12/05/2026
ABC သိရုံနဲ့ မလုံလောက်ဘူး! 🛑 Phonics သိတာက
'စာဖတ်တာ' ကို ဘယ်လို (၃) ဆ ပိုမြန်စေသလဲ? ✨📖🚂
"(ကိုယ့်ကလေးပုံကို ပြရင်း) 'အမေ... သား/သမီး ABC တွေ အကုန်သိတယ်၊ ဒါပေမဲ့ စာအုပ်ဖတ်ရင် ဘာလို့ တစ်လုံးချင်းစီ ဖတ်နေရတာလဲ? 🤔' လို့ အမေးခံရဖူးပါသလား? အဲဒါ ABC သိပေမဲ့ Phonics ( abcdတို့ရဲ့ အသံ)ကို မသိသေးလို့ပါရှင်။ Phonics က စာဖတ်တာကို ဘယ်လိုမြန်ဆန်စေသလဲ? ဆရာမ Ree က ရှင်းပြပေးပါမယ်။"
၁။ အလွတ်မှတ်စရာ မလိုတော့ဘူး (Decoding vs Memorizing) 🧠📚
"Phonics မတတ်တဲ့ကလေးက 'CAT' ဆိုတဲ့စာလုံးကို တွေ့ရင် C-A-T လို့ အက္ခရာကို ရွတ်ပြီး 'CAT' ပါလားလို့ အလွတ်မှတ်ထားရပါတယ်။ ဇာတ်လမ်းထဲမှာ စာလုံးအသစ်တွေ့တိုင်း ဖတ်ဖို့ ခက်ခဲနေပါလိမ့်မယ်။ ။ Phonics တတ်တဲ့ကလေးကတော့ အသံတစ်ခုချင်းစီကို Decoding လုပ်ပြီး C-A-T -> CAT လို့ ချက်ချင်းပေါင်းပြီး ဖတ်နိုင်ပါတယ်။ စာလုံးအသစ်တွေကိုလည်း ရဲရဲဝံ့ဝံ့ Decoding လုပ်နိုင်လို့ စာဖတ်နှုန်း မြန်ဆန်လာပါတယ်။"
၂။ အသံတွေကို တွဲစပ်တာ မြန်လာမယ် (Blending Strategy) 🚂🗣️
"Phonics သင်တဲ့အခါ Single Sounds ကနေ Blending Sounds (C-A-T -> CAT) ဆီကို သွားပါတယ်။ အသံတွေကို မြန်မြန်ဆန်ဆန် တွဲစပ်တတ်လာလေလေ၊ စကားလုံးဖတ်တာက ပိုပြီးမြန်ဆန်လာလေလေပါပဲ။ ဒါဟာ Phonics မှာ အရေးကြီးဆုံး အဆင့်ဖြစ်ပါတယ်။"
၃။ ဇဝေဇဝါ ဖြစ်စရာ မလိုတော့ဘူး (Silent E) 🤔
'CAKE' ဆိုတဲ့စာလုံးမှာ E က ဘာလို့ မအော်တာလဲ? ဒီလို Silent E rule တွေကို Phonics မှာ လေ့လာရပါတယ်။
ဒီ rules တွေကို သိသွားရင် ကလေးတွေက ဇဝေဇဝါ ဖြစ်စရာမလိုဘဲ စာလုံးတွေကို တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် ဖတ်နိုင်ပါတယ်။"
"Phonics သိတာက စာဖတ်တာကို မြန်ဆန်စေရုံတင်မကဘဲ ယုံကြည်မှုရှိတဲ့ စာဖတ်သူဖြစ်လာဖို့အတွက်လည်း အုတ်မြစ်ပါပဲ။ အခြေခံကစပြီး လေ့လာကြရအောင်! Phonics and Reading Fluency class တွေကို စုံစမ်းချင်ရင်တော့ TR လို့ Comment ရေးခဲ့ပါဦးနော်။" 📩✨