Kø kýáw

Kø kýáw

แชร์

အောင်မြင်ချင်ရင် အကြောင်းပြချက်တွေမပေးပါနဲ့

05/08/2025

>> " ဗိုက်" ဘယ်နေရာက ***
>> ဘာကြောင့်နာ အောင့်တာလဲ ***

[ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့
အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။]

အပိုင်း (၁)

ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက်
အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၂)

ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၃)

ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၄)

ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော
အူမ အပိုင်း တို့ရှိပါတယ်။

ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။

အပိုင်း (၅)

ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊
သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း
(ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊
အောင့်ခြင်း ဖြစ်တက်ပါတယ်။

အပိုင်း (၆)

ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။

အပိုင်း (၇)

ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။

အပိုင်း (၈)

ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ အစင်အိမ် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။

အပိုင်း (၉)

ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတက်ပါတယ်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

03/05/2025

မိမိရဲ့စိတ်တွေကို
ထိန်းနိူင်ဖို့အကြိမ်ကြိမ်ကြိုးစားပါ။
ငယ်စဉ်အချိန်တွေတုန်းကလို
စိတ်မြန်လက်မြန်နဲ့
ဘယ်ရာကိုမှ မဆုံးဖြတ်လိုက်ပါနဲ့။
မတည်မြဲခြင်းသဘောနဲ့
အရာရာကို သိမြင်ချိန်ဆပြီး
ဒေါသကိုလဲ ဖျောက်ဖျက်ပြစ်ရမယ်
လောဘကိုလဲ ဖျောက်ပြစ်ရတယ်
မောဟကိုလဲ ထိန်းနိူင်ရမယ်။
"ငါ"တစ်လုံးဆောင်လို့
"အတ္တ"ကို ရှေ့တန်းတင်ရင်
မှားတတ်တယ်ဆိုတာ
ဘဝတစ်ကွေ့မှာ မကြာခဏ
ကြုံခဲ့ပြီးပြီပဲ အသိစိတ်လေးနဲ့
ပြန်ထိန်းကြည့်ပါ။
အရာအားလုံးက
ဖြစ်ပြီးရင်ပျက်မှာပဲဆိုတာသိပြီးရင်
ဒါကိုပဲ ဒေါသစိတ်နဲ့
ပြောချင်တဲ့ စကားလုံးတွေကို
ထိန်းနိူင်ဖို့က အဓိကပဲမို့
အချိန်ယူပြီး ဒေါသဖြစ်နေတဲ့
မိမိရဲ့စိတ်ကို ပြန်ထိန်းနိူ င်ဖို့ပဲလိုတာပါ။
တစ်ချို့သော စကားလုံးတွေက
မှန်နေပေမယ့်လဲ အကျိုးမရှိလျှင်
မပြောတာ အကောင်းဆုံးပါပဲ ။

#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်

Photos from Kø kýáw's post 15/02/2025

ကင်းမြီးကောက် ကင်းခြေများ အကိုက် ခံရပါက အမြန်အဆိပ်ဖြေနည်း
==========================================

၁။ ကင်းခြေများ မတော်တဆ ကိုက်ခံရပါက –သင်္ဘောသီး အစိမ်း အခွံမှ အစေးကို ကိုက်ခံရသော နေရာတွင်လိမ်းပေး ခြင်းဖြင့် အဆိပ် ချက်ချင်း ပြေနိုင် ပါတယ်။

၂။ ကင်းမြှီးကောက် ကိုက်ခံ ရပါက –သံပုရာသီး အရည်နှင့် အချိုမှုန့် သမအောင် ရောစပ်၍ရသော အရည်ဖြင့် ကိုက်ခံရသော နေရာအား လိမ်းပေးပါက၁၀ မိနစ် အတွင်း အဆိပ်ပြေ နိုင်သည်။

၃။ ကြက်သွန်နီ ၃ လုံးကို မီးဖုတ်ပါ –မီးဖုတ်ပြီးသော ကြက်သွန်နီကို ထောင်း၍ အရည် ညစ်ယူပါ။ကြက်သွန် မီးဖုတ် အရည်ကို အကိုက် ခံရသည့် နေရာကို လိမ်းပေးပြီးအဖတ်များ ကိုလည်း အနာပေါ်ကို အုံ၍ အဝတ်ဖြင့် စည်းထားပါ။အဆိပ်ပြေ လိမ့်မည်။

၄။ မန်ကျည်းသီး အစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။အဆိပ် ပြေပါ လိမ့်မည်။

(ကင်းမြီးကောက် ကို အလွယ်တကူ သိမြင်နိုင်သော်လည်း အချို့မှာကင်းခြေများနှင့် ရထားကောင်တို့ကို ဆင်တူနေသဖြင့် မှားယွင်းတတ်ကြပါသည်… သိသူများကတော့ အလွယ်တကူခွဲခြား နိုင်သော်လည်း

မသိသူများ မှတ်သားရန်မှာ… လူကို အန္တရာယ် မပေးတတ်သောရထားကောင်မှာ နှေးကွေးလေးလံစွာသွာ သွားသည့်အကောင်မျိုးဖြစ်၍ကင်းခြေများမှာတော့ သင် ဖမ်းမမီအောင် အသွားမြန်သည့် သတ္တဝါမျိုးဖြစ်ပါသည်။ ရထားကောင်က ခန္ဓာကိုယ် လုံးပြီး၊ ကင်းခြေများကတော့ပြားသော ခန္ဓာကိုယ် ရှိပါသည်။

မကြာသေးမီက ရထားကောင်ပေါ်ဖိအိပ်မိသော ကျောင်းသားလေးတစ်ဦး၏ လည်ပင်းတွင် အညိုအမည်းစွဲသည့် ဒဏ်ရာဖြစ်ကျန်ရစ်သည့် ပို့စ်ကို တင်ပေးခဲ့ပြီးဖြစ်ပါသည်။

ရထားကောင်အား ဖိအိပ်မိပြီး သူ၏ခန္ဓာကိုယ်မှ ထွက်သည့်အရည်များနှင့်အချိန်ကြာစွာ ထိမိ၍ ဤသို့ဖြစ်ရခြင်း ဖြစ်သော်လည်း သာမန်အားဖြင့်ထိုရထားကောင်များမှာ အန္တရာယ် မပေးသည့် သတ္တဝါ ဖြစ်သည့်အပြင်သူ့အား တို့ထိလိုက်ပါက သင်းခွေချပ်ကဲ့သို့ ခန္ဓာကိုယ်တခုလုံးအားခွေပြီးနေလိုက်သဖြင့် ကလေးများ၏ ဆော့ကစားခြင်းကိုပင် ခံရသည့်သတ္တဝါဖြစ်ပါသည်။

ကင်းခြေများနှင့် ကင်းမြီးကောက်ကတော့ အဆိပ်ရှိသတ္တဝါ ဖြစ်ပြီး မလွဲမရှောင်သာ တိုးမိ၍သော်လည်းကောင်း တက်နင်းမိ၍သော်လည်းကောင်း အကိုက်ခံရပါက အဆိပ်တက်နိုင်ပါသဖြင့်ထိုသတ္တဝါများကို ခွဲခြားသိမြင် ရှောင်ရှားနိုင်ကြပါစေ…)
မူရင်း ဆရာကျေးဇူးပါ

10/02/2025

ဆေးဖက်ဝင် #ဘောစကိုင်း
အနာဆွေးအနာအိုကြီးအတွက် ဘောစကိုင်း
ဘောစကိုင်းပင်ကို အဝေရာဟုလည်းခေါ်၏ သိသူတို့အကျိုးကများလှ၏။ အကြောင်းကရှိ၏
ပျောက်ကင်းတော့မှာ မဟုတ်ပါထင်ရသော အဒေါ်၏ခါးတွင်ပေါက်သော အနာမှာနှစ်ချီခဲ့လေသည်။
တဖြည်းဖြည်းလှိုက်စားလာကာ အနာတွင်းနက် စိတ်ပျက်ဖွယ်ဖြစ်ရသည်။မိဘဆွေမျိုးများ
အာလုံးစိတ်မကောင်းဖြစ်ရသည်။ဆရာစုံစွာ လက်လည်းကုန်လေပြီ။

အနာဟောင်းကြီး ဘောစကိုင်းဖြင့် ပျောက်ကင်းခဲ့သည်။
အင်္ဂလိပ်မြန်မာဆေးတို့ဖြင့် ဆေးပေါင်းခနေသော အနာသည်အလွန်ပေါပေါ လမ်းဘေးတောတွင်
ပေါက်သော ဘောစကိုင်းအရွက်ကကုစားပေးနိုင်ခဲ့
လေသည်။

ဘောစကိုင်းရွက်ကိုခူးပြီး ရေစင်အောင်ဆေးကာ ကြေညက်အောင်ထောင်းပြီး အနာတွင် အုံပေးခြင်း
ဖြစ်ပါသည်။ပြည်တရွဲရွဲ စိတ်ညစ်ဖွယ်အနာကြီးကို ဘောစကိုင်းရွက်ပြုတ်ရည်ဖြင့်နေစဉ် ဖန်ရည်ဆေး
ပေးခြင်း အရွက်အုံစည်းခြင်းသာဖြစ်သည်။
ပုံမှန်လုပ်ကိုင်းပေးရင်း(15)ရက်အကြာ အနာ
နုတ်ခမ်းဝအသားနု တက်လာကာ တဖြည်းဖြည်း
ခြောက်လာပြီး အပြီးတိုင်ပျောက်ကင်းခဲ့ပါသည်။

အနာဆွေးအနာအိုးကြီး ဘောစကိုင်းရွက်ဖြင့်
အမှန်ပျောက်ကင်းခဲ့ပါသည်ဆို၍ တင်ပြမိပါသည်။

အချို့ အနာဆွေး အနာအိုကြောင့် စိတ်ညစ်နေရပြီး
ဆေးခန်းပြသရန်အခက်ကြုံသူတို့ ဘောစကိုင်းရွက်ကို ဖန်ရည်ဆေးခြင်းကြိတ်အုံခြင်းဖြင့် ပျောက်ကင်း
စေပါကြောင်း။

ရဲမျိုးသူ(ဗောဓိမြိုင်)

#နွယ်မြစ်သစ်ပင်ဆေးဘက်ဝင်
#ကျန်းမာရေး


#မူရင်းရေးသားသူအားရိုသေစွာဖြင့်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

15/01/2025

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးလျှင်
ဒါတွေလုပ် လိုက်ပါ .

ငါး အရိုးမျက်လျှင် အတော့်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင်ဆေးရုံတက်ပြီး
လည်ချောင်းကနေ
ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်။
ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်။

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကိုတိုက်စားသွားပေလိမ့်မည်။

(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ်အဆင်ပြေပါသည်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည်အချွဲများနှင့်အတူ ကျသွားမည်။

(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်းပျောက်ကင်းသွားလိမ့်မည်။

(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်။

(၇) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၄င်းတို့မှာ ပါ၀င်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။

(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါမည်။

(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါ၀င်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။

သတိပြုရန်

ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့်။ သင့်ပတ်၀န်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများအတွက် ဒီ Post လေးကို Share ပေးနိုင်ကြပါတယ်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ။


#ကျန်းမာရးဗဟုသုတ #ရွှေရုပ်သွင်အဆီကျဗိုက်ချပ်အာရုံကြောအားဆေး #ရွှေဆား #ရွှေလာဘံ

14/01/2025

ကိုယ်ဝန် ပျက်ကျမှုဖြစ်စေနိုင်တဲ့ အစားအစာများ
===============================

ကိုယ်ဝန်ဆောင်ချိန်မှာဆိုလျှင် သာမန်အချိန်ထက် အစားအသောက် ၊ အနေအထိုင် ဆင်ခြင်ရတာကို သိရှိပြီး ဖြစ်မှာပါ။ ကိုယ်ဝန်ရှိပြီဆိုတာနှင့် နားလည်တတ်ကျွမ်းသူတွေဆီမှ ဆောင်ရန်၊ရှောင်ရန် နည်းနာများကို သိရှိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်နုနယ်သေးတဲ့အချိန်မှာ အစားအသောက် ၊ အနေအထိုင် မဆင်ခြင်လျှင် ပျက်ကျသည်အထိ ဖြစ်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေဟာ အခန့်မသင့်လျှင် ပျက်ကျခြင်း ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်နုစဉ်မှာ လုံးဝမစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

၁။ နာနတ်သီး
----------------
နာနတ်သီးဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံး အသီးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ လုံးဝမစားသင့်တဲ့ ဦးစားပေး အသီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ bromelain လို့ခေါ်တဲ့ ဓါတ်ဟာ သားအိမ်ကို ပျော့စေပြီး သားအိမ်လမ်းကြောင်းကိုလည်း ကျဉ်းမြောင်းစေကာ ကိုယ်ဝန်နုစဉ်မှာ စားသုံးလျှင် အလွန် အန္တရာယ်များပါတယ်။

၂။ သင်္ဘောသီး
------------------
နာနတ်သီးပြီးလျှင်တော့ သင်္ဘောသီးပဲဖြစ်ပါတယ်။ အချို့က သင်္ဘောသီးအစိမ်းကို မစားသင့်ဘူးဆိုတာ သိရှိပြီး ဖြစ်မှာပါ။ ဖြစ်နိုင်မယ်ဆိုလျှင်တော့ သင်္ဘောသီးကို အစိမ်းရော အမှည့်ပါ မစားတာ အကောင်းဆုံးပါ။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ စားသုံးမိလျှင် ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ လုံးဝမစားမိဖို့ အရေးကြီးပါတယ်။

၃။ ရှားစောင်းလက်ပက်ဖျော်ရည်
------------------------------------
ရှားစောင်းလက်ပက်ဟာ အသားအရေနှင့် ကျန်းမာရေးအတွက် အလွန်ကိုကောင်းတဲ့ အရာပဲ ဖြစ်ပါတယ်။ သို့သေ်ာ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ တင်ပါးဆုံရိုး သွေးယိုစီးမှု ဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။

၄။ ဒန့်ဒလွန်သီး
------------------
ဒန့်ဒလွန်သီးမှာပါဝင်တဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓါတ်ပေါင်းတွေဟာ ကိုယ်ဝန်ဆောင်တွေအတွက်တော့ အန္တရာယ်ရှိနိုင်ပြီး ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ်။

၅။ မက်မွန်သီး
----------------
အရသာရှိတဲ့ မက်မွန်သီး ၊ မက်မွန်သီးဖျော်ရည်တွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မစားသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် မက်မွန်သီးအခွံမှာပါတဲ့ အမျှင်လေးတွေဟာ ယားယံခြင်းနှင့် သားအိမ်တွင်း သွေးယိုစီးမှုဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျဖို့အတွက် အလားအလာများစေပါတယ်။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ ရှောင်သင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

၆။ ကော်ဖီ
------------
ကော်ဖီကြိုက်တဲ့သူအနေနဲ့ မနက်ခင်းကို ကော်ဖီတစ်ခွက်မှ မသောက်ရလျှင် တစ်နေ့တာလုံး နေလို့ထိုင်လို့ မကောင်းဘူးဆိုတာ သိပါတယ်။ သို့သော်ငြားလည်း ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့တော့ လုံးဝမရှောင်နိုင်လျှင်တောင် အလွန်ထိမ်းသိန်းပြီး သောက်သုံးသင့်ပါတယ်။ ကဖင်းဓါတ်က ခန္ဓာကိုယ်တွင်း အရည်တွေကို စုပ်ယူပစ်ပြီး ကယ်လ်စီယံဓါတ်ကို လျော့နည်းစေကာ ရေဓါတ်ကုန်ဆုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်များ ရေများများသောက်ဖို့ လိုအပ်သလို ကဖင်းဓါတ် များလွန်းလျှင် ကိုယ်ဝန်ပျက်ကျခြင်း ၊ ပေါင်မပြည့်ဘဲမွေးခြင်း နှင့် အခြား သာမန်မဟုတ်တဲ့ ကလေးမွေးဖွားခြင်းမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၇။ စည်သွပ်ဘူး ငါးများ
--------------------------
တူနာငါး ၊ ဆောလ်မွန်ငါးတွေကို စည်သွပ်ဘူးထဲထည့်ကာ ကြာရှည်ခံအောင်လုပ်ထားးသော ငါးမျိုးကိုလည်း မစားသင့်ပါဘူး။ အလွယ်ပြောရလျှင်တော့ ငါးသေတ္တာကို လုံးဝ မစားသင့်ပါဘူး။ ဒီလိုစည်သွပ်ဘူးမှာပါဝင်တဲ့ ငါးတွေမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပြီး ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်စေနိုင်ပါတယ်။

၈။ အအေးခံထားသော စားဖွယ်ရာများ
------------------------------------------
အထူးသဖြင့် ကုန်တိုက်တွေမှာရောင်းတဲ့ ရေခဲရိုက် အအေးခံထားသော ကြက်အူချောင်းများ ၊ အသားတုများ ၊ အသားတွေဟာလည်း စည်သွပ်ငါးတွေကဲ့သို့ ဘက်တီးရီးယားတွေ များစွာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အစားအသောက်စားမယ်ဆိုလျှင် ပူနွေးသော အစားအစာများကိုသာ စားသင့်ပါတယ်။

၉။ အသင့်သောက် အအေးဘူးများ
--------------------------------------
ကိုယ်ဝန်ဆောင်များအနေဖြင့် အဆင်သင့်သောက်သုံးနိုင်တဲ့ အအေးဘူးတွေအစား လတ်ဆတ်တဲ့ အသီးဖျော်ရည်မျိုးကိုသာ သောက်သုံးသင့်ပါတယ်။

၁၀။ Green Tea (လက်ဖက်စိမ်း)
-------------------------------------
Antioxident ကြွယ်ဝတဲ့ Green Tea မှာ ကဖင်းဓါတ်ဟာ ၂၀၀ မီလီဂရမ်လောက် ပါဝင်ပါတယ်။ ကော်ဖီကဲ့သို့ပင် စွမ်းအင်ရှိတာကြောင့် များများသောက်လျှင် ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေသာမက နို့တိုက်မိခင်တွေ သောက်သုံးလျှင်လည်း ကလေးကို အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် green tea သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ပြီး ရရှိလာမယ့် ရင်သွေးလေးကို ကျန်းမာစွာ မွေးဖွားလိုတယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်မယ်လို့ မျှော်လင့်ပါတယ်။ ရှောင်တယ်ဆိုတဲ့နေရာမှာ လုံးဝ မစားရတာမဟုတ်ပါဘူးနော်။ တန်ဆေးလွန်ဘေးကို အမြဲသတိရှိပြီး မိခင်ကျန်းမာရေးနဲ့လဲဆိုင်တာဖြစ်လို့ အစစ ဂရုစိုက်နိုင်ပြီး ကျန်းမာတဲ့ မိခင်ရော ကလေးပါဖြစ်ပါစေရှင်...


ကိုယ်ဝန်ဆောင်မေမေလောင်းများအတွက်ပါ။
မင်္ဂလာပါ မေမေတို့ရေ...☺️☺️☺️

နာမဗေဒ-သုခုမ က မေမေတို့အတွက် ဘာတွေဆောင်ရွက်ပေးလဲဆိုတော့😍

💞(1)💞
#ခွဲမွေးမဲ့မိခင်လောင်းတို့အတွက် ရင်သွေးလေးရဲ့
မွေးဖွားရက်ကောင်း/ဖေဖေမေမေ အကျိုးပြု နေ့နံ
တွက်လိုသူများအတွက် ရက်ရွေးမေးမြန်းလိုပါသလား?
အသေးစိတ် သိရှိရန် link ထဲဝင်ကြည့်ပါ။
https://www.facebook.com/share/p/Rt6H7pMVjSA5D6s4/?mibextid=oFDknk

💞(2)💞
#ဗိုက်ထဲကဘာလေးလဲမေးမြန်းချင်ပါသလား?
2(A)လက်ရှိကိုယ်ဝန်အတွက် ဘာလေးလဲ
သိချင်တာလား။
2(B)နောက်ကလေးယူရင် ဘာလေးဖြစ်မလဲ
သိချင်တာလား။
အသေးစိတ်သိရှိရန် link ထဲ ဝင်ကြည့်ပါ။
https://www.facebook.com/share/p/sCS4mvUvUaRLprXW/?mibextid=oFDknk

💞(3)💞
ေးအမည်ပေးကင်ပွန်းတပ်မေးမြန်းချင်ပါသလား?
အသေးစိတ်သိရှိရန် link ထဲဝင်ကြည့်ပါ။
https://www.facebook.com/share/p/WTcPY425Dwnq4evA/?mibextid=oFDknk

💞(4)💞
#သားသမီး ရတနာလေး ရနိုင်/မရနိုင် မေးမြန်းချင်ပါသလား?
အသေးစိတ်သိရှိရန် link ထဲဝင်ကြည့်ပါ။
https://www.facebook.com/share/p/GBapFYActkAscDvF/?mibextid=oFDknk

💞(5)
#မင်္ဂလာအခါပေး ရက်မြတ်ရွေးချယ် လိုပါသလား?
အသေးစိတ်သိရှိရန် Link ထဲဝင်ကြည့်ပါ။
https://www.facebook.com/share/p/QTvyeT5b3BCVs8HK/?mibextid=oFDknk

💞(6)အနုပညာ/လုပ်ငန်း နာမည်ပေး မေးမြန်းလိုပါသလား?
https://www.facebook.com/share/p/tV6K3tftVhwx1Nvo/?mibextid=oFDknk

ကဲ... မေမေတို့ ...သိချင်တယ် မေးမြန်းချင်တယ်ဆိုရင်တော့....Page Chat box သို့လာရောက် မေးမြန်းနိုင်ပါပြီနော်..

Viber ကတဆင့် မေးမြန်းချင်ပါက 09260550137 သို့ မေးမြန်းနိုင်ပါတယ်ရှင်.

မေးဖူးတဲ့မေမေတွေကတော့ 100 မှာ 90% မှန်တာ လက်ခံပြီး အားထားရတဲ့
နာမဗေဒ-သုခုမ ပါရှင် ။😍

#ကလေးအမည်ပေးပညာရှင် ဆရာမဒေါ်စောနန်းသွင်
Viber-Ph 09260550137

25/11/2024
24/11/2024

မဟာဗုဒ္ဓလူသား(2+3)

24/11/2024

မဟာဗုဒ္ဓလူသား (1)

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok