ရေစီး) ကြောင့်အပြောင်းအလဲရှိနိုင်သည်။
🧑✈️✅While “Speed over ground (SOG)” It is the speed of a vessel in relation to a fixed point on the Earth’s surface, usually measured by GPS. SOG means resultant speed of the vessel after being affected by currents, wind, and other environmental factors.
သင်္ဘော၏ မြေပြင်နှင့်ဆက်နွယ်သော အရှိန်ဖြစ်သည်။ SOG ကို GPS ကိရိယာများဖြင့်တိုင်းတာပြီး ရေစီး၊ လေစသည်တို့ ထိရောက်မှုများကို ထည့်တွက်ထားသည်။
With the effect of wind,sea and current the ARPA will display a true MADE GOOD COURSE and SPEED and thereby showing a ships vector that an OOW must be aware of, so you will know at what COURSE TO STEER, to achieve an intended true course.
ရေကြောင်းသွားလာစဉ်တွင် သဘာဝပတ်ဝန်းကျင်အကြောင်းအရာများဖြစ်သည့် လေ၊ ရေလှိုင်းနှင့် ရေစီး တို့ကြောင့် သင်္ဘော၏ လမ်းကြောင်းနှင့် အရှိန်များ အပေါ်အကျိုးသက်ရောက်စေပါသည်။ ARPA (Automatic Radar Plotting Aid) သည် ဤအကျိုးသက်ရောက်မှုများကို ထည့်တွက်ပြီး True Course Made Good (COG) နှင့် Speed Made Good (SOG) ကို ပြသပါသည်။ ထိုအချက်အလက်များသည် သင်္ဘော၏ အမှန်တကယ်လမ်းကြောင်း (True Vector) ကိုဖော်ပြပေးပါသည်။ True Course ကို တိကျစွာ သွားနိုင်ရန်အတွက် OOW သည် လေနှင့် ရေစီးကြောင့် ဖြစ်ပေါ်သည့် လမ်းကြောင်းသွေဖယ်မှုကို လျှော့ချရန် Course to Steer (CTS) ကို ပြင်ဆင်ပေးရမည်။
✅Now, if we talk about COLLISION AVOIDANCE we deal with STW or vector through the water, why is that so? Simply because in Colregs we take collision-avoidance actions based on HOW WE SEE ANOTHER VESSEL (STW) and not on HOW THEY ARE MOVING (COG).
(Collision Avoidance) အကြောင်းတွင် (STW) သို့ (Vector Through the Water) ကို အသုံးပြုရပါမည်။
Colregs (ရေကြောင်းတိုက်မိမှုကာကွယ်ရေးစည်းမျဉ်းများ) အရ အခြားသင်္ဘောကို မြင်သည့်အခြေအနေ (STW) အပေါ် မူတည်ကာ ဆောင်ရွက်ရမည်ဖြစ်ပြီး သင်္ဘော၏ အမှန်တကယ်လမ်းကြောင်း (COG) ကို အခြေခံ၍ မဟုတ်သောကြောင့်ဖြစ်ပါသည်။
🕵️♂️ROR rule 13, overtaking tells us about the visual sight of the stern light more than 22.5deg abaft the beam to be called as overtaking vessel, Rule 14, tells us the aspect and light we see for head on situation collision avoidance actions, Rule 15 tells us the color of lights to determine who is the burdened vessel and the stand on in crossing situations. Colregs speaks of what color of lights, shapes and aspects of another vessel that we SEE and not how they move. Our actions will be based on how we see those lights and shapes, that is why we use Through the water vectors for collision avoidance.
• Rule 13 (Overtaking): stern light အလင်းကို 22.5° (beam အနောက်ဘက်) အတွင်း မြင်ရလျှင် overtaking ဖြစ်သည်။
• Rule 14 (Head-On): သင်္ဘmasthead အလင်းနှစ်ခုနဲ့ sidelights တိုက်ရိုက်မြင်ရလျှင် head-on ဖြစ်သည်။
• Rule 15 (Crossing): အခြားသင်္ဘော၏ sidelights မြင်ရသည့်အရောင်ပေါ်အခြေခံပြီး crossing ဖြစ်မဖြစ် သတ်မှတ်သည်။
ထိုအခြေအနေများသည် STW ကိုအခြေခံကာ ဆောင်ရွက်သည်။ ARPA သို့မဟုတ် GPS ကိရိယာများမှပေးသော SOG/COG အချက်အလက်များသည် visual အချက်အလက်များနှင့် မကိုက်ညီနိုင်ပါ။
🗺️🧭Your vessel is moving on a true course of 000 Deg. You have another vessel dead ahead on a course of 180 Deg. There is a really strong easterly current and because of that your vessel is making good a course of 040 Deg. The Other Vessel is making good a course of 140 Deg.
ဥပမာအခြေအနေ
1. သင်၏သင်္ဘော: True Course - 000°, အရှေ့ဘက်ရေစီးရှိ။
• STW: 000°
• SOG: 040°
2. အခြားသင်္ဘော: True Course - 180°, အလားတူရေစီးဖြင့်။
• STW: 180°
• SOG: 140°
🧑✈️🥸If you think you would take action as per crossing situation (rule15), you would be wrong. Collision avoidance rules and situations are based on how we see the ship and not on how they are moving.
For example, as per Rules of the Road, Head-on situation is when you see a ship dead ahead or nearly right ahead. That is when you can see both her Mast headlights in line or nearly in line and both of her sidelights. the ARPA gives you a false sign that the situation is a crossing situation, but in fact it is still a HEAD ON SITUATION so act accordingly.
ထိုအခြေအနေတွင် Visual အရ head-on situation ဖြစ်သည်။ သင်္ဘောနှစ်စင်း၏ masthead အလင်းနှင့် sidelights တိုက်ရိုက်မြင်နိုင်သောကြောင့် Rule 14 အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် ARPA မှာ SOG vector အပေါ်အခြေခံ၍ crossing situation ဟု မှားယွင်းသတ်မှတ်နိုင်သည်။
21/01/2025
🚨: What is an EEBD?
EEBD stands for EMERGENCY ESCAPE BREATHING DEVICE, from the word itself “escape” meaning i can use this device to immediatey vacate an area or compartment with hazardous atmosphere. It has an oxygen-filled air in the cylinder that lasts for 10mins.
EEBD ဆိုသည်မှာ Emergency Escape Breathing Device ဖြစ်ပါတယ်။ “Escape” ဆိုတဲ့စကားလုံးအတိုင်း၊ ဤစက်ကိရိယာကို အသုံးပြုပြီး အန္တရာယ်ရှိသော လေထဲမှ ချက်ချင်း ထွက်ပြေးနိုင်ပါတယ်။ ၎င်းတွင် အောက်ဆီဂျင်နှင့်ပြည့်ထားသော လေတိုင်ကီ ပါရှိပြီး၊ ၁၀ မိနစ်ကြာ အသုံးပြုနိုင်ပါသည်။
📕: What convention and codes does the EEBD being required?
EEBD is required by SOLAS Chapter II-2 under the Fire Safety Systems Code (FSS Code)
SOLAS Chapter II-2 ၏ Fire Safety Systems Code (FSS Code) အောက်လိုအပ်ချက်အရ ဖြစ်ပါသည်။
✅: Can you use EEBD for Fire Fighting or Entering an Enclosed Space?
EEBD should only be used for “escaping” not “entering”
FSS Code အရ EEBD သည် ထွက်ပြေးရန်သာအသုံးပြုရမည်ဖြစ်ပြီး ဝင်ရောက်ရန်မသုံးရပါ။
🙋What are you going to use then for fire fighting and entering a hazardous space?
အန္တရာယ်များထဲဝင်ရောက်ရန်နှင့် မီးသတ်ရန်အတွက် မည်သည့်ပစ္စည်းကို အကသုံးပြုြမည်နည်း?
SCBA sir or Self-Contained Breathing Apparatus
SCBA Sir, Self-Contained Breathing Apparatus ဖြစ်ပါတယ်။
21/01/2025
📏 TANK SOUNDING
Tank sounding means the depth of the fluid or liquid in the tank. Fluid or liquid includes ballast water, fuel oil and liquid cargo. The reason for this is to know the content in volume of the said fluid/liquid which will be used for cargo calculations and bunker calculations.
Sounding ဆိုသည်မှာ Tank အတွင်းရှိ အရည်အနက်တစ်ခုခုကို တိုင်းတာခြင်းဖြစ်ပါတယ်။
တိုင်းတာရမည့် အရည်များတွင် Ballast Water, Fuel Oil, Cargo Liquid စသည်တို့ ပါဝင်နိုင်သည်။
ဤတိုင်းတာမှုအား အသုံးပြုခြင်းမှာ Cargo Calculations နှင့် Bunker Calculations ကို တိကျစွာ သိရှိရန်အတွက်ဖြစ်သည်။
✅Soundings is measured from the tank bottom to the liquid surface
Soundings သည် Tank အောက်ဆုံးမှ အရည်၏မျက်နှာပြင်အထိ တိုင်းတာသည်။
😊On the picture below is my sounding of the fuel oil cargo from tank bottom to the remaining liquid cargo
😊 အောက်တွင်ဖော်ပြထားသည့် ပုံသည် Tank အောက်ဆုံးမှ fuel oil Cargo ရှိသော အရည်အနက်ကို တိုင်းတာထားခြင်းဖြစ်ပါတယ်…
Question: How much is the reading of the sounding as per illustration (in millimeters)??? Is the tank empty or not)
ပုံအရ Sounding Reading ကို (Millimeters ဖြင့်) မည်မျှရှိပါသလဲ?
17/01/2025
🗑️MARPOL ANNEX V - International Regulations for the Prevention of Pollution by Garbage from Ships
📋categories of garbage
A- Plastics
B- Food wastes
C- Domestic wastes
D- Cooking Oil
E- Incinerator Ash
F- Operational wastes
G- Animal carcasses
H- Fishing gear
I- E-Wastes
J- Cargo residues non harmful to marine environment
K- Cargo residues harmful to marine environment
👉🏻In case you are told to dispose food wastes while in anchorage at more than 12nm from the nearest land or baseline, would you throw it?
သင်္ဘောကျောက်ကွင်းမှာ ကမ်းနဲ့ ၁၂မိုင်အကွာကျောက်ချထားတုန်း food waste ပစ်လို့ရလား?
✅No, vessel should be enroute
ပစ်လို့မရပါ၊ သင်္ဘောသွားနေမှ enroute ဖြစ်နေရပါမယ်။
👉🏻In case you caught a fish and throw it back to the sea, did you violate
Marpol V?
အကယ်၍ ငါးဖမ်းမိပြီး အဲ့ဒီငါးကို ပင်လယ်ထဲပြန်လွှတ်ပစ်ရင် Marpol V ကိုချိုးဖောက်တာပဲလား?
✅ No, Garbage does not include fresh fish and parts thereof generated as a result of fishing activities undertaken during the voyage, or as a result of aquaculture activities
မချိုးဖောက်ပါ၊ garbage ထဲမှာ ငါးမြှားပြီးရလာတဲ့ ငါးကို garbage လို့မသတ်မှတ်ပါ။
👉🏻You are at anchor and you saw a seagull and dolphin , and you feed them with food, did you violate Marpol V?
သင်္ဘော ကျောက်ချထားတုန်း seagull, dolphin တွေ့လို့ အစာရေထဲပစ်ချပြီးကျွေးရင်ရော Marpol V ကိုချိုးဖေါက်လား?
✅No, releasing small quantity of food at sea for the purpose of fish feeding in connection with fishing is not a marpol v violation (MEPC 295(71)
မချိုးဖေါက်ပါ၊ ငါးစာကျွေးတဲ့ ရည်ရွယ်ချက်နဲ့ အစာနဲနဲပစ်ကျွေးတာ ခွင့်ပြုထားပါတယ်၊ MEPC 295(71) မှာရှာဖတ်လို့ရပါတယ်။
👉🏻You have a waste carton box with plastic packings wrapped in it, how will you disposed it, as domestic waste (cat.C) or plastic waste (cat.A)
ပလတ်စတ်ပတ်ထားတဲ့ ကတ်ထူဘူးတေကို Garbage Cat A or C ဘယ်အမျိုးအစားအနေနဲ့ ပစ်မလဲ?
✅ Stricter rule applies when a mixed wastes will be disposed, so it is Cat.A- plastics
အမှိုက်အမျိုးအစားတေရောနေရင် ပိုပြီးတင်းကျပ်တဲ့ garbage အမျိုးအစားအနေနဲ့ ပစ်ရပါမယ် ။
15/01/2025
👮♂️one of the requirement of MARPOL Annex I pertaining to the rules in decanting or discharge of cargo slops into the sea.
IRD 30liter/nm ဆိုတာ ပင်လယ်ထဲကို cargo slops စွန့်ပစ်တဲ့ ဉပဒေနဲ့ဆိုင်တဲ့ MARPOL Annex -I ရဲ့ regulation တခုပါ။
♻️Slops are waste water with oil, basically it is a combination of seawater or fresh water with oil residues, normally slops are being accumulated after cleaning of a cargo oil tanks of a Tanker vessels.
Slops ဆိုတာ ဆီနဲ့ရေရောနေတဲ့ ဆီအကြွင်းအကျန်တေပါ၊ tanker ship တေမှာ ကန်ဆေးပြီးတဲ့အခါ ဆီနဲ့ရေရောနေတဲ့ အညစ်အကြေးတေကို slop tanks ထဲမှာစုထားလေ့ရှိပါတယ်။
👮♀️Rules in decanting slops to sea as per MARPOL Annex I:
✅ Enroute
✅Outside Special Area
✅Distance more than 50nm from the nearest land
✅must use a ODME
✅the instantaneous rate of discharge of OIL should not be more than 30liters per nm.
✅The total quantity of oil discharged into the sea does not exceed 1/30000 of the total quantity of the specific cargo of which the residue formed a part
Question: “Tell me about the Instantaneous Rate of Oil discharge 30Liters per nautical mile”, IS IT A PURE OIL or is it SLOPS?
Answer: it is PURE OIL!
👍
To prove that the answer is correct
Let’s take as an example a slops of 100cubic meters to be decant at sea
Step 1: Convert 100cbm of slops to Liters:
100cbm x 1000liters= 100,000liters of slops will be decant to sea
Step 2: Divide total slops in Liters by 30Li/nm
100,000 Liters
🚢 = ———————-
30 Liters/ nm
If to apply the 30liters per nautical mile, how far shall the vessel go just to dispose this oily water (slops) to sea?
🏝️The answer is: 3,333 nautical miles😜
🙅It is impossible to go like this to travel more than 3000miles just to comply Marpol Annex-1, the 30 Liters per nautical mile is actually a PURE oil calculated by the ODME system from the total of 100m3 of slops.
13/01/2025
🪜When do we use Pilot Ladder and Combination Ladder?
Pilot ladder နဲ့ combination ladder ဘယ်အချိန်မှာသုံးလဲ?
Answer: Pilot ladder is to be used when the ship's freeboard is 9meters or less. Meanwhile, combination ladder arrangement will be used if the ship's freeboard is more than 9meters
Pilot ladder ကို ship freeboard ၉ မီတာ (သို့) ၉မီတာထက်နဲရင် အသုံးပြုပါတယ်။ combination ladder ကိုတော့ freeboard ၉မီတာ အထက်ဆိုအသုံးပြုပါတယ်။
🚢What is Freeboard then?
Answer: Freeboard is the
vertical distance measured from the waterline to the main deck level of the ship
Freeboard ဆိုတာ ရေမျက်နှာပြင်ကနေ သင်္ဘော main deck အထိ ဒေါင်လိုက်အကွာအဝေးပါ။
🤔Why use combination ladder if freeboard is more than 9meters?
Freeboard ၉မီတာကျော်ရင်ဘာဖြစ်လို့ combination ladder အသုံးပြုပါသလဲ?
👉🏻Comment box မှာဆွေးနွေးပေးပါ ခင်ဗျာ 😊
Photo credit
ที่ตั้ง
ประเภท
ติดต่อ โรงเรียนนี้
เว็บไซต์
ที่อยู่
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |