Arkar

Arkar

Share

Academic Head @Hysan Education

01/06/2026

This is why we call our English programme "Challenger" .

Every month, our students take on a new challenge designed to push their English beyond the classroom.

Huge kudos to these guys for performing the strongest projects across all our campuses, from Yangon to Bangkok!!!!

March လအတွက် Campus အသီးသီးက အောင်နိုင်သူတွေ ထွက်ပေါ်လာပြီ 🏆✨

Hysan ဆိုတာက ကျောင်းသားတွေကို စာသင်ပေးတဲ့ Language School တစ်ခုပဲ မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ ပင်ကိုယ်စွမ်းရည်တွေ၊ အရည်အချင်းတွေကို ပိုမိုတိုးတက်လာအောင် အခုလိုမတူညီတဲ့ Activities တွေ၊ Challenges တွေနဲ့ မြေတောင်မြှောက် ပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 🌱

မြန်မာပြည်ရဲ့ မြို့ကြီးများမှာရှိတဲ့ Hysan Campus တိုင်းမှာ လစဉ်လတိုင်း ကျောင်းသားတွေအတွက် မတူညီတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ဖို့ရာ မတူညီတဲ့ Challenges တွေမှာ ကျောင်းသားတွေကိုယ်တိုင် ပါဝင်နိုင်အောင် Hysan မှာ အခုလို စီစဉ်ဖန်တီးပေးထားပါတယ်။ 🤝

🎥 March လအတွက် Challenge တစ်ခုဖြစ်တဲ့ Personal Vlog Challenge မှာလည်း Campus အသီးသီးက ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ ဆန်းသစ်တဲ့ Idea တွေ၊ စိတ်ကူးတွေကို ပုံဖော်အသုံးချပြီး အားတက်သရော ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 💡

ဒီလိုမျိုး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ အကောင်းဆုံးလက်ရာတွေထဲကနေ အဆင့်ဆင့်ရွေးချယ်ပြီး နောက်ဆုံးအနေနဲ့ အောင်နိုင်သူ Winner (၄) ယောက်ဟာ Hysan Campus အသီးသီးကနေ ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။ 🥇

March လအတွက် Personal Vlog Challenge မှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသားအားလုံးနဲ့ Campus အသီးသီးကနေ Winner ရရှိသွားတဲ့ ကျောင်းသား (၄) ယောက်ကိုလည်း ကျွန်တော်တို့ Hysan ကနေပြီးတော့ ဒီ Post လေးကနေတဆင့် အထူးပင် ကျေးဇူးတင် ဂုဏ်ပြုလိုက်ရပါတယ်။ 🎉

Express your soul, enrich your skills.🌟

📍Yangon Campus
Times City, A410 Building, CB ဘဏ်အနီး၊ ဟံသာဝတီလမ်း ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
📞Ph: 09895535806/09775888420

📍Mandalay Campus
Block 2, Unit 10၊ New Ocean အနောက်ပေါက်၊ Mingalar Mandalay၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့။
📞Ph: 09894763623/09404418929

📍Mawlamyine Campus
အမှတ် ၄၅ ၊ ချမ်းအေးစုလမ်း၊ တောင်ဝိုင်း၊ စျေးကြိုရပ် (စျေးကြိုတောကူးကျောင်းတိုက်ဘေးလမ်း)၊ မော်လမြိုင်မြို့။
📞Ph: 09982325076

📍Taunggyi Campus
98A ဇောတိကလမ်းသွယ်(2)နှင့် သီရိမင်္ဂလာလမ်း‌ထောင့်ကန်ရှေ့ရပ်ကွက်၊ တောင်ကြီးမြို့။
📞Ph : 09443381457

31/05/2026

We're working very hard to become more than just an English language school. While we remain committed to delivering lessons grounded in CELTA-informed teaching standards, we believe that language is better learned through practical use and real-life interaction.

Today's visit to the Bangkok Art & Culture Centre BACC หอศิลปวัฒนธรรมแห่งกรุงเทพมหานคร was evidence that some of the best learning happens outside the classroom doors. By exposing our students to authentic environments, real conversations, and meaningful tasks, we help them use English as a tool to explore, connect, and express themselves.

Because language is not just a subject to study hard, it's something we use in our lives!

Hysan Education

25/05/2026

We successfully conducted the “No Fear English Workshop,” a one-day programme for Thai students designed to build speaking confidence and promote effective communication in English through practical, interactive activities at Hysan Education Thailand. We are ​proud to see students actively participating, speaking up, and challenging themselves to use English with greater confidence.

01/05/2026

ပရိတ်သတ်တွေက ရုပ်ရှင်နည်းပညာကို စိတ်ဝင်စားတာ မဟုတ်ဘူး၊ ဇာတ်လမ်းကိုပဲ စိတ်ဝင်စားတာဆိုတဲ့ American Filmmaker Steven Spielberg ရဲ့ စကားက အစားအသောက်လုပ်ငန်းက ဆိုရိုးတွေနဲ့လည်း ခပ်ဆင်ဆင်တူတယ်။ စားသုံးသူတွေက ဟင်းချက်နည်းတွေကို မသိလည်း ကောင်းကောင်းအရသာခံတတ်တယ် ဆိုတာမျိုးလိုပေါ့။

ဒါနဲ့ တပါတည်း ချိတ်ဆက်ပြီးတွေးရရင် ကျနော်တို့ရဲ့ ကျောင်းသားတွေကလည်း နက်နဲလှတဲ့ ဆရာအတတ်ပညာတွေကို မသိပေမယ့် သင်ခန်းစာတခု ကောင်းမကောင်းဆိုတာကို ခံစားသိနဲ့ သိကြပါတယ်။ ‌ကျောင်းသားတယောက်အနေနဲ့ ဒီသင်ခန်းစာက ဘယ်လောက်ထိ သင်ပြရတာ ရှုပ်ထွေးပြီး ပြင်ဆင်ဖို့တောင် အချိန်ဘယ်လောက်ယူရတယ်ဆိုတာ သူစိတ်မဝင်စားသလို သိဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် ကြည့်လိုက်ရင်တောင် နားလည်ရခက်တဲ့ သင်ခန်းစာကို ဆရာရှင်းပြပေးလို့ ပိုသဘောပေါက်သွားတယ်ဆိုတာကသာ ကျောင်းသားဘက်ကကြည့်တဲ့ သင်ခန်းစာကောင်းတခုရဲ့ မှတ်ကျောက် ဖြစ်ပါတယ်။

ကျနော်တို့ ဆရာတွေက များသောအားဖြင့် ဒီရိုးရှင်းတဲ့ မှတ်ကျောက်တခုကို မေ့သွားတတ်ကြတယ်။ ဆရာတွေ စဉ်ဆက်မပြတ် လေ့လာနေတဲ့ သင်နည်းတွေ၊ ပညာရေးသီအိုရီတွေနဲ့ CPD တွေရဲ့ ပန်းတိုင်ဟာ ကျောင်းသားအတွေ့အကြုံ‌ဖြစ်ပါတယ်။ 21 ရာစု စကေး တွေနဲ့ AI တွေကို စာသင်ခန်းတွေထဲမှာ အသုံးချတတ်ဖို့ ဆွေးနွေးပွဲတွေနဲ့ သင်တန်းတွေကို တက်ကြရင်း သင်တန်းထဲမှာပဲ သံသရာလည်သွားတဲ့ ဆရာ ဆရာမတွေကို ကျနော် တချက်ပြန်တွေးမိစေချင်တာရှိပါတယ်။

ကျနော်တို့ စာသင်ခန်းထဲမှာ ကျောင်းသားကို ပိုနား‌လည်အောင်၊ သင်ယူတဲ့ အတွေ့အကြုံ ပိုကောင်းလာအောင် ဘယ်လို ပြန်အသုံးချကြမှာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာတွေက သင်တန်းတွေနဲ့ Workshop တွေကို လိုက်တက်ရင်း တဖြည်းဖြည်းနဲ့ Knowledge bank ကြီးတွေ ဖြစ်မှန်းမသိ ဖြစ်လာကြတယ်။ ကျနော့်ဆီကို အလုပ်လာလျှောက်တဲ့ အချို့ ဆရာဆရာမတွေမှာဆိုရင် CPD certificate စာရင်းအရှည်ကြီးတွေ တဖြည်းဖြည်းနဲ့ မြင်လာရတယ်။ ဒါပေမယ့် အဲ့ထဲက တခုကို အတန်းထဲ ဘယ်လိုပြန်အသုံးချခဲ့တာလဲ၊ ဘာ အကျိုးအပြစ်တွေ မြင်ခဲ့ရလဲဆိုရင် အားလုံးက တကယ်သေချာ မပြောပြနိုင်ကြတဲ့အထိ ဖြစ်သွားကုန်ပါတယ်။

စောနက စကား ပြန်ဆက်ရရင် ကျနော်တို့ ဆရာတွေက Knowledge bank တွေ ဆိုတာထက် Practitioner တွေသာ ဖြစ်ပါတယ်။ လက်တွေ့ကျင့်သုံးကြသူတွေသာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာတခုကို ဘယ်တုန်းက တက်ခဲ့တဲ့ ဘယ်သင်တန်းမှာ ဘယ်ဆရာကြီးဆီက သင်ယူခဲ့တဲ့ ဘယ်လို ရှုပ်ထွေးတဲ့ သီအိုရီတွေကို သုံးပြီး ပြင်ဆင်ထားတာ ဆိုတာထက် အတန်းထဲ ထိုင်နေတဲ့ ကျောင်းသားက သင်ယူရတာ ချောမွေ့ပြီး သင်ယူမှုဦးတည်ချက်တွေ တကယ်ပေါက်မြောက်သွားရဲ့လား ဆိုတာက ပိုပြီး အခရာ ကျပါတယ်။ တကယ်တမ်း ပြန်တွေးကြည့်မယ်ဆိုရင် ကျောင်းသား ပိုကောင်းကောင်း သင်ယူနိုင်ဖို့အတွက် ဆရာတွေက ပိုကောင်းကောင်းသင်ယူနေကြတာပဲ မဟုတ်ပါလား။

CPD Certificate စာရင်း အရှည်ကြီး ပြသနာက ဆရာအသစ်တွေမှာ ပိုပြီး ဒုက္ခရောက်ရတယ်။ ပညာရပ်နဲ့ သက်ဆိုင်တဲ့ အခြေခံဝမ်းစာဖြည့်တာထက် ပညာရပ်ရဲ့ ပိုအဆင့်မြင့်တဲ့ ဝမ်းစာတွေကို ကြိုပြီး ပိုဖြည့်ထားကြသလို ဖြစ်နေတော့ ဥပမာပေးရရင် Formula 1 ကား အင်ဂျင်ကြီးတွေ ‌တဗျင်းဗျင်းနဲ့ ဖြစ်နေချိန်မှာ အခြေခံဖြစ်တဲ့ English Tenses တွေ Basic Pronunciation Rules တွေ၊ အတန်းထိန်းနည်း‌တွေ၊ ကျောင်းသားအမှားကို ပြင်ပေးနည်းတွေလောက်မှ မသိနိုင်ဖြစ်နေတော့ F1 ကား အင်ဂျင်ကို ထော်လာဂျီပေါ်တင်ထားသလိုပဲ ဖြစ်နေပါတယ်။ အသံကတော့ စွာပေမယ့် တကယ်မောင်းကြည့်တဲ့အခါ ထင်ထားသလောက် မပြေးနိုင်ကြပါဘူး။

တဖက်က ပြန်စဉ်းစားကြည့်မယ်ဆိုရင်လည်း ကျောင်းတော်တော်များများက ဆရာတွေရဲ့ လစာနဲ့ အကျိုးခံစားခွင့်ကို CPD စာရင်းအရှည်ကြီးနဲ့ ချိတ်ဆက်တာကလည်း မှားယွင်းတဲ့ လေ့လာမှုဆုံးဖြတ်ချက်ကို တွန်းပို့လိုက်သလိုဖြစ်စေပါတယ်။ ဆရာတွေက Certificate ပြနိုင်လေလေ ရာထူးတိုး တင်လို့ လွယ်လေလေ ဖြစ်လာကြတော့ ရာထူးတိုးအကျိုးငှါ ညောင်ရေလောင်းတော့ ရာထူးအသီးပဲ သီးဖို့ဖြစ်လာပါတယ်။ သင်ယူမှုအကျိုးငှါ ညောင်ရေလောင်းမှပဲ သင်ယူမှုအသီး သီးမှာဖြစ်ပါတယ်။

အချုပ်ပြောရရင် Lifelong learner တွေလို့ တင်စားလေ့ရှိတဲ့ ကျနော်တို့ ဆရာတွေမှာ စဉ်ဆက်မပြတ်ဘဲ သင်တန်းတက်ဖို့မစဉ်းစားဘဲ စဉ်ဆက်မပြတ် တကယ်သင်ယူမိသွားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဆရာတွေများ တကယ်သင်ယူမိသွားရင် စာသင်ခန်းတွေက မျက်လုံးတွေအကုန်‌ အရောင်ပိုတောက်လာကြသလို စာသင်ခန်းထဲကနေ ထွက်သွားကြတဲ့ ခြေလှမ်းတွေကလည်း အပြင်ကမ္ဘာကြီးကို ရင်ဆိုင်နိုင်မယ့် ခြေလှမ်းတွေဖြစ်နေမှာ အသေအချာပါ။

ဆရာ ဆရာမတွေက Better Practitioner တွေ ဖြစ်လာဖို့ကို ရည်သန်ရင်း

အာကာ

22/03/2026

This March, Hysan Education introduced two important frameworks across all six of our campuses, including the Bangkok and Virtual campuses.

The first is the Child Protection and Safeguarding Policy, and the second is the Digital Safeguarding and Communication Policy.

As we have Challenger students under the age of 18, this requires stronger professional practices in safeguarding minors. We are proud to establish these clear standards to ensure how we protect and support our students, both on campus and in digital environments.

We will continue to ensure that all of our staff understand and uphold these standards in practice.

04/03/2026

A1 ကျောင်းသားတွေကို English လိုပဲ ပြောပြီး သင်ရတဲ့ အခါ အတန်းထဲမှာ English instruction တွေထက် အရေးအပါဆုံး Language က Body Language ပါပဲ။ ပုံထဲသာ ကြည့်တော့ 😂 🙅

Photos from Hysan Education Thailand 's post 04/03/2026
02/03/2026

ဘိုရူး ရူးပုံ

ရှေ့တပတ်က ထိုင်းမှာ Workshop လုပ်ရင်း activity တခု အပြီး break နားတော့ တီချယ် Bei က ရီရင်း ပြောတယ်။ နင့်အသံက British ထက်ကို British ဖြစ်နေတယ်တဲ့။ ကျနော့်မှာ မောနေတဲ့အချိန်ဆို‌တော့ ရီပဲ ရီနိုင်တယ် ဘာမှတောင် ပြန်မပြောနိုင်ဘူး။

တကယ်တမ်းတော့ ကျောင်းသား ဘဝ တ‌လျှောက်လုံး အရူးအမူးနဲ့ ဒီဘာသာစကားကို လေ့လာခဲ့တဲ့ကာလတွေလည်း မနည်းဘူး ရှိခဲ့သေးတာကိုးလို့ ပြန်ပြီး တွေးမိတယ်။ အရူးအမူးလေ့လာခဲ့ရတယ်ဆိုလို့ Hysan က ကိုယ့်‌ကျောင်းသားတွေလို အပတ်စဉ် Speaking Buddy လိုမျိုးလည်း မ Join ဖူးသလို ဂျက်ဖာဆန်တို့ BC တို့ဆိုတာလည်း အခုအရွယ်အထိ ခြေတောင် မချဖူးခဲ့ဘူးရယ်။ နေတဲ့နေရာက နယ်မြို့မလို့၊ တက်တဲ့ တက္ကသိုလ်ကလည်း တောရွာဇနပုဒ်မှာမလို့ အင်္ဂလိပ်စာဆိုလို့ မူးလို့ ရှူစရာ အလွန်ရှားတာလေ။

အထက်တန်းရောက်တော့ ကျောင်းမှာ အင်္ဂလိပ်သင်တဲ့ ဆရာမက အသံထွက်အလွန်ကောင်းတော့ သူ့လိုဖြစ်ချင်ခဲ့တာ။ ဒါပေမယ့်လည်း ဒုတိယနှစ်လောက်ရောက်တဲ့အထိက အူလည်လည်ပါပဲ။ ဘိုလို ပြောဖို့ဆိုတာဝေလာဝေး။ သူများတွေ SEAYLP သင်္ဘောခရီးစဉ်လိုက်ဖို့အတွက် အင်္ဂလိပ်စာ ဝင်ခွင့်စာမေးပွဲ ဖြေနေချိန်မှာ ကိုယ်တွေ အနားတောင် မကပ်နိုင်ခဲ့ရိုး အမှန်ပါ။

အဲ့တော့ အခွင့်အရေးနဲ့ resources ရှားပါးတဲ့ကြားက ဘိုစာ ဘယ်လိုရူးခဲ့တယ်ဆိုတဲ့ အကြောင်း ဒီပို့စ်မှာ ဖောက်သည်ချမလို့ပါ။

* စာကျက်ရတဲ့ ဓလေ့

ပထမဆုံးက စာ တွေပေါ့။ တက္ကသိုလ်က စာတွေပေါ့။ စာတွေဆိုတာ မြန်မာက အစိုးရတက္ကသိုလ်တွေမှာ ကျက်ရတယ်လေ။ ကျက်တယ်ဆိုတာ စာကို အသံနဲ့ ဖတ်မှ ပိုမှတ်မိတာမလို့ ဘိုလို ကျက်ရတိုင်း ကျက်ရတိုင်း အသံထွက်ကို ကောင်းနေအောင် လေ့ကျင့်ကြည့်တယ်။ ခဲ တလုံးနဲ့ ငှက်နှစ်ကောင်ပစ်တာပေ့ါ။ ကျက်နေရင်းနဲ့ recording သွင်းတယ်။ ပြန်နားထောင်တော့ နောက်တခါ ထပ်အော်စရာ မလိုတော့ဘူးလေ။ (လူပျင်းစာကျက်နည်းများ)။ ကိုယ်ရွတ်ထားတာ ကိုယ်ပြန်နားထောင်တဲ့အခါ တခါတည်း ကိုယ့်လေသံကို ကိုယ် ပြန် feedback ပေးပြီးသားလည်းဖြစ်‌တယ်ဆိုတော့ ဒီလိုမျိုးကို လေးနှစ်ကျော်လောက် လုပ်လာခဲ့တာ စာမေးပွဲရာသီရောက်တိုင်း။

* နောက်ထပ် အရူးအမူးက podcast တွေ

ဘိုစာကို မြို့ကြီးပြကြီး မန်းလေးမှာ သွားသင်ဦးမယ်ဟဲ့ဆိုပြီး MUFL မှာ သွားတက်လိုက်သေးတယ်။ အဲ့က ဆရာမက AJ Hodge ရဲ့ Effortless English Podcast တွေကို နားထောင် ဆိုပြီး အများကြီး ကူးထည့်ပေးလိုက်တာ။ Podcast နားထောင်တဲ့ အကျင့်က အဲ့ကနေ စလာတယ် ပြောရမယ်။ အိပ်ခါနီးတိုင်း ဖွင့်အိပ်တော့တာပဲ။ 😂 နားထောင်တယ်သာ ပြောတာ ဘာမှ နားမလည်ဘူးရယ် သူလည်း ခုန်ပေါက်ပြီး ပြောနေတာပဲ၊ ကိုယ်ကလည်း တခူးခူးနဲ့ အိပ်နေတာပဲ။

နောက်ကျ famous people တွေရဲ့ မိန့်ခွန်းတွေကို အသံသွင်းထားတဲ့ App တခုကို ပလေးစတိုးမှာ ပတ်မွှေနေရင်း တွေ့လာတယ်။ အဲ့ဒါလေးက တော်တော် အသုံးဝင်ခဲ့တယ် ပြောရမှာ။ နားထောင်တယ်၊ နားထောင်နေရင်းလည်း နားလည်ချင်လာတာက Ellen တို့လို့ Obama တို့လို လူတွေက commencement speech ပြောရင် အောက်က ကျောင်းသားတွေက တအားရီကြတာ။ ကိုယ်က နားမလည်ဘူး။ ‌အဲ့ ရီတဲ့ အပိုင်းကို transcripts ပြန်ဖတ်ပြီးတော့မှ သူတို့ ဘာလို့ ရီကြလဲ နားလည်တယ်။ transcription ကို တခါလောက်ဖတ်လိုက်တယ်ဆိုရင် တော်တော်လေး မှတ်မိသွားပြီဆိုတော့ နောက်တခါ ပြန်နားထောင်ပြီး သူတို့ ရီတဲ့နေရာ လိုက်ရီဖြစ်တယ်။ ခပ်တည်တည်ပဲ။

အဲ့ဒီ app က speech တွေ အများကြီး မပါဘူးရယ်။ ပါတာကလည်း နည်းနည်းလေးပဲဆိုတော့ ဖန်တရာတေအောင် နားထောင်ရင်း အချို့ ကြိုက်တဲ့ မိန့်ခွန်းတွေဆိုရင် အလွတ်တောင် ရတယ်။ ညနေ အတန်းပြီးရင် ကျောင်းအောက်က ဂျင်ကို သွားသွားဆော့ရတာ အမောဆိုတော့ လျှောက်သွားတဲ့ လမ်းမှာ အနည်းဆုံး speech တခုတော့ ပြီးတယ်‌။ ဒီတော့ တပတ်ကို အနည်းဆုံး ငါးရက်လောက် နားထောင်ဖြစ်တယ်။

* နောက်ထပ် ရူးတာက ဝါသနာတူ အရူးတွေ တွေ့သွားတာ

ဒီလိုလေး ရူးနေရင်း ရူးနေရင်း နောက်ကျ ဝါသနာတူ အရူးသုံးယောက်တွေ့တော့ နေရာတိုင်း အချိန်တိုင်း ဘိုလို ပြောကြတယ်။ ကျောင်းမှာ Workshop တွေ ဘာတွေ စီစဉ်တော့လည်း အဆင်ပြေတာ၊ မပြေတာ၊ ရီစရာ၊ စိတ်တိုစရာ အကုန်လုံးကို ဘိုလို ပြောဖြစ်တယ်။ ဒေါသက ထွက်နေပါပြီဆို နောက်က ပါးစပ်က လိုက်မပြောတတ်တော့ ဂါး ဂါး ဂါး ပဲ အသံထွက်လာတဲ့ အဖြစ်တွေလည်း ရှိတာပဲ။

* နောက်ဆုံးရူးတာက Be Before You ဇာတ်ကား

လူ့ဘဝ သရုပ်အကြောင်းကို ရိုက်ထားတဲ့ British ဇာတ်ကားတွေက ကိုယ်တွေ ကျောင်းတက်ခဲ့တဲ့ ကာလမှာ ရှာရတာ အလွန်ခက်ခဲသော။ ဇာတ်ကားဆိုတဲ့ အမျိုးက အဆောင်မှာ Zapya နဲ့ လိုက်ကူးပေးတဲ့သူရှိမှ ကြည့်ရတာဆိုတော့ ဘရစ်တစ်လည်းဖြစ် ဇာတ်အိမ် လည်း အလွန်ကောင်းသော ဇာတ်ကား ရလိုက်တာ ရွှေထုပ်ကောက်ရသလိုပဲ။ Sam Claflin နဲ့ နဂါးမေမေ ပြောတဲ့ Dialogue တွေကို နောက်က လိုက်ပြောပြီး သူတို့လို လိုက်ပြောနိုင်အောင် လေ့ကျင့်ကြည့်ရတာလည်း အမော။ MX player လေးနဲ့ ကြည့်ရတာဆိုတော့ ရပ်လိုက် ပြန်ရစ်လိုက် ပြန်နားထောင်လိုက်နဲ့ပေါ့။

* ကျန်သေးတယ်၊ စာဖတ်တာ

တက္ကသိုလ်မှာတုန်းက Myanmar Extensive Reading Programme ဆိုတာ ရှိလိုက်သေးတယ်။ Graded reader ဆိုတာ တက္ကသိုလ် စတုတ္ထနှစ်ရောက်မှ မြင်ဖူးတဲ့ အဖြစ်သနစ်ရယ်။ လွယ်တဲ့ စာအုပ်တွေ ဖတ်ရင်း ဖတ်ရင်းနဲ့ ခက်တာတွေ လိုက်ဖတ်ဖြစ်တယ်။ ပထမဆုံး အရူးအမူးနဲ့ အစအဆုံး ဖတ်ဖြစ်တဲ့ ဘိုစာအုပ်က Tara Westover ရဲ့ ကိုယ်ရေး အထ္ထုပတ္တိ Educated ဆိုတဲ့ စာအုပ်။ အဲ့ကနေမှပဲ စာတွေ ဖတ်ရမှာကို မကြောက်တော့ဘဲ Text book တွေကို စဝယ်တည်းက အစအဆုံး ဖတ်တတ်တဲ့ အကျင့် ရလာတော့တာပဲ။ အခုထိလည်း ပညာရပ်စာအုပ်တွေကို ဖတ်နေနိုင်တယ် ဆိုတာလည်း MERP graded reader တွေကနေ ရလာတဲ့ အကျင့်ကောင်းလို့ ပြောရမယ်။

ကိုယ်တွေ ဘိုရူး ရူးတဲ့အကြောင်း ပြောရမယ်ဆိုရင် ကျောင်းမှာ ဘိုလို MC လုပ်တဲ့ စီနီယာ အကိုကြီး အမကြီးတွေကို အားကျလို့ Facebook မှာ ဖရန့် လိုက်အပ်ရတာတွေ မပါသေးဘူး။ အခုလည်း အဲ့အကောင့်တွေလည်း ဇူဇူဘန်းလို့ ပျက်ကုန်ပါပြီ။

ဘာပဲဖြစ်ဖြစ် ကိုယ်တို့တွေ ဒီလိုရူးခဲ့ကြလို့ပဲ ခုလို ဘိုစာကို သင်တော့လည်း ရူးရူးမူးမူးသင်နိုင်တာလို့ ပြောရမယ်ဆိုရင်လည်း မမှားဘူး။ ဒီလို ရူးပုံရူးသနည်းကိုသာ တီချယ် Bei ကို အရှည်ကြီး ရှင်းပြနေရရင်လည်း ရတဲ့ Break 15 mins နဲ့တောင် လောက်မှာ မဟုတ်ဘူးရယ်။

ကဲ တော်သေးပြီ။

ပုံတွေနဲ့ Online Journal လို မျိုးဖတ်ချင်ရင်တော့ အောက်က လင့်ထဲ ဝင်ဖတ်လို့ရပါတယ်။

https://medium.com//ဘိုရူး-ရူးပုံ-c3d7286a523b

Photos from Arkar's post 02/03/2026

ပြီးခဲ့တဲ့ အပတ်က ကျနော်တို့တွေ National Science Museum Thailand မှာ တရက်တာ workshop တခု စီစဉ်ဖြစ်ခဲ့တယ်။

အစိုးရဝန်ထမ်းတွေလည်းဖြစ်၊ Subject matter expertise တွေလည်းဖြစ်တော့ ဒီလိုမျိုး Workshop က Hysan Edu team အတွက် စိန်ခေါ်မှုကောင်းကောင်းတခုဖြစ်ခဲ့တယ်လို့ ပြောရမယ်။

ထုံးစံအတိုင်းပဲ English လို ပြောဖို့ အခက်အခဲရှိနေတဲ့ သူတိုင်းက အလုပ်မှာ ဘိုစာ သင်ဖို့ တိုက်တွန်းခံရတိုင်း ကြုံတွေ့ရတဲ့ ကြီးမားတဲ့ အတားအဆီးတွေကို ဖယ်ထုတ်ဖို့ ကျနော်တို့ ကြိုးစားခဲ့ကြတယ်။ အဆုံးမှာ လူတိုင်းက English လို သက်တောင့်သက်သာ ပြောနိုင်တဲ့ အဝန်းအဝိုင်းတခု ရလာတယ်။ လူတိုင်းပြောရဲလာတယ်။ အဆုံးသတ်မှာတော့ Presentation တခုကို လူတိုင်း လုပ်ကြရတယ်။ ပျော်ရမယ် ဖိအားကင်းရမယ် ရလဒ်ထွက်လာရမယ်။

ဆိုတော့ Hysan Education အတွက် ရေမြေခြားတခုမှာ မှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့ပါတယ် ပြောရပါမယ်။



This marks another milestone for Hysan Education.

Last week, we had the privilege of conducting a full-day workshop on English for Presentation Skills at the NSM Thailand.
The participants were senior museum staff and academics. Our focus was not only on presentation techniques, but also on helping them use English confidently and comfortably in public settings.

Working with subject-matter experts presented a different kind of challenge for our team, but it was a meaningful opportunity to support professionals who are shaping science education at the national level.

Want your school to be the top-listed School/college?