08/01/2026
important TO me 🆚 important FOR me
မြန်မာလို ဝိဘတ် ကတော့ “အတွက်” ဆိုပြီး အားလုံးကို 📕“ငါ့ အတွက် အရေးကြီးတယ်၊ မင်းအတွက်.. သူ့အတွက်.. အရေးကြီးတယ်/ အရေးပါတယ်” ခြုံသုံးလို့ရ ပေမယ့်၊ 🇬🇧 အင်္ဂလိပ်စာမှာတော့ ‘Usage’ ကို လိုက်နာဖို့ လိုပါတယ်။
“me” ကိုယ့် အတွက်တင်မဟုတ်ဘဲ Obj Pronouns “you, him, her, us, them” တွေ အတွက်လည်း သုံးလို့ရပါတယ်။
🔺important TO + object pronouns
⭐️အခြားသူတွေအတွက် အရေးမပါပေမယ့်
ကိုယ့်ရဲ့ တကိုယ်ရည် ခံစားချက်၊ စံတန်ဖိုး၊ ဂုဏ်သိက္ခာ၊ စောင့်ထိန်းမှု စတာတွေအတွက် အရေးကြီးရင် “TO” ပါ။
📗It is important to me.
(ဒါက ငါ့အတွက် အရေးကြီးတယ်)
📗Family is important to her.
(မိသားစု က သူမအတွက် အရေးကြီးတယ်)
📗Your support is important to us.
(မင်း အထောက်အပံ့က ငါတို့အတွက် အရေးပါတယ်)
🔻important FOR + object pronouns
⭐️လိုအပ်ချက်၊ အကျိုးစီးပွါး၊ ကျန်းမာရေး၊ အစတာတွေအတွက် မဖြစ်မနေလုပ်ရမယ့် ကိစ္စတွေဆိုရင် “FOR” နဲ့ သုံးပါတယ်၊
📘This treatment is important for him.
(သူကုသဖို့အရေးကြီးတယ်)
📘Rest is important for her.
(သူမ အနားယူဖို့ အရေးကြီးတယ်)
📘This advice is important for them.
(အကြံပေးချက်က သူတို့အတွက်အရေးကြီးတယ်)
နှိုင်းယှဉ်ကြည့်ရင် 🔄
📗Her dignity is important to her. (feelings)
ဂုဏ်သိက္ခာဟာ သူမအတွက် အခရာ.
📘Pain control is important for her. (health/benefit)
နာကျင်တာ သက်သာဖို့က အဓိကပဲ။
⚠️QUICk nOTe by AL🎓T
30/12/2025
“Take a Tumble 🫨& Throw a Tantrum😤“
(လဲကျချော်လဲ.. အမုန်းများ ပစ်သွင်း)
ပုံမှန်ဖတ်ကြည့်ရင် “Tumble” ကို ယူ၊ ‘Tantrum’ ကို ပစ်ထည့်လိုက်လို့ နားလည်ရမှာပါ။
အခုလို အရေးသားတွေကို Native တွေရဲ့ စာပေထဲ၊ သတင်းစာ တွေထဲမှာ အမြဲတွေ့ရလေ့ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ကိုယ်တွေနဲ့မစိမ်းတဲ့
“ချော်ကျတာ” နဲ့ “ဒေါသချောင်းချောင်း” ထွက်တာကို ဆိုလိုချင်တာပါ။
ESL သမားတွေ အသုံးနည်းပေမယ့်၊ သိသင့်တဲ့ ဝေါဟာရ နှစ်လုံးပါ၊
🤦♂️Take a Tumble
📕 “She slipped on the stairs and took a tumble.”
(လှေကားပေါ်က ကနေ အမှတ်တမဲ့ ချော်ကျ)
🤷♀️Throw a Tantrum
📕 “The toddler threw a tantrum when he didn’t get the toy.”
(ကလေးက အရုပ်မရလို့ အော်ကြီးဟစ်ကျယ် ငိုယို)
ဒါဆိုရင် အင်္ဂလိပ်စာ ဖတ်ရင်း ဒီလို Usage တွေတွေ့တဲ့အခါ အမှတ်မမှားနိုင်တော့ပါဘူး
⚠️QUICk nOTe by AL🎓T
17/12/2025
🌞7 English Dialects From Around The World
အင်္ဂလိပ်စာဟာ ကမ္ဘာ့ဆက်သွယ်ရေး ဘုံဘာသာစကား ဖြစ်လာကတည်းက နေရာပေါင်းစုံ၊ နိုင်ငံပေါင်းစုံက Dialect တွေဟာ ဘာသာစကားရဲ့ Main Stream ထဲမှာ ဒွေးရောယှက်တင် စီးဝင်လာကြပါတယ်။
ဒါတွေကို ဗဟုသုတအနေနဲ့ သိရှိထားရင်၊ ကိုယ်သိတဲ့ Pronunciation တစ်မျိုးထဲကို တရားသေ ကိုင်စွဲတတ်တဲ့ အကျင့်တစ်ခုကို အနည်းနဲ့အများ လွှတ်ချထားနိုင်မှာပါ။
AL🎓T ရဲ့ လက်ထောက် Trainer Wuttyi တင်ပြတဲ့ Dialect မျိုးကွဲ တွေကို လေ့လာကြည့်ပါ။
🌍ကမ္ဘာတဝန်းတွင်ရှိသော အင်္ဂလိပ်ဒေသိယစကားများ(Part - 2)
>>>>>>>2️⃣British English🏴
British English 🏴ကို U.Kနိုင်ငံတွင် ဒေသိယဘာသာစကားအဖြစ်အဓိကအသုံးပြုကြပြီး၊ ကမ္ဘာတဝန်းရှိလေ့လာသူများ လေ့လာမှုအများဆုံးဘာသာစကားတစ်ခုဖြစ်တဲ့American English ကိုလည်းပြောဆိုကြပါတယ်။ အင်္ဂလိပ်
စကားကိုအဓိကအသုံး ပြုကြတဲ့ ဩစတေးလျ၊နယူးဇီလန်နှင့် တောင်အာဖရိက လို နိုင်ငံများတွင်လည်း အလားတူစွာ British English ကိုအသုံးပြုပြောဆိုလေ့ရှိကြပါတယ်။
👂 အသံပြုပုံ
အများအားဖြင့်Letter “r” ၏အနောက်တွင် “သရ”တစ်လုံးရှိသည့်အခါတွင်သာ “r”သံကို အသံထွက်ရွတ်ဆိုပါတယ်။ ဒါ ကြောင့် 🏴British English မှာ အခြားသောဒေသိယစကားများလို (ဥပမာ-AmericanEnglish) “r”သံကိုမကြားရဘဲ
”သရ” သံကိုသာရှင်းလင်းစွာကြားရခြင်း(သို့)သံရှည်ဆွဲ၍ရွတ်ဆိုခြင်းကိုပို၍ကြားရခြင်းဖြစ်ပါတယ်။ ဒါကြောင့် “park” နဲ့ “car” လိုစကားလုံး မျိုးတွေကို 🏴 ‘British English’ ပြောဟန်မှာ “r”သံကို မကြားရပေမဲ့ 🇺🇸“American English မှာတော့ ကြားရတာကို သတိပြုမိမယ်ထင်ပါတယ်။
“Words Spelling”
Pronounced in 🏴British English
🏴car
ends with “r” /kaa/
(no “r” sound)
🏴park
ends with “r” /paak /
( no “r” sound)
🏴car engine
“r” + vowel sound
/kaar engine/ (“r” is pronounced)
🏴far away
“r” + vowel sound
/faar away/ (“r” is pronounced)
🌟 ထူးခြားသောအသုံးနှုန်း
အသင်းအဖွဲ့ သို့ အစိုးရ ကဲ့သို့ လူအုပ်စု၊အဖွဲ့စည်းများအတွက်သုံးသော နာမ်များ အတွက် ကြိယာကို ‘အနည်းကိန်း’ ကဲ့သို့အခြေအနေတွင်ရှိစေကာမူ ‘ကြိယာအများ’ သုံးရပါတယ်။
🏴 ‘British English’ တွင် learners များက
📕The government are making new lawsand.
📕Our team are winning.
ဟုပြောလေ့ရှိသည်ကိုတွေ့နိုင်ပါသည်။
🏴British Englishတွင်သုံးသောစကားလုံးများ နှင့် အခြားအင်္ဂလိပ်စကားတွင်သုံးသောစကားလုံးများ၏မတူကွဲပြားမှုများစွာကို အောက်တွင်တွေ့ရပါမည်။
British 🇬🇧 VS American 🇺🇸
1.Trousers ↔️ Pants (in U.S)
2. Nappy ↔️ Diaper
3. Bonnet of a car ↔️ Hood
4. Lift ↔️ Elevator
5. Trainer ↔️ Sneakers
6. Petrol ↔️ Gas
TO BE CONTINUED …
♦️Originated from “Duolingo”
♦️Presented by ‘Assist Tr.Wuttyi (AL🎓T)’
10/12/2025
🛎️IELTS Band 9 Essay Samples (Week-8)
Machine translation (MT) is slower and
less accurate than human translation and there is no immediate or predictable likelihood of machines taking over this role from humans.
Do you agree or disagree ❓❓Write at least 250 words.
(ဘာသာပြန်ဆိုရာတွင် စက်များသည် လူသားများ၏ နေရာကို အစားထိုး ဝင်ယူနိုင်မည်လား၊ သင်၏ ထင်မြင်ချက်ကို စာလုံးရေ အနည်းဆုံး ၂၅၀ ဖြင့် ဖော်ပြပေးပါ)
(📚Essay ရေးခိုင်းတဲ့အခါ International စံအရတော့ အလုံးရေ သတ်မှတ်ပေးမယ်၊ အဆိုတစ်ခု တင်ပြပြီး၊ မိမိ နှစ်သက်ရာကို အကြောင်းအရာ ခိုင်လုံတဲ့ အချက်တွေနဲ့ ပေးထားတဲ့ အလုံးရေထဲ ဝင်အောင် ကျစ်ကျစ်လျစ်လျစ် ငြင်းချက်ထုတ်ပေးရမှာပါ။
ရေးဖို့အတွက် မိနစ် (၄၀) လောက်ပဲ အချိန်ရပြီး၊ အလုံးရေ (၂၅၀-၂၉၀) သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်ကတော့ 🔅🔅🔅
🧲စကားလုံး ဖောင်းပွပြီး အမှားမများအောင်
🧲စာလုံးရေ အများကြီး ရေးပြီး အဓိက အကြောင်းအရာနဲ့ မလိုအပ်ဘဲ မသွေဖည် သွားအောင်
🧲အရေအတွက်ထက် အရည်အသွေးကို ပိုတန်ဖိုးထား ရေးသားနိုင်အောင် .. စတာတွေပါ)
🏴It is true that there have been great advances in technology over the last forty years. For example / For instance the use of mobile phones and e-mail communication are common these days. However, machines that translate from one language to another
are still in their early stages.
🇲🇲လွန်ခဲ့သော နှစ်ပေါင်းလေးဆယ် အတွင်း နည်းပညာ များစွာ တိုးတက်မှုရှိလာသည်မှာ ငြင်းဆိုစရာ မရှိပေ။ ဥပမာအားဖြင့် မိုဘိုင်းဖုန်းနှင့် အီးမေးလ် အသုံးပြု၍ ဆက်သွယ်ခြင်းများသည် မျက်မှောက်ခေတ်တွင် ပိုမို တွင်ကျယ်လာခြင်းပင်။ သို့သော်လည်း အစောပိုင်းကာလကတည်းကပင် စက်များကို အသုံးပြု၍ ဘာသာစကားတစ်ခုမှ အခြားတစ်ခုသို့ ပြန်ဆိုခြင်းများ ရှိခဲ့သည်။
🏴It seems to me that a machine could never do as good a job as a human, especially when it comes to interpreting what people are saying. Of course, machines can translate statements such as “Where is the bank?” but even simple statements are not always straightforward because the meaning depends on more than just words. For instance / For example the word “bank” has a number of different meanings in English. How does a translating machine know which meaning to take?
🇲🇲စက်သည် လူသား တစ်ဦးကဲ့သို့ ကောင်းစွာ အလုပ် လုပ်နိုင်လိမ့်မည် မဟုတ်ဟု ကျွန်ုပ် ထင်မြင် မိပါသည်။ အထူးသဖြင့် လူသားများ ပြောသည့်အကြောင်းအရာကို အဓိပ္ပာယ် ကောက်ယူသည့် အချိန်တွင်ပင် ဖြစ်သည်။ "ဘဏ် ဘယ်နားမှာ ရှိလဲ” ဆိုသည့် ဝါကျမျိုးကို စက်များ ကောင်းစွာ ဘာသာပြန်ဆိုနိုင်သည်။ သို့သော် ရိုးရှင်းသော ဝါကျတိုင်းသည်လည်း အမြဲအဓိပ္ပာယ် မရိုးရှင်းနေပဲ စကားလုံးထက် ပိုသော အဓိပ္ပာယ်များစွာ ရှိသောကြောင့်ပင် ။ ဥပမာအားဖြင့် "bank" ဆိုသည့် စကားလုံးသည် အင်္ဂလိပ်ဘာသာစကားတွင် အခြားသော အဓိပ္ပာယ်များစွာ ရှိသောကြောင့်ပင်။ ပြန်ဆိုရမည့် အဓိပ္ပာယ်ကို စက်က မည်ကဲ့သို့ သိ နိုင်မည်နည်း။
🏴In order to understand what people are saying, you need to take into account the
relationship between the speakers and their situation. A machine cannot tell the
difference between the English expression “Look out!” meaning “Be careful!” and “Look
out!” meaning “Put your head out of the window”. You need a human being
to interpret the situation.
🏴လူသားတွေ ပြောသော အကြောင်းအရာကို နားလည်နိုင်ရန် ပြောသူနှင့် အကြောင်းအရာကြားတွင်ရှိသော ဆက်နွှယ်မှုကို စဉ်းစားတွေးခေါ်ရန် လိုအပ်သည်။ အင်္ဂလိပ် ဘာသာစကား အသုံးအနှုန်းဖြစ်သော " Look out! " တွင် "ဂရုစိုက်ပါ" ဟူသော အဓိပ္ပာယ်နှင့် "ပြတင်းပေါက် အပြင်ဘက် ခေါင်းမထုတ်ပါနှင့်" ဟူသော အဓိပ္ပာယ်ကိုယ်စီရှိလေသည်။ ဤကဲ့သို့သော ခြားနားမှုကို စက်သည် မပြောပြနိုင်ပေ။ မှန်ကန်စွာ အဓိပ္ပာယ် ကောက်ယူနိုင်ရန် လူသားတစ်ဦး လိုအပ်ပေသည်။
🏴Similarly with written language, it is difficult for a machine to know how to translateaccurately because we rarely translate every word. On the contrary, we try to takeinto consideration how the idea would be expressed in the other language. This is hard to do because every language has its own way of doing and saying things.
🇲🇲အလားတူ ရေးသားထားသော ဘာသာစကားကို မှန်ကန်စွာ ဘာသာပြန်ဆိုနိုင်ရန် စက်အတွက် ခက်ခဲပေသည်။ ကျွန်တော်တို့သည် စကားလုံးတစ်ခုစီတိုင်းကို ဘာသာပြန်ခဲသောကြောင့်ပင်။ ဆန့်ကျင်ဘက်အားဖြင့် ကျွန်ုပ်တို့သည်အခြားသော ဘာသာစကားဖြင့် မည်ကဲ့သို့ ဖော်ပြမည်ကိုသာ စဉ်းစားမှု ပြုကြပေသည်။ ဘာသာစကားတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် စာပေယဉ်ကျေးမှု ရှိကြသောကြောင့် ထိုသို့ ပြန်ဆိုရန်အတွက် မလွယ်ကူပေ။
🏴For these reasons I feel that it is most unlikely that machines will take the place of
humans in the field of translating and interpreting. If machines ever learn to think,
perhaps then they will be in a position to take on this role.
🇲🇲ထို့ ကြောင့် ဘာသာပြန်ဆိုခြင်းနှင့် အဓိပ္ပာယ် ကောက်ယူရှင်းလင်းခြင်း နယ်ပယ်တို့တွင် လူသားတွေ နေရာပျောက်ကွယ်ပြီး စက်တွေ အစားထိုးလာနိုင်ခြင်းအပေါ် ဘယ်လိုမှ မဖြစ်နိုင်ပါဟု ဆိုရပေတော့မည်။ အကယ်၍ စက်
တို့သည် စဉ်းစားတွေးခေါ်မှု ဉာဏ် ရှိမည်ဆိုလျှင်တော့ ကျွန်ုပ်တို့ နေရာကို ယူနိုင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါမည်။
Myanmar Translation: Aung Minn Htwe
♦️Edited & Presented by AL🎓T
03/12/2025
🔝Next Level Reading🔺
(Week - 7)
“🪁The kite-Maker” 'စွန် ဖန်တီး ရှင်' (PART-3️⃣) “ဇာတ်သိမ်း”
🪁‘It’s gone, just like our son,’ Zaheera said bitterly. She cried herself to sleep that night.
▪️▪️▪️“ စွန် လေး ကလည်း ထွက် သွားလိုက်တာကျမတို့ သားလို ပဲ နော် “
ဇာဟီး သည် နာကျင် စွာ ပြောသည်။ ငိုသည်။ ထို့နေ့ညက ငိုရင်း အိပ်ပျော်သွားခဲ့ရသည်။
🪁In the morning, when the festival started, the children flew kites outside. Their kites fought other kites, the stronger ones winning and the weaker ones breaking into paper
tears before falling to the ground.
▪️▪️▪️နံနက် မိုးလင်း သော် စွန် လွှတ်ပွဲတော်အချိန်ခါ စတင်ပြီ ဖြစ်သောကြောင့် ကလေးများ၏ စွန် လေး များ အပြင်မှာ ပျံသန်း နေကြသည်။
ပျံသန်း ရင်း စွန် အချင်း ချင်း တိုက်ကြသည်။ တိုက် ရင်း မည်သူ့ စွန်က ခိုင်မာ ကြောင်း ပြိုင်ကြသည်။ ခိုင်မာ သော စွန် သည် အနိုင် ရပြီး၊ ခိုင်ခံ့မှုမရှိသော စွန် သည် မြေပြင်ပေါ် ပြုတ်မကျခင် အပိုင်း ပိုင်း အစ စ ဖြစ်သွားသည်။
🪁And Rasool tried to cheer Zaheera up.
▪️▪️▪️ရာဇူးသည် ဇာဟီး ကို အားပေးဖို့ ကြိုးစား ရှာသည်။
🪁‘Eid is nearly here, and that’s a time to be happy,’ he said.
‘I will buy you a young goat, the best in the market.’
But Zaheera’s face was empty of all feeling.
▪️▪️▪️“အိဒ် နေ့ ရောက် ဖို့ နီးပြီ လေကွာ ပျော်ပျော် နေမှပေါ့ ။
အဲ့နေကျရင် ကိုယ်မင်းအတွက် အကောင်းဆုံးဈေးထဲကနေ ဆိတ် ပေါက် ကလေး တစ်ကောင် ၀ယ်ပေးမယ်လေ “
ရာဇူး ပြောနေသော်လည်း ဇာဟီး၏ မျက်နှာသည် ဘာခံစားချက်မှ မရှိ ဖြစ်နေခဲ့သည်။
🪬🪬🪬🪬🪬🪬🪬🪬🪬
🪁A week before Eid, they heard a knock at the door one night. Terror returned to Zaheera’s eyes. ‘Don’t worry,’ Rasool whispered to her, ‘it can’t be riots.
We’ll soon be voting, so no one wants to make trouble now.’
▪️▪️▪️အိဒ်နေ့ မတိုင်မီ တစ်ပတ်အလို အချိန်တွင် ဖြစ်သည်။
တစ်ည မှာ အိမ်တံခါး ခေါက်သံ သူတို့ဇနီးမောင်နှံကြားလိုက်ရ၏။
ဇာဟီး၏ မျက်လုံးအိမ်ထဲ တွင် အဓိကရုဏ်းတွေများ ပြန်ဖြစ် သလားဆိုသော စိုးရိမ် စိတ်ရှိနေသည်။
ဇနီး သည် ကို နားလည်သော ရာဇူး သည် တိုးတိုးကလေးပြောလိုက်သည်။
“မစိုးရိမ် ပါနဲ့ ကွာ။ အဲ့ဒီလို မျိုးတွေ မဖြစ်နိုင်ပါဘူး။ မကြာခင် မှာပဲ ကိုယ်တို့တတွေ မဲပေးရတော့မှာ မဟုတ်လား။
ဒါ့ကြောင့်မို့ အခုလိုချိန်မှာ ဘယ်သူမှ ပြဿနာဖန်တီးကြမှာမဟုတ်ပါဘူး”
🪁He went to open the door. Three or four men in uniform stood outside.
ရာဇူး တံခါး သွားဖွင့်လိုက်သည်။ သူ့အိမ်အပြင်မှာ လူ သုံးယောက် (သို့) လေးယောက် တန်းစီ မတ်တပ်ရပ်နေကြသည်။
🪁‘Is this yours?’ they asked. And in the torchlight Rasool saw his lost kite. Its body had been torn and all its bells were
Gone, but the eyes Zaheera had painted still shone.
▪️▪️▪️“ဒါ ခင်များ ရဲ့ ဟာ များ လား “
သူတို့ကမေးသည်။ ရာဇူး သည် လက်နှိပ်ဓာတ်မီးရောင်ထဲတွင် ပျောက်သွားသော သူ့၏ စွန်ကို မြင် လိုက်ရသည် ။ စွန်ကလေး ၏ ကိုယ် ထည် နှင့် ခြူ လုံးကလေး များ မရှိ တော့ သော်လည်း ဇာဟီး ဆေးခြယ်ထားသော မျက်လုံး အပိုင်းမှာ ထင်ထင်ရှားရှားရှိနေသေး၏။
🪁‘We found it across the border,’ one of the men said. And they pushed someone forward. Someone who looked very hungry, with an untidy beard.
▪️▪️▪️“ကျုပ် တို့ ဒီစွန် ကို နယ်စပ်မျဉ်း တစ်ဖက် မှာ တွေ့ခဲ့တာ”ဟု လူကြီး တစ်ယောက်က ပြောသည်။
🪁ပြီးလျှင် သူတို့သည် လူတစ်ယောက်ကို အရှေ့ သို့ တွန်းပို့ ပေးလာသည်။ ထို လူတစ်ယောက်သည် မုတ်ဆိတ်မွှေး မသေသပ် နှင့် အလွန် ဆာလောင်နေ ပုံ ပေါ်သည်။
🪁Zaheera fell to her knees, crying and thanking Allah at the same time.
ဇာဟီးသည် ဒူးထောက် လိုက်ပြီ တစ်ချိန်တည်းမှာပဲ ငိုကြွေးလျက် အလ္လာ ရှင်တော် မြတ်ကို ကျေးဇူး တင်သည်။
🪁‘We found him very ill, your son. He could not remember a thing, but the moment he saw this kite’ – the men laughed, shaking their heads – ‘he began talking about his village and the kite festival, and, begged us to take him home.’
▪️▪️▪️“ကျုပ်တို့ ခင်များသားကို ရှာတွေ့တော့ သူ အတော်လေး နေမကောင်း ဖြစ်နေရှာတာ။သူ ဘာတစ်ခုမှ မမှတ်မိဘူး နို့ပင်မဲ့ ဟောဒီ စွန်ကို တွေ့တော့ဗျာ …”
လူကြီးများသည် သူတို့၏ ခေါင်းကို ခါယမ်း ပြီး ရယ်မောလိုက်ကြ၏။ ပြီးခါမှ စကားစပ်သည်။
“သူ့ရွာ အကြောင်း နဲ့ စွန် လွှတ် ပွဲတော် အကြောင်း ပြောတော့တာပဲဗျို့။ ပြီတော့မှ သူ့ကို အိမ်ပြန်ပို့ပေးပါလို့ ကျုပ်တို့ကို တောင်းဆို တယ်”
🪁Rasool remembered his manners. ‘Come in,’ he said to the men, ‘for tea . . .’
▪️▪️▪️ရာဇူး သည် လောက၀တ်ပြုဖို့ သတိရသည် နှင့် လူကြီးများကို ဖိတ်ခေါ်သည်။
“အိမ်ထဲ ၀င် ထိုင်ပါအုံးခင်များ ။လက်ဖက်ရည်လေးများ
သုံးဆောင် သွားကြပါ အုံး …”
🪁‘N o ,’ they said, ‘we must go – didn’t get permission to cross the border. Eid Mubarak, Happy Eid.’
▪️▪️▪️“မထိုင် တော့ဘူး ဗျာ ။ ကျုပ်တို့ က ပြန်မှ ဖြစ်မှာ။ ကျုပ်တို့က ဒီနယ်စပ်မျဉ်းကို ဖြတ်ခွင့် ရှိတာ မဟုတ်ဘူး”
“ပျော်စရာ အိဒ်နေ့ ဖြစ်ပါစေ ဗျာ “
TO BE CONTINUED …
♦️Originated from “ANU KUMAR”
♦️Rendered into Myanmar by “Spring Manh”
♦️Presented by AL🎓T
Part1️⃣ https://www.facebook.com/share/p/1BRfiipgTB/?mibextid=wwXIfr
https://t.me/ALoT_English/4016
Part2️⃣ https://www.facebook.com/share/p/1BpAox3LaS/?mibextid=wwXIfr
https://t.me/ALoT_English/4019
28/11/2025
🌞7 English Dialects From Around The World
ကိုယ်တွေက နိုင်ငံတွင်းကနေ စံအင်္ဂလိပ်စာ ကို အဓိကထားပြီး သင်ယူကြပေမယ့် နိုင်ငံပြင်ပ ရောက်တဲ့အခါ၊ မိခင်ဘာသာစကား မတူညီတဲ့ နိုင်ငံခြားသားတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အင်္ဂလိပ်စာကို Lingua Franca အနေနဲ့ သုံးရင်း ဒေသအလိုက် ကွဲပြားနေတဲ့ အင်္ဂလိပ် Dialect တွေကို AL🎓T ရဲ့ “လက်ထောက် Trainer Wuttyi” က ရှင်းပြတင်ဆက်ထားပါတယ်။
🌍ကမ္ဘာတဝန်းတွင် ရှိသော အင်္ဂလိပ်ဒေသိယစကားများ(Part - 1)
အင်္ဂလိပ်ဘာသာစကားကို စိတ်ဝင်စားဖွယ်
စကားလုံးအသုံးအနှုန်းများစွာနဲ့ တမူထူးခြားတဲ့ ပြောဟန်ဆိုဟန်များစွာဖြင့် ကမ္ဘာတဝန်းတွင် အမျိုးမျိုးပြောဆိုကြပါတယ်။
ကမ္ဘာတဝန်းရှိအင်္ဂလိပ်စကားပြောဆိုသူ၁.၅ဘီလီယံကျော်ကဲ့သို့ ‘Learners’ တွေလည်းအင်္ဂလိပ်ဒေသိယစကားများစွာနှင့်ပြောဟန်ဆိုဟန် ရာချီမကကို ကြုံတွေ့ရမယ်ဆိုတာအသေအချာပါပဲ။
(U.S နိုင်ငံမှာလည်း ‘Boston’ မြို့သုံး ‘English’ ဆိုရှိသလိုပဲ ‘India’ နိုင်ငံမှာလည်း တောင်ဘက်အိန္ဒိယသုံး အင်္ဂလိပ်ဆိုပြီး ဒေသိယစကားတွေထဲမှာပင်ပြန်ခွဲထွက်တဲ့ ဒေသိယစကားတွေထပ်ရှိနေတတ်ပါတယ်။)
ဒေသိယစကားတစ်ခုဆီမှာ သူ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ လုပ်ရိုးလုပ်စဉ်တွေရှိတတ်ပြီး
ကျွန်တော်တို့သတင်း ‘media’ တွေမှာကြားနေကျ အရာတွေနဲ့ ကွာခြားမှုတွေရှိနေတတ်ပါတယ်။ဘာသာစကားတိုင်းမှာတော့ ဒေသိယစကားတွေရှိကြပြီး အားလုံးကလည်း သူ့နည်းသူ့ဟန်နဲ့ မှန်ကန်ကြပါတယ်။(အားလုံးကလည်း လေ့လာရန် စိတ်ဝင်စားစရာကောင်းကြပါတယ်)
👇🏻ဒါတွေကတော့ ကမ္ဘာတဝှမ်းမှာ အသုံးပြုနေကြတဲ့ ဒေသိယသုံးအင်္ဂလိပ်ဘာသာစကား၇မျိုးပါ။
1️⃣American English🇺🇸
2️⃣British English 🏴
3️⃣Indian English 🇮🇳
4️⃣Singaporean English 🇸🇬
5️⃣Jamaican English 🇯🇲
6️⃣Nigerian English 🇳🇬
7️⃣Australian English🇦🇺
>>>>>1️⃣American English🇺🇸
အခြားသောနိုင်ငံများထက် ကျောင်းသားအရေအတွက်ပိုများလေ့ရှိတဲ့’U.S’ မှာပညာသင်ကြားနေတဲ့ နိုင်ငံတကာမှကျောင်းသားများအနေနဲ့လည်း ‘American English’ ကိုပိုပြီးအသုံးပြုတာကိုပိုပြီးသတိပြုမိကြမယ်ထင်ပါတယ်။ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းရင်းကလည်း ကမ္ဘာတဝန်းမှာကျော်ကြားနေတဲ့ ‘Hollywood’ ရုပ်ရှင်တွေနှင့် pop ဂီတတွေမှာလည်း ‘American English’ ကိုသာသုံးကြပြီး U.S တက္ကသိုလ်တွေမှာလည်း ‘American English’ ကိုသာအသုံးပြုကြလို့ဖြစ်ပါတယ်။ ‘U.S’ နိုင်ငံရှိဒေသအသီးသီးတွင်ကွဲပြားတဲ့အသုံးပြုပုံအမျိုးမျိုးနဲ့ သုံးကြပေမဲ့လည်း အောက်မှာဖော်ပြမယ့် ‘American English’ ရဲ့သိသာတဲ့(စံသတ်မှတ်ချက်)အချက်တွေကိုတော့ တွေ့ရမှာပဲဖြစ်ပါတယ်။
👂 အသံပြုပုံ
“t”ဟာစကားလုံးတစ်လုံးရဲ့အလယ်မှာရှိသောအခါ
‘butter -budder’
‘water- wader’ ဟု ကြားရသလိုပဲ “t”သံဟာ “d”သံကဲ့သို့ ပြောင်းလဲကာ ပြောဆိုကြပါတယ်။
🌟 ကွဲပြားသောအသုံး
အခြားသော ဒေသိယသုံးစကားပြောဆိုသူတွေက ‘Simple past’ (ဥပမာ-ate and saw) အစား ‘present perfect’ (have eaten and have seen)ကိုသာ ပို၍အသုံးပြုလေ့ရှိကြပါတယ်။
ဥပမာအနေနဲ့-
🇺🇸U.S မှာ- I just ate dinnerလို့ပြောပြီး
🏴U.K မှာ -I’ve just eaten dinner လို့သာပြောဆိုလေ့ရှိကြပါတယ်။
🇺🇸U.S -Did you eat yet?
🏴U.K -Have you eaten yet?
☝🏻ဒီမေးခွန်းမှာလဲ Simple past tense အစားPresent perfect ကိုအသုံးပြုပုံတာကိုတွေ့နိုင်ပါတယ်။
TO BE CONTINUED …
♦️Originated from “Duolingo”
♦️Presented by ‘Assist Tr.Wuttyi (AL🎓T)’
14/11/2025
🔝Next Level Reading🔺
(Week-6)
“🪁The kite-Maker” 'စွန် ဖန်တီး ရှင်' (PART-2️⃣)
🪁The night before utraan, Zaheera painted eyes on both sides of the paper, white in deep black.
▪️▪️▪️အူးထရန်းည မတိုင်ခင် ဇာဟီးသည် ပထမ စွန် ၏ စက္ကူ အစွန်းနှစ်ဖက်စလုံးကို မျက်လုံး ပုံစံ အနက်ရောင် ထဲမှာ အဖြူစက် လေး ချ ဆေးခြယ်လိုက်သည်။
🪁Rasool laughed at her.
▪️▪️▪️ရာဇူး သည် သူမ လက်ရာ ကိုကြည့် ရယ်မောလိုက်သည်။
🪁 ‘Do doves really have eyes like that? I think they look rather like a chicken’s eyes.’
▪️▪️▪️“ ဘယ် ချိုး ငှက် မှာများ ဒီလို မျက်လုံး ရှိလို့လဲ ကွာ။ ကိုယ်မြင် တာကတော့ မင်းရဲ့ ချိုးငှက် မျက်လုံးတွေက ချိုးငှက် မျက်လုံးတွေဆိုတာ ထက် ကြက် မျက်လုံး နဲ့ ခပ်ဆင်ဆင် ပဲ “
🪁‘Be quiet,’ she replied, half crossly, half smiling. ‘In my grandfather’s house, he kept doves. I know, I used to take care of them.’
▪️▪️▪️အပြုံးရောင်သမ်း ၀မ်းနည်း ရောင် ခပ်လွှမ်းလွှမ်းဖြင့် သူ မက ပြန်ပြောလိုက်သည်။
“မသိရင် ငြိမ်ငြိမ်နေစမ်းပါတော် ။ကျမ အဘိုးက ချိုး ငှက် တွေ မွေးဖူးတယ်ရှင့် ။ ကျမ အဘိုး အိမ် မှာနေတုန်းက ကျမ ပဲ သူ တို့ကို ပြုစု ကျွေးမွေးလာတာ။ ကျမ ကောင်းကောင်းသိတယ် “
🪁An old pain returned with that memory. Zaheera’s grandfather’s house was on the other side of the border – a family divided by one of history’s strange turns.
▪️▪️▪️ထိုအမှတ်တရ များနှင့်အတူ နာကျင်စရာ အတိတ်ဟောင်းများက ပြန်ပေါ်လာသည်။ ဇာဟီး အဘိုး အိမ်သည် နယ်စပ်မျဉ်း၏ တစ်ဖက်မှာ ရှိခဲ့ပြီး မထင်မှတ်ထားသော သမိုင်း၏ အလှည့်အပြောင်းကြောင့် မိသားစု
တစ်နေရာစီ ဝေးကွာခဲ့ရသည်။
🪁‘Maybe there’s a little wind now,’ Rasool said, hurriedly changing the mood. ‘Shall we try and fly it, just once?’
▪️▪️▪️“အခု လေ တိုက် လာ သလို ပဲ ကွ “
ရာဇူး အပြောကြောင့် ဇာဟီး ခံစားချက်တွေကို အမြန် ပြောင်းလိုက်သည်။
“ကျမတို့ ဒီ စွန် ကို တစ်ကြိမ် တည်း နဲ့ ပျံသွားအောင် လွှတ်ကြမလား”
🪁Together they went up the stairs, taking the kite with them. Zaheera laughed quietly to herself as she remembered a time when they were young and she had often climbed up to the flat roof to meet Rasool.
▪️▪️▪️စွန် ကို ယူလျက် သူတို့ နှစ်ယောက် အတူ အိမ်လှေကား တွေပေါ် တက်လိုက်သည်။ ဇာဟီး သည် ငယ်ငယ် က ရာဇူး နှင့် တွေ့ဖို့ အတွက် မကြာခဏ ဆိုသလို ခေါင်းမိုးထပ် ကို တက်ခဲ့သည့် အကြောင်းသတိရအောက်မေ့မိ၍ တိတ်တိတ် ကလေး ရယ် လိုက်မိသေးသည်။
(PS: အိန္ဒိယဒေသ ရှိ အိမ်ခေါင်မိုးများသည် အလုံပိတ် သွပ်မိုး ကပ်မိုး များမဟုတ် ။ ညီညာပြန့်ပြူးသော ပုံစံများဆောက်လုပ်ကြသည်။)
🪁On the roof, the wind had suddenly become very strong. It tried to pull the kite away from Zaheera’s fingers.
‘Careful, careful!’ Rasool warned.
▪️▪️▪️ခေါင်းမိုး ပေါ် ရောက်သည် နှင့် လေ သည် ရုတ်တရက်ဆိုသလို အားကောင်းကောင်း တိုက်လာသည်။ ဇာဟီး လက်ထဲမှ စွန် လွှတ်ထွက်မသွား ရန် အတော်ကလေး အားစိုက် ဆွဲထားရသည်။
ဒါ့ကြောင့် ရာဇူးက သတိပေးသည်။
“ဂရုစိုက် နော် ။ဂရုစိုက် “
🪁The kite turned and danced in the air, its bells ringing in alarm, but the wind was stronger. A thick, cold cloud wrapped round them as the fog came in from the desert, and they could see the kite no more. The sound of bells was lost in the wild desert wind.
▪️▪️▪️စွန်သည် လေထဲ မှာ ဝေ့ ဝိုက် ကာ ပျံသန်းနေပြီ ခြူသံကလေးများပါ တလွင့်လွင့် မြည်နေသည်။သို့သော် လေ အား ပြင်းသည် နှင့် အမျှ သဲ ကန္တာရ မှ လာသော သဲ မူန်များပါ ရော ထွေး လာသည်။ ထို့ကြောင့်သူတို့ စွန် ကလေးကို သူတို့ ကောင်းစွာ မမြင်ရတော့ပဲ ခြူ သံ လေးသည်လည်း သဲ လေ ထဲမှာ ပျောက်ကွယ်သွားလေသည်။
TO BE CONTINUED …
♦️Originated from “ANU KUMAR”
♦️Rendered into Myanmar by “Spring Manh”
♦️Presented by AL🎓T
Part1️⃣ https://www.facebook.com/share/p/1BRfiipgTB/?mibextid=wwXIfr
https://t.me/ALoT_English/4016
10/11/2025
“📑Letter Writing in Action”
(လက်တွေ့ပေးစာရေးသားခြင်း - Week2️⃣)
🖊️ဒီတစ်ခါ တော့ Semi-Formal ပေးစာ တစ်စောင်ကို ဖတ်ကြည့်ရမှာပါ။ လေးစားသမှုပါပေမယ့် ပွင့်လင်း ခင်မင်မှုတွေပါနေသလို Apostrophe’ နဲ့ ချုံ့ထားတဲ့ Contraction တွေကိုလည်း တွေ့ရမှာပါ။
🌟Semi - Formal ကို တောင်းဆိုစာတွေ၊ ကျေးဇူးတင်ရှိကြောင်း စာတွေ၊ မေးမြန်းစုံစမ်းမှုတွေ ကို ဆရာသမားတွေ၊ အထက်လူကြီး၊ အသက်/ ဂါရဝတရားကြီးတဲ့သူတွေဆီ လေးစားသမှုနဲ့ ပွင့်ပွင့်လင်းလင်း ရေးလို့ရပါတယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Dear Tutor,
(လေးစားရပါသော ဆရာ)
🏴 I am coming to Brighton College from Singapore, where I was a student for ten years. I did already take examinations in Singapore in English, Biology, Computer and Maths. My highest score is for Computer: I got grade A.
(🇲🇲ဆယ်နှစ်ကြာ ကျောင်းတက်ခဲ့ရတဲ့ Singapore ကနေ Brighton ကောလိပ်သို့ ကျွန်မ လာနေပါပြီ။ Singapore မှာ အင်္ဂလိပ်စာ၊ ဇီဝဗေဒ၊ ကွန်ပျူတာဘာသာရပ်၊ သင်္ချာ တို့မှာ စာမေးပွဲ ဖြေဆိုခဲ့ပြီးပါပြီ။ ကွန်ပျူတာ ဘာသာရပ်မှာ အမြင့်ဆုံး အဆင့် A ရခဲ့ပါတယ်။)
🏴 When I was a student in Singapore I also have a part-time job in a shop. My uncle owns a supermarket and so I helped him in the evenings. I used to worked there four nights a week and I think this was very good experience for me.
(🇲🇲 Singapore မှာ ကျောင်းတက်ရတုန်းက ဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်း အလုပ် ဝင်လုပ်ခဲ့တယ်။ ဦးလေးမှာ ကုန်စုံဆိုင်ကြီးတစ်ဆိုင် ရှိတော့ ညနေဘက်မှာ သူ့ကို ကူညီတယ်။ တစ်ပတ် လေးည အလုပ်လုပ်ခဲ့တယ်။ ဒါက ကျွန်မအတွက် အတွေ့အကြုံ ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။)
🏴At the weekends, I usually played volleyball with friends or, if the weather's bad, we have been to the theatre, which is very popular in Singapore. Because of my part-time job, I also did spend a lot of time studying at the weekend.
(🇲🇲အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့အတူ ဘောလီဘော ကစား ပြီး ရာသီဥတု မသာယာရင် Singapore က နာမည်ကြီး ပြဇာတ်ရုံမှာ လည်ပတ်ကြတယ်။ အချိန်ပိုင်း အလုပ်တစ်ဖက်နဲ့မို့ အားလပ်ရက်တွေမှာ စာတွေ အများကြီး လေ့လာခဲ့ရတယ်။)
🏴I didn’t go to many other places. My father took me to Thailand once. Three weeksafter we had returned he also went to Malaysia and took the whole family.
This is a brief description of my background.
(🇲🇲ဟိုနေရာဒီနေရာတွေ အများကြီး မလည်ပတ်ခဲ့ဘူး။ အဖေက ကျွန်မကို Thailand တစ်ခေါက် ခေါ်ဖူးတယ်။ အိမ်ကို ပြန်ရောက်ပြီး သုံးပတ်ကြာတော့ အဖေက တစ်မိသားစုလုံးကို ခေါ်ပြီး Malaysia သွားခဲ့ပြန်တယ်။ ဒါက ကျွန်မရဲ့ နောက်ကြောင်းရာဇဝင် အကျဉ်းဖော်ပြမှု တစ်ခုပါ။)
Best wishes,
(ဆန္ဒမွန်ဖြင့်)
Marina
Myanmar Translation: Aung Minn Htwe
♦️Edited & Presented by AL🎓T
04/11/2025
🔝Next Level Reading🔺
(Week-5)
“🪁The kite-Maker”
'စွန် ဖန်တီး ရှင်' (PART-1️⃣)
🪁If war divides your country, village from village, family from family, it is safer to stay at home and not travel anywhere.
Only a bird can fly freely over war-torn countries.
Or a kite – a toy made of brightly painted
Paper and wood. It climbs high into the sky,
Turning and dancing on the wind, as light as
The air, as free as a bird. ..
▪️▪️▪️စစ်ပွဲက သင့်ရဲ့ တိုင်းပြည်ကို ရွာတစ်ရွာထံမှ တစ်ရွာ ၊ မိသားစု တစ်စု ထံမှ တစ်စု အဖြစ် ပိုင်းခြား လိုက်မည်ဆိုလျှင် ဘယ်ကိုမှ ခရီးမသွားဘဲ အိမ်မှာနေထိုင်ခြင်းသည်သာ အလုံခြုံဆုံးဖြစ်ပါလိမ့်မည်။
စစ်ဘေးဒဏ်သင့် တိုင်းပြည်များ၏ အပေါ်မှာ ငှက် တစ်ကောင်သာလျှင် လွတ်လပ်စွာ ပျံသန်း နိုင်သည်။
သို့တည်းမဟုတ် စွန် လေး တစ်ခု သာ ပျံသန်းနိုင်မည်။
(စွန် ဆိုသည်မှာ သစ်သား နှင့် ဆေးရောင်ခြယ် စက္ကူ ကိုသုံးလျက် ပြုလုပ်ဖန်တီးထားသော ကစား စရာ ဖြစ်သည်)
ထို စွန် လေးသည် ငှက် တစ်ကောင် ကဲ့ သို့၊ လျင်မြန် သောအလင်းရောင် ကဲ့သို့ ကောင်းကင်ကြီးဆီ အရှိန် အဟုန်ဖြင့် ထိုးတက် သွားပြီ လေ ပေါ်မှာ ဝဲ ကာ ဝိုက်ကာ
ကပြ ပျံသန်း နေလိမ့်မည်။
🪁Weeks before utraan, the yearly kite-flying festival, Ahmed Rasool stayed up late and worked at nights. He was determined to make the finest kite he had ever made.
▪️▪️▪️နှစ်စဉ်မပျက် ကျင်းပကြသော စွန် လွှတ် ပွဲတော် မတိုင်မီရက်သတ္တပတ်များတွင် အာမက်ရာဇူး တစ်ယောက် ညဉ့်နက်သည်အထိ အလုပ်လုပ်နေသည်။
သူလုပ်ဖူး ခဲ့သမျှစွန် များထဲ မှာ အကောင်းဆုံး စွန် တစ်ခု ဖန်တီးရန် အတွက် သူဆုံးဖြတ်ထား ၍ဖြစ်သည်။
🪁His only companion was an old oil lamp. Zaheera, his wife, no longer stayed up with him while he worked, because recent events had left her terribly unhappy. Their village had been almost destroyed by riots, their son had disappeared without leaving a note, and Zaheera had lost her previous
Enthusiasm for life.
▪️▪️▪️သူ့၏ တစ်ဦးတည်းသော အဖော်မွန်မှာ ရေနံဆီ မီးအိမ်ဟောင်း ကလေးသာ ဖြစ်၏။ သူ့၏ ဇနီးသည် ဇာဟီး မှာ သူအလုပ်လုပ်နေစဉ်
ကြာရှည် အဖော်ပြုမပေးနိုင်။ အကြောင်းမှာ လတ်တလော ဖြစ်ပျက်သွားခဲ့သောအဖြစ်ပျက်များက သူမ ကို ဆိုးဆိုးရွာရွာ ထိခိုက်ခံစားစေ ခဲ့သောကြောင့်ဖြစ်သည်။
ရုန်းရင်ဆန်ခတ် ဖြစ်သော အုံကြွမှု၏ အဓိကရုဏ်းကြောင့် သူတို့ ရွာတစ်ရွာ လုံးဖျက်ဆီး ခံရမှုကြုံခဲ့ရပြီ သား ဖြစ်သူ မှာလည်း ဘာသတင်း စကားမျှ မချန်ခဲ့ဘဲ ရုတ်တရက် ပျောက်သွားသော ကြောင့် ဇာဟီးမှာ စိတ်အားထက်သန်မှုများ ပျောက်ဆုံးနေသည်။
🪁Now she laughed bitterly at Rasool for his plans.
အခုဆို ရာဇူး ၏ အကြံဉာဏ် ကိုပင် ဇာဟီး ခါးသီးစွာ ရယ်လိုက်လေသည်။
🪁‘When there is so much hate, do you think people will fly kites?’
“ဒီလို အမုန်းတရားတွေ များပြားတဲ့အချိန်မှာ လူတွေ စွန် လွှတ်မယ်လို့ ရှင် ထင် သလား ဟင် “
🪁‘What’s happening now in our country is just madness. It can’t go on. In the end people get tired of war.’
Rasool refused to lose hope.
‘The kite I make will be for peace. It will fly high into the skies and even the gods will listen to our prayers.’
▪️▪️▪️“အခုလက်ရှိ ကိုယ်တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေက တဒင်္ဂ ရူးသွပ်မူ့ ပါကွာ။ ရှေ့ဆက် မဖြစ်နိုင်ပါဘူး။ နောက်ဆုံးမှာ
လူတွေက စစ်ပွဲ ကို စိတ်ကုန် သွားမှာပါ “
ရာဇူးသည် မျှော်လင့်ချက် မဲ့ ဟန်မရှိ ။
“ငြိမ်းချမ်းရေးအတွက် ကိုယ် စွန် ကို ဖန်တီးမှာ။ ကိုယ် ဖန်တီးတဲ့ စွန်က ကောင်းကင်ကြီးထဲ ကို အမြင့်ဆုံး ပျံသန်း ပြီး ကိုယ်တို့ ဆုတောင်းတွေ ကို ဘုရားသခင် ကြားအောင် ပို့ပေးလိမ့်မယ်”
🪁Later, Zaheera agreed it was the finest kite he had ever made. It was shaped like a dove, and its beak held the olive branch of peace. Rasool had even fixed silver bells on its legs to make it sing with the wind.
▪️▪️▪️နောက်ပိုင်း မှာ ဇာဟီး သည်လည်း အကောင်းဆုံး စွန် တစ်ခု ဖန်တီးဖို့ သဘောတူလေသည်။ စွန် ၏ ပုံစံသည် ချိုးငှက် ပုံစံဖြစ်သည်။ သူ့၏ နှုတ်သီး မှာ ငြိမ်းချမ်းရေးသင်္ကေတ ဖြစ်သော သံလွင်ခက်ကို ချီထား၏။
ရာဇူးသည် လေ ထဲ သို့ စွန် ရောက်သွား လျှင် အသံ တလွင့်လွင့် မြည် စေရန် စွန် ၏ ခြေထောက်ကလေးများတွင် ငွေရောင်ခြူလုံးကလေးများပါ တပ်ဆင် ထားသည်။
🪁But no one else thought it was any good. ‘It won’t fly veryfar,’ they all said. ‘It’s heavy, and look, there isn’t any wind yet.’
▪️▪️▪️သို့သော် မည်သူမျှ စွန် ကလေး ကို အကောင်း မမြင်ကြ။
သူတို့ အားလုံးပြောကြသည်က
“အဲ့ဒီ စွန် အဝေး ကြီး မပျံသန်းနိုင် ပါဘူး”
“စွန်က အရမ်း လေးတာကိုး ။ကြည့်ပါလား လေ ကဆို အခုထိ တိုက်မလာသေးဘူး “
TO BE CONTINUED …
♦️Originated from “ANU KUMAR”
♦️Rendered into Myanmar by “Spring Manh”
♦️Presented by AL🎓T
28/10/2025
♠️ Headers and Clause structure
(⚡️Repost To Reread 29⚡️)
🔊 ပုံမှန် Declarative ဝါကျအမျိုးအစားရဲ့ တည်ဆောက်ပုံဟာ ..
🕸️ “S + V + O/C/adjuncts” 🕸️
သိကြတဲ့အတိုင်းပါပဲ ပြောသူ(speaker)အနေနဲ့ အရေးကြီးတယ်၊ အထင်ကရဖြစ်တယ်လို့ထင်တဲ့ ပုဒ်တွေကို လေးနက် စေချင်တယ်ဆိုရင်တော့
🧩Fronting ကိုသုံးကြပါတယ်။
အရေး နှင့် အပြောမှာ “Adjuncts” တွေကို လေးနက်အောင် “Fronting” လုပ်တာကို အတွေ့ရများပါတယ်။ “Object” တွေ “Complements” တွေကိုလည်း “Front” လုပ်ပါတယ်။ အထူးသဖြင့် အပြောမှာ ဒီလို “Fronting” လုပ်တာကို အတွေ့ရများပါသတဲ့။ “Fronting” ကို "🧩ရှေ့ထွက်ပုဒ်" လို့ဆရာတစ်ယောက်ရေးတာကိုတွေ့ဖူးပါတယ်။
✅”I like David but Pat I find rather odd.”
(Pat ဆိုတဲ့ Obj ကို front လုပ်ထားတာပါ)။ သာမန်ရေးရိုးရေးရေးစဉ်အတိုင်းဆိုရင်
📕”I like David but I find Pat rather odd.”လို့ဖြစ်ရမှာပါ။ ဒီနေရာမှာ “Pat” ကိုရှေ့ထုတ်တာဟာ “Obj” ကိုလေးနက်စေချင်လို့ပါပဲ။
✅”This information you gather easily if you read attentively,...”
ဒီဝါကျဟာ နဝမတန်း စနစ်ဟောင်း အင်္ဂလိပ်
ပြဋ္ဌာန်းစာအုပ်ထဲက “How to Read Short Stories” ထဲကယူထားတာပါ။ ဒီဝါကျမှာ This information ဆိုတဲ့ “Obj” ကို “Front” လုပ်ထားတယ်။ ရိုးရိုးရေးမယ်ဆိုရင်
📕“You gather this information easily if you.....”လို့ဖြစ်ရမှာပေါ့။
✅ “...And a very good book it was.”
(a very good book ဆိုတဲ့ complement ကို front လုပ်ထားတာပါ)
ပုံမှန်ရေးမယ်ဆိုရင် 📕”It was a good book.” လို့ဖြစ်ရပါမယ်။
🔊 ဒါပေမယ့် ပြောစကားမှာ “Clause Structure”ထဲက "အမျိုးအစားတစ်ခု" (item) ကို အဲ့ဒီ “clause” မတိုင်ခင် ထားပြီး အဲ့ဒီ (item) ကိုပဲ “clause” ထဲမှာ “Pronoun” အဖြစ်နောက်ထပ်ပြန်သုံးတဲ့ ထူးခြားတဲ့ဝါကျတည်ဆောက်ပုံတစ်မျိုးကို တွေ့ရတတ်ပါတယ်။
🔊 “Clause” မတိုင်ခင်တွေ့ရတဲ့ အဲ့လို (item) မျိုးပါရှိတဲ့ ဝါကျတည်ဆောက်ပုံကို “♠️Header” လို့ခေါ်ပါတယ်။ “♠️Header” ကိုဘယ်လိုဘာသာပြန်ကြမလဲ။❓❓❓
✅”The teacher with glasses, he seems very nice.”
(မျက်မှန်နဲ့ဆရာက အရမ်းစိတ်သ ဘောကောင်းပုံရပါတယ်)
[ပုံမှန်အတိုင်းရေးမယ်ဆိုရင် 📕”The teacher with glasses seems very nice.” ပါ။]
➡️Types of ♠️Header
“Header” မှာ “Noun phrase” တစ်ခုပါပြီး သူ့နောက်က “Pronoun” လိုက်တယ်။ အဲ့ဒီ “Pronoun” ဟာ ရှေ့က ”Noun Phrase” ကိုပြန်ရည်ညွှန်းပါတယ်။
✅ “That leather coat, it looks really nice on you.”
(အဲ့ဒီ သားရေကုတ်အင်္ကျီက မင်းနဲ့ဆိုတော်တော်ကြည့်ကောင်းမယ့်ပုံပဲ။)
✍️ “it” က That leather coat ကိုပြန်ညွှန်းပါတယ်။
✅The white house on the corner, is that where she lives?
(လမ်းထောင့်က အိမ်ဖြူဖြူမှာသူနေတာလား။)
✍️ “that” က “The white house on the corner” ကိုပြန်ညွှန်းပါတယ်။
[“Jamie” လို့ခေါ်တဲ့ကလေးငယ်တစ်ယောက် အကြောင်းကိုပြောကြစဉ်]
✅”Jamie, normally, you put him in the cot and he's asleep right away.”
( “Jamie” ကို ကလေးကုတင်ထက်မှာ မင်းကသိပ်တော့ သူချက်ချင်းအိပ်ပျော်သွားတတ်စမြဲလေ။)
✍️ “him, he” စတဲ့ “Pronoun” တွေဟာ “Jamie” ကိုပြန်ညွှန်းပါတယ်။
🔊 တစ်ခါတစ်ရံ “NP¹/NP²” စတဲ့ “NP” Noun Phrases)တွေကို 🧩Apposition (အနက်တူ ပုဒ်
နှစ်ခု) ပုံစံနဲ့ဖြစ်စေ ၊ “NP” တစ်ခုနဲ့တစ်ခု ကပ်
လျက် ထား၍ဖြစ်စေ “Subject” ဖြစ်တဲ့ “NP” ကိုဦးဆောင်တဲ့အခါ Header တွေဟာ ရှည်လျားရှုပ်ထွေးသွားတတ်ပါတယ်။
✅ “Daw Soe Tin, one of the secretaries at work, her daughter got married last week.”
( ဒေါ်စောတင်ဟာ အတွင်းရေးမှူးတွေထဲက တစ်ယောက်ပါ။သူ့သမီး ပြီးခဲ့တဲ့အပတ်က အိမ်ထောင်ကျသွားတယ်)
✍️ ဘယ်သူ လက်ထပ်မှန်း မသိဘဲ ရှုပ်ထွေးသွားစေနိုင်ပါတယ်။ ဒီဝါကျမှာ “her” က “Daw Soe Tin” ကိုပြန်ညွှန်းတာပါ။ ကြားမှာ “Apposition Structure” ဝင်လိုက်သေးတယ်။
✅ “My friend, Thiri, her sister has just emigrated to Brazil.”
(ငါ့သူငယ်ချင်း သီရိရဲ့ ညီမ ဘရာဇီးသို့ထွက်သွားခဲ့တယ်။)
📕her= Thiri
✅”His cousin in Yangon, her boyfriend, his parents bought him a new car.”
(သူမရဲ့ရည်းစားကောင်လေးလည်းဖြစ်၊ရန်ကုန်ကသူ့အစ်ကိုဝမ်းကွဲလည်းဖြစ်တဲ့ ကောင်လေးကို သူ့မိဘတွေက ကားအသစ်တစ်စီးဝယ်ပေးလိုက်တယ်။)
✍️ ကားလက်ခံရရှိသူမှာ ချစ်သူကောင်မလေးတစ်ယောက်ရှိတယ်။ ဝမ်းကွဲအစ်ကိုတစ်ယောက်ရှိတယ်။သူ့ကို သူ့မိဘတွေက ကားဝယ်ပေးကြတာ။
📕ဒီလို ♠️Headers တွေဟာ သာမန်အားဖြင့်အရေးမှာ မတွေ့ရတာကြောင့် အရေးအဖြစ်တွေ့တဲ့အခါအဆန်းတကြယ်ဖြစ်နေပေမယ့် ဒါတွေဟာသာမန်အသုံး၊ မကြာမကြာသုံးတာပါ။
🔊 Header တွေဟာ “Non-Finite clauses” တွေလည်းဖြစ်နေတတ်ပါတယ်။
✅Going round museums and art galleries, it's what my mum and dad like doing.
(အနုပညာပြခန်းတွေ ပြတိုက်တွေကိုသွားလည်ရတာကို အဖေတို့အမေတို့က သဘောကျ ကြတယ်။)
✍️ “it” က “Going round museums and art galleries” ကိုပြန်ညွှန်းပါတယ်။
✅ “Walking into that room, it brought back a load of memories.”
( အဲ့ဒီအခန်းကိုဝင်တာက အမှတ်ရစရာအများကြီးကို ပြန်အမှတ်ရစေပါတယ်။)
✍️ “it” က “walking into that room” ကိုပြန်ညွှန်းပါတယ်။
🔊 “Header” တွေကို မေးခွန်းဝါကျတွေမှာလည်းတွေ့ရပါတယ်။
✅Your sister, is she coming too?
(နင့်အစ်မရော လာမှာလား)
✍️ she = your sister.
✅ “That new motorway they were building, is it open yet?”
(သူတို့ဆောက်လုပ်ခဲ့တဲ့အဲ့ဒီ အမြန်လမ်းမကြီး ဖွင့်ပြီလား။)
it= That new motorway they were building
➡️Headers and clause elements
🔊 Header တွေဟာ အောက်မှာဖော်ပြထားတဲ့ subj/obj/obj complement/prep complement တွေကိုရည်ညွှန်းပါတယ်။
✅ “Owen, he's my favorite nephew.”
(Owen က ကျွန်တော်သဘောအကျဆုံးတူလေးပါ။)
✍️ he= Owen
✅ “Moe Win, I've never seen him in the library.”
(မိုးဝင်းကို စာကြည့်တိုက်ထဲမှာ တစ်ခါမှ မ တွေ့ဖူးဘူး။)
✍️ him= Moe Win
✅ “Thida, you should at least feel sorry for her.”
(အနည်းဆုံးတော နင် သီတာအတွက် စိတ်မကောင်းတော့ ဖြစ်သင့်တယ်။)
✍️ her= Thida
🔊 “Header” မှာ “Preposition” မပါဝင်ဘူး။
✅ “They booked the hotel for Lin Lin but, San Tin, they left it to him to find a room for himself.”
(သူတို့က “လင်းလင်း” အတွက် ဟိုတယ်အခန်းကြိုတင်ငှားပေးပြီး ဆန်းတင်အတွက်တော့ သူကိုယ်တိုင်ရှာပါစေလို့ ထားခဲ့လိုက်တယ်။)
📕him= San Tin (...to San Tin လို့မသုံးရ)
Tr. TA (AL🎓T)
Ref: Cambridge Grammar of English
A Comprehensive Guide to Spoken and Written English Usage